အပိုင်း ၁၆၉။ (စကားအပြောအဆို) ပတ်ဝန်းကျင်လေထု ဖန်တီးရာတွင် ကျွမ်းကျင်သူ
အိပ်ယာထက်သို့ ငရဲမင်းကြီး၏ ချီပိုးသယ်ဆောင်သွားမှုကို ခံရပြီးနောက် သူက လုပ်သူမဟုတ်ဘဲ အလုပ်ခံရသူသာဖြစ်ကြောင်း နောက်ဆုံးတော့ ဖုန့်ရှီ သဘောပေါက်သွားတော့သည်။
ရေချိုးဖို့ ပြောခဲ့မိသည်ကို သူ နောင်တရသွားတော့လေ၏။ အနံ့ နံနေလည်း ဒီတိုင်း နေလိုက်ရှာ၊ ဘယ်လိုပဲဖြစ်ဖြစ် ခုတော့ သူ အကြီးကြီး ရှုံးသွားသလိုပဲ။
ရေထဲကနေ ဆွဲထုတ်ချီမ ခံလိုက်ရပြီးနောက် ဖုန့်ရှီတစ်ယောက် ခွေးသေတစ်ကောင်လို အိပ်ယာထက် မလှုပ်မယှက် လဲလျောင်းနေတော့သည်။ သူတို့ ချစ်ခရီးနှင်ခြင်းကို ရေထဲတွင် လုပ်ခဲ့ကြတာဖြစ်ပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် အဲ့တာက သူ့ရဲ့ ပထမဆုံးအကြိမ်ဖြစ်နေသည်။ အကြိမ်ရေတော်တော်များများ သူ နာကျင်စွာဖြင့် အော်နေဆဲ၊ "ကျွန်တော် အဲ့တာကို ရေထဲ ထပ်မလုပ်တော့ဘူး"
"အင်း၊ ရေထဲ လုံးဝ ထပ်မလုပ်တော့ဘူးနော်" ငရဲမင်းကြီးက ကတိပေးလိုက်ပြီး တစ်ချိန်တည်းမှာပဲ ကောင်လေးကို သူ့လက်မောင်းတို့ဖြင့် ထွေးပွေ့လိုက်ကာ ဖက်လိုက်ပြီး အိပ်ဖို့ ပြင်လိုက်တော့သည်။
ဖုန့်ရှီ သိပ်ကြီးရိုးဖြောင့်မှုမရှိသည့်ကတိစကားကို ကြားလိုက်ရတော့ ငရဲမင်းကြီး၏ abs ကို ခပ်ကြမ်းကြမ်း ကုတ်ခြစ်လိုက်သည်။
ငရဲမင်းကြီးက ဖုန့်ရှီ ဒေါသထွက်နေသည်ကို မသိသလိုမျိုး သူ့လက်တို့ကို ကိုင်ထားလိုက်ပြီး ရိုးရှင်းစွာပြောလိုက်သည်၊ "ခု အိပ်တော့၊ မိုးလင်းတော့မယ်။ ကိုယ်တော်တို့ ဒီနေ့ လုပ်စရာတွေ အများကြီးပဲ။"
"အဲ့တာ အကုန်လုံး ခေါင်းဆာင်အမှားလေ" ဖုန့်ရှီက အပစ်တင် ညီးတွားလိုက်၏။
သူတို့ အဲ့တာကို အကြာကြီး လုပ်ခဲ့ကြပြီး အခုအိပ်ယာပေါ်ရောက်တော့ အတော်ကြီး လင်းနေပြီဆိုတာကို သူ မေ့သွားမှန်း သိသာလွန်းလှသည်။ သူက ရေတောင်မှ ချိုးခဲ့လိုက်သေးသည်လေ။ မှန်းခြေအရဆိုလျင် သူတို့ အခုမှ စအိပ်ကြမယ်လုပ်ချိန်တွင် ကျောက်စိမ်းပြာမိသားစုတို့က နိုနေလောက်ပြီဖြစ်ကာ အဲ့လိုသာဆိုလျင် အကယ်၍များ တစ်ယောက်ယောက်က သူတို့ အခန်းတံခါးကို လာခေါက်လာခဲ့သည်ရှိသော် သူတို့ ဘယ်လိုလုပ် ဆက်အိပ်နေနိုင်ပါ့မည်နည်း?
"ဟုတ်တယ်၊ အဲ့တာ ကိုယ်တော့အမှား" ငရဲမင်းကြီးက သူ့အမှားကို တည့်ပဲ ဝန်ခံလိုက်တော့သည်။ ဖုန့်ရှီ ပိုလို့ စိတ်တိုလာကာ ငရဲမင်းကြီးကို ကိုက်ချင်သလိုမျိုး သွားကြိတ်လိုက်တော့၏။
အံစာတုံးက ပစ်ပြီးသွားပြီ။ ခုမှ ညီးတွားနေလို့လည်း အသုံးမဝင်တော့ပေ။ ဖုန့်ရှီ အဲ့တာကို သိသည့်အတွက် အတန်ကြာ တိတ်ဆိတ်သွားပြီးနောက် ငရဲမင်းကြီး၏ လက်မောင်းအတွင်း တီးတိုးရေရွတ်လိုက်သည်၊ "ကျွန်တော့်ဖင် နာနေတယ်၊ အိပ်မရဘူး"
"ကိုယ်တော် တစ်ချက် ကြည့်ပေးမယ်"
ငရဲမင်းကြီးက အဲ့လိုပြောလိုက်ကာ သူ့ဘောင်းဘီကို ကိုင်လိုက်ပြီး ဆွဲချွတ်တော့မယ့်ဆဲဆဲမှာပဲ ဖုန့်ရှီက သူ့ဘောင်းဘီကို အမြန် ဆွဲထားလိုက်ကာ တုန်လှုပ်သွား၏။ နာနာကျင်ကျင် ဆုံးဖြတ်ချက်တစ်ချို့ သူ ချလိုက်ဟန်ရှိကာ အတန်ကြာအောင် စကားမပြောနိုင်ဖြစ်နေပြီးနောက်၊ "မလိုဘူး၊ ကျွန်တော် အခု မနာတော့ဘူး"
"သေချာရဲ့လား?" ငရဲမင်းကြီးက အတန်ကြာအောင် သူ့ကို စိုက်ကြည့်လိုက်သည်။
ဖုန့်ရှီက ချက်ချင်းပဲ ခေါင်းညိတ်လိုက်သည်၊ "အင်း၊ တကယ်!" သူ ငရဲမင်းကြီးနှင့် တကယ်ပဲ အိပ်ယာထဲမှာ လုပ်ချင်ပေမဲ့ ရေထဲ တစ်ကြိမ်လုပ်တာတောင်မှ သူဖင်က ခုထိ နာနေဆဲဖြစ်သည်. သူ နာကျင်မှု ထပ်မခံစားလိုတော့သည့်အတွက် သူ့မှာ သည်းခံဖို့ကလွဲ အခြား ရွေးချယ်စရာမရှိတော့ပေ။
အကယ်၍ ငရဲမင်းကြီးက သူတွေးနေတာကို သိသွားခဲ့လျင် သူ့ကို အတင်းအကျပ် လုပ်ပြီး သူ စိတ်ကျေနပ်သည့်အထိ အချစ်ခရီး ထပ်ဆက်နိုင်လောက်သည်။
မိုးသောက်တော့ ဘေးတံခါးမှနေ ကလေးဆန်တဲ့အသံတစ်သံ စူးခနဲ အော်လိုက်သံကို ကြားလိုက်ရတာကြောင့် ဖုန့်ရှီ အလန့်တကြား နိုးသွားတော့သည်။
သူ ထင်နေတာလည်း ဖြစ်နိုင်သည်။ ဖုန့်ရှီ သူ့ဖင်က မနာတော့တာကို ခံစားမိသွားပြီးနောက် အိပ်ယာထက်မှ ထလိုက်သည်။ စက္ကူပြူတင်းတံခါး အပြင်ဘက်တွင် အရိပ်တွေ ဟိုမှသည် ပြေးလွှားနေကြကာ တစ်ယောက်ပြီးတစ်ယောက်၏ အလောတကြီးအသံတို့ ထွက်လာကြသည်။ သူ သေချာ ဂရုတစိုက် နားထောင်ကြည့်လိုက်တော့ ကျောက်စိမ်းပြာမိသားစု သခင်ကြီးနှင့် သခင်အဟောင်း အဘိုးအိုတို့က အော်ဟစ်နေသည့် မိန်းမငယ်လေးကို နှစ်သိမ့်ပေးနေသည်အား သူ ကြားလိုက်ရသည်။
ငရဲမင်းကြီးက အိပ်ယာဘေး ရပ်နေကာ ကျနစွာ ဝတ်စားဆင်ယင်ထားပြီးဖြစ်သည်။ ဖုန့်ရှီလိုပဲ သူလည်း အပြင်ဘက်က ပုံရိပ်တွေကို မြင်နေရပေမဲ့ သူကတော့ အတော်ကြီး တည်ငြိမ်လို့နေသည်။
"ခေါင်းဆောင်၊ အပြင်မှာ ဘာဖြစ်နေကြတာလဲ?" ဖုန့်ရှီက သူ့ရဲ့ မြက်ရိုင်းလိုဆံနွယ်တို့ကို ကုတ်ခြစ်လိုက်ပြီး လုံလောက်အောင် မအိပ်ရသေးသည်မှန်း သိသာလောက်သည့်ဟန်ဖြင့် မေးလိုက်သည်။
"လန်ကျန်းထျန်ရဲ့မြေး အော်လိုက်တာ" ငရဲမင်းကြီးက အကြမ်းဖျဉ်း ပြောလိုက်ကာ ဒီကိစ္စရပ်အပေါ် အရေးတယူ ရှိမနေချေ။
ဖုန့်ရှီက စိတ်ဝင်စားသွားပြီး အထူးတဆန်းဖြင့် မေးလိုက်သည်၊ "ကြောက်လို့လား? သူက သရဲနဲ့ ပက်ပင်းတိုးသွားလို့လား?"
ငရဲမင်းကြီးက သူ့ကို အဓိပ္ပါယ်ပါပါ တစ်ချက်ကြည့်လိုက်ပြီး၊ 'ဟင့်အင်း၊ သူက သရဲနဲ့မတိုးမိလို့ ကြောက်တာလို့ ပြောရမယ်"
"သရဲနဲ့မတိုးမိလို့ ကြောက်တာ?" ဖုန့်ရှီက ငရဲမင်းကြီး၏ အကြည့်ကို သတိမပြုမိချေ။ သူ့ခေါင်းကို သူပုတ်လိုက်ကာ သဘောမပေါက်ဆဲဖြစ်နေပေမဲ့ အခု သူ မအိပ်ချင်တော့ချေ။ သိုလှောင်လက်စွပ်ထဲမှ အဝတ်ကို ထုတ်ယူဝတ်လိုက်ပြီးနောက် ငရဲမင်းကြီးကို ဆွဲကာ ဘာဖြစ်နေသလဲကြည့်ဖို့ရန် အပြင်ကိုပြေးထွက်သွားတော့၏။
"လင်းယွီ၊ ပြောလေ၊ အခုဘာဖြစ်တာလဲ?" လန်ကျန်းထျန်က သူ့မြေးမလေးကို အလွန်ချစ်သည်။ သူမက မင်းသမီးငယ်လေးတစ်ပါးလို အဆက်ဆံခံရပြီး ဘာအနာတရမှ မရှိအောင် ကာကွယ်စောင့်ရှောက်ထားတာဖြစ်သည့်အတွက် သူမ ကြောက်လန့်တကြားအော်လိုက်ချိန်တွင် လူအားလုံးက ချက်ချင်းပဲ အပြေးရောက်ချလာတော့သည်။ သူမ အလန့်မပြေသေးသည့်အခြေအနေကို မြင်တော့ သူက စိုးရိမ်တကြီးဖြင့် ချက်ချင်းပဲ မေးလိုက်တော့သည်။
သူမကို ဂရုစိုက်ကြတဲ့သူမရဲ့မိသားစုကိုကြည့်လိုက်ပြီးနောက် လန်လင်းယွီက တန့်သွားပြီးနောက် စကားတစ်ခွန်းမှ မထွက်လာတော့ဘဲ သူမရဲ့ လှပကလေးဆန်တဲ့မျက်နှာလေးကလည်း ခရမ်းချဉ်သီးလို ရဲတွတ်လာတော့သည်။ သူမက ဘာမှမပြောနိုင်လောက်အောင် အလွန်အမင်း ရှက်နေတော့သည်။
အဘိုးဖြစ်သူ သခင်အိုကြီးက သူ့မြေးမလေး တစ်ခုခုဖြစ်သွားလား စိုးရိမ်နေသည့်အတွက် သူမရဲ့ပြောင်းလဲချက်ကို သတိမပြုမိလိုက်ချေ။
နောက်ဆုံးတော့ လန်လင်းယွီ၏အဖေက ဖွင့်ထားတဲ့ VIP အခန်းက အလွတ်ဖြစ်နေတာကို သတိပြုမိသွဦးသည်။ ဒီ VIP အခန်းက ဖုန့်ရှီလို့ခေါ်တဲ့အနီနဲ့ကောင်လေးအတွက် အိမ်တော်ထိန်းတို့ စီစဉ်ပေးထားတာဆိုတာကို သူ မှတ်မိလိုက်သည်။ အဲ့နောက် သူက အခန်းအပြင်ဘက်မှာ မျက်နှာနီနီနဲ့ အထူးတဆန်း ရပ်နေတဲ့ သူ့ရဲ့အဖိုးတန်လှတဲ့သမီးလေးကို ကြည့်လိုက်ပြီးနောက် ချက်ချင်းပဲ အချက်တစ်ချို့ကို ခန့်မှန်းမိသွားတော့သည်။
ကြည့်ရတာ သူ့ရဲ့ချစ်လှစွာသော သမီးလေးက ကောင်ငယ်လေးကို ကြိုက်သွားတာကြောင့် သူ့ကို လာရှာတာဖြစ်လောက်မည်။ ဒါပေမဲ့ သူမ အတန်ကြာ တံခါးခေါက်တဲ့အထိ ဘယ်သူကမှ မတုန့်ပြန်တော့ တံခါးကို တွန်းဖွင့်ဝင်သွားတဲ့အချိန်မှာ အထဲမှာ ဘယ်သူမှ မရှိတာကို တွေ့သွားတာကြောင့် ကောင်ငယ်လေး တစ်ခုခု ဖြစ်သွားတယ်လို့ ထင်ပြီး အော်လိုက်တာဖြစ်မည်။
အင်း,,, အမွှေကြီးပဲ!
လန်မိုယွီက သူ့သမီးကို ဘာပြောရမှန်းမသိဖြစ်သွားရကာ သူ့အမေက သူမကို ဘယ်လိုများ ထိန်းကြောင်းတာလဲလို့ သိချင်သွားတော့သည်။ ယောက်ျားလေးတစ်ယောက်နဲ့ မိန်းခလေးတစ်ယောက်တို့က အတွင်းကျကျ ရင်းနှီးတဲ့ ဆက်ဆံရေးတစ်ခု မထူထောင်ရသေးဘူးဆိုရင် နီးနီးကပ်ကပ် အတူရှိတာ မသင့်လျော်ဘူးဆိုတာ သူမ ဘာလို့ မသိနိုင်ရတာလဲ? မိန်းခလေးတစ်ယောက်တည်း လူစိမ်းယောက်ျားသားတစ်ယောက်ရဲ့အခန်းထဲကို ဘယ်လိုများ ဝင်ရဲရတာလဲ? သူက အတော်လေး ယဉ်ကျေးတဲ့ ကောင်ငယ်လေးတစ်ယောက်ပဲဆိုပေမဲ့လည်း မသင့်တော်တာကတော့ မသင့်တော်ဆဲပဲလေ။
ဒါပေမဲ့ သူက သူ့သမီးကို လူတိုင်းရှေ့မှာ မဆူချင်သည့်အပြင် သူမကို အလွန် မြတ်နိုးတဲ့ သူ့အဖေကလည်း ဒီမှာ ရှိနေသည့်အတွက် လန်မိုယွီက သူ့ကိုယ်သူသာ ထိန်းလိုက်ပြီး အပြင်လူတွေ မရှိတော့တဲ့ထိ စောင့်ဖို့သာ တတ်နိုင်တော့သည်။
"ဘာတွေဖြစ်နေတာလဲ?"
သခင်အိုကြီးရဲ့ စိုးရိမ်တကြီးမေးသံတို့ ဘာမှမဟုတ်ဘဲ ပြီးဆုံးသွားခါစမှာပဲ လူအုပ်အပြင်ဘက်ကနေ အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာ၏။
လူတိုင်း အထူးသဖြင့် လန်လင်းယွီက အသံပိုင်ရှင်ကို မှတ်မိကြသည်။ သူမက ပထမတော့ အံ့အားသင့်သွားပြီး နောက်တော့ သူမ တစ်စုံတစ်ခုကို တွေးမိသွားကာ သူမရဲ့ နားတို့ ရဲတွတ်သွားတော့သည်။ သူမရဲ့ အပြုအမူက ရောက်လာသူတွေထဲက တစ်ယောက်ကို အဓိပ္ပာယ်ပြည့်ဝတဲ့အမူအယာဖြစ်သွားစေခဲ့သည်။ ထို့အပြင် တခြားတစ်ယောက်ကလည်း သူ့အတွေးသူ့အထင်တို့ဖြင့် ရှိနေဟန်ဖြစ်ကာ အဲ့နောက်မှတော့ မျက်မှောင်ကြုတ်လိုက်ပြီး တစ်စုံတစ်ခုကို စိတ်ရှုပ်ထွေးစွာ တွေးနေပုံရ၏။
လန်ကျန်းထျန်က ဖုန့်ရှီနှင့် ငရဲမင်းကြီးတို့ကို မြင်သွားတော့ စိုးရိမ်နေသည့်အမူအယာတို့ ပျောက်သွားကာ အပြုံးတို့ အစားထိုးသွဦးပြီးနောက် ယဉ်ကျေးစွာမေးလိုက်သည်၊ "မနေ့ညက ကောင်းကောင်းအိပ်ခဲ့ရပါရဲ့လား?"
"အင်း၊ ကျွန်တော်တို့ အတော်ကောင်းကောင်းမွန်မွန် အိပ်ခဲ့ရပါတယ်။ ဘာတွေလုပ်နေကြတာလဲ?" ဖုန့်ရှိက ချက်ချင်း ခေါင်းညိတ်လိုက်သည်။ သူက အိပ်ယာအကြီးကြီးကို အလွန်ကြိုက်နှစ်သက်၏။ အဲ့နောက် သူက မူလခေါင်းစဉ်ကို စကားလမ်းကြောင်း ပြောင်းလိုက်သည်။ သရဲကို မမြင်တာကြောင့် ကောင်မလေးက ဘာ့ကြောင့် ကြောက်လန့်တကြားအော်လိုက်ရတာလဲဆိုတာကို သူ ပိုသိချင်နေသည်။
လန်ကျန်းထျန်ကလည် လန်လင်းယွီကို မေးနေခြင်းဖြစ်သည့်အတွက် သူလည်းပဲ သိမနေချေ။ သူ ဖြေတော့မယ့်အချိန်မှာပဲ သူ့ရဲ့မြေးမလေးက သူ့ရှေ့ကအရင် ပြောလိုက်သည်။
"ဟင့်အင့်...ဘာမှမဟုတ်ပါဘူး... မေးတဲ့အတွက် ကျေးဇူး...ကလေးလေး" လန်လင်းယွီက သူမခေါင်းကို ငုံ့ချလိုက်ပြီး ပြောလိုက်ခြင်းကြောင့် သူမအမူအယာကို မမြင်နိုင်ပေမဲ့ သူမ၏ နီရဲတွတ်နေသည့် နားနှစ်ဖက်တို့ကတော့ အရမ်းကို သိသာနေ၏။
သူမ စကားထစ်နေတာကို ကြည့်ပြီး တစ်စုံတစ်ယောက်က နောက်ဆုံးတော့ ဒီအခန်းက ဒီကလေးလေးအတွက် ပေးထားတဲ့ VIP အခန်းဆိုတာကို သတိရသွားသည်။ သူတို့မင်းသမီးငယ်လေးရဲ့ ရှက်သွေးဖြန်းပြီး နီရဲနေတဲ့ မျက်နှာ၊ ကောင်လေးကို မြင်တော့ ထစ်သွားတဲ့စကားဟန်ပန်တို့ကို စဉ်းစားကြည့်ပြီးနောက် သူမက ကောင်လေးအပေါ် စိတ်ဝင်စား သဘောကျနေတာပဲဆိုတာကို သူတို့ သိသွားကြတော့သည်။ အလှလေးက ကယ်တင်ရှင်သူရဲကောင်းလေးကို ချစ်သွားမှာဆိုတဲ့ဆိုရိုးတစ်ရပ်က မှန်နေပုံပင်။ လူတော်တော်များများက သူတို့ရဲ့ကောင်မလေးကို ဒီလိုအကွက်တွေနဲ့ ချုပ်ရတာ ကြိုက်တယ်ဆိုတာ အံ့ဩစရာမရှိဘူးပဲ။
အရိပ်အမြွက်မြင်သွားတဲ့သူတိုင်းက နားလည်တဲ့အပြုံးတို့ဖြင့် ပြုံးလိုက်ကြသည်။
လန်လင်းယွီက သူ့မိသားစုရဲ့အမူအယာကို မြင်တော့ သူမ သဘောကျနေတာကို သူတို့ သတိပြုမိသွားလောက်မှန်း သူမ ဘာလို့ မမှန်းမိလိုက်ရတာလဲ? ချက်ချင်းပဲ သူမ ရှက်ကန်းကန်းဖြင့် သူမအရှေ့က သူမအဘိုး၊ အမေနဲ့ အန်တီတို့ကို တွန်းဖယ်လိုက်ပြီး တခြားစင်္ကြန်လမ်းဖက် ထွက်ပြေးသွားတော့တာကြောင့် လူတိုင်းပဲ ရယ်ပွဲဖွဲ့သွားကြတော့သည်။
ဖုန့်ရှီက အဲ့ဒီ့ထူးဆန်းတဲ့မိသားစုကို ကြည့်လိုက်ပြီးနောက် သူတို့တွေက ရူးနေတာလားလို့ စိတ်ထဲတွေးလိုက်၏။ အဲ့တာကြောင့်လည်း သူ့ခေါင်းဆောင်က ကောင်မလေးက သရဲနဲ့မတိုးလို့ အော်တာလို့ သူ့ပြောတာပဲ။ ကြည့်ရတာ သူမက နေမကောင်ပုံရတယ်၊ သူတို့တစ်မိသားစုလုံး နေမကောင်းပုံပဲ။ (စိတ်မမှန်ပုံပဲ) ကံကောင်းတာက သူတို့တွေ မနက်ဖန်ဆို ဒီက ထွက်သွားတော့မှာ။
"ခေါင်းဆောင်၊ သူတို့တစ်မိသားစုလုံးက ထူးဆန်းနေတယ်လို့ ကျွန်တော်ထင်တယ်၊" အဆုံးမတော့ ဖုန့်ရှီက ငရဲမင်းကြီးကို ပြောလိုက်၏။
ငရဲမင်းကြီ၏ ထူးမခြားနားအကြည့်တို့က ဖုန့်ရှီထံ ရွေ့သွားပြီးနောက် သူ့မျက်လုံးတို့က တဖြည်းဖြည်း မြတ်နိုးရိပ်စွက်လာကာ ပူးပေါင်းဟန်ဖြင့် မေးလိုက်သည်၊ "ဘာဆိုလိုတာလဲ?"
ဖုန့်ရှီက တခြားသူတွေ သူတို့ပြောတာ ကြားသွဦးမှာ စိုးဟန်ဖြင့် ငရဲမင်းကြီးကို လေသံဖြင့်သာ တုန့်ပြန်လိုက်သည်၊ "သူတို့တွေ ရယ်နေကြတာ တစ်မျိုးကြီးပဲ။"
"တစ်မျိုးကြီး? အမှန်ပဲ"
ငရဲမင်းကြီးက လန်ကျန်းထျန်နဲ့ တခြားသူတွေကို တစ်ချက်ကြည့်လိုက်သည်။ သူတို့တွေ ဘာတွေးနေကြတယ်ဆိုတာကို မသိသူတွေကတော့ သူတို့ရယ်နေတာ တစ်မျိုးကြီးလို့ ထင်ကြမှာပင်။ ဖုန့်ရှီက သူ့ကိုပဲ ဂရုစိုက်တယ်ဆိုတာ သူသိသည်။ ဘယ်သူတွေပဲ သူ့ကိုကြိုက်ကြိုက် ဖုန့်ရှီကတော့ ဘာစိတ်ကူးမှ ရှိနေမှာမဟုတ်။ အဲ့အတွက်ကြောင့် ငရဲမင်းကြီးက သူ့ရဲ့ "အချစ်ပြိုင်ဖက်" ဖြစ်တဲ့ လန်လင်းယွီ့ အပေါ် ဘာစိုးရိမ်စိတ်မှ ရှိမနေပေမဲ့ တခြားသူတွေက ဖုန့်ရှီကို ကြိတ်ကြိုက်နေတဲ့အပေါ်တော့ သူ မပျော်ချေ။
"လူကြီးမင်းတို့နှစ်ယောက်က ဒီနေ့ အစောကြီး နိုးနေကြတာပဲ၊ ဒါပေမဲ့ ကောင်ငယ်လေးက ညက အခန်းထဲမှာ မအိပ်ဘူးလို့ အစေခံကပြောတယ်..." လန်မိုယွီက စပ်စုနှုတ်ခွန်းဆက်လိုက်၏။ အဲ့အပြင် သူတို့တွေက မနေ့ညတုန်းက ရေပူတစ်ဇလုံ တောင်းသေးတယ်လို့ သူ ကြားခဲ့သေးသည်။ ကြည့်ရတာ သူတို့တွေ ညဘက်မှာ ရေချိုးကြပုံပင်၊ ဒါပေမဲ့ ညသန်းခေါင်ကြီး ရေထချိုးတာကတော့ အတော်ကြီး ထူးဆန်းလှသည်။
ဖုန့်ရှီက လန်မိုးယွီရဲ့ စူးစမ်းဟန်ကို သဘောမပေါက်လိုက်သည့်အတွက် စကားဖြတ်ကာ အမှုမဲ့အမှတ်မဲ့ ပြောလိုက်၏၊ "ကျွန်တော် မနေ့ညက ကျွန်တော့်ခေါင်းဆောင်နဲ့ တစ်ခန်းတည်း တူတူအိပ်တာ၊ အဲ့တာ ဘာပြဿနာရှိလို့လဲ?"
"မဟုတ်ပါဘူး၊ မင်းက ပေးထားတဲ့ VIP အခန်းကို မကြိုက်ဘူးလားလို့ တွေးမိသွားလို့ပါ။" လန်မိုယွီရဲ့အပြုံးတို့က အနည်းငယ် တောင့်နေ၏။
ဖုန့်ရှီက ပြုံးကာပြောလိုက်သည်၊ "အိုး၊ အဲ့တာကောင်းပါတယ်။ ကျွန်တော် အရမ်းကြိုက်တယ်၊ အထူးသဖြင့် အခန်းထဲက အိပ်ယာပေါ့၊ အရမ်းကြီးတာပဲ! ဒီလောက်ကြီးတဲ့ အိပ်ယာကြီးအပေါ် တစ်ခါမှ မအိပ်ဖူးသေးဘူး။ လူငါးယောက်ခြောက်ယောက်လောက် စုအိပ်ရင်တောင်မှ ဘာပြဿနာမှ ရှိတဲ့ပုံမရဘူး။"
ငရဲမင်းကြီးက ဖုန့်ရှီ ပြောနေခြင်းအပေါ် မတားဆီးလိုက်ချေ။ အနာဂတ်မှာ သူနဲ့ ဖုန့်ရှီရဲ့ ဆက်ဆံရေးက သူတို့တွေတင်မကဘူး ဘုံသုံးဘုံကလူတွေအားလုံး သိသွားကြမှာပင်။
"ဟမ်၊ လူကြီးမင်းတို့နှစ်ယောက်က အရမ်းရင်းနှီးကြတာပဲ၊" လန်မိုယွီက ပြောလိုက်သည်။
"အင်းပေါ့၊ ဘယ်သူမှ ကျွန်တော့်ခေါင်းဆောင်နဲ့ ယှဉ်လို့မရဘူး၊" ဖုန့်ရှီက ဝံ့ကြွားစွာ ပြောလိုက်သည်၊ မနေ့ညတုန်းက သူတို့တွေ အတူတောင် နှီးနှောပြီးသွားကြပြီလေ။ သူ့ခေါင်းဆောင်ကို သူ့ဆီကနေ ဘယ်သူမှ ယူမသွားရဘူး။
လန်မိုယွီရဲ့အမူအယာက တောင်းတင်းသွားပေမဲ့ အပြုံးတော့ ထိန်းထားလိုက်သေးသည်။
စကားအသွားအလာ နားထောင်ပြီးသည့်နောက် အသက်ကြီးနေပြီဖြစ်သည့် လန်ကျန်းထျန်တစ်ယောက် ဘာတွေဖြစ်နေတာလဲဆိုတာ ထွင်းဖောက်သိမြင်သွားတော့သည်။ မျက်လုံးထဲက သိုဝှက်ထားတဲ့တုန့်ဆိုင်းမှုတို့နှင့်အတူ သူ့အပြုံးတို့က အနည်းငယ် သဘာဝမကျ ဖြစ်လာတော့သည်။ ဖုန့်ရှီနှင့် ငရဲမင်းကြီးတို့အကြားက ဖြစ်ရိုးဖြစ်စဉ်မဟုတ်တဲ့ ဆက်ဆံရေးကို သဘောပေါက်သွားကြတဲ့ လန်လင်းယွီ၏ အမေနဲ့ အဒေါ်တို့ကလည်း တစ်ခဏလောက် တိတ်ဆိတ်သွားကြတော့သည်။
ငရဲမင်းကြီးက ဖုန့်ရှီ မတော်တဆ ဖန်တီးလိုက်တဲ့ ပတ်ဝန်းကျင်လေထုကို သဘောကျသွားတော့သည်။
20221204; 0021
Stay tuned for the next chapter:
မိသားစုကိစ္စတွေ အလုပ်ပင်ပန်းတာတွေကြောင့် တစ်လလောက် ပျောက်သွားခဲ့တာ တောင်းပန်ပါတယ်၊ ပြန်မှန်အောင် ကြိုးစားပေးပါမယ်ရှင်။
🥰Thanks for reading, sharing, comments and votes.
—————————— 👀 —————————
အပိုင္း ၁၆၉။ (စကားအေျပာအဆို) ပတ္ဝန္းက်င္ေလထု ဖန္တီးရာတြင္ ကၽြမ္းက်င္သူ
အိပ္ယာထက္သို႔ ငရဲမင္းႀကီး၏ ခ်ီပိုးသယ္ေဆာင္သြားမွုကို ခံရၿပီးေနာက္ သူက လုပ္သူမဟုတ္ဘဲ အလုပ္ခံရသူသာျဖစ္ေၾကာင္း ေနာက္ဆုံးေတာ့ ဖုန့္ရွီ သေဘာေပါက္သြားေတာ့သည္။
ေရခ်ိဳးဖို႔ ေျပာခဲ့မိသည္ကို သူ ေနာင္တရသြားေတာ့ေလ၏။ အနံ႔ နံေနလည္း ဒီတိုင္း ေနလိုက္ရွာ၊ ဘယ္လိုပဲျဖစ္ျဖစ္ ခုေတာ့ သူ အႀကီးႀကီး ရွုံးသြားသလိုပဲ။
ေရထဲကေန ဆြဲထုတ္ခ်ီမ ခံလိုက္ရၿပီးေနာက္ ဖုန့္ရွီတစ္ေယာက္ ေခြးေသတစ္ေကာင္လို အိပ္ယာထက္ မလွုပ္မယွက္ လဲေလ်ာင္းေနေတာ့သည္။ သူတို႔ ခ်စ္ခရီးႏွင္ျခင္းကို ေရထဲတြင္ လုပ္ခဲ့ၾကတာျဖစ္ေပမဲ့ ဘယ္လိုပဲျဖစ္ျဖစ္ အဲ့တာက သူ႔ရဲ့ ပထမဆုံးအႀကိမ္ျဖစ္ေနသည္။ အႀကိမ္ေရေတာ္ေတာ္မ်ားမ်ား သူ နာက်င္စြာျဖင့္ ေအာ္ေနဆဲ၊ "ကၽြန္ေတာ္ အဲ့တာကို ေရထဲ ထပ္မလုပ္ေတာ့ဘူး"
"အင္း၊ ေရထဲ လုံးဝ ထပ္မလုပ္ေတာ့ဘူးေနာ္" ငရဲမင္းႀကီးက ကတိေပးလိုက္ၿပီး တစ္ခ်ိန္တည္းမွာပဲ ေကာင္ေလးကို သူ႔လက္ေမာင္းတို႔ျဖင့္ ေထြးေပြ႕လိုက္ကာ ဖက္လိုက္ၿပီး အိပ္ဖို႔ ျပင္လိုက္ေတာ့သည္။
ဖုန့္ရွီ သိပ္ႀကီးရိုးေျဖာင့္မွုမရွိသည့္ကတိစကားကို ၾကားလိုက္ရေတာ့ ငရဲမင္းႀကီး၏ abs ကို ခပ္ၾကမ္းၾကမ္း ကုတ္ျခစ္လိုက္သည္။
ငရဲမင္းႀကီးက ဖုန့္ရွီ ေဒါသထြက္ေနသည္ကို မသိသလိုမ်ိဳး သူ႔လက္တို႔ကို ကိုင္ထားလိုက္ၿပီး ရိုးရွင္းစြာေျပာလိုက္သည္၊ "ခု အိပ္ေတာ့၊ မိုးလင္းေတာ့မယ္။ ကိုယ္ေတာ္တို႔ ဒီေန႔ လုပ္စရာေတြ အမ်ားႀကီးပဲ။"
"အဲ့တာ အကုန္လုံး ေခါင္းဆာင္အမွားေလ" ဖုန့္ရွီက အပစ္တင္ ညီးတြားလိုက္၏။
သူတို႔ အဲ့တာကို အၾကာႀကီး လုပ္ခဲ့ၾကၿပီး အခုအိပ္ယာေပၚေရာက္ေတာ့ အေတာ္ႀကီး လင္းေနၿပီဆိုတာကို သူ ေမ့သြားမွန္း သိသာလြန္းလွသည္။ သူက ေရေတာင္မွ ခ်ိဳးခဲ့လိုက္ေသးသည္ေလ။ မွန္းေျခအရဆိုလ်င္ သူတို႔ အခုမွ စအိပ္ၾကမယ္လုပ္ခ်ိန္တြင္ ေက်ာက္စိမ္းျပာမိသားစုတို႔က နိုေနေလာက္ၿပီျဖစ္ကာ အဲ့လိုသာဆိုလ်င္ အကယ္၍မ်ား တစ္ေယာက္ေယာက္က သူတို႔ အခန္းတံခါးကို လာေခါက္လာခဲ့သည္ရွိေသာ္ သူတို႔ ဘယ္လိုလုပ္ ဆက္အိပ္ေနနိုင္ပါ့မည္နည္း?
"ဟုတ္တယ္၊ အဲ့တာ ကိုယ္ေတာ့အမွား" ငရဲမင္းႀကီးက သူ႔အမွားကို တည့္ပဲ ဝန္ခံလိုက္ေတာ့သည္။ ဖုန့္ရွီ ပိုလို႔ စိတ္တိုလာကာ ငရဲမင္းႀကီးကို ကိုက္ခ်င္သလိုမ်ိဳး သြားႀကိတ္လိုက္ေတာ့၏။
အံစာတုံးက ပစ္ၿပီးသြားၿပီ။ ခုမွ ညီးတြားေနလို႔လည္း အသုံးမဝင္ေတာ့ေပ။ ဖုန့္ရွီ အဲ့တာကို သိသည့္အတြက္ အတန္ၾကာ တိတ္ဆိတ္သြားၿပီးေနာက္ ငရဲမင္းႀကီး၏ လက္ေမာင္းအတြင္း တီးတိုးေရရြတ္လိုက္သည္၊ "ကၽြန္ေတာ့္ဖင္ နာေနတယ္၊ အိပ္မရဘူး"
"ကိုယ္ေတာ္ တစ္ခ်က္ ၾကည့္ေပးမယ္"
ငရဲမင္းႀကီးက အဲ့လိုေျပာလိုက္ကာ သူ႔ေဘာင္းဘီကို ကိုင္လိုက္ၿပီး ဆြဲခၽြတ္ေတာ့မယ့္ဆဲဆဲမွာပဲ ဖုန့္ရွီက သူ႔ေဘာင္းဘီကို အျမန္ ဆြဲထားလိုက္ကာ တုန္လွုပ္သြား၏။ နာနာက်င္က်င္ ဆုံးျဖတ္ခ်က္တစ္ခ်ိဳ႕ သူ ခ်လိုက္ဟန္ရွိကာ အတန္ၾကာေအာင္ စကားမေျပာနိုင္ျဖစ္ေနၿပီးေနာက္၊ "မလိုဘူး၊ ကၽြန္ေတာ္ အခု မနာေတာ့ဘူး"
"ေသခ်ာရဲ့လား?" ငရဲမင္းႀကီးက အတန္ၾကာေအာင္ သူ႔ကို စိုက္ၾကည့္လိုက္သည္။
ဖုန့္ရွီက ခ်က္ခ်င္းပဲ ေခါင္းညိတ္လိုက္သည္၊ "အင္း၊ တကယ္!" သူ ငရဲမင္းႀကီးႏွင့္ တကယ္ပဲ အိပ္ယာထဲမွာ လုပ္ခ်င္ေပမဲ့ ေရထဲ တစ္ႀကိမ္လုပ္တာေတာင္မွ သူဖင္က ခုထိ နာေနဆဲျဖစ္သည္. သူ နာက်င္မွု ထပ္မခံစားလိုေတာ့သည့္အတြက္ သူ႔မွာ သည္းခံဖို႔ကလြဲ အျခား ေရြးခ်ယ္စရာမရွိေတာ့ေပ။
အကယ္၍ ငရဲမင္းႀကီးက သူေတြးေနတာကို သိသြားခဲ့လ်င္ သူ႔ကို အတင္းအက်ပ္ လုပ္ၿပီး သူ စိတ္ေက်နပ္သည့္အထိ အခ်စ္ခရီး ထပ္ဆက္နိုင္ေလာက္သည္။
မိုးေသာက္ေတာ့ ေဘးတံခါးမွေန ကေလးဆန္တဲ့အသံတစ္သံ စူးခနဲ ေအာ္လိုက္သံကို ၾကားလိုက္ရတာေၾကာင့္ ဖုန့္ရွီ အလန့္တၾကား နိုးသြားေတာ့သည္။
သူ ထင္ေနတာလည္း ျဖစ္နိုင္သည္။ ဖုန့္ရွီ သူ႔ဖင္က မနာေတာ့တာကို ခံစားမိသြားၿပီးေနာက္ အိပ္ယာထက္မွ ထလိုက္သည္။ စကၠဴျပဴတင္းတံခါး အျပင္ဘက္တြင္ အရိပ္ေတြ ဟိုမွသည္ ေျပးလႊားေနၾကကာ တစ္ေယာက္ၿပီးတစ္ေယာက္၏ အေလာတႀကီးအသံတို႔ ထြက္လာၾကသည္။ သူ ေသခ်ာ ဂ႐ုတစိုက္ နားေထာင္ၾကည့္လိုက္ေတာ့ ေက်ာက္စိမ္းျပာမိသားစု သခင္ႀကီးႏွင့္ သခင္အေဟာင္း အဘိုးအိုတို႔က ေအာ္ဟစ္ေနသည့္ မိန္းမငယ္ေလးကို ႏွစ္သိမ့္ေပးေနသည္အား သူ ၾကားလိုက္ရသည္။
ငရဲမင္းႀကီးက အိပ္ယာေဘး ရပ္ေနကာ က်နစြာ ဝတ္စားဆင္ယင္ထားၿပီးျဖစ္သည္။ ဖုန့္ရွီလိုပဲ သူလည္း အျပင္ဘက္က ပုံရိပ္ေတြကို ျမင္ေနရေပမဲ့ သူကေတာ့ အေတာ္ႀကီး တည္ၿငိမ္လို႔ေနသည္။
"ေခါင္းေဆာင္၊ အျပင္မွာ ဘာျဖစ္ေနၾကတာလဲ?" ဖုန့္ရွီက သူ႔ရဲ့ ျမက္ရိုင္းလိုဆံႏြယ္တို႔ကို ကုတ္ျခစ္လိုက္ၿပီး လုံေလာက္ေအာင္ မအိပ္ရေသးသည္မွန္း သိသာေလာက္သည့္ဟန္ျဖင့္ ေမးလိုက္သည္။
"လန္က်န္းထ်န္ရဲ့ေျမး ေအာ္လိုက္တာ" ငရဲမင္းႀကီးက အၾကမ္းဖ်ဥ္း ေျပာလိုက္ကာ ဒီကိစၥရပ္အေပၚ အေရးတယူ ရွိမေနေခ်။
ဖုန့္ရွီက စိတ္ဝင္စားသြားၿပီး အထူးတဆန္းျဖင့္ ေမးလိုက္သည္၊ "ေၾကာက္လို႔လား? သူက သရဲနဲ႔ ပက္ပင္းတိုးသြားလို႔လား?"
ငရဲမင္းႀကီးက သူ႔ကို အဓိပၸါယ္ပါပါ တစ္ခ်က္ၾကည့္လိုက္ၿပီး၊ 'ဟင့္အင္း၊ သူက သရဲနဲ႔မတိုးမိလို႔ ေၾကာက္တာလို႔ ေျပာရမယ္"
"သရဲနဲ႔မတိုးမိလို႔ ေၾကာက္တာ?" ဖုန့္ရွီက ငရဲမင္းႀကီး၏ အၾကည့္ကို သတိမျပဳမိေခ်။ သူ႔ေခါင္းကို သူပုတ္လိုက္ကာ သေဘာမေပါက္ဆဲျဖစ္ေနေပမဲ့ အခု သူ မအိပ္ခ်င္ေတာ့ေခ်။ သိုေလွာင္လက္စြပ္ထဲမွ အဝတ္ကို ထုတ္ယူဝတ္လိုက္ၿပီးေနာက္ ငရဲမင္းႀကီးကို ဆြဲကာ ဘာျဖစ္ေနသလဲၾကည့္ဖို႔ရန္ အျပင္ကိုေျပးထြက္သြားေတာ့၏။
"လင္းယြီ၊ ေျပာေလ၊ အခုဘာျဖစ္တာလဲ?" လန္က်န္းထ်န္က သူ႔ေျမးမေလးကို အလြန္ခ်စ္သည္။ သူမက မင္းသမီးငယ္ေလးတစ္ပါးလို အဆက္ဆံခံရၿပီး ဘာအနာတရမွ မရွိေအာင္ ကာကြယ္ေစာင့္ေရွာက္ထားတာျဖစ္သည့္အတြက္ သူမ ေၾကာက္လန့္တၾကားေအာ္လိုက္ခ်ိန္တြင္ လူအားလုံးက ခ်က္ခ်င္းပဲ အေျပးေရာက္ခ်လာေတာ့သည္။ သူမ အလန့္မေျပေသးသည့္အေျခအေနကို ျမင္ေတာ့ သူက စိုးရိမ္တႀကီးျဖင့္ ခ်က္ခ်င္းပဲ ေမးလိုက္ေတာ့သည္။
သူမကို ဂ႐ုစိုက္ၾကတဲ့သူမရဲ့မိသားစုကိုၾကည့္လိုက္ၿပီးေနာက္ လန္လင္းယြီက တန့္သြားၿပီးေနာက္ စကားတစ္ခြန္းမွ မထြက္လာေတာ့ဘဲ သူမရဲ့ လွပကေလးဆန္တဲ့မ်က္ႏွာေလးကလည္း ခရမ္းခ်ဥ္သီးလို ရဲတြတ္လာေတာ့သည္။ သူမက ဘာမွမေျပာနိုင္ေလာက္ေအာင္ အလြန္အမင္း ရွက္ေနေတာ့သည္။
အဘိုးျဖစ္သူ သခင္အိုႀကီးက သူ႔ေျမးမေလး တစ္ခုခုျဖစ္သြားလား စိုးရိမ္ေနသည့္အတြက္ သူမရဲ့ေျပာင္းလဲခ်က္ကို သတိမျပဳမိလိုက္ေခ်။
ေနာက္ဆုံးေတာ့ လန္လင္းယြီ၏အေဖက ဖြင့္ထားတဲ့ VIP အခန္းက အလြတ္ျဖစ္ေနတာကို သတိျပဳမိသြဦးသည္။ ဒီ VIP အခန္းက ဖုန့္ရွီလို႔ေခၚတဲ့အနီနဲ႔ေကာင္ေလးအတြက္ အိမ္ေတာ္ထိန္းတို႔ စီစဥ္ေပးထားတာဆိုတာကို သူ မွတ္မိလိုက္သည္။ အဲ့ေနာက္ သူက အခန္းအျပင္ဘက္မွာ မ်က္ႏွာနီနီနဲ႔ အထူးတဆန္း ရပ္ေနတဲ့ သူ႔ရဲ့အဖိုးတန္လွတဲ့သမီးေလးကို ၾကည့္လိုက္ၿပီးေနာက္ ခ်က္ခ်င္းပဲ အခ်က္တစ္ခ်ိဳ႕ကို ခန့္မွန္းမိသြားေတာ့သည္။
ၾကည့္ရတာ သူ႔ရဲ့ခ်စ္လွစြာေသာ သမီးေလးက ေကာင္ငယ္ေလးကို ႀကိဳက္သြားတာေၾကာင့္ သူ႔ကို လာရွာတာျဖစ္ေလာက္မည္။ ဒါေပမဲ့ သူမ အတန္ၾကာ တံခါးေခါက္တဲ့အထိ ဘယ္သူကမွ မတုန့္ျပန္ေတာ့ တံခါးကို တြန္းဖြင့္ဝင္သြားတဲ့အခ်ိန္မွာ အထဲမွာ ဘယ္သူမွ မရွိတာကို ေတြ႕သြားတာေၾကာင့္ ေကာင္ငယ္ေလး တစ္ခုခု ျဖစ္သြားတယ္လို႔ ထင္ၿပီး ေအာ္လိုက္တာျဖစ္မည္။
အင္း,,, အေမႊႀကီးပဲ!
လန္မိုယြီက သူ႔သမီးကို ဘာေျပာရမွန္းမသိျဖစ္သြားရကာ သူ႔အေမက သူမကို ဘယ္လိုမ်ား ထိန္းေၾကာင္းတာလဲလို႔ သိခ်င္သြားေတာ့သည္။ ေယာက္်ားေလးတစ္ေယာက္နဲ႔ မိန္းခေလးတစ္ေယာက္တို႔က အတြင္းက်က် ရင္းႏွီးတဲ့ ဆက္ဆံေရးတစ္ခု မထူေထာင္ရေသးဘူးဆိုရင္ နီးနီးကပ္ကပ္ အတူရွိတာ မသင့္ေလ်ာ္ဘူးဆိုတာ သူမ ဘာလို႔ မသိနိုင္ရတာလဲ? မိန္းခေလးတစ္ေယာက္တည္း လူစိမ္းေယာက္်ားသားတစ္ေယာက္ရဲ့အခန္းထဲကို ဘယ္လိုမ်ား ဝင္ရဲရတာလဲ? သူက အေတာ္ေလး ယဥ္ေက်းတဲ့ ေကာင္ငယ္ေလးတစ္ေယာက္ပဲဆိုေပမဲ့လည္း မသင့္ေတာ္တာကေတာ့ မသင့္ေတာ္ဆဲပဲေလ။
ဒါေပမဲ့ သူက သူ႔သမီးကို လူတိုင္းေရွ႕မွာ မဆူခ်င္သည့္အျပင္ သူမကို အလြန္ ျမတ္နိုးတဲ့ သူ႔အေဖကလည္း ဒီမွာ ရွိေနသည့္အတြက္ လန္မိုယြီက သူ႔ကိုယ္သူသာ ထိန္းလိုက္ၿပီး အျပင္လူေတြ မရွိေတာ့တဲ့ထိ ေစာင့္ဖို႔သာ တတ္နိုင္ေတာ့သည္။
"ဘာေတြျဖစ္ေနတာလဲ?"
သခင္အိုႀကီးရဲ့ စိုးရိမ္တႀကီးေမးသံတို႔ ဘာမွမဟုတ္ဘဲ ၿပီးဆုံးသြားခါစမွာပဲ လူအုပ္အျပင္ဘက္ကေန အသံတစ္သံ ႐ုတ္တရက္ ထြက္ေပၚလာ၏။
လူတိုင္း အထူးသျဖင့္ လန္လင္းယြီက အသံပိုင္ရွင္ကို မွတ္မိၾကသည္။ သူမက ပထမေတာ့ အံ့အားသင့္သြားၿပီး ေနာက္ေတာ့ သူမ တစ္စုံတစ္ခုကို ေတြးမိသြားကာ သူမရဲ့ နားတို႔ ရဲတြတ္သြားေတာ့သည္။ သူမရဲ့ အျပဳအမူက ေရာက္လာသူေတြထဲက တစ္ေယာက္ကို အဓိပၸာယ္ျပည့္ဝတဲ့အမူအယာျဖစ္သြားေစခဲ့သည္။ ထို႔အျပင္ တျခားတစ္ေယာက္ကလည္း သူ႔အေတြးသူ႔အထင္တို႔ျဖင့္ ရွိေနဟန္ျဖစ္ကာ အဲ့ေနာက္မွေတာ့ မ်က္ေမွာင္ၾကဳတ္လိုက္ၿပီး တစ္စုံတစ္ခုကို စိတ္ရွုပ္ေထြးစြာ ေတြးေနပုံရ၏။
လန္က်န္းထ်န္က ဖုန့္ရွီႏွင့္ ငရဲမင္းႀကီးတို႔ကို ျမင္သြားေတာ့ စိုးရိမ္ေနသည့္အမူအယာတို႔ ေပ်ာက္သြားကာ အျပဳံးတို႔ အစားထိုးသြဦးၿပီးေနာက္ ယဥ္ေက်းစြာေမးလိုက္သည္၊ "မေန႔ညက ေကာင္းေကာင္းအိပ္ခဲ့ရပါရဲ့လား?"
"အင္း၊ ကၽြန္ေတာ္တို႔ အေတာ္ေကာင္းေကာင္းမြန္မြန္ အိပ္ခဲ့ရပါတယ္။ ဘာေတြလုပ္ေနၾကတာလဲ?" ဖုန့္ရွိက ခ်က္ခ်င္း ေခါင္းညိတ္လိုက္သည္။ သူက အိပ္ယာအႀကီးႀကီးကို အလြန္ႀကိဳက္ႏွစ္သက္၏။ အဲ့ေနာက္ သူက မူလေခါင္းစဥ္ကို စကားလမ္းေၾကာင္း ေျပာင္းလိုက္သည္။ သရဲကို မျမင္တာေၾကာင့္ ေကာင္မေလးက ဘာ့ေၾကာင့္ ေၾကာက္လန့္တၾကားေအာ္လိုက္ရတာလဲဆိုတာကို သူ ပိုသိခ်င္ေနသည္။
လန္က်န္းထ်န္ကလည္ လန္လင္းယြီကို ေမးေနျခင္းျဖစ္သည့္အတြက္ သူလည္းပဲ သိမေနေခ်။
You are reading the story above: TeenFic.Net