35. Punishment from the Way of Heaven

Background color
Font
Font size
Line height

အပိုင်း ၃၅။ ကောင်းကင်လမ်းမှ အပြစ်ပေးခြင်း

ဖုန့်ရှီ သူတကယ်ပဲ ငတုံးတစ်ကောင်လို ဖြစ်နေသလားဆိုတာ သိချင်စ ပြုလာတယ်။

ပထမဆုံးအကြိမ် သူ အပြင်ထွက်တုန်းက သုန်းဖန်းလင်အာလို့ ခေါ်တဲ့ မိန်းခလေးတစ်ယောက်ရဲ့ အရိုက်ခံခဲ့ရပြီး လူတိုင်းရဲ့ အထင်သေး အမြင်သေးကိုလည်း ခံခဲ့ရတယ်။ ဒုတိယအကြိမ် ထွက်လာတော့ သူတွေ့ရတဲ့ လူတွေက ပိုပြီးတောင် တဲ့တိုးဆန်လာကြတယ်။ သူ့ကို ကြည့်တောင် မကြည့်တော့ဘဲ လမ်းဖယ်ခိုင်းနေတယ်။ သူတို့အားလုံးက အလွန် ရည်မွန်ပြီး ဂုဏ်သိက္ခာရှိတဲ့ပုံ ပေါ်ကြပေမဲ့ သူတို့ပါးစပ်က ထွက်လာတဲ့ စကားလုံးတွေက ရုန့်ရင်းကြမ်းတမ်းကြတယ်။

ဖုန့်ရှီ အတော်ကို စိတ်ဓါတ်ကျသွားပြီး၊ အော်သာ ပြောလိုက်ချင်တော့တယ်။ "ငါ ငတုံးတစ်ကောင်နဲ့ မတူဘူး! ငါက ကြည့်ကောင်းတဲ့သူ၊ ဟုတ်ပြီလား? မင်းတို့မှာ အမြင် လုံးဝမရှိကြဘူးပဲ။ ကောင်းပြီလေ၊ ငါ့မှာ ရွက်ကြမ်းရေကြို မျက်နှာပဲ ရှိတယ်ဆိုရင်တောင်မှ ငါ အခု ဝတ်ထားတဲ့ အဝတ်အစားတွေက ငါ့ခေါင်းဆောင်က ပေးထားတာ! ငါ့ခေါင်းဆောင်လို အင်အားအကြီးဆုံးသူ တစ်ယောက်အနေနဲ့ ငါ့ကို အနုတ်စုတ် ဂုတ်စုတ် ဆင်ပါ့မလား!"

ဖုန့်ရှီ စိတ်ဆိုးသွားတယ်၊ ပြီးတော့ စိုးရိမ်သွားရော၊ ပြီးလည်းပြီးရော မခံမရပ်နိုင် ဖြစ်ရပြန်ရော။ ခရီးသည် တစ်ယောက်က သူ့ကို ခုလို မြင်လိုက်ရတော့ သူ့ကို ဖြောင့်ဖျဖို့ ရှေ့တိုးလာတယ်။

"မိတ်ဆွေ၊ စိတ်ဆိုးမနေနဲ့တော့။​ ဒီအတွက် စိတ်အနှောက်အယှက် ဖြစ်ရတာ မတန်ပါဘူး။ ဒါ့အပြင် မင်းကိုယ်မင်း အငြင်းပွါးချင်ရင်တောင်မှ မင်းဘယ်သူ ဘယ်ဝါ ဆိုတာ အရင်ဆုံး စဉ်းစားရမယ်။​ အဲ့လူရဲ့ အဖေက ငရဲပြည်ရဲ့ မူးမတ် ၄ ယောက်ထဲက တစ်ယောက်ပဲ။ မင်း သူ့ကို သွားစော်ကားလိုက်ရင် မင်း ငရဲပြည်မှာ နေလို့တောင် ရတော့မှာ မဟုတ်ဘူး။"

သူ့ကိုယ်သူ နှစ်သိမ့်ဖို့ ကြိုးစားနေတဲ့ ဖုန့်ရှီတစ်ယောက် တခြားသူက သူ့ကို စကားလာပြောနေတာ ကြားရတော့ ကြက်သေသေသွားတယ်။ အဲ့နောက် သူက မေးလိုက်တယ်၊ "မူးမတ် လေးယောက်?"

"မူးမတ် လေးယောက်က ဘယ်သူတွေဆိုတာ မင်း မသိဘူးလို့​တော့ မပြောနဲ့နော်၊ မိတ်ဆွေ။"

ဖုန့်ရှီရဲ့မျက်နှာပေါ်က စိတ်ရှုပ်ထွေးသွားတဲ့ မျက်နှာကို ကြည့်ပြီး အဲ့ဒီ့ခရီးသည်က ချက်ချင်းပဲ အကျယ်ကြီး အော်လိုက်တယ်။ နောက်ဆုံးတော့ ငရဲပြည်ရဲ့ မူးမတ်လေးယောက်ဟာ နတ်ဘုရားဘုရင်နဲ့ မိစ္ဆာဘုရင်တို့တောင် ကျယ်ကျယ်ပြန့်ပြန့် သိကြတယ်။ ငရဲပြည်မှာ နေတဲ့ ကောင်လေးတစ်ယောက်က ဘာလို့ သူတို့အကြောင်းကို မသိရတာလဲ?

"ငါ..." အဲ့ဒီ့မူးမတ်တွေကို သူ လုံးဝမသိဘူးလို့ ဖုန့်ရှီ ပြောလိုက်ချင်တယ်။ ဒါပေမဲ့ ခရီးသည်ရဲ့ မျက်နှာပေါ်က ပုံကြီးချဲ့ အပြုံးကို မြင်တော့ အဲ့ခရီးသည်က သူ့ကို လှောင်နေတာမဟုတ်မှန်း သိနေပေမဲ့လည်း ဖုန့်ရှီ အတော်ကို အဆင်မပြေ ဖြစ်ရတယ်။ အဲ့နောက် သူ ခေါင်းမော့ ရင်ကော့လိုက်ပြီး ပြောလိုက်တယ်၊ "သိတာပေါ့ သူတို့ဘယ်သူဆိုတာ။ မူးမတ်လေးယောက်က ဘယ်သူတွေဆိုတာ လူတိုင်းသိတာပဲလေ!"

ဖုန့်ရှီ အခု သူကိုယ်သူအတွက် ဟန်ကိုယ့်ဖို့ လုပ်လိုက်ရတယ်!

ခရီးသည်က တခဏ ကြောင်သွားပြီးနောက် ပြုံးပြီးပြောလိုက်တယ်၊ "အင်းပါ အင်းပါ၊ မင်း သူတို့အကြောင်း သိကို သိတယ်ဆိုတာ ငါသိပါတယ်။ ဒီလိုကိစ္စမျိုးမှာ မင်း စိတ်အနှောက်အယှက် မဖြစ်သင့်တော့ဘူးလေ။ မင်း သွားရှုပ်လို့ ရတဲ့သူတွေထဲ သူတို့ မပါဘူး။"

အဲ့တာပြောပြီးနောက် ခရီးသည်က ထွက်သွားတယ်။ သူလည်းပဲ အနားယူည မြို့တော်ရဲ့ အစောင့်အရည်အချင်းစစ်ပွဲအတွက် စာရင်းသွင်းရဦးမယ်။
လျောက်ထားသူအရေအတွက်က ကန့်သတ်ထားတာကြောင့် စာရင်းမသွင်းနိုင်တော့မှာ စိုးတာမို့ သူ အဲ့ဒီ့ကို အချိန်မီ ရောက်ဖို့လိုအပ်တယ်။

အဲ့လူ ထွက်သွားပြီးတော့ ဖုန့်ရှီ ဘယ်သူမှ သတိမပြုမိတဲ့ ထောင့်တစ်နေရာဆီ ချက်ချင်း ပြေးသွားလိုက်ပြီး ပြောလိုက်တယ်၊ "စာရူး၊ အခုထွက်လာခဲ့!"

တကိုယ်လုံး ရွှေရောင်အလင်းတွေ လွှမ်းခြုံထားတဲ့ လူသေးလေး ချက်ချင်း ပေါ်လာတယ်။ ဒါပေမဲ့ သူ့မျက်နှာ အနည်းငယ် ရှုံ့တွနေပြီး သူ့ပါးစပ်ကလည်း ရေးရေးလေး တွန့်သွားကာ ပြောလိုက်တယ်၊ "သခင်၊ ကျွန်တော့နာမည် စာရူး မဟုတ်ဘူး။ ကျွန်တော်က စာအုပ်နတ်ဘုရား၊ စာဂျပိုး ငတုံးမဟုတ်ဘူး။ သခင် မှားနေပြီ။"

"ငါ့အတွက်တော့ အဲ့တာတွေအကုန်လုံးက အတူတူပဲ။ စာရူးတစ်ယောက်လို့ ငါ့အရင်ဘဝက အခေါ်ခံခဲ့ရဖူးတယ်။ ငါတို့က တူတူပဲ!" ဖုန့်ရှီက စာအုပ်နတ်ဘုရားကို စာရူးလို့ခေါ်တာ မှားတယ်လို့ သူမထင်ဘူး၊ ဒါ့ကြောင့် လူသေးလေး ရှင်းပြနေတာ ရပ်သွားအောင် သူ့လက်ကို ဝှေ့ယမ်လိုက်တယ်။

ကျွန်တော်တို့က မတူဘူး! သိသိသာသာကြီးပဲ! သခင့်ရဲ့အရင်ဘဝမှာ သခင်က လူသား၊ ပြီးတော့ စာသင်သား။ သခင် စာရူးလို့ အခေါ်ခံရတာက သခင့်အတွက် အဆင်ပြေတယ်။ ဒါပေမဲ့ ကျွန်တော်က စာအုပ်နတ်ဘုရား! သခင် ကျွန်တော့ကို စာရူးလို့ခေါ်တာက ကျွန်တော့ရဲ့ ဖြစ်တည်မှုကို ဂုဏ်သိက္ခာ ကျဆင်းအောင် လုပ်နေတာ။" လူသေးလေးက မကျေမနပ် ရေရွတ်လိုက်တယ်။

ဖုန့်ရှီ ချက်ချင်း လျစ်လျူရှုလိုက်ပြီး ပြောလိုက်တယ်၊ "ငါ့ကိုပြောပြ၊ မူးမတ်လေးယောက်က ဘယ်သူတွေလဲ?"

"သခင်လေး၊ မူးမတ်လေးယောက်က ဘယ်သူတွေဆိုတာ သိတယ်လို့ သခင်လေးပဲ ခုလေးတင် ဟိုလူကို ပြောခဲ့တယ်မဟုတ်လား? အဲ့လူကို ညာလိုက်တာလား?" လူသေးလေးက မယုံကြည်နိုင်စွာ ဖုန့်ရှီကို မိုက်ကြည့်ကြည့်လိုက်တယ်။ ဖုန့်ရှီနဲ့ ခရီးသည်ရဲ့ စကားတွေကို သူ ရှင်းရှင်းလင်းလင်း ကြားခဲ့တယ်လေ။

ဖုန့်ရှီ မနေနိုင်တော့ဘဲ မျက်လုံးလိမ့်လိုက်ရင်း ပြောလိုက်တယ်၊ "ပြီးခဲ့တဲ့နှစ်က အဲ့ဒီ့မူးမတ်တွေအကြောင်း ငါသိတယ်လို့ မင်း ဘယ်တုန်းက ကြားခဲ့ဖူးလို့လဲ? နေ့တိုင်း ငါ စိတ်ဝိညာဉ်စွမ်းအင်တွေကို စုပ်ယူနေရရင် စုပ်ယူနေ၊ ဒါမှမဟုတ်ရင် တရားထိုင်နေရတာလေ။ အဲ့နှစ်ခုနဲ့တင် ငါ့မှာ ပင်ပန်းလွန်းခဲ့ရတာကို။ အဲ့မူးမတ်တွေအကြောင်း သင်ယူဖို့ ငါ ဘယ်လိုလုပ် အခွင့်အရေး ရှာနိုင်ခဲ့ပါ့မလဲ?"

"ဒါဆို ဘာလို့ အဲ့လူကို ညာခဲ့တာလဲ?" လူသေးလေးက ဖုန့်ရှီကို ခုထိ မယုံသေး။ တကယ်တော့ ဘုံသုံးဘုံမှာ စည်းကမ်းချက်တစ်ခုရှိတယ်၊ ညာတဲ့သူဟာ မိုးကြိုးလျပ်စီး အပစ်ခံရမှာ ဖြစ်တယ်။

"သူ့ရဲ့ အထင်အမြင်သေးတဲ့အကြည့်ကို မင်းမတွေ့လိုက်ဘူးလား? ငါ အဲ့အချိန်မှာ သူ့ကို မညာဘူးဆိုရင် သူ အော်ကြီးဟစ်ကျယ် ချဲ့ကားပြောလိမ့်မယ်။ အဲ့တာသာဆို လူတိုင်းက ငါ့ကို အကဲခတ်လာကြလိမ့်မယ်။​ ဘယ်လိုတောင် ရှက်စရာကောင်းသလဲ! ငါ့နောက်လိုက်အနေနဲ့ မင်းလည်းပဲ အရှက် ရရလိမ့်မယ်။ ဟုတ်တယ်မှတ်လား?" ဖုန့်ရှီက အမှန်ကို ပြောလိုက်တယ်။ ဒါပေမဲ့ အဲ့တာက သူ ငရဲပြည်ရဲ့ စည်းကမ်းအကြောင်း မသိလို့ဖြစ်တယ်။

"သခင်လေး၊ အခုကစပြီး သခင်လေး လွယ်လွယ်ကူကူ မကျိန်ပါနဲ့။ ကတိဖျက်တယ်ဆိုရင် ကောင်းကင်လမ်းရဲ့ အပြစ်ပေးခြင်းကို ခံရလိမ့်မယ်။ အဲ့ခါဆိုရင် ငရဲမင်းကြီးတောင် ကယ်ပေးနိုင်မှာ မဟုတ်တော့ဘူး။ ဒါ့ကြောင့် အနာဂတ်မှာ ကျေးဇူးပြုပြီး လွယ်လွယ်မကျိန်ပါနဲ့။"  လူသေးလေးက တစ်ကိုယ်လုံး ချွေးစေးအေးတွေ ထွက်လာရတယ်။ ကံကောင်းတာက ကောင်လေးရဲ့ ညာတတ်တဲ့ ပြဿနာကို စောစောသိလိုက်ရတာပဲ။ အဲ့လိုမဟုတ်ပဲ ကောင်လေးအပေါ် မကောင်းတာ တစ်ခုခုသာ ဖြစ်ခဲ့ရင် ငရဲမင်းကြီးက စာအုပ်နတ်ဘုရားကို သူ့မူလပုံစံ ပြန်ပြောင်းပစ်လိုက်မှာ အသေအချာပင်။

"အပြစ်ပေးတယ်?" ဖုန့်ရှီက လူသေးလေးကို လုံးလုံးကို မယုံပေ။​ နောက်ဆုံတော့ သူ ညာခဲ့ပေမဲ့လည်း အဲ့တုန်းက ဘာမှ မဖြစ်ခဲ့ဘူးလေ။

"ဟုတ်တယ်၊ အပြစ်ပေးတာ။ မင်းသာ ကတိဖျက်တယ်ဆိုရင် ကောင်းကင်လမ်းရဲ့ အပြစ်ပေးခြင်းကို အမှန်အကန် ရရှိလိမ့်မယ်။ ဒါ အရမ်း အရေးကြီးတဲ့ ကိစ္စပဲ။ ကျေးဇူးပြုပြီး စိတ်ထဲ မှတ်ထားပါ။ ပြီးတော့ ကျေးဇူးပြုပြီး ဘုရင်ကြီးကို ဘာဖြစ်ခဲ့တယ်ဆိုတာ မပြောပါနဲ့။" လူသေးလေးက သူ့အမှားအတွက် အတော်ကို ကြောက်ရွံ့နေတယ်။

သူ့အတွက် ကံကောင်းတာက ဖုန့်ရှီက အဲ့တာကို သိပ်အရေးမစိုက်ဘဲ "ငါသိပြီ" လို့ပဲ ပြောလိုက်တယ်။ အဲ့နောက်မှာတော့ သူ တခြားအကြောင်းအရာတွေကို စမေးတော့တယ်။

"မူးမတ်လေးယောက်က ဘယ်သူတွေဆိုတာ ငါ့ အရင်ပြောစမ်းပါ!" သူ ဗဟုသုတ ခေါင်းပါးမှန်း ပထမဆုံးအကြိမ် ဖုန့်ရှီ သဘောပေါက်သွားတာပဲ ဖြစတယ်။

စကားပုံတစ်ခုလိုပေါ့၊ "ရန်သူ့အကြောင်း သိသလိုသာ ကိုယ့်အကြောင်းကို ကိုယ်သိမယ်ဆိုရင် အောင်မြင်မှု ဆောင်ကျဉ်းနိုင်မှာပင်!"

20210924; 0707

—————————— Zawgyi —————————

အပိုင္း ၃၅။ ေကာင္းကင္လမ္းမွ အျပစ္ေပးျခင္း

ဖုန္႔ရွီ သူတကယ္ပဲ ငတုံးတစ္ေကာင္လို ျဖစ္ေနသလားဆိုတာ သိခ်င္စ ျပဳလာတယ္။

ပထမဆုံးအႀကိမ္ သူ အျပင္ထြက္တုန္းက သုန္းဖန္းလင္အာလို႔ ေခၚတဲ့ မိန္းခေလးတစ္ေယာက္ရဲ့ အရိုက္ခံခဲ့ရၿပီး လူတိုင္းရဲ့ အထင္ေသး အျမင္ေသးကိုလည္း ခံခဲ့ရတယ္။ ဒုတိယအႀကိမ္ ထြက္လာေတာ့ သူေတြ႕ရတဲ့ လူေတြက ပိုၿပီးေတာင္ တဲ့တိုးဆန္လာၾကတယ္။ သူ႔ကို ၾကည့္ေတာင္ မၾကည့္ေတာ့ဘဲ လမ္းဖယ္ခိုင္းေနတယ္။ သူတို႔အားလုံးက အလြန္ ရည္မြန္ၿပီး ဂုဏ္သိကၡာရွိတဲ့ပုံ ေပၚၾကေပမဲ့ သူတို႔ပါးစပ္က ထြက္လာတဲ့ စကားလုံးေတြက ႐ုန္႔ရင္းၾကမ္းတမ္းၾကတယ္။

ဖုန္႔ရွီ အေတာ္ကို စိတ္ဓါတ္က်သြားၿပီး၊ ေအာ္သာ ေျပာလိုက္ခ်င္ေတာ့တယ္။ "ငါ ငတုံးတစ္ေကာင္နဲ႔ မတူဘူး! ငါက ၾကည့္ေကာင္းတဲ့သူ၊ ဟုတ္ၿပီလား? မင္းတို႔မွာ အျမင္ လုံးဝမရွိၾကဘူးပဲ။ ေကာင္းၿပီေလ၊ ငါ့မွာ ရြက္ၾကမ္းေရႀကိဳ မ်က္ႏွာပဲ ရွိတယ္ဆိုရင္ေတာင္မွ ငါ အခု ဝတ္ထားတဲ့ အဝတ္အစားေတြက ငါ့ေခါင္းေဆာင္က ေပးထားတာ! ငါ့ေခါင္းေဆာင္လို အင္အားအႀကီးဆုံးသူ တစ္ေယာက္အေနနဲ႔ ငါ့ကို အႏုတ္စုတ္ ဂုတ္စုတ္ ဆင္ပါ့မလား!"

ဖုန္႔ရွီ စိတ္ဆိုးသြားတယ္၊ ၿပီးေတာ့ စိုးရိမ္သြားေရာ၊ ၿပီးလည္းၿပီးေရာ မခံမရပ္နိုင္ ျဖစ္ရျပန္ေရာ။ ခရီးသည္ တစ္ေယာက္က သူ႔ကို ခုလို ျမင္လိုက္ရေတာ့ သူ႔ကို ေျဖာင့္ဖ်ဖို႔ ေရွ႕တိုးလာတယ္။

"မိတ္ေဆြ၊ စိတ္ဆိုးမေနနဲ႔ေတာ့။​ ဒီအတြက္ စိတ္အေႏွာက္အယွက္ ျဖစ္ရတာ မတန္ပါဘူး။ ဒါ့အျပင္ မင္းကိုယ္မင္း အျငင္းပြါးခ်င္ရင္ေတာင္မွ မင္းဘယ္သူ ဘယ္ဝါ ဆိုတာ အရင္ဆုံး စဥ္းစားရမယ္။​ အဲ့လူရဲ့ အေဖက ငရဲျပည္ရဲ့ မူးမတ္ ၄ ေယာက္ထဲက တစ္ေယာက္ပဲ။ မင္း သူ႔ကို သြားေစာ္ကားလိုက္ရင္ မင္း ငရဲျပည္မွာ ေနလို႔ေတာင္ ရေတာ့မွာ မဟုတ္ဘူး။"

သူ႔ကိုယ္သူ ႏွစ္သိမ့္ဖို႔ ႀကိဳးစားေနတဲ့ ဖုန္႔ရွီတစ္ေယာက္ တျခားသူက သူ႔ကို စကားလာေျပာေနတာ ၾကားရေတာ့ ၾကက္ေသေသသြားတယ္။ အဲ့ေနာက္ သူက ေမးလိုက္တယ္၊ "မူးမတ္ ေလးေယာက္?"

"မူးမတ္ ေလးေယာက္က ဘယ္သူေတြဆိုတာ မင္း မသိဘူးလို႔​ေတာ့ မေျပာနဲ႔ေနာ္၊ မိတ္ေဆြ။"

ဖုန္႔ရွီရဲ့မ်က္ႏွာေပၚက စိတ္ရွုပ္ေထြးသြားတဲ့ မ်က္ႏွာကို ၾကည့္ၿပီး အဲ့ဒီ့ခရီးသည္က ခ်က္ခ်င္းပဲ အက်ယ္ႀကီး ေအာ္လိုက္တယ္။ ေနာက္ဆုံးေတာ့ ငရဲျပည္ရဲ့ မူးမတ္ေလးေယာက္ဟာ နတ္ဘုရားဘုရင္နဲ႔ မိစၧာဘုရင္တို႔ေတာင္ က်ယ္က်ယ္ျပန္႔ျပန္႔ သိၾကတယ္။ ငရဲျပည္မွာ ေနတဲ့ ေကာင္ေလးတစ္ေယာက္က ဘာလို႔ သူတို႔အေၾကာင္းကို မသိရတာလဲ?

"ငါ..." အဲ့ဒီ့မူးမတ္ေတြကို သူ လုံးဝမသိဘူးလို႔ ဖုန္႔ရွီ ေျပာလိုက္ခ်င္တယ္။ ဒါေပမဲ့ ခရီးသည္ရဲ့ မ်က္ႏွာေပၚက ပုံႀကီးခ်ဲ႕ အျပဳံးကို ျမင္ေတာ့ အဲ့ခရီးသည္က သူ႔ကို ေလွာင္ေနတာမဟုတ္မွန္း သိေနေပမဲ့လည္း ဖုန္႔ရွီ အေတာ္ကို အဆင္မေၿပ ျဖစ္ရတယ္။ အဲ့ေနာက္ သူ ေခါင္းေမာ့ ရင္ေကာ့လိုက္ၿပီး ေျပာလိုက္တယ္၊ "သိတာေပါ့ သူတို႔ဘယ္သူဆိုတာ။ မူးမတ္ေလးေယာက္က ဘယ္သူေတြဆိုတာ လူတိုင္းသိတာပဲေလ!"

ဖုန္႔ရွီ အခု သူကိုယ္သူအတြက္ ဟန္ကိုယ့္ဖို႔ လုပ္လိုက္ရတယ္!

ခရီးသည္က တခဏ ေၾကာင္သြားၿပီးေနာက္ ျပဳံးၿပီးေျပာလိုက္တယ္၊ "အင္းပါ အင္းပါ၊ မင္း သူတို႔အေၾကာင္း သိကို သိတယ္ဆိုတာ ငါသိပါတယ္။ ဒီလိုကိစၥမ်ိဳးမွာ မင္း စိတ္အေႏွာက္အယွက္ မျဖစ္သင့္ေတာ့ဘူးေလ။ မင္း သြားရွုပ္လို႔ ရတဲ့သူေတြထဲ သူတို႔ မပါဘူး။"

အဲ့တာေျပာၿပီးေနာက္ ခရီးသည္က ထြက္သြားတယ္။ သူလည္းပဲ အနားယူည ၿမိဳ႕ေတာ္ရဲ့ အေစာင့္အရည္အခ်င္းစစ္ပြဲအတြက္ စာရင္းသြင္းရဦးမယ္။
ေလ်ာက္ထားသူအေရအတြက္က ကန္႔သတ္ထားတာေၾကာင့္ စာရင္းမသြင္းနိုင္ေတာ့မွာ စိုးတာမို႔ သူ အဲ့ဒီ့ကို အခ်ိန္မီ ေရာက္ဖို႔လိုအပ္တယ္။

အဲ့လူ ထြက္သြားၿပီးေတာ့ ဖုန္႔ရွီ ဘယ္သူမွ သတိမျပဳမိတဲ့ ေထာင့္တစ္ေနရာဆီ ခ်က္ခ်င္း ေျပးသြားလိုက္ၿပီး ေျပာလိုက္တယ္၊ "စာ႐ူး၊ အခုထြက္လာခဲ့!"

တကိုယ္လုံး ေရႊေရာင္အလင္းေတြ လႊမ္းျခဳံထားတဲ့ လူေသးေလး ခ်က္ခ်င္း ေပၚလာတယ္။ ဒါေပမဲ့ သူ႔မ်က္ႏွာ အနည္းငယ္ ရွုံ႔တြေနၿပီး သူ႔ပါးစပ္ကလည္း ေရးေရးေလး တြန္႔သြားကာ ေျပာလိုက္တယ္၊ "သခင္၊ ကၽြန္ေတာ့နာမည္ စာ႐ူး မဟုတ္ဘူး။ ကၽြန္ေတာ္က စာအုပ္နတ္ဘုရား၊ စာဂ်ပိုး ငတုံးမဟုတ္ဘူး။ သခင္ မွားေနၿပီ။"

"ငါ့အတြက္ေတာ့ အဲ့တာေတြအကုန္လုံးက အတူတူပဲ။ စာ႐ူးတစ္ေယာက္လို႔ ငါ့အရင္ဘဝက အေခၚခံခဲ့ရဖူးတယ္။ ငါတို႔က တူတူပဲ!" ဖုန္႔ရွီက စာအုပ္နတ္ဘုရားကို စာ႐ူးလို႔ေခၚတာ မွားတယ္လို႔ သူမထင္ဘူး၊ ဒါ့ေၾကာင့္ လူေသးေလး ရွင္းျပေနတာ ရပ္သြားေအာင္ သူ႔လက္ကို ေဝွ႕ယမ္လိုက္တယ္။

ကၽြန္ေတာ္တို႔က မတူဘူး! သိသိသာသာႀကီးပဲ! သခင့္ရဲ့အရင္ဘဝမွာ သခင္က လူသား၊ ၿပီးေတာ့ စာသင္သား။ သခင္ စာ႐ူးလို႔ အေခၚခံရတာက သခင့္အတြက္ အဆင္ေျပတယ္။ ဒါေပမဲ့ ကၽြန္ေတာ္က စာအုပ္နတ္ဘုရား! သခင္ ကၽြန္ေတာ့ကို စာ႐ူးလို႔ေခၚတာက ကၽြန္ေတာ့ရဲ့ ျဖစ္တည္မွုကို ဂုဏ္သိကၡာ က်ဆင္းေအာင္ လုပ္ေနတာ။" လူေသးေလးက မေက်မနပ္ ေရရြတ္လိုက္တယ္။

ဖုန္႔ရွီ ခ်က္ခ်င္း လ်စ္လ်ဴရွုလိုက္ၿပီး ေျပာလိုက္တယ္၊ "ငါ့ကိုေျပာျပ၊ မူးမတ္ေလးေယာက္က ဘယ္သူေတြလဲ?"

"သခင္ေလး၊ မူးမတ္ေလးေယာက္က ဘယ္သူေတြဆိုတာ သိတယ္လို႔ သခင္ေလးပဲ ခုေလးတင္ ဟိုလူကို ေျပာခဲ့တယ္မဟုတ္လား? အဲ့လူကို ညာလိုက္တာလား?" လူေသးေလးက မယုံၾကည္နိုင္စြာ ဖုန္႔ရွီကို မိုက္ၾကည့္ၾကည့္လိုက္တယ္။ ဖုန္႔ရွီနဲ႔ ခရီးသည္ရဲ့ စကားေတြကို သူ ရွင္းရွင္းလင္းလင္း ၾကားခဲ့တယ္ေလ။

ဖုန္႔ရွီ မေနနိုင္ေတာ့ဘဲ မ်က္လုံးလိမ့္လိုက္ရင္း ေျပာလိုက္တယ္၊ "ၿပီးခဲ့တဲ့ႏွစ္က အဲ့ဒီ့မူးမတ္ေတြအေၾကာင္း ငါသိတယ္လို႔ မင္း ဘယ္တုန္းက ၾကားခဲ့ဖူးလို႔လဲ? ေန႔တိုင္း ငါ စိတ္ဝိညာဥ္စြမ္းအင္ေတြကို စုပ္ယူေနရရင္ စုပ္ယူေန၊ ဒါမွမဟုတ္ရင္ တရားထိုင္ေနရတာေလ။ အဲ့ႏွစ္ခုနဲ႔တင္ ငါ့မွာ ပင္ပန္းလြန္းခဲ့ရတာကို။ အဲ့မူးမတ္ေတြအေၾကာင္း သင္ယူဖို႔ ငါ ဘယ္လိုလုပ္ အခြင့္အေရး ရွာနိုင္ခဲ့ပါ့မလဲ?"

"ဒါဆို ဘာလို႔ အဲ့လူကို ညာခဲ့တာလဲ?" လူေသးေလးက ဖုန္႔ရွီကို ခုထိ မယုံေသး။ တကယ္ေတာ့ ဘုံသုံးဘုံမွာ စည္းကမ္းခ်က္တစ္ခုရွိတယ္၊ ညာတဲ့သူဟာ မိုးႀကိဳးလ်ပ္စီး အပစ္ခံရမွာ ျဖစ္တယ္။

"သူ႔ရဲ့ အထင္အျမင္ေသးတဲ့အၾကည့္ကို မင္းမေတြ႕လိုက္ဘူးလား? ငါ အဲ့အခ်ိန္မွာ သူ႔ကို မညာဘူးဆိုရင္ သူ ေအာ္ႀကီးဟစ္က်ယ္ ခ်ဲ႕ကားေျပာလိမ့္မယ္။ အဲ့တာသာဆို လူတိုင္းက ငါ့ကို အကဲခတ္လာၾကလိမ့္မယ္။​ ဘယ္လိုေတာင္ ရွက္စရာေကာင္းသလဲ! ငါ့ေနာက္လိုက္အေနနဲ႔ မင္းလည္းပဲ အရွက္ ရရလိမ့္မယ္။ ဟုတ္တယ္မွတ္လား?" ဖုန္႔ရွီက အမွန္ကို ေျပာလိုက္တယ္။ ဒါေပမဲ့ အဲ့တာက သူ ငရဲျပည္ရဲ့ စည္းကမ္းအေၾကာင္း မသိလို႔ျဖစ္တယ္။

"သခင္ေလး၊ အခုကစၿပီး သခင္ေလး လြယ္လြယ္ကူကူ မက်ိန္ပါနဲ႔။ ကတိဖ်က္တယ္ဆိုရင္ ေကာင္းကင္လမ္းရဲ့ အျပစ္ေပးျခင္းကို ခံရလိမ့္မယ္။ အဲ့ခါဆိုရင္ ငရဲမင္းႀကီးေတာင္ ကယ္ေပးနိုင္မွာ မဟုတ္ေတာ့ဘူး။ ဒါ့ေၾကာင့္ အနာဂတ္မွာ ေက်းဇူးျပဳၿပီး လြယ္လြယ္မက်ိန္ပါနဲ႔။"  လူေသးေလးက တစ္ကိုယ္လုံး ေခၽြးေစးေအးေတြ ထြက္လာရတယ္။ ကံေကာင္းတာက ေကာင္ေလးရဲ့ ညာတတ္တဲ့ ျပႆနာကို ေစာေစာသိလိုက္ရတာပဲ။ အဲ့လိုမဟုတ္ပဲ ေကာင္ေလးအေပၚ မေကာင္းတာ တစ္ခုခုသာ ျဖစ္ခဲ့ရင္ ငရဲမင္းႀကီးက စာအုပ္နတ္ဘုရားကို သူ႔မူလပုံစံ ျပန္ေျပာင္းပစ္လိုက္မွာ အေသအခ်ာပင္။

"အျပစ္ေပးတယ္?" ဖုန္႔ရွီက လူေသးေလးကို လုံးလုံးကို မယုံေပ။​ ေနာက္ဆုံေတာ့ သူ ညာခဲ့ေပမဲ့လည္း အဲ့တုန္းက ဘာမွ မျဖစ္ခဲ့ဘူးေလ။

"ဟုတ္တယ္၊ အျပစ္ေပးတာ။ မင္းသာ ကတိဖ်က္တယ္ဆိုရင္ ေကာင္းကင္လမ္းရဲ့ အျပစ္ေပးျခင္းကို အမွန္အကန္ ရရွိလိမ့္မယ္။ ဒါ အရမ္း အေရးႀကီးတဲ့ ကိစၥပဲ။ ေက်းဇူးျပဳၿပီး စိတ္ထဲ မွတ္ထားပါ။ ၿပီးေတာ့ ေက်းဇူးျပဳၿပီး ဘုရင္ႀကီးကို ဘာျဖစ္ခဲ့တယ္ဆိုတာ မေျပာပါနဲ႔။" လူေသးေလးက သူ႔အမွားအတြက္ အေတာ္ကို ေၾကာက္ရြံ့ေနတယ္။

သူ႔အတြက္ ကံေကာင္းတာက ဖုန္႔ရွီက အဲ့တာကို သိပ္အေရးမစိုက္ဘဲ "ငါသိၿပီ" လို႔ပဲ ေျပာလိုက္တယ္။ အဲ့ေနာက္မွာေတာ့ သူ တျခားအေၾကာင္းအရာေတြကို စေမးေတာ့တယ္။

"မူးမတ္ေလးေယာက္က ဘယ္သူေတြဆိုတာ ငါ့ အရင္ေျပာစမ္းပါ!" သူ ဗဟုသုတ ေခါင္းပါးမွန္း ပထမဆုံးအႀကိမ္ ဖုန္႔ရွီ သေဘာေပါက္သြားတာပဲ ျဖစတယ္။

စကားပုံတစ္ခုလိုေပါ့၊ "ရန္သူ႔အေၾကာင္း သိသလိုသာ ကိုယ့္အေၾကာင္းကို ကိုယ္သိမယ္ဆိုရင္ ေအာင္ျမင္မွု ေဆာင္က်ဥ္းနိုင္မွာပင္!"

20210924; 0707

You are reading the story above: TeenFic.Net