138. Land of Ice

Background color
Font
Font size
Line height

အပိုင်း ၁၃၈။ ရေခဲကုန်းမြေ

မြစိမ်းရောင်နဂါးတောင်တန်းတွေရဲ့ ရာသီဥတုက မကြာခဏ ဆောင်းတွင်းလို အေးလွန်းလှသည်။

တစ်နှစ်ပတ်လုံး မြူတွေက တောင်တစ်ခုလုံး အုံ့ဆိုင်နေတတ်၏။ တောထဲ ဟိုဟိုဒီဒီ လျောက်သွားမယ်ဆိုလျင် လမ်းပျောက်သွားဖို့က လွယ်လွန်းသည်။ ဒါပေမဲ့ ဒီကို လူသားတွေ လာရောက်နှောက်ယှက်နိုင်ခြေ နည်းပါးတာမို့ ဒီပတ်ဝန်းကျင်အနေအထားက မိစ္ဆာသားရဲတို့အတွက် အလွန်သင့်တော်ပေသည်။ အကျိုးဆက်အနေဖြင့် မိစ္ဆာသားရဲအကောင်ရေ တဖြည်းဖြည်း များပြားလာပေမဲ့ အများစုကတော့ သိပ်အသန်မာကြီးတွေ မဟုတ်ကြပါ။

ငရဲမင်းကြီးပြောခဲ့သလိုပင် သတ္တုရိုင်းကြောက မြစိမ်းရောင်နဂါးတောင်တန်းတွေမှာ မြေအောက် အနက် မီတာလေးထောင်မှာ ဖုံးကွယ်တည်ရှိနေတာဖြစ်သည်။ အကယ်၍ အားလုံးလူစုံရောက်တဲ့အထိသာ သူတို့စောင့်နေကြမယ်ဆိုလျင် တစ်လလောက် အချိန်ကြာမြင့်သွားမှာဖြစ်သည်။ အဲ့အချိန်လောက်ဆို လူတော်တော်များများက ဒီသတင်းကို သိရှိသွားပြီးဖြစ်လောက်မှာဖြစ်၏။ အဲ့အတွက်ကြောင့်လည်း ငရဲမင်းကြီးနဲ့ဖုန့်ရှီတို့က အခြားသူတွေကို သတ္တုကြော ရှာဖွေရာမှာ ထားခဲ့တာဖြစ်သည်။ ဒါပေမဲ့လည်း သူတို့နှစ်ယောက်က အဲ့တာကြောင့်ရယ်တော့ အုပ်စုကနေ ခွဲထွက်လာခဲ့သည်မဟုတ်ပေ။

"ခေါင်းဆောင်၊ ကျွန်တော်တို့ ဘယ်သွားနေကြတာလဲ?" ဖုန့်ရှီက သူ့ခေါင်းကို မော့လိုက်ပြီး ဇဝေဇဝါအကြည့်ဖြင့် မေးလိုက်သည်။

ငရဲမင်းကြီးက တောအုပ်အတွင်း သွားရာလမ်းတလျောက်လုံးမှာ သူ့ကို ချီထား၏။ သူတို့ရဲ့သွင်ပြင်က တစ္ဆေအလားပင်။ အတော်ဝေးဝေးနေရာ ရောက်တော့မှသာ သူတို့ မြေပြင်ပေါ် ခြေပြန်ချကာ ပြန်ပေါ်လာကြသည်။ အကယ်၍ တစ်စုံတစ်ယောက်က သူတို့ကို မြင်သွားခဲ့မယ်ဆိုရင် သူတို့အနေနဲ့ သရဲတစ္ဆေကို မြင်လိုက်ရတယ်လို့သာ ထင်သွားကြမည်ပင်။

သူ့လက်မောင်းထဲကကောင်လေးရဲ့ အမေးကို ကြားရတဲ့အချိန်မှာ ငရဲမင်းကြီးရဲ့အမူအယာက ပြောင်းမသွားခဲ့ပေ။ သူက တည်ငြိမ်စွာပင် ပြန်ဖြေလိုက်၏၊ "နောက်တစ်နေရာဆီ"

ဖုန့်ရှီတစ်ယောက် ချက်ချင်းပင် ပြန်လည် ရွှင်လန်းလာ၏။ မူလတုန်းက သူတွေးထင်နေခဲ့သည်မှာ ခေါင်းဆောင်က သူ့ကိုခေါ်ပြီး ပြန်ပြီလို့ ထင်ခဲ့တာပင်။ အကယ်၍ အဲ့လိုသာဆိုရင်တော့ သူ့အနေနဲ့ သတ္တုရိုင်းကြောက ဘာနဲ့တူသလဲဆိုတာကို မြင်ရဖို့ အခွင့်အရေး ရှိမှာမဟုတ်တော့ချေ။ အဲ့အတွက်ကြောင့် သူ စိတ်လက်မချမ်းသာ ညှိုးငယ်နေခဲ့တာဖြစ်သည်။ ဒါပေမဲ့ အခုတော့ မျှော်လင့်ချက် ရှိနေသည်မို့ သူ ချက်ချင်းပင် စိတ်လှုပ်ရှားလာတော့၏။

"ကျွန်တော်တို့ သတ္တုရိုင်းကြောကို မတူးဖော်ဘူးလား?"

"အဲ့လိုပြောလို့ရတယ်" ငရဲမင်းကြီးက ပြန်ဖြေလိုက်သည်။

"မတူးဘူးဆိုရင်?" ဖုန့်ရှီက သိချင်စိတ်ပြင်းပြစွာ မေးလိုက်၏။ အဖြေက အဓိပ္ပါယ်နှစ်မျိုးရှိနေသည်မှာ ရှင်းနေသည်ပင်။

".... ရှုခင်းလျောက်ကြည့်မလို့" ငရဲမင်းကြီးက ခတ္တခဏ တိတ်ဆိတ်သွားခဲ့ပေမဲ့ ဖုန့်ရှီ စိတ်လှုပ်ရှားသွားလောက်မယ့်အဖြေကို ပေးလိုက်သည်။

ဖုန့်ရှီက ငရဲမင်းကြီးရဲ့လည်ပင်းကို တင်းတင်းကြပ်ကြပ် ဖက်တွယ်ထားပေမဲ့ သူ့အပြုအမူနဲ့ သူ့ပြောစကားတို့ကတော့ ဆန့်ကျင်ဘက်ဖြစ်လို့နေသည်၊ "ဒီလိုမျိုး မှိုင်းညို့ညို့ အေးစက်စက်နေရာကြီးထဲ ဘာများ စိတ်ဝင်စားစရာရှိလို့လဲ? ကျွန်တော်တို့ တစ်ခုခုလုပ်ဖို လိုက်ရှာရင်း ရှုခင်းခံစားကြမလား? အဲ့လိုက ကျွန်တော်တို့ကို အနှောက်အယှက်ဖြစ်စေမလား?"

ငရဲမင်းကြီး၏ နှုတ်ခမ်းထောင့်တို့ တွန့်ကွေးမြင့်တက်သွားပေမဲ့ တစ်ခွန်းမှတော့ ပြန်မပြောပေ။

"ကိုယ်တော်တို့ ရောက်ပြီ"

အတန်ကြာပြီးနောက် ငရဲမင်းကြီးက သူ့ခေါင်းကို မော့လိုက်ပြီး သူတို့အရှေ့က တောင်ကြားထဲသို့ လှမ်းမျှော်ကြည့်လိုက်သည်။ တချိန်တည်းမှာပဲ သူ့ရဲ့ တစ္ဆေလိုပုံရိပ်က တောင်ကြားထက် ရပ်တန့်သွား၏။

တောင်ကြားရဲ့အရှေ့တူရှုက နက်ရှိုင်းလှသော လျိုမြောင်တစ်ခု ရှိနေကာ မြစိမ်းရောင်နဂါးတောင်တန်းတွေကို ထက်ပိုင်းပိုင်းထားသည့်နှယ်ပင်။ လျိုမြောင်အက်ကြောင်းထဲမှ အေးစိမ့်စိမ့်လေတို့ ဖြာထွက်နေသကဲ့သို့ မှောင်မိုက်မှိုင်းညို့နေ၏။ မီတာတစ်ရာအဝန်းအဝိုင်းအတွင်း ကောင်းကင်ထက်တွင် ငှက်တစ်ကောင်တစ်မြှီးမှ ပျံသန်းသွားတာ မတွေ့ရသလို သားရဲတို့ လှည့်လည်သွားလာနေတာကိုလည်း မတွေ့ရချေ။ ကြီးမြတ်တဲ့မိစ္ဆာသားရဲကြီးတွေတောင်မှ သွားလာထားတဲ့လမ်းကြောင်း ရှိမနေပေ။

"ဒါဘယ်နေရာလဲ?" ဖုန့်ရှီက နက်ရှိုင်းလှတဲ့ လျိုမြောင်စောက်ထဲကနေ အလွန်အမင်း မှောင်မိုက်နေကာ အေးစက်နေတဲ့လေထုတို့ လျံထွက်နေတာကို ခံစားမိလိုက်ရတာကြောင့် မနေနိုင်တော့ဘဲ ငရဲမင်းကြီးရဲ့လက်မောင်းထဲ ကိုယ်ကို ကျုံ့ဝင်လိုက်တော့သည်။

"ဒါက သဘာဝအလျောက် ဖြစ်တည်ဖွဲ့စည်းထားတဲ့နေရာ၊ ဒဏ္ဍာရီလာ ရေခဲကုန်းမြေလို့ သိကြတယ်။ အေးစက်တဲ့လေထုကို ဖိနှိပ်ထားတဲ့ မြစိမ်းရောင်နဂါးတောင်တန်းတွေရဲ့ မြေအနေအထားနဲ့ ဖွဲ့တည်ထားတာသာဟုတ်မနေခဲ့ဘူးဆိုရင် ဒီနေရာကို တခြားပညာရှင်တွေ ရှာတွေ့သွားခဲ့မှာ အတော်ကြာလောက်ပြီ။" ငရဲမင်းကြီးက အတွေးပင်လယ်ထဲဲ မြောနေသည့်အလား သူ့အကြည့်ကို နက်ရှိုင်းလှတဲ့ လျိုမြောင်စောက်ထဲ ငေးစိုက်ကြည့်လိုက်၏။

"ရေခဲကုန်းမြေက ဘာကြီးလဲ?" ဖုန့်ရှီက မေးလိုက်၏။ သူ လျိုမြောင်ရဲ့အောက်ကို ငုံ့ကြည့်လိုကပေမဲ့လည်း ဘာဆိုဘာမှ မမြင်နိုင်ချေ။

"ရေခဲကုန်းမြေက နတ်ဘုရားနဲ့မိစ္ဆာနိုင်ငံတော်ထဲက အန္တရာယ်အရှိဆုံးနေရာဆယ်ခုထဲက တစ်ခုပဲ။ သူ့ရဲ့အန္တရာယ်ရှိမှုနှုန်းက အဆင့်လေးနေရာမှာ။ ကိုယ်တော် စောစောတုန်းကပြောခဲ့တဲ့ မြေအောက်မီးလျိုမြောင်ကလည်း အဲ့ဒီ့ဆယ်ခုထဲက တစ်ခုဖြစ်ပြီး အဆင့်နှစ်နေရာမှာရှိတယ်။ အဆင့်မြင့်လေလေ အန္တရာယ်အရှိဆုံးဖြစ်လေလေပဲ။ ဒဏ္ဍာရီလာ ရေခဲကုန်းမြေက ရေခဲဝိညာဉ်ကို ပျိုးထောင်ပေးတယ်။ မူလရင်းမြစ်ရေခဲဝိညာဉ် မရှိပေမဲ့လည်း ရေခဲဝိညာဉ်က မူလရင်းမြစ်ရေခဲဝိညာဉ်ပြီးရင် ဒုတိယလိုက်တယ်။ သူတို့က အခွင့်အရေးရခဲ့မယ်ဆိုရင် မူလရင်းမြစ် ရေခဲဝိညာဉ်အနေနဲ့ ပြောင်းလဲသွားနိုင်စွမ်း ရှိတယ်။ ဒါပေမဲ့ အခြေအနေကတော့ အဲ့လိုအခွင့်အရေး ပြည့်မှီဖို့ဆိုတာ အလွန်ခက်တယ်၊ ပြောင်းလဲသွားနိုင်ဖို့အတွက် ရှားပါးပစ္စည်းတွေ အများကြီး ပံ့ပိုးမှုလည်း လိုအပ်တယ်။" ငရဲမင်းကြီးက ရေခဲကုန်းမြေနဲ့ပတ်သက်လို့ သိသိသာသာကို အရမ်း ကျွမ်းဝင်နေကာ လူနည်းစုသာသိကြသည့် လျို့ဝှက်ချကများစွာကို ပုံမှန်ပင် ထုတ်ပြောလိုက်သည်။

"အရမ်းစွမ်းအားကြီးတာပဲရော်! ဘယ်လိုအခြေအနေတွေနဲ့ ပြည့်မှီဖို့လိုတာလဲ?"

အကယ်၍ သာမာန်လူတစ်ယောက်သာ ဒီနေရာမှာ ရေခဲဝိညာဉ်ရှိတယ်ဆိုတာ ကြားလိုက်ရမယ်ဆိုရင် ဟိုး ရှေးရှေးတုန်းကတည်းက သူတို့ ရောက်နှင့်နေပြီးလောက်ပြီဖြစ်သည်။ ရေခဲဒြပ်စင်ကျင့်ကြံသူမဟုတ်ရင်တောင်မှ သူတို့အနေနဲ့ မိုးထိအောင်ခေါင်ခိုက်တဲ့စျေးနဲ့ လေလံတင်နိုင်ကြသည်။ ဒဏ္ဍာရီလာ သလင်းနက်နဲ့တောင် လဲလှယ်နိုင်စွမ်း အခွင့်အလန်း ရှိနိုင်နေသည်ပင်။ သလင်းနက်ကို လုပ်ငန်းအတွက်လည်း အသုံးပြုနိုင်သလို ကျင့်ကြံရာမှာလည်း အသုံးပြုနိုင်သည်။ ၎င်းက အသင့်တော်ဆုံး ကျင့်ကြံရေးအထောက်အကူပြု ပစ္စည်းဖြစ်ပေမဲ့ နတ်ဘုရားနဲ့မိစ္ဆာနိုင်ငံတော်မှာ သလင်းနက်က အနည်းငယ်သာ ထွက်ရှိတာဖြစ်သည်။

တကယ်လို့သာ ဖုန့်ရှီတစ်ယောက် အဲ့အကြောင်းကို သိသွားမယ်ဆိုလျင သူ ငရဲမင်းကြီးကို ရေခဲဝိညာဉ်ကိုဖမ်းပေးဖို့အတွက် သွေးဆောင် နားချဖို့ အတော်ဖြစ်နိုင်ချေရှိ၏။

"ပထမတစ်ခုက ကမ္ဘာ့သစ်သီး ဒါပေမဲ့ ကမ္ဘာ့သစ်ပင်တိုင်းကသစ်သီးမဟုတ်၊ ကောင်းကင်နတ်ဘုရားတောင်တန်းက ကမ္ဘာ့သစ်ပင်ရဲ့သစ်သီး။ ဒုတိယက ဘဝရေတံခွန်ရဲ့နှလုံးသည်းပွတ်ထဲက စမ်းရေ၊ တတိယက သက်ဝင်လှုပ်ရှားခြင်းမရှိတော့တဲ့ ရေခဲချီလင်ဆီက ချီလင်ရဲ့ ဝိညာဉ်။ ရေခဲချီလင်တစ်ခုက နှစ်တစ်သောင်းမှာမှ ချီလင်ဝိညာဉ်တစ်ခုသာ ထွက်ရှိလာတတ်တာ။ အဲ့တာကြောင့် လူသာမာန်တွေအတွက် အဲ့ဒီ့အခြေအနေတွေက ပြည့်ဝဖို့ မဖြစ်နိုင်တဲ့အရာတွေပဲ"
(Eng T/N: ချီလင်ဆိုတာ တရုတ်ဒဏ္ဍာရီလာ သတ္တဝါတစ်မျိုးဖြစ်သည်။ ဖော်ပြထားချက်အရ ၎င်း၏ နဖူးတည့်တည့်မှာ ဦးချိုတစ်ချောင်းပါရှိကာ အဝါရောင်ဝမ်းဗိုက်နှင့် အရောင်စုံသောကျောပြင်တို့ ရှိသော ဒရယ်တစ်ကောင်၏ ခန္ဓာကိုယ်မျိုးရှိပြီး နွားသိုးအမြှီးတစ်ချောင်းလည်း ပါရှိသည်)

(MM T/N: Eng Translator ပြောထားချက်နဲ့အညီ အတတ်နိုင်ဆုံး တူတဲ့ညွှန်းဆိုချက်ကို လိုက်ရှာ တင်ပေးထားပါတယ်ရှင်။ အတိအကျ သူညွှန်းဆိုသလိုတော့ အရောင်စုံကျောရှိတဲ့ချီလင်ကို ရှာမတွေ့ဘူး 😅)

"လူသာမာန်တစ်ယောက်? လူသာမာန်တစ်ယောက်မဟုတ်ဘူးဆိုရင်ရော?"

ဖုန့်ရှီက ငရဲမင်းကြီးပြောတဲ့ ကမ္ဘာ့သစ်သီဆိုတာ သူ့ နေရာလွတ်လက်စွပ်ထဲကဟာတွေကို ပြောတယ်ဆိုတာ သူသိသည်။ စမ်းရေနဲ့ ချီလင်ဝိညာဉ်တို့အတွက်ကတော့ သူ အဲ့တာတွေကို အရင်တုန်းက တစ်ခါမှ မကြားဖူးခဲ့ချေ။ ဒါပေမဲ့ သူက ငရဲမင်းကြီးရဲ့စကားတွေထဲက ယိုပေါက်တစ်ခုကို ဖမ်းမိသွားရကာ သူ့မျက်လုံးတို့က ချက်ချင်းပင် တောက်ပလာလျက် မျှော်လင့်တကြီးဖြင့် မေးလိုက်၏။

"ဥပမာ၊ ရှီက သာမာန်လူတစ်ယောက်မဟုတ်ဘူးလေ" ငရဲမင်းကြီးက ဖုန့်ရှီ၏ နှာခေါင်းကို ကျီစယ်ဟန်ဖြင့် ပုတ်လိုက်သည်။ အတွေးတို့ဖြင့်ပြည့်နှက်နေတဲ့ ဖုန့်ရှီရဲ့ မျက်လုံးအစုံက ပျော်ရွှင်မှုတို့ လျှံပယ်ယိုဖိတ်နေသည်။

ဖုန့်ရှီက ချက်ချင်းပဲ သွားဖြီးပြလိုက်ကာ ရှက်ရှက်နှင့် မေးလိုက်၏၊ "အရမ်းကြီး ချဲ့ကားမပြောပါနဲ့၊ ကျွန်တော်က သာမာန်လူတွေထက် နည်းနည်းလေးပဲ မဆိုစလောက်လေး စွမ်းအားမြင့်တာပါ။" သူ အဲ့လိုပြောလိုက်ရင်းနဲ့ပင် မနေနိုင်တော့ဘဲ သူ့ကိုယ်သူ ဂုဏ်ယူစွာဖြင့် တိတ်တခိုးလေး ရယ်လိုက်လေသည်။

ရွှင်မြူးသွားတဲ့ ငရဲမင်းကြီးက စကားဆက်လိုက်၏၊ "ရေခဲကုန်းမြေက မယုံနိုင်စရာ အံ့အားသင့်လောက်ဖွယ် လျို့ဝှက်ချက်တွေကို ဖုန်းကွယ်ထားတယ်၊ ဒါပေမဲ့လည်း သမိုင်းအဆက်ဆက် ထိန်ဝှက်ထားခြင်းခံခဲ့ရတာကြောင့် အခုအနေအထားမှာတော့ အဲ့တာကို သိတဲ့သူတွေက အများကြီးမရှိတော့ဘူး။"

"ဘာလျို့ဝှက်ချက်လဲ?" ဖုန့်ရှီက လူတွေ၏ လျို့ဝှက်ချက်ကို နားထောင်ရတာ ကြိုက်နှစ်သက်၏။

"ကိုယ်တော် စောနကပြောခဲ့တဲ့ ရေခဲချီလင်က လုံးဝကြီး မျိုးသုန်းပျောက်ကွယ်သွားတာတော့မဟုတ်ဘူး။ မီးချီလင်လိုမျိုး အခြား ထူးကဲတဲ့ ဒဏ္ဍာရီလာသားရဲတွေနဲ့ မတူဘူး။ ဥပမာဆိုရရင် ဒီ ရေခဲကုန်းမြေ။ ဒီထဲမှာရှိတဲ့ ရေခဲဝိညာဉ်က အနည်းဆုံး နှစ်သန်းပေါင်းတစ်ရာလောက် ပျိုးထောင်ပေါက်ပွါးလာခဲ့တာ။ ရေခဲဝိညာဉ်ရဲ့ စုစည်းသိပ်သည်းမှုပေါင်းစုလာတာတွေက အနေအထားတစ်ခုကို ရောက်လာပြီဆိုတာနဲ့ ကောင်းကင်ဘုံက နမိတ်ဖတ်ထားမှုအရ ထူးကဲ ယင်နဲ့ယန်တို့နဲ့ ပြည့်နှက်နေတဲ့ နေရာတစ်ခုမှာ ရေခဲချီလင်မွေးဖွားလာလိမ့်မယ်!'

"ဒါဆို ခေါင်းဆောင်ပြောနေတာက ဒီနေရာမှာ ရေခဲချီလင်ရှိတယ်ပေါ့?" ဖုန့်ရှီရဲ့ မေးရိုးက ဇတ်ခနဲ ပြုတ်ကျသွားရတော့သည်။

"မှန်တယ်။ ရေခဲချီလင်က ယင်နဲ့ယန်ပြည့်လျံနေတဲ့ နေရာတစ်ခုထဲက ကောင်းကင်နဲ့ မြေကြီးကနေ မွေးဖွားလာပေမဲ့လည်း အဲ့တာက ရေခဲဒြပ်စင် ထိပ်တန်းထူးကဲတဲ့ ဒဏ္ဍာရီလာ သားရဲတစ်ကောင်ဖြစ်ရုံပဲမဟုတ်ဘူး။ အဲ့မှာ နောက်ထပ် မီးဒြပ်စင်အမျိုးအစားတစ်မျိုးလည်း ရှိသေးတယ်။ သူတို့နှစ်ခုကို မီးနဲ့ရေခဲလို့ အသိများကြတယ်။ မီးနဲ့ရေခဲက တဖြည်းဖြည်း ဆင့်ကဲ ပြောင်းလဲတိုးတက်လာဖို့ အလာအလာတွေ ရှိ၏။ ၎င်းက မူလရင်းမြစ် မီးဝိညာဉ်တစ်ခုနှင့် မူလရင်းမြစ် ရေခဲဝိညာဉ်တစ်ခုတို့အဖြစ် ပြောင်းလဲသွားသည်နှင့်တပြိုင်နက် ထူးကဲကောင်းမွန်သော ဝိညာဉ်တစ်ခု ဖြစ်လာလိမ့်မည်ဖြစ်သည်။ အဲ့လိုဖြစ်သွားပြီဆိုရင် ၎င်းက ဒြပ်စင်ဝိညာဉ်တွေအားလုံးကို ဖိနှိပ်နိုင်မှာဖြစ်ကာ ကောင်းကင်နဲ့မြေကြီးကြား အစွမ်းအရှိဆုံး တည်ရှိမှုဖြစ်လာမှာဖြစ်သည်။

အဲ့တာကို ပြောလိုက်ခြင်းအားဖြင့် အကယ်၍သာ ဖုန့်ရှီတစ်ယောက် သူ့ခေါင်းဆောင် သူ့ကို ဘာ့ကြောင့် ဒီကိုခေါ်လာတယ်ဆိုတာကို နားမလည်သေးဘူးဆိုရင် သူက ကမ္ဘာ့အတုံးဆုံးလူသားတစ်ဦးဖြစ်နေမှာပင်။

"ခေါင်းဆောင်၊ ခေါင်းဆောင်က အတော်ဆုံးပဲ! ကျွန်တော် ခေါင်းဆောင်ကိုချစ်တယ်။" ဖုန့်ရှီက ငရဲမင်းကြီးရဲ့ နှုတ်ခမ်းထောင့်စွန်းလေးကို ချက်ချင်း နမ်းလို်ကပြီးနောက် ရူးသွပ်စွာ ရယ်လိုက်လေ၏။

ငရဲမင်းကြီးက ထင်မှတ်မထားမိစွာပဲ သူ့နှုတ်ခမ်းတို့ တွန့်ကွေးတက်သွားတော့သည်။ သူ့ရဲ့ နက်မှောင်တဲ့ မျက်လုံးတို့က တိမ်ပြာလိုမျိုး ကြည်လင်နေကာ သူ့နှလုံးသားထဲ နွေးထွေးမှုတို့က တစ်စိမ့်စိမ့် စီးဝင်သွားတော့သည်။ သူ့နဖူးထက်က ကျောက်မျက်ရတနာကလည်း ကောင်းကင်ဘုံကတောင်မှ သူ့ရဲ့ဘုန်းတံခိုးတို့နဲ့ ယှဉ်ပြိုင်ဖို့ကိုတောင် မဝံ့ရဲသည့်အလား တစ်လက်လက် တောက်ပဖြာထွက်နေ၏။ "ကိုယ်တော်တို့ ရေခဲချီလင်ကို ဖမ်းပြီးသွားရင် ရှီ ဒီကို အကြိမ်အနည်းငယ်လောက် ပြန်လာချင်သေးတယ်ဆိုရင်တောင် ကိစ္စမရှိဘူး။"

ဖုန့်ရှီက ချက်ချင်းပဲ ရှက်သွေးဖြာသွားရတော့သည်။

ရေခဲကုန်းမြေက ကမ္ဘာ့ အန္တရာယ်အကြီးဆုံးဆယ်ခုထဲက တစ်ခုဖြစ်သော်လည်း အဆင့်လေး နေရာသာ ရှိတာဖြစ်သည်။ ငရဲမင်းကြီးအတွက်တော့ အဲ့တာက ဘာစိုးရိမ်စရာမှ မရှိချေ။ သူက ဖုန့်ရှီကို ဖက်လိုက်ပြီးနောက်မှာတော့ သူတို့နှစ်ဦးက အလင်းဖြူတန်းတစ်ခုအဖြစ် ပြောင်းသွားကာ လျိုစောက်ထဲသို့ ပစ်ဝင်သွားတော့၏။ သူတို့ ဖြတ်ကျော်လာသည်နှင့်အမျှ အရိုးထဲထိစိမ့်တက်နေသည့်လေအေးတို့က သူတို့ရဲ့ အကုသိုလ်ဝိပါက်တို့နှင့် ထိတွေ့မိသည့်အလား အရပ်မျက်နှာအနှံ့နှံ့သို့ လျင်မြန်စွာ ပျံ့နှံ့သွားတော့၏။ မျက်တောင်တစ်ခတ်အတွင်းမှာပင် အလင်းတန်းက နက်ရှိုင်းလှသည့်လျိုစောက်ထဲ ဝင်ရောက်ပျောက်ကွယ်သွားတော့သည်။

နာရီဝက်ကြာပြီးနောက် ဒီ လူသူကင်းမဲ့နေသည့်နေရာပတ်လည်ရှိလေထုတို့က ရုတ်တရက်ပဲ အတက်အကျ မတည်မငြိမ် စတင်ဖြစ်ပေါ်လာကာ အနက်ဝတ်လူနှစ်ယောက် လေထဲတွင် ပေါ်လာ၏။

"အဲ့တာက ဒီနေရာမှာဆိုတာ မင်း သေချာရဲ့လား?" သူတို့ထဲကတစ်ယောက်က အက်ကွဲနေသည့်အသံနှင့် မေးလိုက်သည်။

"ဟဟ၊ စိတ်မပူပါနဲ့။ ငါ သေချာတယ်။ ငါ လိုက်ရှာနေခဲ့တာ ရာစုနှစ်အနည်းငယ်လောက် ရှိနေပြီ၊ နောက်ဆုံးတော့ ဒီ ရေခဲကုန်းမြေကို တွေ့လိုက်တာပဲ။ ငါ လုံးဝ အရှုံးပေးမှာမဟုတ်ဘူး။ သတင်းအချက်အလက်က မတိကျရင်တောင်မှ ဝင်လိုက်ရတာ တန်တယ်။ အဲ့လိုမှမဟုတ်ရင် အရှင်မြတ် နှစ်တွေအကြာကြီး ချခဲ့တဲ့အစီအစဉ်တွေက အချီးအနှီးဖြစ်သွားလိမ့်မယ်။" အခြားလူက ရယ်လိုက်ကာ စိတ်အေးလက်သာအနေအထားဖြင့် ဖြေလိုက်၏။

"အဲ့လိုပဲဖြစ်နိုင်ရမယ်။ ဒါပေမဲ့လည်း ဒါကြီးက နတ်ဘုရားနဲ့မိစ္ဆာနိုင်ငံတော်ရဲ့ အန္တရာယ်အကြီးဆုံးနေရာတွေထဲကတစ်ခုနော်။ သတိကြီးကြီးထားတာကောင်းတယ်၊ အဲ့လိုမှမဟုတ်ရင် ငါတို့ကြိုးစားခဲ့ကြတာတွေက အလကားဖြစ်သွားလိမ့်မယ်။ အဲ့လူက သူ့ခေါင်းကို ညိတ်လိုက်ကာ သဘောတူကြောင်း ပြလိုက်၏။ ရာစုနှစ်အနည်းငယ်တောင် ကြာခဲ့ပြီဖြစ်ကာ သူတို့ အလျင်လိုမနေကြချေ။ အဲ့အပြင် ရေခဲကုန်းမြေက သူတို့ရဲ့မျက်စိရှေ့တည့်တည့် ရှိနေပြီဖြစ်သည်။ အဲ့တာကြီးက ထွက်ပြေးသွားနိုင်တာမျိုးလည်း မဟုတ်ဘူးလေ။

"အဲ့အရာက အရမ်း အန္တရာယ်ကြီးတယ်။ ငါတို့ အဲ့တာကို ရှာတွေ့ရင်တောင်မှ ဖမ်းဖို့တော့ ခက်နေဦးမှာပဲ။ ကံကောင်းတာက အရှင်မြတ်က ငါတို့ကို အဲ့တာကိုဖမ်းနိုင်တဲ့ထောင်ချောက် ပေးလိုက်တယ်။ ငါတို့ အဲ့ပစ္စည်းသာ မရှိဘူးဆိုရင် ငါတို့အစွမ်းနဲ့ဆိုရင်တောင်မှ သူ့ပြိုင်ဖက် ဖြစ်မှာမဟုတ်ဘူး၊ ယှဉ်မရဘူး။ အဲ့တာကြောင့် သူ့လမ်းကြောင်း မင်းတွေ့လိုက်ရပြီဆိုတာနဲ့ ဘယ်နည်းနဲ့မဆို သွားခြောက်လှမ့်မိတာမျိုးမဖြစ်ရအောင် သတိထား!"

"ကောင်းပြီ။"

သူတို့ ပြောပြီးသွားကြသည်နှင့် နှစ်ယောက်က အနက်ရောင်အလင်းတန်းအဖြစ်သို့ အသီးသီး ပြောင်းသွားကြကာ ရေခဲတမျှအေးစက်သည့်လေထုကို ဖြိုခွဲပြီး နက်ရှိုင်းလှသည့် လျိုစောက်ထဲသို့ ပစ်ဝင်သွားကြသည်။

အဲ့လူနှစ်ယောက်က ရေခဲကုန်းမြေထဲကို သူတို့ထက်အရင် ဝင်သွားတဲ့သူရှိနေမယ်မှန်း သူတို့ လုံးဝ တွေးထင်ထားကြမှာမဟုတ်ချေ။

သူတို့ ကံမကောင်းဘူးလို့ ပြောဖို့က သူတို့က တကယ်ကြီးကို ကံဆိုးတာ၊ ဒီအကြိမ်က ငရဲမင်းကြီးနဲ့မှ သွားတော့တာတာပင်။

ရေခဲကုန်းမြေက အလွန်အမင်း ကျယ်ပြောလှသည့် မြေအောက်ကမ္ဘာတစ်ခုဖြစ်သည်။ အေးခဲနေသည့်လေထုတို့ဖြင့် အဖြူရောင်ကမ္ဘာကြီးကို ဖွဲ့တည်ထားခြင်းဖြစ်သည်။ များပြားလှသည့် ရေခဲဝိညာဉ်တို့က ကောင်းကင်ကို ဖုံးအုပ်ထားသည်။ ဒီနေရာလွတ်မှာ ဖိနှိပ်ချုပ်နှောင်ထားတဲ့ သဘာဝအတားအဆီးတို့ကြောင့်သာမဟုတ်ရင် ရေခဲဝိညာဉ်က မြစိမ်းရောင်နဂါးတောင်တန်းတစ်ခုလုံးကို ဖုံးအုပ်သွားမှာဖြစ်သည်။ အဲ့လိုသာ ဖြစ်ပျက်ခဲ့ရင် တောထဲက မိစ္ဆာသားရဲတွေအနေနဲ့ အသက်ရှင်နိုင်ကြတော့မှာမဟုတ်၊ လူသွားလာ နေထိုင်လို့ရသည့် မြစိမ်းရောင်နဂါတောင်တန်းဆိုတာ ရှိတော့မှာမဟုတ်။

သူတို့ ရေခဲကုန်းမြေထဲသို့ ဝင်ပြီးပြီးချင်းပဲ သူ့သွေးစီးဆင်းမှုတို့ တဖြည်းဖြည်း နှေးကျသွားသလိုမျိုး အေးမြသည့် သူ့သွေးတို့ကို ဖုန့်ရှီ ခံစားမိလိုက်ရသည်။

သူ့လက်မောင်းမှာ ထနေသည့် ကြက်သီးမွှေးညှင်းများကို သူ ပွတ်တော့မယ့်ဆဲဆဲမှာပဲ သူ့အနောက်မှ နွေးထွေးသည့် လျပ်စီးကြောင်းတစ်ခုက သူ့တစ်ကိုယ်လုံးကို ဖုံးအုပ်လိုက်တာကြောင့် သူ တမဟုတ်ချင်းပင် နွေးထွေးသွားတော့သည်။ လေထုထဲက ရေခဲဝိညာဉ်က အမြေးပါးတစ်ခုဖြင့် ထီးတည်းခြားထားခြင်း ခံရပုံရှိကာ သူတို့ပတ်လည် တစ်မီတာကျော်ကျော်လောက်မှာသာ ခုန်ဆွနေနိုင်ကြ၏။

"အရမ်းကြီးတဲ့ ရေခဲကမ္ဘာတစ်ခုပဲ!"

ဖုန့်ရှီမြည်တမ်းလိုက်ရုံနဲ့တင် မိုးလုံးခြိမ်းအသံတစ်ခုက ရုတ်တရက် သူတို့အရှေ့ကနေ ထွက်ပေါ်လာ၏။

သူ့အကြည့်ကို စူးစိုက်လိုက်တော့ နှင်းဖြူမိစ္ဆာသားရဲတစ်အုပ်ကြီးက သူတို့ဆီ ကဆုန်ဆိုင်း လာနေတာကို မြင်လိုက်ရသည်။ သူ့တို့ရဲ့မျက်လုံးတွေက သွေးနီရောင်တို့ဖြင့် ဖြစ်သည်။ သူတို့တစ်ကောင်ချင်းစီက ထိန်းမရသိမ်းမရဖြစ်နေသလိုမျိုး ထက်ရှသည့် ရေခဲပန်းဆွဲတို့ကို ပစ်လွှတ်လိုက်ကာ ချက်ချင်းပဲ ရေခဲပန်းဆွဲတို့က ကောင်းကင်အထက် အရပ်မျက်နှာအနှံ့မှ ပြေးဝင်လာတော့သည်...

ဖုန့်ရှီက သူတို့ကို လက်ညှိုးထိုးလိုက်ပြီး ထပ်မံ ရေရွတ်မြည်တမ်းချင်သွားရ၏။ ဒါပေမဲ့ ငရဲမင်းကြီးက သူ့ကို ထိန်းကိုင်လိုက်ကာ လျပ်တပြတ်အတွင်းမှာပဲ ဖုန့်ရှီနှင့် ငရဲမင်းကြီးတို့ ပျောက်ကွယ်သွားတော့သည်။

သူတို့ ပျောက်ကွယ်သွားပြီးနောက် နှစ်စက္ကန့်၊ သုံးစက္ကန့်အကြာမှာတော့ ကံဆိုးလှသည့် အနက်ဝတ်လူတို့ ရောက်ရှိလာကြတော့သည်...

20220420; 0606

Stay tuned for the next chapter:
139. The Sinister King of the Netherworlds
🥰Thanks for reading, sharing, comments and votes.🥰
—————————— 👀 —————————

အပိုင္း ၁၃၈။ ေရခဲကုန္းေျမ

ျမစိမ္းေရာင္နဂါးေတာင္တန္းေတြရဲ့ ရာသီဥတုက မၾကာခဏ ေဆာင္းတြင္းလို ေအးလြန္းလွသည္။

တစ္ႏွစ္ပတ္လုံး ျမဴေတြက ေတာင္တစ္ခုလုံး အုံ႔ဆိုင္ေနတတ္၏။ ေတာထဲ ဟိုဟိုဒီဒီ ေလ်ာက္သြားမယ္ဆိုလ်င္ လမ္းေပ်ာက္သြားဖို႔က လြယ္လြန္းသည္။ ဒါေပမဲ့ ဒီကို လူသားေတြ လာေရာက္ေႏွာက္ယွက္နိုင္ေၿခ နည္းပါးတာမို႔ ဒီပတ္ဝန္းက်င္အေနအထားက မိစၧာသားရဲတို႔အတြက္ အလြန္သင့္ေတာ္ေပသည္။ အက်ိဳးဆက္အေနျဖင့္ မိစၧာသားရဲအေကာင္ေရ တျဖည္းျဖည္း မ်ားျပားလာေပမဲ့ အမ်ားစုကေတာ့ သိပ္အသန္မာႀကီးေတြ မဟုတ္ၾကပါ။

ငရဲမင္းႀကီးေျပာခဲ့သလိုပင္ သတၱဳရိုင္းေၾကာက ျမစိမ္းေရာင္နဂါးေတာင္တန္းေတြမွာ ေျမေအာက္ အနက္ မီတာေလးေထာင္မွာ ဖုံးကြယ္တည္ရွိေနတာျဖစ္သည္။ အကယ္၍ အားလုံးလူစုံေရာက္တဲ့အထိသာ သူတို႔ေစာင့္ေနၾကမယ္ဆိုလ်င္ တစ္လေလာက္ အခ်ိန္ၾကာျမင့္သြားမွာျဖစ္သည္။ အဲ့အခ်ိန္ေလာက္ဆို လူေတာ္ေတာ္မ်ားမ်ားက ဒီသတင္းကို သိရွိသြားၿပီးျဖစ္ေလာက္မွာျဖစ္၏။ အဲ့အတြက္ေၾကာင့္လည္း ငရဲမင္းႀကီးနဲ႔ဖုန္႔ရွီတို႔က အျခားသူေတြကို သတၱဳေၾကာ ရွာေဖြရာမွာ ထားခဲ့တာျဖစ္သည္။ ဒါေပမဲ့လည္း သူတို႔ႏွစ္ေယာက္က အဲ့တာေၾကာင့္ရယ္ေတာ့ အုပ္စုကေန ခြဲထြက္လာခဲ့သည္မဟုတ္ေပ။

"ေခါင္းေဆာင္၊ ကၽြန္ေတာ္တို႔ ဘယ္သြားေနၾကတာလဲ?" ဖုန္႔ရွီက သူ႔ေခါင္းကို ေမာ့လိုက္ၿပီး ဇေဝဇဝါအၾကည့္ျဖင့္ ေမးလိုက္သည္။

ငရဲမင္းႀကီးက ေတာအုပ္အတြင္း သြားရာလမ္းတေလ်ာက္လုံးမွာ သူ႔ကို ခ်ီထား၏။ သူတို႔ရဲ့သြင္ျပင္က တေစၧအလားပင္။ အေတာ္ေဝးေဝးေနရာ ေရာက္ေတာ့မွသာ သူတို႔ ေျမျပင္ေပၚ ေျချပန္ခ်ကာ ျပန္ေပၚလာၾကသည္။ အကယ္၍ တစ္စုံတစ္ေယာက္က သူတို႔ကို ျမင္သြားခဲ့မယ္ဆိုရင္ သူတို႔အေနနဲ႔ သရဲတေစၧကို ျမင္လိုက္ရတယ္လို႔သာ ထင္သြားၾကမည္ပင္။

သူ႔လက္ေမာင္းထဲကေကာင္ေလးရဲ့ အေမးကို ၾကားရတဲ့အခ်ိန္မွာ ငရဲမင္းႀကီးရဲ့အမူအယာက ေျပာင္းမသြားခဲ့ေပ။ သူက တည္ၿငိမ္စြာပင္ ျပန္ေျဖလိုက္၏၊ "ေနာက္တစ္ေနရာဆီ"

ဖုန္႔ရွီတစ္ေယာက္ ခ်က္ခ်င္းပင္ ျပန္လည္ ရႊင္လန္းလာ၏။ မူလတုန္းက သူေတြးထင္ေနခဲ့သည္မွာ ေခါင္းေဆာင္က သူ႔ကိုေခၚၿပီး ျပန္ၿပီလို႔ ထင္ခဲ့တာပင္။ အကယ္၍ အဲ့လိုသာဆိုရင္ေတာ့ သူ႔အေနနဲ႔ သတၱဳရိုင္းေၾကာက ဘာနဲ႔တူသလဲဆိုတာကို ျမင္ရဖို႔ အခြင့္အေရး ရွိမွာမဟုတ္ေတာ့ေခ်။ အဲ့အတြက္ေၾကာင့္ သူ စိတ္လက္မခ်မ္းသာ ညႇိုးငယ္ေနခဲ့တာျဖစ္သည္။ ဒါေပမဲ့ အခုေတာ့ ေမၽွာ္လင့္ခ်က္ ရွိေနသည္မို႔ သူ ခ်က္ခ်င္းပင္ စိတ္လႈပ္ရွားလာေတာ့၏။

"ကၽြန္ေတာ္တို႔ သတၱဳရိုင္းေၾကာကို မတူးေဖာ္ဘူးလား?"

"အဲ့လိုေျပာလို႔ရတယ္" ငရဲမင္းႀကီးက ျပန္ေျဖလိုက္သည္။

"မတူးဘူးဆိုရင္?" ဖုန္႔ရွီက သိခ်င္စိတ္ျပင္းျပစြာ ေမးလိုက္၏။ အေျဖက အဓိပၸါယ္ႏွစ္မ်ိဳးရွိေနသည္မွာ ရွင္းေနသည္ပင္။

".... ရႈခင္းေလ်ာက္ၾကည့္မလို႔" ငရဲမင္းႀကီးက ခတၱခဏ တိတ္ဆိတ္သြားခဲ့ေပမဲ့ ဖုန္႔ရွီ စိတ္လႈပ္ရွားသြားေလာက္မယ့္အေျဖကို ေပးလိုက္သည္။

ဖုန္႔ရွီက ငရဲမင္းႀကီးရဲ့လည္ပင္းကို တင္းတင္းၾကပ္ၾကပ္ ဖက္တြယ္ထားေပမဲ့ သူ႔အျပဳအမူနဲ႔ သူ႔ေျပာစကားတို႔ကေတာ့ ဆန္႔က်င္ဘက္ျဖစ္လို႔ေနသည္၊ "ဒီလိုမ်ိဳး မွိုင္းညိဳ႕ညိဳ႕ ေအးစက္စက္ေနရာႀကီးထဲ ဘာမ်ား စိတ္ဝင္စားစရာရွိလို႔လဲ? ကၽြန္ေတာ္တို႔ တစ္ခုခုလုပ္ဖို လိုက္ရွာရင္း ရႈခင္းခံစားၾကမလား? အဲ့လိုက ကၽြန္ေတာ္တို႔ကို အေႏွာက္အယွက္ျဖစ္ေစမလား?"

ငရဲမင္းႀကီး၏ ႏႈတ္ခမ္းေထာင့္တို႔ တြန္႔ေကြးျမင့္တက္သြားေပမဲ့ တစ္ခြန္းမွေတာ့ ျပန္မေျပာေပ။

"ကိုယ္ေတာ္တို႔ ေရာက္ၿပီ"

အတန္ၾကာၿပီးေနာက္ ငရဲမင္းႀကီးက သူ႔ေခါင္းကို ေမာ့လိုက္ၿပီး သူတို႔အေရွ႕က ေတာင္ၾကားထဲသို႔ လွမ္းေမၽွာ္ၾကည့္လိုက္သည္။ တခ်ိန္တည္းမွာပဲ သူ႔ရဲ့ တေစၧလိုပုံရိပ္က ေတာင္ၾကားထက္ ရပ္တန္႔သြား၏။

ေတာင္ၾကားရဲ့အေရွ႕တူရႈက နက္ရွိုင္းလွေသာ လ်ိဳေျမာင္တစ္ခု ရွိေနကာ ျမစိမ္းေရာင္နဂါးေတာင္တန္းေတြကို ထက္ပိုင္းပိုင္းထားသည့္ႏွယ္ပင္။ လ်ိဳေျမာင္အက္ေၾကာင္းထဲမွ ေအးစိမ့္စိမ့္ေလတို႔ ျဖာထြက္ေနသကဲ့သို႔ ေမွာင္မိုက္မွိုင္းညိဳ႕ေန၏။ မီတာတစ္ရာအဝန္းအဝိုင္းအတြင္း ေကာင္းကင္ထက္တြင္ ငွက္တစ္ေကာင္တစ္ျမႇီးမွ ပ်ံသန္းသြားတာ မေတြ႕ရသလို သားရဲတို႔ လွည့္လည္သြားလာေနတာကိုလည္း မေတြ႕ရေခ်။ ႀကီးျမတ္တဲ့မိစၧာသားရဲႀကီးေတြေတာင္မွ သြားလာထားတဲ့လမ္းေၾကာင္း ရွိမေနေပ။

"ဒါဘယ္ေနရာလဲ?" ဖုန္႔ရွီက နက္ရွိုင္းလွတဲ့ လ်ိဳေျမာင္ေစာက္ထဲကေန အလြန္အမင္း ေမွာင္မိုက္ေနကာ ေအးစက္ေနတဲ့ေလထုတို႔ လ်ံထြက္ေနတာကို ခံစားမိလိုက္ရတာေၾကာင့္ မေနနိုင္ေတာ့ဘဲ ငရဲမင္းႀကီးရဲ့လက္ေမာင္းထဲ ကိုယ္ကို က်ဳံ႕ဝင္လိုက္ေတာ့သည္။

"ဒါက သဘာဝအေလ်ာက္ ျဖစ္တည္ဖြဲ႕စည္းထားတဲ့ေနရာ၊ ဒ႑ာရီလာ ေရခဲကုန္းေျမလို႔ သိၾကတယ္။ ေအးစက္တဲ့ေလထုကို ဖိႏွိပ္ထားတဲ့ ျမစိမ္းေရာင္နဂါးေတာင္တန္းေတြရဲ့ ေျမအေနအထားနဲ႔ ဖြဲ႕တည္ထားတာသာဟုတ္မေနခဲ့ဘူးဆိုရင္ ဒီေနရာကို တျခားပညာရွင္ေတြ ရွာေတြ႕သြားခဲ့မွာ အေတာ္ၾကာေလာက္ၿပီ။" ငရဲမင္းႀကီးက အေတြးပင္လယ္ထဲဲ ေျမာေနသည့္အလား သူ႔အၾကည့္ကို နက္ရွိုင္းလွတဲ့ လ်ိဳေျမာင္ေစာက္ထဲ ေငးစိုက္ၾကည့္လိုက္၏။

"ေရခဲကုန္းေျမက ဘာႀကီးလဲ?" ဖုန္႔ရွီက ေမးလိုက္၏။ သူ လ်ိဳေျမာင္ရဲ့ေအာက္ကို ငုံ႔ၾကည့္လိုကေပမဲ့လည္း ဘာဆိုဘာမွ မျမင္နိုင္ေခ်။

"ေရခဲကုန္းေျမက နတ္ဘုရားနဲ႔မိစၧာနိုင္ငံေတာ္ထဲက အႏၲရာယ္အရွိဆုံးေနရာဆယ္ခုထဲက တစ္ခုပဲ။ သူ႔ရဲ့အႏၲရာယ္ရွိမႈႏႈန္းက အဆင့္ေလးေနရာမွာ။ ကိုယ္ေတာ္ ေစာေစာတုန္းကေျပာခဲ့တဲ့ ေျမေအာက္မီးလ်ိဳေျမာင္ကလည္း အဲ့ဒီ့ဆယ္ခုထဲက တစ္ခုျဖစ္ၿပီး အဆင့္ႏွစ္ေနရာမွာရွိတယ္။ အဆင့္ျမင့္ေလေလ အႏၲရာယ္အရွိဆုံးျဖစ္ေလေလပဲ။ ဒ႑ာရီလာ ေရခဲကုန္းေျမက ေရခဲဝိညာဥ္ကို ပ်ိဳးေထာင္ေပးတယ္။ မူလရင္းျမစ္ေရခဲဝိညာဥ္ မရွိေပမဲ့လည္း ေရခဲဝိညာဥ္က မူလရင္းျမစ္ေရခဲဝိညာဥ္ၿပီးရင္ ဒုတိယလိုက္တယ္။ သူတို႔က အခြင့္အေရးရခဲ့မယ္ဆိုရင္ မူလရင္းျမစ္ ေရခဲဝိညာဥ္အေနနဲ႔ ေျပာင္းလဲသြားနိုင္စြမ္း ရွိတယ္။ ဒါေပမဲ့ အေျခအေနကေတာ့ အဲ့လိုအခြင့္အေရး ျပည့္မွီဖို႔ဆိုတာ အလြန္ခက္တယ္၊ ေျပာင္းလဲသြားနိုင္ဖို႔အတြက္ ရွားပါးပစၥည္းေတြ အမ်ားႀကီး ပံ့ပိုးမႈလည္း လိုအပ္တယ္။" ငရဲမင္းႀကီးက ေရခဲကုန္းေျမနဲ႔ပတ္သက္လို႔ သိသိသာသာကို အရမ္း ကၽြမ္းဝင္ေနကာ လူနည္းစုသာသိၾကသည့္ လ်ိဳ႕ဝွက္ခ်ကမ်ားစြာကို ပုံမွန္ပင္ ထုတ္ေျပာလိုက္သည္။

"အရမ္းစြမ္းအားႀကီးတာပဲေရာ္! ဘယ္လိုအေျခအေနေတြနဲ႔ ျပည့္မွီဖို႔လိုတာလဲ?"

အကယ္၍ သာမာန္လူတစ္ေယာက္သာ ဒီေနရာမွာ ေရခဲဝိညာဥ္ရွိတယ္ဆိုတာ ၾကားလိုက္ရမယ္ဆိုရင္ ဟိုး ေရွးေရွးတုန္းကတည္းက သူတို႔ ေရာက္ႏွင့္ေနၿပီးေလာက္ၿပီျဖစ္သည္။

You are reading the story above: TeenFic.Net