22. The Intimidation from King of the Netherworld

Background color
Font
Font size
Line height

အပိုင်း ၂၂။ ငရဲမင်းကြီးထံမှ ခြိမ်းခြောက်မှု

အဲ့ဒီ့ဖိအားက မီးတောက်နန်းတော်မှာ နေထိုင်နေတဲ့ မီးတောက်ဝန်ကြီး သုန်းဖန်းအောင် အပါအဝင် အနားယူည မြို့တော်ရဲ့ အင်အားကြီး မူးမတ်တွေအားလုံးကို ထိတ်လန့်သွားစေခဲ့တယ်။

ငရဲပြည် စတင်တည်ထောင်ကတည်းက ကြီးမြတ်တဲ့ ငရဲမင်းကြီးဟာ တစ်ကြိမ်သာလျင် ပေါ်လာခဲ့ဖူးတယ်။ အဲ့တာကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်ရာကျော်က ဘုံ ၃ဘုံကြားမှာ ဖြစ်ပွါးတဲ့ စစ်ပွဲကြောင့် သူ ဒေါသထွက်ခဲ့ရတဲ့ အချိန်တုန်းက ဖြစ်တယ်။ ဒါပေမဲ့ ဒီတစ်ကြိမ်တော့ ကောင်းကင်နန်းတော်တည့်တည့်ကနေ ကြီးမားတဲ့ခြိမ်းခြောက်မှု ဖိအားက ပေါက်ကွဲပေါ်ထွက်လာတာဖြစ်တယ်။

ဘုရင်ကြီးရဲ့ရည်ရွယ်ချက်ကို လူတိုင်းက စပြီ မှန်းဆကြတယ်။

ဒါပေမဲ့ ငရဲမင်းကြီးဟာ လွန်ခဲ့တဲ့ ရက်အနည်းငယ်က သေသွားခဲ့ရတဲ့ လူသားတစ်ဦးအတွက် ခုလို လုပ်ရခြင်းဖြစ်တယ်ဆိုတာ သူတို့ လုံးဝမသိကြဘူး။ အမှန်တရားကို သိသွားခဲ့ရင် အားလုံး သေလုမတတ် အံ့ဩကြရလိမ့်မှာဖြစ်တယ်။

ဒီကမ္ဘာပေါ်ကအရာအားလုံး အေးခဲသွားပုံ ပေါ်သွားရတယ်။ ပွဲတိုင်းအောင် မိစ္ဆာဓါးမော့လည်း ကောင်လေးနဲ့ ကပ်လျက်မှာ ရပ်တန့်သွားရတယ်။

ယန်းမင်းက သူ့အတွင်းထဲက ထိတ်လန့်ကြောက်ရွံ့မှုကို မဖုံးနိုင်တော့ပေ။ သူ့လက်ထဲက ဓါးမော့ဟာ ကျောက်တုံးကြီးတစ်ခုအလား သူနည်းနည်းလေး ရွှေ့လို့တောင် မနိုင်ရလောက်အောင် အလွန်ပဲ လေးသွားရတယ်။ ပိုဆိုးတာက ခု သူက ပွဲတိုင်းအောင် မိစ္ဆာဓါးမော့ကို အာရုံစိုက်မနေနိုင်တော့ဘူး။ သူဟာ ထူးခြားဆန်းကြယ်တဲ့စွမ်းအားတစ်မျိုးကြောင့် အေးခဲသွားရတာကို သူ့ကိုယ်သူ သိရှိလိုက်ရတယ်။ ကြောက်ရွံ့ခြင်းနဲ့ အံ့အားသင့်ခြင်းတို့ကြောင့် ခေါင်းကနေ ခြေဖျားအထိ အေးစိမ့်လာရတယ်။

ဒီလိုစွမ်းအားကနေ သယ်ဆောင်လာတဲ့ ခံစားချက်ကို သူ လုံးဝ မေ့မှာမဟုတ်။ လွန်ခဲ့တဲ့နှစ် ထောင်ပေါင်းများစွာတုန်းက သူ ငရဲစောင့် အစိမ်းရောင်တပ်ဖွဲ့ ခေါင်းဆောင်အဖြစ် ရာထူးတိုးခဲ့စဉ် ဂုဏ်သရေရှိ ငရဲမင်းကြီးရဲ့ ကောင်းချီးပေးမှုကို ခံစားခဲ့ရတဲ့အချိန်ကို ခုထိ မှတ်မိနေဆဲပဲ။

အဲ့အချိန်တုန်းက ငရဲမင်းကြီးရဲ့စွမ်းအားဟာ ပျော့ပျောင်းပြီး ရေလို ဗလာဖြစ်ကာ သူ့ကို နွေးထွေးမှုတို့သာ ပေးခဲ့တာဖြစ်တယ်။

ဒါပေမဲ့ အခုတော့ အေးစက်တဲ့ဖိအားကိုသာ သူခံစားရတယ်။

ယန်းမင်း ဖြူဖျော့နေတဲ့မျက်နှာနဲ့ မြေကြီးပေါ် လဲကျသွားတယ်။ သေလုမတတ်ကို သူကြောက်သွားတဲ့အတွက် နောက် ဘာဆက်ဖြစ်မယ်ဆိုတာကို သူတွေးဖို့သတ္တိမရှိ။

သုန်းဖန်းလင်အာလည်း တူညီစွာကြောက်ရွံ့နေတဲ့ မျက်နှာနဲ့ မြေကြီးပေါ် ခွေယိုင်သွားတယ်။ အဲ့ဒီ့ဖိအား ပေါ်လာကတည်းက ထူးခြားဆန်းကျယ်တဲ့ တစ်စုံတစ်ခုက သူမကို အေးစက်တဲ့ မျက်လုံးအစုံနဲ့ စိုက်ကြည့်နေတယ်လို့ သူမ မပီမပြင် ခံစားမိလိုက်ရတယ်။ အဲ့နောက်မှာတော့ သုန်းဖန်းလင်အာက ကြောက်လွန်းတာကြောင့် ကောင်လေးဆီက ခုလေးတင် လုယူထားတဲ့ မိစ္ဆာသားရဲဥကို ကိုင်တောင် မကိုင်ထားနိုင်တော့ပေ။ အဲ့နောက်မှာတော့ ဥက ကောင်လေးရဲ့ခြေထောက်ဆီ လိမ့်သွားတယ်။

ငရဲမင်းကြီးထံက ထွက်လာတဲ့ ဖိအားကြောင့် လူအားလုံး မြေကြီးပေါ် ပြားပြားဝပ်ချလိုက်ပြီး ကောင်းကင်ထွတ်ထိပ်နန်းတော်ကို ဒူးထောက်ကာ ရိုသေစွာ ဦးချရုံကလွဲ၍ ဘာမှမတတ်နိုင်ကြပေ။

ကောင်လေးကို ဖမ်းချုပ်ထားတဲ့ အစောင့်၂ယောက်လည်း တုန်ရီသွားပြီး ဒူးထောက်ချလိုက်ကြတယ်။

ရုတ်တရက် လွတ်မြောက်သွားရတာကို သတိမပြုမိတဲ့ကောင်လေးက ချက်ချင်း ပစ်ကျသွားတာကြောင့် သူ့မျက်နှာက နာကျင်မှုတို့နဲ့ ရှုံ့တွသွားတယ်။

သူ့တင်ပါးကို နှိပ်နယ်လိုက်ပြီးနောက် မတ်တပ်ထရပ်လိုက်ပြီး မိစ္ဆာသားရဲဥကို သူ့လက်ထဲ ပြန်ထည့်လိုက်တယ်။ နန်းတော်ကနေ ဒီဥကိုခိုးဖို့ သူ့အတွက် အရမ်း ခက်ခဲခဲ့တာ။ ငွေမရလိုက်ဘဲ ဆုံးရှုံးလိုက်ရမယ်ဆိုရင် သူတော့ သေပြီပဲ။ သူ့ကိုယ်သူ အမြတ်ထက် ရှုံးခွင့်ကို မပြုနိုင်ဘူး။

ငရဲမင်းကြီးထံကနေလာတဲ့ ဖိအားက တိကျတဲ့ပစ်မှတ်ကိုပဲ ဦးတည်တာကြောင့် ကောင်လေးက ကြောက်တဲ့စိတ် လုံးဝမခံစားရပေ။

သူ့မိစ္ဆာသားရဲဥကို သူပြန်ရပြီးနောက် ပတ်ဝန်းကျင်က လူတွေအားလုံး ထူးထူးဆန်းဆန်း ပြုမူနေကြတာကို သူတွေ့လိုက်ရတယ်။ သူ့ကို ခုလေးတင် အလွန်မောက်မောက်မာမာ ပြုမူဆက်ဆံခဲ့ကြတဲ့ သုန်းဖန်းလင်အာနဲ့ ယန်းမင်းတို့က သူ့အရှေ့မှာ နိမ့်ကျစွာ ဒူးထောက်နေကြတယ်။

အခု ဘာတွေဖြစ်သွားတာလဲ?

ကောင်လေးက ငေးစိုက်ကြည့်လိုက်ပြီး ချက်ချင်းပဲ ရှက်သွေးဖြန်းသွားတယ်။ သူ့ပတ်ဝန်းကျင်က လူတွေအားလုံးကို တစ်ချက်ကြည့်လိုက်ရင်း ကြောင်သွားကာ နောက်ဆုံးတော့ သူ့အရှေ့က လူနှစ်ယောက်ကို ပြောလိုက်တယ်၊ "တကယ်တော့ မင်းတို့နှစ်ယောက် မင်းတို့အမှားကို မင်းတို့သိတယ်ဆိုရင် ငါ့ကို တောင်းပန်ဖို့ပဲ လိုတာပါ။ ငါ့ကို ဒူးထောက်ဖို့ မလိုပါဘူး။ ငါက ကျိုးကြောင်းမသင့်တဲ့လူမျိုး မဟုတ်ပါဘူး။ မင်းတို့ထဲက တစ်ယောက်က ငါ့ကို ပါးရိုက်ခဲ့ပြီး နောက်တစ်ယောက်က ငါ့ကို သတ်ဖို့ကြိုးစားခဲ့ကြတယ်ဆိုပေမဲ့ ငါ ခုထိအကောင်းအတိုင်းပဲရှိသေးတယ်။ ဒါ့ကြောင့် မင်းတို့နှစ်ယောက် ငါ့ကို တောင်းပန်နေသ၍ ငါ ခွင့်လွှတ်ပေးဖို့ စဉ်းစားပါမယ်!"

ကောင်လေးရဲ့ ရိုးဖြောင့်တဲ့စကားကို ကြားလိုက်ရတော့ သုန်းဖန်းလင်အာ သူ့လျာသူ ကိုက်မိမတတ် ဖြစ်သွားရတယ်။ သူ တကယ် ရူးသွားတော့မှာပဲ။

'ငါက မင်းကို ဒူးထောက်ချင်တယ်လို့များ မင်းထင်နေလား? ထူးဆန်းတဲ့စွမ်းအားကလာတဲ့ ဖိအားက ငါ့ကို မတ်မတ်မရပ်နိုင် ခေါင်းမမော့နိုင် ဖြစ်နေစေလို့သာ။ အဲ့အတွက်ကြောင့်သာမဟုတ်ရင် မင်းကို ပါးထပ်ချဦးမှာ! သောက်ပါးစပ်သာ ပိတ်ထားလိုက်စမ်းပါ!' သုန်းဖန်းလင်အာက အတွင်းကြိတ် အော်လိုက်တယ်။

သုန်းဖန်းလင်အာနဲ့ ယန်းမင်းက သူ့စကားတွေအပေါ် ဘာတုံ့ပြန်မှုမှ မရှိတဲ့အခါ သူပြောလိုက်တာကို သူတို့တွေ မယုံလို့ဖြစ်မယ်လို့ ယူဆလိုက်တယ်။ အဲ့နောက် သူက ခုလိုပြောလိုက်ရင်း ရက်ရောတဲ့အမူအယာ လုပ်ဖို့ ဆုံးဖြတ်လိုက်တယ်။ "မင်းတို့တွေ တကယ်ကို စိတ်အနှောက်အယှက်ဖြစ်စရာ ကောင်းတာပဲ၊ ဒါပေမဲ့ မင်းတို့အမှား မင်းတို့ ဝန်ခံပြီး အမှန်ပြန်ပြင်မယ်ဆိုရင် ငါ ခွင့်လွှတ်နိုင်ပါသေးတယ်။ ပြီးတော့ တောင်းပန်တဲ့အနေနဲ့ မင်းတို့ရဲ့ အဖိုးအတန်ဆုံးပစ္စည်းကို ပေးနိုင်မယ်ဆိုရင် မင်းတို့ကို ခွင့်လွှတ်ဖို့ ငါ့ကိုယ်ငါ တိုက်တွန်းပါ့မယ်။ အဲ့လိုဆို ဘယ်လိုလဲ?"

အဲ့တာကို ကြားပြီးနောက် သုန်းဖန်းလင်အာ ဒေါပွသွားရတယ်။ သူမရဲ့ လှပတဲ့မျက်နှာဟာ ရက်စက်ပြီး ကြောက်ဖို့ကောင်းတဲ့အကြည့်တို့နဲ့ လုံးလုံးလျားလျား တွန့်လိမ်သွားရတယ်။ ယုတ်မာတဲ့အကြည့် သူမ မျက်ဝန်းထဲ ပေါ်လာပြီး မြေပေါ်ထောက်ထားတဲ့ သူမရဲ့ ညာလက်ကို ရုတ်တရက် နည်းနည်းလေး ရွှေ့လိုက်တယ်။ သူမ င်္အကျီလက်ထဲမှာ အဆိပ်သုတ်ထားတဲ့ ငွေအပ်တစ်ချောင်းရှိတယ်။ ဘယ်သူမှ သတိမထားမိခင်မှာပဲ အဆိပ်အပ်ကို ကောင်လေးဆီ တည့်တည့် ပစ်လိုက်တယ်။ လေထဲမှာ ငွေရောင်အလင်းလေး ဖျက်ခနဲ လက်သွားတယ်။

အဆိပ်ပြင်းအားက ကောင်းကင်သေခြင်း ငါးမျိုးထက်ပဲ နိမ့်တာကြောင့် စွမ်းအားကြီးတဲ့ ကျင့်ကြံသူတစ်ယောက်တောင် အဲ့အဆိပ်ကို ခံနိုင်ရည်ရှိမှာမဟုတ်ပေ။

အဖြေကိုစောင့်နေတဲ့ ကောင်လေးက သူ အန္တရာယ် ကျရောက်နေပြီဆိုတာ သတိမပြုမိဘူး။ ဒါပေမဲ့ တစ်စုံတစ်ယောက်ရဲ့ လက်မောင်းကျယ်ကြီးထဲ သူ ဆွဲသွင်းခြင်းခံလိုက်ရတယ်။ မနိမ့်မမြင့်တဲ့အသံတစ်ခုက နားထဲတိုးဝင်လာတယ်။

"တစ်နာရီပြည့်ပြီ။"

ငရဲမင်းကြီး ကြွရောက်လာတာကြောင့် လူတိုင်း အလွန်အံ့အားသင့်သွားကြတယ်။!

ကောင်လေးကို စော်ကားခဲ့တဲ့ အဲ့ဒီ့ မျိုးရိုးမြတ် ငရဲသားတွေအားလုံး သူတို့တော့ သေရတော့မယ်လို့ ခံစားလိုက်ရပြီး သွေးဆုတ်ဖြူရော်သွားကြတယ်။

"ခေါင်းဆာင်ရောက်လာတာ အချိန်ကိုက်ပဲ! ဒါပေမဲ့ ကျွန်တော် သူတို့ကို ထိန်းချုပ်ပြီးသွားပြီ။ ကြည့်၊ သူတို့တွေ ကျွန်တော့ကို အရမ်းကြောက်နေကြပြီး ရပ်တောင် မရပ်ဝံ့ကြတော့ဘူး!" ကောင်လေးက သူ့တင်ပါးပေါ် သူ့လက်ကို ကျေနပ်စွာ တင်လိုက်ရင်း ကျယ်လောင်စွာ ရီလိုက်တယ်၊ တကယ့်အခြေအနေက ဘာဆိုတာကို လုံးဝ လျစ်လျူရှုရင်းပေါ့။

ဘုရင်ကြီးရဲ့ မရီမပြုံးမျက်နှာက ကောင်လေးပြောတာ ကြားပြီးတဲ့နောက် အနည်းငယ် နူးညံ့သွားတယ်။ အဲ့နောက် သူ့အကြည့်ကို နာကျင်မှုအပြည့် ခံစားနေရတဲ့ သုန်းဖန်းလင်အာအပေါ် ရွှေ့လိုက်တယ်။ အဲ့နောက်မှာတော့ ဘုရင်ကြီးက သူ့လက်ကို ငြင်သာစွာ မြှောက်လိုက်တယ်။ မိန်းခလေးကို သူ့ရဲ့ စိတ်ဝိညာဉ်စွမ်းအားနဲ့ ထိုးနှက်တော့မယ့်အချိန်မှာပဲ အဝေးကြီးကနေ ထွက်လာတဲ့ စိုးရိမ်ပူပန်နေတဲ့ အသံတစ်သံကို သူကြားလိုက်ရတယ်။ "ဘုရင်ကြီး၊ ကျေးဇူးပြုပြီး သနားညှာတာမှုအချို့ ပြုပေးပါ!"

20210912; 2036

—————————— Zawgyi —————————

အပိုင္း ၂၂။ ငရဲမင္းႀကီးထံမွ ၿခိမ္းေျခာက္မွု

အဲ့ဒီ့ဖိအားက မီးေတာက္နန္းေတာ္မွာ ေနထိုင္ေနတဲ့ မီးေတာက္ဝန္ႀကီး သုန္းဖန္းေအာင္ အပါအဝင္ အနားယူည ၿမိဳ႕ေတာ္ရဲ့ အင္အားႀကီး မူးမတ္ေတြအားလုံးကို ထိတ္လန္႔သြားေစခဲ့တယ္။

ငရဲျပည္ စတင္တည္ေထာင္ကတည္းက ႀကီးျမတ္တဲ့ ငရဲမင္းႀကီးဟာ တစ္ႀကိမ္သာလ်င္ ေပၚလာခဲ့ဖူးတယ္။ အဲ့တာကေတာ့ လြန္ခဲ့တဲ့ ႏွစ္ေပါင္း တစ္ရာေက်ာ္က ဘုံ ၃ဘုံၾကားမွာ ျဖစ္ပြါးတဲ့ စစ္ပြဲေၾကာင့္ သူ ေဒါသထြက္ခဲ့ရတဲ့ အခ်ိန္တုန္းက ျဖစ္တယ္။ ဒါေပမဲ့ ဒီတစ္ႀကိမ္ေတာ့ ေကာင္းကင္နန္းေတာ္တည့္တည့္ကေန ႀကီးမားတဲ့ၿခိမ္းေျခာက္မွု ဖိအားက ေပါက္ကြဲေပၚထြက္လာတာျဖစ္တယ္။

ဘုရင္ႀကီးရဲ့ရည္ရြယ္ခ်က္ကို လူတိုင္းက စၿပီ မွန္းဆၾကတယ္။

ဒါေပမဲ့ ငရဲမင္းႀကီးဟာ လြန္ခဲ့တဲ့ ရက္အနည္းငယ္က ေသသြားခဲ့ရတဲ့ လူသားတစ္ဦးအတြက္ ခုလို လုပ္ရျခင္းျဖစ္တယ္ဆိုတာ သူတို႔ လုံးဝမသိၾကဘူး။ အမွန္တရားကို သိသြားခဲ့ရင္ အားလုံး ေသလုမတတ္ အံ့ဩၾကရလိမ့္မွာျဖစ္တယ္။

ဒီကမၻာေပၚကအရာအားလုံး ေအးခဲသြားပုံ ေပၚသြားရတယ္။ ပြဲတိုင္းေအာင္ မိစၧာဓါးေမာ့လည္း ေကာင္ေလးနဲ႔ ကပ္လ်က္မွာ ရပ္တန္႔သြားရတယ္။

ယန္းမင္းက သူ႔အတြင္းထဲက ထိတ္လန္႔ေၾကာက္ရြံ့မွုကို မဖုံးနိုင္ေတာ့ေပ။ သူ႔လက္ထဲက ဓါးေမာ့ဟာ ေက်ာက္တုံးႀကီးတစ္ခုအလား သူနည္းနည္းေလး ေရႊ႕လို႔ေတာင္ မနိုင္ရေလာက္ေအာင္ အလြန္ပဲ ေလးသြားရတယ္။ ပိုဆိုးတာက ခု သူက ပြဲတိုင္းေအာင္ မိစၧာဓါးေမာ့ကို အာ႐ုံစိုက္မေနနိုင္ေတာ့ဘူး။ သူဟာ ထူးျခားဆန္းၾကယ္တဲ့စြမ္းအားတစ္မ်ိဳးေၾကာင့္ ေအးခဲသြားရတာကို သူ႔ကိုယ္သူ သိရွိလိုက္ရတယ္။ ေၾကာက္ရြံ့ျခင္းနဲ႔ အံ့အားသင့္ျခင္းတို႔ေၾကာင့္ ေခါင္းကေန ေျခဖ်ားအထိ ေအးစိမ့္လာရတယ္။

ဒီလိုစြမ္းအားကေန သယ္ေဆာင္လာတဲ့ ခံစားခ်က္ကို သူ လုံးဝ ေမ့မွာမဟုတ္။ လြန္ခဲ့တဲ့ႏွစ္ ေထာင္ေပါင္းမ်ားစြာတုန္းက သူ ငရဲေစာင့္ အစိမ္းေရာင္တပ္ဖြဲ႕ ေခါင္းေဆာင္အျဖစ္ ရာထူးတိုးခဲ့စဥ္ ဂုဏ္သေရရွိ ငရဲမင္းႀကီးရဲ့ ေကာင္းခ်ီးေပးမွုကို ခံစားခဲ့ရတဲ့အခ်ိန္ကို ခုထိ မွတ္မိေနဆဲပဲ။

အဲ့အခ်ိန္တုန္းက ငရဲမင္းႀကီးရဲ့စြမ္းအားဟာ ေပ်ာ့ေပ်ာင္းၿပီး ေရလို ဗလာျဖစ္ကာ သူ႔ကို ေႏြးေထြးမွုတို႔သာ ေပးခဲ့တာျဖစ္တယ္။

ဒါေပမဲ့ အခုေတာ့ ေအးစက္တဲ့ဖိအားကိုသာ သူခံစားရတယ္။

ယန္းမင္း ျဖဴေဖ်ာ့ေနတဲ့မ်က္ႏွာနဲ႔ ေျမႀကီးေပၚ လဲက်သြားတယ္။ ေသလုမတတ္ကို သူေၾကာက္သြားတဲ့အတြက္ ေနာက္ ဘာဆက္ျဖစ္မယ္ဆိုတာကို သူေတြးဖို႔သတၱိမရွိ။

သုန္းဖန္းလင္အာလည္း တူညီစြာေၾကာက္ရြံ့ေနတဲ့ မ်က္ႏွာနဲ႔ ေျမႀကီးေပၚ ေခြယိုင္သြားတယ္။ အဲ့ဒီ့ဖိအား ေပၚလာကတည္းက ထူးျခားဆန္းက်ယ္တဲ့ တစ္စုံတစ္ခုက သူမကို ေအးစက္တဲ့ မ်က္လုံးအစုံနဲ႔ စိုက္ၾကည့္ေနတယ္လို႔ သူမ မပီမျပင္ ခံစားမိလိုက္ရတယ္။ အဲ့ေနာက္မွာေတာ့ သုန္းဖန္းလင္အာက ေၾကာက္လြန္းတာေၾကာင့္ ေကာင္ေလးဆီက ခုေလးတင္ လုယူထားတဲ့ မိစၧာသားရဲဥကို ကိုင္ေတာင္ မကိုင္ထားနိုင္ေတာ့ေပ။ အဲ့ေနာက္မွာေတာ့ ဥက ေကာင္ေလးရဲ့ေျခေထာက္ဆီ လိမ့္သြားတယ္။

ငရဲမင္းႀကီးထံက ထြက္လာတဲ့ ဖိအားေၾကာင့္ လူအားလုံး ေျမႀကီးေပၚ ျပားျပားဝပ္ခ်လိုက္ၿပီး ေကာင္းကင္ထြတ္ထိပ္နန္းေတာ္ကို ဒူးေထာက္ကာ ရိုေသစြာ ဦးခ်႐ုံကလြဲ၍ ဘာမွမတတ္နိုင္ၾကေပ။

ေကာင္ေလးကို ဖမ္းခ်ဳပ္ထားတဲ့ အေစာင့္၂ေယာက္လည္း တုန္ရီသြားၿပီး ဒူးေထာက္ခ်လိုက္ၾကတယ္။

႐ုတ္တရက္ လြတ္ေျမာက္သြားရတာကို သတိမျပဳမိတဲ့ေကာင္ေလးက ခ်က္ခ်င္း ပစ္က်သြားတာေၾကာင့္ သူ႔မ်က္ႏွာက နာက်င္မွုတို႔နဲ႔ ရွုံ႔တြသြားတယ္။

သူ႔တင္ပါးကို ႏွိပ္နယ္လိုက္ၿပီးေနာက္ မတ္တပ္ထရပ္လိုက္ၿပီး မိစၧာသားရဲဥကို သူ႔လက္ထဲ ျပန္ထည့္လိုက္တယ္။ နန္းေတာ္ကေန ဒီဥကိုခိုးဖို႔ သူ႔အတြက္ အရမ္း ခက္ခဲခဲ့တာ။ ေငြမရလိုက္ဘဲ ဆုံးရွုံးလိုက္ရမယ္ဆိုရင္ သူေတာ့ ေသၿပီပဲ။ သူ႔ကိုယ္သူ အျမတ္ထက္ ရွုံးခြင့္ကို မျပဳနိုင္ဘူး။

ငရဲမင္းႀကီးထံကေနလာတဲ့ ဖိအားက တိက်တဲ့ပစ္မွတ္ကိုပဲ ဦးတည္တာေၾကာင့္ ေကာင္ေလးက ေၾကာက္တဲ့စိတ္ လုံးဝမခံစားရေပ။

သူ႔မိစၧာသားရဲဥကို သူျပန္ရၿပီးေနာက္ ပတ္ဝန္းက်င္က လူေတြအားလုံး ထူးထူးဆန္းဆန္း ျပဳမူေနၾကတာကို သူေတြ႕လိုက္ရတယ္။ သူ႔ကို ခုေလးတင္ အလြန္ေမာက္ေမာက္မာမာ ျပဳမူဆက္ဆံခဲ့ၾကတဲ့ သုန္းဖန္းလင္အာနဲ႔ ယန္းမင္းတို႔က သူ႔အေရွ႕မွာ နိမ့္က်စြာ ဒူးေထာက္ေနၾကတယ္။

အခု ဘာေတြျဖစ္သြားတာလဲ?

ေကာင္ေလးက ေငးစိုက္ၾကည့္လိုက္ၿပီး ခ်က္ခ်င္းပဲ ရွက္ေသြးျဖန္းသြားတယ္။ သူ႔ပတ္ဝန္းက်င္က လူေတြအားလုံးကို တစ္ခ်က္ၾကည့္လိုက္ရင္း ေၾကာင္သြားကာ ေနာက္ဆုံးေတာ့ သူ႔အေရွ႕က လူႏွစ္ေယာက္ကို ေျပာလိုက္တယ္၊ "တကယ္ေတာ့ မင္းတို႔ႏွစ္ေယာက္ မင္းတို႔အမွားကို မင္းတို႔သိတယ္ဆိုရင္ ငါ့ကို ေတာင္းပန္ဖို႔ပဲ လိုတာပါ။ ငါ့ကို ဒူးေထာက္ဖို႔ မလိုပါဘူး။ ငါက က်ိဳးေၾကာင္းမသင့္တဲ့လူမ်ိဳး မဟုတ္ပါဘူး။ မင္းတို႔ထဲက တစ္ေယာက္က ငါ့ကို ပါးရိုက္ခဲ့ၿပီး ေနာက္တစ္ေယာက္က ငါ့ကို သတ္ဖို႔ႀကိဳးစားခဲ့ၾကတယ္ဆိုေပမဲ့ ငါ ခုထိအေကာင္းအတိုင္းပဲရွိေသးတယ္။ ဒါ့ေၾကာင့္ မင္းတို႔ႏွစ္ေယာက္ ငါ့ကို ေတာင္းပန္ေနသ၍ ငါ ခြင့္လႊတ္ေပးဖို႔ စဥ္းစားပါမယ္!"

ေကာင္ေလးရဲ့ ရိုးေျဖာင့္တဲ့စကားကို ၾကားလိုက္ရေတာ့ သုန္းဖန္းလင္အာ သူ႔လ်ာသူ ကိုက္မိမတတ္ ျဖစ္သြားရတယ္။ သူ တကယ္ ႐ူးသြားေတာ့မွာပဲ။

'ငါက မင္းကို ဒူးေထာက္ခ်င္တယ္လို႔မ်ား မင္းထင္ေနလား? ထူးဆန္းတဲ့စြမ္းအားကလာတဲ့ ဖိအားက ငါ့ကို မတ္မတ္မရပ္နိုင္ ေခါင္းမေမာ့နိုင္ ျဖစ္ေနေစလို႔သာ။ အဲ့အတြက္ေၾကာင့္သာမဟုတ္ရင္ မင္းကို ပါးထပ္ခ်ဦးမွာ! ေသာက္ပါးစပ္သာ ပိတ္ထားလိုက္စမ္းပါ!' သုန္းဖန္းလင္အာက အတြင္းႀကိတ္ ေအာ္လိုက္တယ္။

သုန္းဖန္းလင္အာနဲ႔ ယန္းမင္းက သူ႔စကားေတြအေပၚ ဘာတုံ႔ျပန္မွုမွ မရွိတဲ့အခါ သူေျပာလိုက္တာကို သူတို႔ေတြ မယုံလို႔ျဖစ္မယ္လို႔ ယူဆလိုက္တယ္။ အဲ့ေနာက္ သူက ခုလိုေျပာလိုက္ရင္း ရက္ေရာတဲ့အမူအယာ လုပ္ဖို႔ ဆုံးျဖတ္လိုက္တယ္။ "မင္းတို႔ေတြ တကယ္ကို စိတ္အေႏွာက္အယွက္ျဖစ္စရာ ေကာင္းတာပဲ၊ ဒါေပမဲ့ မင္းတို႔အမွား မင္းတို႔ ဝန္ခံၿပီး အမွန္ျပန္ျပင္မယ္ဆိုရင္ ငါ ခြင့္လႊတ္နိုင္ပါေသးတယ္။ ၿပီးေတာ့ ေတာင္းပန္တဲ့အေနနဲ႔ မင္းတို႔ရဲ့ အဖိုးအတန္ဆုံးပစၥည္းကို ေပးနိုင္မယ္ဆိုရင္ မင္းတို႔ကို ခြင့္လႊတ္ဖို႔ ငါ့ကိုယ္ငါ တိုက္တြန္းပါ့မယ္။ အဲ့လိုဆို ဘယ္လိုလဲ?"

အဲ့တာကို ၾကားၿပီးေနာက္ သုန္းဖန္းလင္အာ ေဒါပြသြားရတယ္။ သူမရဲ့ လွပတဲ့မ်က္ႏွာဟာ ရက္စက္ၿပီး ေၾကာက္ဖို႔ေကာင္းတဲ့အၾကည့္တို႔နဲ႔ လုံးလုံးလ်ားလ်ား တြန္႔လိမ္သြားရတယ္။ ယုတ္မာတဲ့အၾကည့္ သူမ မ်က္ဝန္းထဲ ေပၚလာၿပီး ေျမေပၚေထာက္ထားတဲ့ သူမရဲ့ ညာလက္ကို ႐ုတ္တရက္ နည္းနည္းေလး ေရႊ႕လိုက္တယ္။ သူမ အၤက်ီလက္ထဲမွာ အဆိပ္သုတ္ထားတဲ့ ေငြအပ္တစ္ေခ်ာင္းရွိတယ္။ ဘယ္သူမွ သတိမထားမိခင္မွာပဲ အဆိပ္အပ္ကို ေကာင္ေလးဆီ တည့္တည့္ ပစ္လိုက္တယ္။ ေလထဲမွာ ေငြေရာင္အလင္းေလး ဖ်က္ခနဲ လက္သြားတယ္။

အဆိပ္ျပင္းအားက ေကာင္းကင္ေသျခင္း ငါးမ်ိဳးထက္ပဲ နိမ့္တာေၾကာင့္ စြမ္းအားႀကီးတဲ့ က်င့္ႀကံသူတစ္ေယာက္ေတာင္ အဲ့အဆိပ္ကို ခံနိုင္ရည္ရွိမွာမဟုတ္ေပ။

အေျဖကိုေစာင့္ေနတဲ့ ေကာင္ေလးက သူ အႏၲရာယ္ က်ေရာက္ေနၿပီဆိုတာ သတိမျပဳမိဘူး။ ဒါေပမဲ့ တစ္စုံတစ္ေယာက္ရဲ့ လက္ေမာင္းက်ယ္ႀကီးထဲ သူ ဆြဲသြင္းျခင္းခံလိုက္ရတယ္။ မနိမ့္မျမင့္တဲ့အသံတစ္ခုက နားထဲတိုးဝင္လာတယ္။

"တစ္နာရီျပည့္ၿပီ။"

ငရဲမင္းႀကီး ႂကြေရာက္လာတာေၾကာင့္ လူတိုင္း အလြန္အံ့အားသင့္သြားၾကတယ္။!

ေကာင္ေလးကို ေစာ္ကားခဲ့တဲ့ အဲ့ဒီ့ မ်ိဳးရိုးျမတ္ ငရဲသားေတြအားလုံး သူတို႔ေတာ့ ေသရေတာ့မယ္လို႔ ခံစားလိုက္ရၿပီး ေသြးဆုတ္ျဖဴေရာ္သြားၾကတယ္။

"ေခါင္းဆာင္ေရာက္လာတာ အခ်ိန္ကိုက္ပဲ! ဒါေပမဲ့ ကၽြန္ေတာ္ သူတို႔ကို ထိန္းခ်ဳပ္ၿပီးသြားၿပီ။ ၾကည့္၊ သူတို႔ေတြ ကၽြန္ေတာ့ကို အရမ္းေၾကာက္ေနၾကၿပီး ရပ္ေတာင္ မရပ္ဝံ့ၾကေတာ့ဘူး!" ေကာင္ေလးက သူ႔တင္ပါးေပၚ သူ႔လက္ကို ေက်နပ္စြာ တင္လိုက္ရင္း က်ယ္ေလာင္စြာ ရီလိုက္တယ္၊ တကယ့္အေျခအေနက ဘာဆိုတာကို လုံးဝ လ်စ္လ်ဴရွုရင္းေပါ့။

ဘုရင္ႀကီးရဲ့ မရီမျပဳံးမ်က္ႏွာက ေကာင္ေလးေျပာတာ ၾကားၿပီးတဲ့ေနာက္ အနည္းငယ္ ႏူးညံ့သြားတယ္။ အဲ့ေနာက္ သူ႔အၾကည့္ကို နာက်င္မွုအျပည့္ ခံစားေနရတဲ့ သုန္းဖန္းလင္အာအေပၚ ေရႊ႕လိုက္တယ္။ အဲ့ေနာက္မွာေတာ့ ဘုရင္ႀကီးက သူ႔လက္ကို ျငင္သာစြာ ေျမႇာက္လိုက္တယ္။ မိန္းခေလးကို သူ႔ရဲ့ စိတ္ဝိညာဥ္စြမ္းအားနဲ႔ ထိုးႏွက္ေတာ့မယ့္အခ်ိန္မွာပဲ အေဝးႀကီးကေန ထြက္လာတဲ့ စိုးရိမ္ပူပန္ေနတဲ့ အသံတစ္သံကို သူၾကားလိုက္ရတယ္။ "ဘုရင္ႀကီး၊ ေက်းဇူးျပဳၿပီး သနားညႇာတာမွုအခ်ိဳ႕ ျပဳေပးပါ!"

20210912; 2036

You are reading the story above: TeenFic.Net