17. The Dispute

Background color
Font
Font size
Line height

အပိုင်း ၁၇။ အငြင်းပွားမှု

မိစ္ဆာသားရဲတွေသည် တိုက်ခိုက်ရာတွင်လည်း တော်ကြသည်။

သူတို့သခင်ကို ကူတိုက်ပေးနိုင်ရုံသာမက သူတို့သခင် လွတ်အောင်လည်း ကူညီပေးနိုင်ကြသည်။

သို့ပေမဲ့ လွန်ခဲ့သော နှစ် ထောင်ပေါင်းများစွာက ကြီးမားသည့် ကပ်ဘေးဒုက္ခကြောင့် ဘုံ ၃ဘုံတွင် မိစ္ဆာသားရဲများ များစွာ မကျန်တော့ပေ။

လက်ကျန်မိစ္ဆာသားရဲတွေသည်လည်း အများစုက အဆင့်နိမ့်တွေသာ ဖြစ်ကြသည်။ အဆင့်မြင့်မိစ္ဆာသားရဲပေါ်လာဖို့ဆိုသည်မှာ နှစ်တစ်ထောင်မှ တစ်ကောင်သာ ပေါ်လာနိုင်တာဖြစ်သည်။

ကပ်ဘေးဒုက္ခကြောင့် အဆင့်မြင့်မိစ္ဆာသားရဲအကုန်နီးပါး ပျောက်ကွယ်သွားခဲ့ရသည်။ ယနေ့ခေတ် အခြေအနေ၏ နောက်အကြောင်းပြချက် တစ်ချက်ကတော့ ဘုံ ၃ဘုံရှိ စိတ်ဝိညာဉ်လေထုသည် မိစ္ဆာသားရဲတို့ ကျင့်ကြံဖို့ရန် မသင့်တော်တော့ခြင်းကြောင့် ဖြစ်သည်။ အကျိုးဆက်အနေနှင့် လက်ရှိကာလတွင် မိစ္ဆာသားရဲများသည် အလွန်နှေးကွေးစွာသာ ကြီးထွားကြသည်။ အဆင့်မြင့်မိစ္ဆာသားရဲအချို့က အဆင့်နိမ့်သွားရသည့် အန္တရာယ်ကိုတောင် တွေ့ကြုံနေကြရသည်။

ထို့ကြောင့် အဆင့်မြင့်မိစ္ဆာသားရဲအများစုသည် သူတို့၏လက်ရှိအဆင့်တွင် နေနိုင်ဖို့ ဒါမှမဟုတ် ကျင့်ကြံမှုနှုန်း တိုးတက်စေဖို့ မှော်ဆေးလုံးများ စားရန် လိုအပ်လာသည်။

သူတို့ကိုယ်သူတို့ တိုးတက်စေဖို့ နောက်ထပ်နည်းလမ်းတစ်ခုကတော့ ကျင့်ကြံဖို့ရန် ပြီးပြည့်စုံသည့် နယ်မြေတစ်ခုကို ရှာဖို့ပဲဖြစ်သည်။

ဒါပေမဲ့လည်း ထိုပြင်းထန်ခက်ခဲသည့်အခြေအနေတို့သည် လူတွေ၏ မိစ္ဆာသားရဲမွေးမြူဖို့စိတ်ထက်သန်မှုအပေါ် တားဆီးနိုင်ခြင်း မရှိပေ။

ထို့ကြောင့်လည်း မိစ္ဆာသားရဲအရောင်းဆိုင်သည် အနားယူည မြို့တော်တွင် အကြီးဆုံးဆိုင် ဖြစ်နေခြင်းပဲဖြစ်သည်။ ပုံမှန် အခြားဆိုင်တွေထက် သုံးဆနီးပါး ကြီးသည်။ ပန်းပုထုထားပြီး ကျောက်စိမ်းစီခြယ်ထာသောတံခါးက အတော့်ကို ဆွဲဆောင်မှုရှိလှသည်။ အမျိုးစုံသည့် မိစ္ဆာသားရဲတွေကို စင်ပေါ်တွင် သေသေသပ်သပ်စီထားသည်မှာ လွယ်လင့်တကူ မြင်သာစေသည်။

ထိုအခိုက် ဆိုင်ထဲတွင် ယောက်ျား မိန်းမစုံလင်စွာ ပြည့်ကျပ်နေပြီး ၎င်းတို့က သူတို့ကြိုက်သောမိစ္ဆာသားရဲကို ရွေးချယ်နေကြသည်။

ကောင်တာတွင်ထိုင်နေသောဆိုင်ရှင်က ကောင်လေးကို မြင်ပြီးဖြစ်သည်။ ကောင်လေး၏ဘေးတွင် အစေအပါး မတွေ့ရသည့်အတွက် ပထမတော့ ကောင်လေးက ဆင်းရဲသည့်ကလေးလေးဟု ဆိုင်ရှင်က ထင်လိုက်သည်။ ဒါပေမဲ့ ကောင်လေးဝတ်ထားသော အဖိုးတန်အဝတ်အစားကို မြင်လိုက်တော့ သု့မျက်နှာပေါ်က မနှစ်မြို့ဖွယ်အကြည့်တို့က မြှောက်ပင့်တဲ့အပြုံးအဖြစ် ချက်ချင်း ပြောင်းသွားလေတော့သည်။

"သခင်လေး၊ ကျွန်တော် ဘာများကူညီရမလဲခင်မျာ?"

ဆိုင်ရှင်က နောက်ဆုံးတော့ သူ့ကိုတုံ့ပြန်လာတာတွေ့လိုက်ရတော့ ကောင်လေးက ကြက်ပျံကို သူ့နောက်လိုက်ခဲ့ဖို့ခေါ်လိုက်ရင်း ဆိုင်ထဲကို ချက်ချင်းဝင်သွားလိုက်၏။

အကျိုးဆက်အနေနဲ့ကတော့...

ကောင်လေးနောက်က အမွှေးမဲ့ကြက်ပျံကို ဆိုင်ရှင်မြင်လိုက်ရတော့ သူ့မျက်နှာပေါ်ကအပြုံးတို့ ချက်ချင်းအေးခဲသွားကာ သူ့နှုတ်ခမ်းထောင့်ကလည်း တွန့်သွားရ၏။

"အမွှေးမဲ့ကြက်ပျံ?"

ဟုတ်တာပေါ့၊ တကယ့်ကို အမွှေးမဲ့ကြက်ပျံပါ။

တကယ်တမ်းတော့ ကြက်ပျံက ဘာ့ကြောင့် ခန္ဓာကိုယ်ကနေ အချိန်တိုင်း ကျွတ်ကျနေပြီး အမွှေးအနည်းငယ်ပဲ ရှိရတာလဲဆိုတာ ကောင်လေးမသိပေ။ ကတုံးပြောင်ပြောင်နဲ့ ကြက်ပျံဟာ တကယ်ပဲ အမွှေးမဲ့ကြက်ပျံလို့ အခေါ်ခံထိုက်ပါရဲ့!

ကြက်ကို လက်ခံဖို့ သူတွန့်ဆုတ်ခဲ့ရတဲ့အကြောင်းပြချက်က အမွှေးမဲ့ကြက်၏ အရုပ်ဆိုးမှုကြောင့်ဖြစ်သည်။ ကြက်ပျံ၏ အမွှေးမရှိသည့်အခြေအနေက ယာယီသာဖြစ်သည်ဟု ဘုရင်ကြီးက နောက်ဆုံးတော့ ပြောခဲ့သည်။ အခက်အခဲထိုးဖောက်ကျော်လွှားပြီးလျင် အထွတ်အမြတ်သားရဲတစ်ကောင်ဖြစ်လာမည်ဖြစ်ကာ၊ အဲ့အချိန်ဆို သူ့မှာ လှပတဲ့အမွှေးအတောင်တွေ ရှိလာလိမ့်မည်ဟု ပြောခဲ့သည်။

အမွှေးမဲ့ကြက်မှာ လှပတဲ့အတောင်တွေရှိလာမယ်ဆိုတဲ့အခွင့်အရေး ရှိတယ်ဆိုကတည်းက ကောင်လေးသည် နောက်ဆုံးတော့ ကြက်ကိုမွေးမြူဖို့ စိတ်မပါ့တပါ ဆုံးဖြတ်ခဲ့တာဖြစ်သည်။

သူ ကြက်ပျံကိုလက်ခံခဲ့ပြီးပေမဲ့ သူ့ကြက်ကို အခြားသူတွေက အမွှေးမဲ့ကြက်လို့ခေါ်တာ သူ မကြားလိုပေ။ ဒါ သူ့သိက္ခာကို အကြီးအကျယ်ထိခိုက်စေသည်။

သူ ပထမဆုံးအပြင်ထွက်တဲ့အချိန်မှာပဲ တစ်စုံတစ်ယောက်က သူ့ရဲ့အမွှေးမဲ့ကြက်ပျံကို လှောင်ပြောင်လိမ့်မယ်လို့ သူ လုံးဝမျှော်လင့်မထားခဲ့ပေ။ ဆိုင်ရှင်ကို သူ့ဥ ရောင်းဖို့ စဉ်းစားထားလို့သာမဟုတ်လျင် သူ့နောက်ကတစ်ယောက်နဲ့အတူ ချက်ချင်း လှည့်ထွက်သွားမှာဖြစ်သည်။ အခုတော့ သူ့ဒေါသကို ချုပ်ထိန်းဖို့ပဲ ကြိုးစားနေရသည်။

ကောင်လေးက ဆိုင်ရှင်စကားကို မကြားသလို ဟန်ဆောင်လိုက်သည်။ သူ ဘာအတွက်လာရတာလဲဆိုတာ ထုတ်ပြောတော့မည့်အချိန်မှာပဲ အတွင်းဖက်ကနေ ရယ်သံထွက်လာ၏။

"ဟားဟား... အားလုံးကြည့်ကြ.... အမွှေးမဲ့ကြက်တစ်ကောင်..."

"အရမ်းရုပ်ဆိုးလိုက်တာ! ဘာလို့ ဒီလောက်ရုပ်ဆိုးတဲ့ မိစ္ဆာသားရဲ ရှိရတာလဲ?"

"အာ၊ ဒါက အတော်စက်ဆုပ်စရာပဲ။ ကံဆိုးလွန်းလိုက်တာ! ဒီလိုစက်ဆုပ်စရာကို မနက်စောစောစီးစီး ငါ ဘာလို့မြင်ရတာလဲ?"

...

ဒီစကားတွေက ကောင်လေးနားထဲ အဆက်မပြတ်ရောက်ရှိလာသည်။ ခုတော့ ကောင်လေး မကြားသလို ဆက်ဟန်ဆောင်လို့မရတော့ပေ။

အမွှေးမရှိတဲ့ကြက်တစ်ကောင်ရှိတာ ဘာမှားနေလို့လဲ? သူ့မှာ အလွန်အစွမ်းထက်တဲ့ အမွှေးမဲ့ကြက်တစ်ကောင်ရှိတာလေ! ဒီကြက်က ပြေးနိုင်ရုံတင်မကဘူး မီးကိုလည်း မှုတ်ထုတ်နိုင်သေးတယ်၊ ကြည့်လို့ကောင်းပေမယ့် အသုံးမဝင်တဲ့မိစ္ဆာသားရဲတွေလိုမဟုတ်ဘူး! အဲ့တာကမှ တကယ့်စက်ဆုပ်စရာ!

သူ့ကြက်ရဲ့သွင်ပြင်ကို အထင်အမြင်သေးတာ ခံလိုက်ရသည့်ကောင်လေးက ချက်ချင်းပဲ နေရာရွှေ့လိုက်ပြီး သူ့ကြက်၏သိက္ခာ ကာကွယ်ဖို့ စတင်လိုက်သည်။ သူ့ကြက်က တကယ်ပဲဆိုးရွားတဲ့ပုံ ရှိပေမဲ့ သူ့ကြက်ရဲ့သွင်ပြင်ကို လာလှောင်တဲ့သူတွေကိုတော့ သူမုန်းတီးသည်။

နေ့တိုင်း လျောက်သွားပြီးအချိန်ဖြုန်းနေတဲ့ ကလေးနှစ်ယောက်က ကောင်လေး၏မျက်နှာပေါ်မှ မခံမရပ်နိုင်ဖြစ်နေတဲ့ပုံကို တွေ့လိုက်တော့ သူတို့အချင်းချင်း ကြည့်လိုက်ပြီး လျောက်လာကြသည်။ ထို့နောက်တွင်တော့ ကောင်လေးကိုကြည့်လိုက်ရင်း ဆွပေးလိုက်တယ်။ "ဘာလို့လဲ? မင်းရဲ့မိစ္ဆာသားရဲကို ငါတို့က အမွှေးမဲ့ကြက်လို့ ခေါ်တာကို မကြိုက်ဘူးလား?"

ကောင်လေးက ထိုသူနှစ်ယောက်ကို လက်ခလယ်ထောင်ပြလိုက်ပြီး သူ့လျှာကိုထုတ်ရင်း ကျိန်ဆဲလိုက်၏၊ "ရုပ်ဆိုးတဲ့ မကောင်းဆိုးဝါးနှစ်ကောင်!"

ထိုလူနှစ်ယောက်က ချက်ချင်းတောင့်သွားကြတော့သည်။ နှစ်ယောက်ထဲမျတစ်ယောက်က ဒေါသထွက်သွားပြီး ပြောလိုက်၏။ "မှင်စာကောင်၊ အသက်ရှင်ရတာ ပင်ပန်းနေပြီလား? မင်းကများ ငါတို့ကို ဆဲဝံ့တယ်?"

"အိုး၊ ကြောက်လိုက်တာ။ သေလိုက်လေ! ငါ ဆဲတယ်၊ အဲ့တော့ဘာဖြစ်လဲ? ငါက မင်းတို့ကို ရိုက်ပါရိုက်ချင်သေးတာ!" ကောင်လေးက အားနည်းတဲ့ပုံ မပြဘဲ မျက်လုံးပြူးလိုက်ပြီး ဒေါသမျက်နှာထား ပြောင်းလိုက်သည်။ အဲ့သူနှစ်ယောက်က ဘယ်လိုလူတွေဆိုတာရယ် သူတို့ကို စော်ကားရင် အကျိုးဆက်ဘယ်လိုရှိသလဲဆိုတာတွေရယ်ကို သူ လုံးဝမတွေးခဲ့ချေ။

"မင်း... ဘယ်လိုတောင် ရဲရတာလဲ! ယုတ်ညံ့တဲ့လူတွေ! ငါတို့ရဲ့ ငရဲသားတွေအပေါ် ဘယ်လိုတောင် ရိုင်းစိုင်းဝံ့ရတာလဲ? မင်း ငါတို့ကို ဒီနေ့မတောင်းပန်ဘူးဆိုရင် ဒီနေ့ပဲ မင်း ဒုက္ခအကြီးအကျယ်ရောက်ရလိမ့်မယ်!" ထိုသူ၏မျက်နှာက ဒေါသကြောင့် လုံးဝနီးမြန်းနေသည်။ ဒါ သူ ပထမဆုံး ဒီလိုအကျိန်ဆဲခံရခြင်းပဲဖြစ်သည်။

ထိုလူက ကောင်လေးကို ဘာ့ကြောင့် ယုတ်ညံ့တဲ့လူမျိုးစုကလို့ ယူဆရတာလဲဆိုတာကတော့ ငရဲသားစစ်စစ်တွေမှာ ငွေရောင်ဆံပင်ပဲရှိလို့ဖြစ်သည်။ ငရဲသားတစ်ပိုင်းလို့ခေါ်ကြသော ကပြားတွေဆိုလျင် ဆံပင်အရောင် ပိုရင့်သည်။ ဆံပင် လုံးဝအမည်းဆိုလျင်တော့ ငရဲသားတွေနဲ့ ဘယ်လို သွေးတော်စပ်မှုမျိုးမှ မရှိပေ။ ယုတ်ညံ့တဲ့လူမျိုးစုအများစုမှာပဲ အမည်းရောင်ဆံပင်ရှိလိမ့်မယ်! အဲ့တာလူသားမျိုးနွယ်စုတွေ!

ကောင်လေးမှာ မျက်စံနက်နဲ့ ဆံပင်အနက်တို့ ရှိသည်။ ထို့ကြောင့် ငရဲသားတွေက သူ့ကို ယုတ်ညံ့တဲ့မျိုူနွယ်စုကဖြစ်မယ်လို့ ထင်ခဲ့တာဖြစ်သည်။ ကောင်လေးသည် ငရဲသားတွေကို စကားပြောခွင့်မရှိရုံမက တွေ့ခဲ့ရင်တောင် ခေါင်းငုံ့ထားရမှာဖြစ်သည်။

ယုတ်ညံ့တဲ့မျိုးနွယ်စုက ကောင်လေးတစ်ယောက်က သူတို့ကို ခုလို ရူးရူးမိုက်မိုက် ကျိန်ဆဲတာမျိုး ကလေးနှစ်ယောက် တခါမှမကြုံခဲ့ဖူးပေ! ဒါဟာ အရမ်းဒေါပွစရာပဲ!

20210911; 2025

—————————— Zawgyi —————————

အပိုင္း ၁၇။ အျငင္းပြားမွု

မိစၧာသားရဲေတြသည္ တိုက္ခိုက္ရာတြင္လည္း ေတာ္ၾကသည္။

သူတို႔သခင္ကို ကူတိုက္ေပးနိုင္႐ုံသာမက သူတို႔သခင္ လြတ္ေအာင္လည္း ကူညီေပးနိုင္ၾကသည္။

သို႔ေပမဲ့ လြန္ခဲ့ေသာ ႏွစ္ ေထာင္ေပါင္းမ်ားစြာက ႀကီးမားသည့္ ကပ္ေဘးဒုကၡေၾကာင့္ ဘုံ ၃ဘုံတြင္ မိစၧာသားရဲမ်ား မ်ားစြာ မက်န္ေတာ့ေပ။

လက္က်န္မိစၧာသားရဲေတြသည္လည္း အမ်ားစုက အဆင့္နိမ့္ေတြသာ ျဖစ္ၾကသည္။ အဆင့္ျမင့္မိစၧာသားရဲေပၚလာဖို႔ဆိုသည္မွာ ႏွစ္တစ္ေထာင္မွ တစ္ေကာင္သာ ေပၚလာနိုင္တာျဖစ္သည္။

ကပ္ေဘးဒုကၡေၾကာင့္ အဆင့္ျမင့္မိစၧာသားရဲအကုန္နီးပါး ေပ်ာက္ကြယ္သြားခဲ့ရသည္။ ယေန႔ေခတ္ အေျခအေန၏ ေနာက္အေၾကာင္းျပခ်က္ တစ္ခ်က္ကေတာ့ ဘုံ ၃ဘုံရွိ စိတ္ဝိညာဥ္ေလထုသည္ မိစၧာသားရဲတို႔ က်င့္ႀကံဖို႔ရန္ မသင့္ေတာ္ေတာ့ျခင္းေၾကာင့္ ျဖစ္သည္။ အက်ိဳးဆက္အေနႏွင့္ လက္ရွိကာလတြင္ မိစၧာသားရဲမ်ားသည္ အလြန္ေႏွးေကြးစြာသာ ႀကီးထြားၾကသည္။ အဆင့္ျမင့္မိစၧာသားရဲအခ်ိဳ႕က အဆင့္နိမ့္သြားရသည့္ အႏၲရာယ္ကိုေတာင္ ေတြ႕ၾကဳံေနၾကရသည္။

ထို႔ေၾကာင့္ အဆင့္ျမင့္မိစၧာသားရဲအမ်ားစုသည္ သူတို႔၏လက္ရွိအဆင့္တြင္ ေနနိုင္ဖို႔ ဒါမွမဟုတ္ က်င့္ႀကံမွုႏွုန္း တိုးတက္ေစဖို႔ ေမွာ္ေဆးလုံးမ်ား စားရန္ လိုအပ္လာသည္။

သူတို႔ကိုယ္သူတို႔ တိုးတက္ေစဖို႔ ေနာက္ထပ္နည္းလမ္းတစ္ခုကေတာ့ က်င့္ႀကံဖို႔ရန္ ၿပီးျပည့္စုံသည့္ နယ္ေျမတစ္ခုကို ရွာဖို႔ပဲျဖစ္သည္။

ဒါေပမဲ့လည္း ထိုျပင္းထန္ခက္ခဲသည့္အေျခအေနတို႔သည္ လူေတြ၏ မိစၧာသားရဲေမြးျမဴဖို႔စိတ္ထက္သန္မွုအေပၚ တားဆီးနိုင္ျခင္း မရွိေပ။

ထို႔ေၾကာင့္လည္း မိစၧာသားရဲအေရာင္းဆိုင္သည္ အနားယူည ၿမိဳ႕ေတာ္တြင္ အႀကီးဆုံးဆိုင္ ျဖစ္ေနျခင္းပဲျဖစ္သည္။ ပုံမွန္ အျခားဆိုင္ေတြထက္ သုံးဆနီးပါး ႀကီးသည္။ ပန္းပုထုထားၿပီး ေက်ာက္စိမ္းစီျခယ္ထာေသာတံခါးက အေတာ့္ကို ဆြဲေဆာင္မွုရွိလွသည္။ အမ်ိဳးစုံသည့္ မိစၧာသားရဲေတြကို စင္ေပၚတြင္ ေသေသသပ္သပ္စီထားသည္မွာ လြယ္လင့္တကူ ျမင္သာေစသည္။

ထိုအခိုက္ ဆိုင္ထဲတြင္ ေယာက္်ား မိန္းမစုံလင္စြာ ျပည့္က်ပ္ေနၿပီး ၎တို႔က သူတို႔ႀကိဳက္ေသာမိစၧာသားရဲကို ေရြးခ်ယ္ေနၾကသည္။

ေကာင္တာတြင္ထိုင္ေနေသာဆိုင္ရွင္က ေကာင္ေလးကို ျမင္ၿပီးျဖစ္သည္။ ေကာင္ေလး၏ေဘးတြင္ အေစအပါး မေတြ႕ရသည့္အတြက္ ပထမေတာ့ ေကာင္ေလးက ဆင္းရဲသည့္ကေလးေလးဟု ဆိုင္ရွင္က ထင္လိုက္သည္။ ဒါေပမဲ့ ေကာင္ေလးဝတ္ထားေသာ အဖိုးတန္အဝတ္အစားကို ျမင္လိုက္ေတာ့ သု႔မ်က္ႏွာေပၚက မႏွစ္ၿမိဳ႕ဖြယ္အၾကည့္တို႔က ေျမႇာက္ပင့္တဲ့အျပဳံးအျဖစ္ ခ်က္ခ်င္း ေျပာင္းသြားေလေတာ့သည္။

"သခင္ေလး၊ ကၽြန္ေတာ္ ဘာမ်ားကူညီရမလဲခင္မ်ာ?"

ဆိုင္ရွင္က ေနာက္ဆုံးေတာ့ သူ႔ကိုတုံ႔ျပန္လာတာေတြ႕လိုက္ရေတာ့ ေကာင္ေလးက ၾကက္ပ်ံကို သူ႔ေနာက္လိုက္ခဲ့ဖို႔ေခၚလိုက္ရင္း ဆိုင္ထဲကို ခ်က္ခ်င္းဝင္သြားလိုက္၏။

အက်ိဳးဆက္အေနနဲ႔ကေတာ့...

ေကာင္ေလးေနာက္က အေမႊးမဲ့ၾကက္ပ်ံကို ဆိုင္ရွင္ျမင္လိုက္ရေတာ့ သူ႔မ်က္ႏွာေပၚကအျပဳံးတို႔ ခ်က္ခ်င္းေအးခဲသြားကာ သူ႔ႏွုတ္ခမ္းေထာင့္ကလည္း တြန႔္သြားရ၏။

"အေမႊးမဲ့ၾကက္ပ်ံ?"

ဟုတ္တာေပါ့၊ တကယ့္ကို အေမႊးမဲ့ၾကက္ပ်ံပါ။

တကယ္တမ္းေတာ့ ၾကက္ပ်ံက ဘာ့ေၾကာင့္ ခႏၶာကိုယ္ကေန အခ်ိန္တိုင္း ကၽြတ္က်ေနၿပီး အေမႊးအနည္းငယ္ပဲ ရွိရတာလဲဆိုတာ ေကာင္ေလးမသိေပ။ ကတုံးေျပာင္ေျပာင္နဲ႔ ၾကက္ပ်ံဟာ တကယ္ပဲ အေမႊးမဲ့ၾကက္ပ်ံလို႔ အေခၚခံထိုက္ပါရဲ့!

ၾကက္ကို လက္ခံဖို႔ သူတြန႔္ဆုတ္ခဲ့ရတဲ့အေၾကာင္းျပခ်က္က အေမႊးမဲ့ၾကက္၏ အ႐ုပ္ဆိုးမွုေၾကာင့္ျဖစ္သည္။ ၾကက္ပ်ံ၏ အေမႊးမရွိသည့္အေျခအေနက ယာယီသာျဖစ္သည္ဟု ဘုရင္ႀကီးက ေနာက္ဆုံးေတာ့ ေျပာခဲ့သည္။ အခက္အခဲထိုးေဖာက္ေက်ာ္လႊားၿပီးလ်င္ အထြတ္အျမတ္သားရဲတစ္ေကာင္ျဖစ္လာမည္ျဖစ္ကာ၊ အဲ့အခ်ိန္ဆို သူ႔မွာ လွပတဲ့အေမႊးအေတာင္ေတြ ရွိလာလိမ့္မည္ဟု ေျပာခဲ့သည္။

အေမႊးမဲ့ၾကက္မွာ လွပတဲ့အေတာင္ေတြရွိလာမယ္ဆိုတဲ့အခြင့္အေရး ရွိတယ္ဆိုကတည္းက ေကာင္ေလးသည္ ေနာက္ဆုံးေတာ့ ၾကက္ကိုေမြးျမဴဖို႔ စိတ္မပါ့တပါ ဆုံးျဖတ္ခဲ့တာျဖစ္သည္။

သူ ၾကက္ပ်ံကိုလက္ခံခဲ့ၿပီးေပမဲ့ သူ႔ၾကက္ကို အျခားသူေတြက အေမႊးမဲ့ၾကက္လို႔ေခၚတာ သူ မၾကားလိုေပ။ ဒါ သူ႔သိကၡာကို အႀကီးအက်ယ္ထိခိုက္ေစသည္။

သူ ပထမဆုံးအျပင္ထြက္တဲ့အခ်ိန္မွာပဲ တစ္စုံတစ္ေယာက္က သူ႔ရဲ့အေမႊးမဲ့ၾကက္ပ်ံကို ေလွာင္ေျပာင္လိမ့္မယ္လို႔ သူ လုံးဝေမၽွာ္လင့္မထားခဲ့ေပ။ ဆိုင္ရွင္ကို သူ႔ဥ ေရာင္းဖို႔ စဥ္းစားထားလို႔သာမဟုတ္လ်င္ သူ႔ေနာက္ကတစ္ေယာက္နဲ႔အတူ ခ်က္ခ်င္း လွည့္ထြက္သြားမွာျဖစ္သည္။ အခုေတာ့ သူ႔ေဒါသကို ခ်ဳပ္ထိန္းဖို႔ပဲ ႀကိဳးစားေနရသည္။

ေကာင္ေလးက ဆိုင္ရွင္စကားကို မၾကားသလို ဟန္ေဆာင္လိုက္သည္။ သူ ဘာအတြက္လာရတာလဲဆိုတာ ထုတ္ေျပာေတာ့မည့္အခ်ိန္မွာပဲ အတြင္းဖက္ကေန ရယ္သံထြက္လာ၏။

"ဟားဟား... အားလုံးၾကည့္ၾက.... အေမႊးမဲ့ၾကက္တစ္ေကာင္..."

"အရမ္း႐ုပ္ဆိုးလိုက္တာ! ဘာလို႔ ဒီေလာက္႐ုပ္ဆိုးတဲ့ မိစၧာသားရဲ ရွိရတာလဲ?"

"အာ၊ ဒါက အေတာ္စက္ဆုပ္စရာပဲ။ ကံဆိုးလြန္းလိုက္တာ! ဒီလိုစက္ဆုပ္စရာကို မနက္ေစာေစာစီးစီး ငါ ဘာလို႔ျမင္ရတာလဲ?"

...

ဒီစကားေတြက ေကာင္ေလးနားထဲ အဆက္မျပတ္ေရာက္ရွိလာသည္။ ခုေတာ့ ေကာင္ေလး မၾကားသလို ဆက္ဟန္ေဆာင္လို႔မရေတာ့ေပ။

အေမႊးမရွိတဲ့ၾကက္တစ္ေကာင္ရွိတာ ဘာမွားေနလို႔လဲ? သူ႔မွာ အလြန္အစြမ္းထက္တဲ့ အေမႊးမဲ့ၾကက္တစ္ေကာင္ရွိတာေလ! ဒီၾကက္က ေျပးနိုင္႐ုံတင္မကဘူး မီးကိုလည္း မွုတ္ထုတ္နိုင္ေသးတယ္၊ ၾကည့္လို႔ေကာင္းေပမယ့္ အသုံးမဝင္တဲ့မိစၧာသားရဲေတြလိုမဟုတ္ဘူး! အဲ့တာကမွ တကယ့္စက္ဆုပ္စရာ!

သူ႔ၾကက္ရဲ့သြင္ျပင္ကို အထင္အျမင္ေသးတာ ခံလိုက္ရသည့္ေကာင္ေလးက ခ်က္ခ်င္းပဲ ေနရာေရႊ႕လိုက္ၿပီး သူ႔ၾကက္၏သိကၡာ ကာကြယ္ဖို႔ စတင္လိုက္သည္။ သူ႔ၾကက္က တကယ္ပဲဆိုးရြားတဲ့ပုံ ရွိေပမဲ့ သူ႔ၾကက္ရဲ့သြင္ျပင္ကို လာေလွာင္တဲ့သူေတြကိုေတာ့ သူမုန္းတီးသည္။

ေန႔တိုင္း ေလ်ာက္သြားၿပီးအခ်ိန္ျဖဳန္းေနတဲ့ ကေလးႏွစ္ေယာက္က ေကာင္ေလး၏မ်က္ႏွာေပၚမွ မခံမရပ္နိုင္ျဖစ္ေနတဲ့ပုံကို ေတြ႕လိုက္ေတာ့ သူတို႔အခ်င္းခ်င္း ၾကည့္လိုက္ၿပီး ေလ်ာက္လာၾကသည္။ ထို႔ေနာက္တြင္ေတာ့ ေကာင္ေလးကိုၾကည့္လိုက္ရင္း ဆြေပးလိုက္တယ္။ "ဘာလို႔လဲ? မင္းရဲ့မိစၧာသားရဲကို ငါတို႔က အေမႊးမဲ့ၾကက္လို႔ ေခၚတာကို မႀကိဳက္ဘူးလား?"

ေကာင္ေလးက ထိုသူႏွစ္ေယာက္ကို လက္ခလယ္ေထာင္ျပလိုက္ၿပီး သူ႔လၽွာကိုထုတ္ရင္း က်ိန္ဆဲလိုက္၏၊ "႐ုပ္ဆိုးတဲ့ မေကာင္းဆိုးဝါးႏွစ္ေကာင္!"

ထိုလူႏွစ္ေယာက္က ခ်က္ခ်င္းေတာင့္သြားၾကေတာ့သည္။ ႏွစ္ေယာက္ထဲမ်တစ္ေယာက္က ေဒါသထြက္သြားၿပီး ေျပာလိုက္၏။ "မွင္စာေကာင္၊ အသက္ရွင္ရတာ ပင္ပန္းေနၿပီလား? မင္းကမ်ား ငါတို႔ကို ဆဲဝံ့တယ္?"

"အိုး၊ ေၾကာက္လိုက္တာ။ ေသလိုက္ေလ! ငါ ဆဲတယ္၊ အဲ့ေတာ့ဘာျဖစ္လဲ? ငါက မင္းတို႔ကို ရိုက္ပါရိုက္ခ်င္ေသးတာ!" ေကာင္ေလးက အားနည္းတဲ့ပုံ မျပဘဲ မ်က္လုံးျပဴးလိုက္ၿပီး ေဒါသမ်က္ႏွာထား ေျပာင္းလိုက္သည္။ အဲ့သူႏွစ္ေယာက္က ဘယ္လိုလူေတြဆိုတာရယ္ သူတို႔ကို ေစာ္ကားရင္ အက်ိဳးဆက္ဘယ္လိုရွိသလဲဆိုတာေတြရယ္ကို သူ လုံးဝမေတြးခဲ့ေခ်။

"မင္း... ဘယ္လိုေတာင္ ရဲရတာလဲ! ယုတ္ညံ့တဲ့လူေတြ! ငါတို႔ရဲ့ ငရဲသားေတြအေပၚ ဘယ္လိုေတာင္ ရိုင္းစိုင္းဝံ့ရတာလဲ? မင္း ငါတို႔ကို ဒီေန႔မေတာင္းပန္ဘူးဆိုရင္ ဒီေန႔ပဲ မင္း ဒုကၡအႀကီးအက်ယ္ေရာက္ရလိမ့္မယ္!" ထိုသူ၏မ်က္ႏွာက ေဒါသေၾကာင့္ လုံးဝနီးျမန္းေနသည္။ ဒါ သူ ပထမဆုံး ဒီလိုအက်ိန္ဆဲခံရျခင္းပဲျဖစ္သည္။

ထိုလူက ေကာင္ေလးကို ဘာ့ေၾကာင့္ ယုတ္ညံ့တဲ့လူမ်ိဳးစုကလို႔ ယူဆရတာလဲဆိုတာကေတာ့ ငရဲသားစစ္စစ္ေတြမွာ ေငြေရာင္ဆံပင္ပဲရွိလို႔ျဖစ္သည္။ ငရဲသားတစ္ပိုင္းလို႔ေခၚၾကေသာ ကျပားေတြဆိုလ်င္ ဆံပင္အေရာင္ ပိုရင့္သည္။ ဆံပင္ လုံးဝအမည္းဆိုလ်င္ေတာ့ ငရဲသားေတြနဲ႔ ဘယ္လို ေသြးေတာ္စပ္မွုမ်ိဳးမွ မရွိေပ။ ယုတ္ညံ့တဲ့လူမ်ိဳးစုအမ်ားစုမွာပဲ အမည္းေရာင္ဆံပင္ရွိလိမ့္မယ္! အဲ့တာလူသားမ်ိဳးႏြယ္စုေတြ!

ေကာင္ေလးမွာ မ်က္စံနက္နဲ႔ ဆံပင္အနက္တို႔ ရွိသည္။ ထို႔ေၾကာင့္ ငရဲသားေတြက သူ႔ကို ယုတ္ညံ့တဲ့မ်ိဳူႏြယ္စုကျဖစ္မယ္လို႔ ထင္ခဲ့တာျဖစ္သည္။ ေကာင္ေလးသည္ ငရဲသားေတြကို စကားေျပာခြင့္မရွိ႐ုံမက ေတြ႕ခဲ့ရင္ေတာင္ ေခါင္းငုံ႔ထားရမွာျဖစ္သည္။

ယုတ္ညံ့တဲ့မ်ိဳးႏြယ္စုက ေကာင္ေလးတစ္ေယာက္က သူတို႔ကို ခုလို ႐ူး႐ူးမိုက္မိုက္ က်ိန္ဆဲတာမ်ိဳး ကေလးႏွစ္ေယာက္ တခါမွမၾကဳံခဲ့ဖူးေပ! ဒါဟာ အရမ္းေဒါပြစရာပဲ!

20210911; 2025


You are reading the story above: TeenFic.Net