💞 Part - 30 💞
~~~~~~~~~~~
"စာမေးပွဲအောင်တာဂုဏ်ယူပါတယ် ကိုယ့်ရဲ့princessလေး"
"ကျေးဇူးပါ ဦးကိုချစ်လိုက်တာ"
သူ မသိအောင်ဖြေထားခဲ့သည့် MBA ဝင်ခွင့် Resultထွက်ပြီမို့ ကိုင်းက ကျောင်းတက်ခွင့်လျှောက်ရုံသာကျန်ကာ တစ်နည်းပြောရရင် သူမဟာကိုယ့်အနားက ထွက်ခွာဖို့လပိုင်းလောက်သာလိုတော့သည်။
လျှောက်လွှာတင်ခဲ့စဥ်အချိန်က စိတ်ဆိုးမိပေမယ့် သူမလေးကို မြတ်နိုးရလွန်း၍ ကြာကြာစိတ်မဆိုးနိုင်ခဲ့။
အခုလည်းကိုင်းရဲ့ကြိုးစားမှုကို အသိအမှတ်ပြုပေးချင်၍ နှင်းဆီပန်းစည်းကြီးဝယ်လာပေးတော့ သူမက အကြည့်မလွှဲနိုင်အောင် သဘောကျနေသည်။
"ကျောင်းသွားတက်ရင် ဘယ်လောက်ကြာမှာလဲ"
"၄နှစ်တည်းပါ ဦးရဲ့"
"၄နှစ်တောင်လား"
သူ စိတ်ပျက်သွားမိသလို ထို၄နှစ်မှာ ဘယ်လိုများနေရမလဲဟု အတွေးဖြင့် စိတ်တွေလေးလံသွားမိသည်။
သူသည် ကိုင်းကို နေ့ရောညပါ အပိုင်လိုချင်နေပြီမို့ ၄ရက်လောက်တောင် ခွဲမနေချင်တော့တာ သေချာနေခဲ့ပြီဖြစ်သည်။
သူမ ကိုယ့်အတွက် ဘာမှမခံစားရဘူးလား…
"ကိုယ်မလွှတ်ချင်သေးဘူး မသွားပါနဲ့လား ကိုင်းရယ်"
"ဦးကလည်း ကိုင်းလည်းဘယ်သွားချင်ပါ့မလဲ ဒါပေမယ့် ဒါကကိုင်းရဲ့မျှော်လင့်ချက်လေ ဦးအပေါ် အချစ်တွေလျော့မှာလည်းမပူနဲ့သိလား ဦးကိုပဲပိုပိုပြီးချစ်မှာ"
"ကိုယ်သိပါတယ် ဒါပေမယ့် ကိုယ်မှမလွှတ်ချင်တော့တာ မင်းကိုစိတ်မချဘူး"
"ကိုင်း ကလေးမဟုတ်တော့ပါဘူး ဦးရဲ့"
စာမေးပွဲresultကို ကြားလိုက်ပြီးကတည်းက ဒီပြဿနာစတော့မှန်း သူသိသည်။
ဖြစ်နိုင်ရင် သူမကို ဘယ်ကိုမှမသွားစေချင်သလို သူ့မျက်ကွယ်မှာလည်း အချိန်အကြာကြီးလွှတ်မထားနိုင်။
သူမကိုကြည့်တော့လည်း အရှုံးမပေးချင်သည့်အကြည့်တွေဖြင့်…
"မင်းက မင်းရဲ့ဆုံးဖြတ်ချက်တစ်ခုကြောင့် ကိုယ်နဲ့ပဋိပက္ခဖြစ်အောင် လုပ်နေတာလား ကိုင်း"
"မသွားစေချင်ရင် အကြောင်းပြချက်ပေးလေ စိတ်မချတာတွေ ကိုင်းမကြားချင်ဘူး သူများအရမ်းမျှော်လင့်ခဲ့မှန်းသိရဲ့သားနဲ့ ဦး အတ္တမကြီးနဲ့"
"မျှော်လင့်ထားမှန်းသိတယ် ကိုင်း"
"အဲ့ဒါကို ဘာလို့တားနေတာလဲ ဦး ကိုယ်ချင်းမစာမနာ"
"မင်းဆန္ဒကို ကိုယ်အလေးထားစေချင်တယ်မလား ကိုယ့်ဆန္ဒကိုလည်းပြန်အလေးထားလေ မသွားစေချင်ဘူး မသွားရဘူး ကိုယ်နဲ့လက်ထပ်ရမယ်"
"ဟင့်အင်း"
နည်းနည်းလေးတောင်မစဥ်းစားဘဲ ကိုင်းငြင်းလိုက်သည်မို့ သူ ဖျင်းခနဲဖြစ်ကာဒေါသဖြစ်သွားပြီး သူမ ပခုံးတွေကို ကြမ်းကြမ်းတမ်းတမ်းပင်ဆုပ်ကိုင်ပစ်လိုက်မိသည်။
ချစ်လွန်းလို့ ရူးမတက်ဖြစ်နေသော ဒီလူကို သူမ တကယ်ပဲငြင်းရက်သလား…
"မင်း ငြင်းလိုက်တာလား"
"ဟုတ်တယ်လေ မလိုအပ်ဘဲသဝန်တိုနေတဲ့ဦးကို ကိုင်းက ဘာလို့လက်ထပ်ရမှာလဲ တကယ်ဆို ကိုင်းကိုနားလည်ပေးသင့်တာ"
"မင်းကို နားလည်ပေးဖို့လိုအပ်နေရင် ငါ့ကိုအရင်နားလည်ပေးလိုက် ငါ့ကိုမင်းမချစ်ဘူးလား အဲ့ဒီကိုမသွားရလည်း ဘာအရေးလဲ မင်းလိုချင်သမျှ ငါအကုန်ဖန်တီးပေးနိုင်တယ်"
ဒေါသဖြစ်လွန်း၍ မင်းတွေ၊ ငါတွေဖြစ်ကုန်တာကိုလည်း သူသတိမထားနိုင်။
သူမ နာကျင်ပြီး ရုန်းထွက်နေတာကိုလည်း ဂရုမပြုနိုင်ဘဲ စိတ်ရှိလက်ရှိဖိဆုပ်ထားမိဆဲ။
"ဖယ်ပေး ကိုင်းကိုလွှတ်.. မုန်းတယ်"
သူ့ရင်ဘတ်ကို အတင်းတွန်းဖယ်ကာ သူ့လက်ထဲကပြန်ရုန်းဖို့ကြိုးစားနေသော ကိုင်းကို စူးစိုက်ကြည့်မိလေ၊ ဒေါသဖြစ်လာလေ…
ဒါ ဘယ်လောက်ရင်နာဖို့ကောင်းတဲ့ အပြုအမူမျိုးလဲ…
"မရဘူး မလွှတ်ဘူး မင်းပါးစပ်ကမသွားတော့ပါဘူး လို့ မပြောမချင်းမလွှတ်ဘူး"
"ရူးနေပြီသိလား ရှင် ရူးနေပြီ"
"ကိုင်း"
"မခေါ်နဲ့ ရှင့်ကို ကိုင်းအံ့သြလွန်းလို့ သေတော့မယ်သိလား ရှင်က ကိုယ့်ချစ်သူရဲ့အောင်မြင်မှုကို ဖျက်ဆီးပိတ်ဆို့ချင်နေတာ ရှင်မရက်စက်ဘူးလား"
ကိုင်းစိတ်ဆိုးလာသလို သူ့ရင်ဘတ်ကို ထုနှက်ဒေါသဖြစ်နေသည်ကို ကြည့်ရင်း တုန်လှုပ်သွားမိသည်။
သူမ ဤမျှအထိစိတ်ဆိုးပေါက်ကွဲနေတာမျိုး သူတစ်ခါမှမမြင်ဖူးခဲ့ဘဲ မျက်နှာတစ်ခုလုံးနီမြန်း တောက်ပနေသည့် သူ့ရဲ့ချစ်စရာအရုပ်ကလေး။
"မရက်စက်ဘူး ကိုင်း ငါချစ်တဲ့မိန်းကလေးကို ငါ့အနားမှာပဲရှိနေစေချင်တာ မင်းကိုပြောခဲ့သားပဲ"
"ဟင့်အင်း မသိချင်ဘူး ကိုင်းဘဝမှာနောင်တအရမိဆုံးက ရှင့်ကိုချစ်မိခြင်းပဲ ရှင့်ကိုတစ်ခါမှ မဆုံဖူး မမြင်ဖူးတဲ့နေ့တွေကို ပြန်သွားချင်တာသိလား ရှင့်ဆီကနေအဝေးဆုံးကို ပြေးထွက်သွားချင်တာ"
သူမဒေါသတကြီးအော်ဟစ်ရင်း သူ့ရင်ဘတ်ကိုထုရိုက်နေတော့ လက်ကလေးနှစ်ဖက်လုံးကို ချုပ်ကိုင်ပစ်လိုက်ပြီး သူမကိုယ်လေးကို တင်းကြပ်နေအောင်ပွေ့ဖက်ထားလိုက်သည်။
ထိုစကားတွေကို မကြားချင်။
သူမမှတစ်ပါး မြတ်နိုးစရာမရှိတာမို့ သူ့ဆီက ဘယ်ကိုမှသွားခွင့်မပေးနိုင်…
"မရဘူး အဲ့ဒီတစ်ခုကလွဲရင် ငါအကုန်ပေးနိုင်တယ် မင်းဖြစ်ချင်တာ၊ မင်းလိုချင်တာမှန်သမျှအားလုံး ငါအကုန်ပေးနိုင်တယ် မင်းဘဝတစ်ခုလုံး ပြည့်စုံခမ်းနားအောင် ငါစီစဥ်ပေးနိုင်တယ် မသွားရဘူး"
"မလိုချင်ဘူး ဦးနေမင်းမဟာ ကျွန်မဘဝက ရှင်မရှိလည်းဖြစ်တယ် အဲ့လောက်ထိမလိုအပ်ဘူးသိလား ရှင်နဲ့ကိုင်းပြတ်ပြီ တကယ်ပြတ်ပြီ ဘယ်တော့မှလာမပတ်သတ်နဲ့"
သူ့ရင်ထဲနာသွားပြီး ခံပြင်းစိတ်၊ ဒေါသစိတ်တွေဖြင့် ဖက်ထားသည့်လက်တွေကို လွှတ်ချလိုက်တော့ ကိုင်းသည် သူ့ရင်ဘတ်ကိုတွန်းဖယ်ပစ်ကာ မျက်ရည်တွေကို ကြမ်းကြမ်းတမ်းတမ်းသုတ်ပစ်သည်။
ပြီးမှ စားပွဲပေါ်ချထားသည့်နှင်းဆီပန်းစည်းကိုယူပြီး သူ့ရင်ဘတ်ကိုပစ်ပေါက်ကာ ထို့ထက်နာကျင်ရသည်က သူမရဲ့စကားတွေ…
"ကိုင်းတို့ ရွေးချယ်ခဲ့၊ ကျေနပ်ခဲ့ကြတာမှန်ပေမယ့် ကိုင်းဘဝကိုထားခဲ့ပြီး ရှင့်နောက်ကိုမလိုက်နိုင်ဘူး ဦးနေမင်းမဟာ ကိုင်းကိုချုပ်ကိုင်ဖို့မကြိုးစားပါနဲ့"
တစ်ခါမှမကြားဖူးခဲ့သော အသုံးအနှုန်းတွေဖြင့် ကိုင်းခက်ထန်မာကြောနေခဲ့တော့ သူပိုပြီးနာကျင်ရသည်။
သူမကိုချစ်လွန်းလို့ ဒီလိုဖြစ်နေတာရော ကိုင်း သိရဲ့လား။
"Okလေ မင်းလည်း မင်းလမ်းမင်းလျှောက် ငါလည်းငါ့နေရာနဲ့ငါ ဆက်ရှိနေရုံပဲ တစ်ပိုင်းတည်းနဲ့ ဇာတ်သိမ်းခန်းလှလှလေးဖြစ်ဖို့မျှော်လင့်ခဲ့မိတာ ငါပဲမှားခဲ့တာ"
"ရှင့်ကိုမုန်းတယ်"
သူမ နာနာကြည်းကြည်းပြောပြီး လှည့်ထွက်သွား၍ သူအံကြိတ်မိပေမယ့် မျက်ရည်တစ်စက်သည် လွင့်ခနဲ။
ကိုယ်မှားသွားတယ် ခလေးရယ်
မင်းထွက်မသွားဖို့ ဖြစ်တဲ့နည်းနဲ့ဆွဲထားခဲ့ရမှာ…
မင်းရှေ့မှာ ဒူးထောက်ပြီးတော့ပဲဖြစ်ဖြစ်၊ မင်းကိုတင်းတင်းကြပ်ကြပ် ဖက်ထားပြီးတော့ပဲဖြစ်ဖြစ်…
မင်းကိုဆွဲမထားမိခဲ့တဲ့ အချိန်လွန်နောင်တတွေနဲ့ ကိုယ်မပျော်ပါဘူး ချာတိတ်ရယ်…
💞💞💞💞💞
"မုန်းတယ် ဦးကိုမုန်းတယ်"
ကိုင်း ငိုယိုပြီးစိတ်ဆိုးပေါက်ကွဲခဲ့စဥ်က Seaသည်သူမကို ဒီအတိုင်းထိုင်ကြည့်နေခဲ့ပြီး ညပိုင်းကျမှ စကားစသည်။
"နင့်လူကြီးက နင့်အပေါ်ချစ်ပါတယ်ဟာ အေးအေးဆေးဆေးဆုံးဖြတ်ပေါ့"
"ငါ သူနဲ့ပြတ်ခဲ့ပြီ"
Seaက ကိုင်းကိုခပ်လှောင်လှောင်ပြုံးရုံမက တဟားဟားရယ်ကာ ကိုင်းရဲ့အိပ်ယာပေါ် ပက်လက်ကြီးလှဲအိပ်သည်။
"နင်တို့ကကွာ ဘာမဟုတ်တဲ့ပြဿနာလေးနဲ့ တစ်ယောက်ကလည်းအနားကထွက်မသွားဖို့ ဇွတ်တား တစ်ယောက်ကလည်းသွားမှာပဲဆိုပြီး ဇွတ်စီစဥ် နှစ်ယောက်စလုံးက အတ္တတွေ၊ မာနတွေ ပြိုင်နေကြတာ"
"နင် ငြိမ်ငြိမ်လေးနေစမ်းပါ"
"မနေပါဘူး နင်တို့က တစ်ယောက်အတွက်တစ်ယောက်စဥ်းစားပေးတာမျိုးမှမရှိဘဲ ငါ့အတွက် ငါ့အနား ငါပဲ ငါပဲ"
"အစုတ်ကောင်"
ကိုင်း ခေါင်းအုံးကိုဆွဲယူပြီး အားရပါးရတဘုန်းဘုန်းထုရိုက်ပစ်တော့ Seaက အသံကျယ်ကြီးဖြင့်ရယ်ကာ အခန်းအပြင်ထိထွက်ပြေးသွားသည်။
တကယ်လည်း Seaပြောတာမှန်နေတာမို့ ကိုင်း သက်ပြင်းလေးချပြီး နံရံမှာမှီချပစ်လိုက်တော့ ပျော့ခွေသွားမိသည်။
သို့သော် ဦးဘက်ကအလျှော့မပေးတာမို့ ကိုင်း စိတ်ဆိုးချင်ပြီး စကားမပြောဘဲ အကြာကြီးပစ်ထားဖို့ စိတ်ကူးလိုက်သည်။
MBAတက်ဖို့ တစ်ချိန်လုံးစိတ်ကူးယဥ်ခဲ့ရသည့် ကိုင်းအနေဖြင့် လက်တစ်ကမ်းရောက်နေသော အခွင့်အရေးကိုလည်း လက်မလွှတ်ချင်။
ဦးဘက်ကလည်းအလျှော့မပေးသလို ကိုင်းကလည်း အလျှော့မပေးနိုင်တာမို့ အဆက်အသွယ်ပြတ်ခဲ့ကြရင်း ကိုင်းသည် မနေနိုင်အောင် ဦးကိုလွမ်းလာမိသည်။
တကယ်ဆို ဦးက ကိုင်းကိုအရမ်းချစ်ခဲ့တာမဟုတ်လား…
"အရမ်းချစ်ခဲ့လို့ပဲ ခုလိုမသွားစေချင်တာ"
ကိုင်း နောင်တရသွားမိသလို ဦးနဲ့အတူနေဖို့၊ ဦးကိုလက်ထပ်ဖို့စိတ်ကူးတွေဖြင့် ဦးဆီဖုန်းဆက်ကြည့်သည့်အခါ ဖုန်းပိတ်ထား၏။
တစ်ရက်လုံးခေါ်နေသည့်တိုင် ဖုန်းပိတ်ထားသောကြောင့် ကိုကျော်စွာ့ကိုခေါ်မိတော့ ကိုကျော်စွာကလည်း ဖုန်းပိတ်ထားသည်။
ရုံးကိုလိုက်သွားတော့လည်း ဦးကမရှိသလို ဘယ်ကိုခရီးထွက်သွားမှန်းလည်း ဘယ်သူမှမသိလိုက်ကြ။
ထို့ကြောင့် လမ်းပျောက်သွားသလိုခံစားမိ၍ ဘဘဆီကို ကိုင်းတစ်ယောက်တည်းရောက်သွားသည့် အခါ ဘဘက စိုက်ခင်းထဲမှာ ပေါင်းတွေနှုတ်နေချိန်ဖြစ်သည်။
"သမီးတစ်ယောက်တည်းလား"
"ဟုတ်.. ကိုင်း ဦးဆီဖုန်းဆက်လို့မရလို့ ဘဘများသိမလားလို့လေ ပြီးတော့ ကိုင်း ဘဘကိုရင်ဖွင့်စရာလည်းရှိလို့ပါ"
ကိုင်း ဘဘကို အားကိုးတကြီး တိုင်တန်းရင်ဖွင့်ပြီး ကလေးလေးလို ငိုချမိသည့်အခါ ဘဘက ကိုင်းခေါင်းလေးကို ဖွဖွလေးပုတ်ရင်း ချော့လေသည်။
"ဦးအရမ်းအတ္တကြီးတာပဲ ဘဘရယ်"
"အဲ့ဒါကြောင့် ဟိုတစ်ခါလာတုန်းက ဘဘပြောတာပေါ့ သားက အတ္တကြီးတယ်ဆိုတာထက် သမီးကိုချစ်တာလို့ပဲ ဘဘကမြင်တယ် သွေးပူနေတုန်းမို့သမီးတို့ပြဿနာဖြစ်တာပါ သမီးလေးကိုလည်း ဘဘနားလည်တယ် သားကိုချော့ပြောပါ သမီးရယ် သမီးကိုသူအလိုလိုက်မှာပါ"
"ကိုင်းလေ ပြတ်ပြီလို့ပြောပစ်ခဲ့တာ"
"သမီးတို့ချင်း မပြတ်ရင်ဘယ်ပြတ်ပါ့မလဲ ဒါပေမယ့် ယောကျာ်းတစ်ယောက်ကို စိန်ခေါ်သလိုမျိုး မလုပ်ရဘူး အဲ့ဒါကိုမှတ်ထားနော် ကြားလား"
"ဟုတ်"
"သားက ဒူဘိုင်းကိုအလုပ်ကိစ္စနဲ့သွားတာတဲ့ မဆွေကပြောတယ် အဲ့ဒီတော့ စိတ်ထဲတင်းခံမနေနဲ့ငါ့သမီး သားပြန်လာရင် သမီးကပဲဖုန်းဆက်ပြီး စိတ်ထဲရှိသလိုပြောလိုက်ပေါ့
သားက လက်ခံမှာပါ"
"ကိုင်းလေ MBAတက်ရဖို့ အရမ်းမျှော်လင့်ခဲ့တာဘဘရဲ့ ဒါပေမယ့်ဦးနဲ့စကားများပြီး မသွားစေချင်မှန်း သိလာတော့ ကိုင်းလည်းမသွားချင်တော့သလိုပဲ ဘဘ"
ကိုင်းပြောပြီးမှ ဘဘကိုရှက်သွားပြီး ခေါင်းလေးငုံ့ထားလိုက်သည်။
ကိုင်းစိတ်ထဲ ဦးနဲ့ယှဥ်လိုက်ရင် MBAဆိုတာကလည်း ဘာမှမဟုတ်တော့သလို ဦးကို အလျှော့ပေးချင်စိတ်တွေဖြစ်နေမိတာကိုလည်း ကိုင်းဘာသာစဥ်းစားမရ။
ဦးနဲ့အတူရှိရင်၊ ဦးပျော်မယ်ဆိုရင် MBAမတက်ရလည်းကိစ္စမရှိဟု တွေးလိုက်တော့ စိတ်ထဲပေါ့ပါးသွားသည်အထိ။
💞💞💞💞💞
"နင်မဟုတ်သေးဘူးနော် မ"
ဂစ်တာပေါ်လက်တင်ရုံရှိသေး၊ ထွက်လာသည့်Seaအသံကြောင့် မျက်စောင်းထိုးကြည့်လိုက်သည်။
အစ်မဆိုပြီးလည်း ဘယ်တုန်းကမှ တရိုတသေမရှိခဲ့သည့်Seaက ခုကျကိုင်းကပဲ တလွဲတွေချည်း လုပ်နေသလိုလို၊ ထိုကြောင့်မို့ပဲ သူမကိုမတည့်နေသလိုလို။
"အသေအလဲကြိုးစားခဲ့ပြီးမှ မသွားတော့ဘူးဆိုတာတော့မဖြစ်သင့်ဘူး"
"သွားမှမသွားချင်တော့ဘဲ"
"နင်မသွားလို့ရော ဟိုလူကနင့်ကိုစိတ်ဆိုးပြေမှာတဲ့လား အစကတည်းကငါပြောတာကိုကျ နားမထောင်ဘူး"
"အဲ့ဒီပါးစပ်က နင့်ဘာသာပိတ်မလား ငါလာပိတ်ပေးရမလား"
"ပိတ်လိုက်ပါပြီ ငါကန်ထုတ်လိုက်လို့ အကြီးဖြစ်သွားတဲ့ချီးထုတ်ကများ"
ကိုင်းဒေါသဖြစ်သွားမိပြီး အနားမှာရှိသောစားပွဲတင်နာရီနှင့် လှမ်းပေါက်မလိုရွယ်တော့ Seaက လှစ်ခနဲ ထွက်ပြေးသွားသည်။
ကိုင်းသည် ဦးပြန်လာမည့်အချိန်ကိုပဲ တမျှော်မျှော်ဖြစ်နေခဲ့ရင်း လက်ထပ်ရအောင်ဟုပြောလိုက်လျှင် ဦးပျော်သွားမှာဟုလည်း တွေးမိသည်။
ကိုင်းအတွက်တော့ ဦးက အရာရာပါပဲ ဦးရယ်…
ဒါပေမယ့်.....
💞💞💞💞💞
"လူကြီးချင်းစကားပြောတယ်"
Seaက ခေါင်းညိတ်ပြလိုက်ပေမယ့် ကိုင်းမယုံချင်သေးဘဲ ဦးနဲ့အဆက်အသွယ်ပြတ်တာမှ ၂ပတ်ကျော်လောက်သာ ရှိသေးတာမို့ ဦး ဒီလိုလုပ်ရက်သလားဟု နာကျင်သွားမိသည်။
"နင် ဟုတ်ရဲ့လား"
"ဟုတ်တယ် အဲ့ဒီရုံးကလူတွေပြောနေကြတာပဲ"
"မဟုတ်ဘူး နင်လျှောက်ပြောနေတာ"
ဦးက ကိုင်းအပေါ် ဒီလိုရက်စက်မှာမှမဟုတ်တာ…
ကိုင်း သွေးရူးသွေးတန်းဖြစ်သွားပြီး ချက်ချင်းကားသော့ကိုလှမ်းယူတော့ Seaက ကိုင်းလက်ကို လှမ်းဆွဲပြီး ခေါင်းခါပြသည်။
"ဖယ်.. ငါ သေချာသိချင်တယ် Sea"
"နင်သိတော့ရော ဘာဆက်လုပ်မှာလဲ နင်ပဲပြတ်ပြီလို့ပြောခဲ့တာမဟုတ်ဘူးလား"
ထိုစကားကိုကြားလိုက်ရတော့ ကိုင်း ဆတ်ခနဲတုန်သွားကာ နှလုံးခုန်သံတွေမြန်လာပြီး ထိုနှလုံးခုန်သံအတိုင်း လူပါလိုက်ခုန်နေသလို။
"ငါတကယ်ပြတ်နိုင်လို့ပြောခဲ့တာမှမဟုတ်တာ"
ရင်ထဲဆို့နင့်လာခဲ့ပြီး ကိုင်း ထိုနေရာမှာပဲ ခွေခနဲလဲကျသွားပြီးနောက် ဘာမှမသိတော့ဘဲ မှောင်မိုက်သွားခဲ့သည်။
💞💞💞💞💞
Part 31 ဆက်ရန်
စာဖတ်သူတစ်ဦးချင်းစီကိုလေးစားလျက်
#shinthant1141997
~~~~~~~~~~~~~~~~~
💞 Part - 30 💞
~~~~~~~~~~~
"၄နှစ်တည်းပါ ဦးရဲ့"
"၄နှစ်တောင်လား"
သူ စိတ်ပျက်သွားမိသလို ထို၎နှစ်မှာ ဘယ်လိုများနေရမလဲဟု အတွေးဖြင့် စိတ်တွေလေးလံသွားမိသည်။
သူမကိုကြည့်တော့လည်း အရှုံးမပေးချင်သည့်အကြည့်တြွေဖင့်…
"မင်းက မင်းရဲ့ဆုံးဖြတ်ချက်တစ်ခုကြောင့် ကိုယ်နဲ့ပဋိပက္ခြဖစ်အောင် လုပ်နေတာလား ကိုင်း"
"ဟင့်အင်း"
"မင်း ငြင်းလိုက်တာလား"
ဒေါသဖြစ်လွန်း၍ မင်းတွေ၊ ငါတြွေဖစ်ကုန်တာကိုလည်း သူသတိမထားနိုင်။
"ကိုင်း"
သူ့ရင်ထဲနာသွားပြီး ခံပြင်းစိတ်၊ ဒေါသစိတ်တြွေဖင့် ဖက်ထားသည့်လက်တွေကို လွှတ်ချလိုက်တော့ ကိုင်းသည် သူ့ရင်ဘတ်ကိုတွန်းဖယ်ပစ်ကာ မျက်ရည်တွေကို ကြမ်းကြမ်းတမ်းတမ်းသုတ်ပစ်သည်။
တစ်ခါမှမကြားဖူးခဲ့သော အသုံးအနှုန်းတြွေဖင့် ကိုင်းခက်ထန်မာကြောနေခဲ့တော့ သူပိုပြီးနာကျင်ရသည်။
"ရှင့်ကိုမုန်းတယ်"
မသွားပါနဲ့၊ မထားခဲ့ပါနဲ့ဟု ပြောချင်ပေမယ့် သူမဟာ သူ့ရဲ့တားမြစ်စကားတိုင်းကို နားမထောင်ခဲ့ဘဲ…
💞💞💞💞💞
"ငါ သူနဲ့ပြတ်ခဲ့ပြီ"
"အစုတ်ကောင်"
ကိုင်း နောင်တရသွားမိသလို ဦးနဲ့အတူနေဖို့၊ ဦးကိုလက်ထပ်ဖို့စိတ်ကူးတြွေဖင့် ဦးဆီဖုန်းဆက်ကြည့်သည့်အခါ ဖုန်းပိတ်ထား၏။
"သမီးတစ်ယောက်တည်းလား"
"ဦးအရမ်းအတ္တြကီးတာပဲ ဘဘရယ်"
"အဲ့ဒါကြောင့် ဟိုတစ်ခါလာတုန်းက ဘဘပြောတာပေါ့ သားက အတ္တြကီးတယ်ဆိုတာထက် သမီးကိုချစ်တာလို့ပဲ ဘဘကမြင်တယ် သွေးပူနေတုန်းမို့သမီးတို့ပြဿနာဖြစ်တာပါ သမီးလေးကိုလည်း ဘဘနားလည်တယ် သားကိုချော့ပြောပါ သမီးရယ် သမီးကိုသူအလိုလိုက်မှာပါ"
"ဟုတ်"
သားက လက်ခံမှာပါ"
ကိုင်းစိတ်ထဲ ဦးနဲ့ယှဉ်လိုက်ရင် MBAဆိုတာကလည်း ဘာမှမဟုတ်တော့သလို ဦးကို အလျှော့ပေးချင်စိတ်တြွေဖစ်နေမိတာကိုလည်း ကိုင်းဘာသာစဉ်းစားမရ။
💞💞💞💞💞
"နင်မဟုတ်သေးဘူးနော် မ"
ဒါပေမယ့်.....
💞💞💞💞💞
"နင် ဟုတ်ရဲ့လား"
ဦးက
You are reading the story above: TeenFic.Net