38. Boy with Boundless Merits

Background color
Font
Font size
Line height

အပိုင်း ၃၈။ အကန့်အသတ်မဲ့ ကုသိုလ်အဟုန်နဲ့ ကောင်လေး

"ကံဆိုးမှုနတ်ဘုရား?"

ဟူဟန့်ရှန်း အော်လိုက်တယ်။ သူ့ဆီ တဟုန်ထိုး ပြေးဝင်လာနေတဲ့ ကံဆိုးမှုနတ်ဘုရားကို သူ ရှင်းရှင်းလင်းလင်း မြင်လိုက်ရတယ်။ ဟူဟန့်ရှန်းက ကံဆိုးမှုနတ်ဘုရားရဲ့ ပိုင်ဆိုင်ခြင်းကို ခံခဲ့ရတာ နှစ်ပေါင်း ထောင်ချီ ရှိခဲ့တာကြောင့် အခြားသူတွေက ကံဆိုးမှုနတ်ဘုရားကို သလင်းလုံးက တဆင့် ကြည့်မှ မြင်ရပေမဲ့ သူကတော့ ကံဆိုးမှု နတ်ဘုရားရဲ့ ကိုယ်ခန္ဓာအစစ်အမှန်ကို တိုက်ရိုက် တွေ့မြင်နိုင်တယ်။

ကံဆိုးမှုနတ်ဘုရားကို မမြင်တွေ့နိုင်တဲ့ ဖုန့်ရှီက ဘယ်ဖက်ကို ရှောင်ရမှန်း မသိ ဖြစ်သွားတယ်။ စာအုပ်နတ်ဘုရားရဲ့ စိုးရိမ်တကြီး အသံကိုပဲ သူ့နားထဲ ကြားလိုက်ရတယ်၊ "သခင်၊ ခုချက်ချင်း မြန်မြန် ရှောင်လိုက်။ အခု သူက သခင့်အရှေ့မှာ..."

ဖုန့်ရှီ အမြန် တုံ့ပြန်လိုက်တယ်။ သူ ချက်ချင်းပဲ ခုန်လိုက်ပြီး ဟူဟန့်ရှန်းအနောက်မှ ပုန်းဖို့ ကြိုးစားလိုက်တယ်။ ဒါပေမဲ့ နောက်လူက သူ့ထက်တောင် ပိုမြန်နေသေး၊ ပျောက်တောင် ပျောက်သွားပြီ။ နောက်ဆုံးတော့ နှစ်ထောင်ချီ ကံဆိုးမှု ခံခဲ့ရတဲ့ အတွေ့အကြုံက စိတ်မှတ်ထင်ထင်ဖြစ်နေပြီး အချိန်တိုင်း စိုးထိတ်နေခဲ့ရတယ်။ အကျိုးဆက်အနေနဲ့ ဟူဟန့်ရှန်း ကံဆိုးမှုနတ်ဘုရားကို မြင်လိုက်တဲ့ချက်ချင်းမှာပဲ ဖုန့်ရှီထက်ကို ပိုမြန်မြန် ပြေးသွားပြီး ဖြစ်တယ်။

စိတ်လှုပ်ရှားနေတဲ့ ကံဆိုးမှုနတ်ဘုရားက ချက်ချင်းပဲ ဖုန့်ရှီထံ ဟစ်အော်ရင်း ချဉ်းကပ်လာတယ်။ သူ့ကို နှုတ်ခွန်းဆက်နေတဲ့ ကြီးမားများပြားတဲ့ ကံကောင်းမှုကြီးကို သူ မြင်ပြီးပုံ ပေါ်နေတယ်။ အဲ့နောက်မှာတော့ ကံဆိုးမှု နတ်ဘုရားက ချက်ချင်းပဲ ဖုန့်ရှီနဲ့ တိုက်လိုက်တယ်... ဒါပေမဲ့၊ ဖုန့်ရှီရဲ့ ကိုယ်ခန္ဓာက ရုတ်တရက် ရွှေရောင်အလင်းတွေ ထုတ်လွှတ်လိုက်တယ်။ အဲ့နောက်မှာတော့ ရွှေရောင်ပါးလွှာပေါ့ပါးတဲ့ အလွှာပါးက ကောင်လေးကို အလုံးစုံ လွှမ်းခြုံသွားတယ်...

အဲ့တာကို မမျှော်လင့်ထားတဲ့ ကံဆိုးမှုနတ်ဘုရား သူ့တစ်ကိုယ်လုံး ရွှေရောင်အလင်းနဲ့ ရိုက်ခတ်သွားတယ်။ အဲ့နောက်မှာတော့ အဲ့တိုက်မိမှုက တောက်ပတဲ့ အလင်းတို့ ဖြစ်ပွါးစေပြီး...

ကံဆိုးမှုနတ်ဘုရားက ဒီကမ္ဘာမှာ ဝိညာဉ်နတ်ဘုရားဖြစ်တယ်။ ဒီကမ္ဘာမှာ လူသားရယ်လို့ စတင်ဖြစ်တည်လာကတည်းက သူ တည်ရှိခဲ့တာဖြစ်တယ်။ ဒါ့ကြောင့်လည်း သူ့ရဲ့ပိုင်ဆိုင်ခြင်း ခံလိုက်ရတဲ့သူဟာ ကံဆိုးရတာဖြစ်တယ်။ ဒါပေမဲ့...

ဆိုရိုးစကား တစ်ခုလိုပေါ့၊ "ကံကောင်းလွန်းတာနဲ့ ကံဆိုးလွန်းတာရဲ့ အစွန်းနှစ်ဖက်မှာ သူ့အဓိပ္ပါယ်နဲ့ သူ ရှိနေတယ်။"

လူတစ်ယောက် ဒါမှမဟုတ် နိုင်ငံတစ်နိုင်ငံဟာ အစွန်းစုံ ကံကောင်းမှုကို ရောက်ပြီးသွားပြီဆိုရင် မကောင်းမှုဖက် သေချာပေါက် လှည့်သွားမှာ ဖြစ်တယ်၊​ ကံဆိုးမှုဆိုလည်း အဲ့အတိုင်းပဲပေါ့။ ဒါ့ကြောင့် ယင်နဲ့ ယန်ဆိုပြီး ကမ္ဘာကြီးမှာ အတူတကွ ပေါ်လာခဲ့တာဖြစ်တယ်၊ ဘယ်တစ်ခုကမှ မရှိလို့မဖြစ်။ နောက်တစ်မျိုးပြောရမယ်ဆိုရင် ကံဆိုးမှုနတ်ဘုရားရဲ့ မကောင်းတဲ့စွမ်းအင်ဟာ ကောင်းတဲ့စွမ်းအင်နဲ့ ချေဖျက်နိုင်တယ်၊ ပိုအားကောင်းတဲ့ဖက်က နောက်ဆုံး အနိုင်ပဲ!

ဒါ့ကြောင့်လည်း ကံဆိုးမှုနတ်ဘုရားက ဖုန့်ရှီရဲ့ ခန္ဓာကိုယ်ပေါ်က ရွှေရောင်အလင်းတို့ကို တွေ့မြင်နေရပေမဲ့ ဖုန့်ရှီထံ တုန့်ဆိုင်းခြင်းမရှိ ပြေးသွားခဲ့တာဖြစ်တယ်။ သူက ဟိုးရှေးရှေးကတည်းက မွေးဖွားဖြစ်တည်လာခဲ့တဲ့ ကံဆိုးမှုနတ်ဘုရား၊ မကောင်းတဲ့စွမ်းအင်တွေ မရေမတွက်နိုင်အောင် စုစည်းခဲ့ပြီးသားသူ။ ဒါ့ကြောင့် သူက ရွှေရောင်အလွှာပါးကို ဖောက်ထွက်နိုင်ပြီး ဖုန့်ရှီကို ပိုင်ဆိုင်နိုင်လိမ့်မယ်လို့ သူ ယုံကြည်မှု ရှိခဲ့တာ ဖြစ်တယ်...

ဒါပေမဲ့ အဲ့တာကတော့ သူ့ရဲ့ ဖြစ်ချင်တဲ့ ဆန္ဒသပ်သပ်သာ ဖြစ်တယ်။ အဖြစ်မှန်ကတော့ အတော်ကို ရက်စက်တယ်!

ကံဆိုးမှုနတ်ဘုရားနဲ့ ဖုန့်ရှီတို့ အချင်းချင်း တိုက်မိကြတဲ့အချိန်မှာ ကံဆိုးမှုနတ်ဘုရားရဲ့ မကောင်းတဲ့စွမ်းအင်တွေဟာ ရုတ်ချည်းပဲ လျော့နည်းသွားစပြုလာတယ်။ အချိန် အနည်းငယ်လောက်ပဲ ကြာရုံရှိသေး၊ မကောင်းတဲ့စွမ်းအင် တစ်ဝက်လောက်ဟာ အချေမှုန်းခံလိုက်ရတယ်။ စူးစူးရှရှ အော်မည်သံ လူတိုင်းကြားလိုက်ရပြီးနောက် တစ်ခုခု ပြန်ကန်ထွက်လာသည့်အလား စိမ့်ထန့်ထန့် ညစ်ထေးထေးအရာတစ်ခုက တံခါးနဲ့ ပြင်းထန်စွာ ရိုက်သွားတယ်။ အဲ့နောက်မှာတော့ အဲ့စိမ်းထန့်ထန့်အရာက တစ်စစီဖြစ်သွားပြီး တံခါးကနေ လျောကျသွားကာ မြေကြီးပေါ် ဘန်းခနဲမြည်ပြီး ပြုတ်ကျသွားတယ်...

ဘယ်သူမှ ဘာဖြစ်သွားမှန်း မသိလိုက်ကြဘူး။ ဒါပေမဲ့ မသိစိတ်ကနေ အဲ့အရာနဲ့ ခပ်ဝေးဝေး နေလိုက်ကြတယ်၊ ဘာလို့လည်းဆိုတော့ အဲ့အရာဆီကနေ မကောင်းတဲ့ စွမ်းအင်တွေ သူတို့ ခံစားသိရှိနိုင်ကြပြီး သူတို့ရဲ့ ဝိညာဉ်စွမ်းအင်တွေတောင် မပီဝိုးတဝါး လွှမ်းမိုးခံလိုက်ရသလို ခံစားလိုက်ရတယ်။

ကံဆိုးမှုနတ်ဘုရားရဲ့ နှစ်တစ်သောင်းနီးပါး မကောင်းတဲ့စွမ်းအင်တွေဟာ ရွှေရောင်အလင်းကြောင့် ကွဲလွင့်သွားရပြီးနောက် သူ့ရဲ့ ကိုယ်ပျောက်စွမ်းအင် ဆုံးရှုံးသွားရတယ်။ ဒါ့ကြောင့် လူတိုင်း သူ့ကို မြင်နိုင်သွားပြီ ဖြစ်တယ်။

ဒါပေမဲ့၊ အဲ့တာက အဆုံးသတ်တော့ မဟုတ်....

ဖုန့်ရှီရဲ့ ခန္ဓာကိုယ်ထဲက ရွှေရောင်အလင်းတို့ဟာ ကံဆိုးမှုနတ်ဘုရားကြောင့် နိုးထလာပြီးနောက် မကောင်းတဲ့စွမ်းအင်တွေဟာ ဖုန့်ရှီ ခန္ဓာကိုယ်ထဲက ကောင်းကင်လမ်းရဲ့ စွမ်းအားကို အလုံးစုံ ထုတ်လွှတ်လိုက်တယ်။ သူ့ပတ်လည်က အလွှာပါးက တဖြည်းဖြည်း ထူထဲလာပြီး အဆုံးမတော့ ဖုန့်ရှီတစ်ကိုယ်လုံးကို လွှမ်းခြုံသွားတယ်။ စူးရှတောက်ပတဲ့ ရွှေရောင် အလင်းတန်းဟာ ကောင်းကင်သို့ ထိုးထွက်သွားပြီး အဖြူရောင်တိမ်တွေထဲ ထိုးဖောက်ဝင်ရောက်သွားတယ်။ ကောင်းကင်ကြီးတောင် အပေါက်ပေါက်သွားဟန် ထင်လိုက်ရတယ်...

အဲ့နောက်မှာတော့ အနားယူည မြို့တော်အထက်က လေထုဟာ ရှေးကျပြီး အဆုံးအစမရှိတဲ့ ဖိအားတစ်ခုနဲ့အတူ ရုတ်တရက် ဖုံးလွှမ်းသွားတယ်။ တချိန်တည်းလိုလိုမှာပဲ အဲ့ဖိအားဟာ ငရဲပြည်တစ်ခုလုံးကို ပျံ့နှံ့သွားတယ်။ ကမ္ဘာမြေပြင်ဟာ အနည်းငယ် တုန်ဟီးစပြုလာပြီး ငရဲပြည်ရဲ့ အပြင်ဘက်က မြူခိုးတို့ဟာလည်း လွင့်ပျယ်လာတယ်။ အဲ့နောက်မှာတော့ ငရဲပြည်ရဲ့ ပုံရိပ်စစ်ရော လှေကားတွေလို ရှည်လျားတဲ့ ဝင်ပေါက်ထွက်ပေါက်ရော အားလုံး ပေါ်လာတယ်။

အားပြင်းတဲ့ ဖိအားဟာ လူတိုင်းရဲ့ နားတွေထဲ အချက်ပေးသံလို ကြားယောင်လာကြတဲ့ မြည်ဟီးသံနဲ့အတူ ရောသွားတယ်။ ရုတ်တရက် နတ်ဘုရားနိုင်ငံတော်နဲ့ မိစ္ဆာနိုင်ငံတော်တို့တောင် ထိတ်လန့်သွားတယ်။ လူတိုင်း သူတို့ခေါင်းကို မော့လိုက်ကြပြီး ကောင်းကင်ထဲက ဖြာထွက်နေတဲ့ ရွှေရောင်အလင်းတန်းကို ကြည့်လိုက်ကြတယ်။ သူတို့ဘယ်လိုတောင် အံ့ဩတုန်လှုပ်သွားတယ်ဆိုတာ ဖော်ပြဖို့တောင် မဖြစ်နိုင်ပေ။

အပလောကနဲ့ တစ္ဆေလောကရဲ့ ဆုံရပ်မှာတည်ရှိတဲ့ ဝိညာဉ်ကူးပြောင်းနန်းတော်ရဲ့ အရှင်ကတော့ အခြားသူတွေလို အံ့ဩသွားခြင်းမရှိဘဲ သူ့ကိုယ်သူ ရေရွတ်တဲ့အလား တိုးတိတ်ငြင်သာစွာ ပြောလိုက်တယ်၊ "ဒါဆို အဲ့တာ ဖြစ်သွားပြီးလား?"

ရွှေရောင်အလင်းတို့ ကောင်လေးကို သုံးစက္ကန့်မရှိတရှိမျှ လွှမ်းခြုံသွားပြီးနောက် လူတိုင်း သူတို့ရဲ့ မျက်လုံးတွေ ဝါးကုန်တာကို ခံစားလိုက်ရတယ်။ လူအများစုကတော့ မခံနိုင်တော့ဘဲ မျက်လုံးတွေ ပိတ်လိုက်ကြတယ်။ ကောင်လေးကနေ ထုတ်လွှတ်လာတဲ့ ရွှေရောင်အလင်းတို့ အဲ့လောက် သိပ်မစူးရှလာတော့မှသာ သူတို့မျက်လုံးတွေ ပြန်ဖွင့်လာကြတယ်။

အဲ့အချိန်မှာပဲ အကြီးတန်း အုပ်ချုပ်ရေး ဝန်ထမ်းတွေ အကုန်လုံး လျင်မြန်တဲ့အရှိန်နဲ့ ရောက်လာကြတယ်။ တံခါးမှတဆင့် ဒီနေရာကို ဝင်ရောက်လာကြပြီးနောက် လူအုပ်အလယ်မှာ ရပ်နေတဲ့ ဖုန့်ရှီကို သူတို့ တွေ့သွားကြတယ်။ ကောင်လေးပတ်ပတ်လည်က ဖိအားကိုလည်း သူတို့ ခံစားမိသွားကြတယ်။ ဒါပေမဲ့ လူတွေ ဘယ်လောက်ပဲ အံ့ဩသွား အံ့ဩသွား လောဘမတက်ဘဲ မနေနိုင်ကြ...

"အကန့်အသတ်မဲ့ ကုသိုလ်အဟုန်! အဲ့တာ အကန့်အသတ်မဲ့ ကုသိုလ်အဟုန်ပဲ!"

တစ်စုံတစ်ယောက်က သူ့မျက်နှာက စိတ်လှုပ်ရှားမှုကို မထိန်းနိုင်စွာပဲ အလန့်တကြား ထအော်လိုက်တယ်။ အကန့်အသတ်မဲ့ ကုသိုလ်အဟုန် လက်ခံပိုင်ဆိုင်ထားတဲ့သူကို သတ်လိုက်ရင် အကန့်အသတ်မဲ့ ကုသိုလ်အဟုန် အားလုံးကိုရော လက်ခံထားသူရဲ့ အပြစ်တွေကိုပါ ရရှိနိုင်တယ်လို့ ဆိုရိုးရှိတယ်။ လက်ခံထားသူမှာ အပြစ်ဘယ်လောက် ကျူးလွန်ပြီး ဖြစ်သလဲဆိုတာ အရမ်း အရေးကြီးတယ်။

အဲ့လူရဲ့ စကားလုံးတွေက လူတိုင်းရဲ့ စိတ်ဝင်စားမှုကို ရယူလိုက်တယ်။ ဇဝေဇဝါ မျက်နှာထား ဖြစ်နေခဲ့ကြတဲ့ သူတွေဟာ ဉာဏ်အလင်းရသွားကြတယ်။ အချို့က လောဘဇော ထလာကြတယ်၊ အချို့က သက်ပြင်းချလိုက်ကြတယ်၊ အချို့က ဖုန့်ရှီကို သနားသွားကြတယ်၊ အခြားသူတွေကတော့ သူ့အတွက် စိတ်မကောင်း ဖြစ်သွားကြတယ်...

မိသားစု လေးစုက လူတွေ အပါအဝင် စာမေးပွဲ လာဖြေကြသူတွေ အများအပြား ရှိတယ်။ နဂါးပျံ ပွဲကြည့်စင်ထဲကို ပြေးဝင်လာကြသူတွေထဲမှာ မောက်မာတဲ့ ငရဲသား မိသားစုတွေတောင် ပါကြတယ်။ သူတို့တွေဟာ သဘာဝအလျောက်ကို အလေးပေးခံတွေ ဖြစ်ကြတဲ့ ငရဲပြည်ရဲ့ မူလကနဦး နေထိုင်ကြသူတွေ ဖြစ်ကြတယ်။ ဒါပေမဲ့ အဲ့အချက်အတိအကျကြောင့်ပဲ ငရဲသားမိသားစုတွေမှာ အကန့်အသတ်မဲ့ ကုသိုလ်အဟုန် ရှိကြသူ တစ်ဦးမှ မရှိကြဘူး။

ဆိုရိုးတစ်ခုလိုပေါ့၊ "ကိတ်လည်း ရှိချင်၊ စားလည်း စားချင် လုပ်လို့မရဘူး"

ငရဲသားမိသားစုဝင်တွေဟာ အကန့်အသတ်မဲ့ ကုသိုလ်အဟုန် ပိုင်ဆိုင်ထားသူကို လိုက်ရှာနေကြတယ်ဆိုတာ လူတိုင်း မပြောဘဲ သိနိုင်ကြတယ်။ သူတို့ရဲ့ ရည်ရွယ်ချက်က အရမ်း သိသာထင်ရှားပါတယ်၊​ ဒါပေမဲ့ အဲ့တာကို ဘယ်သူမှ ကျယ်ကျယ်တော့ မပြောဝံ့ကြဘူး။

ဒီနေရာကို လူတွေ ပိုပို အုံလာကြတယ်။ ဖုန့်ရှီကို အရင်က အထင်သေးခဲ့ကြတဲ့ ငရဲသားမိသားစုက အမျိုးသားနဲ့ အမျိုးသမီးတို့ သူ့မှာ အကန့်အသတ်မဲ့ ကုသိုလ်အဟုန် ရှိနေတာ မြင်သွားကြတော့ ချက်ချင်းပဲ​ လိုချင် တပ်မက်လာကြတယ်။ မျက်လုံးချင်း မဆုံကြည့်ကြဘဲ သူတို့မျက်လုံးထဲက မြင်သာထင်သာရှိတဲ့ လူသတ်လိုရိပ်တွေနဲ့အတူ ဖုန့်ရှီထံ တပြိုင်နက်ထဲ ခုန်ဝင်လုနီးနီး ဖြစ်သွားကြတယ်။

အခြားမိသားစု သုံးစုက လူတွေကလည်း အဲ့တာကို မြင်သွားကြပြီး သူတို့မျက်လုံးထဲ သနားနုံခြာရိပ် ဖြတ်ပြေးသွားပြီး အမျိုးသားနဲ့ အမျိုးသမီးရဲ့ ဉာဏ်များတဲ့အပြုအမူကို တိတ်တဆိတ် ကျိန်ဆဲလိုက်ကြတယ်။ ကောင်လေးမှာ အလွန်ပေါကြွယ်ဝတဲ့ စိတ်ဝိညာဉ်စွမ်းအင် ရှိနေပေမဲ့ သူ့မှာ လေးနက်တဲ့ မှော်ပညာ မတတ်မြောက်မှန်း ရှင်းရှင်းလင်းလင်း သိနိုင်တယ်။ အဲ့တာကြောင့် ဒီလူနှစ်ယောက်ကို သူ ပြန်ခုခံနိုင်ဖို့ နည်းလမ်း လုံးဝမရှိဘူး။ သူ ချက်ချင်းကို သေချင် သေသွားနိုင်တယ်။

လူကောင်းလေး တစ်ယောက် သေတော့မှာပဲဆိုပြီး အခြားသူတွေက သက်ပြင်းချလိုက်ကြတယ်...

ဒါပေမဲ့ လူတွေ သူတို့ခေါင်းကို ယမ်းခါနေဆဲ အချိန်မှာပဲ ရုတ်တရက် ကျယ်လောင်တဲ့အသံတစ်ခု ကြားလိုက်ရတယ်။ အဲ့နောက်မှာတော့ အသံကျယ်ကြီး နှစ်ချက် နဂါးပျံ ပွဲကြည့်စင်ထဲ မြည်သွားတယ်။ လူတိုင်း ခေါင်းထောင်ကြည့်လိုက်ကြတော့ အဖြူနဲ့ ပန်းရောင် ပုံပန်းသဏ္ဍာန်တို့က စူးစူးရဲရဲ အော်သံနဲ့အတူ လေထဲ ဖြတ်ပြေးသွားတာကို မြင်လိုက်ကြရတယ်။

ဘန်း၊ ဘန်း...

မြေပြင်ပေါ် တစ်ခုခု ကျသွားပြီး မိုးခြုံးသံလို အသံ ကြားလိုက်ကြရတော့ လူတိုင်း ကြောင်အမ်းသွားကြတယ်!

လူအုပ်ထဲက လူတွေနဲ့ ပွဲကြည့်စင်ရုံကို အခုမှ ပြေးလာကြသူတွေက လေထဲက ပုံသဏ္ဍာန်နှစ်ခုကို မြင်လိုက်ကြပြီးနောက် ရုတ်တရက် အပြောင်းအလဲကြောင့် အံ့အားသင့်လွန်းလို့ စကားမပြောနိုင် ဖြစ်သွားကြတယ်! နဂါးပျံပွဲကြည့်စင်ရုံ တစ်ခုလုံး အပ်ကျသံကြားရမတတ် တိတ်ဆိတ်သွားတယ်!

လူတိုင်းရဲ့ ကြက်သေသေနေတဲ့ အကြည့်တွေအောက်မှာ ရှည်ရှည်ဖြောင့်ဖြောင့် ပုံသဏ္ဍာတစ်ခု ကောင်လေး ဘေးနား ပေါ်လာခဲ့တယ်...

20210928; 0621

—————————— Zawgyi —————————

အပိုင္း ၃၈။ အကန္႔အသတ္မဲ့ ကုသိုလ္အဟုန္နဲ႔ ေကာင္ေလး

"ကံဆိုးမွုနတ္ဘုရား?"

ဟူဟန္႔ရွန္း ေအာ္လိုက္တယ္။ သူ႔ဆီ တဟုန္ထိုး ေျပးဝင္လာေနတဲ့ ကံဆိုးမွုနတ္ဘုရားကို သူ ရွင္းရွင္းလင္းလင္း ျမင္လိုက္ရတယ္။ ဟူဟန္႔ရွန္းက ကံဆိုးမွုနတ္ဘုရားရဲ့ ပိုင္ဆိုင္းျခင္းကို ခံခဲ့ရတာ ႏွစ္ေပါင္း ေထာင္ခ်ီ ရွိခဲ့တာေၾကာင့္ အျခားသူေတြက ကံဆိုးမွုနတ္ဘုရားကို သလင္းလုံးက တဆင့္ ၾကည့္မွ ျမင္ရေပမဲ့ သူကေတာ့ ကံဆိုးမွု နတ္ဘုရားရဲ့ ကိုယ္ခႏၶာအစစ္အမွန္ကို တိုက္ရိုက္ ေတြ႕ျမင္နိုင္တယ္။

ကံဆိုးမွုနတ္ဘုရားကို မျမင္ေတြ႕နိုင္တဲ့ ဖုန္႔ရွီက ဘယ္ဖက္ကို ေရွာင္ရမွန္း မသိ ျဖစ္သြားတယ္။ စာအုပ္နတ္ဘုရားရဲ့ စိုးရိမ္တႀကီး အသံကိုပဲ သူ႔နားထဲ ၾကားလိုက္ရတယ္၊ "သခင္၊ ခုခ်က္ခ်င္း ျမန္ျမန္ ေရွာင္လိုက္။ အခု သူက သခင့္အေရွ႕မွာ..."

ဖုန္႔ရွီ အျမန္ တုံ႔ျပန္လိုက္တယ္။ သူ ခ်က္ခ်င္းပဲ ခုန္လိုက္ၿပီး ဟူဟန္႔ရွန္းအေနာက္မွ ပုန္းဖို႔ ႀကိဳးစားလိုက္တယ္။ ဒါေပမဲ့ ေနာက္လူက သူ႔ထက္ေတာင္ ပိုျမန္ေနေသး၊ ေပ်ာက္ေတာင္ ေပ်ာက္သြားၿပီ။ ေနာက္ဆုံးေတာ့ ႏွစ္ေထာင္ခ်ီ ကံဆိုးမွု ခံခဲ့ရတဲ့ အေတြ႕အၾကဳံက စိတ္မွတ္ထင္ထင္ျဖစ္ေနၿပီး အခ်ိန္တိုင္း စိုးထိတ္ေနခဲ့ရတယ္။ အက်ိဳးဆက္အေနနဲ႔ ဟူဟန္႔ရွန္း ကံဆိုးမွုနတ္ဘုရားကို ျမင္လိုက္တဲ့ခ်က္ခ်င္းမွာပဲ ဖုန္႔ရွီထက္ကို ပိုျမန္ျမန္ ေျပးသြားၿပီး ျဖစ္တယ္။

စိတ္လွုပ္ရွားေနတဲ့ ကံဆိုးမွုနတ္ဘုရားက ခ်က္ခ်င္းပဲ ဖုန္႔ရွီထံ ဟစ္ေအာ္ရင္း ခ်ဥ္းကပ္လာတယ္။ သူ႔ကို ႏွုတ္ခြန္းဆက္ေနတဲ့ ႀကီးမားမ်ားျပားတဲ့ ကံေကာင္းမွုႀကီးကို သူ ျမင္ၿပီးပုံ ေပၚေနတယ္။ အဲ့ေနာက္မွာေတာ့ ကံဆိုးမွု နတ္ဘုရားက ခ်က္ခ်င္းပဲ ဖုန္႔ရွီနဲ႔ တိုက္လိုက္တယ္... ဒါေပမဲ့၊ ဖုန္႔ရွီရဲ့ ကိုယ္ခႏၶာက ႐ုတ္တရက္ ေရႊေရာင္အလင္းေတြ ထုတ္လႊတ္လိုက္တယ္။ အဲ့ေနာက္မွာေတာ့ ေရႊေရာင္ပါးလႊာေပါ့ပါးတဲ့ အလႊာပါးက ေကာင္ေလးကို အလုံးစုံ လႊမ္းျခဳံသြားတယ္...

အဲ့တာကို မေမၽွာ္လင့္ထားတဲ့ ကံဆိုးမွုနတ္ဘုရား သူ႔တစ္ကိုယ္လုံး ေရႊေရာင္အလင္းနဲ႔ ရိုက္ခတ္သြားတယ္။ အဲ့ေနာက္မွာေတာ့ အဲ့တိုက္မိမွုက ေတာက္ပတဲ့ အလင္းတို႔ ျဖစ္ပြါးေစၿပီး...

ကံဆိုးမွုနတ္ဘုရားက ဒီကမၻာမွာ ဝိညာဥ္နတ္ဘုရားျဖစ္တယ္။ ဒီကမၻာမွာ လူသားရယ္လို႔ စတင္ျဖစ္တည္လာကတည္းက သူ တည္ရွိခဲ့တာျဖစ္တယ္။ ဒါ့ေၾကာင့္လည္း သူ႔ရဲ့ပိုင္ဆိုင္ျခင္း ခံလိုက္ရတဲ့သူဟာ ကံဆိုးရတာျဖစ္တယ္။ ဒါေပမဲ့...

ဆိုရိုးစကား တစ္ခုလိုေပါ့၊ "ကံေကာင္းလြန္းတာနဲ႔ ကံဆိုးလြန္းတာရဲ့ အစြန္းႏွစ္ဖက္မွာ သူ႔အဓိပၸါယ္နဲ႔ သူ ရွိေနတယ္။"

လူတစ္ေယာက္ ဒါမွမဟုတ္ နိုင္ငံတစ္နိုင္ငံဟာ အစြန္းစုံ ကံေကာင္းမွုကို ေရာက္ၿပီးသြားၿပီဆိုရင္ မေကာင္းမွုဖက္ ေသခ်ာေပါက္ လွည့္သြားမွာ ျဖစ္တယ္၊​ ကံဆိုးမွုဆိုလည္း အဲ့အတိုင္းပဲေပါ့။ ဒါ့ေၾကာင့္ ယင္နဲ႔ ယန္ဆိုၿပီး ကမၻာႀကီးမွာ အတူတကြ ေပၚလာခဲ့တာျဖစ္တယ္၊ ဘယ္တစ္ခုကမွ မရွိလို႔မျဖစ္။ ေနာက္တစ္မ်ိဳးေျပာရမယ္ဆိုရင္ ကံဆိုးမွုနတ္ဘုရားရဲ့ မေကာင္းတဲ့စြမ္းအင္ဟာ ေကာင္းတဲ့စြမ္းအင္နဲ႔ ေခ်ဖ်က္နိုင္တယ္၊ ပိုအားေကာင္းတဲ့ဖက္က ေနာက္ဆုံး အနိုင္ပဲ!

ဒါ့ေၾကာင့္လည္း ကံဆိုးမွုနတ္ဘုရားက ဖုန္႔ရွီရဲ့ ခႏၶာကိုယ္ေပၚက ေရႊေရာင္အလင္းတို႔ကို ေတြ႕ျမင္ေနရေပမဲ့ ဖုန္႔ရွီထံ တုန္႔ဆိုင္းျခင္းမရွိ ေျပးသြားခဲ့တာျဖစ္တယ္။ သူက ဟိုးေရွးေရွးကတည္းက ေမြးဖြားျဖစ္တည္လာခဲ့တဲ့ ကံဆိုးမွုနတ္ဘုရား၊ မေကာင္းတဲ့စြမ္းအင္ေတြ မေရမတြက္နိုင္ေအာင္ စုစည္းခဲ့ၿပီးသားသူ။ ဒါ့ေၾကာင့္ သူက ေရႊေရာင္အလႊာပါးကို ေဖာက္ထြက္နိုင္ၿပီး ဖုန္႔ရွီကို ပိုင္ဆိုင္နိုင္လိမ့္မယ္လို႔ သူ ယုံၾကည္မွု ရွိခဲ့တာ ျဖစ္တယ္...

ဒါေပမဲ့ အဲ့တာကေတာ့ သူ႔ရဲ့ ျဖစ္ခ်င္တဲ့ ဆႏၵသပ္သပ္သာ ျဖစ္တယ္။ အျဖစ္မွန္ကေတာ့ အေတာ္ကို ရက္စက္တယ္!

ကံဆိုးမွုနတ္ဘုရားနဲ႔ ဖုန္႔ရွီတို႔ အခ်င္းခ်င္း တိုက္မိၾကတဲ့အခ်ိန္မွာ ကံဆိုးမွုနတ္ဘုရားရဲ့ မေကာင္းတဲ့စြမ္းအင္ေတြဟာ ႐ုတ္ခ်ည္းပဲ ေလ်ာ့နည္းသြားစျပဳလာတယ္။ အခ်ိန္ အနည္းငယ္ေလာက္ပဲ ၾကာ႐ုံရွိေသး၊ မေကာင္းတဲ့စြမ္းအင္ တစ္ဝက္ေလာက္ဟာ အေခ်မွုန္းခံလိုက္ရတယ္။ စူးစူးရွရွ ေအာ္မည္သံ လူတိုင္းၾကားလိုက္ရၿပီးေနာက္ တစ္ခုခု ျပန္ကန္ထြက္လာသည့္အလား စိမ့္ထန္႔ထန္႔ ညစ္ေထးေထးအရာတစ္ခုက တံခါးနဲ႔ ျပင္းထန္စြာ ရိုက္သြားတယ္။ အဲ့ေနာက္မွာေတာ့ အဲ့စိမ္းထန္႔ထန္႔အရာက တစ္စစီျဖစ္သြားၿပီး တံခါးကေန ေလ်ာက်သြားကာ ေျမႀကီးေပၚ ဘန္းခနဲျမည္ၿပီး ျပဳတ္က်သြားတယ္...

ဘယ္သူမွ ဘာျဖစ္သြားမွန္း မသိလိုက္ၾကဘူး။ ဒါေပမဲ့ မသိစိတ္ကေန အဲ့အရာနဲ႔ ခပ္ေဝးေဝး ေနလိုက္ၾကတယ္၊ ဘာလို႔လည္းဆိုေတာ့ အဲ့အရာဆီကေန မေကာင္းတဲ့ စြမ္းအင္ေတြ သူတို႔ ခံစားသိရွိနိုင္ၾကၿပီး သူတို႔ရဲ့ ဝိညာဥ္စြမ္းအင္ေတြေတာင္ မပီဝိုးတဝါး လႊမ္းမိုးခံလိုက္ရသလို ခံစားလိုက္ရတယ္။

ကံဆိုးမွုနတ္ဘုရားရဲ့ ႏွစ္တစ္ေသာင္းနီးပါး မေကာင္းတဲ့စြမ္းအင္ေတြဟာ ေရႊေရာင္အလင္းေၾကာင့္ ကြဲလြင့္သြားရၿပီးေနာက္ သူ႔ရဲ့ ကိုယ္ေပ်ာက္စြမ္းအင္ ဆုံးရွုံးသြားရတယ္။ ဒါ့ေၾကာင့္ လူတိုင္း သူ႔ကို ျမင္နိုင္သြားၿပီ ျဖစ္တယ္။

ဒါေပမဲ့၊ အဲ့တာက အဆုံးသတ္ေတာ့ မဟုတ္....

ဖုန္႔ရွီရဲ့ ခႏၶာကိုယ္ထဲက ေရႊေရာင္အလင္းတို႔ဟာ ကံဆိုးမွုနတ္ဘုရားေၾကာင့္ နိုးထလာၿပီးေနာက္ မေကာင္းတဲ့စြမ္းအင္ေတြဟာ ဖုန္႔ရွီ ခႏၶာကိုယ္ထဲက ေကာင္းကင္လမ္းရဲ့ စြမ္းအားကို အလုံးစုံ ထုတ္လႊတ္လိုက္တယ္။ သူ႔ပတ္လည္က အလႊာပါးက တျဖည္းျဖည္း ထူထဲလာၿပီး အဆုံးမေတာ့ ဖုန္႔ရွီတစ္ကိုယ္လုံးကို လႊမ္းျခဳံသြားတယ္။ စူးရွေတာက္ပတဲ့ ေရႊေရာင္ အလင္းတန္းဟာ ေကာင္းကင္သို႔ ထိုးထြက္သြားၿပီး အျဖဴေရာင္တိမ္ေတြထဲ ထိုးေဖာက္ဝင္ေရာက္သြားတယ္။ ေကာင္းကင္ႀကီးေတာင္ အေပါက္ေပါက္သြားဟန္ ထင္လိုက္ရတယ္...

အဲ့ေနာက္မွာေတာ့ အနားယူည ၿမိဳ႕ေတာ္အထက္က ေလထုဟာ ေရွးက်ၿပီး အဆုံးအစမရွိတဲ့ ဖိအားတစ္ခုနဲ႔အတူ ႐ုတ္တရက္ ဖုံးလႊမ္းသြားတယ္။ တခ်ိန္တည္းလိုလိုမွာပဲ အဲ့ဖိအားဟာ ငရဲျပည္တစ္ခုလုံးကို ပ်ံ႕ႏွံ့သြားတယ္။ ကမၻာေျမျပင္ဟာ အနည္းငယ္ တုန္ဟီးစျပဳလာၿပီး ငရဲျပည္ရဲ့ အျပင္ဘက္က ျမဴခိုးတို႔ဟာလည္း လြင့္ပ်ယ္လာတယ္။ အဲ့ေနာက္မွာေတာ့ ငရဲျပည္ရဲ့ ပုံရိပ္စစ္ေရာ ေလွကားေတြလို ရွည္လ်ားတဲ့ ဝင္ေပါက္ထြက္ေပါက္ေရာ အားလုံး ေပၚလာတယ္။

အားျပင္းတဲ့ ဖိအားဟာ လူတိုင္းရဲ့ နားေတြထဲ အခ်က္ေပးသံလို ၾကားေယာင္လာၾကတဲ့ ျမည္ဟီးသံနဲ႔အတူ ေရာသြားတယ္။ ႐ုတ္တရက္ နတ္ဘုရားနိုင္ငံေတာ္နဲ႔ မိစၧာနိုင္ငံေတာ္တို႔ေတာင္ ထိတ္လန္႔သြားတယ္။ လူတိုင္း သူတို႔ေခါင္းကို ေမာ့လိုက္ၾကၿပီး ေကာင္းကင္ထဲက ျဖာထြက္ေနတဲ့ ေရႊေရာင္အလင္းတန္းကို ၾကည့္လိုက္ၾကတယ္။ သူတို႔ဘယ္လိုေတာင္ အံ့ဩတုန္လွုပ္သြားတယ္ဆိုတာ ေဖာ္ျပဖို႔ေတာင္ မျဖစ္နိုင္ေပ။

အပေလာကနဲ႔ တေစၧေလာကရဲ့ ဆုံရပ္မွာတည္ရွိတဲ့ ဝိညာဥ္ကူးေျပာင္းနန္းေတာ္ရဲ့ အရွင္ကေတာ့ အျခားသူေတြလို အံ့ဩသြားျခင္းမရွိဘဲ သူ႔ကိုယ္သူ ေရရြတ္တဲ့အလား တိုးတိတ္ျငင္သာစြာ ေျပာလိုက္တယ္၊ "ဒါဆို အဲ့တာ ျဖစ္သြားၿပီးလား?"

ေရႊေရာင္အလင္းတို႔ ေကာင္ေလးကို သုံးစကၠန္႔မရွိတရွိမၽွ လႊမ္းျခဳံသြားၿပီးေနာက္ လူတိုင္း သူတို႔ရဲ့ မ်က္လုံးေတြ ဝါးကုန္တာကို ခံစားလိုက္ရတယ္။ လူအမ်ားစုကေတာ့ မခံနိုင္ေတာ့ဘဲ မ်က္လုံးေတြ ပိတ္လိုက္ၾကတယ္။ ေကာင္ေလးကေန ထုတ္လႊတ္လာတဲ့ ေရႊေရာင္အလင္းတို႔ အဲ့ေလာက္ သိပ္မစူးရွလာေတာ့မွသာ သူတို႔မ်က္လုံးေတြ ျပန္ဖြင့္လာၾကတယ္။

အဲ့အခ်ိန္မွာပဲ အႀကီးတန္း အုပ္ခ်ဳပ္ေရး ဝန္ထမ္းေတြ အကုန္လုံး လ်င္ျမန္တဲ့အရွိန္နဲ႔ ေရာက္လာၾကတယ္။ တံခါးမွတဆင့္ ဒီေနရာကို ဝင္ေရာက္လာၾကၿပီးေနာက္ လူအုပ္အလယ္မွာ ရပ္ေနတဲ့ ဖုန္႔ရွီကို သူတို႔ ေတြ႕သြားၾကတယ္။ ေကာင္ေလးပတ္ပတ္လည္က ဖိအားကိုလည္း သူတို႔ ခံစားမိသြားၾကတယ္။ ဒါေပမဲ့ လူေတြ ဘယ္ေလာက္ပဲ အံ့ဩသြား အံ့ဩသြား ေလာဘမတက္ဘဲ မေနနိုင္ၾက...

"အကန္႔အသတ္မဲ့ ကုသိုလ္အဟုန္! အဲ့တာ အကန္႔အသတ္မဲ့ ကုသိုလ္အဟုန္ပဲ!"

တစ္စုံတစ္ေယာက္က သူ႔မ်က္ႏွာက စိတ္လွုပ္ရွားမွုကို မထိန္းနိုင္စြာပဲ အလန္႔တၾကား ထေအာ္လိုက္တယ္။ အကန္႔အသတ္မဲ့ ကုသိုလ္အဟုန္ လက္ခံပိုင္ဆိုင္ထားတဲ့သူကို သတ္လိုက္ရင္ အကန္႔အသတ္မဲ့ ကုသိုလ္အဟုန္ အားလုံးကိုေရာ လက္ခံထားသူရဲ့ အျပစ္ေတြကိုပါ ရရွိနိုင္တယ္လို႔ ဆိုရိုးရွိတယ္။ လက္ခံထားသူမွာ အျပစ္ဘယ္ေလာက္ က်ဴးလြန္ၿပီး ျဖစ္သလဲဆိုတာ အရမ္း အေရးႀကီးတယ္။

အဲ့လူရဲ့ စကားလုံးေတြက လူတိုင္းရဲ့ စိတ္ဝင္စားမွုကို ရယူလိုက္တယ္။ ဇေဝဇဝါ မ်က္ႏွာထား ျဖစ္ေနခဲ့ၾကတဲ့ သူေတြဟာ ဉာဏ္အလင္းရသြားၾကတယ္။ အခ်ိဳ႕က ေလာဘေဇာ ထလာၾကတယ္၊ အခ်ိဳ႕က သက္ျပင္းခ်လိုက္ၾကတယ္၊ အခ်ိဳ႕က ဖုန္႔ရွီကို သနားသြားၾကတယ္၊ အျခားသူေတြကေတာ့ သူ႔အတြက္ စိတ္မေကာင္း ျဖစ္သြားၾကတယ္...

မိသားစု ေလးစုက လူေတြ အပါအဝင္ စာေမးပြဲ လာေျဖၾကသူေတြ အမ်ားအျပား ရွိတယ္။ နဂါးပ်ံ ပြဲၾကည့္စင္ထဲကို ေျပးဝင္လာၾကသူေတြထဲမွာ ေမာက္မာတဲ့ ငရဲသား မိသားစုေတြေတာင္ ပါၾကတယ္။ သူတို႔ေတြဟာ သဘာဝအေလ်ာက္ကို အေလးေပးခံေတြ ျဖစ္ၾကတဲ့ ငရဲျပည္ရဲ့ မူလကနဦး ေနထိုင္ၾကသူေတြ ျဖစ္ၾကတယ္။ ဒါေပမဲ့ အဲ့အခ်က္အတိအက်ေၾကာင့္ပဲ ငရဲသားမိသားစုေတြမွာ အကန္႔အသတ္မဲ့ ကုသိုလ္အဟုန္ ရွိၾကသူ တစ္ဦးမွ မရွိၾကဘူး။

ဆိုရိုးတစ္ခုလိုေပါ့၊ "ကိတ္လည္း ရွိခ်င္၊ စားလည္း စားခ်င္ လုပ္လို႔မရဘူး"

ငရဲသားမိသားစုဝင္ေတြဟာ အကန္႔အသတ္မဲ့ ကုသိုလ္အဟုန္ ပိုင္ဆိုင္ထားသူကို လိုက္ရွာေနၾကတယ္ဆိုတာ လူတိုင္း မေျပာဘဲ သိနိုင္ၾကတယ္။ သူတို႔ရဲ့ ရည္ရြယ္ခ်က္က အရမ္း သိသာထင္ရွားပါတယ္၊​ ဒါေပမဲ့ အဲ့တာကို ဘယ္သူမွ က်ယ္က်ယ္ေတာ့ မေျပာဝံ့ၾကဘူး။

ဒီေနရာကို လူေတြ ပိုပို အုံလာၾကတယ္။ ဖုန္႔ရွီကို အရင္က အထင္ေသးခဲ့ၾကတဲ့ ငရဲသားမိသားစုက အမ်ိဳးသားနဲ႔ အမ်ိဳးသမီးတို႔ သူ႔မွာ အကန္႔အသတ္မဲ့ ကုသိုလ္အဟုန္ ရွိေနတာ ျမင္သြားၾကေတာ့ ခ်က္ခ်င္းပဲ​ လိုခ်င္ တပ္မက္လာၾကတယ္။ မ်က္လုံးခ်င္း မဆုံၾကည့္ၾကဘဲ သူတို႔မ်က္လုံးထဲက ျမင္သာထင္သာရွိတဲ့ လူသတ္လိုရိပ္ေတြနဲ႔အတူ ဖုန္႔ရွီထံ တၿပိဳင္နက္ထဲ ခုန္ဝင္လုနီးနီး ျဖစ္သြားၾကတယ္။

အျခားမိသားစု သုံးစုက လူေတြကလည္း အဲ့တာကို ျမင္သြားၾကၿပီး သူတို႔မ်က္လုံးထဲ သနားႏုံျခာရိပ္ ျဖတ္ေျပးသြားၿပီး အမ်ိဳးသားနဲ႔ အမ်ိဳးသမီးရဲ့ ဉာဏ္မ်ားတဲ့အျပဳအမူကို တိတ္တဆိတ္ က်ိန္ဆဲလိုက္ၾကတယ္။ ေကာင္ေလးမွာ အလြန္ေပါႂကြယ္ဝတဲ့ စိတ္ဝိညာဥ္စြမ္းအင္ ရွိေနေပမဲ့ သူ႔မွာ ေလးနက္တဲ့ ေမွာ္ပညာ မတတ္ေျမာက္မွန္း ရွင္းရွင္းလင္းလင္း သိနိုင္တယ္။ အဲ့တာေၾကာင့္ ဒီလူႏွစ္ေယာက္ကို သူ ျပန္ခုခံနိုင္ဖို႔ နည္းလမ္း လုံးဝမရွိဘူး။ သူ ခ်က္ခ်င္းကို ေသခ်င္ ေသသြားနိုင္တယ္။

လူေကာင္းေလး တစ္ေယာက္ ေသေတာ့မွာပဲဆိုၿပီး အျခားသူေတြက သက္ျပင္းခ်လိုက္ၾကတယ္...

ဒါေပမဲ့ လူေတြ သူတို႔ေခါင္းကို ယမ္းခါေနဆဲ အခ်ိန္မွာပဲ ႐ုတ္တရက္ က်ယ္ေလာင္တဲ့အသံတစ္ခု ၾကားလိုက္ရတယ္။ အဲ့ေနာက္မွာေတာ့ အသံက်ယ္ႀကီး ႏွစ္ခ်က္ နဂါးပ်ံ ပြဲၾကည့္စင္ထဲ ျမည္သြားတယ္။ လူတိုင္း ေခါင္းေထာင္ၾကည့္လိုက္ၾကေတာ့ အျဖဴနဲ႔ ပန္းေရာင္ ပုံပန္းသ႑ာန္တို႔က စူးစူးရဲရဲ ေအာ္သံနဲ႔အတူ ေလထဲ ျဖတ္ေျပးသြားတာကို ျမင္လိုက္ၾကရတယ္။

ဘန္း၊ ဘန္း...

ေျမျပင္ေပၚ တစ္ခုခု က်သြားၿပီး မိုးျခဳံးသံလို အသံ ၾကားလိုက္ၾကရေတာ့ လူတိုင္း ေၾကာင္အမ္းသြားၾကတယ္!

လူအုပ္ထဲက လူေတြနဲ႔ ပြဲၾကည့္စင္႐ုံကို အခုမွ ေျပးလာၾကသူေတြက ေလထဲက ပုံသ႑ာန္ႏွစ္ခုကို ျမင္လိုက္ၾကၿပီးေနာက္ ႐ုတ္တရက္ အေျပာင္းအလဲေၾကာင့္ အံ့အားသင့္လြန္းလို႔ စကားမေျပာနိုင္ ျဖစ္သြားၾကတယ္! နဂါးပ်ံပြဲၾကည့္စင္႐ုံ တစ္ခုလုံး အပ္က်သံၾကားရမတတ္ တိတ္ဆိတ္သြားတယ္!

လူတိုင္းရဲ့ ၾကက္ေသေသေနတဲ့ အၾကည့္ေတြေအာက္မွာ ရွည္ရွည္ေျဖာင့္ေျဖာင့္ ပုံသ႑ာတစ္ခု ေကာင္ေလး ေဘးနား ေပၚလာခဲ့တယ္...

20210928; 0621

You are reading the story above: TeenFic.Net