အပိုင်း ၁၄၇။ ဘယ်သူက ဉာဏ်ကြီးရှင်အစစ်လဲ
အဲ့အသံကိုကြားတော့ ဘုရင်ကြီးက ဆိုဖိုရာကို အလေးမစိုက်ဟန်ဖြင့် တစ်ချက်ကြည့်လိုက်သည်။
အက်ကွဲကြောင်းထဲကနေ ခုလေးတင် လွတ်လာတဲ့ ဆိုဖိုရာက စကားပြောရင်း ခြေလှမ်းကျဲကြီးတို့ဖြင့် လျှောက်လှမ်းလာသည်။ သူ့ကိုယ်ပေါ်က ခြုံလွှာက ရှိမနေတော့ချေ။ သူကား အသက်သုံးဆယ်အရွယ် မျက်နှာကျထင်းထင်း၊ သိမ်းငှက်မျက်လုံးတို့နဲ့ ခပ်ခန့်ခန့်လူတစ်ယောက်ပင်ဖြစ်သည်။ ဒါပေမဲ့လည်း သူ့မျက်နှာထက်က အမူအယာတို့က အနည်းငယ် တောင့်တောင့်တင်းတင်းကြီးပေမို့ ၎င်းအချက်က သူ့ကို မနှစ်မြို့ဖွယ် ဖြစ်နေစေ၏။
သူ့အနောက်မှာတော့ သူ့လက်အောက်ငယ်သား ခုနှစ်ယောက်၊ ရှစ်ယောက်လောက် ရှိနေကာ ကျန်သူများကတော့ သေသွားတာ ဒါမှမဟုတ် ရေခဲကမ္ဘာမှာ ပိတ်မိသွားတာဖြစ်နိုင်သည်။
ငရဲမင်းကြီးအပေါ် ဆိုဖိုရာရဲ့အမုန်းတို့က နှစ်ပေါင်း တစ်သောင်းတိုင် ကြာခဲ့ပြီမို့ အဲ့လောက်အချိန်ကြာသွားပြီးတဲ့နောက်မှာတော့ သူတို့ကြားထဲကပြဿနာတွေကို ဘယ်သူမှ မမှတ်မိကြတော့ချေ။ ဒါပေမဲ့ ရေခဲနန်းတော်ထဲမှာ ဘုရင်ကြီးအပေါ် ထားရှိတဲ့သူ့သဘောထားအရ ဘုရင်ကြီးရဲ့ဘဝ အေးဆေးသက်သာနေအောင်လုပ်ဖို့ သူ့မှာ ရည်ရွယ်ချက်ရှိမနေမှန်း သိသာလွန်းလှသည်။ အဲ့တာကြောင့်လည်း ဆိုဖိုရာက အခု ဘုရင်ကြီးကို ထပ်ပြီး ပြဿနာရှာနေခြင်းပင်။
ရေခဲချီလင်ကို ခုလေးတင် စာချုပ်ချုပ်ဆိုလိုက်သွားနိုင်ပြီဖြစ်တဲ့ ဖုန့်ရှီကတော့ အခု ခံစားချက်တွေ ကောင်းလို့နေ၏။ ဆိုဖိုရာရဲ့ စကားတွေကိုကြားတော့ သူ တန်းပြီး ဆွေ့ဆွေ့ခုန်မသွားဘဲ အဲ့အစား လူကို အံ့အားတသင့်အကြည့်နဲ့ ထက်အောက်စုန်ဆန်ကြည့်လိုက်၏။ အကြောင်းကား၊ သူ...အဲ့လူကိုမသိဘူး!
"အဘိုးကြီး၊ ခင်များက ဘယ်သူလဲ?"
"ကောင်စုတ်! မင်း အခု ဘယ်သူ့ခေါ်နေတာလဲ?" ဆိုဖိုရာက ဖုန့်ရှီရဲ့စကားလုံးတို့ကြောင့် ချက်ချင်းပဲ စိတ်အနှောက်အယှက်ဖြစ်သွားရသည့်အတွက် သူ့ရဲ့မျက်နှာက စူပုတ်သွားတော့သည်။ သူ့အသက်က နှစ်ပေါင်း တစ်သိန်းကျော်ပြီးဖြစ်နေပေမဲ့ သူ့မျက်နှာရှေ့တည့်တည့်မှာ ဘယ်သူကမှ သူ့ကို အဘိုးကြီးလို့ မခေါ်ရဲခဲ့ကြ။ ကောင်လေးက သိသိသာသာကြီးကို ဆိုဖိုရာရဲ့ သည်းခံနိုင်စွမ်းဂိတ်ဆုံးကို သွားထိလိုက်တာပင်။
ဖုန့်ရှီ အဲ့တာကိုကြားတော့ သူက ခေါင်းကိုကုတ်လိုက်ပြီး ဘေးဘီဝဲယာကြည့်လိုက်ကာ၊ "ကျွန်တော်က ခင်များကိုပြောနေတာလို့တော့ ကျွန်တော်ထင်တယ်!"
"မင်း..." သူ့စကားတို့ကြောင့် ဆိုဖိုရာ သီးမတတ်ဖြစ်သွားရတော့သည်။ ဖုန့်ရှီ သူ့ကို တိုက်ရိုက်ကြီး ဝန်ခံလိုက်သလိုမျိုး သူ့ဘဝမှာ တစ်ခါမှ မဖြစ်ပေါ်ခဲ့ဖူးလို့ဖြစ်ကောင်းဖြစ်နိုင်သည်၊ အဲ့တာကြောင့် သူ တစ်ဖက်သားကို မနှစ်မြို့တဲ့အကြည့်တို့ဖြင့်သာ စိုက်ကြည့်နိုင်တော့သည်။
"ဟားဟားဟား... အရူးပဲ!" ရေခဲချီလင်က ဖုန့်ရှီရဲ့ (စကားလုံးတို့ဖြင့်) အလစ်အငိုက်တိုက်ခိုက်ခံရမှုမှ ပြန်လည်သက်သာလာပြီဖြစ်ကာ သူတို့ရဲ့စကားပြောဆိုခန်းကို ကြားလိုက်၏။ အဲ့နောက် သားရဲက မထိန်းနိုင်တော့ဘဲ တဟားဟား အော်ရယ်မိတော့သည်။ သူ ဘယ်သူ့ကိုရယ်သလဲဆိုတာတော့ ဘယ်သူမှ မသိချေ။
"ပါးစပ်ပိတ်စမ်း! မင်းကို ရယ်ခွင့်မပြုဘူး!" ဆိုဖိုရာရဲ့မျက်နှာက တမဟုတ်ချင်းကို အေးစက်သွားတော့သည်။
သူ့အနေနဲ့ ဘုရင်ကြီးနဲ့ဖုန့်ရှီကို ဘာမှ မလုပ်နိုင်ပေမဲ့လည်း သူ့ကို လာလှောင်ရယ်တာမျိုးတော့ ဘယ်သူ့ကိုမှ သူ ဘယ်တော့မှာ ခွင့်ပြုမှာမဟုတ်၊ မာနတံခွန်တက်နေတဲ့ စိတ်ဝိညာဉ်သားရဲဖြစ်တဲ့ ရေခဲချီလင်အပါအဝင်ပေါ့။ အဲ့နောက် သူက ရေခဲချီလင်ကို ချက်ချင်းပဲ စူးစူးရဲရဲကြည့်လိုက်၏။ ကံမကောင်းစွာနဲ့ပဲ ရေခဲချီလင်က ဆိုဖိုရာထက်ကို ပိုပြီး သွေးဆူလွယ်ကာ ကိုင်တွယ်ရလွယ်တဲ့သူမဟုတ်ဘူးဆိုတာကို သူ မေ့သွားသည်။ သားရဲက တစ်ခုခုကို ဆုံးဖြတ်လိုက်ပြီဆိုတာနဲ့ သူ့စိတ်ကို ဘယ်အရာကမှ ပြောင်းလဲသွားအောင် မလုပ်နိုင်။ ဆိုဖိုရာက သားရဲ ရယ်တာကို တားမြစ်လိုက်ကတည်းက ၎င်းက ပိုလို့တောင်မှ ရယ်လာလေတော့သည်။
ရေခဲချီလင်ကလည်း ကောင်လေးရဲ့ ရန်စမှုတို့ကြောင့် ဒေါသတို့ ငယ်ထိပ်ရောက်ခဲ့ကာ သွေးဆောင့်တက်နေခဲ့ပြီးဖြစ်တာကြောင့် ဆိုဖိုရာက သားရဲကို သူ့ဒေါသ ပုံချလို့ရမယ့်နေရာ ပေးလိုက်သလိုပင်။
"ကောင်းပြီ၊ ငါ မင်းကို မရယ်တော့ဘူး။ ဒါပေမဲ့ မင်းက မင်းကိုယ်မင်း ဝန်ခံချင်နေကတည်းက ငါ ထားလိုက်တော့မယ်။"
ရေခဲချီလင်က လုံးဝကို အရေးမထားဟန်ဖြင့် ပုခုံးတစ်ချက် တွန့်လိုက်သည်။ သားရဲက ဘာကိုမှ ဘယ်တုန်းကမှ ကြောက်မနေခဲ့။ ဆိုဖိုရာက အတော်လေး အစွမ်းကြီးပုံရနေပေမဲ့လည်း ရေခဲချီလင် နောက်ပြန်ဆုတ်မှာမဟုတ်။ သူတို့ တိုက်ရမယ်ဆိုရင်တောင် ဘယ်သူက နိုင်မလဲဆိုတာ ပြောဖို့ခက်သည်။
ဆိုဖိုရာက နှစ်ကြိမ်တိုင်တိုင် (စကားတို့ဖြင့်) ဖြတ်ရိုက်ခံရပြီးဖြစ်တာကြောင့် ဒေါသူပုန်ထနေချေပြီ။ ဒေါသတို့နဲ့ ကြွပ်ကြွပ်ဆူနေတာကြောင့် အသိစိတ်တို့ ပျောက်လုမတတ် ဖြစ်လို့နေပြီဖြစ်သည်။ လက်သီးကို တစ်ကျွတ်ကျွတ်မြည်အောင် တင်းတင်းဆုပ်ရင်း သွားကြီတ်ကာ ခပ်ဖြည်းဖြည်း ပြောလိုက်သည်၊ "ရေခဲချီလင်၊ မင်းတော့ သေလမ်းရှာနေတာပဲ!"
ရေခဲချီလင်က နှာမှုတ်လိုက်ပြီး ဆိုဖိုရာကို ပြန်တုန့်ပြန်မလို့ လုပ်နေတုန်းမှာပဲ ရုတ်တရက် ကောင်လေးက ခုန်ထွက်လာ၏။
"ရေခဲလေး၊ လာ၊ သူ့ဖင်ကို စောင့်ကန်လိုက်! ငါ မင်းကို စိတ်နှလုံးထဲကနေကို ထောက်ခံတယ်!" ဖုန့်ရှီက ရေခဲချီလင်ကို ပုတ်လိုက်ကာ တလေးတနက်ပြောလိုက်သည်။
ရေခဲချီလင်တစ်ယောက် သူ့တံတွေးနဲ့သူ သီးမတတ်ဖြစ်သွားတော့သည်။ ကောင်လေးလုပ်သမျှအရှုပ်ကို သူ လိုက်ရှင်းရလိမ့်မယ်ဆိုတာ သူ မယုံကြည်နိုင်ဖြစ်နေဆဲပင်။ 'တော်တော်အရှက်မဲ့တာပဲ' သားရဲက တိုက်ပွဲ ဘယ်လောက်ပဲကြီးကြီး သူ ဆိုဖိုရာကို တုံ့ပြန်တိုက်ခိုက်ဖို့ စီစဉ်ထားခဲ့ပေမဲ့ ဒီပြဿနာက ကောင်လေး လှည့်စားရကာကနေ အစပြုခဲ့တာမို့ ကောင်လေး ဒုက္ခဝေနေတာကို သူ ကြည့်ရတာ ပြောသည့်အတွက် ရေခဲချီလင်က ခေါင်းခါယမ်းလိုက်ကာ၊ "သူမှန်တယ်။ မင်းက အသုံးမကျတဲ့ကောင်လေးတစ်ယောက်ပဲ။ မင်းက မင်းရှာသမျှပြဿနာကို တခြားသူတွေကို ဖြေရှင်းပေးဖို့ချည်းပဲ တောင်းဆိုနိုင်နေတယ်။ မင်းတစ်ဘဝလုံး ဒီလိုမျိုးချည်းပဲဖြစ်နေမယ်လို့ ငါထင်တယ်။"
"ရေခဲလေး၊ အဲ့တာ စော်ကားတာပဲ။" ဖုန့်ရှီက ဒေါနဲ့မောနဲ့ပြောလိုက်သည်။
"အဲ့တာဆိုလည်း မင်းဘာသာမင်းတိုက်ပါလား?" ရေခဲချီလင်က ကောင်လေးရဲ့ မျက်နှာနဲ့စကားလုံးတို့ကို လျစ်လျူရှုနိုင်ဖို့ သင်ယူပြီးဖြစ်သည်။
"ငါ ဘယ်တုန်းကများ အမြဲတမ်း ပြဿနာတွေ ရှာနေခဲ့လို့လဲ? ငါ ဒီလူအိုကြီးကို လုံးဝကြီးကို သိမနေတာ။" ဖုန့်ရှီကား အရူးမဟုတ်။ ရေခဲချီလင်က သူ့ကို အခြေအမြစ်မဲ့ စွပ်စွဲတာကို ကြားရတော့ သူက တဖက်သားကို ချက်ချင်းပင် ပြန်ခွန်းတုံ့ပြန်လိုက်၏။
ရေခဲချီလင်က အဲ့စကားတွေ ထွက်မိသွားတာဟာ သူ မှားသွားတယ်ဆိုတာကို သိပေမဲ့ ဝန်ခံဖို့ ငြင်းဆန်ချင်နေဆဲပင်။ ဘုရင်ကြီးကို တစ်ချက်ကြည့်လိုက်ပြီးနောက် သူက အသံတိုးတိုးနှင့်ပြောလိက်သည်၊ "မင်း၊ ဒါမှမဟုတ် မင်းခေါင်းဆောင်ပဲလေ။ မင်းတို့ဘာသာမင်းတို့ ဒါကို အဆုံးသတ်သင့်တာပေါ့။ ငါက မင်းရဲ့ကိုယ်ရံတော်မှမဟုတ်တာ။ မင်းတို့ဘာသာမင်းတို့ ပြဿနာမီးမွှေးခဲ့တာလေ။ မိန်းမဆိုတာ ပြဿနာတွေရဲ့ရင်းမြစ်လို့ ပြောကြတယ်။ ယောက်ျားတွေလည်း အတူတူပဲလို့ ငါတော့ထင်တယ်။"
"ဘာဆိုလိုတာလဲ?" ဖုန့်ရှီက သားရဲရဲ့ နောက်ဆုံးစကားလုံးတို့ကို လုံးဝ နားမလည်နေချေ။
"မင်း သတိမပြုမိဘူးလား?" ရေခဲချီလင်က ကောင်လေးကို တအံ့တဩနဲ့ ထက်အောက်စုန်ဆန်ကြည့်လိုက်၏။
"ဘာကို သတိပြုမိရမှာလဲ?" ဖုန့်ရှီ စိတ်ရှုပ်ထွေးသွားသည့်ပုံပေါ်သည်။
ရေခဲချီလင်က အတွေ့အကြုံရှိလူသားတစ်ယောက်နှယ် ပြုမူလိုက်ကာ ကောင်လေးရဲ့ပုခုံးကို ပုတ်လိုက်ပြီး နူးနူးညံ့ညံ့ ပြောလိုက်သည်၊ "ကောင်ဆိုးလေး၊ တွေးကြည့်လိုက်၊ မင်းခေါင်းဆောင်က အရမ်းထင်းထွက်နေပြီး သာမာန်လူထက် ထူးကဲတဲ့ပုဂ္ဂိုလ်တစ်ယောက်။ သူ့ကို ကြိုက်နေတဲ့ သဘောကျနေတဲ့သူတွေ အများကြီးရှိမှာပဲ။ မင်းနဲ့မင်းခေါင်းဆောင်က အတွဲတွေဆိုတာကို ငါ့ရဲ့ထက်ရှတဲ့မျက်လုံးအစုံနဲ့ ငါမြင်နိုင်တယ်။ ဆိုလိုတာက မင်းမှာ ရန်သူတွေ အများကြီး အမှောင်ထဲမှာ ရှိနေနိုင်တယ်၊ ဥပမာ ဆိုဖိုရာလိုပေါ့။ နှစ်ပေါင်းတစ်ထောင်ကြာခဲ့ပြီ၊ သူ ခုထိ တေးမှတ်ထားတုန်းပဲ၊ အဲ့တာက ဘာကိုပြသလဲဆိုတော့ မင်းခေါင်းဆောင်အပေါ်ထားတဲ့ သူ့ရဲ့ချစ်မြတ်နိုးမှုက ဘယ်လောက်တောင် နက်ရှိုင်းလဲဆိုတာပြနေတာ။ သူ တစ်ချိန်လုံး မင်းခေါင်းဆောင်ကို လွမ်းနေခဲ့တာဖြစ်မယ်။ သူက လက်စားချေချင်နေပုံရနေပေမဲ့ တကယ်တော့ - ငါက အကဲဖမ်းတာတော်တယ်၊ သူက အမုန်းတရားကနေ အချစ်မွေးဖွားလာတဲ့လူစားမျိုး!"
"အဲ့တော့?" ဖုန့်ရှီတစ်ယောက် မျက်လုံးပြူးသွားတော့သည်။ အဖြေက သူ့ဦးဏှောက်ကို ပေါက်ထွက်သွားသည်ပင်။
"အဲ့တော့ဘာဖြစ်လဲ၊ ဆိုဖိုရာက မင်းလူကို ခေါ်ထုတ်သွားချင်နေတာ။" ရေခဲချီလင်က ဖုန့်ရှီကို ခပ်ဆတ်ဆတ်ရိုက်လိုက်ကာ သေချာတဲ့အသံနဲ့ပြောလိုက်၏။
ရေခဲချီလင်က ရုတ်တရက် သူ့အသံကိုမြှင့်လိုက်ကာ သူ့အနောက်ဆုံးစကားလုံးတို့က အကျယ်ကြီးထွက်သွားကာ ဟိန်းထွက်လုမတတ်ဖြစ်သွားပြီး သူ့ရဲ့ မျက်လုံးအစုံတို့က ထူးဆန်းတဲ့အနီးရောင်အလင်းတို့ဖြင့် တဖြတ်ဖြတ်လက်လို့နေ၏။ သားရဲက သူ့ကောက်ချက်နဲ့သူ စိတ်တို့ လှုပ်ရှားလို့နေလေသည်။ ရေခဲချီလင်က အဲ့လို သူတွေးနိုင်တဲ့အပေါ် သူ့ကိုယ်သူ သိပ်ဉာဏ်ထက်လွန်းတယ်လို့ ရုတ်တရက် ခံစားလိုက်ရ၏။
(T/N: သနားစရာလေး၊ သူ့ခမျာ ဖုန့်ရှီရဲ့ ဦးဏှောက်မကောင်းဘူးဆိုတဲ့စကားအပေါ် စိတ်ဒဏ်ရာရသွားရှာတာ)
"မရဘူး!" ဖုန့်ရှီက ဒေါသနဲ့မျက်နှာကြီးနီရဲလာကာ အော်ဟစ်လိုက်တော့သည်။ သူက ချက်ချင်းပဲ ဘုရင်ကြီးဆီ ပြေးသွားလိုက်ကာ ဘုရင်ကြီးရဲ့လက်မောင်းကို တင်းတင်းဆုပ်ကိုင်လိုက်ပြီး အသံကျယ်ကျယ်နဲ့ ကြေငြာလိုက်၏၊ "ငါ့ခေါင်းဆောင်က ငါ့ဟာ! သူ့ကို ဘယ်သူမှ ငါ့အဝေးကို ခေါ်သွားလို့မရဘူး!"
ရေခဲချီလင်က ပုခုံးတွန့်လိုက်ပြီး သူ အဲ့စကားတွေကို အကျယ်ကြီးပြောမိသွားမှန်း သတိပြုမိသွား၏။
သားရဲက ဆိုဖိုရာကို အနီးကပ်ကြည့်လိုက်တော့ ဆိုဖိုရာတစ်ယောက် ဒေါသနဲ့ တုန်ရီလို့နေတာကို တွေ့လိုက်ရသည်။ ဒီလူ့မှာသာ မုတ်ဆိတ်မွှေး၊ ပါးသိုင်းမွှေးတို့ရှိနေမယ်ဆို ခုလောက်ဆို ထောင်တက်နေလောက်ပြီပင်။ ဆိုဖိုရာက သားရဲကို အပိုင်းပိုင်းဆွဲဖြဲချင်နေသည့်အလား စူးစူးရဲရဲကြည့်နေတော့ သားရဲက ရုတ်တရက် အကြောင်းမည်မည်ရရ မရှိပါဘဲ နောင်တရသလို ခံစားလိုက်ရတော့သည်။ ဒါပေမဲ့ ရေခဲချီလင်က သူ့အမှားသူ ဘယ်တော့မှ ဝန်မခံတတ်တဲ့သားရဲမျိုးမို့ သူ တခဏလောက် နောင်တရပြီးနောက် မတ်မတ်ရပ်လိုက်ကာ ဆိုဖိုရာကို ဆတ်ဆတ်ထိမခံ တုန့်ပြန်ရန်အသင့်အနေအထားနဲ့ ပြူးကြည့်လိုက်၏။
'ငါ မင်းအကြောင်းပြောနေတာလေ၊ အခုဘာဖြစ်လဲ?'
အဲ့နောက် ရေခဲချီလင်က ဖုန့်ရှီရှိ လျှောက်သွားလိုက်ကာ တစ်ဖက်သားကိုလည်း ရန်စလိုက်ဖို့ မမေ့ချေ၊ "တွေ့လား၊ သူ မငြင်းဘူး။ မင်းရဲ့အချစ်ပြိုင်ဘက်က ဘယ်လောက်တောင် အားကြီးသလဲကြည့်လိုက်။ မင်းမှာ အခွင့်အရေးတစ်ခုလောက်တောင် ရှိနေတယ်လို့ မင်း ထင်နေသေးတာလား? သူက မင်းလို ကျင့်ကြံသူမျိုးကို လက်တစ်ချောင်းတည်းနဲ့ သတ်ပစ်လိုက်နိုင်တယ်။"
"ငါ သူ့လောက်အသက်ရောက်ပြီဆိုရင် သေချာတယ်၊ ငါက သူ့ထက်ပိုပြီးအားကြီးမှာ။" ဖုန့်ရှီက လုံးဝကို နားမယောင်သွား။
ရေခဲချီလင်က ဖုန့်ရှီ ဒီလိုမျိုး ပြောမယ်မှန်းသိပြီးဖြစ်တာကြောင့် ဘာပြန်ပြောရမလဲဆိုတာပါ တွေးပြီးသားပင်၊ "ဒီကမ္ဘာကြီးထဲမှာ ဉာဏ်ကြီးရှင်တွေ အများကြီးရှိတယ်၊ မင်းထက် အများကြီး အရည်အချင်းရှိတဲ့သူတွေလည်း အများကြီးပဲ။ မင်းက တကယ့်ကို လူငယ်လေးတစ်ယောက်ပဲ။ သူ မင်းအသက်တုန်းကဆို သူက နတ်ဘုရားခေါင်ချုပ်နယ်ပယ်ဆင့်တော့ ရောက်နေပြီလေ။ မင်းကိုယ်မင်းပြန်ကြည့်ဦး... ဟမ့်၊ ငါက မင်းရဲ့သားရဲဆိုတာကို ဘယ်သူ့မှ သွားမပြောနဲ့!"
ဖုန့်ရှီတစ်ယောက် ချက်ချင်းကြီးကို အလှောင်ခံလိုက်ရတော့သည်။
သူက သားရဲကို အထင်တသေး မလုပ်ရသေးခင်မှာပဲ သားရဲက သူ့ကို အထင်တသေးနဲ့ ရှုံ့ချလိုက်ပြီ?
"မင်း မသိဘူးဆို အဓိပ္ပါယ်မရှိတာတွေလျှောက်ပြောမနေနဲ့။ ငါက သူ့ထက် အရည်အချင်းပိုမရှိဘူးလို့ မင်းကို ဘယ်သူပြောလဲ?" ဖုန့်ရှီက သူ့ကျင့်ကြံဆင့်ဟာ အတော်ကြီး အထင်ကြီးဖွယ်ပဲလို့ အမြဲတွေးနေခဲ့သည်ပင်။ ဒါပေမဲ့ ရေခဲချီလင်ရဲ့စကားတွေကိုကြားတော့ သူ့ကိုယ်သူ အရမ်းချည့်နဲ့နေတယ်လို့ ရုတ်တရက် ခံစားလိုက်ရသည်။
"မင်းက ဆိုးဝါးလွန်းတယ် ငါထင်တယ်။" ရေခဲချီလင်က ကောင်းကင်ကို မော့ကြည့်လိုက်ကာ ဖုန့်ရှီရဲ့စကားတို့ကို လုံးလုံးကြီး လျစ်လျူရှုလိုက်လေ၏။
ဖုန့်ရှီက အနည်းငယ် ခွတီးခွကျဖြစ်သွားရကာ ဘုရင်ကြီး၏ အင်္ကျီလက်ကို ဆွဲလိုက်သည်။
ဘုရင်ကြီးက ရေခဲချီလင်ကို အေးစက်စက်အကြည့်တစ်ချက် ပေးလိုက်ပြီးနောက် ဖုန့်ရှီ၏ ဦးခေါင်းကိုထိလိုက်ကာ နှစ်သိမ့်လိုက်ပြီး နူးနူးညံ့ညံ့အသံဖြင့်ပြောလိုက်သည်၊ "သူပြောတာ နားမထောင်နဲ့။ တစ်ချို့က လင်းနို့လိုပဲ မျက်ကန်းတွေ။"
"တကယ်?" ဖုန့်ရှီက ခေါင်းမော့လိုက်ပြီး ဘုရင်ကြီးကို အရည်လဲ့နေတဲ့မျက်ဝန်းအစုံဖြင့် ကြည့်လိုက်၏။
"အင်းပေါ့။" ဘုရင်ကြီးက အားတက်ဖို့ ထက်သန်နေတဲ့ ကောင်လေးကို မြတ်မြတ်နိုးနိုးကြည့်ကာ ခေါင်းညိတ်လိုက်သည်။
"အဲ့တာဆို ကျွန်တော့ကောင်းချက်တွေပြောပြ။" ဖုန့်ရှီက ရေခဲချီလင်ရဲ့စကားလုံးတို့ကို အလွန်စိုးရိမ်သောက များနေရကာ သူ ဘယ်လောက်တောင် တော်ကြောင်း ထက်မြက်ကြောင်း ဘုရင်ကြီးကို ပြောစေချင်နေ၏။
ဘုရင်ကြီးက စဉ်းတောင်မစဉ်းစားဘဲ ဖုန့်ရှီရဲ့ပါးလေးကို ညစ်လိုက်ကာ ချော့လိုက်ရင်း၊ "အများကြီးပဲပေါ့။ မင်းရဲ့ကျင့်ကြံဆင့်ကို ဥပမာအနေနဲ့ပြောရမယ်ဆိုရင်၊ တခြားသူတွေက ငယ်ငယ်လေးကတည်းက စပြီး ကျင့်ကြံလာကြတဲ့သူတွေတောင် နတ်ဘုရားဥဿျှောင်နယ်ပယ်ဆင့်ကို မရောက်နိုင်ကြဘူး။ ငယ်တုန်းရွယ်တုန်းမှာ နတ်ဘုရားဥဿျှောင်နယ်ပယ်ဆင့်တို့ နတ်ဘုရားခေါင်ချုပ်နယ်ပယ်ဆင့်တို့ ရောက်သွားခဲ့ကြတဲ့လူတချို့တော့ ရှိဖူးတယ်။ ဒါပေမဲ့လည်း အဲ့တာက သူတို့က နှစ်ဆယ်စုနှစ်တွေကြာအောင် ကျင့်ပြီးမှလေ။ မင်းက သုညကနေပြီး နတ်ဘုရားဥဿျှောင်နယ်ပယ်ဆင့်ကို တစ်နှစ်အတွင်း ရောက်လာခဲ့တာ။ အဲ့တာကြောင့် ရှီ၊ မင်းက သေချာပေါက် တကယ့်ဉာဏ်ကြီးရှင်အစစ်ပဲ!"
ဖုန့်ရှီက အဲ့တာကို နားထောင်ပြီးနောက် ဘုရင်ကြီးရဲ့စကားတို့က ကျိုးကြောင်းသင့်နေတာကို သူတွေ့တော့ ပါစပ် နားရွက်တက်ချိတ်မတတ်ပြုံးသွားကာ၊ "ဟုတ်တယ်၊ အဲ့တာဟုတ်တယ်၊ အဲ့တာအမှန်ပဲ!"
ရေခဲချီလင်နဲ့ ဆိုဖိုရာက ဖုန့်ရှီကို မျက်လုံးအပြူးသားနဲ့ ကြည့်နေကြသည်မှာ သရဲကို ကြည့်နေသည့်အလား သူတို့မျက်နှာထက်ဝယ် အထိတ်တလန့်အမူအယာတို့အပြည့်ဖြင့်ပင်။ ရေခဲချီလင်က ပိုလို့တောင် အံ့အားသင့်နေ၏၊ အကြောင်းကတော့ သူ ဖုန့်ရှီကို သူ့ကျင့်ကြံဆင့် အရမ်းနှေးလွန်းတယ်လို့ အခုလေးတင် လှောင်ခဲ့သည်လေ။
20220719; 0903
🥰Thanks for reading, sharing, comments and votes.
—————————— 👀 —————————
အပိုင္း ၁၄၇။ ဘယ္သူက ဉာဏ္ႀကီးရွင္အစစ္လဲ
အဲ့အသံကိုၾကားေတာ့ ဘုရင္ႀကီးက ဆိုဖိုရာကို အေလးမစိုက္ဟန္ျဖင့္ တစ္ခ်က္ၾကည့္လိုက္သည္။
အက္ကြဲေၾကာင္းထဲကေန ခုေလးတင္ လြတ္လာတဲ့ ဆိုဖိုရာက စကားေျပာရင္း ေျခလွမ္းက်ဲႀကီးတို႔ျဖင့္ ေလၽွာက္လွမ္းလာသည္။ သူ႔ကိုယ္ေပၚက ျခဳံလႊာက ရွိမေနေတာ့ေခ်။ သူကား အသက္သုံးဆယ္အရြယ္ မ်က္ႏွာက်ထင္းထင္း၊ သိမ္းငွက္မ်က္လုံးတို႔နဲ႔ ခပ္ခန္႔ခန္႔လူတစ္ေယာက္ပင္ျဖစ္သည္။ ဒါေပမဲ့လည္း သူ႔မ်က္ႏွာထက္က အမူအယာတို႔က အနည္းငယ္ ေတာင့္ေတာင့္တင္းတင္းႀကီးေပမို႔ ၎အခ်က္က သူ႔ကို မႏွစ္ၿမိဳ႕ဖြယ္ ျဖစ္ေနေစ၏။
သူ႔အေနာက္မွာေတာ့ သူ႔လက္ေအာက္ငယ္သား ခုႏွစ္ေယာက္၊ ရွစ္ေယာက္ေလာက္ ရွိေနကာ က်န္သူမ်ားကေတာ့ ေသသြားတာ ဒါမွမဟုတ္ ေရခဲကမၻာမွာ ပိတ္မိသြားတာျဖစ္နိုင္သည္။
ငရဲမင္းႀကီးအေပၚ ဆိုဖိုရာရဲ့အမုန္းတို႔က ႏွစ္ေပါင္း တစ္ေသာင္းတိုင္ ၾကာခဲ့ၿပီမို႔ အဲ့ေလာက္အခ်ိန္ၾကာသြားၿပီးတဲ့ေနာက္မွာေတာ့ သူတို႔ၾကားထဲကျပႆနာေတြကို ဘယ္သူမွ မမွတ္မိၾကေတာ့ေခ်။ ဒါေပမဲ့ ေရခဲနန္းေတာ္ထဲမွာ ဘုရင္ႀကီးအေပၚ ထားရွိတဲ့သူ႔သေဘာထားအရ ဘုရင္ႀကီးရဲ့ဘဝ ေအးေဆးသက္သာေနေအာင္လုပ္ဖို႔ သူ႔မွာ ရည္ရြယ္ခ်က္ရွိမေနမွန္း သိသာလြန္းလွသည္။ အဲ့တာေၾကာင့္လည္း ဆိုဖိုရာက အခု ဘုရင္ႀကီးကို ထပ္ၿပီး ျပႆနာရွာေနျခင္းပင္။
ေရခဲခ်ီလင္ကို ခုေလးတင္ စာခ်ဳပ္ခ်ဳပ္ဆိုလိုက္သြားနိုင္ၿပီျဖစ္တဲ့ ဖုန္႔ရွီကေတာ့ အခု ခံစားခ်က္ေတြ ေကာင္းလို႔ေန၏။ ဆိုဖိုရာရဲ့ စကားေတြကိုၾကားေတာ့ သူ တန္းၿပီး ေဆြ႕ေဆြ႕ခုန္မသြားဘဲ အဲ့အစား လူကို အံ့အားတသင့္အၾကည့္နဲ႔ ထက္ေအာက္စုန္ဆန္ၾကည့္လိုက္၏။ အေၾကာင္းကား၊ သူ...အဲ့လူကိုမသိဘူး!
"အဘိုးႀကီး၊ ခင္မ်ားက ဘယ္သူလဲ?"
"ေကာင္စုတ္! မင္း အခု ဘယ္သူ႔ေခၚေနတာလဲ?" ဆိုဖိုရာက ဖုန္႔ရွီရဲ့စကားလုံးတို႔ေၾကာင့္ ခ်က္ခ်င္းပဲ စိတ္အေႏွာက္အယွက္ျဖစ္သြားရသည့္အတြက္ သူ႔ရဲ့မ်က္ႏွာက စူပုတ္သြားေတာ့သည္။ သူ႔အသက္က ႏွစ္ေပါင္း တစ္သိန္းေက်ာ္ၿပီးျဖစ္ေနေပမဲ့ သူ႔မ်က္ႏွာေရွ႕တည့္တည့္မွာ ဘယ္သူကမွ သူ႔ကို အဘိုးႀကီးလို႔ မေခၚရဲခဲ့ၾက။ ေကာင္ေလးက သိသိသာသာႀကီးကို ဆိုဖိုရာရဲ့ သည္းခံနိုင္စြမ္းဂိတ္ဆုံးကို သြားထိလိုက္တာပင္။
ဖုန္႔ရွီ အဲ့တာကိုၾကားေတာ့ သူက ေခါင္းကိုကုတ္လိုက္ၿပီး ေဘးဘီဝဲယာၾကည့္လိုက္ကာ၊ "ကၽြန္ေတာ္က ခင္မ်ားကိုေျပာေနတာလို႔ေတာ့ ကၽြန္ေတာ္ထင္တယ္!"
"မင္း..." သူ႔စကားတို႔ေၾကာင့္ ဆိုဖိုရာ သီးမတတ္ျဖစ္သြားရေတာ့သည္။ ဖုန္႔ရွီ သူ႔ကို တိုက္ရိုက္ႀကီး ဝန္ခံလိုက္သလိုမ်ိဳး သူ႔ဘဝမွာ တစ္ခါမွ မျဖစ္ေပၚခဲ့ဖူးလို႔ျဖစ္ေကာင္းျဖစ္နိုင္သည္၊ အဲ့တာေၾကာင့္ သူ တစ္ဖက္သားကို မႏွစ္ၿမိဳ႕တဲ့အၾကည့္တို႔ျဖင့္သာ စိုက္ၾကည့္နိုင္ေတာ့သည္။
"ဟားဟားဟား... အ႐ူးပဲ!" ေရခဲခ်ီလင္က ဖုန္႔ရွီရဲ့ (စကားလုံးတို႔ျဖင့္) အလစ္အငိုက္တိုက္ခိုက္ခံရမွုမွ ျပန္လည္သက္သာလာၿပီျဖစ္ကာ သူတို႔ရဲ့စကားေျပာဆိုခန္းကို ၾကားလိုက္၏။ အဲ့ေနာက္ သားရဲက မထိန္းနိုင္ေတာ့ဘဲ တဟားဟား ေအာ္ရယ္မိေတာ့သည္။ သူ ဘယ္သူ႔ကိုရယ္သလဲဆိုတာေတာ့ ဘယ္သူမွ မသိေခ်။
"ပါးစပ္ပိတ္စမ္း! မင္းကို ရယ္ခြင့္မျပဳဘူး!" ဆိုဖိုရာရဲ့မ်က္ႏွာက တမဟုတ္ခ်င္းကို ေအးစက္သြားေတာ့သည္။
သူ႔အေနနဲ႔ ဘုရင္ႀကီးနဲ႔ဖုန္႔ရွီကို ဘာမွ မလုပ္နိုင္ေပမဲ့လည္း သူ႔ကို လာေလွာင္ရယ္တာမ်ိဳးေတာ့ ဘယ္သူ႔ကိုမွ သူ ဘယ္ေတာ့မွာ ခြင့္ျပဳမွာမဟုတ္၊ မာနတံခြန္တက္ေနတဲ့ စိတ္ဝိညာဥ္သားရဲျဖစ္တဲ့ ေရခဲခ်ီလင္အပါအဝင္ေပါ့။ အဲ့ေနာက္ သူက ေရခဲခ်ီလင္ကို ခ်က္ခ်င္းပဲ စူးစူးရဲရဲၾကည့္လိုက္၏။ ကံမေကာင္းစြာနဲ႔ပဲ ေရခဲခ်ီလင္က ဆိုဖိုရာထက္ကို ပိုၿပီး ေသြးဆူလြယ္ကာ ကိုင္တြယ္ရလြယ္တဲ့သူမဟုတ္ဘူးဆိုတာကို သူ ေမ့သြားသည္။ သားရဲက တစ္ခုခုကို ဆုံးျဖတ္လိုက္ၿပီဆိုတာနဲ႔ သူ႔စိတ္ကို ဘယ္အရာကမွ ေျပာင္းလဲသြားေအာင္ မလုပ္နိုင္။ ဆိုဖိုရာက သားရဲ ရယ္တာကို တားျမစ္လိုက္ကတည္းက ၎က ပိုလို႔ေတာင္မွ ရယ္လာေလေတာ့သည္။
ေရခဲခ်ီလင္ကလည္း ေကာင္ေလးရဲ့ ရန္စမွုတို႔ေၾကာင့္ ေဒါသတို႔ ငယ္ထိပ္ေရာက္ခဲ့ကာ ေသြးေဆာင့္တက္ေနခဲ့ၿပီးျဖစ္တာေၾကာင့္ ဆိုဖိုရာက သားရဲကို သူ႔ေဒါသ ပုံခ်လို႔ရမယ့္ေနရာ ေပးလိုက္သလိုပင္။
"ေကာင္းၿပီ၊ ငါ မင္းကို မရယ္ေတာ့ဘူး။ ဒါေပမဲ့ မင္းက မင္းကိုယ္မင္း ဝန္ခံခ်င္ေနကတည္းက ငါ ထားလိုက္ေတာ့မယ္။"
ေရခဲခ်ီလင္က လုံးဝကို အေရးမထားဟန္ျဖင့္ ပုခုံးတစ္ခ်က္ တြန္႔လိုက္သည္။ သားရဲက ဘာကိုမွ ဘယ္တုန္းကမွ ေၾကာက္မေနခဲ့။ ဆိုဖိုရာက အေတာ္ေလး အစြမ္းႀကီးပုံရေနေပမဲ့လည္း ေရခဲခ်ီလင္ ေနာက္ျပန္ဆုတ္မွာမဟုတ္။ သူတို႔ တိုက္ရမယ္ဆိုရင္ေတာင္ ဘယ္သူက နိုင္မလဲဆိုတာ ေျပာဖို႔ခက္သည္။
ဆိုဖိုရာက ႏွစ္ႀကိမ္တိုင္တိုင္ (စကားတို႔ျဖင့္) ျဖတ္ရိုက္ခံရၿပီးျဖစ္တာေၾကာင့္ ေဒါသူပုန္ထေနေခ်ၿပီ။ ေဒါသတို႔နဲ႔ ႂကြပ္ႂကြပ္ဆူေနတာေၾကာင့္ အသိစိတ္တို႔ ေပ်ာက္လုမတတ္ ျဖစ္လို႔ေနၿပီျဖစ္သည္။ လက္သီးကို တစ္ကၽြတ္ကၽြတ္ျမည္ေအာင္ တင္းတင္းဆုပ္ရင္း သြားႀကီတ္ကာ ခပ္ျဖည္းျဖည္း ေျပာလိုက္သည္၊ "ေရခဲခ်ီလင္၊ မင္းေတာ့ ေသလမ္းရွာေနတာပဲ!"
ေရခဲခ်ီလင္က ႏွာမွုတ္လိုက္ၿပီး ဆိုဖိုရာကို ျပန္တုန္႔ျပန္မလို႔ လုပ္ေနတုန္းမွာပဲ ႐ုတ္တရက္ ေကာင္ေလးက ခုန္ထြက္လာ၏။
"ေရခဲေလး၊ လာ၊ သူ႔ဖင္ကို ေစာင့္ကန္လိုက္! ငါ မင္းကို စိတ္ႏွလုံးထဲကေနကို ေထာက္ခံတယ္!" ဖုန္႔ရွီက ေရခဲခ်ီလင္ကို ပုတ္လိုက္ကာ တေလးတနက္ေျပာလိုက္သည္။
ေရခဲခ်ီလင္တစ္ေယာက္ သူ႔တံေတြးနဲ႔သူ သီးမတတ္ျဖစ္သြားေတာ့သည္။ ေကာင္ေလးလုပ္သမၽွအရွုပ္ကို သူ လိုက္ရွင္းရလိမ့္မယ္ဆိုတာ သူ မယုံၾကည္နိုင္ျဖစ္ေနဆဲပင္။ 'ေတာ္ေတာ္အရွက္မဲ့တာပဲ' သားရဲက တိုက္ပြဲ ဘယ္ေလာက္ပဲႀကီးႀကီး သူ ဆိုဖိုရာကို တုံ႔ျပန္တိုက္ခိုက္ဖို႔ စီစဥ္ထားခဲ့ေပမဲ့ ဒီျပႆနာက ေကာင္ေလး လွည့္စားရကာကေန အစျပဳခဲ့တာမို႔ ေကာင္ေလး ဒုကၡေဝေနတာကို သူ ၾကည့္ရတာ ေျပာသည့္အတြက္ ေရခဲခ်ီလင္က ေခါင္းခါယမ္းလိုက္ကာ၊ "သူမွန္တယ္။ မင္းက အသုံးမက်တဲ့ေကာင္ေလးတစ္ေယာက္ပဲ။ မင္းက မင္းရွာသမၽွျပႆနာကို တျခားသူေတြကို ေျဖရွင္းေပးဖို႔ခ်ည္းပဲ ေတာင္းဆိုနိုင္ေနတယ္။ မင္းတစ္ဘဝလုံး ဒီလိုမ်ိဳးခ်ည္းပဲျဖစ္ေနမယ္လို႔ ငါထင္တယ္။"
"ေရခဲေလး၊ အဲ့တာ ေစာ္ကားတာပဲ။" ဖုန္႔ရွီက ေဒါနဲ႔ေမာနဲ႔ေျပာလိုက္သည္။
"အဲ့တာဆိုလည္း မင္းဘာသာမင္းတိုက္ပါလား?" ေရခဲခ်ီလင္က ေကာင္ေလးရဲ့ မ်က္ႏွာနဲ႔စကားလုံးတို႔ကို လ်စ္လ်ဴရွုနိုင္ဖို႔ သင္ယူၿပီးျဖစ္သည္။
"ငါ ဘယ္တုန္းကမ်ား အျမဲတမ္း ျပႆနာေတြ ရွာေနခဲ့လို႔လဲ? ငါ ဒီလူအိုႀကီးကို လုံးဝႀကီးကို သိမေနတာ။" ဖုန္႔ရွီကား အ႐ူးမဟုတ္။ ေရခဲခ်ီလင္က သူ႔ကို အေျခအျမစ္မဲ့ စြပ္စြဲတာကို ၾကားရေတာ့ သူက တဖက္သားကို ခ်က္ခ်င္းပင္ ျပန္ခြန္းတုံ႔ျပန္လိုက္၏။
ေရခဲခ်ီလင္က အဲ့စကားေတြ ထြက္မိသြားတာဟာ သူ မွားသြားတယ္ဆိုတာကို သိေပမဲ့ ဝန္ခံဖို႔ ျငင္းဆန္ခ်င္ေနဆဲပင္။ ဘုရင္ႀကီးကို တစ္ခ်က္ၾကည့္လိုက္ၿပီးေနာက္ သူက အသံတိုးတိုးႏွင့္ေျပာလိက္သည္၊ "မင္း၊ ဒါမွမဟုတ္ မင္းေခါင္းေဆာင္ပဲေလ။ မင္းတို႔ဘာသာမင္းတို႔ ဒါကို အဆုံးသတ္သင့္တာေပါ့။ ငါက မင္းရဲ့ကိုယ္ရံေတာ္မွမဟုတ္တာ။ မင္းတို႔ဘာသာမင္းတို႔ ျပႆနာမီးေမႊးခဲ့တာေလ။ မိန္းမဆိုတာ ျပႆနာေတြရဲ့ရင္းျမစ္လို႔ ေျပာၾကတယ္။ ေယာက္်ားေတြလည္း အတူတူပဲလို႔ ငါေတာ့ထင္တယ္။"
"ဘာဆိုလိုတာလဲ?" ဖုန္႔ရွီက သားရဲရဲ့ ေနာက္ဆုံးစကားလုံးတို႔ကို လုံးဝ နားမလည္ေနေခ်။
"မင္း သတိမျပဳမိဘူးလား?" ေရခဲခ်ီလင္က ေကာင္ေလးကို တအံ့တဩနဲ႔ ထက္ေအာက္စုန္ဆန္ၾကည့္လိုက္၏။
"ဘာကို သတိျပဳမိရမွာလဲ?" ဖုန္႔ရွီ စိတ္ရွုပ္ေထြးသြားသည့္ပုံေပၚသည္။
ေရခဲခ်ီလင္က အေတြ႕အၾကဳံရွိလူသားတစ္ေယာက္ႏွယ္ ျပဳမူလိုက္ကာ ေကာင္ေလးရဲ့ပုခုံးကို ပုတ္လိုက္ၿပီး ႏူးႏူးညံ့ညံ့ ေျပာလိုက္သည္၊ "ေကာင္ဆိုးေလး၊ ေတြးၾကည့္လိုက္၊ မင္းေခါင္းေဆာင္က အရမ္းထင္းထြက္ေနၿပီး သာမာန္လူထက္ ထူးကဲတဲ့ပုဂၢိဳလ္တစ္ေယာက္။ သူ႔ကို ႀကိဳက္ေနတဲ့ သေဘာက်ေနတဲ့သူေတြ အမ်ားႀကီးရွိမွာပဲ။ မင္းနဲ႔မင္းေခါင္းေဆာင္က အတြဲေတြဆိုတာကို ငါ့ရဲ့ထက္ရွတဲ့မ်က္လုံးအစုံနဲ႔ ငါျမင္နိုင္တယ္။ ဆိုလိုတာက မင္းမွာ ရန္သူေတြ အမ်ားႀကီး အေမွာင္ထဲမွာ ရွိေနနိုင္တယ္၊ ဥပမာ ဆိုဖိုရာလိုေပါ့။ ႏွစ္ေပါင္းတစ္ေထာင္ၾကာခဲ့ၿပီ၊ သူ ခုထိ ေတးမွတ္ထားတုန္းပဲ၊ အဲ့တာက ဘာကိုျပသလဲဆိုေတာ့ မင္းေခါင္းေဆာင္အေပၚထားတဲ့ သူ႔ရဲ့ခ်စ္ျမတ္နိုးမွုက ဘယ္ေလာက္ေတာင္ နက္ရွိုင္းလဲဆိုတာျပေနတာ။ သူ တစ္ခ်ိန္လုံး မင္းေခါင္းေဆာင္ကို လြမ္းေနခဲ့တာျဖစ္မယ္။ သူက လက္စားေခ်ခ်င္ေနပုံရေနေပမဲ့ တကယ္ေတာ့ - ငါက အကဲဖမ္းတာေတာ္တယ္၊ သူက အမုန္းတရားကေန အခ်စ္ေမြးဖြားလာတဲ့လူစားမ်ိဳး!"
"အဲ့ေတာ့?" ဖုန္႔ရွီတစ္ေယာက္ မ်က္လုံးျပဴးသြားေတာ့သည္။ အေျဖက သူ႔ဦးေဏွာက္ကို ေပါက္ထြက္သြားသည္ပင္။
"အဲ့ေတာ့ဘာျဖစ္လဲ၊ ဆိုဖိုရာက မင္းလူကို ေခၚထုတ္သြားခ်င္ေနတာ။" ေရခဲခ်ီလင္က ဖုန္႔ရွီကို ခပ္ဆတ္ဆတ္ရိုက္လိုက္ကာ ေသခ်ာတဲ့အသံနဲ႔ေျပာလိုက္၏။
ေရခဲခ်ီလင္က ႐ုတ္တရက္ သူ႔အသံကိုျမႇင့္လိုက္ကာ သူ႔အေနာက္ဆုံးစကားလုံးတို႔က အက်ယ္ႀကီးထြက္သြားကာ ဟိန္းထြက္လုမတတ္ျဖစ္သြားၿပီး သူ႔ရဲ့ မ်က္လုံးအစုံတို႔က ထူးဆန္းတဲ့အနီးေရာင္အလင္းတို႔ျဖင့္ တျဖတ္ျဖတ္လက္လို႔ေန၏။ သားရဲက သူ႔ေကာက္ခ်က္နဲ႔သူ စိတ္တို႔ လွုပ္ရွားလို႔ေနေလသည္။ ေရခဲခ်ီလင္က အဲ့လို သူေတြးနိုင္တဲ့အေပၚ သူ႔ကိုယ္သူ သိပ္ဉာဏ္ထက္လြန္းတယ္လို႔ ႐ုတ္တရက္ ခံစားလိုက္ရ၏။
(T/N: သနားစရာေလး၊ သူ႔ခမ်ာ ဖုန္႔ရွီရဲ့ ဦးေဏွာက္မေကာင္းဘူးဆိုတဲ့စကားအေပၚ စိတ္ဒဏ္ရာရသြားရွာတာ)
"မရဘူး!" ဖုန္႔ရွီက ေဒါသနဲ႔မ်က္ႏွာႀကီးနီရဲလာကာ ေအာ္ဟစ္လိုက္ေတာ့သည္။ သူက ခ်က္ခ်င္းပဲ ဘုရင္ႀကီးဆီ ေျပးသြားလိုက္ကာ ဘုရင္ႀကီးရဲ့လက္ေမာင္းကို တင္းတင္းဆုပ္ကိုင္လိုက္ၿပီး အသံက်ယ္က်ယ္နဲ႔ ေၾကျငာလိုက္၏၊ "ငါ့ေခါင္းေဆာင္က ငါ့ဟာ! သူ႔ကို ဘယ္သူမွ ငါ့အေဝးကို ေခၚသြားလို႔မရဘူး!"
ေရခဲခ်ီလင္က ပုခုံးတြန္႔လိုက္ၿပီး သူ အဲ့စကားေတြကို အက်ယ္ႀကီးေျပာမိသြားမွန္း သတိျပဳမိသြား၏။
သားရဲက ဆိုဖိုရာကို အနီးကပ္ၾကည့္လိုက္ေတာ့ ဆိုဖိုရာတစ္ေယာက္ ေဒါသနဲ႔ တုန္ရီလို႔ေနတာကို ေတြ႕လိုက္ရသည္။ ဒီလူ႔မွာသာ မုတ္ဆိတ္ေမႊး၊ ပါးသိုင္းေမႊးတို႔ရွိေနမယ္ဆို ခုေလာက္ဆို ေထာင္တက္ေနေလာက္ၿပီပင္။ ဆိုဖိုရာက သားရဲကို အပိုင္းပိုင္းဆြဲျဖဲခ်င္ေနသည့္အလား စူးစူးရဲရဲၾကည့္ေနေတာ့ သားရဲက ႐ုတ္တရက္ အေၾကာင္းမည္မည္ရရ မရွိပါဘဲ ေနာင္တရသလို ခံစားလိုက္ရေတာ့သည္။ ဒါေပမဲ့ ေရခဲခ်ီလင္က သူ႔အမွားသူ ဘယ္ေတာ့မွ ဝန္မခံတတ္တဲ့သားရဲမ်ိဳးမို႔ သူ တခဏေလာက္ ေနာင္တရၿပီးေနာက္ မတ္မတ္ရပ္လိုက္ကာ ဆိုဖိုရာကို ဆတ္ဆတ္ထိမခံ တုန္႔ျပန္ရန္အသင့္အေနအထားနဲ႔ ျပဴးၾကည့္လိုက္၏။
'ငါ မင္းအေၾကာင္းေျပာေနတာေလ၊
You are reading the story above: TeenFic.Net