108. Love Each Other

Background color
Font
Font size
Line height

အပိုင်း ၁၀၈။ အချင်းချင်း ချစ်သွားကြပြီ

ခန့်ညားထည်ဝါလှတဲ့မျက်နှာကို သူနဲ့ အရမ်း နီးနီးကပ်ကပ်ကြီး မြင်လိုက်ရတော့ ဖုန့်ရှီ အသိစိတ်တို့ ပျောက်သွားရ၏။

သူ့ဝိညာဉ် ကျောက်မျက်ထဲ ဆွဲငင်ခံလိုက်ရပြီး လေထဲ ဘောလောမြောနေတုန်းကထက်ကို ပိုလို့ ထူးဆန်းနေသလို ခံစားနေရသည်။ သူ့အရိုးတွေတောင် အရည်ပျော်ကုန်ပြီလို့ ဖုန့်ရှီခံစားလိုက်ရ၏။ ကောင်းတဲ့အချက်တစ်ခုက သူ လုံးဝမအိပ်ချင်နေဘူး! ပြူးကျယ်နေတဲ့ သူ့မျက်လုံးတွေကို သူ့ခေါင်းဆောင်ရဲ့ မျက်စံနက်ထဲကနေတောင် မြင်နေရတယ်! ဒါ အရမ်း မိုက်မဲတာပဲ!

'ငါ့ခေါင်းဆောင်က ငါ့ကို နမ်းနေတယ်?'

'ငါ့ခေါင်းဆောင်က... နမ်းနေတယ်.... ငါ့ကို?'

သူ့အတိတ်ဘဝတုန်းက သူ့ကို ဘယ်သူကမှ s*x အကြောင်း မသင်ပေးခဲ့ကြပေ။ ဒါပေမဲ့ တစ်ကြိမ် ဖုန့်ရှီ ဒေသခံ အရာရှိတစ်ဦးရဲ့ ပစ္စည်းတွေ ခိုးခဲ့လိုက်တုန်းက လိင်စိတ်ကြွစာအုပ်တွေပါ ပါလာခဲ့ဖူးသည်။ အဲ့အရာရှိအကြောင်း ဇာတ်လမ်းအချို့ သူကြားဖူးပြီး အဲ့သူက ကျားကျား၊ မမ ဘာလာလာ ဒေါင်းနိုင်တဲ့ တကယ့်ငါးဆားနူတစ်ကောင်လို့ ပြောကြ၏။ အဲ့တာကြောင့် အဲ့လိင်စိတ်ထကြွစာအုပ်တွေထဲမှာ ကျားနဲ့မ s*x ပုံတွေအပြင်၊ ကျားကျားချင်းတွေပါ ပါလိုက်သေးသည်!

ဖုန့်ရှီ အဲ့ဒီ့ ရုပ်ပြတွေကို မြင်လိုက်ရတုန်းက သူ ဘယ်လိုတောင် ကြောင်အမ်းသွားရသလဲဆိုတာ မှတ်မိနေဆဲပင်!

ဘာလို့လည်းဆိုတော့...အကြောင်းကတော့ အဲ့ပုံတွေက တကယ်ကို စိတ်လှုပ်ရှားစရာ အတွေးသစ် အမြင်သစ် ချဲ့ပေးလိုက်တာမို့ပင်။ သူ ၁၇နှစ် မတိုင်ခင်တုန်းက ယောက်ျားနဲ့ မိန်းမပဲ ချစ်ရေးချစ်ရာ လုပ်လို့ရတယ်ထင်ခဲ့တာ။ ဒါပေမဲ့ ၁၇နှစ်ကျော်ပြီးနောက် ယောက်ျားတစ်ယောက်ကလည်း နောက်ထပ်ယောက်ျားတစ်ယောက်နဲ့ ချစ်လို့ရတယ်ဆိုတာကို နောက်ဆုံးတော့ သူ သိရှိသွား၏။ အရေးအကြီးဆုံးအရာကတော့... သူတို့တွေ s*x လုပ်နိုင်ကြတာပဲ။

ဒါပေမဲ့ ... သူ အမြဲ သိချင်နေခဲ့တာ... ဒီလိုမျိုး အပေါက်သေးသေးလေးတစ်ပေါက်ထဲမှာ ဘယ်လိုလုပ် အံဝင်ခွင်ကျ ဆန့်နေရတာလဲ?

ဖုန့်ရှီက အတော် ခေါင်းမာပြီး သူ နားမလည်တာရှိရင် ကိစ္စရပ်တွေရဲ့ အမြစ်၊ အောက်ခြေကနေ အမြဲ တူးဆွတတ်သည်။ အဲ့တာကြောင့် သူ တစ်ညလုံး ညလုံးပေါက် လိင်စိတ်ထကြွတဲ့စာအုပ်ကို လေ့လာခဲ့၏။ သူ့ဝီရိယကို ဘုရားသခင်က စိတ်နှလုံးထဲ ထိသွားပုံရသည်။ နောက်တစ်ရက်မှာတော့ သူ့မျက်လုံးအောက်မှာ မည်းနက်နေတဲ့ စက်ဝိုင်းအစုံနဲ့ ဆုချီးမြှင့်ပေးခြင်းကို ခံလိုက်ရ၏။

အကျိုးဆက်အနေနဲ့၊ သူ ဘာမှ အဖြေမထွက်ခဲ့။

နောက်တော့၊ ပုံကို ကြည့်တာထက် တကယ့်အစစ်အမှန် ဆက်ဆံတာကို ကြည့်တာက ပိုထိရောက် အကျိုးရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ သူ အဲ့လိင်စိတ်ကြွစာအုပ်ကြီးကိုင်ကာ ဆောင်ကြာမြိုင်အိမ်ကို သွားခဲ့၏။

ဖုန့်ရှီက အမျိုးသား အပျော်မောင် နှစ်ယောက်ကို ရှာပို့ပေးဖို့ မေးလိုက်တော့ အဲ့က ကြီးကြပ်သူအမျိုးသမီးငယ်က သူ့ကို ကျပ်မပြည့်တဲ့ ငတုံးတစ်ကောင်လိုမျိုး ကြည့်နေဟန်ပေါ်သည်။ ဖုန့်ရှီက တစ်ယောက်က အပေါ်၊ နောက်တစ်ယောက်က အောက်ကဆိုပြီးတော့ ဖြည့်စွက်ပြောခဲ့လိုက်သေးသည်။ စာအုပ်ထဲမှာ အဲ့အတိုင်း သေသေချာချာ ညွှန်းဆိုထားတာပဲလေ၊ အဲ့တာကြောင့် သူက အသေးစိတ် အတိအကျ ဖော်ပြပြောဆိုလိုက်၏။ ဒါပေမဲ့ ကြီးကြပ်သူ အမျိုးသမီးက သူက ပြည့်တန်ဆာအနေနဲ့ လုပ်ချင်တယ်လို့ ထင်သွားခဲ့ပြီး သူမ မျက်နှာပေါ်က အကြည့်တို့က အဓိပ္ပါယ် ပြည့်ဝနေကာ 'ငါသိတယ်' လို့ ပြောနေသလို ပေါ်နေခဲ့သည်။

'အိုး၊ မင်း ဘာသိတာလဲ? မင်း ဘာမှမသိဘူး!'

ဖုန့်ရှီက အတိတ်ကို ပြန်မတွေးနိုင်ရှာတော့ချေ။ အဲ့တာက ဖုန့်ရှီ အသက်ဆယ့်ကိုးနှစ်အတွင်း ရှက်စရာအကောင်းဆုံး မှတ်ဉာဏ်ပဲ ဖြစ်သည်။

ဖုန့်ရှီ အတိတ်ကို ပြန်သွားလို့သာ ရမယ်ဆိုရင် သူ အဲ့လိုမျိုး လုံးဝ လေ့လာခဲ့မှာမဟုတ်။ သူ့ရဲ့ ထူးဆန်းတဲ့ ဝါသနာက အဲ့ဒီ့ပြည့်တန်ဆာအမျိုးသားနှစ်ဦးကြောင့် ပျံ့သွားခဲ့၏။ အဲ့တစ်ညပြီးနောက် မြို့ထဲလူတွေအကုန်လုံးက သူ ဘာလုပ်ခဲ့သလဲဆိုတာကို သိသွားကြ၏၊ နောက်ဆုံး ဖုန့်ရှီ သူ့မျက်နှာကို ဖုံးကွယ်ပြီး အဲ့မြို့ကနေ ထွက်ပြေးတာသာ လုပ်နိုင်ခဲ့တော့သည်။ အဲ့အချိန်မှာ သူ့ဘဝသက်တမ်းတစ်လျောက်လုံး အဲ့မြို့ထဲကို နောက်ထပ် လုံးဝ ခြေမချတော့ဘူးဆိုပြီး ကျိန်ဆိုဆုံးဖြတ်ချက် ချခဲ့၏။ အဆုံးမတော့... သူ သေဆုံးသွားခဲ့တာကြောင့်၊ သူ့ရဲ့ အဲ့ကတိလည်း ပြည့်ဝသွားခဲ့ရ၏!

ဖုန့်ရှီ မြင်ခဲ့ရတဲ့ အမျိုးသားနှစ်ဦးရဲ့ လိင်ဆက်ဆံတဲ့ပုံတွေအရ နမ်းတာက လိင်ဆက်ဆံတာရဲ့ ပထမအဆင့် ဖြစ်ရမည်။

ဒါပေမဲ့၊ အဲ့တာက ဖုန့်ရှီဆီမှာ တကယ်ကြီး အစစ်အမှန် ဖြစ်ပျက်လာခဲ့တဲ့အချိန်မှာတော့ သူ ကြောင်အမ်းဖို့ အချိန်လည်း မရလိုက်သလို၊ ဘုရင်ကြီးကို အဝေး တွန်းပစ်ဖို့ အချိန်တောင် မရလိုက်ရှာချေ။ သူ ဘာမှန်းမသိလိုက်တဲ့အချိန်မှာပဲ ဘုရင်ကြီးက သူ့နှုတ်ခမ်းတွေကို လွှတ်ပေးလိုက်ပြီဖြစ်သည်။ ကောင်လေးရဲ့နှုတ်ခမ်းတို့ စိုစွတ်ပြီး နူးညံ့လာတာနဲ့အတူ သူ ရှက်သွေးဖြန်းသွားတာကြောင့် သူ့ကို ပိုလို့တောင် လှပသွားပုံ ပေါ်သွားစေသည်။

ဘုရင်ကြီးက သူ့ကို နူးနူးညံ့ညံ့ စိုက်ကြည့်လိုက်၏။ ကောင်လေး ဘာတုန့်ပြန်မှုမှ မရှိတာကို မြင်တော့ သူက ကောင်လေးရဲ့ မျက်နှာသေးသေးလေးကို ကိုင်လိုက်ပြီး ထပ်နမ်းချင်သွားပြန်သည်။ တဖက်လူက နောက်ဆုံးတော့ အသိပြန်ဝင်လာကာ ခေါင်းကို လှည့်လိုက်တာကြောင့် ဘုရင်ကြီးက ကောင်လေးရဲ့ ပါးကိုပဲ နမ်းမိသွားတော့သည်။ အဲ့ခံစားချက်က ဖုန့်ရှီကို လျပ်စီးလက်သလို ရိုက်ခတ်သွားပြီး သူ့စိတ်က ဟာလာဟင်းလင်းကြီးဖြစ်သွားရကာ ကြက်သွေးရောင် ရဲခနဲ ရှက်သွေးဖြန်းသွားရသည်။

သူ အဲ့ဒီ့ လိင်စိတ်ကြွတဲ့မြင်ကွင်းကို မတွေးဘဲ မနေနိုင်တော့။

"အဲ့တာက အရမ်းစိတ်လှုပ်ရှားဖို့ကောင်းတာပဲ။ ငါ့ခေါင်းဆောင်က ငါ့ကို အသက်ရှုဖို့ အချိန်ပေးတယ်။" ဖုန့်ရှီက သူ အဲ့စကားတွေကို တည်တည်ငြိမ်ငြိမ်ပဲ ရေရွတ်လိုက်နိုင်တဲ့အတွက် အံ့အားသင့်လို့နေ၏။ 'အဲ့တာ အရမ်းခက်တာပဲ။ ငါ့ခေါင်းဆောင်က ငါ့ကို ကမ္ဘာ့ အတည်ငြိမ်ဆုံးဆု ပေးသင့်တယ်။'

ဘုရင်ကြီးက သူ ကောင်လေးကို လန့်အောင်လုပ်လိုက်မိပြီဆိုတာကို သိလိုက်ပြီးနောက် တဖက်လူကို တည်တည်ငြိမ်ငြိမ်ပဲ လွှတ်ပေးလိုက်၏။

ဖုန့်ရှီ အတွေးတို့စုစည်းပြီးနောက် သူ့ခေါင်းကို မော့လိုက်ပြီး မျက်နှာရဲရဲနဲ့ ပြောလိုက်သည်၊ "ခေါင်းဆောင်၊ ဒါ...ဒါက..." သူပြောမထွက်တာကို သူ့ကိုယ်သူ သိလိုက်ရ၏။

"ရှီ၊ ကိုယ်တော် မင်းကိုနမ်းတော့ မကြိုက်ဘူးလား?" ဘုရင်ကြီးက အဲ့တာကို တည်ငြိမ်အေးဆေးစွာ မေးလိုက်သည်။

အဲ့တာကို ကြားတော့ ဖုန့်ရှီက ခေါင်းငုံ့လိုက်ပြီး ဘုရင်ကြီးနမ်းခဲ့တဲ့ သူ့နှုတ်ခမ်းကို ထိလိုက်ပြီးနောက် အတန်ကြာတော့ လက်ညှိုးအချင်းချင်း ပွတ်သပ်နေပြီးနောက် ရေရွတ်လိုက်၏၊ "အာ... ဒါ... ဒါက ကျွန်တော် မကြိုက်တာမဟုတ်ပါဘူး။ ဒါ... ဒါက နည်းနည်း ထူးဆန်းနေလို့်။ ကျွန်တော့ကို ဒီလိုမျိုး ဘယ်သူမှ မလုပ်ဖူးဘူး။ ဒါ့ကြောင့်...အဲ့တော့ ကျွန်တော် ကျင့်သားမရသေးဘူးဖြစ်နေတာ။"

တကယ်တော့ အခု ဖုန့်ရှီက အနမ်းကို ပြန်ခံစားသုံးသပ်နေကာ အဲ့တာ အရမ်းအရမ်းကို ချိုမြိန်ကြောင်း သူ သိလိုက်၏။

သူ...သူ နည်းနည်း ရှက်သွားရကာ....

ဘုရင်ကြီးက ခေါင်းကြီး မြေကြီးထဲ ဝင်လုမတတ်ဖြစ်နေတဲ့ သူ့လက်မောင်းထဲက ကောင်လေးကို ကြည့်လိုက်ပြီး ဆံနွယ်အုံထူထူကို ပွတ်သပ်လိုက်၏။ အရင်အတိုင်းပဲ နူးညံ့နေတာကို သူခံစားလိုက်ရတော့ နူးနူးညံ့ညံ့လေး ရယ်လိုက်သည်၊ "မင်း ကျင့်သားမရသေးဘူးဆိုတော့ ကိုယ်တော်တို့ များများ လေ့ကျင့်သင့်တယ်။"

အဲ့စကားတွေက ဖုန့်ရှီ ခေါင်းထဲ ပဲ့တင်ထပ်သွား၏။ နောက်ဆုံးတော့ ကောင်လေးက အရိုက်ခံလိုက်ရသလို ပြူးကျယ်သော မျက်လုံးအစုံနဲ့ ရုတ်တရက် ခေါင်းမော့လိုက်သည်။

'အဲ့စကားတွေကို ဘယ်လိုလုပ်များ အရမ်းတည်တည်ငြိမ်ငြိမ်ကြီး ပြောနိုင်ရတာလဲ! ငါတော့ စိတ်လှုပ်ရှားရလွန်းလို့ သေတော့မယ်။'

"ရှီ၊ မင်း ကိုယ်တော့ကို ကြိုက်လား?" ဘုရင်ကြီးက တည့်ပဲ မေးလိုက်၏။

ဖုန့်ရှီက တခဏစဉ်းစားလိုက်သည်။ သူက အရူးမဟုတ်ပေ။ တကယ်လို့ ဒီအခြေအနေမျိုးမှာ သူ့ခေါင်းဆောင် ဘာကိုဆိုလိုချင်တယ်ဆိုတာ သူ မပြောနိုင်သေးဘူးဆိုရင်၊ သူ သွားပြန်သေသင့်နေပြီ။ ဒါပေမဲ့ သူ့ကို တစ်စုံတစ်ယောက်က ဒီလိုမျိုး တည့်တိုးကြီးမေးတာ ဒါ ပထမဆုံးအကြိမ်ပဲ၊ ဒါ့ကြောင့် ... သူ မျက်နှာ ရဲသွားရပြန်၏။

သူ့မျက်နှာက ကြက်ဥတောင် ကြော်လို့ရနိုင်လောက်အောင်ကို ပူပြင်းတောက်လောက်နေသည်ပင်။

တကယ်လို့ တစ်ယောက်ယောက်က သူ့မျက်နှာပေါ် ကြက်ဥ လာတင်လိုက်မယ်ဆိုရင် ဥက ပြုတ်ပြီးသားကို ဖြစ်သွားလိမ့်မည်။

ဒါပေမဲ့ ဖုန့်ရှီ ဘုရင်ကြီးကို ကြိုက်မကြိုက် အမေးခံလိုက်ရတော့ သူ့မသိစိတ်ကနေ 'အင်း' လို့ ပြောချင်သွား၏။ ဘာ့ကြောင့်လဲ? 'ဟင့်အင်း'လို့ ဖြေဖို့ အကြောင်းပြချက် သူ မတွေးနိုင်ဘူးလေ။ သူ့ခေါင်းဆောင်က ချောမောခန့်ညားတယ်၊ ချမ်းသာတယ်၊ စွမ်းအားကြီးတယ်၊ မြင့်မြတ်တယ်၊ လျို့ဝှက်ဆန်းကျယ်တယ်၊ ပြီးတော့... သူ့ခေါင်းဆောင်မှာ အားသာချက်တွေ အများကြီးရှိတယ်လေ။ အရေးကြီးဆုံးအချက်ကတော့ မင်းချင်းယွိလိုမျိုး သူ့ခေါင်းဆောင်ကို ကြိုက်နေတဲ့ တစ်ယောက်ယောက်နဲ့ သူ ထိပ်တိုက်တိုးခဲ့မယ်ဆိုရင် သူ့ခေါင်းဆောင်က သူ့အပိုင်လို့ သူ တန်းတန်းမတ်မတ် ပြောနိုင်မယ်။

အဲ့ပုံကို တွေးမိတော့ ဖုန့်ရှီက ချက်ချင်း ကျေနပ်သွား၏။ 'ဟုတ်တယ်၊ ငါ့ခေါင်းဆောင်က ငါနဲ့ပဲဆိုင်တဲ့ ငါ့အပိုင်!'

ကောင်လေးရဲ့ အူမြူးနေတဲ့မျက်နှာကို မြင်တော့ ဘုရင်ကြီးက အဖြေကို ချက်ချင်း သိသွားတော့သည်။

"ခေါင်းဆောင်၊ ကျွန်တော် ခေါင်းဆောင်ကို ပြောချင်တယ်။" ဖုန့်ရှီက ဘုရင်ကြီးရဲ့လည်ပင်းကို လက်နဲ့ဖက်ရင်း အလေးအနက်ပုံစံ ဟန်ဆောင်လိုက်ကာ ပြောလိုက်သည်၊ "ကျွန်တော် ခေါင်းဆောင်ကို မကြိုက်ဘူးလို့ ကျွန်တော်ထင်တယ်..."

တစ်ခန်းလုံး သုံးစက္ကန့်လောက် အပ်ကျသံကြားမတတ် တိတ်ဆိတ်သွား၏။ အပြင်မှာ ရပ်နေတဲ့လူတွေအားလုံး အသက်ရှုရပ်သွားရကာ ဦးလေးဖြူရဲ့ မျက်နှာပေါ်က အမူအယာလည်း ပြောင်းသွားတော့သည်...

ဘုရင်ကြီးက ကောင်လေးကို အပြုံးတစ်ပွင့်နဲ့ ကြည့်လိုက်ပြီး၊ "ပြီးတော့?"

"..." ဖုန့်ရှီ အလွန်အကျွံ ရဲနေတဲ့ မျက်နှာနဲ့အတူ စိတ်လွတ်သွားရကာ သူ့ခန္ဓာကိုယ်ကို တွန့်လိမ်လိုက်ပြီး၊ "အာ အာ အာ... ခေါင်းဆောင်က ကျွန်တော့ လှည့်ကွက်ထဲ မဝင်သွားဘူး။ ခေါင်းဆောင်က ဝမ်းနည်းနေတဲ့မျက်နှာလေးနဲ့ ဘာ့ကြောင့်လဲလို့ ကျွန်တော့ကို မေးရမှာလေ!"

"ဒါဆို ဘာ့ကြောင့်လဲ?" ဘုရင်ကြီးက ကောင်လေးရဲ့ အကြံကို လက်ခံလိုက်သည်၊ ကောင်လေးရဲ့ စကားတွေကို လိုက်နာရမယ် ဆိုတာ သူသိနေတယ်၊ မဟုတ်ရင် ဒီနေ့ သူ အဖြေလုံးဝ ရလိမ့်မှာမဟုတ်ဘူး။

"ဘာလို့လဲဆိုတော့..." ဖုန့်ရှီက ဘုရင်ကြီးရဲ့ နားနားကို ကပ်သွားလိုက်ပြီး အလွန့်အလွန် တိုးညှင်းတဲ့အသံနဲ့ စကားလုံးအနည်းငယ်ကို တီးတိုး ပြောလိုက်ပြီးနောက် မျက်နှာကြီး ရဲသွားပြီး ချက်ချင်းပဲ သူ့ကိုယ်သူ ဘုရင်ကြီးရဲ့ လက်မောင်ထဲ ရှက်ရှက်နဲ့ တိုးဝင်သွား၏။

"ရှီ၊ အဲ့တာ ဘယ်ကနေ သင်လာတာလဲ?" ကောင်လေးရဲ့အသံက ဘယ်လောက်ပဲ တိုးညှင်းနေပါစေ၊ ဘုရင်ကြီးက စကားလုံးတွေကို ရှင်းရှင်းလင်းလင်း ကြားလိုက်နိုင်ပြီး​ သူ့ရရှိတဲ့ ဒုတိယ အဖိုးအတန်ဆုံး လက်ဆောင်အနေနဲ့ မှတ်ယူလိုက်သည်။ ပထမကတော့ ကောင်လေးပေါ့။

"..." အဲ့ဒီ့ ဒေသခံအရာရှိက သူ့ရဲ့ ကိုယ်လုပ်တော် ကောင်လေးတွေကို အဲ့လိုတွေပြောပြီး ဘယ်လိုတောင် ကြည်စယ်တယ်ဆိုတာကို ဖုန့်ရှီ မပြောရဲ။ သူ အဲ့လောက်တော့ သတ္တိမရှိသေးဘူးလေ!

"ရှီ၊ ကိုယ်တော် မင်းကို ပြောစရာရှိတယ်။" ဘုရင်ကြီးက ထိုင်ခုံကို စည်းချက်ကျကျ ခေါက်နေလိုက်ပြီး ချက်ချင်း တိတ်ဆိတ်မှု ဖြိုခွင်းလိုက်သည်။

ဖုန့်ရှီက အရှေ့မှာ အရမ်းစိတ်လှုပ်ရှားခဲ့ရတာကြောင့် သူ့ကိုယ်သူ ထုံထိုင်းနေပြီး ဒီတစ်ကြိမ်တော့ ခေါင်းမမော့တော့ဘဲ ဟမ်လို့ပဲ ရေရွတ်လိုက်တော့သည်။

"ပြိုင်ပွဲကြီး (နတ်ဘုရားနဲ့ မိစ္ဆာတို့အကြား ယှဉ်ပြိုင်ပွဲကြီး) ပြီးသွားရင်၊ ကိုယ်တော့ရဲ့ ဘုရင်မအသစ်စက်စက်အတွက် ကြီးကျယ်ခမ်းနားတဲ့ အခမ်းအနားတစ်ခု ကျင်းပမယ်!" ဘုရင်ကြီးက အဲ့ဆုံးဖြတ်ချက်ကို ဟိုးအရင်ကတည်းက ချထားခဲ့တာဖြစ်သည်။ ဖုန့်ရှီကို သူအခု ဖုံးကွယ်ထားဖို့ မလိုအပ်တော့ဘူးလို့ ခံစားမိလိုက်ရသည်။

"ဘုရင်မအသစ်အတွက် ကြီးကျယ်ခမ်းနားတဲ့ အခမ်းအနား?" ဖုန့်ရှီက ဇဝေဇဝါနဲ့ ခေါင်းမော့လိုက်၏။

"အဲ့တာ ကိုယ်တော်တို့ရဲ့ မင်္ဂလာအခမ်းအနား။ အဲ့ခါဆို မင်းက ငရဲပြည်ရဲ့ တရားဝင် ဘုရင်မ ဖြစ်သွားမယ်။ ဘုရင်ကြီးက ဖုန့်ရှီရဲ့ နှာခေါင်းကို ညှစ်လိုက်၏။

'ငရဲပြည်ရဲ့ ဘုရင်မ' ဆိုတဲ့ ခေါင်းစဉ်ကို ကြားလိုက်ရတော့ ဖုန့်ရှီ ချက်ချင်း တောင့်သွားပြီးနောက် သူ့ကိုယ်သူ လက်ညှိုးထိုးလိုက်ပြီး ဖြည်းဖြည်းချင်း ပြောလိုက်သည်၊ "ကျွန်တော်က .... လက်ထပ်တယ်.... ခေါင်းဆောင်ကို!"

"အဲ့တာ ဘာမှားလို့လဲ?" ဘုရင်ကြီးက မေးလိုက်၏။

'ဟုတ်တာပေါ့ မှားတာပေါ့။ လုံးဝကြီးကို မှားတာ။ သမိုင်းတလျောက် အကြီးဆုံးအမှားပဲ။ ကျွန်တော်က ဘာလို့ ဘုရင်မ ဖြစ်ရတာလဲ! ကျွန်တော် ဘာလို့ ... ဘုရင် .... မဖြစ်နိုင်ရတာလဲ...' အဲ့တာကို တွေးမိတော့ ဖုန့်ရှီက ဘုရင်ကြီးကို တစ်ချက် ကြည့်လိုက်ပြီးနောက် အရေးကြီးတဲ့ ပြဿနာတစ်ခုကို သူ တွေ့သွားရ၏။ ဒီအတောအတွင်း တချိန်လုံးမှာ သူက ဘုရင်ကြီးရဲ့ လက်မောင်းတွေထဲ ဝင်ထိုင်နေကျင့် ရှိနေခဲ့တာပဲ။ ဘယ်ဘုရင်ကမှ ဘုရင်မရဲ့ လက်မောင်ထဲ ထိုင်မှာမဟုတ်ဘူး!

အဲ့ရှာဖွေတွေ့ရှိသွားမှုက ဖုန့်ရှီကို လုံးလုံးလျားလျားကို စိတ်ရှုပ်သွားစေသည်ပင်။

ဘုရင်ကြီးက ကောင်လေးရဲ့ခေါင်းကို သပ်လိုက်ပြီး သူ့မျက်လုံးထဲ တောက်ပတဲ့အပြုံးတို့နဲ့အတူ တဖက်လူကို နှစ်သိမ့်နေဟန် ပေါ်နေသည်။

သူတို့မမြင်နိုင်တဲ့ တစ်နေရာမှာတော့ တိတ်ဆိတ်နန်းတော်ခန်းမရဲ့ အပြင်ဘက်မှာ အစေခံအမျိုးသမီး လေးယောက်က နားစွင့်နေကြပြီး အဝေးကနေ အကုန်ကြားချင်နေကြ၏။

ဒါပေမဲ့ ဖုန့်ရှီ ဘာပြောလိုက်တယ်ဆိုတာကို သူတို့ မကြားလိုက်ရပေမဲ့လည်း ဘုရင်ကြီး အတော် ပျော်သွားခဲ့တဲ့အတွက် အဲ့တာ ဘာလဲဆိုတာ သူတို့ မှန်းလို့ရနေသည်။ ကောင်းကင်ထွတ်ထိပ်နန်းတော်ထဲက လေထုတောင်မှ ချိုမြိန်နေတယ်လို့ သူတို့ ပထမဆုံးအကြိမ် ခံစားလိုက်ကြရတာဖြစ်သည်။ ဒီ့မတိုင်ခင်က စိတ်ပျက်သွားရတဲ့ လေထု အခြေအနေတောင် ပျောက်ကွယ်သွား၏။

အစေခံလေးယောက်က နန်းတော်ထဲကပုံရိပ်တွေကို ချိုမြိန်တဲ့ စိတ်ကူးယဉ်အတွေးတွေ ဖြန့်ကျက်နေကြစဉ်မှာပဲ နောက်တစ်စက္ကန့်မှာတော့ သူတို့က ရုတ်တရက် တပြိုင်နက်ထဲ ဦးလေးဖြူရဲ့ မျက်နှာကို ကြည့်လိုက်ကြ၏။ တဖက်သူက မရယ်မပြုံးမျက်နှာတည်တည်နဲ့ ရှိနေပေမဲ့ ဦးလေးဖြူ အခုလေးတင် တစ်စက္ကန့်လောက် ပြုံးသွားတယ်ဆိုတာကို အစေခံတို့ အရမ်း သေချာနေကြသည်။

20211231; 2157
Happy New Year To You All 🎄🎊🍾
Stay tuned for the next chapter:
109. God Perishing Spear Art

🥰Thanks for reading, sharing, comments and votes.🥰
—————————— 👀 —————————

အပိုင္း ၁၀၈။ အခ်င္းခ်င္း ခ်စ္သြားၾကၿပီ

ခန္႔ညားထည္ဝါလွတဲ့မ်က္ႏွာကို သူနဲ႔ အရမ္း နီးနီးကပ္ကပ္ႀကီး ျမင္လိုက္ရေတာ့ ဖုန္႔ရွီ အသိစိတ္တို႔ ေပ်ာက္သြားရ၏။

သူ႔ဝိညာဥ္ ေက်ာက္မ်က္ထဲ ဆြဲငင္ခံလိုက္ရၿပီး ေလထဲ ေဘာေလာေျမာေနတုန္းကထက္ကို ပိုလို႔ ထူးဆန္းေနသလို ခံစားေနရသည္။ သူ႔အရိုးေတြေတာင္ အရည္ေပ်ာ္ကုန္ၿပီလို႔ ဖုန္႔ရွီခံစားလိုက္ရ၏။ ေကာင္းတဲ့အခ်က္တစ္ခုက သူ လုံးဝမအိပ္ခ်င္ေနဘူး! ျပဴးက်ယ္ေနတဲ့ သူ႔မ်က္လုံးေတြကို သူ႔ေခါင္းေဆာင္ရဲ့ မ်က္စံနက္ထဲကေနေတာင္ ျမင္ေနရတယ္! ဒါ အရမ္း မိုက္မဲတာပဲ!

'ငါ့ေခါင္းေဆာင္က ငါ့ကို နမ္းေနတယ္?'

'ငါ့ေခါင္းေဆာင္က... နမ္းေနတယ္.... ငါ့ကို?'

သူ႔အတိတ္ဘဝတုန္းက သူ႔ကို ဘယ္သူကမွ s*x အေၾကာင္း မသင္ေပးခဲ့ၾကေပ။ ဒါေပမဲ့ တစ္ႀကိမ္ ဖုန္႔ရွီ ေဒသခံ အရာရွိတစ္ဦးရဲ့ ပစၥည္းေတြ ခိုးခဲ့လိုက္တုန္းက လိင္စိတ္ႂကြစာအုပ္ေတြပါ ပါလာခဲ့ဖူးသည္။ အဲ့အရာရွိအေၾကာင္း ဇာတ္လမ္းအခ်ိဳ႕ သူၾကားဖူးၿပီး အဲ့သူက က်ားက်ား၊ မမ ဘာလာလာ ေဒါင္းနိုင္တဲ့ တကယ့္ငါးဆားႏူတစ္ေကာင္လို႔ ေျပာၾက၏။ အဲ့တာေၾကာင့္ အဲ့လိင္စိတ္ထႂကြစာအုပ္ေတြထဲမွာ က်ားနဲ႔မ s*x ပုံေတြအျပင္၊ က်ားက်ားခ်င္းေတြပါ ပါလိုက္ေသးသည္!

ဖုန္႔ရွီ အဲ့ဒီ့ ႐ုပ္ျပေတြကို ျမင္လိုက္ရတုန္းက သူ ဘယ္လိုေတာင္ ေၾကာင္အမ္းသြားရသလဲဆိုတာ မွတ္မိေနဆဲပင္!

ဘာလို႔လည္းဆိုေတာ့...အေၾကာင္းကေတာ့ အဲ့ပုံေတြက တကယ္ကို စိတ္လွုပ္ရွားစရာ အေတြးသစ္ အျမင္သစ္ ခ်ဲ႕ေပးလိုက္တာမို႔ပင္။ သူ ၁၇ႏွစ္ မတိုင္ခင္တုန္းက ေယာက္်ားနဲ႔ မိန္းမပဲ ခ်စ္ေရးခ်စ္ရာ လုပ္လို႔ရတယ္ထင္ခဲ့တာ။ ဒါေပမဲ့ ၁၇ႏွစ္ေက်ာ္ၿပီးေနာက္ ေယာက္်ားတစ္ေယာက္ကလည္း ေနာက္ထပ္ေယာက္်ားတစ္ေယာက္နဲ႔ ခ်စ္လို႔ရတယ္ဆိုတာကို ေနာက္ဆုံးေတာ့ သူ သိရွိသြား၏။ အေရးအႀကီးဆုံးအရာကေတာ့... သူတို႔ေတြ s*x လုပ္နိုင္ၾကတာပဲ။

ဒါေပမဲ့ ... သူ အျမဲ သိခ်င္ေနခဲ့တာ... ဒီလိုမ်ိဳး အေပါက္ေသးေသးေလးတစ္ေပါက္ထဲမွာ ဘယ္လိုလုပ္ အံဝင္ခြင္က် ဆန္႔ေနရတာလဲ?

ဖုန္႔ရွီက အေတာ္ ေခါင္းမာၿပီး သူ နားမလည္တာရွိရင္ ကိစၥရပ္ေတြရဲ့ အျမစ္၊ ေအာက္ေျခကေန အျမဲ တူးဆြတတ္သည္။ အဲ့တာေၾကာင့္ သူ တစ္ညလုံး ညလုံးေပါက္ လိင္စိတ္ထႂကြတဲ့စာအုပ္ကို ေလ့လာခဲ့၏။ သူ႔ဝီရိယကို ဘုရားသခင္က စိတ္ႏွလုံးထဲ ထိသြားပုံရသည္။ ေနာက္တစ္ရက္မွာေတာ့ သူ႔မ်က္လုံးေအာက္မွာ မည္းနက္ေနတဲ့ စက္ဝိုင္းအစုံနဲ႔ ဆုခ်ီးျမႇင့္ေပးျခင္းကို ခံလိုက္ရ၏။

အက်ိဳးဆက္အေနနဲ႔၊ သူ ဘာမွ အေျဖမထြက္ခဲ့။

ေနာက္ေတာ့၊ ပုံကို ၾကည့္တာထက္ တကယ့္အစစ္အမွန္ ဆက္ဆံတာကို ၾကည့္တာက ပိုထိေရာက္ အက်ိဳးရွိတယ္ဆိုတဲ့ အေၾကာင္းျပခ်က္နဲ႔ သူ အဲ့လိင္စိတ္ႂကြစာအုပ္ႀကီးကိုင္ကာ ေဆာင္ၾကာၿမိဳင္အိမ္ကို သြားခဲ့၏။

ဖုန္႔ရွီက အမ်ိဳးသား အေပ်ာ္ေမာင္ ႏွစ္ေယာက္ကို ရွာပို႔ေပးဖို႔ ေမးလိုက္ေတာ့ အဲ့က ႀကီးၾကပ္သူအမ်ိဳးသမီးငယ္က သူ႔ကို က်ပ္မျပည့္တဲ့ ငတုံးတစ္ေကာင္လိုမ်ိဳး ၾကည့္ေနဟန္ေပၚသည္။ ဖုန္႔ရွီက တစ္ေယာက္က အေပၚ၊ ေနာက္တစ္ေယာက္က ေအာက္ကဆိုၿပီးေတာ့ ျဖည့္စြက္ေျပာခဲ့လိုက္ေသးသည္။ စာအုပ္ထဲမွာ အဲ့အတိုင္း ေသေသခ်ာခ်ာ ညႊန္းဆိုထားတာပဲေလ၊ အဲ့တာေၾကာင့္ သူက အေသးစိတ္ အတိအက် ေဖာ္ျပေျပာဆိုလိုက္၏။ ဒါေပမဲ့ ႀကီးၾကပ္သူ အမ်ိဳးသမီးက သူက ျပည့္တန္ဆာအေနနဲ႔ လုပ္ခ်င္တယ္လို႔ ထင္သြားခဲ့ၿပီး သူမ မ်က္ႏွာေပၚက အၾကည့္တို႔က အဓိပၸါယ္ ျပည့္ဝေနကာ 'ငါသိတယ္' လို႔ ေျပာေနသလို ေပၚေနခဲ့သည္။

'အိုး၊ မင္း ဘာသိတာလဲ? မင္း ဘာမွမသိဘူး!'

ဖုန္႔ရွီက အတိတ္ကို ျပန္မေတြးနိုင္ရွာေတာ့ေခ်။ အဲ့တာက ဖုန္႔ရွီ အသက္ဆယ့္ကိုးႏွစ္အတြင္း ရွက္စရာအေကာင္းဆုံး မွတ္ဉာဏ္ပဲ ျဖစ္သည္။

ဖုန္႔ရွီ အတိတ္ကို ျပန္သြားလို႔သာ ရမယ္ဆိုရင္ သူ အဲ့လိုမ်ိဳး လုံးဝ ေလ့လာခဲ့မွာမဟုတ္။ သူ႔ရဲ့ ထူးဆန္းတဲ့ ဝါသနာက အဲ့ဒီ့ျပည့္တန္ဆာအမ်ိဳးသားႏွစ္ဦးေၾကာင့္ ပ်ံ႕သြားခဲ့၏။ အဲ့တစ္ညၿပီးေနာက္ ၿမိဳ႕ထဲလူေတြအကုန္လုံးက သူ ဘာလုပ္ခဲ့သလဲဆိုတာကို သိသြားၾက၏၊ ေနာက္ဆုံး ဖုန္႔ရွီ သူ႔မ်က္ႏွာကို ဖုံးကြယ္ၿပီး အဲ့ၿမိဳ႕ကေန ထြက္ေျပးတာသာ လုပ္နိုင္ခဲ့ေတာ့သည္။ အဲ့အခ်ိန္မွာ သူ႔ဘဝသက္တမ္းတစ္ေလ်ာက္လုံး အဲ့ၿမိဳ႕ထဲကို ေနာက္ထပ္ လုံးဝ ေျခမခ်ေတာ့ဘူးဆိုၿပီး က်ိန္ဆိုဆုံးျဖတ္ခ်က္ ခ်ခဲ့၏။ အဆုံးမေတာ့... သူ ေသဆုံးသြားခဲ့တာေၾကာင့္၊ သူ႔ရဲ့ အဲ့ကတိလည္း ျပည့္ဝသြားခဲ့ရ၏!

ဖုန္႔ရွီ ျမင္ခဲ့ရတဲ့ အမ်ိဳးသားႏွစ္ဦးရဲ့ လိင္ဆက္ဆံတဲ့ပုံေတြအရ နမ္းတာက လိင္ဆက္ဆံတာရဲ့ ပထမအဆင့္ ျဖစ္ရမည္။

ဒါေပမဲ့၊ အဲ့တာက ဖုန္႔ရွီဆီမွာ တကယ္ႀကီး အစစ္အမွန္ ျဖစ္ပ်က္လာခဲ့တဲ့အခ်ိန္မွာေတာ့ သူ ေၾကာင္အမ္းဖို႔ အခ်ိန္လည္း မရလိုက္သလို၊ ဘုရင္ႀကီးကို အေဝး တြန္းပစ္ဖို႔ အခ်ိန္ေတာင္ မရလိုက္ရွာေခ်။ သူ ဘာမွန္းမသိလိုက္တဲ့အခ်ိန္မွာပဲ ဘုရင္ႀကီးက သူ႔ႏွုတ္ခမ္းေတြကို လႊတ္ေပးလိုက္ၿပီျဖစ္သည္။ ေကာင္ေလးရဲ့ႏွုတ္ခမ္းတို႔ စိုစြတ္ၿပီး ႏူးညံ့လာတာနဲ႔အတူ သူ ရွက္ေသြးျဖန္းသြားတာေၾကာင့္ သူ႔ကို ပိုလို႔ေတာင္ လွပသြားပုံ ေပၚသြားေစသည္။

ဘုရင္ႀကီးက သူ႔ကို ႏူးႏူးညံ့ညံ့ စိုက္ၾကည့္လိုက္၏။ ေကာင္ေလး ဘာတုန္႔ျပန္မွုမွ မရွိတာကို ျမင္ေတာ့ သူက ေကာင္ေလးရဲ့ မ်က္ႏွာေသးေသးေလးကို ကိုင္လိုက္ၿပီး ထပ္နမ္းခ်င္သြားျပန္သည္။ တဖက္လူက ေနာက္ဆုံးေတာ့ အသိျပန္ဝင္လာကာ ေခါင္းကို လွည့္လိုက္တာေၾကာင့္ ဘုရင္ႀကီးက ေကာင္ေလးရဲ့ ပါးကိုပဲ နမ္းမိသြားေတာ့သည္။ အဲ့ခံစားခ်က္က ဖုန္႔ရွီကို လ်ပ္စီးလက္သလို ရိုက္ခတ္သြားၿပီး သူ႔စိတ္က ဟာလာဟင္းလင္းႀကီးျဖစ္သြားရကာ ၾကက္ေသြးေရာင္ ရဲခနဲ ရွက္ေသြးျဖန္းသြားရသည္။

သူ အဲ့ဒီ့ လိင္စိတ္ႂကြတဲ့ျမင္ကြင္းကို မေတြးဘဲ မေနနိုင္ေတာ့။

"အဲ့တာက အရမ္းစိတ္လွုပ္ရွားဖို႔ေကာင္းတာပဲ။ ငါ့ေခါင္းေဆာင္က ငါ့ကို အသက္ရွုဖို႔ အခ်ိန္ေပးတယ္။" ဖုန္႔ရွီက သူ အဲ့စကားေတြကို တည္တည္ၿငိမ္ၿငိမ္ပဲ ေရရြတ္လိုက္နိုင္တဲ့အတြက္ အံ့အားသင့္လို႔ေန၏။ 'အဲ့တာ အရမ္းခက္တာပဲ။ ငါ့ေခါင္းေဆာင္က ငါ့ကို ကမၻာ့ အတည္ၿငိမ္ဆုံးဆု ေပးသင့္တယ္။'

ဘုရင္ႀကီးက သူ ေကာင္ေလးကို လန္႔ေအာင္လုပ္လိုက္မိၿပီဆိုတာကို သိလိုက္ၿပီးေနာက္ တဖက္လူကို တည္တည္ၿငိမ္ၿငိမ္ပဲ လႊတ္ေပးလိုက္၏။

ဖုန္႔ရွီ အေတြးတို႔စုစည္းၿပီးေနာက္ သူ႔ေခါင္းကို ေမာ့လိုက္ၿပီး မ်က္ႏွာရဲရဲနဲ႔ ေျပာလိုက္သည္၊ "ေခါင္းေဆာင္၊ ဒါ...ဒါက..." သူေျပာမထြက္တာကို သူ႔ကိုယ္သူ သိလိုက္ရ၏။

"ရွီ၊ ကိုယ္ေတာ္ မင္းကိုနမ္းေတာ့ မႀကိဳက္ဘူးလား?" ဘုရင္ႀကီးက အဲ့တာကို တည္ၿငိမ္ေအးေဆးစြာ ေမးလိုက္သည္။

အဲ့တာကို ၾကားေတာ့ ဖုန္႔ရွီက ေခါင္းငုံ႔လိုက္ၿပီး ဘုရင္ႀကီးနမ္းခဲ့တဲ့ သူ႔ႏွုတ္ခမ္းကို ထိလိုက္ၿပီးေနာက္ အတန္ၾကာေတာ့ လက္ညႇိုးအခ်င္းခ်င္း ပြတ္သပ္ေနၿပီးေနာက္ ေရရြတ္လိုက္၏၊ "အာ... ဒါ... ဒါက ကၽြန္ေတာ္ မႀကိဳက္တာမဟုတ္ပါဘူး။ ဒါ... ဒါက နည္းနည္း ထူးဆန္းေနလို႔္။ ကၽြန္ေတာ့ကို ဒီလိုမ်ိဳး ဘယ္သူမွ မလုပ္ဖူးဘူး။ ဒါ့ေၾကာင့္...အဲ့ေတာ့ ကၽြန္ေတာ္ က်င့္သားမရေသးဘူးျဖစ္ေနတာ။"

တကယ္ေတာ့ အခု ဖုန္႔ရွီက အနမ္းကို ျပန္ခံစားသုံးသပ္ေနကာ အဲ့တာ အရမ္းအရမ္းကို ခ်ိဳၿမိန္ေၾကာင္း သူ သိလိုက္၏။

သူ...သူ နည္းနည္း ရွက္သြားရကာ....

ဘုရင္ႀကီးက ေခါင္းႀကီး ေျမႀကီးထဲ ဝင္လုမတတ္ျဖစ္ေနတဲ့ သူ႔လက္ေမာင္းထဲက ေကာင္ေလးကို ၾကည့္လိုက္ၿပီး ဆံႏြယ္အုံထူထူကို ပြတ္သပ္လိုက္၏။ အရင္အတိုင္းပဲ ႏူးညံ့ေနတာကို သူခံစားလိုက္ရေတာ့ ႏူးႏူးညံ့ညံ့ေလး ရယ္လိုက္သည္၊ "မင္း က်င့္သားမရေသးဘူးဆိုေတာ့ ကိုယ္ေတာ္တို႔ မ်ားမ်ား ေလ့က်င့္သင့္တယ္။"

အဲ့စကားေတြက ဖုန္႔ရွီ ေခါင္းထဲ ပဲ့တင္ထပ္သြား၏။ ေနာက္ဆုံးေတာ့ ေကာင္ေလးက အရိုက္ခံလိုက္ရသလို ျပဴးက်ယ္ေသာ မ်က္လုံးအစုံနဲ႔ ႐ုတ္တရက္ ေခါင္းေမာ့လိုက္သည္။

'အဲ့စကားေတြကို ဘယ္လိုလုပ္မ်ား အရမ္းတည္တည္ၿငိမ္ၿငိမ္ႀကီး ေျပာနိုင္ရတာလဲ! ငါေတာ့ စိတ္လွုပ္ရွားရလြန္းလို႔ ေသေတာ့မယ္။'

"ရွီ၊ မင္း ကိုယ္ေတာ့ကို ႀကိဳက္လား?" ဘုရင္ႀကီးက တည့္ပဲ ေမးလိုက္၏။

ဖုန္႔ရွီက တခဏစဥ္းစားလိုက္သည္။ သူက အ႐ူးမဟုတ္ေပ။ တကယ္လို႔ ဒီအေျခအေနမ်ိဳးမွာ သူ႔ေခါင္းေဆာင္ ဘာကိုဆိုလိုခ်င္တယ္ဆိုတာ သူ မေျပာနိုင္ေသးဘူးဆိုရင္၊ သူ သြားျပန္ေသသင့္ေနၿပီ။ ဒါေပမဲ့ သူ႔ကို တစ္စုံတစ္ေယာက္က ဒီလိုမ်ိဳး တည့္တိုးႀကီးေမးတာ ဒါ ပထမဆုံးအႀကိမ္ပဲ၊ ဒါ့ေၾကာင့္ ... သူ မ်က္ႏွာ ရဲသြားရျပန္၏။

သူ႔မ်က္ႏွာက ၾကက္ဥေတာင္ ေၾကာ္လို႔ရနိုင္ေလာက္ေအာင္ကို ပူျပင္းေတာက္ေလာက္ေနသည္ပင္။

တကယ္လို႔ တစ္ေယာက္ေယာက္က သူ႔မ်က္ႏွာေပၚ ၾကက္ဥ လာတင္လိုက္မယ္ဆိုရင္ ဥက ျပဳတ္ၿပီးသားကို ျဖစ္သြားလိမ့္မည္။

ဒါေပမဲ့ ဖုန္႔ရွီ ဘုရင္ႀကီးကို ႀကိဳက္မႀကိဳက္ အေမးခံလိုက္ရေတာ့ သူ႔မသိစိတ္ကေန 'အင္း' လို႔ ေျပာခ်င္သြား၏။ ဘာ့ေၾကာင့္လဲ? 'ဟင့္အင္း'လို႔ ေျဖဖို႔ အေၾကာင္းျပခ်က္ သူ မေတြးနိုင္ဘူးေလ။ သူ႔ေခါင္းေဆာင္က ေခ်ာေမာခန္႔ညားတယ္၊ ခ်မ္းသာတယ္၊ စြမ္းအားႀကီးတယ္၊ ျမင့္ျမတ္တယ္၊ လ်ိဳ႕ဝွက္ဆန္းက်ယ္တယ္၊ ၿပီးေတာ့... သူ႔ေခါင္းေဆာင္မွာ အားသာခ်က္ေတြ အမ်ားႀကီးရွိတယ္ေလ။ အေရးႀကီးဆုံးအခ်က္ကေတာ့ မင္းခ်င္းယြိလိုမ်ိဳး သူ႔ေခါင္းေဆာင္ကို ႀကိဳက္ေနတဲ့ တစ္ေယာက္ေယာက္နဲ႔ သူ ထိပ္တိုက္တိုးခဲ့မယ္ဆိုရင္ သူ႔ေခါင္းေဆာင္က သူ႔အပိုင္လို႔ သူ တန္းတန္းမတ္မတ္ ေျပာနိုင္မယ္။

အဲ့ပုံကို ေတြးမိေတာ့ ဖုန္႔ရွီက ခ်က္ခ်င္း ေက်နပ္သြား၏။ 'ဟုတ္တယ္၊ ငါ့ေခါင္းေဆာင္က ငါနဲ႔ပဲဆိုင္တဲ့ ငါ့အပိုင္!'

ေကာင္ေလးရဲ့ အူျမဴးေနတဲ့မ်က္ႏွာကို ျမင္ေတာ့ ဘုရင္ႀကီးက အေျဖကို ခ်က္ခ်င္း သိသြားေတာ့သည္။

"ေခါင္းေဆာင္၊ ကၽြန္ေတာ္ ေခါင္းေဆာင္ကို ေျပာခ်င္တယ္။" ဖုန္႔ရွီက ဘုရင္ႀကီးရဲ့လည္ပင္းကို လက္နဲ႔ဖက္ရင္း အေလးအနက္ပုံစံ ဟန္ေဆာင္လိုက္ကာ ေျပာလိုက္သည္၊ "ကၽြန္ေတာ္ ေခါင္းေဆာင္ကို မႀကိဳက္ဘူးလို႔ ကၽြန္ေတာ္ထင္တယ္..."

တစ္ခန္းလုံး သုံးစကၠန္႔ေလာက္ အပ္က်သံၾကားမတတ္ တိတ္ဆိတ္သြား၏။ အျပင္မွာ ရပ္ေနတဲ့လူေတြအားလုံး အသက္ရွုရပ္သြားရကာ ဦးေလးျဖဴရဲ့ မ်က္ႏွာေပၚက အမူအယာလည္း ေျပာင္းသြားေတာ့သည္...

ဘုရင္ႀကီးက ေကာင္ေလးကို အျပဳံးတစ္ပြင့္နဲ႔ ၾကည့္လိုက္ၿပီး၊ "ၿပီးေတာ့?"

"..." ဖုန္႔ရွီ အလြန္အကၽြံ ရဲေနတဲ့ မ်က္ႏွာနဲ႔အတူ စိတ္လြတ္သြားရကာ သူ႔ခႏၶာကိုယ္ကို တြန္႔လိမ္လိုက္ၿပီး၊ "အာ အာ အာ... ေခါင္းေဆာင္က ကၽြန္ေတာ့ လွည့္ကြက္ထဲ မဝင္သြားဘူး။ ေခါင္းေဆာင္က ဝမ္းနည္းေနတဲ့မ်က္ႏွာေလးနဲ႔ ဘာ့ေၾကာင့္လဲလို႔ ကၽြန္ေတာ့ကို ေမးရမွာေလ!"

"ဒါဆို ဘာ့ေၾကာင့္လဲ?" ဘုရင္ႀကီးက ေကာင္ေလးရဲ့ အႀကံကို လက္ခံလိုက္သည္၊ ေကာင္ေလးရဲ့ စကားေတြကို လိုက္နာရမယ္ ဆိုတာ သူသိေနတယ္၊

You are reading the story above: TeenFic.Net