အပိုင်း ၁၄၉။ ရန်သူတွေ ရောက်လာပြီ
တောင်ကြားလမ်းထဲ လူတွေ ပိုပိုစုလာကြပေမဲ့ သူတို့ နည်းနည်းလေးတောင်မှ လှုပ်မရကြ၊ အကြောင်းကတော့ ရွှေရောင်ရုပ်သေးဆယ်ရုပ်ရဲ့ ဘက်ခံခုခံမှုကြောင့်ဖြစ်သည်။
အဲ့ဒီ့ဘုရင်ကြီးစေလွှတ်ထားခဲ့တဲ့ ရွှေရောင်ရုပ်သေးရုပ်တွေက အားလုံး နတ်ဘုရားခေါင်ချုပ်နယ်ပယ်ဆင့်တွေချည်း ဖြစ်ကြကာ အမှန်အကန်ကို အားကြီးတဲ့အဖွဲ့ဖြစ်လို့နေ၏။ တကယ်တော့ နတ်ဘုရားခေါင်ချုပ်နယ်ပယ်ဆင့် ပညာရှင် သုံးလေးယောက်လောက်ရှိတဲ့မိသားစုတစ်စုကိုတောင် ဒုတိယတန်းစား အင်အားစုတစ်ခုအနေနဲ့ သတ်မှတ်နိုင်နေသည်ပင်။
လူတိုင်း အဲ့အချက်ကို ရှင်းရှင်းလင်းလင်းသိကြသည်။ အဲ့အတွက်ကြောင့် သူတို့က ရွှေရောင်ရုပ်သေးဆယ်ရုပ်ကိုမြင်တော့ အများစုမှာ မျက်နှာကြီးတွေ တောင့်တင်းကုန်သွားကြ၏။
အဲ့ကလူတွေက ကောငးကင်စိတ်ကူးမိသားစုသခင်လေးဟွမ်ရဲ၊ လောင်နန်ရှု၊ ကြီးမြတ်ရက်စက်တဲ့ကောင်းကင်နတ်ဘုရားရဲ့ မြေးဖြစ်တဲ့ ဂူနီလာကုန်သည်ကြီးများအသင်းရဲ့သခင်လေး ကျုံးဝူချင်းတို့တွေ သတ္တုကြောကို တူးဖော်ဖို့အတွက် လှိုင်ဂူထဲဝင်သွားခဲ့တယ်ဆိုတာကို သိရှိပြီးဖြစ်သည်။ အဲ့လူသုံးယောက်မှာ အားလုံးအရမ်းအားကြီးတဲ့နောက်ခံကောင်းတွေရှိကြ၏။ အဲ့အတွက် အဲ့မှာရှိတဲ့လူတွေအားလုံးက ရွှေရောင်ရုပ်သေးတွေဟာ သူတို့က တိုက်ရိုက်စေလွှတ်ထားတာမဟုတ်ပေမဲ့လည်း သူတို့နဲ့တစ်ခုခုတော့ ပတ်သက်နေလိမ်မယ်ဆိုတာ အလွန်သေချာလှသည်။
အဲ့လူတွေက သတင်းစကားအပေါ် အအိပ်ပျက်အစားပျက် ဖြစ်ကုန်ကြခြင်းဟာ မြစိမ်းရောင်နဂါးတောင်တန်းတွေထဲက အဆင့်မြင့်သတ္တုကြောကြောင့်ချည်းပဲမဟုတ်၊ သလင်းကြွက်တွေကြောင့်လည်းပါသည်။ အဲ့စွမ်းအားကြီးမိသားစုကလူတွေအားလုံးက ဒီကိုအချိန်မီအရောက်လာနိုင်ဖို့ရန်အတွက် နေရာကူးပြောင်းစက်ကို အလောသုံးဆယ်အသုံးပြုခဲ့ကြပြီး သူတို့ရဲ့ ချောင်နက်နက်ပတ်လမ်းတွေက အကြောင်းအရာအများကြီးကို ပြဆိုနေသည်။ သူတို့ရဲ့လှုပ်ရှားမှုအတွက် အနည်းဆုံးတော့ တစ်စိတ်တစ်ဒေသတော့ ရနိုင်ကောင်းရဲ့လို့ သူတို့ တွေးခဲ့ကြပေမဲ့ တကယ့်လက်တွေ့မှာတော့ သူတို့အတွက် ရက်စက်လွန်းလှသည်။
ပထမဆုံးက အဲ့ဒီ့မှာ သူတို့ရန်စဖို့ရန် မတတ်နိုင်တဲ့ မိသားစုသုံးစု ရှိနေသည်။ အဲ့အပြင် သူတို့ကိုယ်၌လည်း အထဲကို မဝင်နိုင်ဖြစ်နေ၏။
ရွှေရောင်ရုပ်သေးရုပ်ဆယ်ရုပက တောင်ကြားလှိုင်ခေါင်းရဲ့အဝင်ဝကို အပြည့်အတ ပိတ်ဆို့ထားကြသည်။ သူတို့က အလွန်တည်ငြိမ်နေပုံ ရကြပေမဲ့ အဲ့မှာရှိနေတဲ့လူတွေအနေနဲ့ကတော့ သူတို့ဆီကနေ ဖျက်ဆီးစွမ်းအားတွေကို ခံစားမိနေကြဆဲပင်။
အားကြီးတဲ့စွမ်းအားရဲ့ ခြိမ်းခြောက်ခြင်းကို ခံရပြီးနောက် အဲ့လူတွေက ချိုးဖောက်ဝင်ရောက်ဖို့ မကြိုးစားခင် သူတို့ရဲ့ကိုယ်ပိုင်ခွန်အားကို စဉ်းစားကြရမှာဖြစ်သည်။
အဲ့အပြင် အဲ့မှာရောက်နေကြတဲ့လူတိုင်းက ထက်မြက်သူတွေချည်းဖြစ်ရကာ ဘယ်တစ်ယောက်ကမှ အရင်ဆုံး စမလှုပ်ရှားကြ။ ဒီတစ်ကြိမ်က သတင်းစကားက ရုတ်တရက်ကြီး ရလာခဲ့ကြတာဖြစ်တဲ့အတွက် အဲ့မိသားစုတွေအနေနဲ့ ချောချောမွေ့မွေ့အစီအစဉ်တစ်ခု မပြုလုပ်နိုင်ခဲ့ကြဘဲ သူတို့စေလွှတ်လိုက်တဲ့ ပညာရှင်တွေက သေးငယ်တဲ့နတ်ဘုရားကောင်းကင်ဘုံနယ်ပယ်ဆင့် အဆင့်နိမ့်တွေသာ ဖြစ်ကြသည်။ တကယ်တမ်းတော့ ကြီးမြတ်တဲ့နတ်ဘုရားကောင်းကင်ဘုံနယ်ပယ်ဆင့်ပညာရှင်တစ်ယောက်ဆိုရင်တောင်မှ နတ်ဘုရားခေါင်ချုပ်နယ်ပယ်ဆင့် အဆင့်ကိုး ရောက်နေကြတဲ့ ရွှေရောင်ရုပ်သေးရုပ်ဆယ်ရုပ်ကို ကြောက်လန့်အောင် မလုပ်နိုင်။
ဒါပေမဲ့ အခုမှတော့ အခြေအနေတွေကို ပြောင်းလဲလို့မရတော့ချေ။ သူတို့အနေနဲ့တတ်နိုင်တာကတော့ အဲ့မှာပဲ ကျောက်ချနေကြပြီး ရွှေရောင်ရုပ်သေးဆယ်ရုပ်ကို ဘယ်လိုရင်ဆိုင်ရမလဲဆိုတဲ့အဖြေ မရမခြင်း ဘာမှမလုပ်ဘဲ နေကြရုံသာရှိတော့သည်။
သူတို့ဦးဏှောက်တွေ ပူထူနေဆဲမှာပဲ ဂူထဲကနေ ရုတ်တရက်ကြီး လူတစ်အုပ်စု လျှောက်လှမ်းကာ ထွက်လာကြ၏။
ခန့်ညားတဲ့အမျိုးသားလေးယောက်က တစ်ယောက်ပြီးတစ်ယေက် ထွက်လာကြခြင်းပင်။ သူတို့တွေက ချောမောခန့်ညားရုံတင်မကဘဲ၊ ယောက်ျားပီသကာ တင့်တယ်ရုံတင်မကဘဲ မတူကွဲပြားစွာ ထင်းထွက်လို့လည်းနေကြသည်။ ထွက်လာကြပြီးနောက် သူတို့တွေက တစ်တန်းတည်း ရပ်လိုက်ကြပြီး အဓိပ္ပါယ်ပါပါ အမူအယာတို့နဲ့အတူ လှိုင်ဂူအပြင်ဘက်မှာ ဝိုင်းထားကြတဲ့လူတွေကို ကြည့်လိုက်ကြ၏။
အဲ့ဒီ့ရင်းနှီးနေတဲ့မျက်နှာတွေကိုမြင်ရတော့ လူအများစုက မှုန်ကုပ်သွားကြတော့သည်။ မိသားစုကြီးသုံးစုကို သွားရန်စခြင်းဟာ သူတို့အတွက် လုံးဝကောင်းမှာမဟုတ်။ သူတို့အနေနဲ့ ရတနာတွေ တကယ်ဘဲ ရခဲ့မယ်ဆိုရင်တောင်မှ သူတို့ အဲ့တာတွေကို သယ်ထုတ်သွားနိုင်ကြမှာမဟုတ်။ အဲ့လိုဆိုပေမဲ့လည်း အဲ့အချက်ကို သူတို့လက်ခံဖို့ရာ တုန့်ဆိုင်းနေကြဆဲပင်။ အခု အဆင့်အမြင့်ဆုံး သတ္တုကြောတစ်ခုက သူတို့ရဲ့မျက်စိရှေ့တည့်တည့်မှာရှိနေပြီး သူတို့ ဝေစုတစ်ခုတောင် မရနိုင်ဖြစ်နေကြတော့ သူတို့စိုးရိမ်နေ၊ ဒေါသထွက်နေကြတယ်ဆိုတာ နားလည်နိုင်ဖွယ်ဖြစ်သည်။
"မင်းတို့ရဲ့ ရည်ရွယ်ရင်းကို သိပါရစေ?"
လောင်နန်ရှုက အရင်ဆုံး အစပြုလိုက်သည်။ သူက လေးယောက်ထဲမှာ အကျော်ကြားဆုံးတစ်ယောက်ဖြစ်ကာ နောက်ခံအင်အားလည်း အတောင့်ဆုံးဖြစ်သည်။ သူက တခြားသူတွေကို အမြဲ စိန်ခေါ်လေ့ရှိတာကြောင့် အဲ့နေရာမှာ ရောက်နေကြတဲ့လူတော်တော်များများက သူနဲ့ဆုံဖူးကြ၏။
သူ ရှေ့ထွက်လိုက်တာကိုမြင်တော့ လူအားလုံးနီးပါးရဲ့မျက်နှာပေါ်က အမူအယာတို့က ပြောင်းသွားကြသည်။ လောင်နန်ရှု့အနောက်က ဂူနီလာကုန်သည်ကြီးများအသင်းနဲ့ ကြီးမြတ်သောလေနဲ့ ကောင်းကင်နတ်ဘုရားတိမ်တို့ကို တွေးမိတော့ သူတို့ရဲ့ ပြင်းပြထက်ရှတဲ့ခံစားချက်တို့က ထိုင်းသွားကြတော့သည်။ လူအများစုက လောင်နန်ရှုရဲ့ ယောက်ျားဆန်မှုနဲ့ ခြိမ်းခြောက်မှုတို့ လွှမ်းခြုံနေတဲ့ မျက်နှာကိုမြင်လိုက်တာနဲ့ တုန့်ဆိုင်းသွားကြတော့သည်။
"မတွေ့တာကြာပြီ၊ သခင်လေးလောင်။ အစစအရာရာအဆင်ပြေပါစေဗျား။"
အဲ့အချိန်မှာပဲ တစ်စုံတစ်ယောက်က တစ်ခုခုကိုပြောလိုက်သည်။ ပြောလိုက်သည့်သူကတော့ အလယ်ပိုင်းဒေသ ဖော်မိသားစုကအကြီးအကဲတစ်ယောက်ဖြစ်ကာ ဖော်ယင်းလို့ခေါ်၏။ အလယ်ပိုင်းဒေသကလူက မြစိမ်းရောင်နဂါးတောင်တန်းတွေဆီ ရောက်လာဖို့ဆိုတာ တကယ်တော့ မဖြစ်နိုင်ချေ။ ဒါပေမဲ့ တာဝန်တစ်ခု ထမ်းဆောင်နေခဲ့တဲ့ ဖော်ယင်းက ဒီနေရာကို ဖြတ်သွားချိန်အခိုက်အတန့်ဖြစ်နေတာကြောင့် ဖော်မိသားစုက သူ့ကို ဒီကိုစေလွှတ်လိုက်ခြင်းဖြစ်သည်။
ဖော်မိသားစုက အလယ်ပိုင်းဒေသမှာ မိသားစုကြီးတစ်ခုဖြစ်ပေမဲ့ ဂူနီလာကုန်သည်ကြီးများအသင်းနဲ့တော့ အင်အားအရာ၌ရော၊ ကျောထောက်နောက်ခံအရာ၌ပါ မယှဉ်နိုင်။ အလယ်ပိုင်းဒေသကလူတစ်ယောက်အနေနဲ့ ဖော်ယင်းက လောင်နန်ရှုဟာ ဘယ်လိုတောင် ဩဇာကြီးမားတယ်ဆိုတာကို တစ်ချက်မြင်လိုက်ရုံနဲ့ကို အခြားသူတွေထက်ပိုပြီးသိ၏။ အဲ့အတွက်ကြောင့် ဖော့ယင်းက လောင်နန်ရှုကို ဗွင်းဗွင်းကြီး သွားရန်မစရဲဘဲ ယဉ်ယဉ်ကျေးကျေးပဲပြောလိုက်ခြင်းဖြစ်သည်။
"မင်းပဲ။ အကြီးအကဲဖော့ယင်း။ ငါတို့မတွေ့တာအတော်ကြာပြီဆိုတာ အမှန်ပဲ။ ငါ့အခြေအနေအဆင်ပြေမပြေကတော့ မင်းဘယ်လိုလုပ်မလဲဆိုတဲ့အပေါ်မူတည်နေတယ်။" လောင်နန်ရှုက ဖော့ယင်းဘယ်သူဆိုတာကို သိသည်။ တစ်ဖက်သားရဲ့ ယဉ်ကျေးတဲ့စကားတို့ကိုကြားတော့ သူကလည်းပြန်ပြီး ယဉ်ကျေးသမှုနဲ့တုန့်ပြန်လိုက်၏။ ဒါပေမဲ့ တည့်တိုးသမားတစ်ယောက်အနေနဲ့ သူလှည့်ပတ်ပြောဆိုနေရတာကို မနှစ်သက်တဲ့အတွက် ချက်ချင်းပဲ လိုရင်းကိုသာပြောလိုက်သည်။
"မြစိမ်းရောင်နဂါးတောင်တန်းတွေမှာ အဆင့်မြင့်ဆုံးသတ္တုကြောတစ်ကြောရှိတယ်လို့ ငါကြားတယ်၊ အဲ့တာကြောင့် လာစနည်းနာကြည့်တာ။" ဖော့ယင်းက တည်တည်ငြိမ်ငြိမ်ပဲ သူကြားခဲ့ရတဲ့သတင်းတစ်ပိုင်းတစ်စကို ပြောလိုက်ပြီး သလင်းကြွက်အကြောင်း လုံးဝ မထုတ်ဖော်လိုက်ချေ။
"အဲ့တော့ မင်းဘာတွေ့ရှိလဲ?" လောင်နန်ရှုက ပြုံးနေဆဲမျက်နှာနှင့်ပင် ပြောလိုက်သည်။
ဖော့ယင်းက လောင်နန်ရှုစိတ်ထဲ ဘာရှိနေတယ်ဆိုတာကို မမှန်းနိုင်ဖြစ်နေပေမဲ့ ကြီးမားတဲ့အမြတ်အစွန်းရဲ့ စွဲဆောင်မှုကိုတော့ သူ မတောင့်ခံနိုင်။ အတန်ကြာ သူ တုန့်ဆိုင်းနေပြီးနောက် ရိုးသားဖို့ပဲ ဆုံးဖြတ်လိုက်တော့သည်၊ "သတင်းစကားက မှန်တယ်လို့ ငါတို့ထင်တယ်။ ပြတ်ပြတ်ပဲပြောတော့မယ်၊ သခင်လေးလောင်နန်ရှု။ မြစိမ်းရောင်နဂါးတောင်တန်းတွေက ဘယ်သူမှ မပိုင်ဆိုင်ဘူးဆိုတာ မင်းသိမယ်လို့ ငါထင်တယ်။ တကယ်လို့ မင်းက ရတနာတွေအားလုံးကို ယူသွားချင်တယ်ဆိုရင် ငါတို့ကျန်တဲ့သူတွေက အဲ့တာကို လက်ခံမှာမဟုတ်ဘူး။ မင်းက လူတော်လူနပ်တစ်ယောက်လို့ ငါယုံကြည်တယ်။"
သူ့စကားတို့က ခြိမ်းခြောက်သံစွက်နေပေမဲ့ လူတိုင်းအံ့အားသင့်စရာကား လောင်နန်ရှုက ဒေါသထွက်ရမည့်အစား ခပ်သာသာရယ်လိုက်ခြင်းပင်။
လူတိုင်း အူကြောင်ကြောင်နဲ့အချင်းချင်းကြည့်လိုက်ကြကာ လောင်နန်ရှုဘာလုပ်ချင်နေတာလဲဆိုတာ မသိ ဖြစ်နေကြ၏။ အတန်ကြာပြီးနောက် သူက အပြုံးတစ်ပွင့်နှင့်အတူပြောလိုက်သည်၊
"ဟုတ်တာပေါ့၊ မြစိမ်းရောင်နဂါးတောင်တန်းတွေက ဘယ်သူနဲ့မှမသက်ဆိုင်ဘူး။ ဒါပေမဲ့ မင်းတို့မသိသေးတာတစ်ခုရှိတယ်၊ လွန်ခဲ့တဲ့နာရီအနည်းငယ်တုန်းက၊ ငါပြောချင်တာက လွန်ခဲ့တဲ့သုံးနာရီ၊ လေးနာရီလောက်တုန်းက ဒီတောင်တန်းတွေမှာ ပိုင်ရှင်ရှိသွားပြီ။ ငါတောင်မှ အဲ့ဒီ့ပိုင်ရှင်ကို ရန်မစဝံ့ဘူး။" လောင်နန်ရှုက သူ့ရဲ့ထက်ရှတဲ့မျက်လုံးအစုံနဲ့ လူတိုင်းရဲ့မျက်နှာကို တစ်ချက်ကြည့်လိုက်တော့ အဲ့လူတွေက သူ့စကားတွေကို လက်မခံ၊ မယုံကြည်ဘူးဆိုတာ တွေ့လိုက်ရပေမဲ့လည်း သူ အံ့တော့ မအံ့ဩချေ။
"ငါ ဘယ်တုန်းကမှ လိမ်မပြောဘူး။ မင်းတို့ယုံပါလို့ ငါ အကြံပြုတယ်။ မင်းတို့ အဲ့သတင်းကို သီနိုမိသားစုဆီကနေ ရတယ်ဆိုတာ ငါသိတယ်။ ဒီ့မတိုင်ခင်တုန်းက အဲ့မိသားစုကလူတွေက ကောင်းကင်အနားသတ်မြို့မှာ သူတို့ မစော်ကားသင့်တဲ့သူကို သွားစော်ကားလို့ အလဲထိုးခံလိုက်ရတယ်လေ။ အကျိုးဆက်ကတော့ သူတို့တွေ ကောင်းကင်အနားသတ်မြို့တော်ကနေ အကန်ထုတ်ခံလိုက်ကြရတယ်။ သီနိုမိသားစုရဲ့အကွက်ကို ငါတို့သိတယ်၊ သူတို့တွေက ရှုံးနိမ့်သွားခဲ့တော့ သေချာပေါက် ပြန်လက်စားချေကြမှာ။ အဲ့တာကြောင့် သီနိုမိသားစုက ဒီသတင်းစကားကို ဖြန့်လိုက်ကြတာ။ သတင်းစကားတွေထဲက တစ်ခုက သလင်းကြွက်အကြောင်းလဲ ပါနေမှာ ငါကြောက်တယ်။ ဒါပေမဲ့ မင်းတို့ဘာသာမင်းတို့တွေးကြည့်၊ သီနိုမိသားစုဝင်တွေတောင်မှ အလုံးစုံအချေမှုန်းခံခဲ့လိုက်ရတယ်ဆိုရင် မင်းတို့တွေအနေနဲ့ရော အဲ့ပိုင်ရှင်ကို တိုက်ခိုက်နိုင်မယ်လို့ မင်းတို့ထင်နေကြလား?!"
အဲ့တာကိုပြောပြီးနောက် လောင်နန်ရှုက သူတို့ သူ့စကားယုံမယုံ ဂရုမစိုက်ဘူးဆိုတဲ့မျက်နှာထား ဖြစ်သွားသည်။
"သခင်လေးလောင်၊ အထိတ်တလန့်မဖြစ်ပါနဲ့။ သတ္တုကြောကို မင်းတို့ချည်းပဲ အပိုင်သိမ်းချင်တယ်ဆိုရင်တောင်မှ ငါတို့ကို အဲ့စကားတွေပြောပြီး မခြိမ်းခြောက်သင့်ပါဘူး။"
"မှန်တယ်၊ ဒါကြီးက မင်းနာမည်ဂုဏ်သတင်းကို မင်း အရှက်ခွဲနေတာပဲ။"
"သခင်လေးလောင်၊ အနည်းဆုံးတော့ ပိုကောင်းတဲ့ဆင်ခြေ ရှာသင့်တယ်။"
...
ဖော့ယင်းသာမဟုတ်၊ အဲ့မှာရှိတဲ့လူ ဘယ်သူကမှ လောင်နန်ရှုရဲ့စကားတွေကို မယုံကြည်ကြ။ အဲ့စကားတွေက လောင်နန်ရှုက သူရယ်၊ သူ့အနောက်ကလူတွေရယ်နဲ့ ရတနာတွေအားလုံးကို မောင်ပိုင်စီးချင်လို့လုပ်ဇာတ်ဖန်လိုက်တာလို့ အားလုံးကတွေးကြသည်။ အဲ့လူတွေရဲ့အမြင်မှာ ဂူနီလာကုန်သည်ကြီးများအသင်းက နတ်ဘုရားနဲ့မိစ္ဆာနိုင်ငံတော်မှာ အင်အားအကြီးဆုံးအင်အားစုဖြစ်သည်။ ဘယ်လိုပဲဖြစ်ဖြစ် လောင်နန်ရှုအခုပြောလိုက်တာက ဂူနီလာကုန်သည်ကြီးများအသင်းတောင်မှ မြစိမ်းရောင်နဂါးတောင်တန်းတွေရဲ့ပိုင်ရှင်ကို သွားမစော်ကားဝံ့ဘူးလို့ ဆိုလာတာဆိုတော့ အဲ့တာကြောင့်လည်း အဲ့မှာရှိတဲ့လူတွေအနေနဲ့ လောင်နန်ရှုရဲ့စကားတွေက လုံးဝကြီးကို အဓိပ္ပါယ်ရှိမနေတာဖြစ်သည်!
ဂူနီလာကုန်သည်ကြီးများအသင်းက သခင်လေက ဒီလိုအခြေအမြစ်မရှိတဲ့ဆင်ခြေကြီး သုံးလိုက်တယ်ဆိုတာကို သူတို့ မယုံနိုင်ဖြစ်နေကြသည်။
အကျိုးဆက်အနေနဲ့ အစတုန်းက လောင်နန်ရှုကြောင့် ကြောက်သွားခဲ့ကြတဲ့လူတွေက ချက်ချင်းပဲ ဒေါတွေပွလာကြကာ လောင်နန်ရှုက အတော်အရှက်မဲ့တဲ့ကောင်ပဲလို့တောင်မှ ခံစားလိုက်ကြရတော့သည်။
"အဲ့တာ မင်းတို့အတွက် ငါအကြံပြုချက်ပဲ။ ယုံမယုံက ငါ့ကိစ္စမဟုတ်ဘူး။" လောင်နန်ရှုက သူတို့တွေ သူ့ကို မယုံဘူးဆိုတာကိုသိသည်၊ သူတို့တွေ သူ့စကားတွေကို အလွယ်လေးယုံလိမ့်မယ်လို့လည်း သူ မမျှော်မှန်းထားခဲ့။ လူတိုင်းက သူထင်ထားတဲ့အတိုင်းပဲဖြစ်သွားကြခြင်းပင်။
"အစ်ကိုလောင်နန်ရှုပြောတာ အမှန်ဆိုတာကို ကျွန်တော် အာမခံနိုင်တယ်။"
ကျုံးဝူချင်းက သူ့မျက်နှာပေါ်မှာ နူးညံ့ကြည်သာတဲ့အပြုံးတစ်ပွင့်နဲ့အတူ လောင်နန်ရှုနောက်ကနေ လျှောက်လှမ်းထွက်လာသည်။ သူ့ရဲ့ တင့်တယ်လှပ ကျက်သရေရှိတဲ့အလှက ထင်းနေ၏။ အဲ့နေရာမှာ တိတ်တိတ်လေးရပ်နေတာနဲ့ကို လူတိုင်းရဲ့မျက်လုံးတွေကို ဆွဲဆောင်နေနှင့်ပြီးဖြစ်နေသည်။ သူ့ရဲ့ချောမောခန့်ညားတဲ့မျက်နှာပေါ်က အဲ့အပြုံးနုလေးက ဝင်းလက်တောက်ပနေပေမဲ့ အရမ်းကြီးတော့ စူးရဲမနေ။
သူက လောင်နန်ရှုလောက်တော့ မကျော်ကြားပေမဲ့ သူ့ရဲ့ ကြီးမားတဲ့ စိတ်ပိုင်းဆိုင်ရာအရည်အသွေးက မြင်သာလှသည်။ ကြီးမြတ်ရက်စက်တဲ့ စိတ်တိုလွယ်တဲ့ ကောင်းကင်ဘုံနတ်ဘုရားမှာ နူးညံ့ပြီး ယဉ်ယဉ်ကျေးကျေးပြုမူတတတ်တဲ့ မြေးတစ်ယောက်ရှိတာကို နတ်ဘုရားနဲ့မိစ္ဆာနိုင်ငံတော်ကလူတိုင်းနီးပါးက သိကြပြီး အဲ့တာကတော့ ကြီးမြတ်ရက်စက်တဲ့ ကောင်းကင်ဘုံနတ်ုရားထက်ပိုပြီး နာမည်ဂုဏ်သတင်းကြီးတဲ့ ကျုံးဝူချင်းဆိုပင်ဖြစ်သည်။ အဲ့အတွက်ကြောင့် သူ့စကားတို့ကို ပြန်အမေးထုတ်မယ့်သူ ဘယ်သူမှမရှိသလောက်ပင်။
အခု သူက လောင်နန်ရှုစကားတွေကို ထောက်ခံလိုက်တယ်ဆိုတော့ တခြားသူတွေက ဘာလုပ်ရမှန်းမသိဖြစ်သွားကြတော့သည်။
"ကျွန်တော်လည်း အာမခံတယ်။ ပြီးတော့ ရွှေရောင်ရုပ်သေးဆယ်ရုပ်ကလည်း အဲ့ပညာရှငက စေလွှတ်ထားခဲ့တာ။" ဟွမ်ရဲက ပြုံးလျက် လျှောက်လှမ်းလာ၏။
ဟွမ်ရဲက ကျုံးဝူချင်းတို့ လောင်နန်ရှုတို့လောက်တော့ မကျော်ကြားပေမဲ့ သူက ကောင်းကင်စိတ်ကူးမိသားစုက သခင်ငယ်လေးတစ်ယောက်ဖြစ်တဲ့အတွက် လူအများစုက သူ့ကိုသိကြသည်။
အခု လူသုံးယောက်လုံးက အဲ့အဆိုကို အတည်ပြုကြခြင်းပင်။ တကယ်လို့ သူတို့မိသားစုတွေ လက်ချင်းတွဲလိုက်ကြမယ်ဆိုရင် သူတို့ နတ်ဘုရားနဲ့မိစ္ဆာနိုင်ငံတော်ကို လက်တစ်ချောင်းတောင်မှ မြှောက်စရာမလိုဘဲ လွယ်လွယ်လေး ထက်အောက်ပြောင်းပြန်လှန် ဆုတ်ဖြဲနိုင်သည်။ ဒါပေမဲ့ အခု ဒီလူသုံးယောက်က နှိမ့်ချဖို့သာ စိတ်ကူးရှိနေကြပြီး တခြားသူတွေကို ယဉ်ယဉ်ကျေးကျေးအမွှမ်းတင် ပြောနေကြခြင်းဖြစ်သည်။ ဘယသူကမှ သူ့မိသားစုသူ နှိမ့်ချပြီး အခြားသူတွေကို အမွမ်းတင်မှာမဟုတ်တဲ့အတွက် အရင်တုန်းကဆို အဲ့လိုအဓိပ္ပါယ်မရှိတာမျိုး ဘယ်သူကမှ ယုံမှာမဟုတ်ချေ။
အကျိုးဆက်အနေဖြင့် လူတိုင်းရဲ့ ဆုံးဖြတ်ချက်တို့က စတင်ကာ ယိုင်နဲ့လာတော့သည်။ ဒါပေမဲ့ အဲ့အချိန်မှာပဲ လူအုပ်ထဲကနေ အသံတစ်သံထွကလာ၏။
"မင်းအများကြီးတွေ ပြောပြီးသွားပြီးနောက်မှာတော့ မင်းက ငါတို့တွေ လက်လျှော့လိုက်တာကိုပဲ လိုချင်နေတာပါလား။ ဒါပေမဲ့ ငါတို့ထဲက ဘယ်သူကမှ မင်းပြောတဲ့လူအကြောင်း မမြင်ဖူး မတွေ့ဖူးကြဘူး။ သုံးနှစ်သားကလေးတစ်ယောက်ကပဲ မင်းပြောတာကို ယုံပြီး မင်းနာမည်ဂုဏ်သတင်းကြောင့် မင်းပြောတဲ့အတိုင်း လုပ်လိမ့်မယ်။ ကံဆိုးတာက ငါတို့တွေက ကလေးတွေမဟုတ်ဘူးလေ။ ငါတို့လို လူသာမာန်တွေမပြောနဲ့၊ သူတော်စင်တစ်ယောက်တောင်မှ အဆင့်မြင့်ဆုံးသတ္တုကြောရဲ့ ဆွဲဆောင်မှုကို တောင့်မခံနိုင်ဘူး။ အဲ့တာအပြင် မင်းတို့သုံးယောက်အနောက်ကလူက ဘယ်သူလဲဆိုတာ ငါမေးချင်တယ်။ သူက မင်းတို့ပြောတဲ့လူလား?"
20220721; 0612
🥰Thanks for reading, sharing, comments and votes.
—————————— 👀 —————————
အပိုင္း ၁၄၉။ ရန္သူေတြ ေရာက္လာၿပီ
ေတာင္ၾကားလမ္းထဲ လူေတြ ပိုပိုစုလာၾကေပမဲ့ သူတို႔ နည္းနည္းေလးေတာင္မွ လွုပ္မရၾက၊ အေၾကာင္းကေတာ့ ေရႊေရာင္႐ုပ္ေသးဆယ္႐ုပ္ရဲ့ ဘက္ခံခုခံမွုေၾကာင့္ျဖစ္သည္။
အဲ့ဒီ့ဘုရင္ႀကီးေစလႊတ္ထားခဲ့တဲ့ ေရႊေရာင္႐ုပ္ေသး႐ုပ္ေတြက အားလုံး နတ္ဘုရားေခါင္ခ်ဳပ္နယ္ပယ္ဆင့္ေတြခ်ည္း ျဖစ္ၾကကာ အမွန္အကန္ကို အားႀကီးတဲ့အဖြဲ႕ျဖစ္လို႔ေန၏။ တကယ္ေတာ့ နတ္ဘုရားေခါင္ခ်ဳပ္နယ္ပယ္ဆင့္ ပညာရွင္ သုံးေလးေယာက္ေလာက္ရွိတဲ့မိသားစုတစ္စုကိုေတာင္ ဒုတိယတန္းစား အင္အားစုတစ္ခုအေနနဲ႔ သတ္မွတ္နိုင္ေနသည္ပင္။
လူတိုင္း အဲ့အခ်က္ကို ရွင္းရွင္းလင္းလင္းသိၾကသည္။ အဲ့အတြက္ေၾကာင့္ သူတို႔က ေရႊေရာင္႐ုပ္ေသးဆယ္႐ုပ္ကိုျမင္ေတာ့ အမ်ားစုမွာ မ်က္ႏွာႀကီးေတြ ေတာင့္တင္းကုန္သြားၾက၏။
အဲ့ကလူေတြက ေကာငးကင္စိတ္ကူးမိသားစုသခင္ေလးဟြမ္ရဲ၊ ေလာင္နန္ရွု၊ ႀကီးျမတ္ရက္စက္တဲ့ေကာင္းကင္နတ္ဘုရားရဲ့ ေျမးျဖစ္တဲ့ ဂူနီလာကုန္သည္ႀကီးမ်ားအသင္းရဲ့သခင္ေလး က်ဳံးဝူခ်င္းတို႔ေတြ သတၱဳေၾကာကို တူးေဖာ္ဖို႔အတြက္ လွိုင္ဂူထဲဝင္သြားခဲ့တယ္ဆိုတာကို သိရွိၿပီးျဖစ္သည္။ အဲ့လူသုံးေယာက္မွာ အားလုံးအရမ္းအားႀကီးတဲ့ေနာက္ခံေကာင္းေတြရွိၾက၏။ အဲ့အတြက္ အဲ့မွာရွိတဲ့လူေတြအားလုံးက ေရႊေရာင္႐ုပ္ေသးေတြဟာ သူတို႔က တိုက္ရိုက္ေစလႊတ္ထားတာမဟုတ္ေပမဲ့လည္း သူတို႔နဲ႔တစ္ခုခုေတာ့ ပတ္သက္ေနလိမ္မယ္ဆိုတာ အလြန္ေသခ်ာလွသည္။
အဲ့လူေတြက သတင္းစကားအေပၚ အအိပ္ပ်က္အစားပ်က္ ျဖစ္ကုန္ၾကျခင္းဟာ ျမစိမ္းေရာင္နဂါးေတာင္တန္းေတြထဲက အဆင့္ျမင့္သတၱဳေၾကာေၾကာင့္ခ်ည္းပဲမဟုတ္၊ သလင္းႂကြက္ေတြေၾကာင့္လည္းပါသည္။ အဲ့စြမ္းအားႀကီးမိသားစုကလူေတြအားလုံးက ဒီကိုအခ်ိန္မီအေရာက္လာနိုင္ဖို႔ရန္အတြက္ ေနရာကူးေျပာင္းစက္ကို အေလာသုံးဆယ္အသုံးျပဳခဲ့ၾကၿပီး သူတို႔ရဲ့ ေခ်ာင္နက္နက္ပတ္လမ္းေတြက အေၾကာင္းအရာအမ်ားႀကီးကို ျပဆိုေနသည္။ သူတို႔ရဲ့လွုပ္ရွားမွုအတြက္ အနည္းဆုံးေတာ့ တစ္စိတ္တစ္ေဒသေတာ့ ရနိုင္ေကာင္းရဲ့လို႔ သူတို႔ ေတြးခဲ့ၾကေပမဲ့ တကယ့္လက္ေတြ႕မွာေတာ့ သူတို႔အတြက္ ရက္စက္လြန္းလွသည္။
ပထမဆုံးက အဲ့ဒီ့မွာ သူတို႔ရန္စဖို႔ရန္ မတတ္နိုင္တဲ့ မိသားစုသုံးစု ရွိေနသည္။ အဲ့အျပင္ သူတို႔ကိုယ္၌လည္း အထဲကို မဝင္နိုင္ျဖစ္ေန၏။
ေရႊေရာင္႐ုပ္ေသး႐ုပ္ဆယ္႐ုပက ေတာင္ၾကားလွိုင္ေခါင္းရဲ့အဝင္ဝကို အျပည့္အတ ပိတ္ဆို႔ထားၾကသည္။ သူတို႔က အလြန္တည္ၿငိမ္ေနပုံ ရၾကေပမဲ့ အဲ့မွာရွိေနတဲ့လူေတြအေနနဲ႔ကေတာ့ သူတို႔ဆီကေန ဖ်က္ဆီးစြမ္းအားေတြကို ခံစားမိေနၾကဆဲပင္။
အားႀကီးတဲ့စြမ္းအားရဲ့ ၿခိမ္းေျခာက္ျခင္းကို ခံရၿပီးေနာက္ အဲ့လူေတြက ခ်ိဳးေဖာက္ဝင္ေရာက္ဖို႔ မႀကိဳးစားခင္ သူတို႔ရဲ့ကိုယ္ပိုင္ခြန္အားကို စဥ္းစားၾကရမွာျဖစ္သည္။
အဲ့အျပင္ အဲ့မွာေရာက္ေနၾကတဲ့လူတိုင္းက ထက္ျမက္သူေတြခ်ည္းျဖစ္ရကာ ဘယ္တစ္ေယာက္ကမွ အရင္ဆုံး စမလွုပ္ရွားၾက။ ဒီတစ္ႀကိမ္က သတင္းစကားက ႐ုတ္တရက္ႀကီး ရလာခဲ့ၾကတာျဖစ္တဲ့အတြက္ အဲ့မိသားစုေတြအေနနဲ႔ ေခ်ာေခ်ာေမြ႕ေမြ႕အစီအစဥ္တစ္ခု မျပဳလုပ္နိုင္ခဲ့ၾကဘဲ သူတို႔ေစလႊတ္လိုက္တဲ့ ပညာရွင္ေတြက ေသးငယ္တဲ့နတ္ဘုရားေကာင္းကင္ဘုံနယ္ပယ္ဆင့္ အဆင့္နိမ့္ေတြသာ ျဖစ္ၾကသည္။ တကယ္တမ္းေတာ့ ႀကီးျမတ္တဲ့နတ္ဘုရားေကာင္းကင္ဘုံနယ္ပယ္ဆင့္ပညာရွင္တစ္ေယာက္ဆိုရင္ေတာင္မွ နတ္ဘုရားေခါင္ခ်ဳပ္နယ္ပယ္ဆင့္ အဆင့္ကိုး ေရာက္ေနၾကတဲ့ ေရႊေရာင္႐ုပ္ေသး႐ုပ္ဆယ္႐ုပ္ကို ေၾကာက္လန္႔ေအာင္ မလုပ္နိုင္။
ဒါေပမဲ့ အခုမွေတာ့ အေျခအေနေတြကို ေျပာင္းလဲလို႔မရေတာ့ေခ်။ သူတို႔အေနနဲ႔တတ္နိုင္တာကေတာ့ အဲ့မွာပဲ ေက်ာက္ခ်ေနၾကၿပီး ေရႊေရာင္႐ုပ္ေသးဆယ္႐ုပ္ကို ဘယ္လိုရင္ဆိုင္ရမလဲဆိုတဲ့အေၿဖ မရမျခင္း ဘာမွမလုပ္ဘဲ ေနၾက႐ုံသာရွိေတာ့သည္။
သူတို႔ဦးေဏွာက္ေတြ ပူထူေနဆဲမွာပဲ ဂူထဲကေန ႐ုတ္တရက္ႀကီး လူတစ္အုပ္စု ေလၽွာက္လွမ္းကာ ထြက္လာၾက၏။
ခန္႔ညားတဲ့အမ်ိဳးသားေလးေယာက္က တစ္ေယာက္ၿပီးတစ္ေယက္ ထြက္လာၾကျခင္းပင္။ သူတို႔ေတြက ေခ်ာေမာခန္႔ညား႐ုံတင္မကဘဲ၊ ေယာက္်ားပီသကာ တင့္တယ္႐ုံတင္မကဘဲ မတူကြဲျပားစြာ ထင္းထြက္လို႔လည္းေနၾကသည္။ ထြက္လာၾကၿပီးေနာက္ သူတို႔ေတြက တစ္တန္းတည္း ရပ္လိုက္ၾကၿပီး အဓိပၸါယ္ပါပါ အမူအယာတို႔နဲ႔အတူ လွိုင္ဂူအျပင္ဘက္မွာ ဝိုင္းထားၾကတဲ့လူေတြကို ၾကည့္လိုက္ၾက၏။
အဲ့ဒီ့ရင္းႏွီးေနတဲ့မ်က္ႏွာေတြကိုျမင္ရေတာ့ လူအမ်ားစုက မွုန္ကုပ္သြားၾကေတာ့သည္။ မိသားစုႀကီးသုံးစုကို သြားရန္စျခင္းဟာ သူတို႔အတြက္ လုံးဝေကာင္းမွာမဟုတ္။ သူတို႔အေနနဲ႔ ရတနာေတြ တကယ္ဘဲ ရခဲ့မယ္ဆိုရင္ေတာင္မွ သူတို႔ အဲ့တာေတြကို သယ္ထုတ္သြားနိုင္ၾကမွာမဟုတ္။ အဲ့လိုဆိုေပမဲ့လည္း အဲ့အခ်က္ကို သူတို႔လက္ခံဖို႔ရာ တုန္႔ဆိုင္းေနၾကဆဲပင္။ အခု အဆင့္အျမင့္ဆုံး သတၱဳေၾကာတစ္ခုက သူတို႔ရဲ့မ်က္စိေရွ႕တည့္တည့္မွာရွိေနၿပီး သူတို႔ ေဝစုတစ္ခုေတာင္ မရနိုင္ျဖစ္ေနၾကေတာ့ သူတို႔စိုးရိမ္ေန၊ ေဒါသထြက္ေနၾကတယ္ဆိုတာ နားလည္နိုင္ဖြယ္ျဖစ္သည္။
"မင္းတို႔ရဲ့ ရည္ရြယ္ရင္းကို သိပါရေစ?"
ေလာင္နန္ရွုက အရင္ဆုံး အစျပဳလိုက္သည္။ သူက ေလးေယာက္ထဲမွာ အေက်ာ္ၾကားဆုံးတစ္ေယာက္ျဖစ္ကာ ေနာက္ခံအင္အားလည္း အေတာင့္ဆုံးျဖစ္သည္။ သူက တျခားသူေတြကို အျမဲ စိန္ေခၚေလ့ရွိတာေၾကာင့္ အဲ့ေနရာမွာ ေရာက္ေနၾကတဲ့လူေတာ္ေတာ္မ်ားမ်ားက သူနဲ႔ဆုံဖူးၾက၏။
သူ ေရွ႕ထြက္လိုက္တာကိုျမင္ေတာ့ လူအားလုံးနီးပါးရဲ့မ်က္ႏွာေပၚက အမူအယာတို႔က ေျပာင္းသြားၾကသည္။ ေလာင္နန္ရွု႔အေနာက္က ဂူနီလာကုန္သည္ႀကီးမ်ားအသင္းနဲ႔ ႀကီးျမတ္ေသာေလနဲ႔ ေကာင္းကင္နတ္ဘုရားတိမ္တို႔ကို ေတြးမိေတာ့ သူတို႔ရဲ့ ျပင္းျပထက္ရွတဲ့ခံစားခ်က္တို႔က ထိုင္းသြားၾကေတာ့သည္။ လူအမ်ားစုက ေလာင္နန္ရွုရဲ့ ေယာက္်ားဆန္မွုနဲ႔ ၿခိမ္းေျခာက္မွုတို႔ လႊမ္းျခဳံေနတဲ့ မ်က္ႏွာကိုျမင္လိုက္တာနဲ႔ တုန္႔ဆိုင္းသြားၾကေတာ့သည္။
"မေတြ႕တာၾကာၿပီ၊ သခင္ေလးေလာင္။ အစစအရာရာအဆင္ေျပပါေစဗ်ား။"
အဲ့အခ်ိန္မွာပဲ တစ္စုံတစ္ေယာက္က တစ္ခုခုကိုေျပာလိုက္သည္။ ေျပာလိုက္သည့္သူကေတာ့ အလယ္ပိုင္းေဒသ ေဖာ္မိသားစုကအႀကီးအကဲတစ္ေယာက္ျဖစ္ကာ ေဖာ္ယင္းလို႔ေခၚ၏။ အလယ္ပိုင္းေဒသကလူက ျမစိမ္းေရာင္နဂါးေတာင္တန္းေတြဆီ ေရာက္လာဖို႔ဆိုတာ တကယ္ေတာ့ မျဖစ္နိုင္ေခ်။ ဒါေပမဲ့ တာဝန္တစ္ခု ထမ္းေဆာင္ေနခဲ့တဲ့ ေဖာ္ယင္းက ဒီေနရာကို ျဖတ္သြားခ်ိန္အခိုက္အတန္႔ျဖစ္ေနတာေၾကာင့္ ေဖာ္မိသားစုက သူ႔ကို ဒီကိုေစလႊတ္လိုက္ျခင္းျဖစ္သည္။
ေဖာ္မိသားစုက အလယ္ပိုင္းေဒသမွာ မိသားစုႀကီးတစ္ခုျဖစ္ေပမဲ့ ဂူနီလာကုန္သည္ႀကီးမ်ားအသင္းနဲ႔ေတာ့ အင္အားအရာ၌ေရာ၊ ေက်ာေထာက္ေနာက္ခံအရာ၌ပါ မယွဥ္နိုင္။ အလယ္ပိုင္းေဒသကလူတစ္ေယာက္အေနနဲ႔ ေဖာ္ယင္းက ေလာင္နန္ရွုဟာ ဘယ္လိုေတာင္ ဩဇာႀကီးမားတယ္ဆိုတာကို တစ္ခ်က္ျမင္လိုက္႐ုံနဲ႔ကို အျခားသူေတြထက္ပိုၿပီးသိ၏။ အဲ့အတြက္ေၾကာင့္ ေဖာ့ယင္းက ေလာင္နန္ရွုကို ဗြင္းဗြင္းႀကီး သြားရန္မစရဲဘဲ ယဥ္ယဥ္ေက်းေက်းပဲေျပာလိုက္ျခင္းျဖစ္သည္။
"မင္းပဲ။ အႀကီးအကဲေဖာ့ယင္း။ ငါတို႔မေတြ႕တာအေတာ္ၾကာၿပီဆိုတာ အမွန္ပဲ။ ငါ့အေျခအေနအဆင္ေျပမေျပကေတာ့ မင္းဘယ္လိုလုပ္မလဲဆိုတဲ့အေပၚမူတည္ေနတယ္။" ေလာင္နန္ရွုက ေဖာ့ယင္းဘယ္သူဆိုတာကို သိသည္။ တစ္ဖက္သားရဲ့ ယဥ္ေက်းတဲ့စကားတို႔ကိုၾကားေတာ့ သူကလည္းျပန္ၿပီး ယဥ္ေက်းသမွုနဲ႔တုန္႔ျပန္လိုက္၏။ ဒါေပမဲ့ တည့္တိုးသမားတစ္ေယာက္အေနနဲ႔ သူလွည့္ပတ္ေျပာဆိုေနရတာကို မႏွစ္သက္တဲ့အတြက္ ခ်က္ခ်င္းပဲ လိုရင္းကိုသာေျပာလိုက္သည္။
"ျမစိမ္းေရာင္နဂါးေတာင္တန္းေတြမွာ အဆင့္ျမင့္ဆုံးသတၱဳေၾကာတစ္ေၾကာရွိတယ္လို႔ ငါၾကားတယ္၊ အဲ့တာေၾကာင့္ လာစနည္းနာၾကည့္တာ။" ေဖာ့ယင္းက တည္တည္ၿငိမ္ၿငိမ္ပဲ သူၾကားခဲ့ရတဲ့သတင္းတစ္ပိုင္းတစ္စကို ေျပာလိုက္ၿပီး သလင္းႂကြက္အေၾကာင္း လုံးဝ မထုတ္ေဖာ္လိုက္ေခ်။
"အဲ့ေတာ့ မင္းဘာေတြ႕ရွိလဲ?" ေလာင္နန္ရွုက ျပဳံးေနဆဲမ်က္ႏွာႏွင့္ပင္ ေျပာလိုက္သည္။
ေဖာ့ယင္းက ေလာင္နန္ရွုစိတ္ထဲ ဘာရွိေနတယ္ဆိုတာကို မမွန္းနိုင္ျဖစ္ေနေပမဲ့ ႀကီးမားတဲ့အျမတ္အစြန္းရဲ့ စြဲေဆာင္မွုကိုေတာ့ သူ မေတာင့္ခံနိုင္။ အတန္ၾကာ သူ တုန္႔ဆိုင္းေနၿပီးေနာက္ ရိုးသားဖို႔ပဲ ဆုံးျဖတ္လိုက္ေတာ့သည္၊ "သတင္းစကားက မွန္တယ္လို႔ ငါတို႔ထင္တယ္။ ျပတ္ျပတ္ပဲေျပာေတာ့မယ္၊ သခင္ေလးေလာင္နန္ရွု။ ျမစိမ္းေရာင္နဂါးေတာင္တန္းေတြက ဘယ္သူမွ မပိုင္ဆိုင္ဘူးဆိုတာ မင္းသိမယ္လို႔ ငါထင္တယ္။ တကယ္လို႔ မင္းက ရတနာေတြအားလုံးကို ယူသြားခ်င္တယ္ဆိုရင္ ငါတို႔က်န္တဲ့သူေတြက အဲ့တာကို လက္ခံမွာမဟုတ္ဘူး။ မင္းက လူေတာ္လူနပ္တစ္ေယာက္လို႔ ငါယုံၾကည္တယ္။"
သူ႔စကားတို႔က ၿခိမ္းေျခာက္သံစြက္ေနေပမဲ့ လူတိုင္းအံ့အားသင့္စရာကား ေလာင္နန္ရွုက ေဒါသထြက္ရမည့္အစား ခပ္သာသာရယ္လိုက္ျခင္းပင္။
လူတိုင္း အူေၾကာင္ေၾကာင္နဲ႔အခ်င္းခ်င္းၾကည့္လိုက္ၾကကာ ေလာင္နန္ရွုဘာလုပ္ခ်င္ေနတာလဲဆိုတာ မသိ ျဖစ္ေနၾက၏။ အတန္ၾကာၿပီးေနာက္ သူက အျပဳံးတစ္ပြင့္ႏွင့္အတူေျပာလိုက္သည္၊
"ဟုတ္တာေပါ့၊ ျမစိမ္းေရာင္နဂါးေတာင္တန္းေတြက ဘယ္သူနဲ႔မွမသက္ဆိုင္ဘူး။ ဒါေပမဲ့ မင္းတို႔မသိေသးတာတစ္ခုရွိတယ္၊ လြန္ခဲ့တဲ့နာရီအနည္းငယ္တုန္းက၊ ငါေျပာခ်င္တာက လြန္ခဲ့တဲ့သုံးနာရီ၊ ေလးနာရီေလာက္တုန္းက ဒီေတာင္တန္းေတြမွာ ပိုင္ရွင္ရွိသြားၿပီ။ ငါေတာင္မွ အဲ့ဒီ့ပိုင္ရွင္ကို ရန္မစဝံ့ဘူး။" ေလာင္နန္ရွုက သူ႔ရဲ့ထက္ရွတဲ့မ်က္လုံးအစုံနဲ႔ လူတိုင္းရဲ့မ်က္ႏွာကို တစ္ခ်က္ၾကည့္လိုက္ေတာ့ အဲ့လူေတြက သူ႔စကားေတြကို လက္မခံ၊ မယုံၾကည္ဘူးဆိုတာ ေတြ႕လိုက္ရေပမဲ့လည္း သူ အံ့ေတာ့ မအံ့ဩေခ်။
"ငါ ဘယ္တုန္းကမွ လိမ္မေျပာဘူး။ မင္းတို႔ယုံပါလို႔ ငါ အႀကံျပဳတယ္။ မင္းတို႔ အဲ့သတင္းကို သီနိုမိသားစုဆီကေန ရတယ္ဆိုတာ ငါသိတယ္။ ဒီ့မတိုင္ခင္တုန္းက အဲ့မိသားစုကလူေတြက ေကာင္းကင္အနားသတ္ၿမိဳ႕မွာ သူတို႔ မေစာ္ကားသင့္တဲ့သူကို သြားေစာ္ကားလို႔ အလဲထိုးခံလိုက္ရတယ္ေလ။ အက်ိဳးဆက္ကေတာ့ သူတို႔ေတြ ေကာင္းကင္အနားသတ္ၿမိဳ႕ေတာ္ကေန အကန္ထုတ္ခံလိုက္ၾကရတယ္။ သီနိုမိသားစုရဲ့အကြက္ကို ငါတို႔သိတယ္၊ သူတို႔ေတြက ရွုံးနိမ့္သြားခဲ့ေတာ့ ေသခ်ာေပါက္ ျပန္လက္စားေခ်ၾကမွာ။ အဲ့တာေၾကာင့္ သီနိုမိသားစုက
You are reading the story above: TeenFic.Net