အပိုင်း ၁၀၀။ မတော်တဆမှု
ဆူးလားမိသားစုက အနာယူညမြို့တော်ရဲ့ အရှေ့မြောက်အရပ်မှာ နေထိုင်ကြပြီး ကောင်းကင်ထွတ်ထိပ်နန်းတော်ကနေဆိုရင် တော်တော် ဝေး၏။
အရင်က ကာလွမ်သလာက နေရာကူးပြောင်းစက်ဝိုင်းသုံးပြီး လာခဲ့တာဖြစ်သည်၊ အဲ့လိုမှမဟုတ်ရင် လမ်းလျောက်ပြီးသာ လာရမယ်ဆို နှစ်လလောက် ကြာမှာဖြစ်သည်။ ပျံသန်းတတ်တဲ့ မိစ္ဆာသားရဲတွေမျိုး ယူလာဖို့ဆိုတာကလည်း အဲ့လိုသားရဲမျိုးတွေက ငရဲပြည်မှာ အရမ်းကို ရှားပါးတဲ့အတွက် ဘယ်လိုပဲဖြစ်ဖြစ် သူ့အတွက် မဖြစ်နိုင်။
အဲ့တာကြောင့် ကျင့်ကြံသူတွေ ဒီကို ပျံသန်းတတ်တဲ့ မိစ္ဆာသားရဲတွေပေါ် စီးနင်းလာခွင့်ပြုထားပေမဲ့ အဲ့လိုလုပ်တဲ့သူ မရှိသလောက်ကို ရှားသည်။ အဲ့နောက်မှာတော့ စည်းမျဉ်းတွေ ဖျက်သိမ်းခံလိုက်ရကာ အခုတော့ ခရီးသွားလာရာမှာ လူတိုင်းနီးပါးက နေရာကူးပြောင်းရေး စက်ဝိုင်းကိုသာ အသုံးပြုကြတော့သည်။
တခြားသူတွေ လိုချင်နေကြတဲ့ ပစ္စည်းကို ကာလွမ်သလာရရှိပြီးနောက် သူ့မိသားစုနဲ့ သတင်းကောင်း ဝေမျှချင်တာကြောင့် သူ ကောင်းကင်ထွတ်ထိပ်နန်းတော်ကနေ အမြန် ထွက်ခွါသွားတော့သည်။ ပထမတော့ သူ နေရာကူးပြောင်းရေးစက်ဝိုင်းအသုံးပြုခအနေနဲ့ သလင်းအချို့ကို ပေးချေဖို့ ရည်စူးထားခဲ့ပေမဲ့ သူနဲ့ ခရီးတူတူသွားချင်ပါတယ်ဆိုပြီး အတင်းတွယ်ကပ်လိုက်ပါလာတဲ့ ကောင်လေးက သူ့အတွက်ပါ ကျခံပေးချေပေးလာ၏။ ကာလွမ်သလာနဲ့ ဖုန့်ရှီတို့က ဆူးလားမိသားစုနေထိုင်ရာနဲ့နီးတဲ့ မြို့ငယ်လေးတစ်မြို့ဆီကို ကောင်းကင်ထွတ်ထိပ်နန်းတော်မှာ ဘုရင်ကြီးစီစဉ်ပေးတဲ့ နေရာကူးပြောင်းစက်ဝိုင်းကနေတဆင့် နေရာကူးပြောင်းကြတာဖြစ်သည်။
မြို့ငယ်လေးရဲ့ လမ်းတွေက အတော့ကို စည်ကားလှသည်။ လူတွေက အဲ့လမ်းတွေမှာ တဖွဲဖွဲ လျောက်လာနေကြကာ ရထားတွဲတွေကိုလည်း အချိန်တိုင်းလိုလို မြင်နိုင်ပါသည်။
လည်ပတ်ခဲလှတဲ့ ဝေးလံခေါင်သီတဲ့ လမ်းကြားတစ်ခုမှာ လေပွေတစ်ချက် ရုတ်တရက် မွေ့ယမ်းသွားသည်။ နောက်တစ်စက္ကန့်အကြာမှာတော့ ကာလွမ်သလာနဲ့ အမိအရ လိုက်ပါလာတဲ့ ဖုန့်ရှီတို့ ပုံရိပ်နှစ်ခု ပေါ်လာတော့သည်။
ဒီလမ်းကြားက ဝေးလံခေါင်သီပေမဲ့ အဝေးကလူတွေ စကားကျယ်ကျယ်ပြောနေသံတွေတော့ ကြားနိုင်ပါသေးသည်။
ဖုန့်ရှီ မြဲမြဲရပ်လိုက်ပြီးနောက် ချက်ချင်းပဲ လေးကပစ်တဲ့မြှားလို လျစ်ခနဲပြေးသွားတော့သည်။ ကံကောင်းတာက ကာလွမ်သလာ အမြန် တုန့်ပြန်လိုက်နိုင်လို့သာ၊ ချက်ချင်း ဖုန့်ရှီရဲ့ကော်လံကို ဆွဲကိုင်လိုက်နိုင်တာ။ ကောင်လေးရဲ့ဖြစ်တည်မှုက အရမ်း ထူးခြား၏။ အရင်တုန်းက ကာလွမ်သလာ အဲ့တာနဲ့ပတ်သက်လို့ မတွေးမိပေမဲ့ အခု ဘုရင်ကြီးက ကာလွမ်သလာကို အရေးကြီးတဲ့တာဝန် အပ်နှင်းခဲ့တာကြောင့် သူ ဖုန့်ရှီကို ကောင်းကောင်း ဂရုစိုက်ရမှာ၊ အကြောင်းကတော့ ကောင်လေးရဲ့ လုံခြုံဘေးကင်းရေးက သူ့အတွက် အရေးအကြီးဆုံးတာဝန်မို့ပင်။
"ကာလွမ်သလာ၊ မင်း ငါ့ကို ဘာလို့ ပြန်ဆွဲတာလဲ?" ဖုန့်ရှီပြန်အဆွဲခံလိုက်ရတော့ မကျေမနပ်နဲ့ မျက်လုံးပြူးသွားတော့သည်။
"မင်း ဘေးကင်းလုံခြုံဖို့ ငါ လုပ်ရမယ်။ ငါတို့ ထွက်မလာခင်တုန်းကလည်း အရှင်မင်းကြီးက ငါ့စကား နားထောင်ဖို့ မင်းကို ပြောခဲ့တယ်လေ။" ကာလွမ်သလာ နန်းတော်က ထွက်ခွါလာပြီးနောက်မှာတော့ ဥပေက္ခာလူသားအသွင်နဲ့ ဘာကိုမှ အလေးမစိုက်ဟန် ပြန်ပြောင်းသွားသည်။ ဖုန့်ရှီအပေါ်တော့ သူ့သဘောထားက အရင်ကလောက် မအေးစက်တော့ဘဲ အခု သူက ပိုလို့အလေးထားလာသည့်ပုံပေါ်နေသည်။
ကာလွမ်သလာ ဘုရင်ကြီးအကြောင်း အစဖော်လိုက်တော့ ဖုန့်ရှီတစ်ယောက် ငြင်းဆန်ရုန်ကန်နေတာတွေ ချက်ချင်းကို ရပ်သွားတော့သည်။ ဒါပေမဲ့ သူ လက်တော့မလျော့သေးချေ၊ ကာလွမ်သလာကို စိုက်ကြည့်နေရင်း ရေရွတ်လိုက်သည်၊ "ဒါလေးက မြို့ငယ်လေးတစ်ခုပါ။ ဘယ်လောက် အန္တရာယ်ရှိနိုင်မှာမို့လဲ? ဒီမှာ မင်းကသာ အန္တရာယ်အရှိဆုံးလူသား ဖြစ်နိုင်တယ်။ အရမ်းခေါင်းမာတာပဲ။"
"မင်း လျောက်မပြေးပါဘူးလို့ ဘုရင်ကြီးကို ကတိပေးခဲ့တယ်လေ။ မင်းစကား မင်းတည်ရမယ်။ ပြီးတော့ ဒီမြို့လေးက အေးချမ်းတဲ့နေဟန်ပေါ်ပေမဲ့ ပြင်းထန်တဲ့တိုက်ပွဲတစ်ခုဆိုတာ အနည်းငယ် ကတောက်ကဆကလေးကနေ ဘယ်ချိန်မဆို နေရာမရွေး ဖြစ်ပွါးသွားနိုင်တယ်ဆိုတာ မင်း သိသင့်တယ်။ မင်း ငါနဲ့လိုက်ခဲ့မယ်ဆိုပြီး ဇွတ်အတင်း လိုက်ခဲ့ကတည်းက ငါ့စည်းကမ်းတွေကို မင်းလိုက်နာရမယ်။" ကာလွမ်သလာ ဖုန့်ရှီရဲ့ အဓိပ္ပါယ်မရှိတာတွေအပေါ် နားမယောင်ချေ။ တဖက်သူရဲ့ ဆူပုတ်သွားတဲ့မျက်နှာကို မြင်တော့ သူက ထပ်ပြောလိုက်သည်၊ "ဘုရင်ကြီး မင်းကို အတင်းအကျပ် ပြန်မခေါ်စေချင်ဘူးဆိုရင် မင်း အခု ငါ့ကို နားထောင်ရမယ်။"
"မင်းနိုင်ပါတယ်!" ဒီချိန်းခြောက်မှုက အရမ်းကို ကြောက်စရာ။ ချက်ချင်း ခေါင်းငိုက်ကျသွားရကာ ဖုန့်ရှီတစ်ယောက် ဘယ်လိုကန့်ကွက်မှုမျိုးမှ ထပ်မပြောရဲတော့ပေ။
ကောင်လေး သဘောတူညီမှု ရသွားတာကို မြင်တော့မှ ကာလွမ်သလာ နောက်ဆုံးတော့ စိတ်သက်သာရာ ရသွားတော့သည်။
ကောင်လေးရဲ့ အထူးဖြစ်တည်မှုကြောင့် ကာလွမ်သလာ ကောင်လေးရဲ့အပြုအမူတွေကို အချိန်တိုင်း ကြည့်နေရသည်၊ အဲ့လိုမှမဟုတ်ရင် အချိန်မရွေး ဖုန့်ရှီ ပျောက်သွားမှာကို သူ စိုးရိမ်နေခဲ့ရတာဖြစ်သည်။ ကာလွမ်သလာ အချိန်ပြည့် ရင်တမမ ဖြစ်မနေချင်၊ အဲ့တာကြောင့် အရင်ဆုံး ကောင်လေး ထွက်ပြေးမယ့်အကြံ လက်လျော့သွားအောင်လုပ်ဖို့သူ ဆုံးဖြတ်ခဲ့တာဖြစ်သည်။
ထင်ထားတဲ့အတိုင်း ကာလွမ်သလာ ဘုရင်ကြီးအကြောင်း ထည့်ပြောလိုက်တာနဲ့ ကောင်လေး လုံးဝအရမ်းမဲ့ မပြုမူဝံတော့တာဖြစ်သည်။ ဒါပေမဲ့ ဒါက ကောင်လေးက ဘုရင်ကြီးကို ကြောက်လို့မဟုတ်ဘဲ အပြစ်ပေးခံရမှာကိုသာ ကြောက်တာဆိုတာ ကာလွမ်သလာ သိသည်လေ!
သူတို့ရဲ့ ချောမောခန့်ညားတဲ့ သွင်ပြင်တွေကြောင့် သူတို့ လမ်းလျောက်နေတဲ့အချိန်မှာ လမ်းသွားလမ်းလာတွေ အတော်များများရဲ့ အာရုံစိုက်မှုတွေ ရောက်လာ၏။ မိန်းကလေးအများစုရဲ့အကြည့်တွေကော့ အလွန့်အလွန်ခန့်ညားပြီး အေးစက်တဲ့စရိုက်လက္ခဏာရှိတဲ့ ကာလွမ်သလာပေါ် ရောက်နေကြတာဖြစ်သည်။ သူတို့အချင်းချင်း တီးတိုးဆိုသံတွေက 'သူက အရမ်းခန့်ညားတာပဲ' ဆိုတာမျိုးတွေ ဖြစ်ကာ သူတို့ဘေးတွေက အမျိုးသားတွေကို ဒေါထစေတော့၏။
ဖုန့်ရှီက လမ်းဘေးစျေးသည်တွေဆီ အာရုံရောက်နေတာဖြစ်တဲ့အတွက် သူက အခြေအနေတွေကို လုံးဝ သတိမပြုမိချေ။
သူ လမ်းပေါ် ဟိုဟိုဒီဒီ လျောက်ကြည့်နေတုန်း လမ်းကြားထဲမှာတုန်းက ကာလွမ်သလာ သူ့ကို ပြောခဲ့တာကို လုံးဝကို မေ့သွားတော့သည်။ အင်း၊ ဒါက သူ့အမှားချည်းပဲတော့မဟုတ်ဘူးလေ။ နောက်ဆုံးအကြိမ်အနည်းငယ်တုန်းက သူ နန်းတော်ကနေ ထွက်လာချိန်မှာ သူ လမ်းပေါ်မှာ ဒီလောက်လွတ်လွပတ်လပ်လပ် လျောက်မသွားခဲ့ရဘူး။ အဲ့တာကြောင့် သူ စိတ်ဝင်စားစရာလေးတွေ၊ အရသာရှိတဲ့အစားအသောက်တွေ တွေ့တာနဲ့ မထိန်းချုပ်နိုင်တော့ဘဲ ချက်ချင်း ချည်းကပ်သွားတော့တာဖြစ်သည်။
အဲ့အတွက်တော့ ကာလွမ်သလာ နည်းနည်းလေး အကူအညီမဲ့သလို ခံစားနေရပေမဲ့ ကောင်လေးက နန်းတော်ထဲမှာ စည်းကမ်းအရမ်းတင်းကြပ်ခံခဲ့ရပြီး ဒီလိုမျိုး လျောက်သွားခွင့်ရတဲ့အချိန် အရမ်းရှားလို့ဖြစ်မယ်လို့ ကာလွမ်သလာ ယူဆလိုက်တဲ့အတွက် ကော်ငလေးကို မတားတော့ဘဲ ကြောက်စရာအရှိန်အဝါတွေ ထုတ်လွှတ်နေလိုက်ကာ နိုးနိုးကြားကြားပဲ နေနေလိုက်တော့၏။ အဲ့တာကြောင့် ဖြတ်သွားဖြတ်လာတွေက သူတို့နှစ်ယောက်အနား မကပ်ဝံ့ကြချေ။
ဖုန့်ရှီကတော့ အဲ့လောက် သိပ်မရှည်တဲ့ လမ်းကို တစ်နာရီလောက်ကြာအောင်ကို လျောက်သွားနေသည်။ အဲ့နောက်မှာတော့ သူက မြို့တံခါးရှေ့ ရပ်လိုက်ပြီး သူ့ကိုယ်သူ အလုံအလောက် သိပ်မပျော်ခဲ့ရသလို ခံစားနေရဆဲဖြစ်လို့နေသည်။
ကာလွမ်သလာတစ်ယောက် အေးစက်တဲ့အကြည့်တွေနဲ့ တကိုယ်လုံး အအေးဓါတ်လေထုတွေ ထုတ်လွှတ်နေ၏။ ကိုယ်ရံတော်တစ်ယောက်အနေနဲ့ သူ့အရည်အချင်းက ရှိသင့်တာထက်ကို ပိုနေသည်။ ဒါပေမဲ့ ဘုရင်ကြီးနဲ့ ဦးလေးဖြူက ဘာလို့ ကောင်လေးကို တင်းကြပ်ရသလဲဆိုတာ နောက်ဆုံးတော့ သူနားလည်သွားပြီလေ။ ဖု့န်ရှီက တက်ကြွရုံတင်မကပေ၊ သူက ပြဿနာ သွားမရှာရင်တောင် ြပဿနာနဲ့ အမြဲတိုးတတ်တဲ့ ကြင်နာတတ်တဲ့သူတစ်ယောက်လည်း ဖြစ်သည်။
တစ်နာရီအတွင်းမှာ ကာလွမ်သလာ ကောင်လေးအတွက် ပြဿနာသုံးခု ဖြေရှင်းခဲ့ရပြီးပြီ။ သူ ဒီလိုအဆုံးသတ်လိမ့်မယ်လို့ သူသိခဲ့မယ်ဆိုရင် ဟိုးအစကတည်းက ဒီတာဝန်ကိုယူဖို့ သူငြင်းခဲ့မှာ။
"မျက်နှာကြီး အိုမနေပါနဲ့ကွာ။ ပြုံးစမ်းပါ၊ ဟားဟား!" ဖုန့်ရှီက ကာလွမ်သလာရဲ့မျက်နှာပေါ်က မသာမယာအမူအယာကို မြင်တော့ လောလောဆယ် တဖက်လူကို မဆွဖို့ သူ ဆုံးဖြတ်လိုက်သည်။ အတန်ကြာ ရယ်လိုက်ပြီးနောက် ခု သူ့မှာ အချိန်ကောင်းလေးတွေ ပိုင်ဆိုင်ထားပြီးဖြစ်တာကြောင့် နောက်ဆုံးတော့ သူ ယဉ်ပါးလာတော့သည်။
"ဆူးလားမိသားစုတွေက ကျေးလက်က လျို့ဝှက်တောင်ကြားထဲမှာနေတာ။ မင်းမှာ ပျံသန်းနိုင်တဲ့မိစ္ဆာသားရဲတစ်ကောင် ရှိတယ်လို့ ငါ မှတ်မိတယ်။ မင်း အဲ့တာကို အခု ဆင့်ခေါ်လိုက်ပါလား? အဲ့လိုမှမဟုတ်ရင် ငါတို့ နှစ်နာရီ၊ သုံးနာရီလောက် လမ်းလျောက်ရလိမ့်မယ်။" ကောင်လေး နောက်ဆုံးတော့ ငြိမ်ကျသွားတာကို မြင်တော့ ကာလွမ်သလာ ဆူပုပ်ပုပ်အမူအယာ ပြောင်းသွားတော့သည်။ ကောင်လေးရဲ့ ဂုဏ်သရေရှိ အထက်တန်းကျတဲ့ ဖြစ်တည်မှုကို သူ သိပေမဲ့လည်း ကောင်လေးရဲ့အရှေ့မှာ သူ မျက်နှာမအိုအောင် လုပ်ဖို့ဆိုတာ သူ့အတွက် အရမ်းကိုခက်သည်။
"အိုး၊ မင်းဆိုလိုတာက အမွှေးမဲ့ကြက်လား။ ငါ့ရဲ့ ကောင်းကင်မိတ်ဆွေကို ခေါ်တာ ပိုကောင်းမယ်လို့ ငါထင်တယ်။ သူက ပိုသန်မာတယ်၊ ပိုမြန်တယ်၊ အခု သူ ဂူပိတ်ကျင့်ကြံတာ ပြီးသွားခါစလေ။ သူ့စွမ်းရည်ကို ငါတို့ အရင်စမ်းသပ်ရအောင်!" ဖုန့်ရှီက မျက်လုံးလှန်လိုက်ကာ ထက်မြက်ဟန်နဲ့ ပြောလိုက်သည်။
သူတို့ လက်နက်နန်းတော်ထဲမှာ သူတို့ရဲ့ သိမ်မွေ့နက်နဲလက်နက်တွေ ရွေးချယ်ခဲ့ကြတာ ဆယ်ရက်ကြာသွားပြီ။ အဲ့နောက်မှာတော့ ကာလွမ်သလာက နန်းတော်ထဲမှာနေပြီူး သူ့ကိုယ်သူ အချိန်ပြည့် ကျင့်ကြံခဲ့သည်။ အကျိုးဆက်ကတော့ သူ ဝိညာဉ်ကိုးလှည့်ကို သဘောပေါက်ပြီးသွားပြီး သူရွေးချယ်ခဲ့တဲ့ သိမ်မွေ့နက်နဲလက်နက်ကိုလည်း သန့်စင်ပြီးသွားပြီဖြစ်သည်။ သူ့လက်နက်က ကြောက်မက်ဖွယ်ရာ အနက်ရောင်အလင်းတွေ ထုတ်လွှတ်နေတဲ့ အနိမ့်စား အမြင့်ဆုံးအဆင့်အတန်းအစားဖြစ်တဲ့ ဓါးမြှောင်ထက်ထက်တစ်ချောင်းပဲဖြစ်သည်။ အဲ့ဒီ့ဓါးမြှောင်ရဲ့ အတန်းအစားအဆင့်က အရမ်းမြင့်လွန်းတာကြောင့် သန့်စင်ဖို့ သူ အတော်ခက်ခဲခဲ့ရသည်။
ပြီးတော့ ဖုန့်ရှီပြောတဲ့ ကောင်းကင်မိတ်ဆွေဆိုတာ ကောင်းကင်ဖြိုဖျက်သားရဲဆိုတာ သူ သိသည်။
ကောင်းကင်ဖြိုဖျက်သားရဲက အာကာသကို ဆွဲဖြဲနိုင်တဲ့စွမ်းရည်ရှိတယ်လို့ စာအုပ်ထဲမှာ မှတ်တမ်းတင်ထား၏။ အဲ့အပြင် သားရဲရဲ့ အစွမ်း ပိုသန်မာလာလေလေ သူ ဆွဲဖြဲနိုင်တဲ့ အာကာသအကျယ်အဝန်းကလည်း ပိုတိုးလာလေလေဖြစ်သည်။
ကောင်းကင်ဖြိုဖျက်သားရဲက ဂူပိတ်ကျင့်ကြံပြီးသွားရင် သူတော်စင်နယ်ပယ် အဆင့်ခုနှစ်ရောက်သွားမှာဖြစ်တဲ့ အလွန်အစွမ်းထက်တဲ့ မိစ္ဆာသားရဲတစ်ကောင်ဆိုတာကို ကာလွမ်သလာ မှတ်မိသည်။ အဲ့လိုမျိုး မိစ္ဆာသားရဲမျိုးဟာ စိတ်ပျက်အားလျော့ဖွယ်လွင်ပြင်ကျယ်ရဲ့ ဘယ်ဘက်မှာ တည်ရှိတဲ့ စိုစွတ်ကုန်းမြေမှာပဲရှိတာကို သူသိတဲ့အတွက် အဲ့တုန်းက သူ အတော့ကို အထင်ကြီးသွားခဲ့ရသည်။ အဲ့အပြင် စိုစွတ်ကုန်းမြေရဲ့ ရနံ့ကိုလည်း သူ ရရှိလိုက်တာမို့ ကောင်လေးက စိုစွတ်ကုန်းမြေကနေ အနိုင်ရ ခေါ်ဆောင်လာတာဆိုတာ ပိုလို့တောင် ရှင်းနေ၏။ ကာလွမ်သလာက သူ့ဘာသူ အစွမ်းရှိပေမဲ့ စိုစွတ်ကုန်းမြေ အနက်ပိုင်းထဲကိုတော့ ရောက်ရောက်ပေါက်ပေါက် လျောက်မသွားဝံ့ပေ။ အဲ့တာကြောင့် အဲ့အချက်အရ အံ့ဩထိတ်လန့်သွားကာ ကောင်လေးပေါ် သူ့အမြင်လည်း ပြောင်းသွားခဲ့တာဖြစ်သည်။
ကောင်းကင်ဖြိုဖျက်သားရဲ ပေါ်လာတာနဲ့ သူတော်စင်နယ်ပယ်ဆင့်ပညာရှင်တွေသာ သက်ဆိုင်တဲ့ လှိုင်းတွေကို ထုတ်လွှတ်လိုက်ကာ သူ့ရဲ့ မိုးကြိုးခြိမ်းသံလို ဟိန်းသံကြီး လေထုထဲ ပဲ့တင်ထပ်သွားတော့သည်။ သူ့ရဲ့ မျိုးရိုးမြင့်တဲ့သွေးဆက် မျိုးနွယ်ကြောင့် တောထဲက မိစ္ဆာသားရဲတွေအားလုံး တုန်တုန်ရီရီဖြစ်သွားကြပြီး အနားက ပညာရှင်တွေတောင် ထိတ်လန့်သွားတော့သည်။
ဖုန့်ရှီက သားရဲကို တည့်ပဲ အမိန့်ပေးလိုက်သည်၊ "ကောင်းကင်လေးရေ၊ ငါတို့ကို ဆူးလားမိသားစုဆီ ခေါ်သွားပေး။"
ကောင်းကင်ဖြိုဖျက်သားရဲက ကောင်လေးကို သူ့သခင်အဖြစ် အသိအမှတ်ပြုပြီးဖြစ်တာကြောင့် ဖုန့်ရှီရဲ့ အမိန့်ကို မဆိုင်းမတွ လိုက်နာလိုက်သည်။ အဆုံးမတော့ ကောင်းလေးက ဘုရင်ကြီးရဲ့ အသည်းကျော်လေးဆိုတာရယ်၊ သူ့ကို မနာခံရင် ရလာမယ့်အကျိုးဆက်ရယ်တွေကို သားရဲ သိသည်လေ၊
ကာလွမ်သလာရဲ့ လမ်းညွှန်မှုအောက်မှာ ကောင်းကင်ဖြိုဖျက်သားရဲက အာကာသကို ဆွဲဖြဲလိုက်သည်။အဲ့နောက်မှာတော့ သူတို့ အဖြူရောင်အလင်းတန်းရဲ့ လွှမ်းခြုံမှုခံလိုက်ရကာ ကျေးလက်က မြေပြင်ပေါ်ကနေ ပျောက်သွားတော့၏။
တခဏပြီးနောက် ပညာရှင်အနည်းငယ်က ဖုန့်ရှီနဲ့ ကာလွမ်သလာတို့ ရပ်သွားခဲ့ကြတဲ့နေရာကို သူတို့ရဲ့ စိတ်ဝိညာဉ်သိစိတ်နဲ့ လာရောက် စုံစမ်းစစ်ဆေးကြသည်။ ဒါပေမဲ့ သူတို့ ဘာမှ ရှာမတွေ့ကြချေ။
ဆူးလားမိသားစုဝင်တွေ အားလုံးက အလုပ်ကြိုးစားကြပြီး စွဲမြဲ ဇွဲရှိသူများ ဖြစ်ကြသည်။ သူတို့အားလုံးက ကျင့်ကြံရေးမှာ အစွမ်းကုန် ကြိုးစားကြတာဖြစ်သည်။ သူတို့အားလုံး တိုက်ရည်ခိုက်ရည်မှာ စိတ်အားထက်သန်တဲ့အတွက် ဆူးလားမိသားစုရဲံ ကြီးမားတဲ့ကျောက်တုံးစင်မြင့်ထက်မှာ သူတို့တွေက အချင်းချင်း နှစ်ယောက် ဒါမှမဟုတ် နှစ်ယောက်အထက် အမြဲတမ်း ယှဉ်ပြိုင်နေကြသည်။ တခါတရံမှာ နေရာတပြင်လုံး ကသောင်းကနင်း ဖြစ်နေမှာ ဖြစ်ပေမဲ့ ကြည့်ရှုသူမိသားစုဝင်တွေက အဲ့တာကို မတားဆီးကြဘဲ လက်ခုပ်တောင် တီးနေကြမှာဖြစ်သည်။
တောင်ကြားထဲက ပတ်ဝန်းကျင်က အမြဲလှပသက်ဝင်နေပြီး ဒီမိသားစုရဲ့သွေးသားမျိုးရိုးစဉ်ဆက်ဟာ ကျဆင်းနေတယ်လို့ ပြောဖို့ခက်သည်ပင်။
ဒီနေ့ ကျောက်တုံးစင်မြင့်ထက်မှာ လူတစ်အုပ် ရှိနေကြသည်။ ဒါပေမဲ့ ပတ်ဝန်းကျင်က အရင်ကလို သက်ဝင်လှုပ်ရှားမနေဘဲ အနည်းငယ် တောင့်တင်းနေ၏။
စင်မြင့်ထက်ကလူတွေက အဖွဲ့နှစ်ဖွဲ့ ကွဲနေကြပြီး ပြင်းထန်တဲ့တိုက်ပွဲတစ်ပွဲ စတင်လုလု ဖြစ်နေသည်။ လူတိုင်းက အလွန်အမင်း စိတ်လှုပ်ရှား စိုးထိတ်နေကြပုံ။
အဖွဲ့တစ်ဖွဲ့ရဲ့ ခေါင်းဆောင်တွေက သွေးဆူတဲ့လူငယ်နှစ်ဦးဖြစ်ပြီး သူတို့အရှေ့က အခြားအဖွဲ့ မကျေမချမ်းနဲ့ ကြည့်နေကြသည်။ အခြားအဖွဲ့ရဲ့ အရှေ့မှာ ရပ်နေတဲ့ လူအိုကြီးက သူတို့ကို လုံးဝ အလေးထား မဆက်ဆံဘဲ အေးဆေးဖြစ်နေဟန် ပေါက်နေသည်။ အဲ့နောက် လူငယ်တစ်ယောက်က မကျေမချမ်းမျက်နှာနဲ့အတူ ရှေ့တစ်လှမ်း တိုးလိုက်သည်။
"ကာထျန်း၊ အဘိုးကြီး၊ ငါတို့မိသားစုဆီ လူတွေအများကြီး ခေါ်လာတာလဲ? ခင်များတို့မှာ နတ်ဘုရားဥဿျှောင်နယ်ပယ်အဆင့် ပညာရှင်တစ်ယောက် ပါလာတာနဲ့ ငါတို့က ကြောက်မယ်လို့ ခင်များ ထင်နေသလား? ငါတို့မိသားစုက ကျဆင်းနေပေမဲ့ ကျွန်တော်တို့နယ်မြေကို ခင်များတို့ ကာယားမိသားစု အလိုရှိသလို ကျူးကျော်ဝင်ရောက်လို့ မရဘူး!"
မီးခိုးရောင်ဝတ်ရုံဝတ်ထားတဲ့ လူအိုကြီးက သူ့မျက်နှာအရေပြားတွေ တွန့်ကုန်တဲ့အထိ မျက်ကြော ရှုံ့ကြည့်လိုက်ပြီး နှာမှုတ်လိုက်သည်၊ "ငါ့ရှေ့မှာ အဓိပ္ပါယ်မရှိတာတွေ လျောက်ပြောဝံ့တယ်? မင်းတို့မိသားစုက ဟိုးအောက်ခြေကို ကျပြီးနေပြီ! မင်းက ဘယ်သူမှမဟုတ်ဘူး၊ မလောက်မလားလေး။ မင်းမှာ ဒီလိုပြုမူဆက်ဆံဖို့ အခွင့်အရေးကို မရှိဘူး!"
"ခင်များကိုယ်ခင်များ ဘယ်လိုကောင်လို့ထင်နေတာလဲ? ငါတို့မိသားစုက အကြီးတွေ အဝေးမှာရှိနေတုန်းပဲ ခင်များက ဒီကိုလာတာလေ။ ခင်များတို့တွေက ဒီအချိန်ကို စောင့်နေခဲ့ကြတာ ကြာလှပြီ! ခင်များတို့အတွက် ဘယ်ဟာက ကောင်းသလဲသိတယ်ဆိုရင် ခုချက်ချင်း ထွက်သွားလိုက်။ အဲ့လိုမှမဟုတ်ရင် ငါတို့အသက် အဆုံးရှုံးခံရမယ်ဆိုရင်တောင်မှ ခင်များတို့ကို မလျော့တမ်း တိုက်ပြမယ်!" လူငယ်က အံကြိတ်ပြီး ပြောလိုက်သည်။ ကာယားမိသားစုရဲ့ ရည်ရွယ်ချက်ကို သူ သဘောမပေါက်သေးဘူးဆိုရင် သူ တကယ်ကို အသုံးမကျတဲ့သူဖြစ်သွားမှာလေ။
သူ့စကားတွေက သူ့နောက်ကလူတွေရဲ့အားကို တက်လာစေပြီးနောက် သူတို့က အကျယ်ကြီး ကောင်းချီးပြုလိုက်ကြသည်။
"ဟမ်ံ၊ အသုံးမကျတဲ့ကောင်တွေ၊ ဟောင်ရုံဟောင်နိုင်တာ! မင်းတို့ အခု အရှုံးပေး အညံ့ခံမယ်ဆိုရင် ငါတို့ မင်းတို့အသက်ကို ချမ်းသာပေးမယ်၊ အဲ့လိုမှမဟုတ်ရင် မင်းတို့အားလုံး ဒီနေ့ သေနေ့စေ့ပြီပဲ!" မီးခိုးရောင်ဝတ်လူအိုကြီးက စူးစူးရဲရဲ ကြည့်ကာပြောလိုက်သည်။
သူ အဲ့စကားလုံးတွေ ပြောပြီးတာနဲ့ သူ့နောက်က ပညာရှင်တွေက ချက်ချင်းပဲ လွှမ်းမိုးတဲ့အရှိန်အဝါတွေ ထုတ်လွှတ်လိုက်ကြသည်။ သူတို့ထဲက လေးယောက်၊ ငါးယောက်လောက်က နတ်ဘုရားဘုရင်နယ်ပယ်အဆင့်တွေဆိုတာ အလွယ်လေး ပြောနိုင်သည်လေ။ ဆူးလားမိသားစုကလူတွေမျက်နှာပေါ်က အမူအယာတွေ ပြောင်းသွားကြသည်။ ဆူးလားမိသားစုရဲ့ အကြီးတွေသာ ရှိမယ်ဆိုရင် သူတို့မှာ အနိုင်ရဖို့ အခွင့်အရေး ရှိမှာ၊ ဒါပေမဲ့ အခုတော့... သူတို့မှာက နတ်ဘုရားဘုရင်နယ်ပယ်အဆင့် ကျင့်ကြံသူ နှစ်ဦးပဲ ရှိပြီး အဲ့သူတွေကလည်း ပထမဆင့်၊ ဒုတိယဆင့်လောက်ပဲ ရှိကြသေးတာမို့ သူတို့တွေဟာ ကာယားမိသားစုကပညာရှင်တွေနဲ့ ဘက်ပြိုင်နိုင်တဲ့ ပြိုင်ဘက်လုံးဝမဟုတ်မှန်း သေချာလို့နေသည်။
တိုက်ပွဲက စတော့မယ့်အချိန်မှာပဲ သူတို့အဖွဲ့ နှစ်ဖွဲ့ကြားထဲက လေထုထဲ ရုတ်တရက် အက်ကြောင်းတစ်ခု ပေါ်လာသည်။ အဲ့နောက် အက်ကြောင်းက တဖြည်းဖြည်း ချဲ့လာကာ လက်တစ်ဖက်စာကျယ်လာတော့...
အနက်ရောင်ပုံရိပ်တစ်ခု အက်ကွဲကြောင်းထဲကနေ လျောက်လှမ်းလာသည်။ ရင်းနှီးကျွမ်းဝင်တဲ့ ခန့်ညားတဲ့မျက်နှာတစ်ခုက တကိုယ်လုံး အေးစက်တဲ့လေထုတွေ ထုတ်လွှတ်နေကာ ရုတ်တရက် လူတိုင်းရှေ့ ပေါ်ထွက်လာသည်....
ဆူးလားမိသားစုဝင်တွေနဲ့ ကာယားမိသားစုဝင်တို့ အကုန်လုံး ကြောင်အမ်းသွားကြသည်။
ကျောက်တုံးစင်မြင့်တစ်ခုလုံး ချက်ချင်းကို တိတ်ဆိတ်သွားတော့၏။
20211216; 0858
—————————— Zawgyi —————————
အပိုင္း ၁၀၀။ မေတာ္တဆမွု
ဆူးလားမိသားစုက အနာယူညၿမိဳ႕ေတာ္ရဲ့ အေရွ႕ေျမာက္အရပ္မွာ ေနထိုင္ၾကၿပီး ေကာင္းကင္ထြတ္ထိပ္နန္းေတာ္ကေနဆိုရင္ ေတာ္ေတာ္ ေဝး၏။
အရင္က ကာလြမ္သလာက ေနရာကူးေျပာင္းစက္ဝိုင္းသုံးၿပီး လာခဲ့တာျဖစ္သည္၊ အဲ့လိုမွမဟုတ္ရင္ လမ္းေလ်ာက္ၿပီးသာ လာရမယ္ဆို ႏွစ္လေလာက္ ၾကာမွာျဖစ္သည္။ ပ်ံသန္းတတ္တဲ့ မိစၧာသားရဲေတြမ်ိဳး ယူလာဖို႔ဆိုတာကလည္း အဲ့လိုသားရဲမ်ိဳးေတြက ငရဲျပည္မွာ အရမ္းကို ရွားပါးတဲ့အတြက္ ဘယ္လိုပဲျဖစ္ျဖစ္ သူ႔အတြက္ မျဖစ္နိုင္။
အဲ့တာေၾကာင့္ က်င့္ႀကံသူေတြ ဒီကို ပ်ံသန္းတတ္တဲ့ မိစၧာသားရဲေတြေပၚ စီးနင္းလာခြင့္ျပဳထားေပမဲ့ အဲ့လိုလုပ္တဲ့သူ မရွိသေလာက္ကို ရွားသည္။ အဲ့ေနာက္မွာေတာ့ စည္းမ်ဥ္းေတြ ဖ်က္သိမ္းခံလိုက္ရကာ အခုေတာ့ ခရီးသြားလာရာမွာ လူတိုင္းနီးပါးက ေနရာကူးေျပာင္းေရး စက္ဝိုင္းကိုသာ အသုံးျပဳၾကေတာ့သည္။
တျခားသူေတြ လိုခ်င္ေနၾကတဲ့ ပစၥည္းကို ကာလြမ္သလာရရွိၿပီးေနာက္ သူ႔မိသားစုနဲ႔ သတင္းေကာင္း ေဝမၽွခ်င္တာေၾကာင့္ သူ ေကာင္းကင္ထြတ္ထိပ္နန္းေတာ္ကေန အျမန္ ထြက္ခြါသြားေတာ့သည္။ ပထမေတာ့ သူ ေနရာကူးေျပာင္းေရးစက္ဝိုင္းအသုံးျပဳခအေနနဲ႔ သလင္းအခ်ိဳ႕ကို ေပးေခ်ဖို႔ ရည္စူးထားခဲ့ေပမဲ့ သူနဲ႔ ခရီးတူတူသြားခ်င္ပါတယ္ဆိုၿပီး အတင္းတြယ္ကပ္လိုက္ပါလာတဲ့ ေကာင္ေလးက သူ႔အတြက္ပါ က်ခံေပးေခ်ေပးလာ၏။ ကာလြမ္သလာနဲ႔ ဖုန္႔ရွီတို႔က ဆူးလားမိသားစုေနထိုင္ရာနဲ႔နီးတဲ့ ၿမိဳ႕ငယ္ေလးတစ္ၿမိဳ႕ဆီကို ေကာင္းကင္ထြတ္ထိပ္နန္းေတာ္မွာ ဘုရင္ႀကီးစီစဥ္ေပးတဲ့ ေနရာကူးေျပာင္းစက္ဝိုင္းကေနတဆင့္ ေနရာကူးေျပာင္းၾကတာျဖစ္သည္။
ၿမိဳ႕ငယ္ေလးရဲ့ လမ္းေတြက အေတာ့ကို စည္ကားလွသည္။ လူေတြက အဲ့လမ္းေတြမွာ တဖြဲဖြဲ ေလ်ာက္လာေနၾကကာ ရထားတြဲေတြကိုလည္း အခ်ိန္တိုင္းလိုလို ျမင္နိုင္ပါသည္။
လည္ပတ္ခဲလွတဲ့ ေဝးလံေခါင္သီတဲ့ လမ္းၾကားတစ္ခုမွာ ေလေပြတစ္ခ်က္ ႐ုတ္တရက္ ေမြ႕ယမ္းသြားသည္။ ေနာက္တစ္စကၠန္႔အၾကာမွာေတာ့ ကာလြမ္သလာနဲ႔ အမိအရ လိုက္ပါလာတဲ့ ဖုန္႔ရွီတို႔ ပုံရိပ္ႏွစ္ခု ေပၚလာေတာ့သည္။
ဒီလမ္းၾကားက ေဝးလံေခါင္သီေပမဲ့ အေဝးကလူေတြ စကားက်ယ္က်ယ္ေျပာေနသံေတြေတာ့ ၾကားနိုင္ပါေသးသည္။
ဖုန္႔ရွီ ျမဲျမဲရပ္လိုက္ၿပီးေနာက္ ခ်က္ခ်င္းပဲ ေလးကပစ္တဲ့ျမႇားလို လ်စ္ခနဲေျပးသြားေတာ့သည္။ ကံေကာင္းတာက ကာလြမ္သလာ အျမန္ တုန္႔ျပန္လိုက္နိုင္လို႔သာ၊ ခ်က္ခ်င္း ဖုန္႔ရွီရဲ့ေကာ္လံကို ဆြဲကိုင္လိုက္နိုင္တာ။ ေကာင္ေလးရဲ့ျဖစ္တည္မွုက အရမ္း ထူးျခား၏။ အရင္တုန္းက ကာလြမ္သလာ အဲ့တာနဲ႔ပတ္သက္လို႔ မေတြးမိေပမဲ့ အခု ဘုရင္ႀကီးက ကာလြမ္သလာကို အေရးႀကီးတဲ့တာဝန္ အပ္ႏွင္းခဲ့တာေၾကာင့္ သူ ဖုန္႔ရွီကို ေကာင္းေကာင္း ဂ႐ုစိုက္ရမွာ၊ အေၾကာင္းကေတာ့ ေကာင္ေလးရဲ့ လုံျခဳံေဘးကင္းေရးက သူ႔အတြက္ အေရးအႀကီးဆုံးတာဝန္မို႔ပင္။
"ကာလြမ္သလာ၊ မင္း ငါ့ကို ဘာလို႔ ျပန္ဆြဲတာလဲ?" ဖုန္႔ရွီျပန္အဆြဲခံလိုက္ရေတာ့ မေက်မနပ္နဲ႔ မ်က္လုံးျပဴးသြားေတာ့သည္။
"မင္း ေဘးကင္းလုံျခဳံဖို႔ ငါ လုပ္ရမယ္။ ငါတို႔ ထြက္မလာခင္တုန္းကလည္း အရွင္မင္းႀကီးက ငါ့စကား နားေထာင္ဖို႔ မင္းကို ေျပာခဲ့တယ္ေလ။" ကာလြမ္သလာ နန္းေတာ္က ထြက္ခြါလာၿပီးေနာက္မွာေတာ့ ဥေပကၡာလူသားအသြင္နဲ႔ ဘာကိုမွ အေလးမစိုက္ဟန္ ျပန္ေျပာင္းသြားသည္။ ဖုန္႔ရွီအေပၚေတာ့ သူ႔သေဘာထားက အရင္ကေလာက္ မေအးစက္ေတာ့ဘဲ အခု သူက ပိုလို႔အေလးထားလာသည့္ပုံေပၚေနသည္။
ကာလြမ္သလာ ဘုရင္ႀကီးအေၾကာင္း အစေဖာ္လိုက္ေတာ့ ဖုန္႔ရွီတစ္ေယာက္ ျငင္းဆန္႐ုန္ကန္ေနတာေတြ ခ်က္ခ်င္းကို ရပ္သြားေတာ့သည္။ ဒါေပမဲ့ သူ လက္ေတာ့မေလ်ာ့ေသးေခ်၊ ကာလြမ္သလာကို စိုက္ၾကည့္ေနရင္း ေရရြတ္လိုက္သည္၊ "ဒါေလးက ၿမိဳ႕ငယ္ေလးတစ္ခုပါ။ ဘယ္ေလာက္ အႏၲရာယ္ရွိနိုင္မွာမို႔လဲ? ဒီမွာ မင္းကသာ အႏၲရာယ္အရွိဆုံးလူသား ျဖစ္နိုင္တယ္။ အရမ္းေခါင္းမာတာပဲ။"
"မင္း ေလ်ာက္မေျပးပါဘူးလို႔ ဘုရင္ႀကီးကို ကတိေပးခဲ့တယ္ေလ။ မင္းစကား မင္းတည္ရမယ္။ ၿပီးေတာ့ ဒီၿမိဳ႕ေလးက ေအးခ်မ္းတဲ့ေနဟန္ေပၚေပမဲ့ ျပင္းထန္တဲ့တိုက္ပြဲတစ္ခုဆိုတာ အနည္းငယ္ ကေတာက္ကဆကေလးကေန ဘယ္ခ်ိန္မဆို ေနရာမေရြး ျဖစ္ပြါးသြားနိုင္တယ္ဆိုတာ မင္း သိသင့္တယ္။ မင္း ငါနဲ႔လိုက္ခဲ့မယ္ဆိုၿပီး ဇြတ္အတင္း လိုက္ခဲ့ကတည္းက ငါ့စည္းကမ္းေတြကို မင္းလိုက္နာရမယ္။" ကာလြမ္သလာ ဖုန္႔ရွီရဲ့ အဓိပၸါယ္မရွိတာေတြအေပၚ နားမေယာင္ေခ်။ တဖက္သူရဲ့ ဆူပုတ္သြားတဲ့မ်က္ႏွာကို ျမင္ေတာ့ သူက ထပ္ေျပာလိုက္သည္၊ "ဘုရင္ႀကီး မင္းကို အတင္းအက်ပ္ ျပန္မေခၚေစခ်င္ဘူးဆိုရင္ မင္း အခု ငါ့ကို နားေထာင္ရမယ္။"
"မင္းနိုင္ပါတယ္!" ဒီခ်ိန္းေျခာက္မွုက အရမ္းကို ေၾကာက္စရာ။ ခ်က္ခ်င္း ေခါင္းငိုက္က်သြားရကာ ဖုန္႔ရွီတစ္ေယာက္ ဘယ္လိုကန္႔ကြက္မွုမ်ိဳးမွ ထပ္မေျပာရဲေတာ့ေပ။
ေကာင္ေလး သေဘာတူညီမွု ရသြားတာကို ျမင္ေတာ့မွ ကာလြမ္သလာ ေနာက္ဆုံးေတာ့ စိတ္သက္သာရာ ရသြားေတာ့သည္။
ေကာင္ေလးရဲ့ အထူးျဖစ္တည္မွုေၾကာင့္ ကာလြမ္သလာ ေကာင္ေလးရဲ့အျပဳအမူေတြကို အခ်ိန္တိုင္း ၾကည့္ေနရသည္၊ အဲ့လိုမွမဟုတ္ရင္ အခ်ိန္မေရြး ဖုန္႔ရွီ ေပ်ာက္သြားမွာကို သူ စိုးရိမ္ေနခဲ့ရတာျဖစ္သည္။ ကာလြမ္သလာ အခ်ိန္ျပည့္ ရင္တမမ ျဖစ္မေနခ်င္၊ အဲ့တာေၾကာင့္ အရင္ဆုံး ေကာင္ေလး ထြက္ေျပးမယ့္အႀကံ လက္ေလ်ာ့သြားေအာင္လုပ္ဖို႔သူ ဆုံးျဖတ္ခဲ့တာျဖစ္သည္။
ထင္ထားတဲ့အတိုင္း ကာလြမ္သလာ ဘုရင္ႀကီးအေၾကာင္း ထည့္ေျပာလိုက္တာနဲ႔ ေကာင္ေလး လုံးဝအရမ္းမဲ့ မျပဳမူဝံေတာ့တာျဖစ္သည္။ ဒါေပမဲ့ ဒါက ေကာင္ေလးက ဘုရင္ႀကီးကို ေၾကာက္လို႔မဟုတ္ဘဲ အျပစ္ေပးခံရမွာကိုသာ ေၾကာက္တာဆိုတာ ကာလြမ္သလာ သိသည္ေလ!
သူတို႔ရဲ့ ေခ်ာေမာခန္႔ညားတဲ့ သြင္ျပင္ေတြေၾကာင့္ သူတို႔ လမ္းေလ်ာက္ေနတဲ့အခ်ိန္မွာ လမ္းသြားလမ္းလာေတြ အေတာ္မ်ားမ်ားရဲ့ အာ႐ုံစိုက္မွုေတြ ေရာက္လာ၏။ မိန္းကေလးအမ်ားစုရဲ့အၾကည့္ေတြေကာ့ အလြန္႔အလြန္ခန္႔ညားၿပီး ေအးစက္တဲ့စရိုက္လကၡဏာရွိတဲ့ ကာလြမ္သလာေပၚ ေရာက္ေနၾကတာျဖစ္သည္။ သူတို႔အခ်င္းခ်င္း တီးတိုးဆိုသံေတြက 'သူက အရမ္းခန္႔ညားတာပဲ' ဆိုတာမ်ိဳးေတြ ျဖစ္ကာ သူတို႔ေဘးေတြက အမ်ိဳးသားေတြကို ေဒါထေစေတာ့၏။
ဖုန္႔ရွီက လမ္းေဘးေစ်းသည္ေတြဆီ အာ႐ုံေရာက္ေနတာျဖစ္တဲ့အတြက္ သူက အေျခအေနေတြကို လုံးဝ သတိမျပဳမိေခ်။
သူ လမ္းေပၚ ဟိုဟိုဒီဒီ ေလ်ာက္ၾကည့္ေနတုန္း လမ္းၾကားထဲမွာတုန္းက ကာလြမ္သလာ သူ႔ကို ေျပာခဲ့တာကို လုံးဝကို ေမ့သြားေတာ့သည္။ အင္း၊ ဒါက သူ႔အမွားခ်ည္းပဲေတာ့မဟုတ္ဘူးေလ။ ေနာက္ဆုံးအႀကိမ္အနည္းငယ္တုန္းက သူ နန္းေတာ္ကေန ထြက္လာခ်ိန္မွာ သူ လမ္းေပၚမွာ ဒီေလာက္လြတ္လြပတ္လပ္လပ္ ေလ်ာက္မသြားခဲ့ရဘူး။ အဲ့တာေၾကာင့္ သူ စိတ္ဝင္စားစရာေလးေတြ၊ အရသာရွိတဲ့အစားအေသာက္ေတြ ေတြ႕တာနဲ႔ မထိန္းခ်ဳပ္နိုင္ေတာ့ဘဲ ခ်က္ခ်င္း ခ်ည္းကပ္သြားေတာ့တာျဖစ္သည္။
အဲ့အတြက္ေတာ့ ကာလြမ္သလာ နည္းနည္းေလး အကူအညီမဲ့သလို ခံစားေနရေပမဲ့ ေကာင္ေလးက နန္းေတာ္ထဲမွာ စည္းကမ္းအရမ္းတင္းၾကပ္ခံခဲ့ရၿပီး ဒီလိုမ်ိဳး ေလ်ာက္သြားခြင့္ရတဲ့အခ်ိန္ အရမ္းရွားလို႔ျဖစ္မယ္လို႔ ကာလြမ္သလာ ယူဆလိုက္တဲ့အတြက္ ေကာ္ငေလးကို မတားေတာ့ဘဲ ေၾကာက္စရာအရွိန္အဝါေတြ ထုတ္လႊတ္ေနလိုက္ကာ နိုးနိုးၾကားၾကားပဲ ေနေနလိုက္ေတာ့၏။ အဲ့တာေၾကာင့္ ျဖတ္သြားျဖတ္လာေတြက သူတို႔ႏွစ္ေယာက္အနား မကပ္ဝံ့ၾကေခ်။
ဖုန္႔ရွီကေတာ့ အဲ့ေလာက္ သိပ္မရွည္တဲ့ လမ္းကို တစ္နာရီေလာက္ၾကာေအာင္ကို ေလ်ာက္သြားေနသည္။ အဲ့ေနာက္မွာေတာ့ သူက ၿမိဳ႕တံခါးေရွ႕ ရပ္လိုက္ၿပီး သူ႔ကိုယ္သူ အလုံအေလာက္ သိပ္မေပ်ာ္ခဲ့ရသလို ခံစားေနရဆဲျဖစ္လို႔ေနသည္။
ကာလြမ္သလာတစ္ေယာက္ ေအးစက္တဲ့အၾကည့္ေတြနဲ႔ တကိုယ္လုံး အေအးဓါတ္ေလထုေတြ ထုတ္လႊတ္ေန၏။ ကိုယ္ရံေတာ္တစ္ေယာက္အေနနဲ႔ သူ႔အရည္အခ်င္းက ရွိသင့္တာထက္ကို ပိုေနသည္။ ဒါေပမဲ့ ဘုရင္ႀကီးနဲ႔ ဦးေလးျဖဴက ဘာလို႔ ေကာင္ေလးကို တင္းၾကပ္ရသလဲဆိုတာ ေနာက္ဆုံးေတာ့ သူနားလည္သြားၿပီေလ။ ဖု႔န္ရွီက တက္ႂကြ႐ုံတင္မကေပ၊ သူက ျပႆနာ သြားမရွာရင္ေတာင္ ျပႆနာနဲ႔ အျမဲတိုးတတ္တဲ့ ၾကင္နာတတ္တဲ့သူတစ္ေယာက္လည္း
You are reading the story above: TeenFic.Net