💞 Part - 40 💞
~~~~~~~~~~~~~
ကောင်းကင်ကိုမော့ကြည့်မိသည့်အခါတိုင်း ဘာကိုလွမ်းလို့ လွမ်းရမှန်းမသိဘဲ ရင်ထဲမှာလှိုက်မောမိသလို ငယ်စဥ်ကတည်းက ကောင်းကင်ကို မော့ကြည့်တတ်စမြဲ။
တိမ်စတစ်စမှမရှိဘဲ ပြာလွင်နေသောကောင်းကင်သည် သူသဘောအကျရဆုံးသော မြင်ကွင်းတစ်ခုဖြစ်သည်။
ငယ်ဘဝမှာ အပြာရောင်ကောင်းကင်ကိုငေးရင်း စိတ်ကူးတွေယဥ်ခဲ့သည်။ အတွေးတွေ့ဖြင့်ပျော်ခဲ့ဖူးကာ အရွယ်ရောက်လာသည့်အခါမှာလည်း ကောင်းကင်ပြာပြာလေးကြောင့် သူစိတ်ကူးယဥ်ခဲ့ရပြန်သည်။
Sky ဟု အများကချစ်စနိုးခေါ်သော သူ့ရဲ့ချာတိတ်မ..
အပြာနုရောင်ဂါဝန်ကားကားလေးဖြင့် နူးညံ့သိမ်မွေ့စွာ လှနေသော သူ့ရဲ့ကောင်းကင်လေး…
"Congratulationပါ ကိုနေမင်းမဟာ ရွေးတတ်လိုက်တာနော် သတို့သမီးက တကယ်ကလေးလေးအတိုင်းပဲ လှရက်လိုက်တာ"
"ကျေးဇူးပါဗျာ"
"လူပျိုကြီးက မယူတော့လည်း မယူလို့ ယူတော့လည်း ဦးဧကန်သစ္စာရဲ့သမီးကိုမှနော်"
ဒီစကားကြောင့် ထူးဆန်းသလိုဖြစ်သွားကာ ဂဃဏနမသိသေး၍ ဧကန်သစ္စာဆိုသည့် သူမဖေဖေကို တစ်ချက်လှမ်းကြည့်မိသည်။
ရင့်ကျက်တည်ငြိမ်သော အမူအယာဖြင့် ဧည့်သည်တွေကိုပြုံးလျှက်နှုတ်ဆက်ဧည့်ခံနေကာ တစ်ချက်တစ်ချက်မှာလည်း ကိုင်းကိုလှမ်းလှမ်းကြည့်နေ၏။
"ဟုတ်တယ် မင်းမသိလို့ဖြစ်မယ် သူက သူ့သမီးကိုဥထားတာဗျာ အတော်လေးလည်းချစ်ရှာတယ် စကားအစတောင်မခံဘူး
သူတို့အမေက Blind dateတွေ ဘာတွေ စီစဥ်ပေးသေးတယ် ဒီကောင်မလေးကဖျက်လိုက်၊ သူ့မောင်ကဝင်ဖျက်လိုက်နဲ့ တစ်ခါတစ်လေကျ ဧကန်သစ္စာက ကိုယ်တိုင်ဝင်ဖျက်တာတွေတောင်ရှိတယ်"
"Aww"
"အဲ့ဒီကလေးမလေးကို မင်း ဘယ်လိုများချုပ်လိုက်တာလဲ Barမှာလာနှုတ်ဆက်ကတည်းက ငါထင်တော့ထင်ပါတယ်"
အလုပ်အတူလုပ်နေကျ၊ Barအတူထိုင်နေကျလူတွေက ဝိုင်းမေးလာတော့ သူ ပြုံးရုံသာပြုံးမိကာ ဘာမှမပြောဖြစ်။
ဘယ်သူကချုပ်လိုက်သလဲတော့မသိသလို ကိုယ့်မှာတော့ ဒီကလေးမလေးကြောင့်ပဲ ကမောက်ကမတွေဖြစ်ကုန်တာမလား…
နေသာကိုယ်တိုင်ချုပ်ပေးထားသည့် ဂါဝန်ရှည်လေးက ကိုင်းရဲ့ကိုယ်မှာကပ်ချပ်နေကာ မိတ်ကပ်ဆရာရဲ့ ပြင်ဆင်ခြယ်သမှုကြောင့် သူမ ပိုလှနေသည်။
သူမ,ချစ်သော ကြည်ပြာရောင်နှင်းဆီပန်းတွေဖြင့် အခမ်းအနားကိုအလှဆင်ထား၍ သူမ,ပျော်နေကာ နေသာခွံ့ကျွေးနေသမျှကို စားသောက်နေပြီး Seaကတော့ သူမတို့နှစ်ယောက်ကို လွှတ်ထားဟန်ဖြင့် ခေါင်းတခါခါဖြစ်နေသည်။
ထိုပုံရိပ်လေးဟာ သူ့ရင်ဘတ်ထဲ၊ သူ့ခေါင်းထဲမှာ စွဲမြဲနေမည့်ပုံရိပ်လေးဖြစ်ကာ ခဏအကြာမှာတော့ ဂါဝန်စကို မ ပြီး အနားပြန်ရောက်လာသည်။
"ဦး နှုတ်ခမ်းနီတွေပျက်ကုန်ပြီလား ကြည့်ပါဦး"
"မပျက်ပါဘူး ပျက်ချင်းပျက် ကိုယ့်ကြောင့်ပဲပျက်မှာ"
"ဦးနော်"
"ကဲ..လာပါဦး ချစ်မဝလေးရဲ့"
"လာဘူး"
"ဧည့်သည်တွေကို ဧည့်ခံရဦးမယ်လေ"
ထိုအခါမှ လက်မောင်းကိုချိတ်တွယ်လာသည့် သူမလက်ကလေးကို ဆုပ်ကိုင်ထားလိုက်ရင်း ဧည့်သည်တွေကို လိုက်ဧည့်ခံရင်း မောရကောင်းမှန်းလည်းမသိ။
အချစ်ဟာ ဒီလောက်အထိပြုစားတတ်မှန်း အခုမှ အတိအကျသိရသလို သူ့လက်မောင်းပေါ် ချာတိတ်၏ပါးဖောင်းဖောင်းလေး ကပ်ထားခြင်းကြောင့် အရာရာကိုရင်ဆိုင်ဖို့ အမောတွေပြေနေခဲ့သည်။
"ဦး cocktailနည်းနည်းသောက်ချင်တယ်"
"ဧည့်သည်တွေပြန်မှသောက်လေ နော်! အဲ့ကျမှ စိတ်ကြိုက်သောက် မူးပြီးမှောက်သွားရင် တွဲပို့မယ့်ယောကျာ်းရှိတယ် ဟုတ်ပြီလား"
"တကယ်လား"
"တကယ်ကြီးလည်းမလုပ်ရဘူး ဒီညကမင်္ဂလာဦးညလေ"
ပြုံးစိစိဖြင့် ခေါင်းလေးခါပြသော ချာတိတ်မလေးကို နဖူးလေးရှိုက်ခနဲနမ်းပစ်လိုက်သည့်အခါ သူမမျက်နှာလေး ပြုံးမြသွားတော့၏။
မဟုတ်လည်း သူစားချင်လာလျှင် ဆွဲစားပစ်တာပဲမို့ ညတိုင်းဟာ မင်္ဂလာဦးဖြစ်နေခဲ့တာပဲ…
💞💞💞💞💞
ကြည်လင်ချောမွေ့နေသော ဦးရဲ့မျက်နှာက အမြဲလိုလိုထည်ဝါနေကာ ဘယ်အချိန်ကြည့်ကြည့် ပင်ပန်းနွမ်းနယ်နေတာမျိုးလည်းမရှိ။
ကိုင်းတို့အတူနေသည့်အချိန်တွေမှာတောင် ကိုင်းကသာပင်ပန်းသွားတတ်ပေမယ့် ဦးရဲ့ချောမောခန့်ညားမှုကြီးက လျော့ပါးမသွားတာမို့ ခေတ်စကားနှင့်ပြောရလျှင် အဆင်ကြီးဖြစ်သည်။
နာရီကိုချွတ်ကာ စားပွဲပေါ်တင်လိုက်ပြီး ဖိနပ်ကိုလည်းငုံ့ချွတ်နေရင်း ကိုင်းကိုလှည့်ကြည့်လာ၍ ဘာလဲဟု မေးဆတ်ပြလိုက်သည်။
"ငြိမ်နေပါလား ခလေးလေး"
"ဦးကိုငေးနေတာ ချောလို့"
"အဲ့ဒါမင်းရဲ့ယောကျာ်းလေ အဟွန်း!"
ဝေ့စကုတ်ကိုလည်းချွတ်ကာ ရှပ်လက်ရှည်သာကျန်တော့မှ သက်သောင့်သက်သာအနေအထားဖြင့် ကိုင်းဘက်ကိုမျက်နှာလှည့်လာကာ တစ်ကိုယ်လုံးကိုဆွဲယူသည်။
ရင်ခွင်ထဲထွေးပွေ့ထားရင်း အနမ်းတစ်ပွင့်က နဖူးပေါ်ဆင်းသက်လာပြီးနောက် ပါးပြင်နှစ်ဖက်လုံးကို နမ်းရှိုက်လာတာက ယုယုယယ…
ရင်တွေလည်းခုန်သွားမိကာ ခြေဖျားလက်ဖျားတွေပါ အေးစက်လာပြီး ဦးကိုမော့ကြည့်မိတော့ ဦးက ခေါင်းအနည်းငယ်စောင်းပြီး ကိုင်းနှုတ်ခမ်းတွေကို စုပ်ယူနမ်းရှိုက်လာ၏။
သူမ မျက်နှာလေးမော့ထားလိုက်ပြီး ဦးလည်ပင်းကိုပြန်ဖက်ထားလိုက်တော့ အနမ်းတွေက ပိုပြီးကြမ်းရှလာခဲ့ကာ ကိုင်းကိုယ်လေးကို ဖွဖွလေးပွတ်သပ်လာသည်။
"ဒီညကိုယ်နဲ့နေဖို့စိတ်ပါရဲ့လား ချာတိတ်"
"မပါရင်ရော ဦးကလွှတ်ပေးမှာလား"
"ဘယ်တုန်းကလွှတ်ဖူးလို့လဲ မပါသေးရင် ပါအောင်ဆွဲဆောင်ရမယ်လေ မဟုတ်ဘူးလား"
ကိုင်းကိုယ်လေးကို မွေ့ရာပေါ်ဖိချလိုက်ပြီး အပေါ်မှအုပ်မိုးလာကာ လည်တိုင်မှာတိုးဝှေ့နမ်းရှိုက်ရင်း ကိုင်းဝတ်ထားသမျှကို တဖြည်းဖြည်းချွတ်ယူနေခဲ့သည်။
"ကိုယ့်ချာတိတ်လေးက ဆိုးနေပါလား"
အပြုံးတစ်ချက်ဖြင့် ကိုင်းကိုယ်ပေါ်အုပ်မိုးလာကာ နှုတ်ခမ်းတွေကို ထပ်ပြီးအပိုင်သိမ်းလာသော ဦးသည် လက်တွေကလည်း အငြိမ်မနေနိုင်ဘဲ တစ်ကိုယ်လုံးကိုပွတ်သပ်နေ၏။
ထို့နောက် နှုတ်ခမ်းတွေကိုလွှတ်ကာ လည်တိုင်ဆီဆင်းသက်သွားပြီး ထိုမှတစ်ဆင့် နွေးခနဲစိုစွတ်သွားခဲ့သောရင်သားတစ်ဖက်…
ဦးက ရင်သားနုနုတွေကို ငုံထွေးစုပ်ယူပြီး ကိုင်းမျက်နှာလေးကိုငုံ့ကြည့်လာတော့ ဘာကြောင့်မှန်းမသိပေမယ့် သူမ ရှက်သွားမိသည်။
"အဲ့လိုကြီးမကြည့်နဲ့"
"ကိုယ်နဲ့နေတာ ဘယ်နှခါရှိနေပြီလဲ ရှက်နေတုန်းပဲလား"
"အင်း"
"အဲ့ဒါဆိုမျက်လုံးမှိတ်ထား.. ပြီးတော့ ဒီညမိုးလင်းချင်လင်းသွားနိုင်တယ်နော် ချာတိတ်"
"အ!"
ပြောပြောဆိုဆိုဖြင့် သူမကိုယ်လေးထဲတိုးဝင်လာသောတင်းကြပ်မှုကြောင့် နှုတ်ခမ်းလေးကိုက်လိုက်မိကာ ဦးက ထိုနှုတ်ခမ်းတွေကို ငြင်သာစွာငုံ့နမ်းလာ၏။
ထို့နောက် ဆင့်ကဲလာသောအထိအတွေ့ကြောင့် ဦးကျောပြင်ကြီးကိုပဲ သိုင်းဖက်ထားလိုက်ရင်း ကိုင်းမင်မောရလွန်းသောခံစားချက်တွေကြား အလိုက်သင့်စီးမျှောသွားခဲ့မိသည်။
ရံဖန်ရံခါကြမ်းတမ်းသော၊ ရံဖန်ရံခါနူးညံ့လွန်းသော ထိုထိတွေ့မှုဟာ ကိုင်းတို့ကြားက ချစ်ခြင်းရဲ့သက်သေတွေသာဖြစ်ပြီး ဦးကိုအလိုလိုက်ရသည့်အခါတိုင်း ကိုင်းကြည်နူးမိသည်။
"ချွေးတွေတောင်ထွက်နေပြီ ကိုယ့်ခလေးက"
နဖူးလေးကိုထပ်နမ်းရင်း ကိုင်းကိုပွေ့ဖက်ကာ ပြောလာတော့ ဦးရင်ခွင်ထဲအတင်းတိုးဝင်ရင်း သူမ,ခေါင်းညိတ်မိသလို ခေါင်းလည်းခါမိသည်။
မောတော့မောပေမယ့် မောရကောင်းမှန်းလည်းမသိခဲ့ဘူးမဟုတ်လား…
"စောစောအိပ်မယ်နော် မင်း တစ်နေကုန်ပင်ပန်းထားတာ"
"မနက်ဖြန်ဘယ်အချိန်မှ သွားရမှာလဲ"
"ညဘက်မှပါ ကိုယ့်ခလေးလေးပင်ပန်းမှာစိုးလို့ သေချာညဘက်ကိုယူထားတာ ဒါနဲ့ကွာ Amsterdamက ကိုယ်တို့အမှတ်တရတွေ အများကြီးပဲနော် Tulipပန်းတွေရော၊ dinner dateရော
ပြီးတော့"
"ဦး တော်ပြီ"
"ကိုယ် လူပျိုရည်ပျက်သွားတဲ့ညလေးရော"
"ကိုင်းလည်းအဲ့လိုပါပဲ သူ့ကျမှထူးပြီး လူပျိုရည်ပျက်သွားတဲ့အတိုင်းပဲ နစ်နာနေဦးမယ်သိလား ဦးမဟာ.. ဖယ်ပေး.. နှာဘူးမကျနဲ့.. အို! ဟင့်အင်း"
"စောစောကတော့ အိပ်မလို့ပဲ အခုကျအသည်းယားလာလို့ မရတော့ဘူး စောလည်းစောသေးတယ်"
"အမြဲတမ်းအဲ့အတိုင်းပဲ ဘယ်တော့မှတစ်ခါနဲ့မကျေနပ်ဘူး နှာဘူးကြီး"
အမြင်ကတ်ကတ်ဖြင့် ကျိန်ဆဲထုနှက်မိပေမယ့် ဦးက ရယ်သံသဲ့သဲ့ဖြင့် ခြေထောက်တစ်ဖက်ကိုဆွဲမ,ကာကိုင်းဆီတိုးဝင်လာပြန်၍ မကျေနပ်သော်ငြား ကြည်ဖြူပေးလိုက်ရသည်။
ဦးသည် ဘယ်နေရာမှာပဲလူကြီးလူကောင်းဆန်နေနေ အိပ်ရာပေါ်ရောက်လာသည်နှင့် သွေးဆာနေသောသားရဲတစ်ကောင်လို သူမကိုအမဲဖျက်တတ်မြဲ…
ဒါ့အပြင် ဦးဘယ်လောက်ဆိုးနေနေ ကိုင်း အလိုမလိုက်ဘဲမှမနေနိုင်ခဲ့တာ…
💞💞💞💞💞
"ချာတိတ် ထတော့လေ"
နဖူးလေးကိုငြင်သာစွာနမ်းရင်း နှိုးလိုက်တော့ သူမကမျက်လုံးလေးဖွင့်ကြည့်ကာ ရင်ခွင်ထဲမျက်နှာလေးကပ်ပြီး ပြန်အိပ်နေပြန်သည်။
ဒီလိုချက်ချင်းမထတတ်သော ကလေးပိစိလေးကြောင့် တစ်ကိုယ်လုံးကိုပွေ့ယူကာ ရေချိုးခန်းထဲဝင်လာတော့ သူမက နှုတ်ခမ်းလေးစူထော်ကာ…
"အိပ်ချင်ပါသေးတယ်ဆို ဦးကလည်း"
"ထပါကွာ မေမေက မင်းနဲ့မနက်စာစားဖို့စောင့်နေတာ လူကြီးကိုတော့ မစောင့်ခိုင်းသင့်ဘူးလေ ပြီးရင်shoppingထွက်ဦးမယ်ဆို"
"အိပ်ပြီးမှထွက်မယ်"
"မထသေးရင် ထပ်စားပစ်မှာနော် ချာတိတ် စောစောစီးစီးတစ်ပွဲဖြစ်အောင်မလုပ်နဲ့"
ထိုအခါမှ မျက်လုံးလေးဖွင့်ကာ နှုတ်ခမ်းကိုလည်းအစွမ်းကုန်စူထော်ပစ်ပြီး သူ့လက်ပေါ်ကခုန်ဆင်းသွားသည့် ကလေးဆိုးလေးကြောင့် သဘောတကျရယ်လိုက်မိသည်။
သူ့ကိုထိမှာတော့ ကြောက်သလိုရှိပေမယ့် တကယ်ထိလာရင်လည်း လိုက်လျောတတ်သော ချစ်ဇနီးလေး…
"ကလေးက ဆင်းမလာသေးဘူးလား"
"မျက်နှာသစ်နေတယ် မေမေ ကျွန်တော်ဘာလုပ်ပေးရဦးမလဲ"
"ရပါပြီ စားဖို့ပဲလိုတော့တယ် ပြီးရင် သမီးဖို့လိုတာတွေလိုက်ဝယ်ပေးလိုက်ဦးနော် ကိုယ့်ဆီရောက်လာမှ ကလေးကမပျော်တာမျိုးမဖြစ်စေနဲ့"
ကလေးချင်းထပ်နေပါလား…
သူတစ်ချက်ပြုံးလိုက်မိကာ သူမနဲ့မေမေ လိုက်ဖက်ညီနေမှလည်း အိမ်ထောင်ရေးဟာ ပိုပြီးသာယာမှာမို့ မေမေ သူမကိုအလိုလိုက်နေသမျှ မတားဆီးဖြစ်။
ကိုယ်တိုင်ကလည်း ဒီကလေးမလေးကို အလိုလိုက်ယုယဖို့ စိတ်ကူးတွေရှိထားသည်မလား…
"လာပါပြီရှင်"
ပန်းရောင် Mickey mouseဝတ်စုံလေးဖြင့် ခုန်ပေါက်ဝင်လာသောသူမကိုကြည့်ကာ မေမေကပြုံးပြုံးကြီးပြောတော့ သူမက မေမေ့ပါးကိုရွှတ်ခနဲနမ်းပြီး သူ့ဘေးမှာဝင်ထိုင်၏။
အခုမှ မိန်းမဖော်ရသွားသည့်မေမေက သူမကို သမီးလေးတစ်ယောက်လို အရိပ်တကြည့်ကြည့်…
"နောက်ရက်ကျ သမီးချက်မယ်နော်"
"ဘာချက်တတ်လဲ သမီးက"
"အဲ့လိုလည်းမချက်တတ်ဘူး မေမေက ဘေးကနေပြောပေးလေ ဟီး!"
"အဲ့ဒါဆိုမချက်ပါနဲ့ တော်ကြာဆီပူတွေလောင်ကုန်လိမ့်မယ် လုပ်နေကျမဟုတ်ဘူးမလား ဘာလို့ချက်မှာလဲ"
"ဦးကိုချက်ကျွေးချင်လို့"
"အမလေး သမီးရဲ့ဦးက တစ်သက်လုံးမေမေချက်ကျွေးတာပဲစားလာတာပါ အခုမှထူးပြီးဘာဖြစ်တာလဲ မဟာ"
"သားဘာမှမလုပ်ခိုင်းပါဘူး ဒါပေမယ့် သူချက်ကျွေးမယ်ဆိုတော့လည်း စားချင်သွားပြီ"
မေမေက ပိုရန်ကောဆိုသည့်အကြည့်မျိုးဖြင့် မျက်စောင်းချီလာသည့်အခါ ကိုင်းက တစ်ကိုယ်လုံးလှုပ်ခတ်သည်အထိ တခစ်ခစ်ရယ်နေတော့၏။
တကယ်ပါ…
သူ့တစ်ဘဝလုံးကို ဒီဟာလေးနဲ့သာ ကုန်ဆုံးသွားချင်ပါတော့သည်။
💞💞💞💞💞
Part 41 (ဇာတ်သိမ်းပိုင်း) ဆက်ရန်
စာဖတ်သူတစ်ဦးချင်းစီကိုလေးစားလျက်
~~~~~~~~~~~~~~~~~
💞 Part - 40 💞
~~~~~~~~~~~~~
"ကျေးဇူးပါဗျာ"
"Aww"
ဘယ်သူကချုပ်လိုက်သလဲတော့မသိသလို ကိုယ့်မှာတော့ ဒီကလေးမလေးကြောင့်ပဲ ကမောက်ကမတြွေဖစ်ကုန်တာမလား…
သူမ,ချစ်သော ကြည်ပြာရောင်နှင်းဆီပန်းတြွေဖင့် အခမ်းအနားကိုအလှဆင်ထား၍ သူမ,ပျော်နေကာ နေသာခွံ့ကျွေးနေသမျှကို စားသောက်နေပြီး Seaကတော့ သူမတို့နှစ်ယောက်ကို လွှတ်ထားဟန်ဖြင့် ခေါင်းတခါခါဖြစ်နေသည်။
"ဦးနော်"
"လာဘူး"
"ဧည့်သည်တြွေပန်မှသောက်လေ နော်! အဲ့ကျမှ စိတ်ကြိုက်သောက် မူးပြီးမှောက်သွားရင် တွဲပို့မယ့်ယောကျာ်းရှိတယ် ဟုတ်ပြီလား"
"တကယ်လား"
💞💞💞💞💞
"ငြိမ်နေပါလား ခလေးလေး"
ဒီနောက်ပိုင်းမှာ ဦးက သိပ်ကျွမ်းကျင်လာပြီဖြစ်ကာ အချိန်အကြာကြီးမပေးရတော့ဘဲ သူမတစ်ကိုယ်လုံးnakedဖြစ်သွားတော့၏။
အမြင်ကတ်စရာကောင်းသော ထိုလူကြီးမှာတော့ အဝတ်တွေရှိနေဆဲမို့ သူ့အင်္ကျီကြယ်သီးတွေပါ အတင်းဆွဲဖြုတ်ပြီးလွှင့်ပစ်လိုက်တော့ ဦးက ခပ်တိုးတိုးရယ်လေသည်။
"အဲ့လိုကြီးမကြည့်နဲ့"
"အင်း"
"အ!"
ပြီးတော့"
"ဦး တော်ပြီ"
💞💞💞💞💞
"ချာတိတ် ထတော့လေ"
"အိပ်ပြီးမှထွက်မယ်"
ကလေးချင်းထပ်နေပါလား…
"လာပါပြီရှင်"
"ဘာချက်တတ်လဲ သမီးက"
တကယ်ပါ…
💞💞💞💞💞
#shinthant1141997
You are reading the story above: TeenFic.Net