အပိုင်း ၄၀။ လူတိုင်းကို နောက်ပြောင်ခြင်း
ဖုန့်ရှီရဲ့အော်သံဟာ အလွန်အကြူး အံ့အားသင့်နေကြတဲ့ သူတွေရဲ့ အာရုံကို ဖမ်းစားစေတယ်။ အဲ့နောက် သူတို့ ကောင်လေးဆီ ပြန် အာရုံစိုက်လာကြတယ်။
နောက်တစ်စက္ကန့်မှာပဲ သူတို့ရဲ့ မျက်လုံးတွေဟာ မြေပြင်ပေါ် ပြုတ်ကျလုနီးနီး ဖြစ်သွားကြရတယ်!
အခုဖြစ်နေတဲ့ အခြေအနေကို ဖုန့်ရှီ သဘောမပေါက်ပေ။ သူ့အသိစိတ်က ကံဆိုးမှုနတ်ဘုရား သူ့ကို ပိုင်ဆိုင်ခါနီး အခိုက်အတန့်မှာပဲ ရှိနေသေးတယ်။ အဲ့နောက် သူ အရမ်းကြောက်သွားပြီး ဘုရင်ကြီး ကိုယ်ခန္ဓာပေါ်ကို ချက်ချင်း ခုန်တက်လိုက်ပြီး ကိုအားလား တစ်ကောင်လို တင်းကျပ်စွာ ဖက်တွယ်လိုက်ရင်း အော်နေတယ်။
"ထူးဆန်းတဲ့ အဖုကြီးတစ်ခုက ကျွန်တော့ကို ပိုင်ဆိုင်ချင်နေတယ်။ သူလာနေပြီ၊ သူလာနေပြီ..."
ငရဲမင်းကြီးက ကောင်လေး ပြုတ်ကျသွားမှာ စိုးထိတ်ဟန်နဲ့ ကောင်လေးရဲ့ ကျောကို ထောက်ပံ့ ဖေးမပေးလိုက်ပြီး ပြောရင်း နှစ်သိမ့်လိုက်တယ်။ "စိတ်မပူနဲ့၊ ကိုယ်တော်သိတယ်!"
ဒီဖြစ်ရပ်ရဲ့ အရင်းခံဟာ နှစ်သန်းပေါင်းများစွာ ကျင့်ကြံခဲ့တဲ့ ကံဆိုးမှုနတ်ဘုရားကြောင့် ဆိုတာကို ဘုရင်ကြီး နန်းတော်မှာကတည်းက ခန့်မှန်းမိပြီး ဖြစ်တယ်။ ညစ်ညူးတဲ့ ဝိညာဉ်စွမ်းအင် (မကောင်းတဲ့စွမ်းအင်) ဟာ ကောင်းကင်လမ်းရဲ့ ရွှေရောင်အလင်းနဲ့ ဖုန့်ရှီကိုယ်ခန္ဓာထဲက အကန့်အသတ်မဲ့ ကုသိုလ်အဟုန်တို့ကို အစပျိုးသွားစေခဲ့တယ်။ အပြုသဘောဆောင်တဲ့ ကောင်းတဲ့စွမ်းအင်တွေဟာ ညစ်ညူးတဲ့စွမ်းအင်တွေကို ပြင်းထန်စွာ တိုက်ခိုက်လိုက်တယ်။ အထူးသဖြင့် ကံဆိုးမှုနတ်ဘုရားဟာ နှစ်သန်းပေါင်းများစွာကတည်းက တည်ရှိခဲ့တာကြောင့် သူ့ရဲ့ ညစ်ညူးတဲ့ ဝိညာဉ်စွမ်းအင်တွေဟာ အလွန့်အလွန်ကို သန်မာနေတယ်၊ ဒါ့ကြောင့် ကောင်းကင်လမ်းက သူ့ကို ညှာတာမှုမရှိ တိုက်ခိုက်လိုက်တာဖြစ်တယ်။
ဖုန့်ရှီက သူ့သွားစွယ် မပေါ်ပေါ်အောင် သွားကို ထပ်ပြီး ဖြီးပြလိုက်ပြန်တယ်။
သူ့ခေါင်းဆောင်ကို ပြင်းပြတဲ့ စကားလုံးတွေနဲ့ ဖားပြီး ချွဲတော့မယ့်အချိန်မှာပဲ သူ့ခေါင်းဆောင်နောက်မှာ ရှိတဲ့ တိတ်ဆိတ်နေတဲ့ သူတွေကို သူ ရုတ်တရက် သတိပြုမိသွားတယ်။
သူတို့ မျက်လုံးတွေ အစွမ်းကုန် ပြူးကျယ်နေကြတာကြောင့် ကြည့်ရတာ အတော့ကို ရယ်စရာ ဖြစ်နေတယ်။ ကြည့်ရတာ သူတို့ မယုံနိုင်စရာတစ်စုံတစ်ရာကို မြင်ခဲ့လိုက်ရပုံပင်။
အခုလောလောဆယ် ဖုန့်ရှီက ဘုရင်ကြီးရဲ့ ကိုယ်ပေါ်မှာ ဖြစ်ပြီး ဘုရင်ကြီးရဲ့ ခါးကို သူ့ခြေနှစ်ချောင်းနဲ့ ခွချိတ်ထားကာ သူ့လက်နှစ်ဖက်က ဘုရင်ကြီးရဲ့ လည်ပင်းကို သိုင်းဖက်ထားတယ်။ ပိုဆိုးတာက ကောင်လေးနှုတ်ခမ်းက အခု ဆူထော်နေတာကြောင့် ဘုရင်ကြီး အမြင်မှာတော့ အရမ်းကို ချစ်ဖို့ကောင်းနေပေမဲ့ အခြားသူတွေအတွက်တော့ တုန်လှုပ်စရာပင်!
ပြည်သူတွေက အထွတ်အမြတ်ထားရပြီး လေးစားလိုက်နာဖွယ် အတိဖြစ်တဲ့ ငရဲမင်းကြီးဟာ ကောင်လေးတစ်ယောက်ကို သူ့ကိုယ်ပေါ် အကပ်ခံတယ်?
ကောင်လေး ပြုတ်ကျမှာစိုးပြီး ကောင်လေးကိုတောင် သူက ဖေးမထားလိုက်သေးတယ်?
သူ့လှုပ်ရှားမှုတွေက ကြည့်ရတာတောင် အတော်ညင်သာနေပုံပဲ?
သူတို့ ကန်းနေတာ ဖြစ်ရင်ဖြစ် ဒါမှမဟုတ်ရင်တော့ ငရဲမင်းကြီးဟာ ကောင်လေးကို တကယ်ကို မြတ်နိုးလွန်းတာကြောင့် ကောင်လေးရဲ့ လုံခြုံဘေးကင်းမှုသာ ပဓါနလို့ သတ်မှတ်ထားတာပင်။ ငရဲသားမိသားစုတွေရဲ့ မြင့်မြတ်တဲ့ အဆင့်အတန်းကို ရုတ်သိမ်းလိုက်ရလောက်အောင်ထိ ငရဲမင်းကြီး အမျက်တော်ရှသွားတာ အံ့အားသင့်စရာ မဟုတ်တော့ဘူး!
ငရဲသားတွေဟာ သူတို့လုပ်ခဲ့တဲ့ အပြုအမူအတွက် သူတို့ ခံကြရတာပဲ!
"ခေါင်းဆောင်၊ ဘာလို့ ဒီမှာ လူတွေ အများကြီး ဖြစ်နေတာလဲ?" ခုလေးတင် ဖြစ်သွားခဲ့တာတွေကို ဖုန့်ရှီမသိလိုက်။ သူ နောက်ဆုံး မှတ်မိတာက ကံဆိုးမှု နတ်ဘုရားက သူ့ကို တိုက်ခိုက်ဖို့ ကြိုးစားတာကိုပဲ ဖြစ်တယ်။
ဘုရင်ကြီးက ဘေးပတ်လည်ကလူတိုင်းကို အေးစက်တဲ့ အကြည့်တစ်ချက် ပို့လွှတ်လိုက်တယ်။ အဲ့နောက်မှာတော့ လူတိုင်း မလုံမလဲဖြစ်စွာနဲ့ သူတို့ ခေါင်းကို ငုံ့လိုက်ကြတယ်။
အခြားမိသားစု သုံးစုကသူတွေကတော့ စိတ်ထဲကနေ အတွင်းကြိတ် စိုးထိတ်နေကြတယ်။ ငရဲသားမိသားစုကလူတွေက သတ်ဖို့ ကြိုးပမ်းအားထုတ်ခဲ့ကြသလို သူတို့လည်းပဲ တူတူပဲ။ သူတို့က ငရဲသားမိသားစုက သူတွေထက် ခြေတစ်လှမ်းလောက်ပဲ နောက်ကျသွားခဲ့ကြတာ ဖြစ်တယ်။ ခုတော့ သူတို့ နှေးသွားခဲ့တာကိုက သူတို့ ကံ အတော်ကောင်းသွားတယ်လို့ ခံစားလိုက်ရတယ်၊ အဲ့လိုမှမဟုတ်ရင် မိသားစု တစ်ခုလုံး ဂြိုဟ်ဆိုးဝင်တော့မှာ။
ဘုရင်ကြီး ဘာတွေးနေတယ်ဆိုတာ ဘယ်သူမှမသိကြ၊ ဘုရင်ကြီးရဲ့ စိတ်ကူးကိုလည်း မမှန်းဆဝံ့ကြပေ။ ဘုရင်ကြီးက အဲ့လူတွေကို သူ့ရဲ့ နက်မှောင်ပြီး ခြိမ်းခြောက်ဟန်အပြည့်ပါတဲ့ အဓိပ္ပါယ်ပါပါ အကြည့်တစ်ချက် ပို့လိုက်တော့ လူတိုင်း သူတို့ကျောကုန်းပေါ် လေးလံတဲ့ ကျောက်တုံးကြီး တင်ထားခံရသလို ဖြစ်လာကာ ဘာတစ်ခုမှ မတွေးဝံ့တော့ပေ။
"ဟေး၊ မင်းမျက်လုံးက မြေကြီးပေါ် ပြုတ်ကျတော့မယ်!" ဖုန့်ရှီ ရုတ်တရက် ပြောလိုက်တယ်။
အဲ့တာကို ကြားတော့ လူတိုင်း မူးမေ့လဲမတတ် ဖြစ်သွားကြရတယ်!
ဒါကြီးကတော့ အတော်ကို များသွားပြီ! သူတို့မှာ အံ့အားသင့် ထိတ်လန့်ရလွန်းလို့ ပါးစပ် စေ့ဖို့တောင် အနိုင်နိုင် ဖြစ်နေကြရတာကို။ သူတို့ မျက်လုံးတွေ မြေကြီးပေါ် ပြုတ်ကျတော့မယ်လို့ ကောင်လေးက ဘယ်လိုများ ပြောနိုင်ရက်ရတာလဲ? ဒါ အတော် ယုတ္တိမတန်တာပဲ!
"ဟားဟား၊ ခေါင်းဆောင်၊ သူ့တို့မျက်နှာပေါ်က အကြည့်တွေက အရမ်းရီစရာကောင်းတာပဲ။"
ဖုန့်ရှီ နားရွက်နှစ်ဖက် တက်ချိတ်မတတ် ဖြီးသွားတယ်။ ဒါက သူ ရုတ်တရက် စိတ်ကူး ထပေါက်သွားပြီး ရလာတဲ့ အကြံတစ်ခု ဖြစ်တယ်။ သူတို့အားလုံး တစ်ချိန်တည်းမှာပဲ မျက်တောင် ပြိုင်တူ ခတ်ကြလိမ့်မယ်လို့ သူ မသိလိုက်ဘူး။ အရူးအချို့ကတော့ သူတို့မျက်လုံးတွေ တကယ်ပဲ မြေကြီးပေါ် အမှန်အကန်ကို ပြုတ်ကျသွားသလားဆိုတာ မြင်ရဖို့ သူတို့ခေါင်းတွေကို ပိုလို့တောင် ငုံ့သွားကြတယ်။ အဲ့တာကတော့ သူတို့ မသိစိတ်က လုပ်မိသွားတဲ့ လှုပ်ရှားမှုပဲ ဖြစ်တယ်။ အဲ့နောက်မှာတော့ ကောင်လေးစကားကို ယုံမိသွားတဲ့အပေါ် သူတို့ကိုယ်သူတို့ အတော် ရူးမိုက်ပါလားလို့ သိလိုက်ရတယ်။
ဖုန့်ရှီရဲ့ ရီသံက နဂါးပျံ ပွဲကြည့်စင်ရုံအတွင်း ပဲ့တင်ထပ်သွားတယ်။ ဒါပေမဲ့ သူ့ရဲ့ အလှောင်ကို ခံလိုက်ရတဲ့ လူတွေကတော့ သူတို့နှုတ်ခမ်းကို တွန့်ရုံပဲ တတ်နိုင်ကြပြီး ငိုရမလား၊ ပြုံးရမလားကို မသိတော့ဘူး ဖြစ်နေကြတယ်။ ငရဲမင်းကြီးက ဘာတစ်ခွန်းမှ ဝင်မပြောကတည်းက သူတို့ အသံတစ်သံတောင် ထွက်ဖို့ သတ္တိမရှိကြ။
အဲ့အချိန်မှာပဲ ထောင့်အကွယ်မှာ ပုန်းနေတဲ့ ကံဆိုးမှုနတ်ဘုရားက သူ့ကို ဘယ်သူကမှ အာရုံစိုက်မနေတာ တွေ့သွားတော့ ခုန်ထလိုက်ပြီး တံခါးကနေ အသာ လစ်ထွက်ဖို့ လုပ်လိုက်တယ်။ သူ့ရဲ့ တုန်တုန်ချိချိနဲ့ နှေးတိနှေးကွေး လှုပ်ရှားမှုတို့ကြောင့် သူ သွားမရှုပ်သင့်တဲ့ တစ်စုံတစ်ယောက်ကို သွားရှုပ်ခဲ့မိတာ သဘောပေါက်သွားမှန်း သိသာတယ်။ သူ အခုသာ လွတ်အောင် မလုပ်နိုင်ဘူးဆိုရင် သေလိမ့်မှာ မြေကြီးလတ်ခတ်မလွဲပဲ။ သူ မပြေးနိုင်ဘူးဆိုရင်တောင်မှ ကြိုးတော့ ကြိုးစားကြည့်ရမယ်လေ!
ကံဆိုးမှုနတ်ဘုရားက အဲ့လို မျှော်လင့်ချက်နဲ့ တွေးလိုက်စဉ်မှာပဲ သူ့ကျောဖက်ကနေ ဘုရင်ကြီးရဲ့ ငြိမ်းအေးတဲ့အသံကို ရုတ်တရက် ကြားလိုက်ရတယ်။
"ပြန်လာခဲ့!"
20210930; 1800
—————————— Zawgyi —————————
အပိုင္း ၄၀။ လူတိုင္းကို ေနာက္ေျပာင္ျခင္း
ဖုန္႔ရွီရဲ့ေအာ္သံဟာ အလြန္အၾကဴး အံ့အားသင့္ေနၾကတဲ့ သူေတြရဲ့ အာ႐ုံကို ဖမ္းစားေစတယ္။ အဲ့ေနာက္ သူတို႔ ေကာင္ေလးဆီ ျပန္ အာ႐ုံစိုက္လာၾကတယ္။
ေနာက္တစ္စကၠန္႔မွာပဲ သူတို႔ရဲ့ မ်က္လုံးေတြဟာ ေျမျပင္ေပၚ ျပဳတ္က်လုနီးနီး ျဖစ္သြားၾကရတယ္!
အခုျဖစ္ေနတဲ့ အေျခအေနကို ဖုန္႔ရွီ သေဘာမေပါက္ေပ။ သူ႔အသိစိတ္က ကံဆိုးမွုနတ္ဘုရား သူ႔ကို ပိုင္ဆိုင္ခါနီး အခိုက္အတန္႔မွာပဲ ရွိေနေသးတယ္။ အဲ့ေနာက္ သူ အရမ္းေၾကာက္သြားၿပီး ဘုရင္ႀကီး ကိုယ္ခႏၶာေပၚကို ခ်က္ခ်င္း ခုန္တက္လိုက္ၿပီး ကိုအားလား တစ္ေကာင္လို တင္းက်ပ္စြာ ဖက္တြယ္လိုက္ရင္း ေအာ္ေနတယ္။
"ထူးဆန္းတဲ့ အဖုႀကီးတစ္ခုက ကၽြန္ေတာ့ကို ပိုင္ဆိုင္ခ်င္ေနတယ္။ သူလာေနၿပီ၊ သူလာေနၿပီ..."
ငရဲမင္းႀကီးက ေကာင္ေလး ျပဳတ္က်သြားမွာ စိုးထိတ္ဟန္နဲ႔ ေကာင္ေလးရဲ့ ေက်ာကို ေထာက္ပံ့ ေဖးမေပးလိုက္ၿပီး ေျပာရင္း ႏွစ္သိမ့္လိုက္တယ္။ "စိတ္မပူနဲ႔၊ ကိုယ္ေတာ္သိတယ္!"
ဒီျဖစ္ရပ္ရဲ့ အရင္းခံဟာ ႏွစ္သန္းေပါင္းမ်ားစြာ က်င့္ႀကံခဲ့တဲ့ ကံဆိုးမွုနတ္ဘုရားေၾကာင့္ ဆိုတာကို ဘုရင္ႀကီး နန္းေတာ္မွာကတည္းက ခန္႔မွန္းမိၿပီး ျဖစ္တယ္။ ညစ္ညဴးတဲ့ ဝိညာဥ္စြမ္းအင္ (မေကာင္းတဲ့စြမ္းအင္) ဟာ ေကာင္းကင္လမ္းရဲ့ ေရႊေရာင္အလင္းနဲ႔ ဖုန္႔ရွီကိုယ္ခႏၶာထဲက အကန္႔အသတ္မဲ့ ကုသိုလ္အဟုန္တို႔ကို အစပ်ိဳးသြားေစခဲ့တယ္။ အျပဳသေဘာေဆာင္တဲ့ ေကာင္းတဲ့စြမ္းအင္ေတြဟာ ညစ္ညဴးတဲ့စြမ္းအင္ေတြကို ျပင္းထန္စြာ တိုက္ခိုက္လိုက္တယ္။ အထူးသျဖင့္ ကံဆိုးမွုနတ္ဘုရားဟာ ႏွစ္သန္းေပါင္းမ်ားစြာကတည္းက တည္ရွိခဲ့တာေၾကာင့္ သူ႔ရဲ့ ညစ္ညဴးတဲ့ ဝိညာဥ္စြမ္းအင္ေတြဟာ အလြန္႔အလြန္ကို သန္မာေနတယ္၊ ဒါ့ေၾကာင့္ ေကာင္းကင္လမ္းက သူ႔ကို ညႇာတာမွုမရွိ တိုက္ခိုက္လိုက္တာျဖစ္တယ္။
ဖုန္႔ရွီက သူ႔သြားစြယ္ မေပၚေပၚေအာင္ သြားကို ထပ္ၿပီး ၿဖီးျပလိုက္ျပန္တယ္။
သူ႔ေခါင္းေဆာင္ကို ျပင္းျပတဲ့ စကားလုံးေတြနဲ႔ ဖားၿပီး ခၽြဲေတာ့မယ့္အခ်ိန္မွာပဲ သူ႔ေခါင္းေဆာင္ေနာက္မွာ ရွိတဲ့ တိတ္ဆိတ္ေနတဲ့ သူေတြကို သူ ႐ုတ္တရက္ သတိျပဳမိသြားတယ္။
သူတို႔ မ်က္လုံးေတြ အစြမ္းကုန္ ျပဴးက်ယ္ေနၾကတာေၾကာင့္ ၾကည့္ရတာ အေတာ့ကို ရယ္စရာ ျဖစ္ေနတယ္။ ၾကည့္ရတာ သူတို႔ မယုံနိုင္စရာတစ္စုံတစ္ရာကို ျမင္ခဲ့လိုက္ရပုံပင္။
အခုေလာေလာဆယ္ ဖုန္႔ရွီက ဘုရင္ႀကီးရဲ့ ကိုယ္ေပၚမွာ ျဖစ္ၿပီး ဘုရင္ႀကီးရဲ့ ခါးကို သူ႔ေျခႏွစ္ေခ်ာင္းနဲ႔ ခြခ်ိတ္ထားကာ သူ႔လက္ႏွစ္ဖက္က ဘုရင္ႀကီးရဲ့ လည္ပင္းကို သိုင္းဖက္ထားတယ္။ ပိုဆိုးတာက ေကာင္ေလးႏွုတ္ခမ္းက အခု ဆူေထာ္ေနတာေၾကာင့္ ဘုရင္ႀကီး အျမင္မွာေတာ့ အရမ္းကို ခ်စ္ဖို႔ေကာင္းေနေပမဲ့ အျခားသူေတြအတြက္ေတာ့ တုန္လွုပ္စရာပင္!
ျပည္သူေတြက အထြတ္အျမတ္ထားရၿပီး ေလးစားလိုက္နာဖြယ္ အတိျဖစ္တဲ့ ငရဲမင္းႀကီးဟာ ေကာင္ေလးတစ္ေယာက္ကို သူ႔ကိုယ္ေပၚ အကပ္ခံတယ္?
ေကာင္ေလး ျပဳတ္က်မွာစိုးၿပီး ေကာင္ေလးကိုေတာင္ သူက ေဖးမထားလိုက္ေသးတယ္?
သူ႔လွုပ္ရွားမွုေတြက ၾကည့္ရတာေတာင္ အေတာ္ညင္သာေနပုံပဲ?
သူတို႔ ကန္းေနတာ ျဖစ္ရင္ျဖစ္ ဒါမွမဟုတ္ရင္ေတာ့ ငရဲမင္းႀကီးဟာ ေကာင္ေလးကို တကယ္ကို ျမတ္နိုးလြန္းတာေၾကာင့္ ေကာင္ေလးရဲ့ လုံျခဳံေဘးကင္းမွုသာ ပဓါနလို႔ သတ္မွတ္ထားတာပင္။ ငရဲသားမိသားစုေတြရဲ့ ျမင့္ျမတ္တဲ့ အဆင့္အတန္းကို ႐ုတ္သိမ္းလိုက္ရေလာက္ေအာင္ထိ ငရဲမင္းႀကီး အမ်က္ေတာ္ရွသြားတာ အံ့အားသင့္စရာ မဟုတ္ေတာ့ဘူး!
ငရဲသားေတြဟာ သူတို႔လုပ္ခဲ့တဲ့ အျပဳအမူအတြက္ သူတို႔ ခံၾကရတာပဲ!
"ေခါင္းေဆာင္၊ ဘာလို႔ ဒီမွာ လူေတြ အမ်ားႀကီး ျဖစ္ေနတာလဲ?" ခုေလးတင္ ျဖစ္သြားခဲ့တာေတြကို ဖုန္႔ရွီမသိလိုက္။ သူ ေနာက္ဆုံး မွတ္မိတာက ကံဆိုးမွု နတ္ဘုရားက သူ႔ကို တိုက္ခိုက္ဖို႔ ႀကိဳးစားတာကိုပဲ ျဖစ္တယ္။
ဘုရင္ႀကီးက ေဘးပတ္လည္ကလူတိုင္းကို ေအးစက္တဲ့ အၾကည့္တစ္ခ်က္ ပို႔လႊတ္လိုက္တယ္။ အဲ့ေနာက္မွာေတာ့ လူတိုင္း မလုံမလဲျဖစ္စြာနဲ႔ သူတို႔ ေခါင္းကို ငုံ႔လိုက္ၾကတယ္။
အျခားမိသားစု သုံးစုကသူေတြကေတာ့ စိတ္ထဲကေန အတြင္းႀကိတ္ စိုးထိတ္ေနၾကတယ္။ ငရဲသားမိသားစုကလူေတြက သတ္ဖို႔ ႀကိဳးပမ္းအားထုတ္ခဲ့ၾကသလို သူတို႔လည္းပဲ တူတူပဲ။ သူတို႔က ငရဲသားမိသားစုက သူေတြထက္ ေျခတစ္လွမ္းေလာက္ပဲ ေနာက္က်သြားခဲ့ၾကတာ ျဖစ္တယ္။ ခုေတာ့ သူတို႔ ေႏွးသြားခဲ့တာကိုက သူတို႔ ကံ အေတာ္ေကာင္းသြားတယ္လို႔ ခံစားလိုက္ရတယ္၊ အဲ့လိုမွမဟုတ္ရင္ မိသားစု တစ္ခုလုံး ၿဂိဳဟ္ဆိုးဝင္ေတာ့မွာ။
ဘုရင္ႀကီး ဘာေတြးေနတယ္ဆိုတာ ဘယ္သူမွမသိၾက၊ ဘုရင္ႀကီးရဲ့ စိတ္ကူးကိုလည္း မမွန္းဆဝံ့ၾကေပ။ ဘုရင္ႀကီးက အဲ့လူေတြကို သူ႔ရဲ့ နက္ေမွာင္ၿပီး ၿခိမ္းေျခာက္ဟန္အျပည့္ပါတဲ့ အဓိပၸါယ္ပါပါ အၾကည့္တစ္ခ်က္ ပို႔လိုက္ေတာ့ လူတိုင္း သူတို႔ေက်ာကုန္းေပၚ ေလးလံတဲ့ ေက်ာက္တုံးႀကီး တင္ထားခံရသလို ျဖစ္လာကာ ဘာတစ္ခုမွ မေတြးဝံ့ေတာ့ေပ။
"ေဟး၊ မင္းမ်က္လုံးက ေျမႀကီးေပၚ ျပဳတ္က်ေတာ့မယ္!" ဖုန္႔ရွီ ႐ုတ္တရက္ ေျပာလိုက္တယ္။
အဲ့တာကို ၾကားေတာ့ လူတိုင္း မူးေမ့လဲမတတ္ ျဖစ္သြားၾကရတယ္!
ဒါႀကီးကေတာ့ အေတာ္ကို မ်ားသြားၿပီ! သူတို႔မွာ အံ့အားသင့္ ထိတ္လန္႔ရလြန္းလို႔ ပါးစပ္ ေစ့ဖို႔ေတာင္ အနိုင္နိုင္ ျဖစ္ေနၾကရတာကို။ သူတို႔ မ်က္လုံးေတြ ေျမႀကီးေပၚ ျပဳတ္က်ေတာ့မယ္လို႔ ေကာင္ေလးက ဘယ္လိုမ်ား ေျပာနိုင္ရက္ရတာလဲ? ဒါ အေတာ္ ယုတၱိမတန္တာပဲ!
"ဟားဟား၊ ေခါင္းေဆာင္၊ သူ႔တို႔မ်က္ႏွာေပၚက အၾကည့္ေတြက အရမ္းရီစရာေကာင္းတာပဲ။"
ဖုန္႔ရွီ နားရြက္ႏွစ္ဖက္ တက္ခ်ိတ္မတတ္ ၿဖီးသြားတယ္။ ဒါက သူ ႐ုတ္တရက္ စိတ္ကူး ထေပါက္သြားၿပီး ရလာတဲ့ အႀကံတစ္ခု ျဖစ္တယ္။ သူတို႔အားလုံး တစ္ခ်ိန္တည္းမွာပဲ မ်က္ေတာင္ ၿပိဳင္တူ ခတ္ၾကလိမ့္မယ္လို႔ သူ မသိလိုက္ဘူး။ အ႐ူးအခ်ိဳ႕ကေတာ့ သူတို႔မ်က္လုံးေတြ တကယ္ပဲ ေျမႀကီးေပၚ အမွန္အကန္ကို ျပဳတ္က်သြားသလားဆိုတာ ျမင္ရဖို႔ သူတို႔ေခါင္းေတြကို ပိုလို႔ေတာင္ ငုံ႔သြားၾကတယ္။ အဲ့တာကေတာ့ သူတို႔ မသိစိတ္က လုပ္မိသြားတဲ့ လွုပ္ရွားမွုပဲ ျဖစ္တယ္။ အဲ့ေနာက္မွာေတာ့ ေကာင္ေလးစကားကို ယုံမိသြားတဲ့အေပၚ သူတို႔ကိုယ္သူတို႔ အေတာ္ ႐ူးမိုက္ပါလားလို႔ သိလိုက္ရတယ္။
ဖုန္႔ရွီရဲ့ ရီသံက နဂါးပ်ံ ပြဲၾကည့္စင္႐ုံအတြင္း ပဲ့တင္ထပ္သြားတယ္။ ဒါေပမဲ့ သူ႔ရဲ့ အေလွာင္ကို ခံလိုက္ရတဲ့ လူေတြကေတာ့ သူတို႔ႏွုတ္ခမ္းကို တြန္႔႐ုံပဲ တတ္နိုင္ၾကၿပီး ငိုရမလား၊ ျပဳံးရမလားကို မသိေတာ့ဘူး ျဖစ္ေနၾကတယ္။ ငရဲမင္းႀကီးက ဘာတစ္ခြန္းမွ ဝင္မေျပာကတည္းက သူတို႔ အသံတစ္သံေတာင္ ထြက္ဖို႔ သတၱိမရွိၾက။
အဲ့အခ်ိန္မွာပဲ ေထာင့္အကြယ္မွာ ပုန္းေနတဲ့ ကံဆိုးမွုနတ္ဘုရားက သူ႔ကို ဘယ္သူကမွ အာ႐ုံစိုက္မေနတာ ေတြ႕သြားေတာ့ ခုန္ထလိုက္ၿပီး တံခါးကေန အသာ လစ္ထြက္ဖို႔ လုပ္လိုက္တယ္။ သူ႔ရဲ့ တုန္တုန္ခ်ိခ်ိနဲ႔ ေႏွးတိေႏွးေကြး လွုပ္ရွားမွုတို႔ေၾကာင့္ သူ သြားမရွုပ္သင့္တဲ့ တစ္စုံတစ္ေယာက္ကို သြားရွုပ္ခဲ့မိတာ သေဘာေပါက္သြားမွန္း သိသာတယ္။ သူ အခုသာ လြတ္ေအာင္ မလုပ္နိုင္ဘူးဆိုရင္ ေသလိမ့္မွာ ေျမႀကီးလတ္ခတ္မလြဲပဲ။ သူ မေျပးနိုင္ဘူးဆိုရင္ေတာင္မွ ႀကိဳးေတာ့ ႀကိဳးစားၾကည့္ရမယ္ေလ!
ကံဆိုးမွုနတ္ဘုရားက အဲ့လို ေမၽွာ္လင့္ခ်က္နဲ႔ ေတြးလိုက္စဥ္မွာပဲ သူ႔ေက်ာဖက္ကေန ဘုရင္ႀကီးရဲ့ ၿငိမ္းေအးတဲ့အသံကို ႐ုတ္တရက္ ၾကားလိုက္ရတယ္။
"ျပန္လာခဲ့!"
20210930; 1800
You are reading the story above: TeenFic.Net