အပိုင်း ၂၆။ စာအုပ်ပေါင်းစုံ စုစည်းမှု
ရလဒ်အနေနဲ့ မိစ္ဆာသားရဲဥဟာ ပြန်အသိမ်းခံလိုက်ရပြီး အမွှေးမဲ့ကြက်ရဲ့ စွမ်းအားဟာလည်း အတိုးခံလိုက်ရပါတယ်။
ဖုန့်ရှီအတွက် ဒါဟာ နှစ်သိမ့်မှု တစ်မျိုးပဲ ဖြစ်ပါတယ်။ အရေးအကြီးဆုံးက အမွှေးမဲ့ကြက် သန်မာနေသ၍ သူ့လုံခြုံရေးဟာလည်း အာမခံပြီး ဖြစ်ပါလိမ့်မယ်။ အဲ့ဒါဆိုရင် သန်မာတဲ့ကြက်က အခု သူ့ကို ကောင်းကောင်းကာကွယ်မှုပေးနိုင်ပြီဖြစ်တာကြောင့် သူ့ခေါင်းဆောင်က သူ့ကို အပြင် ပေးထွက်ကောင်း ပေးထွက်ပါလိမ့်မယ်။ အဆုံးမတော့ တစ်ခုခုကို အရောင်းအဝယ်လုပ်ပြီး ငွေရှာမယ့်အတွေးကိုတော့ သူ လုံးဝ မစွန့်လွှတ်ပါဘူး။
ဒါပေမဲ့ သူ့စိတ်ကူးအတွေးဟာ နန်းတော်တံခါးဝ ရောက်တဲ့အခါ ကြေမွသွားရပါတော့တယ်။
အဖြူဝတ်အဘိုးအိုက အလေးအနက်ပုံစံနဲ့ သူ့ကို တည့်တည့် စိုက်ကြည့်ပြီး သူ့အရှေ့မှာ ရပ်နေတယ်။
"သခင်လေး၊ ဒီအတောအတွင်း နန်းတော်ထဲမှာပဲ နေဖို့ ကျွန်တော် မျှော်လင့်ပါတယ်။ အပြင်လောကက အခု ဖရိုဖရဲ အခြေအနေမှာ ရှိနေပါတယ်။ မင်းသာ အနာတရ ဖြစ်ခဲ့မယ်ဆိုရင် ဘုရင်ကြီးက မင်းအတွက် ထပ်မံ ထွက်ပေါ်လာပေးရပါလိမ့်မယ်။"
အဘိုးအို... သူ့ကို အခု ဝေဖန်လိုက်ပုံပင်။
ဖုန့်ရှီက ချစ်ဖို့ကောင်းပြီး အကင်းပါးတဲ့ သွင်ပြင်နဲ့ သူ့မျက်လုံးကြီးကြီး နှစ်လုံးကို ဘယ်ဖက်ကို ရွှေ့ပြီး ကြည့်လိုက်တယ်၊ ပြီးတော့ ညာဖက်ကို ထပ်ကြည့်လိုက်တယ်။ အဖြူဝတ်အဘိုးအိုက သူ့ကိုပဲ ကြည့်နေဆဲ ဆိုတာ မြင်လိုက်တော့ သူ မေးလိုက်တယ်။ "ခင်များ အခု ကျွန်တော့ကို ပြောနေတာလား၊ ဟုတ်လား?"
အဘိုးအို ပြောလက်စတို့ ရပ်သွားရတယ်။
ဖုန့်ရှီက အဲ့တာကို "ဟုတ်တယ်" အနေနဲ့ မှတ်ယူလိုက်တယ်။ အဲ့နောက် သူ ရယ်လိုက်ပြီး ပြောလိုက်တယ်။ "ကျွန်တော်လည်း အဲ့လိုပဲ ထင်ပါတယ်။ ခင်များ ကျွန်တော့ကို တစ်ယောက်ယောက်နဲ့ မှားနေပြီ။ ကျွန်တော်က ခင်များရဲ့ သခင်လေး မဟုတ်ပါဘူး။ ကျွန်တော့နာမည်က ဖုန့်ရှီပါ။ ဇာမဏီဆိုတဲ့ "ဖုန့်" နဲ့ မျှော်လင့်ချက်ဆိုတဲ့ "ရှီ" ပါ။ နောက်ဆို ကျွန်တော့ကို ဖုန့်ရှီလို့ပဲ ခေါ်ပါ။ ကျွန်တော် လုပ်စရာလေးတွေ ထပ်ရှိသေးတယ်။ နောက်မှ တွေ့မယ်နော်!"
အဲ့လိုပြောရင်း ဖုန့်ရှီ အဘိုးအိုကို ဖြတ်ကျော်သွားဖို့ ကြိုးစားလိုက်တယ်။
ဒါပေမဲ့ အဖြူဝတ် အဘိုးအိုက အလင်းရဲ့ လျင်မြန်တဲ့ အရှိန်နဲ့ သူ့မျက်စိရှေ့ ရောက်လာတော့ သူ ချက်ချင်းရပ်လိုက်တယ်၊ အဘိုးအိုက သူ့သွားလမ်းကို ထပ်ပိတ်ထားတာ သူတွေ့လိုက်ရတယ်။
"ခင်များ... ဒီတစ်ကြိမ်ရော ခင်များ ဘာလိုချင်တာလဲ?"
"ကျွန်တော် ပြောပြီးသွားပါပြီ သခင်လေး။ သခင်လေး လောလောဆယ် အပြင် ထွက်လို့မရပါဘူး" အဖြူဝတ်အဘိုးအိုက စိတ်ရှည်ရှည်ပဲ ထပ်ပြောလိုက်တယ်။
"ဘာ့ကြောင့် ကျွန်တော် ထွက်လို့ မရ ရတာလဲ? ဘာလို့ ကျွန်တော့ကို သခင်လေးလို့ ခေါ်နေရတာလဲ? ကျွန်တော့ကို အဲ့လို မခေါ်ဖို့ ကျွန်တော် ပြောပြီးပြီလေ! ရပ်ပါတော့!"
"ဘုရင်ကြီးက ကျွန်တော့်ကို ဒီနေရာမှာ စောင့်ကြပ်ဖို့ မှာထားပါတယ်။ သခင်လေး အကယ်၍ အပြင်ထွက်ချင်တယ်ဆိုရင် ဘုရင်ကြီးဆီကနေ ခွင့်ပြုချက် အရင်တောင်းခဲ့ပေးပါ။ တကယ်လို့ ဘုရင်ကြီးကသာ သွားခွင့်ပြုမယ်ဆိုရင် ကျွန်တော် တားမှာမဟုတ်ပါဘူး။ ကျေးဇူးပြုပြီး ကျွန်တော့ကို ခက်ခဲအောင် မလုပ်ပါနဲ့။"
"ကျွန်တော် ဘယ်တုန်းကများ ခင်များကို ခက်ခဲအောင် လုပ်ဖူးလို့လဲ? ခက်များကသာ ကျွန်တော့ကို ခက်ခဲအောင် လုပ်နေတာလေ!" ဖုန့်ရှီ မြည်တွန်လိုက်တယ်။
ဒါပေမဲ့ အဘိုအိုက သူ့ခေါင်းဆောင်ကို ဖော်ညွှန်းလိုက်ကတည်းက ဖုန့်ရှီ ဘယ်လိုကန့်ကွက်မှုမျိုးမှ ထပ်မပြရဲတော့ပေ။
ဘာပဲဖြစ်ဖြစ် သူ့ခေါင်းဆောင်သာလျင် သူ့အသက်ရှင် နေထိုင်မှုအတွက် အားကိုးမှီခိုရမယ့် တစ်ယောက်တည်းသော သူပဲ ဖြစ်တယ်။ ဒီ ထူးဆန်းတဲ့ကမ္ဘာကြီးမှာ သူအခမဲ့ ထမင်းစားခွင့်လက်မှတ်ကို ကပ်ဖားဖို့လိုတဲ့အတွက် ဘယ်လိုအမှားမျိုးမှ သူ့ကိုယ်သူ လုပ်ခွင့်ပြုမှာ မဟုတ်ဘူး။
"ဘုရင်ကြီးက သခင်လေးကို စာကြည့်တိုက်ကို လာဖို့ ပြောခဲ့ပါတယ်" အဘိုးအိုရဲ့ အသံ ထပ်မံထွက်ပေါ်လာပြန်တယ်။
ဖုန့်ရှီ ဘာမေးခွန်းမှ မထုတ်နိုင်ခင်မှာပဲ အဖြူဝတ်အဘိုးအိုက လှည့်ပြီး ထွက်ခွါသွားပြီ ဖြစ်တယ်။ အချိန်အနည်းငယ်အတွင်းမှာပဲ သူ့ပုံသဏ္ဌာန်က ဂိတ်တံခါး အနောက်ဖက် ဝင်ရောက် ပျောက်ကွယ်သွားတယ်။
'လာလေ၊ ဒီနန်းတော်ရဲ့ နေရာစုံကို ငါ လျှောက်သွားဖူးပြီးပေမဲ့ ငါ လမ်းမှားသွားမှာ မစိုးရိမ်ဘူးလား? အကယ်၍ ငါ စာကြည့်တိုက်ကို ရှာမတွေ့နိုင်ရင်ရော?' ဖုန့်ရှီ တွေးလိုက်တယ်။
သူ့ဖာသာသူ ရေရွတ်နေပြီးနောက် သူနဲ့အကျွမ်းတဝင် ဖြစ်နေတဲ့ လူသွားလမ်းပေါ် လျှောက်လိုက်တယ်။ တကယ်တော့ စာကြည့်တိုက်က သူခုရောက်နေတဲ့နေရာနဲ့ သိပ်မဝေးဘူး။
၁၅မိနစ်လောက် ကြာပြီးနောက် သူ စာကြည့်တိုက် အပြင်ဖက်ကို ရောက်သွားတယ်။ ဒါ ဒီနေရာကို သူ လာတာ ဒုတိယအကြိမ်မြောက်ပဲ။ ပြီးခဲ့တဲ့ အခေါက်တုန်းက သူ လမ်းတွေ သိချင်လို့ လျှောက်ရှာရင်း ဒီကိုရောက်ခဲ့တာဖြစ်တယ်၊ ဒါ့ကြောင့် ဒီနေရာကို သေသေချာချာတော့ မကြည့်ခဲ့ရဘူး။ ခု သူ အဆောက်အဦးကို ကြည့်တော့မှ အတော် ခမ်းနားတာကို တွေ့လိုက်ရတယ်။
မြင့်မားတဲ့ အမိုးခုံးဟာ အလွန်ကြည့်ကောင်းပြီး ကြက်သွေးရောင်တိုင်တွေက နဂါးနဲ့ ဇာမဏီပုံ ထွင်းထုထားပါတယ်။ ဂိတ်တံခါးဘေးဖက်မှာ ရက်စက်ကြမ်းကြုတ်တဲ့ ကျောက်ခြင်္သေ့နှစ်ကောင် ရပ်လျက် ရှိနေပါတယ်။ ခြင်္သေ့ရဲ့မျက်လုံးတွေက အသိဉာဏ်ရှိနေတဲ့ သားရဲအလား စူးစူးရှရှ ကြည့်နေပုံကြောင့် အခြားသူတွေအဖို့ ကြောက်စိတ်ဖြစ်စေပါတယ်။ အခု သားရဲနှစ်ကောင်ရဲ့ နောက်ခြေထောက်ကို အနည်းငယ် ဖိထားပြီး ရှေ့ခြေထောက်တွေကို မြေပေါ်ကုတ်ထားပုံက အလွန်အမင်း ရန်လိုနေဟန်။
ဖုန့်ရှီ တကိုယ်လုံး ကြက်သီးမွှေးညှင်းတွေ ထပြီး တံတွေး မမျိုချပဲ မနေနိုင်တော့ချေ။
သူ့ကို ခြင်္သေ့အရှင် နှစ်ကောင်က သူတို့ရဲ့ စူးရှတဲ့ မျက်လုံးတွေနဲ့ စိုက်ကြည့်နေတယ်လို့ ခံစားနေရတယ်။
"ဝင်လာခဲ့!" ငရဲမင်းကြီးရဲ့ အသံက အတွင်းထဲကနေ ထွက်လာတယ်။
အဲ့နောက်မှာတော့ သူ့မှာ ဖြစ်ပေါ်နေတဲ့ ကြောက်စိတ်က သူ့ကို ထင်ယောင်ထင်မှား ဖြစ်စေသလိုလို ဖုန့်ရှီ သူ့တစ်ကိုယ်လုံး ထူးထူးဆန်းဆန်း ခံစားလိုက်ရတယ်။ ကြောင်နေကာ သူ အခု စိုက်အကြည့်ခံနေရတယ်လို့ ဘာ့ကြောင့် မခံစားရတော့မှန်း စဉ်းစားမရ ဖြစ်နေတယ်။
ဂိတ်တံခါးမကြီးက ဖြည်းဖြည်းလေး ပိတ်သွားတယ်။ ဖုန့်ရှီ စာကြည့်တိုက်ထဲ ပြေးဝင်သွားပြီး တံခါးအသေးတစ်ခုကို တွန်းဖွင့်လိုက်တယ်။ သူထင်ထားသလိုပဲ သူ့ခေါင်းဆောင်က အထဲမှာ ရှိနေတာ ဖြစ်တယ်။
စာအုပ်တစ်အုပ်ကို လှန်ဖတ်နေတဲ့ဘုရင်ကြီးက ခေါင်းမော့လိုက်ပြီး နူးနူးညံ့ညံ့အသံနဲ့ ပြောလိုက်တယ်။ "ဒီလာခဲ့"
တချိန်တည်းမှာပဲ ဖုန့်ရှီဟာ စာအုပ်စင်တန်းတွေကြောင့် အံ့အားသင့်နေတယ်။
သူ အဲ့လောက် စာအုပ်တွေ အများကြီး စုစည်းထားတာမျိုး တခါမှ မမြင်ဖူးဘူးဆိုတာ ကျိန်ရဲတယ်။ စာအုပ်စင်တွေရဲ့ ပထမထပ်က လူကြီး ၂ ယောက် အရပ်အမြင့်လောက် မြင့်တယ်။ တစ်လွှာချင်းစီမှာ စာအုပ်ရေ တစ်ရာဆိုတော့ စာအုပ်စင် တစ်ခုမှာ စာအုပ်ပေါင်း တစ်ထောင်ရှိမယ်။ ဖုန့်ရှီ တွေ့ရသလောက်ဆိုရင် ဒီအဆောက်အဦးမှာ စာအုပ်စင်ပေါင်း တစ်ရာလောက် ရှိမယ်။
"ဒီနေရာက ဘာဖြစ်လို့လဲ?" ဖုန့်ရှီ ကြောင်တောင်တောင် ရပ်နေတာမြင်တော့ ငရဲမင်းကြီးက မေးလိုက်တယ်။
ဖုန့်ရှီ အသိပြန်ဝင်လာပြီး လှမ်းပြောလိုက်ရင်း ချက်ချင်း ပြေးသွားတယ်၊ "ခေါင်းဆောင်၊ ဒီနေရာက အရမ်းကျယ်ဝန်းတာပဲ။ ဒီမှာ စာအုပ် တစ်သိန်းလောက် ရှိမယ်လို့ ကျွန်တော်ထင်တယ်။ ဒီအဆောက်အဦးက ကျွန်တော် အရင်ဘဝတုန်းက ခိုးခဲ့ဖူးတဲ့ အင်ပါယာစာကြည့်တိုက်ထက်တောင် အဆနည်းနည်း ပိုကျယ်လိမ့်မယ်။
"တစ်သိန်း?" ဘုရင်ကြီးက ဖုန့်ရှီကို ကြည့်လိုက်ရင်း ဆက်ပြောလိုက်တယ်။ "ဒီစာကြည့်တိုက်မှာ အထပ်ပေါင်း ၄၉ထပ် ရှိတယ်၊ အထပ် တစ်ထပ်တိုင်းမှာ စာအုပ် တစ်သန်း ရှိတယ်။
"..." ဖုန့်ရှီ လုံးဝ ဆွံ့အသွားတယ်။
တစ်ထပ်ဆီတိုင်းမှာ စာအုပ်တစ်သန်း၊ ဒါဆို ဒီမှာ တကယ်ကြီးကို စာအုပ်ပေါင်း ၄၉သန်းရှိတာပေါ့။
ဒီနေရာကို ဖော်ပြဖို့ရန် 'အင်ပါယာစာကြည့်တိုက်ထက် အဆပေါင်း အနည်းငယ်ကြီးတယ်' လို့ သူ မသုံးနိုင်တော့ကြောင်း ဖုန့်ရှီ သိသွားရတယ်။ တကယ်တော့ ဒီစာကြည့်တိုက်မှာ ရှိတဲ့ စာအုပ်တွေက ရေတွက်လို့တောင် မရနိုင်တော့ပုံပင်။
"ခေါင်းဆောင်၊ ကျွန်တော် မေးခွန်းတစ်ခု မေးလို့ရမလား?" ဖုန့်ရှီ သူ့လက်ကို မြှောက်လိုက်ပြီး စည်းကမ်းလိုက်နာတဲ့ ကလေးတစ်ယောက်လို မေးခွန်းမေးလိုက်တယ်၊ သူ့မျက်လုံးထဲမှာလည်း အံဩ ထိတ်လန့်မှု အပြည့်နဲ့ပေါ့။
"အင်း" ဘုရင်ကြီးက ဖုန့်ရှီကို အဓိပ္ပါယ်ပြည့်နေတဲ့ အကြည့်တစ်ချက်နဲ့ ကြည့်လိုက်ပြီး ခေါင်းညိတ်လိုက်တယ်။
"ကျွန်တော့ကို ဘာလုပ်စေချင်တာလဲ...ဒီလိုနေရာကြီးမှာလေ?" ဖုန့်ရှီ သူ့မျက်လုံးအစုံကို ပြူးနေအောင် ဖွင့်လိုက်ရင်း မေးလိုက်တယ်။
"စာအုပ်ဖတ်ဖို့ပေါ့"
"..." ဖုန့်ရှီ သူအခုချက်ချင်း မူးများ မူးလဲသွားတော့မလား လို့ တွေးမိသွားရတယ်။
20210916; 2027
—————————— Zawgyi —————————
အပိုင္း ၂၆။ စာအုပ္ေပါင္းစုံ စုစည္းမွု
ရလဒ္အေနနဲ႔ မိစၧာသားရဲဥဟာ ျပန္အသိမ္းခံလိုက္ရၿပီး အေမႊးမဲ့ၾကက္ရဲ့ စြမ္းအားဟာလည္း အတိုးခံလိုက္ရပါတယ္။
ဖုန္႔ရွီအတြက္ ဒါဟာ ႏွစ္သိမ့္မွု တစ္မ်ိဳးပဲ ျဖစ္ပါတယ္။ အေရးအႀကီးဆုံးက အေမႊးမဲ့ၾကက္ သန္မာေနသ၍ သူ႔လုံျခဳံေရးဟာလည္း အာမခံၿပီး ျဖစ္ပါလိမ့္မယ္။ အဲ့ဒါဆိုရင္ သန္မာတဲ့ၾကက္က အခု သူ႔ကို ေကာင္းေကာင္းကာကြယ္မွုေပးနိုင္ၿပီျဖစ္တာေၾကာင့္ သူ႔ေခါင္းေဆာင္က သူ႔ကို အျပင္ ေပးထြက္ေကာင္း ေပးထြက္ပါလိမ့္မယ္။ အဆုံးမေတာ့ တစ္ခုခုကို အေရာင္းအဝယ္လုပ္ၿပီး ေငြရွာမယ့္အေတြးကိုေတာ့ သူ လုံးဝ မစြန္႔လႊတ္ပါဘူး။
ဒါေပမဲ့ သူ႔စိတ္ကူးအေတြးဟာ နန္းေတာ္တံခါးဝ ေရာက္တဲ့အခါ ေၾကမြသြားရပါေတာ့တယ္။
အျဖဴဝတ္အဘိုးအိုက အေလးအနက္ပုံစံနဲ႔ သူ႔ကို တည့္တည့္ စိုက္ၾကည့္ၿပီး သူ႔အေရွ႕မွာ ရပ္ေနတယ္။
"သခင္ေလး၊ ဒီအေတာအတြင္း နန္းေတာ္ထဲမွာပဲ ေနဖို႔ ကၽြန္ေတာ္ ေမၽွာ္လင့္ပါတယ္။ အျပင္ေလာကက အခု ဖရိုဖရဲ အေျခအေနမွာ ရွိေနပါတယ္။ မင္းသာ အနာတရ ျဖစ္ခဲ့မယ္ဆိုရင္ ဘုရင္ႀကီးက မင္းအတြက္ ထပ္မံ ထြက္ေပၚလာေပးရပါလိမ့္မယ္။"
အဘိုးအို... သူ႔ကို အခု ေဝဖန္လိုက္ပုံပင္။
ဖုန္႔ရွီက ခ်စ္ဖို႔ေကာင္းၿပီး အကင္းပါးတဲ့ သြင္ျပင္နဲ႔ သူ႔မ်က္လုံးႀကီးႀကီး ႏွစ္လုံးကို ဘယ္ဖက္ကို ေရႊ႕ၿပီး ၾကည့္လိုက္တယ္၊ ၿပီးေတာ့ ညာဖက္ကို ထပ္ၾကည့္လိုက္တယ္။ အျဖဴဝတ္အဘိုးအိုက သူ႔ကိုပဲ ၾကည့္ေနဆဲ ဆိုတာ ျမင္လိုက္ေတာ့ သူ ေမးလိုက္တယ္။ "ခင္မ်ား အခု ကၽြန္ေတာ့ကို ေျပာေနတာလား၊ ဟုတ္လား?"
အဘိုးအို ေျပာလက္စတို႔ ရပ္သြားရတယ္။
ဖုန္႔ရွီက အဲ့တာကို "ဟုတ္တယ္" အေနနဲ႔ မွတ္ယူလိုက္တယ္။ အဲ့ေနာက္ သူ ရယ္လိုက္ၿပီး ေျပာလိုက္တယ္။ "ကၽြန္ေတာ္လည္း အဲ့လိုပဲ ထင္ပါတယ္။ ခင္မ်ား ကၽြန္ေတာ့ကို တစ္ေယာက္ေယာက္နဲ႔ မွားေနၿပီ။ ကၽြန္ေတာ္က ခင္မ်ားရဲ့ သခင္ေလး မဟုတ္ပါဘူး။ ကၽြန္ေတာ့နာမည္က ဖုန္႔ရွီပါ။ ဇာမဏီဆိုတဲ့ "ဖုန္႔" နဲ႔ ေမၽွာ္လင့္ခ်က္ဆိုတဲ့ "ရွီ" ပါ။ ေနာက္ဆို ကၽြန္ေတာ့ကို ဖုန္႔ရွီလို႔ပဲ ေခၚပါ။ ကၽြန္ေတာ္ လုပ္စရာေလးေတြ ထပ္ရွိေသးတယ္။ ေနာက္မွ ေတြ႕မယ္ေနာ္!"
အဲ့လိုေျပာရင္း ဖုန္႔ရွီ အဘိုးအိုကို ျဖတ္ေက်ာ္သြားဖို႔ ႀကိဳးစားလိုက္တယ္။
ဒါေပမဲ့ အျဖဴဝတ္ အဘိုးအိုက အလင္းရဲ့ လ်င္ျမန္တဲ့ အရွိန္နဲ႔ သူ႔မ်က္စိေရွ႕ ေရာက္လာေတာ့ သူ ခ်က္ခ်င္းရပ္လိုက္တယ္၊ အဘိုးအိုက သူ႔သြားလမ္းကို ထပ္ပိတ္ထားတာ သူေတြ႕လိုက္ရတယ္။
"ခင္မ်ား... ဒီတစ္ႀကိမ္ေရာ ခင္မ်ား ဘာလိုခ်င္တာလဲ?"
"ကၽြန္ေတာ္ ေျပာၿပီးသြားပါၿပီ သခင္ေလး။ သခင္ေလး ေလာေလာဆယ္ အျပင္ ထြက္လို႔မရပါဘူး" အျဖဴဝတ္အဘိုးအိုက စိတ္ရွည္ရွည္ပဲ ထပ္ေျပာလိုက္တယ္။
"ဘာ့ေၾကာင့္ ကၽြန္ေတာ္ ထြက္လို႔ မရ ရတာလဲ? ဘာလို႔ ကၽြန္ေတာ့ကို သခင္ေလးလို႔ ေခၚေနရတာလဲ? ကၽြန္ေတာ့ကို အဲ့လို မေခၚဖို႔ ကၽြန္ေတာ္ ေျပာၿပီးၿပီေလ! ရပ္ပါေတာ့!"
"ဘုရင္ႀကီးက ကၽြန္ေတာ့္ကို ဒီေနရာမွာ ေစာင့္ၾကပ္ဖို႔ မွာထားပါတယ္။ သခင္ေလး အကယ္၍ အျပင္ထြက္ခ်င္တယ္ဆိုရင္ ဘုရင္ႀကီးဆီကေန ခြင့္ျပဳခ်က္ အရင္ေတာင္းခဲ့ေပးပါ။ တကယ္လို႔ ဘုရင္ႀကီးကသာ သြားခြင့္ျပဳမယ္ဆိုရင္ ကၽြန္ေတာ္ တားမွာမဟုတ္ပါဘူး။ ေက်းဇူးျပဳၿပီး ကၽြန္ေတာ့ကို ခက္ခဲေအာင္ မလုပ္ပါနဲ႔။"
"ကၽြန္ေတာ္ ဘယ္တုန္းကမ်ား ခင္မ်ားကို ခက္ခဲေအာင္ လုပ္ဖူးလို႔လဲ? ခက္မ်ားကသာ ကၽြန္ေတာ့ကို ခက္ခဲေအာင္ လုပ္ေနတာေလ!" ဖုန္႔ရွီ ျမည္တြန္လိုက္တယ္။
ဒါေပမဲ့ အဘိုအိုက သူ႔ေခါင္းေဆာင္ကို ေဖာ္ညႊန္းလိုက္ကတည္းက ဖုန္႔ရွီ ဘယ္လိုကန္႔ကြက္မွုမ်ိဳးမွ ထပ္မျပရဲေတာ့ေပ။
ဘာပဲျဖစ္ျဖစ္ သူ႔ေခါင္းေဆာင္သာလ်င္ သူ႔အသက္ရွင္ ေနထိုင္မွုအတြက္ အားကိုးမွီခိုရမယ့္ တစ္ေယာက္တည္းေသာ သူပဲ ျဖစ္တယ္။ ဒီ ထူးဆန္းတဲ့ကမၻာႀကီးမွာ သူအခမဲ့ ထမင္းစားခြင့္လက္မွတ္ကို ကပ္ဖားဖို႔လိုတဲ့အတြက္ ဘယ္လိုအမွားမ်ိဳးမွ သူ႔ကိုယ္သူ လုပ္ခြင့္ျပဳမွာ မဟုတ္ဘူး။
"ဘုရင္ႀကီးက သခင္ေလးကို စာၾကည့္တိုက္ကို လာဖို႔ ေျပာခဲ့ပါတယ္" အဘိုးအိုရဲ့ အသံ ထပ္မံထြက္ေပၚလာျပန္တယ္။
ဖုန္႔ရွီ ဘာေမးခြန္းမွ မထုတ္နိုင္ခင္မွာပဲ အျဖဴဝတ္အဘိုးအိုက လွည့္ၿပီး ထြက္ခြါသြားၿပီ ျဖစ္တယ္။ အခ်ိန္အနည္းငယ္အတြင္းမွာပဲ သူ႔ပုံသဏၭာန္က ဂိတ္တံခါး အေနာက္ဖက္ ဝင္ေရာက္ ေပ်ာက္ကြယ္သြားတယ္။
'လာေလ၊ ဒီနန္းေတာ္ရဲ့ ေနရာစုံကို ငါ ေလၽွာက္သြားဖူးၿပီးေပမဲ့ ငါ လမ္းမွားသြားမွာ မစိုးရိမ္ဘူးလား? အကယ္၍ ငါ စာၾကည့္တိုက္ကို ရွာမေတြ႕နိုင္ရင္ေရာ?' ဖုန္႔ရွီ ေတြးလိုက္တယ္။
သူ႔ဖာသာသူ ေရရြတ္ေနၿပီးေနာက္ သူနဲ႔အကၽြမ္းတဝင္ ျဖစ္ေနတဲ့ လူသြားလမ္းေပၚ ေလၽွာက္လိုက္တယ္။ တကယ္ေတာ့ စာၾကည့္တိုက္က သူခုေရာက္ေနတဲ့ေနရာနဲ႔ သိပ္မေဝးဘူး။
၁၅မိနစ္ေလာက္ ၾကာၿပီးေနာက္ သူ စာၾကည့္တိုက္ အျပင္ဖက္ကို ေရာက္သြားတယ္။ ဒါ ဒီေနရာကို သူ လာတာ ဒုတိယအႀကိမ္ေျမာက္ပဲ။ ၿပီးခဲ့တဲ့ အေခါက္တုန္းက သူ လမ္းေတြ သိခ်င္လို႔ ေလၽွာက္ရွာရင္း ဒီကိုေရာက္ခဲ့တာျဖစ္တယ္၊ ဒါ့ေၾကာင့္ ဒီေနရာကို ေသေသခ်ာခ်ာေတာ့ မၾကည့္ခဲ့ရဘူး။ ခု သူ အေဆာက္အဦးကို ၾကည့္ေတာ့မွ အေတာ္ ခမ္းနားတာကို ေတြ႕လိုက္ရတယ္။
ျမင့္မားတဲ့ အမိုးခုံးဟာ အလြန္ၾကည့္ေကာင္းၿပီး ၾကက္ေသြးေရာင္တိုင္ေတြက နဂါးနဲ႔ ဇာမဏီပုံ ထြင္းထုထားပါတယ္။ ဂိတ္တံခါးေဘးဖက္မွာ ရက္စက္ၾကမ္းၾကဳတ္တဲ့ ေက်ာက္ျခေသၤ့ႏွစ္ေကာင္ ရပ္လ်က္ ရွိေနပါတယ္။ ျခေသၤ့ရဲ့မ်က္လုံးေတြက အသိဉာဏ္ရွိေနတဲ့ သားရဲအလား စူးစူးရွရွ ၾကည့္ေနပုံေၾကာင့္ အျခားသူေတြအဖို႔ ေၾကာက္စိတ္ျဖစ္ေစပါတယ္။ အခု သားရဲႏွစ္ေကာင္ရဲ့ ေနာက္ေျခေထာက္ကို အနည္းငယ္ ဖိထားၿပီး ေရွ႕ေျခေထာက္ေတြကို ေျမေပၚကုတ္ထားပုံက အလြန္အမင္း ရန္လိုေနဟန္။
ဖုန္႔ရွီ တကိုယ္လုံး ၾကက္သီးေမႊးညႇင္းေတြ ထၿပီး တံေတြး မမ်ိဳခ်ပဲ မေနနိုင္ေတာ့ေခ်။
သူ႔ကို ျခေသၤ့အရွင္ ႏွစ္ေကာင္က သူတို႔ရဲ့ စူးရွတဲ့ မ်က္လုံးေတြနဲ႔ စိုက္ၾကည့္ေနတယ္လို႔ ခံစားေနရတယ္။
"ဝင္လာခဲ့!" ငရဲမင္းႀကီးရဲ့ အသံက အတြင္းထဲကေန ထြက္လာတယ္။
အဲ့ေနာက္မွာေတာ့ သူ႔မွာ ျဖစ္ေပၚေနတဲ့ ေၾကာက္စိတ္က သူ႔ကို ထင္ေယာင္ထင္မွား ျဖစ္ေစသလိုလို ဖုန္႔ရွီ သူ႔တစ္ကိုယ္လုံး ထူးထူးဆန္းဆန္း ခံစားလိုက္ရတယ္။ ေၾကာင္ေနကာ သူ အခု စိုက္အၾကည့္ခံေနရတယ္လို႔ ဘာ့ေၾကာင့္ မခံစားရေတာ့မွန္း စဥ္းစားမရ ျဖစ္ေနတယ္။
ဂိတ္တံခါးမႀကီးက ျဖည္းျဖည္းေလး ပိတ္သြားတယ္။ ဖုန္႔ရွီ စာၾကည့္တိုက္ထဲ ေျပးဝင္သြားၿပီး တံခါးအေသးတစ္ခုကို တြန္းဖြင့္လိုက္တယ္။ သူထင္ထားသလိုပဲ သူ႔ေခါင္းေဆာင္က အထဲမွာ ရွိေနတာ ျဖစ္တယ္။
စာအုပ္တစ္အုပ္ကို လွန္ဖတ္ေနတဲ့ဘုရင္ႀကီးက ေခါင္းေမာ့လိုက္ၿပီး ႏူးႏူးညံ့ညံ့အသံနဲ႔ ေျပာလိုက္တယ္။ "ဒီလာခဲ့"
တခ်ိန္တည္းမွာပဲ ဖုန္႔ရွီဟာ စာအုပ္စင္တန္းေတြေၾကာင့္ အံ့အားသင့္ေနတယ္။
သူ အဲ့ေလာက္ စာအုပ္ေတြ အမ်ားႀကီး စုစည္းထားတာမ်ိဳး တခါမွ မျမင္ဖူးဘူးဆိုတာ က်ိန္ရဲတယ္။ စာအုပ္စင္ေတြရဲ့ ပထမထပ္က လူႀကီး ၂ ေယာက္ အရပ္အျမင့္ေလာက္ ျမင့္တယ္။ တစ္လႊာခ်င္းစီမွာ စာအုပ္ေရ တစ္ရာဆိုေတာ့ စာအုပ္စင္ တစ္ခုမွာ စာအုပ္ေပါင္း တစ္ေထာင္ရွိမယ္။ ဖုန္႔ရွီ ေတြ႕ရသေလာက္ဆိုရင္ ဒီအေဆာက္အဦးမွာ စာအုပ္စင္ေပါင္း တစ္ရာေလာက္ ရွိမယ္။
"ဒီေနရာက ဘာျဖစ္လို႔လဲ?" ဖုန္႔ရွီ ေၾကာင္ေတာင္ေတာင္ ရပ္ေနတာျမင္ေတာ့ ငရဲမင္းႀကီးက ေမးလိုက္တယ္။
ဖုန္႔ရွီ အသိျပန္ဝင္လာၿပီး လွမ္းေျပာလိုက္ရင္း ခ်က္ခ်င္း ေျပးသြားတယ္၊ "ေခါင္းေဆာင္၊ ဒီေနရာက အရမ္းက်ယ္ဝန္းတာပဲ။ ဒီမွာ စာအုပ္ တစ္သိန္းေလာက္ ရွိမယ္လို႔ ကၽြန္ေတာ္ထင္တယ္။ ဒီအေဆာက္အဦးက ကၽြန္ေတာ္ အရင္ဘဝတုန္းက ခိုးခဲ့ဖူးတဲ့ အင္ပါယာစာၾကည့္တိုက္ထက္ေတာင္ အဆနည္းနည္း ပိုက်ယ္လိမ့္မယ္။
"တစ္သိန္း?" ဘုရင္ႀကီးက ဖုန္႔ရွီကို ၾကည့္လိုက္ရင္း ဆက္ေျပာလိုက္တယ္။ "ဒီစာၾကည့္တိုက္မွာ အထပ္ေပါင္း ၄၉ထပ္ ရွိတယ္၊ အထပ္ တစ္ထပ္တိုင္းမွာ စာအုပ္ တစ္သန္း ရွိတယ္။
"..." ဖုန္႔ရွီ လုံးဝ ဆြံ့အသြားတယ္။
တစ္ထပ္ဆီတိုင္းမွာ စာအုပ္တစ္သန္း၊ ဒါဆို ဒီမွာ တကယ္ႀကီးကို စာအုပ္ေပါင္း ၄၉သန္းရွိတာေပါ့။
ဒီေနရာကို ေဖာ္ျပဖို႔ရန္ 'အင္ပါယာစာၾကည့္တိုက္ထက္ အဆေပါင္း အနည္းငယ္ႀကီးတယ္' လို႔ သူ မသုံးနိုင္ေတာ့ေၾကာင္း ဖုန႔္ရွီ သိသြားရတယ္။ တကယ္ေတာ့ ဒီစာၾကည့္တိုက္မွာ ရွိတဲ့ စာအုပ္ေတြက ေရတြက္လို႔ေတာင္ မရနိုင္ေတာ့ပုံပင္။
"ေခါင္းေဆာင္၊ ကၽြန္ေတာ္ ေမးခြန္းတစ္ခု ေမးလို႔ရမလား?" ဖုန္႔ရွီ သူ႔လက္ကို ေျမႇာက္လိုက္ၿပီး စည္းကမ္းလိုက္နာတဲ့ ကေလးတစ္ေယာက္လို ေမးခြန္းေမးလိုက္တယ္၊ သူ႔မ်က္လုံးထဲမွာလည္း အံဩ ထိတ္လန္႔မွု အျပည့္နဲ႔ေပါ့။
"အင္း" ဘုရင္ႀကီးက ဖုန္႔ရွီကို အဓိပၸါယ္ျပည့္ေနတဲ့ အၾကည့္တစ္ခ်က္နဲ႔ ၾကည့္လိုက္ၿပီး ေခါင္းညိတ္လိုက္တယ္။
"ကၽြန္ေတာ့ကို ဘာလုပ္ေစခ်င္တာလဲ...ဒီလိုေနရာႀကီးမွာေလ?" ဖုန္႔ရွီ သူ႔မ်က္လုံးအစုံကို ျပဴးေနေအာင္ ဖြင့္လိုက္ရင္း ေမးလိုက္တယ္။
"စာအုပ္ဖတ္ဖို႔ေပါ့"
"..." ဖုန္႔ရွီ သူအခုခ်က္ခ်င္း မူးမ်ား မူးလဲသြားေတာ့မလား လို႔ ေတြးမိသြားရတယ္။
20210916; 2027
You are reading the story above: TeenFic.Net