အပိုင်း ၂၀။ အချိန်စေ့ပြီ
မီးလုံးအထဲ စွမ်းအားတွေ တဖြည်းဖြည်းတိုးလာတာကို ကြည့်နေရင်း ကြက်ကိုလုံးဝ ဂရုမစိုက်ခဲ့ကြတဲ့ ယန်းမင်းနဲ့ သုန်းဖန်းလင်အာတို့ ရုတ်တရက် မျက်မှောင်ကျုံ့လိုက်တယ်။
စွမ်းအားက အဆင့်တစ်ကနေ အဆင့်ခုနှစ် အထိ ရူးလောက်အောင် တဖြည်းဖြည်း တိုးတိုးလာတယ်။ ပြင်းထန်တဲ့ မုန်တိုင်း စပြီး တိုက်လာတော့ နေရာလပ်တွေမှာ စွမ်းအားတွေနဲ့ ပြည့်နှက်သွားတယ်။ လေထုထဲက စိတ်ဝိညာဉ်စွမ်းအားဟာ မီးလုံးရဲ့ ဆွဲဆောင်မှုကို ခံလိုက်ရပုံရပြီး မီးလုံးကို ပိုအားဖြည့်ပေးတဲ့ ကြီးမားတဲ့လေပွေတစ်ခု ဖွဲ့တည်လာတယ်...
ဒါဟာ အဆင့်ခုနှစ်ထက်မြင့်တဲ့ အဆင့်မြင့် မိစ္ဆာသားရဲတစ်ကောင်လား?
ယန်းမင်းနဲ့ သုန်းဖန်းလင်အာတို့ အံ့ဩလွန်းလို့ ပြောစရာတို့စကား လုံးဝပျောက်သွားရတယ်။ အမွှေးမဲ့ကြက်ဟာ သာမာန် အဆင့်မြင့်မိစ္ဆာသားရဲတစ်ကောင် ဖြစ်မယ်လို့ သူတို့ယူဆခဲ့တာဖြစ်တယ်။ ဒါပေမဲ့ သားရဲရဲ့အဆင့်ဟာ အဆင့်ခုနှစ်ထက် မြင့်နေတာမျိုး တခါမှ မကြုံဖူးခဲ့ကြပေ။ ဂုဏ်သရေရှိ မြင့်မြတ်တဲ့မူးမတ်တွေတောင် အဆင့်မြင့်မိစ္ဆာသားရဲ ငါးကောင်အောက်ပဲ ပိုင်ကြတာဖြစ်တယ်။ ဒါ့ကြောင့် အဆင့်မြင့်မိစ္ဆာသားရဲတစ်ကောင်ရှိတာဟာ ဘယ်လိုတောင် အဖိုးတန်သလဲဆိုတာ မြင်နိုင်တယ်!
ယန်းမင်းနဲ့ သုန်းဖန်းလင်အာရဲ့ စွမ်းအားက အဆင့်ငါး မိစ္ဆာ သားရဲနဲ့ ညီမျှတယ်၊ ဒါပေမဲ့အခု သူတို့ တိုက်နေရတာက အဆင့်ခုနှစ်မိစ္ဆာသားရဲတစ်ကောင်ပဲ ဖြစ်တယ်။ အားပြင်းပြင်းနဲ့သာ ပြန်ခုခံနိုင်စွမ်း မရှိဘူးဆိုရင် မီးလုံးနဲ့ရိုက်မိတာနဲ့တင် သူတို့ ဆိုးဆိုးဝါးဝါး ထိခိုက်ဒဏ်ရာရနိုင်တယ်၊ ဒါမှမဟုတ် ချက်ချင်း သေတောင် သေနိုင်တယ်။
အဲ့အချိန်မှာပဲ မီးလုံးဟာ လေထုထဲက စိတ်ဝိညာဉ်စွမ်းအားကို စုပ်ယူနေဆဲဖြစ်ပြီး ကြီးမားတဲ့အလုံးကြီးတစ်လုံးအဖြစ် ကျယ်ပြန့်လာပြီးဖြစ်တယ်။
အမွှေးမဲ့ကြက်က အဲ့လူနှစ်ယောက်ကို တုံ့ပြန်ဖို့အချိန်မပေးခဲ့။ မီးလုံးကို ၂လုံးအဖြစ် ခွဲလိုက်ပြီးနောက် အမွှေးမဲ့ကြက်ဟာ အော်ဟစ်လိုက်ပြီး ယန်းမင်းနဲ့ သုန်းဖန်းလင်အာတို့ဆီ အလျင်အမြန် ပျံသွားလိုက်တယ်...
အနက်ရောင်အရိပ်တစ်ခု သုန်းဖန်းလင်အာရှေ့ အပြေးအလွှားရောက်လာတယ်။ အဆင့်မြင့်စစ်သည်တော်တစ်ယောက်ရဲ့ စွမ်းအင်တို့ သူ့ကိုယ်ပေါ်ကနေ ထုတ်လွှတ်နေတယ်။ ယန်းမင်းက သူ့လက်ကို ဝှေ့ယမ်းလိုက်တာနဲ့ လေထုထဲမှာ လှုပ်ရှားမှုတစ်ခု ပေါ်ထွက်လာတယ်။ နောက်တစ်စက္ကန့်မှာ ထွင်းဖောက်မြင်နိုင်တဲ့ နံရံတစ်ခု သူ့အရှေ့မှာ တည်ဆောက်လိုက်သလို ထင်ရတယ်။ မီးလုံးက နံရံကို တည့်တည့်ရိုက်သွားပြီး နေရာအနှံ့ မီးပွါးတွေ စင်သွားတယ်။ ဒါပေမဲ့ နောက်ဆုံးတော့ အဲ့မီးပွါးတွေအကုန် ရေနဲ့အငြှိမ်းခံလိုက်ရတဲ့အလား ပျောက်ကွယ်သွားတယ်။
အမွှေးမဲ့ကြက်က ကောင်လေးကို လေလှိုင်းလုံးကြီး မရိုက်ခတ်မိအောင် ကာလိုက်တယ်။
ဒါပေမဲ့ ကောင်လေးက လေပြင်းတိုက်ခံရပြီးတဲ့နောက် ခြေလှမ်းအနည်းငယ် နောက်ဆုတ်သွားရတယ်။ တချိန်တည်းမှာပဲ သူ့လက်ထဲက မိစ္ဆာသားရဲဥက မြေကြီးပေါ် ကျသွားတယ်။ သူ ဥကို ကောက်လိုက်ချင်တဲ့အချိန်မှာပဲ သူ့အရှေ့က အမွှေးမဲ့ကြက်က ခြေတစ်လှမ်းနောက်ဆုတ်လိုက်တယ်။ ကောင်လေးက ဥကို ကောက်ဖို့မေ့လိုက်ပြီးတော့ သူ့လက်ကို မြန်မြန် ပြန်ရုတ်လိုက်တယ်။
"အာ့..." ကောင်လေးက စိတ်ပျက်ဖွယ်အော်လိုက်တယ်။
သူ့ညာလက်ကို ပြန်ရုတ်ဖို့လုပ်လိုက်နိုင်ပေမဲ့ ကံမကောင်းစွာပဲ သူ့ဘယ်လက်က အမွှေးမဲ့ကြက်ရဲ့ အနင်းခံလိုက်ရတယ်။ အမွှေးမဲ့ကြက်က အရမ်းလေးတာကြောင့် သူ့ဘယ်လက် ချက်ချင်း ရောင်လာရတယ်။ အဲ့နောက် ကောင်လေးက နာကျင်မှုကြောင့် အော်လိုက်တယ်။
"သောက်ကောင်၊ အမွှေးမဲ့ကြက်! မင်းတက်ဖိလိုက်လို့ ငါ့လက် ရောင်သွားရပြီ!"
အမွှေးမဲ့ကြက်က ကောင်လေးကို အပြစ်မရှိတဲ့အကြည့်တို့နဲ့ ကြည့်လိုက်တယ်။ ဒီလိုလုပ်ဖို့ မရည်ရွယ်ခဲ့ဘူး၊ သူကျိန်ဆိုရဲတယ်။ ကြက်က မီးမှုတ်ထုတ်တာ ရပ်လိုက်ပြီးတာတောင်မှ အနက်ဝတ်လူက အလွန်ကလိမ်ကကျစ်ကျပြီး တိုက်လိမ့်မယ်လို့ သူ လုံးဝ မမျှော်လင့်ခဲ့။ အမွှေးမဲ့ကြက်က သတိလွတ်သွားပြီး နောက်ဆုတ်ခဲ့လိုက်ရတယ်။ ကြက် မသိလိုက်တာတစ်ခုက သူ့သခင်က သူ့အနောက်မှာပဲ!
ကောင်လေးက ယောင်နေပြီဖြစ်တဲ့ သူ့လက်ကို ခါလိုက်ပြီး တဖူးဖူး မှုတ်လိုက်ရင်း အမွှေးမဲ့ကြက်ကို လက်ညှိုးထိုးလိုက်တယ်၊ "အား...! ငါ့ကို အဲ့လို သနားစရာကောင်းတဲ့အကြည့်နဲ့ လာမကြည့်နဲ့! မင်း ငါ့လက်ကို တက်ဖိလိုက်တာလေ! အဲ့တာ အမှန်တရားပဲ! မင်းလှည့်စားတာကို ငါခံမှာမဟုတ်ဘူး!"
'သခင်၊ ကျွန်တော်တကယ်မရည်ရွယ်ဘူး!'
အမွှေးမဲ့ကြက်က သူ့ကိုယ်သူအတွင်းကျိတ် ရှင်းပြနေပြီး ကတော်ကတော်လုပ်လိုက်တယ်။
အဲ့အချိန်မှာ သုန်းဖန်းလင်အာက အသိပြန်ဝင်လာပြီး ဖြစ်တယ်။ သူ့ပါးစပ် အနည်းငယ်ဟလိုက်ပြီး ဘာပြောရမှန်းမသိဖြစ်နေတယ်။ မိစ္ဆာသားရဲက အဆင့်ခုနှစ်ဆိုတဲ့အပေါ် အံ့အားသင့်နေရာကနေ သူမ မကျော်လွှားနိုင်သေး။အခုတော့ သူမက သူမရဲ့အစီအစဉ်ကို ပြန်စဉ်းစားရတော့မယ်။
ဒါပေမဲ့ မြေပြင်ပေါ်က မိစ္ဆာသားရဲဥကို သူမ မတော်တဆ အကြည့်ရောက်သွားတော့ အော်လုမတတ် ဖြစ်သွားရတယ်။
မိစ္ဆာသားရဲဥရဲ့ မျက်နှာပြင်မှာ ရောင်ခြည်ဖျော့ဖျော့တစ်ခု သိုင်းဝန်းထားတယ်။ ဥပေါ်က မထင်မရှား မျဉ်းတွေက ဒါဟာ အဆင့်မြင့်မိစ္ဆာသားရဲဥ တစ်ဥ ဆိုတာ ဖော်ပြနေတယ်။ အရေးအကြီးဆုံးက မထင်မရှား မျဉ်းတွေဟာ မိစ္ဆာသားရဲငယ် တစ်ကောင်ရဲ့ ကောက်ကြောင်းကို ဖော်ပြနေတာဖြစ်တယ်။ ကိုယ်ခန္ဓာဖွဲ့စည်းပုံအရနဲ့ မတည်ငြိမ်မှု ထုတ်လွှတ်နေပုံတို့အရ ဒါဟာ ရန်အလိုတတ်ဆုံး အဆင့်မြင့်မိစ္ဆာသားရဲလို့ အသိအမှတ်ပြုထားကြတဲ့ ဝံပုလွေပြာ တစ်ကောင်ပဲဆိုတာ အသိသာကြီးပဲ။ သူ့ရဲ့သွားထက်ထက်တွေ၊ ခြေသည်းတွေဟာ အခြားသူတွေကို လွယ်လွယ်ကူကူ ခြေမွနိုင်တဲ့ သူ့ရဲ့ အကောင်းဆုံး လက်နက်တွေပဲ ဖြစ်တယ်။
ဝံပုလွေပြာမျိုးနွယ်တွေဟာ ဘုံ ၃ဘုံမှာ ပျောက်ကွယ်လုနီးနီး ဖြစ်နေကြပြီ ဖြစ်တယ်။
ဒါဟာ ဝံပုလွေပြာရဲ့ဥ ဆိုတာ သုန်းဖန်းလင်အာ သိတယ်။ ဘာ့ကြောင့်လည်းဆိုတော့ စာအုပ်ထဲမှာ အဲ့အကြောင်း သူမ ဖတ်ဖူးလို့ပဲ ဖြစ်တယ်။ တကယ်လို့ သူမသာ ဝံပုလွေပြာတစ်ကောင်နဲ့ စာချုပ်ချုပ်ဆိုနိုင်မယ်ဆိုရင် သူမရဲ့အင်အားဟာ နှစ်ဆဖြစ်လာမှာဖြစ်တယ်၊ ဒါဟာ သူမအတွက် မေးခွန်းထုတ်စရာ မလိုလောက်အောင် အကျိုးကျေးဇူးကြီးမားတာပဲ။
လူအုပ်က တိတ်ဆိတ်သွားကြတယ်...
"အတော်ရဲတဲ့ သူခိုးကောင်၊ ငါ့ကို အရှက်ခွဲပြီး ငါ့သူငယ်ချင်းတွေကို အနာတရဖြစ်စေရုံတင် မကဘူး ငါ့ရဲ့ အဆင့်မြင့် မိစ္ဆာသားရဲဥကိုပါ ခိုးထားသေးတယ်။ မင်းကို ဒီအတိုင်းထွက်သွားခွင့် မပြုနိုင်ဘူး။ ငါ့ဥကို ငါ့ကို အခုပြန်ပေးလိုက်တာပိုကောင်းမယ်နော်!"
လူအားလုံးက တောင့်သွားကြပြီး အချို့ကတော့ မယုံနိုင်တဲ့ အကြည့်တို့ ပြလာတယ်။
ဒါပေမဲ့ မြေပြင်ပေါ်က မိစ္ဆာသားရဲဥကို သူတို့တွေ့သွားတော့ သုန်းဖန်းလင်အာရဲ့ ရည်ရွယ်ချက်ကို သူတိို့ နောက်ဆုံးတော့ နားလည်သွားကြတယ်။ ကောင်လေးဆီက ဥကို သူမက လိုချင်တပ်မက်နေပြီး ဒါ့ကြောင့်လည်း ကောင်လေးကို သူမရဲ့ မိစ္ဆာသားရဲဥကို ခိုးထားပါတယ်လို့ သူမ စွပ်စွဲလိုက်တာဖြစ်တယ်။ အဲ့နောက် လူအားလုံးက ကောင်မလေးအတွက် ရှက်သွားကြတယ်။
ပါးစပ်အဟောင်းသားနဲ့ ကောင်လေးကလည်း သုန်းဖန်းလင်အာ ဘယ်လိုတောင် အရှက်မရှိရတာလည်းဆိုပြီး တုန်လှုပ်သွားတယ်။ အချိန်အနည်းငယ်ကြာပြီးနောက် သူ သတိပြန်ဝင်လာပြီး ရေရွတ်လိုက်တယ်။
"ငါက ငါတော်တော် မျက်နှာပြောင်တိုက်တတ်တယ်လို့ ထင်ခဲ့တာ၊ ခုတော့ ငါ့ထက်ပိုပြီး အရှက်မဲ့တဲ့သူကို နောက်ဆုံးတော့ ရှာတွေ့ခဲ့ပြီ! ဒီနေ့တော့ ငါ အသိဉာဏ်ဗဟုသုတ တိုးသွားရပြီ။"
"မင်းတို့ ဘာလို့အဲ့မှာ ခုထိရပ်နေကြသေးတာလဲ? သူ့ကို ဖိနှိပ်နှိမ်နင်းလိုက်၊ ခိုးမှုအတွက် ပြစ်ဒဏ်ချလိုက်။" သုန်းဖန်းလင်အာက သူ့ဘေးကအစောင့်ကို ဒေါသတကြီး ဟောက်လိုက်တယ်။
"ကောင်းပါပြီ အရှင်မ!" အနက်ဝတ်အစောင့်က လှည့်ဖြေလိုက်တယ်။
"သေစမ်း..."
ကောင်လေးက ရုတ်တရက် ထပ်မံ ထအော်လိုက်တာကြောင့် လူအားလုံးကို ထိတ်လန့်သွားကြတယ်။
သူတို့ ကောင်လေးကို ကြည့်လိုက်တော့ ကောင်လေးက သူတို့နားမလည်တဲ့ တစ်စုံတစ်ရာကို ပွစိပွစိရေရွတ်ရင်း မြေကြီးပေါ်မှာ စိုးရိမ်တကြီး ခုန်ပေါက်နေတာကို သူတို့ တွေ့လိုက်ကြရတယ်။
"ငါတော့သွားပြီ။ တကယ်သွားပြီပဲ။ တစ်နာရီတောင် ပြည့်သွားပြီ။ ငါ ဘယ်လိုလုပ် မေ့သွားရတာလဲ? အမွှေးမဲ့ကြက်၊ လာ၊ အခုပြန်ကြစို့၊ မဟုတ်ရင် ငါတို့ နှစ်ယောက်လုံး သေရလိမ့်မယ်!"
ပထမဆုံးအပြင်ထွက်တဲ့အချိန်မှာပဲ သူ့ကတိကို သူဖောက်ဖျက်မိတယ်ဆိုရင် သူ့ခေါင်းဆောင်က သူကို အလွယ်တကူ အပြင်ထွက်ခွင့် ပြုတော့မှာ မဟုတ်ဘူးဆိုတာ အသေအချာပဲ။ ကောင်လေးက ကောင်းကောင်းပြုမူနေထိုင်ပြီး သူဟာ ယုံကြည်ကိုးစားထိုက်တဲ့လူတစ်ယောက်ဖြစ်ကြောင်း သူ့ခေါင်းဆောင် ယုံကြည်အောင်လုပ်မယ်လို့ အစီစဉ်ချခဲ့တာဖြစ်တယ်။ အဲ့လိုသာဆို သူ့ခေါင်းဆောင်က သူအပြင် ထပ်ထွက်ခွင့် တောင်းဆိုရင် မငြင်းတော့ဘဲ ခွင့်ပြုပေးစေဖို့ ဖြစ်တယ်။ ဒါပေမဲ့ အပြောင်းအလဲဖြစ်သွားရတဲ့အခြေအနေတို့ကြောင့် အစီအစဉ်က မဟန်တော့ဘူး။ သူက ဥတစ်လုံးကို ရောင်းရုံလေးပဲ ရောင်းချင်ခဲ့တာလေ၊ ခုတော့ ဒီလူအုပ်စုနဲ့ တိုက်ပွဲတစ်ပွဲ တိုက်ရင်း အဆုံးသတ်သွားရပြီ။ တစ်နာရီကို နောက်ဆုံးတော့ သူတို့နဲ့ ငြင်းခုန်ရန်ဖြစ်ရင်း ဖြုန်းလိုက်မိပြီ။ ကောင်လေး အခုတော့ သတ်သေချင်သွားရတယ်။ သူဖြစ်ချင်သလို ဘာလို့ မဖြစ်မြောက်ရတာလဲ? တကယ့်ကို ကသိကအောက် ဖြစ်စရာ!
အမွှေးမဲ့ကြက်က ကောင်လေးသတိပေးတာကြောင့် သူတို့တော့ ဒုက္ခရောက်ပြီလို့ တွေ့ရှိသွားပုံရတယ်။ ကောင်လေးကို သူ့ကျောပေါ်တင်ပြီး ကောင်းကင်နန်းတော်ဆီ ပြန်တော့မယ့်အချိန်မှာပဲ သုန်းဖန်းလင်အာက မနှစ်မြို့တဲ့အသံနဲ့ ပြောလိုက်တယ်။
"မင်းတို့ ဒီလိုလွယ်လွယ်ထွက်သွားလို့ရမယ်လို့ ထင်နေကြသလား?"
20210912; 1350
—————————— Zawgyi —————————
အပိုင္း ၂၀။ အခ်ိန္ေစ့ၿပီ
မီးလုံးအထဲ စြမ္းအားေတြ တျဖည္းျဖည္းတိုးလာတာကို ၾကည့္ေနရင္း ၾကက္ကိုလုံးဝ ဂ႐ုမစိုက္ခဲ့ၾကတဲ့ ယန္းမင္းနဲ႔ သုန္းဖန္းလင္အာတို႔ ႐ုတ္တရက္ မ်က္ေမွာင္က်ဳံ႕လိုက္တယ္။
စြမ္းအားက အဆင့္တစ္ကေန အဆင့္ခုႏွစ္ အထိ ႐ူးေလာက္ေအာင္ တျဖည္းျဖည္း တိုးတိုးလာတယ္။ ျပင္းထန္တဲ့ မုန္တိုင္း စၿပီး တိုက္လာေတာ့ ေနရာလပ္ေတြမွာ စြမ္းအားေတြနဲ႔ ျပည့္ႏွက္သြားတယ္။ ေလထုထဲက စိတ္ဝိညာဥ္စြမ္းအားဟာ မီးလုံးရဲ့ ဆြဲေဆာင္မွုကို ခံလိုက္ရပုံရၿပီး မီးလုံးကို ပိုအားျဖည့္ေပးတဲ့ ႀကီးမားတဲ့ေလေပြတစ္ခု ဖြဲ႕တည္လာတယ္...
ဒါဟာ အဆင့္ခုႏွစ္ထက္ျမင့္တဲ့ အဆင့္ျမင့္ မိစၧာသားရဲတစ္ေကာင္လား?
ယန္းမင္းနဲ႔ သုန္းဖန္းလင္အာတို႔ အံ့ဩလြန္းလို႔ ေျပာစရာတို႔စကား လုံးဝေပ်ာက္သြားရတယ္။ အေမႊးမဲ့ၾကက္ဟာ သာမာန္ အဆင့္ျမင့္မိစၧာသားရဲတစ္ေကာင္ ျဖစ္မယ္လို႔ သူတို႔ယူဆခဲ့တာျဖစ္တယ္။ ဒါေပမဲ့ သားရဲရဲ့အဆင့္ဟာ အဆင့္ခုႏွစ္ထက္ ျမင့္ေနတာမ်ိဳး တခါမွ မၾကဳံဖူးခဲ့ၾကေပ။ ဂုဏ္သေရရွိ ျမင့္ျမတ္တဲ့မူးမတ္ေတြေတာင္ အဆင့္ျမင့္မိစၧာသားရဲ ငါးေကာင္ေအာက္ပဲ ပိုင္ၾကတာျဖစ္တယ္။ ဒါ့ေၾကာင့္ အဆင့္ျမင့္မိစၧာသားရဲတစ္ေကာင္ရွိတာဟာ ဘယ္လိုေတာင္ အဖိုးတန္သလဲဆိုတာ ျမင္နိုင္တယ္!
ယန္းမင္းနဲ႔ သုန္းဖန္းလင္အာရဲ့ စြမ္းအားက အဆင့္ငါး မိစၧာသားရဲနဲ႔ ညီမၽွတယ္၊ ဒါေပမဲ့အခု သူတို႔ တိုက္ေနရတာက အဆင့္ခုႏွစ္မိစၧာသားရဲတစ္ေကာင္ပဲ ျဖစ္တယ္။ အားျပင္းျပင္းနဲ႔သာ ျပန္ခုခံနိုင္စြမ္း မရွိဘူးဆိုရင္ မီးလုံးနဲ႔ရိုက္မိတာနဲ႔တင္ သူတို႔ ဆိုးဆိုးဝါးဝါး ထိခိုက္ဒဏ္ရာရနိုင္တယ္၊ ဒါမွမဟုတ္ ခ်က္ခ်င္း ေသေတာင္ ေသနိုင္တယ္။
အဲ့အခ်ိန္မွာပဲ မီးလုံးဟာ ေလထုထဲက စိတ္ဝိညာဥ္စြမ္းအားကို စုပ္ယူေနဆဲျဖစ္ၿပီး ႀကီးမားတဲ့အလုံးႀကီးတစ္လုံးအျဖစ္ က်ယ္ျပန္႔လာၿပီးျဖစ္တယ္။
အေမႊးမဲ့ၾကက္က အဲ့လူႏွစ္ေယာက္ကို တုံ႔ျပန္ဖို႔အခ်ိန္မေပးခဲ့။ မီးလုံးကို ၂လုံးအျဖစ္ ခြဲလိုက္ၿပီးေနာက္ အေမႊးမဲ့ၾကက္ဟာ ေအာ္ဟစ္လိုက္ၿပီး ယန္းမင္းနဲ႔ သုန္းဖန္းလင္အာတို႔ဆီ အလ်င္အျမန္ ပ်ံသြားလိုက္တယ္...
အနက္ေရာင္အရိပ္တစ္ခု သုန္းဖန္းလင္အာေရွ႕ အေျပးအလႊားေရာက္လာတယ္။ အဆင့္ျမင့္စစ္သည္ေတာ္တစ္ေယာက္ရဲ့ စြမ္းအင္တို႔ သူ႔ကိုယ္ေပၚကေန ထုတ္လႊတ္ေနတယ္။ ယန္းမင္းက သူ႔လက္ကို ေဝွ႕ယမ္းလိုက္တာနဲ႔ ေလထုထဲမွာ လွုပ္ရွားမွုတစ္ခု ေပၚထြက္လာတယ္။ ေနာက္တစ္စကၠန္႔မွာ ထြင္းေဖာက္ျမင္နိုင္တဲ့ နံရံတစ္ခု သူ႔အေရွ႕မွာ တည္ေဆာက္လိုက္သလို ထင္ရတယ္။ မီးလုံးက နံရံကို တည့္တည့္ရိုက္သြားၿပီး ေနရာအႏွံ့ မီးပြါးေတြ စင္သြားတယ္။ ဒါေပမဲ့ ေနာက္ဆုံးေတာ့ အဲ့မီးပြါးေတြအကုန္ ေရနဲ႔အျငႇိမ္းခံလိုက္ရတဲ့အလား ေပ်ာက္ကြယ္သြားတယ္။
အေမႊးမဲ့ၾကက္က ေကာင္ေလးကို ေလလွိုင္းလုံးႀကီး မရိုက္ခတ္မိေအာင္ ကာလိုက္တယ္။
ဒါေပမဲ့ ေကာင္ေလးက ေလျပင္းတိုက္ခံရၿပီးတဲ့ေနာက္ ေျခလွမ္းအနည္းငယ္ ေနာက္ဆုတ္သြားရတယ္။ တခ်ိန္တည္းမွာပဲ သူ႔လက္ထဲက မိစၧာသားရဲဥက ေျမႀကီးေပၚ က်သြားတယ္။ သူ ဥကို ေကာက္လိုက္ခ်င္တဲ့အခ်ိန္မွာပဲ သူ႔အေရွ႕က အေမႊးမဲ့ၾကက္က ေျခတစ္လွမ္းေနာက္ဆုတ္လိုက္တယ္။ ေကာင္ေလးက ဥကို ေကာက္ဖို႔ေမ့လိုက္ၿပီးေတာ့ သူ႔လက္ကို ျမန္ျမန္ ျပန္႐ုတ္လိုက္တယ္။
"အာ့..." ေကာင္ေလးက စိတ္ပ်က္ဖြယ္ေအာ္လိုက္တယ္။
သူ႔ညာလက္ကို ျပန္႐ုတ္ဖို႔လုပ္လိုက္နိုင္ေပမဲ့ ကံမေကာင္းစြာပဲ သူ႔ဘယ္လက္က အေမႊးမဲ့ၾကက္ရဲ့ အနင္းခံလိုက္ရတယ္။ အေမႊးမဲ့ၾကက္က အရမ္းေလးတာေၾကာင့္ သူ႔ဘယ္လက္ ခ်က္ခ်င္း ေရာင္လာရတယ္။ အဲ့ေနာက္ ေကာင္ေလးက နာက်င္မွုေၾကာင့္ ေအာ္လိုက္တယ္။
"ေသာက္ေကာင္၊ အေမႊးမဲ့ၾကက္! မင္းတက္ဖိလိုက္လို႔ ငါ့လက္ ေရာင္သြားရၿပီ!"
အေမႊးမဲ့ၾကက္က ေကာင္ေလးကို အျပစ္မရွိတဲ့အၾကည့္တို႔နဲ႔ ၾကည့္လိုက္တယ္။ ဒီလိုလုပ္ဖို႔ မရည္ရြယ္ခဲ့ဘူး၊ သူက်ိန္ဆိုရဲတယ္။ ၾကက္က မီးမွုတ္ထုတ္တာ ရပ္လိုက္ၿပီးတာေတာင္မွ အနက္ဝတ္လူက အလြန္ကလိမ္ကက်စ္က်ၿပီး တိုက္လိမ့္မယ္လို႔ သူ လုံးဝ မေမၽွာ္လင့္ခဲ့။ အေမႊးမဲ့ၾကက္က သတိလြတ္သြားၿပီး ေနာက္ဆုတ္ခဲ့လိုက္ရတယ္။ ၾကက္ မသိလိုက္တာတစ္ခုက သူ႔သခင္က သူ႔အေနာက္မွာပဲ!
ေကာင္ေလးက ေယာင္ေနၿပီျဖစ္တဲ့ သူ႔လက္ကို ခါလိုက္ၿပီး တဖူးဖူး မွုတ္လိုက္ရင္း အေမႊးမဲ့ၾကက္ကို လက္ညႇိုးထိုးလိုက္တယ္၊ "အား...! ငါ့ကို အဲ့လို သနားစရာေကာင္းတဲ့အၾကည့္နဲ႔ လာမၾကည့္နဲ႔! မင္း ငါ့လက္ကို တက္ဖိလိုက္တာေလ! အဲ့တာ အမွန္တရားပဲ! မင္းလွည့္စားတာကို ငါခံမွာမဟုတ္ဘူး!"
'သခင္၊ ကၽြန္ေတာ္တကယ္မရည္ရြယ္ဘူး!'
အေမႊးမဲ့ၾကက္က သူ႔ကိုယ္သူအတြင္းက်ိတ္ ရွင္းျပေနၿပီး ကေတာ္ကေတာ္လုပ္လိုက္တယ္။
အဲ့အခ်ိန္မွာ သုန္းဖန္းလင္အာက အသိျပန္ဝင္လာၿပီး ျဖစ္တယ္။ သူ႔ပါးစပ္ အနည္းငယ္ဟလိုက္ၿပီး ဘာေျပာရမွန္းမသိျဖစ္ေနတယ္။ မိစၧာသားရဲက အဆင့္ခုႏွစ္ဆိုတဲ့အေပၚ အံ့အားသင့္ေနရာကေန သူမ မေက်ာ္လႊားနိုင္ေသး။အခုေတာ့ သူမက သူမရဲ့အစီအစဥ္ကို ျပန္စဥ္းစားရေတာ့မယ္။
ဒါေပမဲ့ ေျမျပင္ေပၚက မိစၧာသားရဲဥကို သူမ မေတာ္တဆ အၾကည့္ေရာက္သြားေတာ့ ေအာ္လုမတတ္ ျဖစ္သြားရတယ္။
မိစၧာသားရဲဥရဲ့ မ်က္ႏွာျပင္မွာ ေရာင္ျခည္ေဖ်ာ့ေဖ်ာ့တစ္ခု သိုင္းဝန္းထားတယ္။ ဥေပၚက မထင္မရွား မ်ဥ္းေတြက ဒါဟာ အဆင့္ျမင့္မိစၧာသားရဲဥ တစ္ဥ ဆိုတာ ေဖာ္ျပေနတယ္။ အေရးအႀကီးဆုံးက မထင္မရွား မ်ဥ္းေတြဟာ မိစၧာသားရဲငယ္ တစ္ေကာင္ရဲ့ ေကာက္ေၾကာင္းကို ေဖာ္ျပေနတာျဖစ္တယ္။ ကိုယ္ခႏၶာဖြဲ႕စည္းပုံအရနဲ႔ မတည္ၿငိမ္မွု ထုတ္လႊတ္ေနပုံတို႔အရ ဒါဟာ ရန္အလိုတတ္ဆုံး အဆင့္ျမင့္မိစၧာသားရဲလို႔ အသိအမွတ္ျပဳထားၾကတဲ့ ဝံပုေလြျပာ တစ္ေကာင္ပဲဆိုတာ အသိသာႀကီးပဲ။ သူ႔ရဲ့သြားထက္ထက္ေတြ၊ ေျခသည္းေတြဟာ အျခားသူေတြကို လြယ္လြယ္ကူကူ ေျခမြနိုင္တဲ့ သူ႔ရဲ့ အေကာင္းဆုံး လက္နက္ေတြပဲ ျဖစ္တယ္။
ဝံပုေလြျပာမ်ိဳးႏြယ္ေတြဟာ ဘုံ ၃ဘုံမွာ ေပ်ာက္ကြယ္လုနီးနီး ျဖစ္ေနၾကၿပီ ျဖစ္တယ္။
ဒါဟာ ဝံပုေလြျပာရဲ့ဥ ဆိုတာ သုန္းဖန္းလင္အာ သိတယ္။ ဘာ့ေၾကာင့္လည္းဆိုေတာ့ စာအုပ္ထဲမွာ အဲ့အေၾကာင္း သူမ ဖတ္ဖူးလို႔ပဲ ျဖစ္တယ္။ တကယ္လို႔ သူမသာ ဝံပုေလြျပာတစ္ေကာင္နဲ႔ စာခ်ဳပ္ခ်ဳပ္ဆိုနိုင္မယ္ဆိုရင္ သူမရဲ့အင္အားဟာ ႏွစ္ဆျဖစ္လာမွာျဖစ္တယ္၊ ဒါဟာ သူမအတြက္ ေမးခြန္းထုတ္စရာ မလိုေလာက္ေအာင္ အက်ိဳးေက်းဇူးႀကီးမားတာပဲ။
လူအုပ္က တိတ္ဆိတ္သြားၾကတယ္...
"အေတာ္ရဲတဲ့ သူခိုးေကာင္၊ ငါ့ကို အရွက္ခြဲၿပီး ငါ့သူငယ္ခ်င္းေတြကို အနာတရျဖစ္ေစ႐ုံတင္ မကဘူး ငါ့ရဲ့ အဆင့္ျမင့္ မိစၧာသားရဲဥကိုပါ ခိုးထားေသးတယ္။ မင္းကို ဒီအတိုင္းထြက္သြားခြင့္ မျပဳနိုင္ဘူး။ ငါ့ဥကို ငါ့ကို အခုျပန္ေပးလိုက္တာပိုေကာင္းမယ္ေနာ္!"
လူအားလုံးက ေတာင့္သြားၾကၿပီး အခ်ိဳ႕ကေတာ့ မယုံနိုင္တဲ့ အၾကည့္တို႔ ျပလာတယ္။
ဒါေပမဲ့ ေျမျပင္ေပၚက မိစၧာသားရဲဥကို သူတို႔ေတြ႕သြားေတာ့ သုန္းဖန္းလင္အာရဲ့ ရည္ရြယ္ခ်က္ကို သူတိို႔ ေနာက္ဆုံးေတာ့ နားလည္သြားၾကတယ္။ ေကာင္ေလးဆီက ဥကို သူမက လိုခ်င္တပ္မက္ေနၿပီး ဒါ့ေၾကာင့္လည္း ေကာင္ေလးကို သူမရဲ့ မိစၧာသားရဲဥကို ခိုးထားပါတယ္လို႔ သူမ စြပ္စြဲလိုက္တာျဖစ္တယ္။ အဲ့ေနာက္ လူအားလုံးက ေကာင္မေလးအတြက္ ရွက္သြားၾကတယ္။
ပါးစပ္အေဟာင္းသားနဲ႔ ေကာင္ေလးကလည္း သုန္းဖန္းလင္အာ ဘယ္လိုေတာင္ အရွက္မရွိရတာလည္းဆိုၿပီး တုန္လွုပ္သြားတယ္။ အခ်ိန္အနည္းငယ္ၾကာၿပီးေနာက္ သူ သတိျပန္ဝင္လာၿပီး ေရရြတ္လိုက္တယ္။
"ငါက ငါေတာ္ေတာ္ မ်က္ႏွာေျပာင္တိုက္တတ္တယ္လို႔ ထင္ခဲ့တာ၊ ခုေတာ့ ငါ့ထက္ပိုၿပီး အရွက္မဲ့တဲ့သူကို ေနာက္ဆုံးေတာ့ ရွာေတြ႕ခဲ့ၿပီ! ဒီေန႔ေတာ့ ငါ အသိဉာဏ္ဗဟုသုတ တိုးသြားရၿပီ။"
"မင္းတို႔ ဘာလို႔အဲ့မွာ ခုထိရပ္ေနၾကေသးတာလဲ? သူ႔ကို ဖိႏွိပ္ႏွိမ္နင္းလိုက္၊ ခိုးမွုအတြက္ ျပစ္ဒဏ္ခ်လိုက္။" သုန္းဖန္းလင္အာက သူ႔ေဘးကအေစာင့္ကို ေဒါသတႀကီး ေဟာက္လိုက္တယ္။
"ေကာင္းပါၿပီ အရွင္မ!" အနက္ဝတ္အေစာင့္က လွည့္ေျဖလိုက္တယ္။
"ေသစမ္း..."
ေကာင္ေလးက ႐ုတ္တရက္ ထပ္မံ ထေအာ္လိုက္တာေၾကာင့္ လူအားလုံးကို ထိတ္လန္႔သြားၾကတယ္။
သူတို႔ ေကာင္ေလးကို ၾကည့္လိုက္ေတာ့ ေကာင္ေလးက သူတို႔နားမလည္တဲ့ တစ္စုံတစ္ရာကို ပြစိပြစိေရရြတ္ရင္း ေျမႀကီးေပၚမွာ စိုးရိမ္တႀကီး ခုန္ေပါက္ေနတာကို သူတို႔ ေတြ႕လိုက္ၾကရတယ္။
"ငါေတာ့သြားၿပီ။ တကယ္သြားၿပီပဲ။ တစ္နာရီေတာင္ ျပည့္သြားၿပီ။ ငါ ဘယ္လိုလုပ္ ေမ့သြားရတာလဲ? အေမႊးမဲ့ၾကက္၊ လာ၊ အခုျပန္ၾကစို႔၊ မဟုတ္ရင္ ငါတို႔ ႏွစ္ေယာက္လုံး ေသရလိမ့္မယ္!"
ပထမဆုံးအျပင္ထြက္တဲ့အခ်ိန္မွာပဲ သူ႔ကတိကို သူေဖာက္ဖ်က္မိတယ္ဆိုရင္ သူ႔ေခါင္းေဆာင္က သူကို အလြယ္တကူ အျပင္ထြက္ခြင့္ ျပဳေတာ့မွာ မဟုတ္ဘူးဆိုတာ အေသအခ်ာပဲ။ ေကာင္ေလးက ေကာင္းေကာင္းျပဳမူေနထိုင္ၿပီး သူဟာ ယုံၾကည္ကိုးစားထိုက္တဲ့လူတစ္ေယာက္ျဖစ္ေၾကာင္း သူ႔ေခါင္းေဆာင္ ယုံၾကည္ေအာင္လုပ္မယ္လို႔ အစီစဥ္ခ်ခဲ့တာျဖစ္တယ္။ အဲ့လိုသာဆို သူ႔ေခါင္းေဆာင္က သူအျပင္ ထပ္ထြက္ခြင့္ ေတာင္းဆိုရင္ မျငင္းေတာ့ဘဲ ခြင့္ျပဳေပးေစဖို႔ ျဖစ္တယ္။ ဒါေပမဲ့ အေျပာင္းအလဲျဖစ္သြားရတဲ့အေျခအေနတို႔ေၾကာင့္ အစီအစဥ္က မဟန္ေတာ့ဘူး။ သူက ဥတစ္လုံးကို ေရာင္း႐ုံေလးပဲ ေရာင္းခ်င္ခဲ့တာေလ၊ ခုေတာ့ ဒီလူအုပ္စုနဲ႔ တိုက္ပြဲတစ္ပြဲ တိုက္ရင္း အဆုံးသတ္သြားရၿပီ။ တစ္နာရီကို ေနာက္ဆုံးေတာ့ သူတို႔နဲ႔ ျငင္းခုန္ရန္ျဖစ္ရင္း ျဖဳန္းလိုက္မိၿပီ။ ေကာင္ေလး အခုေတာ့ သတ္ေသခ်င္သြားရတယ္။ သူျဖစ္ခ်င္သလို ဘာလို႔ မျဖစ္ေျမာက္ရတာလဲ? တကယ့္ကို ကသိကေအာက္ ျဖစ္စရာ!
အေမႊးမဲ့ၾကက္က ေကာင္ေလးသတိေပးတာေၾကာင့္ သူတို႔ေတာ့ ဒုကၡေရာက္ၿပီလို႔ ေတြ႕ရွိသြားပုံရတယ္။ ေကာင္ေလးကို သူ႔ေက်ာေပၚတင္ၿပီး ေကာင္းကင္နန္းေတာ္ဆီ ျပန္ေတာ့မယ့္အခ်ိန္မွာပဲ သုန္းဖန္းလင္အာက မႏွစ္ၿမိဳ႕တဲ့အသံနဲ႔ ေျပာလိုက္တယ္။
"မင္းတို႔ ဒီလိုလြယ္လြယ္ထြက္သြားလို႔ရမယ္လို႔ ထင္ေနၾကသလား?"
20210912; 1350
You are reading the story above: TeenFic.Net