24. Instruction from King of the Netherworld

Background color
Font
Font size
Line height

အပိုင်း ၂၄။ ငရဲမင်းကြီးထံမှ ညွှန်ကြားချက်

သူ့အိတ်ကပ်ထဲက ဥကို အစွမ်းကုန် ဝှက်ထားရင်း ကောင်လေးက ဘုရင်ကြီးနောက် လိုက်ခဲ့ပါတယ်။

သူ့ခေါင်းဆောင်က ဥအကြောင်းကို သိသွားမှာကို သူ ကြောက်နေတယ်။ ဒါ့ကြောင့်သူက သူ့ခေါင်းဆောင်များ ရုတ်တရက် နောက်လှည့်ကြည့်လိုက်မလားဆိုပြီး သူ့ခေါင်းဆောင်ကို အချိန်တိုင်း ကြည့်နေတယ်။

သူတို့နှစ်ယောက် နန်းတော်တံခါးဝကနေ ထင်းလင်းစွာ ဖြတ်လျောက်လာခဲ့ကြတယ်၊​ အဲ့နောက်မှာတော့ သူတို့တွေကို စူးစမ်းစွာ ကြည့်နေသူတွေ၊​ ကြည်ညိုလေးစားစွာ ကြည့်နေသူတွေရဲ့ မြင်ကွင်းကနေ တဖြည်းဖြည်း ပျောက်ကွယ်သွားတယ်။

အဖြူဝတ်အဘိုးအိုက ထွက်ပေါက်မှာ ရပ်နေပြီး သူတို့ကို စောင့်နေတယ်။ အဘိုးအိုရဲ့ ငြိမ်သက်အေးချမ်းနေတဲ့ပုံကို ကြည့်ရင်း သူ့လည်ပင်းကို မကျုံ့ဘဲမနေနိုင် ဖြစ်သွားတယ်။ 'သူ ဥအကြောင်း သိသွားပြီထင်တယ်? အိုး၊ ဘုရားရေ၊ သူအခုစိတ်ဆိုးနေတာပဲ ဖြစ်ရမယ်' ကောင်လေးက တွေးလိုက်တယ်။

ဒါပေမဲ့ အမှန်က အဘိုးအိုက သူဒေါသထွက်ထွက်၊​မထွက်ထွက် သူ့သခင် စိတ်ဆိုးအောင် ဘယ်တော့မှ လုပ်မှာမဟုတ်ဘူး။

တံခါးကြီးက ဖြည်းဖြည်းချင်း ပိတ်သွားတယ်။ ဒါပေမဲ့ အဖြူဝတ် အဘိုးအိုက ဘုရင်ကြီးနဲ့ ကောင်လေးတို့နောက်ကို မလိုက်ခဲ့ဘဲ စိတ်ရောကိုယ်ပါ နှစ်ကာ အဲ့မှာပဲ ရပ်ပြီး စောင့်ကြပ်နေခဲ့တယ်။

'ငါ အပြင် ထပ်ပြီးထွက်ပြေးသွားမှာကို တားဖို့ အဲ့မှာပဲ ရပ်နေတာ! အသေအချာပဲ!' ကောင်လေးက မှန်းဆလိုက်တယ်။

နန်းတော်ကို ကောင်လေးပြန်လာပြီးနောက် အပေါ်ဘက်က ခုံပေါ်မှ ထိုင်နေတဲ့သူကို ငေးကြည့်နေရင်း သူ့လက်တွေကို ကျောဘက်မှာ ဆက်တိုက် ပွတ်နေတယ်။

စကားပုံတစ်ခုလိုပေါ့၊ 'ရန်သူ မလှုပ်ရှားသ၍ ငါ နည်းနည်းတောင် လှုပ်မှာမဟုတ်ဘူး'

အပြစ်ရှိတဲ့အသိနဲ့ ကောင်လေးက ဘာမှ မပြောရဲပေ။ ဒီကိစ္စအပေါ် သူ့ခေါင်းဆောင်ရဲ့ သဘောထားကို သူမသိသေးတဲ့အတွက် ဆိတ်ဆိတ်နေဖို့ဘဲ သူ ဆုံးဖြတ်လိုက်တယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် သူက အရင် စကားစပြောမှာမဟုတ်။ သူ့ခေါင်းဆောင် ထုတ်ပြောလာတာနဲ့ သူ ဘာပြန်ဖြေရမလဲဆိုတာ စဉ်စားမယ်။

ဒါပေမဲ့ ကောင်လေးက သူ့ကိုယ်သူ အထင်ကြီးလွန်ပြီး ငရဲမင်းကြီးကို အထင်သေးလွန်သွားတယ်။

သူတို့ နန်းတော်ထဲ ဝင်လာကတည်းက ဘုရင်ကြီးက တစ်လုံးမှ မဖွင့်ဟလာသေးဘဲ ကောင်လေးကို တချိန်လုံး စိုက်ကြည့်နေခဲ့တယ်။

'ဒါ သူတို့ခေါ်တဲ့ စိတ်ဓါတ်စစ်ဆင်ရေးလား?'

အဲ့တာတွေးမိတော့ ကောင်လေးက တောင့်သွားပြီး အကူအကယ်မဲ့ ဖြစ်သွားရတယ်။​ အဲ့လို အကြာကြီး စိုက်ကြည့်ခံရတာ သူ သည်းမခံနိုင်ဘူး၊ ကြက်သီးတွေ ထလာလိမ့်မယ်။ ကြက်သီးတွေ သူ့တကိုယ်လုံး ထနေမယ်ဆိုရင် တော်တော် နေရ အဆင်မ​ပြေဖြစ်မှာ!

"ခေါင်းဆောင်၊ ကျွန်တော့ကို အခု စိတ်ဆိုးနေတာလား?" ကောင်လေးက ခဏလောက် ချင့်ချိန်လိုက်ပြီး နောက်ဆုံးတော့ သူသာ အမှန်အတိုင်းပြောမယ်ဆိုရင် ပြစ်ဒဏ်လျော့ပေါ့ပေးမှာပဲဆိုတဲ့ ယုံကြည်ချက်နဲ့ ဆုံးဖြတ်လိုက်တယ်။ ဒါ့ကြောင့် သူ နောက်ဆုံးတော့ ဂရုတစိုက်နဲ့ သူ့ပါးစပ်ကို ဖွင့်လိုက်တယ်။

"ဒီလာခဲ့" ဘုရင်ကြီးကလည်း စတင် စကားပြောလာတယ်။

ကောင်လေးက ထွက်သက်မှုတ်ထုတ်လိုက်တယ်။ ဘုရင်ကြီးရဲ့ မျက်နှာမှာ ဘာအမူအယာမှ ရှိမနေပေမဲ့ သူ့ခေါင်းဆောင် စကားပြောတာ ကြားလိုက်ရတော့ ဝမ်းသာသွားတယ်။

"ခေါင်းဆောင်" ကောင်လေးက ချော့မော့ချင်တဲ့မျက်နှာ လုပ်လိုက်ပြီး ဘုရင်ကြီးဆီကို အပြုံးတစ်ပွင့်နဲ့အတူ ပြေးသွားလိုက်တယ်။ သူ့အိတ်ကပ်ထဲက မိစ္ဆာသားရဲဥကိုလည်း ဖုံးထားဖို့ မမေ့ဘူး၊ ဒါ သူ့မှာရှိတဲ့ တစ်ခုတည်းသော ပိုင်ဆိုင်မှုလေ။ အမွှေးမဲ့ကြက်ကလည်း သူနဲ့သက်ဆိုင်တယ်ဆိုပေမဲ့ ဘုရင်ကြီးပြောခဲ့တာက မိစ္ဆာသားရဲတစ်ကောင်ဟာ သူ့သခင်နဲ့ စာချုပ်ချုပ်ပြီးသွားပြီဆိုရင် အခြားသူကို ဘယ်တော့မှ ရောင်းလို့မရတော့ဘူးတဲ့။ ဒါ့အပြင် ကောင်လေးသံသယဝင်တာက ဒီကြက်က အရမ်းရုပ်ဆိုးတဲ့အတွက် ဘယ်သူကမှ လိုချင်ပါ့မလားလို့လေ။ အဲ့နောက်မှာတော့ ကြက်ကို စိတ်မပါလက်မပါနဲ့ လက်ခံလိုက်ဖို့ပဲ​ သူတတ်နိုင်ခဲ့တော့တယ်။

"အဲ့တာ နာလား?"

ဘုရင်ကြီးက ကောင်လေး ဘာမှမတုံ့ပြန်နိုင်ခင်မှာပဲ ကောင်လေးရဲ့ မျက်နှာကို သူ့လက်နဲ့ ထိလိုက်တယ်။ ငရဲမင်းကြီးက သုန်းဖန်းလင်အာ ပါးချခဲ့တဲ့ ကောင်လေးရဲ့အသားအရေအစိတ်အပိုင်းကို ထိလိိုက်တယ်။ သူ့ရဲ့နူးညံ့အေးစက်နေတဲ့ လက်ချောင်းလေးတွေက ဒီကမ္ဘာပေါ်က နာကျင်မှုအားလုံးကို သက်သာသွားစေသလိုပါပဲ။ အချိန်အနည်းငယ် အတွင်းမှာပဲ ကောင်လေးရဲ့ ယောင်ကိုင်းနေတဲ့ မျက်နှာဟာ ပြန်ပြီး ချောမွတ်နူးညံ့လာတယ်။

ကောင်လေးက ခေါင်းညိတ်လိုက်ချင်ပေမဲ့ မူလက ယောင်ကိုင်းနေတဲ့ သူမျက်နှာဟာ မနာတော့ကြောင်း သူ ရုတ်တရက် တွေ့ရှိလိုက်ရတယ်။ အဲ့နောက်မှာတော့ သူ့မျက်နှာကို ထိလိုက်ပြီးနောက် ဘာနာကျင်မှုမှ မရှိတော့ပဲ အရင်ကလို ချောမွတ်နေတဲ့ သူ့အသားအရေကိုသာ သူခံစားမိလိုက်တယ်။ တနည်း ပြောရမယ်ဆိုရင် သူ လုံးဝ ပြန်ကောင်းသွားပြီ...

အရမ်း အံ့ဩဖို့ကောင်းလိုက်တာ!

ဒီကမ္ဘာပေါ်က အရာအားလုံးဟာ သူစိတ်ကူးနိုင်တာတွေထက်ကို ကျော်နေတယ်ဆိုတာ ကောင်လေး တွေ့ရှိလိုက်တယ်။

ဟုတ်တာပေါ့၊ သူ့ကိုယ်သူ အထူးချွန်ဆုံးတစ်ယောက်လို့ မှတ်ယူနေဆဲ ဖြစ်တယ်။ အဆုံးတော့ သူလိုမျိုး ဘယ်သူမှ ထူးခြားဆန်းကျယ်ပြီး စွမ်းအားကြီးတဲ့ ခေါင်းဆောင်တစ်ယောက် ရှိနိုင်မှာမဟုတ်ဘူးလေ။ သူ အစားအသောက်အတွက်ပဲ ဖြစ်ဖြစ်၊ အဝတ်အစားအတွက်ပဲ ဖြစ်ဖြစ် ပူစရာ လုံးဝမလိုဘူး၊ သူ့ခေါင်းဆောင်နဲ့ တူတူနေရကတည်းက ကောင်းကောင်းတောင် စားလာရသေးတယ်။ ရေရှည် ထမင်းစားလက်မှတ် တစ်ခုကို သူ ရလိုက်တယ်လို့ သိလိုက်တယ်!

အဲ့လိုတွေးမိတော့ အောင်မြင်မှုနဲ့ စတင် ယစ်မူးလာတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဘုရင်ကြီးက သူ့ကို အခု အတော် အဓိပ္ပါယ်ပါတဲ့ အကြည့်တစ်ခုနဲ့ စိုက်ကြည့်နေတာကို ကောင်လေး သတိမထားမိဘူး။ ကောင်လေး သူ့အတွေးနဲ့သူ ပျော်နေပြီးနောက် ခေါင်းဆောင်က သူ့ဘေးမှာပဲ ရှိနေသေးတယ်ဆိုတာ နောက်ဆုံး သူ သတိရသွားတယ်။

"ခေါင်းဆောင်၊ မင်း အခု အရမ်း အံ့ဩဖို့ကောင်းတာပဲ! အဲ့အဘိုးကြီးက ဘယ်သူလဲ? သူက မင်းကို ဘာ့ကြောင့် အရမ်း လေးစားနေတာလဲ? မင်းက သူ့ခေါင်းဆောင်ပဲလား? လက်အောက်ငယ်သားတွေ ရှိရတာ သိပ်ကောင်းတာပဲ။ ကျွန်တော့မှာသာ အဲ့လိုလက်အောက်ငယ်သား တစ်ယောက် ရှိမယ်ဆိုရင် သူ့သမီးကို သူ ကောင်းကောင်းသင်ပေးဖို့ သေချာပေါက် လိုအပ်မှာပဲ။ သူ ပညာရေးမှာ နိမ့်ကျလို့သာ သူ့သမီးက ခုလို နွားတစ်ကောင်လို ရူးသွားရတာ!"

"ခုကစပြီး မင်းကိုယ်မင်း မသေမျိုးတစ်ယောက် ဖြစ်လာဖို့ ဘယ်လို ကျင့်ကြံရမလဲဆိုတာ ကိုယ်တော် သင်ပေးမယ်။" ငရဲမင်းကြီးက တိုးလျပြီး တပြေးညီအသံနဲ့ ပြောလိုက်တာကြောင့် ကောင်လေးရဲ့ စိတ်ကူးယဉ်မှုတို့ အဆက်ပြတ်သွားတယ်။

"ကျင့်ကြံမယ်? ဘာ့ကြောင့် ကျွန်တော်က ကျင့်ကြံဖို့လိုတာလဲ?" ကောင်လေးက အံ့ဩစွာ မေးလိုက်တယ်?

"စွမ်းအား ပိုရှိလာဖို့။ တကယ်လို့များ တစ်ယောက်ယောက်က မင်းကို ထပ်ပြီး အနိုင်လာကျင့်ဝံ့တယ်ဆိုရင် မင်းကိုယ်မင်း ကာကွယ်နိုင်လာမယ်" ဘုရင်ကြီးက ကောင်လေးကို ရိုးရှင်းစွာ ရှင်းပြလိုက်တယ်။

"ဘာ့ကြောင့်လဲ?" ကောင်လေးက နားမလည်နိုင်သေးပေ။

"တကယ်လို့ အခြားသူတွေက ကိုယ်တော့်ကို လေးစားတယ်ဆိုရင်၊​ ကိုယ်တော်လည်း လေးစားမှု ပြန်ပေးမယ်!" အနည်းငယ်ကြာ တွေးပြီးနောက် ငရဲမင်းကြီးက ထုတ်ပြောလိုက်တယ်။

"ဆန့်ကျင်ဖက်အနေနဲ့ တကယ်လို့ အခြားသူတွေက ကျွန်တော့ကို တစ်ချက်ရိုက်ရင် ကျွန်တော် သူတို့ကို နှစ်ကြိမ် ကန်ပစ်မယ်?" တော်တဲ့ကောင်လေးက ဘုရင်ကြီး ဘာကို ပြောဖို့ကြိုးစားနေတာလည်း ဆိုတာ ချက်ချင်း နားလည်သွားတယ်။ ဒါ့ကြောင့် သူက သူ့ယူဆချက်ကို အတည်ပြုဖို့ အဲ့လို ပြန်မေးလိုက်တယ်။

ငရဲမင်းကြီးက ကောင်လေးကို စူးစိုက်ပြီး ကြည့်လိုက်တယ်။ ဘုရင်ကြီးက ဘာမှ ပြန်မပြောခဲ့ပေမယ့် သူ့ရဲ့ အဓိပ္ပါယ်က ဟုတ်တယ်....

အဲ့နောက် ကောင်လေးက ကြက်သေသေသွားပြီး ခေါင်းညိတ်လိုက်တယ်။ သူ့ခေါင်းဆောင် ခုလေးတင်ပြောလိုက်တဲ့စကားကို အမှန်တရားတစ်ခုအနေနဲ့ မှတ်ယူဖို့ သူဆုံးဖြတ်လိုက်တယ်!

20210914; 0517

—————————— Zawgyi —————————

အပိုင္း ၂၄။ ငရဲမင္းႀကီးထံမွ ညႊန္ၾကားခ်က္

သူ႔အိတ္ကပ္ထဲက ဥကို အစြမ္းကုန္ ဝွက္ထားရင္း ေကာင္ေလးက ဘုရင္ႀကီးေနာက္ လိုက္ခဲ့ပါတယ္။

သူ႔ေခါင္းေဆာင္က ဥအေၾကာင္းကို သိသြားမွာကို သူ ေၾကာက္ေနတယ္။ ဒါ့ေၾကာင့္သူက သူ႔ေခါင္းေဆာင္မ်ား ႐ုတ္တရက္ ေနာက္လွည့္ၾကည့္လိုက္မလားဆိုၿပီး သူ႔ေခါင္းေဆာင္ကို အခ်ိန္တိုင္း ၾကည့္ေနတယ္။

သူတို႔ႏွစ္ေယာက္ နန္းေတာ္တံခါးဝကေန ထင္းလင္းစြာ ျဖတ္ေလ်ာက္လာခဲ့ၾကတယ္၊​ အဲ့ေနာက္မွာေတာ့ သူတို႔ေတြကို စူးစမ္းစြာ ၾကည့္ေနသူေတြ၊​ ၾကည္ညိဳေလးစားစြာ ၾကည့္ေနသူေတြရဲ့ ျမင္ကြင္းကေန တျဖည္းျဖည္း ေပ်ာက္ကြယ္သြားတယ္။

အျဖဴဝတ္အဘိုးအိုက ထြက္ေပါက္မွာ ရပ္ေနၿပီး သူတို႔ကို ေစာင့္ေနတယ္။ အဘိုးအိုရဲ့ ၿငိမ္သက္ေအးခ်မ္းေနတဲ့ပုံကို ၾကည့္ရင္း သူ႔လည္ပင္းကို မက်ဳံ႕ဘဲမေနနိုင္ ျဖစ္သြားတယ္။ 'သူ ဥအေၾကာင္း သိသြားၿပီထင္တယ္? အိုး၊ ဘုရားေရ၊ သူအခုစိတ္ဆိုးေနတာပဲ ျဖစ္ရမယ္' ေကာင္ေလးက ေတြးလိုက္တယ္။

ဒါေပမဲ့ အမွန္က အဘိုးအိုက သူေဒါသထြက္ထြက္၊​မထြက္ထြက္ သူ႔သခင္ စိတ္ဆိုးေအာင္ ဘယ္ေတာ့မွ လုပ္မွာမဟုတ္ဘူး။

တံခါးႀကီးက ျဖည္းျဖည္းခ်င္း ပိတ္သြားတယ္။ ဒါေပမဲ့ အျဖဴဝတ္ အဘိုးအိုက ဘုရင္ႀကီးနဲ႔ ေကာင္ေလးတို႔ေနာက္ကို မလိုက္ခဲ့ဘဲ စိတ္ေရာကိုယ္ပါ ႏွစ္ကာ အဲ့မွာပဲ ရပ္ၿပီး ေစာင့္ၾကပ္ေနခဲ့တယ္။

'ငါ အျပင္ ထပ္ၿပီးထြက္ေျပးသြားမွာကို တားဖို႔ အဲ့မွာပဲ ရပ္ေနတာ! အေသအခ်ာပဲ!' ေကာင္ေလးက မွန္းဆလိုက္တယ္။

နန္းေတာ္ကို ေကာင္ေလးျပန္လာၿပီးေနာက္ အေပၚဘက္က ခုံေပၚမွ ထိုင္ေနတဲ့သူကို ေငးၾကည့္ေနရင္း သူ႔လက္ေတြကို ေက်ာဘက္မွာ ဆက္တိုက္ ပြတ္ေနတယ္။

စကားပုံတစ္ခုလိုေပါ့၊ 'ရန္သူ မလွုပ္ရွားသ၍ ငါ နည္းနည္းေတာင္ လွုပ္မွာမဟုတ္ဘူး'

အျပစ္ရွိတဲ့အသိနဲ႔ ေကာင္ေလးက ဘာမွ မေျပာရဲေပ။ ဒီကိစၥအေပၚ သူ႔ေခါင္းေဆာင္ရဲ့ သေဘာထားကို သူမသိေသးတဲ့အတြက္ ဆိတ္ဆိတ္ေနဖို႔ဘဲ သူ ဆုံးျဖတ္လိုက္တယ္။ ဘယ္လိုပဲ ျဖစ္ျဖစ္ သူက အရင္ စကားစေျပာမွာမဟုတ္။ သူ႔ေခါင္းေဆာင္ ထုတ္ေျပာလာတာနဲ႔ သူ ဘာျပန္ေျဖရမလဲဆိုတာ စဥ္စားမယ္။

ဒါေပမဲ့ ေကာင္ေလးက သူ႔ကိုယ္သူ အထင္ႀကီးလြန္ၿပီး ငရဲမင္းႀကီးကို အထင္ေသးလြန္သြားတယ္။

သူတို႔ နန္းေတာ္ထဲ ဝင္လာကတည္းက ဘုရင္ႀကီးက တစ္လုံးမွ မဖြင့္ဟလာေသးဘဲ ေကာင္ေလးကို တခ်ိန္လုံး စိုက္ၾကည့္ေနခဲ့တယ္။

'ဒါ သူတို႔ေခၚတဲ့ စိတ္ဓါတ္စစ္ဆင္ေရးလား?'

အဲ့တာေတြးမိေတာ့ ေကာင္ေလးက ေတာင့္သြားၿပီး အကူအကယ္မဲ့ ျဖစ္သြားရတယ္။​ အဲ့လို အၾကာႀကီး စိုက္ၾကည့္ခံရတာ သူ သည္းမခံနိုင္ဘူး၊ ၾကက္သီးေတြ ထလာလိမ့္မယ္။ ၾကက္သီးေတြ သူ႔တကိုယ္လုံး ထေနမယ္ဆိုရင္ ေတာ္ေတာ္ ေနရ အဆင္မ​ေျပျဖစ္မွာ!

"ေခါင္းေဆာင္၊ ကၽြန္ေတာ့ကို အခု စိတ္ဆိုးေနတာလား?" ေကာင္ေလးက ခဏေလာက္ ခ်င့္ခ်ိန္လိုက္ၿပီး ေနာက္ဆုံးေတာ့ သူသာ အမွန္အတိုင္းေျပာမယ္ဆိုရင္ ျပစ္ဒဏ္ေလ်ာ့ေပါ့ေပးမွာပဲဆိုတဲ့ ယုံၾကည္ခ်က္နဲ႔ ဆုံးျဖတ္လိုက္တယ္။ ဒါ့ေၾကာင့္ သူ ေနာက္ဆုံးေတာ့ ဂ႐ုတစိုက္နဲ႔ သူ႔ပါးစပ္ကို ဖြင့္လိုက္တယ္။

"ဒီလာခဲ့" ဘုရင္ႀကီးကလည္း စတင္ စကားေျပာလာတယ္။

ေကာင္ေလးက ထြက္သက္မွုတ္ထုတ္လိုက္တယ္။ ဘုရင္ႀကီးရဲ့ မ်က္ႏွာမွာ ဘာအမူအယာမွ ရွိမေနေပမဲ့ သူ႔ေခါင္းေဆာင္ စကားေျပာတာ ၾကားလိုက္ရေတာ့ ဝမ္းသာသြားတယ္။

"ေခါင္းေဆာင္" ေကာင္ေလးက ေခ်ာ့ေမာ့ခ်င္တဲ့မ်က္ႏွာ လုပ္လိုက္ၿပီး ဘုရင္ႀကီးဆီကို အျပဳံးတစ္ပြင့္နဲ႔အတူ ေျပးသြားလိုက္တယ္။ သူ႔အိတ္ကပ္ထဲက မိစၧာသားရဲဥကိုလည္း ဖုံးထားဖို႔ မေမ့ဘူး၊ ဒါ သူ႔မွာရွိတဲ့ တစ္ခုတည္းေသာ ပိုင္ဆိုင္မွုေလ။ အေမႊးမဲ့ၾကက္ကလည္း သူနဲ႔သက္ဆိုင္တယ္ဆိုေပမဲ့ ဘုရင္ႀကီးေျပာခဲ့တာက မိစၧာသားရဲတစ္ေကာင္ဟာ သူ႔သခင္နဲ႔ စာခ်ဳပ္ခ်ဳပ္ၿပီးသြားၿပီဆိုရင္ အျခားသူကို ဘယ္ေတာ့မွ ေရာင္းလို႔မရေတာ့ဘူးတဲ့။ ဒါ့အျပင္ ေကာင္ေလးသံသယဝင္တာက ဒီၾကက္က အရမ္း႐ုပ္ဆိုးတဲ့အတြက္ ဘယ္သူကမွ လိုခ်င္ပါ့မလားလို႔ေလ။ အဲ့ေနာက္မွာေတာ့ ၾကက္ကို စိတ္မပါလက္မပါနဲ႔ လက္ခံလိုက္ဖို႔ပဲ​ သူတတ္နိုင္ခဲ့ေတာ့တယ္။

"အဲ့တာ နာလား?"

ဘုရင္ႀကီးက ေကာင္ေလး ဘာမွမတုံ႔ျပန္နိုင္ခင္မွာပဲ ေကာင္ေလးရဲ့ မ်က္ႏွာကို သူ႔လက္နဲ႔ ထိလိုက္တယ္။ ငရဲမင္းႀကီးက သုန္းဖန္းလင္အာ ပါးခ်ခဲ့တဲ့ ေကာင္ေလးရဲ့အသားအေရအစိတ္အပိုင္းကို ထိလိိုက္တယ္။ သူ႔ရဲ့ႏူးညံ့ေအးစက္ေနတဲ့ လက္ေခ်ာင္းေလးေတြက ဒီကမၻာေပၚက နာက်င္မွုအားလုံးကို သက္သာသြားေစသလိုပါပဲ။ အခ်ိန္အနည္းငယ္ အတြင္းမွာပဲ ေကာင္ေလးရဲ့ ေယာင္ကိုင္းေနတဲ့ မ်က္ႏွာဟာ ျပန္ၿပီး ေခ်ာမြတ္ႏူးညံ့လာတယ္။

ေကာင္ေလးက ေခါင္းညိတ္လိုက္ခ်င္ေပမဲ့ မူလက ေယာင္ကိုင္းေနတဲ့ သူမ်က္ႏွာဟာ မနာေတာ့ေၾကာင္း သူ ႐ုတ္တရက္ ေတြ႕ရွိလိုက္ရတယ္။ အဲ့ေနာက္မွာေတာ့ သူ႔မ်က္ႏွာကို ထိလိုက္ၿပီးေနာက္ ဘာနာက်င္မွုမွ မရွိေတာ့ပဲ အရင္ကလို ေခ်ာမြတ္ေနတဲ့ သူ႔အသားအေရကိုသာ သူခံစားမိလိုက္တယ္။ တနည္း ေျပာရမယ္ဆိုရင္ သူ လုံးဝ ျပန္ေကာင္းသြားၿပီ...

အရမ္း အံ့ဩဖို႔ေကာင္းလိုက္တာ!

ဒီကမၻာေပၚက အရာအားလုံးဟာ သူစိတ္ကူးနိုင္တာေတြထက္ကို ေက်ာ္ေနတယ္ဆိုတာ ေကာင္ေလး ေတြ႕ရွိလိုက္တယ္။

ဟုတ္တာေပါ့၊ သူ႔ကိုယ္သူ အထူးခၽြန္ဆုံးတစ္ေယာက္လို႔ မွတ္ယူေနဆဲ ျဖစ္တယ္။ အဆုံးေတာ့ သူလိုမ်ိဳး ဘယ္သူမွ ထူးျခားဆန္းက်ယ္ၿပီး စြမ္းအားႀကီးတဲ့ ေခါင္းေဆာင္တစ္ေယာက္ ရွိနိုင္မွာမဟုတ္ဘူးေလ။ သူ အစားအေသာက္အတြက္ပဲ ျဖစ္ျဖစ္၊ အဝတ္အစားအတြက္ပဲ ျဖစ္ျဖစ္ ပူစရာ လုံးဝမလိုဘူး၊ သူ႔ေခါင္းေဆာင္နဲ႔ တူတူေနရကတည္းက ေကာင္းေကာင္းေတာင္ စားလာရေသးတယ္။ ေရရွည္ ထမင္းစားလက္မွတ္ တစ္ခုကို သူ ရလိုက္တယ္လို႔ သိလိုက္တယ္!

အဲ့လိုေတြးမိေတာ့ ေအာင္ျမင္မွုနဲ႔ စတင္ ယစ္မူးလာတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ ဘုရင္ႀကီးက သူ႔ကို အခု အေတာ္ အဓိပၸါယ္ပါတဲ့ အၾကည့္တစ္ခုနဲ႔ စိုက္ၾကည့္ေနတာကို ေကာင္ေလး သတိမထားမိဘူး။ ေကာင္ေလး သူ႔အေတြးနဲ႔သူ ေပ်ာ္ေနၿပီးေနာက္ ေခါင္းေဆာင္က သူ႔ေဘးမွာပဲ ရွိေနေသးတယ္ဆိုတာ ေနာက္ဆုံး သူ သတိရသြားတယ္။

"ေခါင္းေဆာင္၊ မင္း အခု အရမ္း အံ့ဩဖို႔ေကာင္းတာပဲ! အဲ့အဘိုးႀကီးက ဘယ္သူလဲ? သူက မင္းကို ဘာ့ေၾကာင့္ အရမ္း ေလးစားေနတာလဲ? မင္းက သူ႔ေခါင္းေဆာင္ပဲလား? လက္ေအာက္ငယ္သားေတြ ရွိရတာ သိပ္ေကာင္းတာပဲ။ ကၽြန္ေတာ့မွာသာ အဲ့လိုလက္ေအာက္ငယ္သား တစ္ေယာက္ ရွိမယ္ဆိုရင္ သူ႔သမီးကို သူ ေကာင္းေကာင္းသင္ေပးဖို႔ ေသခ်ာေပါက္ လိုအပ္မွာပဲ။ သူ ပညာေရးမွာ နိမ့္က်လို႔သာ သူ႔သမီးက ခုလို ႏြားတစ္ေကာင္လို ႐ူးသြားရတာ!"

"ခုကစၿပီး မင္းကိုယ္မင္း မေသမ်ိဳးတစ္ေယာက္ ျဖစ္လာဖို႔ ဘယ္လို က်င့္ႀကံရမလဲဆိုတာ ကိုယ္ေတာ္ သင္ေပးမယ္။" ငရဲမင္းႀကီးက တိုးလ်ၿပီး တေျပးညီအသံနဲ႔ ေျပာလိုက္တာေၾကာင့္ ေကာင္ေလးရဲ့ စိတ္ကူးယဥ္မွုတို႔ အဆက္ျပတ္သြားတယ္။

"က်င့္ႀကံမယ္? ဘာ့ေၾကာင့္ ကၽြန္ေတာ္က က်င့္ႀကံဖို႔လိုတာလဲ?" ေကာင္ေလးက အံ့ဩစြာ ေမးလိုက္တယ္?

"စြမ္းအား ပိုရွိလာဖို႔။ တကယ္လို႔မ်ား တစ္ေယာက္ေယာက္က မင္းကို ထပ္ၿပီး အနိုင္လာက်င့္ဝံ့တယ္ဆိုရင္ မင္းကိုယ္မင္း ကာကြယ္နိုင္လာမယ္" ဘုရင္ႀကီးက ေကာင္ေလးကို ရိုးရွင္းစြာ ရွင္းျပလိုက္တယ္။

"ဘာ့ေၾကာင့္လဲ?" ေကာင္ေလးက နားမလည္နိုင္ေသးေပ။

"တကယ္လို႔ အျခားသူေတြက ကိုယ္ေတာ့္ကို ေလးစားတယ္ဆိုရင္၊​ ကိုယ္ေတာ္လည္း ေလးစားမွု ျပန္ေပးမယ္!" အနည္းငယ္ၾကာ ေတြးၿပီးေနာက္ ငရဲမင္းႀကီးက ထုတ္ေျပာလိုက္တယ္။

"ဆန္႔က်င္ဖက္အေနနဲ႔ တကယ္လို႔ အျခားသူေတြက ကၽြန္ေတာ့ကို တစ္ခ်က္ရိုက္ရင္ ကၽြန္ေတာ္ သူတို႔ကို ႏွစ္ႀကိမ္ ကန္ပစ္မယ္?" ေတာ္တဲ့ေကာင္ေလးက ဘုရင္ႀကီး ဘာကို ေျပာဖို႔ႀကိဳးစားေနတာလည္း ဆိုတာ ခ်က္ခ်င္း နားလည္သြားတယ္။ ဒါ့ေၾကာင့္ သူက သူ႔ယူဆခ်က္ကို အတည္ျပဳဖို႔ အဲ့လို ျပန္ေမးလိုက္တယ္။

ငရဲမင္းႀကီးက ေကာင္ေလးကို စူးစိုက္ၿပီး ၾကည့္လိုက္တယ္။ ဘုရင္ႀကီးက ဘာမွ ျပန္မေျပာခဲ့ေပမယ့္ သူ႔ရဲ့ အဓိပၸါယ္က ဟုတ္တယ္....

အဲ့ေနာက္ ေကာင္ေလးက ၾကက္ေသေသသြားၿပီး ေခါင္းညိတ္လိုက္တယ္။ သူ႔ေခါင္းေဆာင္ ခုေလးတင္ေျပာလိုက္တဲ့စကားကို အမွန္တရားတစ္ခုအေနနဲ႔ မွတ္ယူဖို႔ သူဆုံးျဖတ္လိုက္တယ္!

20210914; 0517

You are reading the story above: TeenFic.Net