Part 13
Background color
Font
Font size
Line height
💞 Part - 13 💞
~~~~~~~~~~~~~
"ဦးကိုချစ်တယ် အဆုံးအထိတွဲချင်တယ်လို့ပြောတာ"
သူ ထင်မှတ်မထားသည့်Surpriseမို့ အံ့လည်းအံ့ဩမိသလို ပျော်လည်းပျော်သွားပြီး မျက်နှာကိုလွှဲပြီး သဘောတကျရယ်မိသည်။
သူမ အဖြေပေးပုံလေးက တကယ်ချစ်စရာကောင်းပါလား...
ထိုအချိန် လက်ကလေးထိုးပေးသောသူမကြောင့် ဟမ်းချိန်းလေးကိုလှမ်းယူလိုက်ကာ ကိုင်းလက်ကလေးမှာ ကိုယ်တိုင်ဝတ်ပေးလိုက်တော့ သူမက ငုံ့ကြည့်ပြီးပြုံးနေခဲ့သည်။
ထိုလက်ကလေးကို သူပြန်မလွှတ်တော့ဘဲ ခပ်တင်းတင်းဆုပ်ကိုင်ထားလိုက်ကာ ကိုင်း ပခုံးလေးကိုဆွဲယူပြီး ဖက်ထားလိုက်သည်။
သေးကွေးသောပခုံးနုနုလေးပေါ် မေးတင်ထားလိုက်ရင်း ဆံနွယ်လေးတွေကို တဖွဖွနမ်းမိတော့ မရဲတရဲပြန်ဖက်လာသည့် သူမလက်ဖဝါးလေးတွေ...
"မင်းကိုချစ်တယ် ချာတိတ်"
တိုးဖွဖွပြောပြီး နဖူးလေးကိုငုံ့နမ်းတော့ သူမ ရှက်သွားကာ ခေါင်းလေးငုံ့သွားပေမယ့် မေးဖျားလေးကနေ ပင့်ယူတော့လည်း မျက်နှာလေးပြန်မော့လာသည်။
ပူပူနွေးနွေးချစ်သူလေး၏ ရှက်နေသောမျက်နှာလေးကို တစိမ့်စိမ့်ကြည့်နေမိတော့ သူမမျက်နှာလေးပိုပြီးရဲလာကာ ရင်ဘတ်ကိုဖွဖွထုသည်။
"ဦးနော် ဘာလို့အဲ့လိုကြီးကြည့်​နေတာလဲ"
"မင်းရှက်နေလို့လေ ချစ်လို့နမ်းတာပဲဖြစ်ဖြစ် စိတ်လှုပ်ရှားလို့နမ်းတာပဲဖြစ်ဖြစ် ကိုယ့်အတွက် မင်းကပထမဆုံးပဲ"
"မယုံပါဘူး"
သူမ မျက်လုံးလေးထောင့်ကပ်ပြီးပြောတော့ အသည်းယားသွားမိ၍ နှာခေါင်းဖျားလေးကို မနာအောင်ဆွဲလိမ်လိုက်သည်။
ထိုအခါ ချာတိတ်မသည် မနာပေမယ့်နှာခေါင်းလေးရှုံ့ကာ နှုတ်ခမ်းလေးစူထော်လာလေ၏။
"ပါးစပ်က​နေမပြောချင်ဘူး ကိုင်း ကိုယ်လက်တွေ့ပြရတာကိုပဲ သဘောကျတယ် ဟုတ်ပြီလား ဒါအတွက် ကိတ်မုန့်ရောဝယ်လာတာပေါ့ အမှတ်တရဖြစ်အောင်လို့လား"
"မဟုတ်ပါဘူး ကိုင်းစားချင်လို့ပါ"
သူ သဘောတကျရယ်ပြီး နဖူးလေးကိုထပ်နမ်းတော့ သူမ မရဲတရဲဖြင့် သူ့ခါးကိုပြန်ဖက်ကာ ရင်ဘတ်ပေါ်မျက်နှာလေးကပ်ထားရင်း မော့ကြည့်သည်။
စိုလက်နေသော ထိုမျက်လုံးအကြည့်တွေဟာ သူ့ကိုပိုပြီးရင်တုန်စေသလို ခပ်ဟဟလေးဖြစ်နေသော နှုတ်ခမ်းလွှာလေးတွေက ငုံ့နမ်းပါဟု မြှူဆွယ်နေသည့်အတိုင်း...
"ဦးကိုချစ်တယ်"
"အဲ့လိုအကြည့်နဲ့ကြည့်ပြီး မပြောနဲ့ချာတိတ် ကိုယ်မင်းကို ပိုချစ်လာမိမယ်"
ပြောလိုက်မှ သူမကပိုဆိုးကာ နှုတ်ခမ်းလေးကိုက်ပြတော့ အသည်းယားသွားပြီး ငုံ့နမ်းဖို့ပြင်တော့ သူမက တခစ်ခစ်ရယ်ရင်း မျက်နှာလွှဲပစ်သည်။
"ဦး လူဆိုးကြီး"
"သနားလို့လွှတ်ပေးလိုက်မယ် ဒါပေမယ့် ကိုယ် အရမ်းလောဘကြီးလာမိရင်တော့ မင်းကိုအပိုင်သိမ်းမှာ အဲ့ကျရင်ရော ကိုယ်ကလူဆိုးကြီးဖြစ်ဦးမှာလား"
ကိုင်း နှုတ်ခမ်းလေးစူပြီးမျက်စောင်းချီတော့ သူ ခပ်တိုးတိုးရယ်ပြီး ဆံပင်လေးတွေကိုဆွဲဖွပစ်လိုက်သည်။
သူချစ်ခဲ့တာ ကလေးဆန်လွန်းသော ဒီမျက်လုံး၊ ဒီအမူအယာတွေကြောင့်ဖြစ်ကာ နွေးထွေးနူးညံ့သည့်ကိုယ်လေးကို ပြန်မလွှတ်ချင်တော့ဘဲ ခပ်တင်းတင်းလေးဖက်ထားမိကာ သူမရဲ့ဆံပင်တွေကို တိုးဝှေ့နမ်းမိသည်။
ထိုကရသည့်အမွှေးနံ့လေးဟာ သူ့ရင်ထဲအထိ စီးဝင်လာပြီး သူမနှုတ်ခမ်းလေး သူ့လည်ပင်းကိုထိကပ်လာသည့်အခါမှာတော့ မျက်နှာလေးကို ပင့်ယူလိုက်သည်။
"နမ်းချင်တယ်"
ဒီတစ်ခါတော့ သူမက သွားလေးတွေပေါ်သည်အထိ အားရပါးရပြုံးကာ ခြေဖျားလေးထောက်ပြီး သူ့နှုတ်ခမ်းပေါ် ဖိကပ်နမ်းလာသည်။
အသက်၃၀ကျော် လူကြီးတစ်ယောက်ဖြစ်လင့်ကစား ချာတိတ်မလေးပြုစားလာတော့လည်း သူ ရင်ခုန်ရပါသည်။
ခါးသေးသေးလေးကို ပိုပြီးတင်းနေအောင်ဖက်ထားလိုက်ပြီး ထိုနှုတ်ခမ်းလေးကို တစ်လွှာချင်းစုပ်ယူနမ်းရှိုက်မိတော့ သူမနှုတ်ခမ်းတွေ သိပ်ချိုမှန်းသိခဲ့ရ၏။
အလိုက်သင့်တုံ့ပြန်လာသော အနမ်းတွေကြောင့် သူမနှုတ်ခမ်းတွေကို ပြင်းပြစွာနမ်းရင်း လည်တိုင်နုနုလေးဆီအထိ ကျူးကျော်မိသည်။
"ဦး.. နာတယ်.. မကိုက်! အွန်း!.."
ရင်ဘတ်ကိုတွန်းထုတ်ရင်း သူမ,ပြောလာတော့ နှုတ်ခမ်းတွေကိုပဲဖိနမ်းပစ်လိုက်၍ သူမစကားတွေရပ်တံ့သွားတော့သည်။
ထိုနှုတ်ခမ်းတွေကို သူ ချစ်သည်။
မထိရက်မတို့ရက်မြတ်နိုးရသည်အထိ...
သူမမှတစ်ပါး တခြားဘယ်သူ့ကိုမှ မမြင်နိုင်တော့သည်အထိ....
💞💞💞💞💞
"စိတ်ချမယ်နော် မိုးည"
"စိတ်ချပါ ကိုမြဲရယ် အိမ်မှာလည်း ကိုင်းတို့ရှိနေတာပဲ ကိုမြဲတို့က ဘယ်နှရက်ကြာမှာလဲ"
"၂ရက်လောက်ပါပဲ သူငယ်ချင်းအရင်းကြီးဖြစ်နေလို့လေ သမီးကလည်း မလိုက်ချင်ဘူးဆိုပြီး အတင်းငြင်းနေတာနဲ့"
"ဟုတ်တယ်လေ အန်တီလင်ဒါက မာမီနဲ့ရွယ်တူဥစ္စာ အခုမှမင်္ဂလာဆောင်မှာ မာမီတို့လိုအရွယ်တွေပဲ လာကြမှာပေါ့ နေကပျင်းနေရမှာ"
"အမလေး မာမီတို့လိုအရွယ်လို့မပြောပါနဲ့ နေသာရယ် မာမီ့ကို နေသာ့အစ်မလားလို့တောင် မေးတဲ့သူရှိသေးတယ်"
"မာမီနော်"
တကယ်လည်း မာမီက အခုချိန်ထိကလေးဆန်နေဆဲဖြစ်ကာ ဒက်ဒီ၏ငုံထားမတတ်အချစ်ခံရသူမို့ တစ်ခါတစ်လေ နေသာ့ကိုလည်း လှောင်ပြောင်တတ်သေးသည်။
ဒက်ဒီရော၊ မာမီပါ နေနဲ့သူငယ်ချင်းလို ပေါင်းသင်းနေကြတာမို့ နေတို့မိသားစုဟာ လူနည်းပေမယ့် ပျော်စရာတော့ ကောင်းပါ၏။
"စိတ်ချနော် အိမ်မက် အစ်မလည်းရှိတယ်"
"ဟုတ်ကဲ့ သိပ်တော့အလိုမလိုက်နဲ့နော် မမမိုးည မိနေသာတို့က အလိုလိုက်မယ့်သူရှိ ကမ်းကုန်အောင်ကဲချင်တာ"
အန်တီမိုးညက ကိုင်းနဲ့Seaကို အမြဲတမ်းအလိုလိုက်ထားသည်မို့ နေ့ကိုအလိုလိုက်မည်စိုးကာ မာမီက အပီအပြင်ချုပ်နေခြင်းဖြစ်သည်။
တစ်ခုကွာတာကတော့ အန်တီမိုးညက အစိုးအရိမ်ကြီးပြီး အမွှာနှစ်ကောင် ထိခိုက်ရှနာတစ်ခုခုဖြစ်လာတိုင်း မျက်ရည်ဝဲပြီး အော်မငိုရုံတစ်မယ်။
မာမီကတော့ ထိုလောက်အထိမဟုတ်...
"နေသာ.. သမီး ဒက်ဒီစိတ်ချမယ်နော် အိမ်မှာနေသလိုမနေရဘူး လုပ်စရာရှိရင်ကူလုပ်ရမယ် ညဘက်အပြင်မထွက်ရဘူး ကြားလား"
"ဟုတ်"
ဒက်ဒီတို့လေဆိပ်ကိုထွက်သွားတော့မှ နေလည်းနားခွင့်ရသွားကာ သဘောကောင်းသောအန်တီမိုးညကတော့ နေ့ကို ကိုင်းအခန်းထဲအထိ လိုက်ပို့ပေးသည်။
အိမ်အကြီးကြီး၏ အပေါ်ထပ်တစ်ခုလုံးသည် ဘုရားခန်းနှင့် အမွှာတို့အခန်းသာရှိပြီး Seaရဲ့အခန်းက ကိုင်းနှင့်ဘေးချင်းကပ်လျက်ဖြစ်သည်။
"လာ နေသာမ"
ကိုင်းကတော့ အခန်းထဲမှသာ နေ့ကိုစောင့်နေပြီး အန်တီမိုးညပြန်ထွက်သွားသည်နှင့် နေ့ နားနားကပ်ကာ...
"ငါတို့၃ယောက် လူစုံတုန်း partyအသေးလေး လုပ်ကြရအောင်"
"ကိုင်းနော် ငါကဧည့်သည်"
"ဘာဧည့်သည်လဲ နှပ်ချေးတွဲလောင်းကတည်းက ဝင်ထွက်နေတာကိုများ.. လုပ်လိုက်မယ် Seaကိုဘီယာဝယ်ခိုင်းလိုက်မယ် အခန်းထဲပဲလုပ်မယ်လေဟယ် ok"
နေဘာမှမပြောရသေးခင် ဝုန်းဒိုင်းကျဲကာ ခုန်ပေါက်ပြေးထွက်သွားသော ကိုင်းက တစ်ဖက်ကSeaအခန်းထဲဝင်သွား၍ နေလည်း လိုက်သွားမိသည်။
Seaက ကြမ်းပြင်ပေါ်မှာထိုင်ပြီး ဂိမ်းဆော့နေကာ ကိုင်းက Seaရဲ့ပခုံးကိုမှီရင်း ညမှာPartyလုပ်မည့်အကြောင်းပြောတော့ ကိုယ်တော်ချောက အင်းမလုပ်၊ အဲမလုပ်။
သူတို့မောင်နှမ စကားပြောနေတုန်း Seaရဲ့အခန်းကိုလှည့်ပတ်ကြည့်မိတော့ သူ့အခန်းက ကိုင်းရဲ့အခန်းလိုပုံစံတူလေးဖြစ်ပြီး wallpaperကအစ ကိုင်းလိုမျိူး အပြာရောင်လေး။
ကိုင်းရဲ့အခန်းက ညမီးလေးတွေကို မျက်နှာကျက်မှာကပ်ထား၍ ညဘက်ကောင်းကင်နှင့်တူကာ Seaရဲ့အခန်းမှာတော့ သန္တာကျောက်တန်းပုံတွေ ကပ်ထား၏။
ကောင်းကင်ပြာနှင့် ပင်လယ်ပြာဆိုသည့်အတိုင်း သူတို့အခန်းတွေကအစ နာမည်နှင့် လိုက်ဖက်ညီနေ၍ ပိုသဘောကျသွားမိသည်။
"နော် လို့"
"မေမေသိရင် နှစ်ယောက်လုံး မုန့်ဖိုးအဖြတ်ခံရမှာနော် ကိုင်း ငါသိပ်စိတ်မပါဘူး"
"ရတယ် ဖေဖေ့ဆီကညစ်လို့ရတယ် မဟုတ်လည်း ငါလုပ်ပေးထားတဲ့ နင့်နားကပ်ပြန်ရောင်းလိုက် ၂၀လောက်တော့ပြန်ရတယ်"
"နင်ဟာလေ အဲ့ဒါငါ့ပစ္စည်းဖြစ်သွားပြီ နင် အခုထိမျက်စပစ်တုန်းလား"
"လုပ်ပါ ချစ်မောင်လေးကလည်း.. နင်မင်္ဂလာဆောင်ရင် သတို့သမီးအရံလုပ်ပေးပါ့မယ်"
ဒီစကားကိုတော့ ကိုင်းက နေ့ကိုကြည့်ပြီးပြောတာမို့ နေ မျက်နှာလေးလွှဲထားလိုက်သလို Seaကလည်း ရှက်ကိုးရှက်ကန်းဖြစ်သွားသည်။
ဂိမ်းရီမုကို ကိုင်းဆီလှမ်းပေးကာ ဖင်ကုတ်ခေါင်းကုတ်ဖြစ်နေသော သူ့ပုံစံက ရယ်ချင်စရာတော့ကောင်းလှ၏။
"ရော့.. ဆက်ဆော့ထားလိုက် ငါအပြင်သွားဦးမယ် Vodkaဆိုရတယ်မလား"
"Henicanရောပါမှ"
ကိုင်းက Okပုံစံလေးလုပ်ပြရင်း ထပ်ပြောတော့ Seaက ခေါင်းညိတ်ကာ အလျင်အမြန်ထပြေးသွား၍ သူမ ကိုင်းကိုမျက်စောင်းလေးချီလိုက်မိသည်။
မတော်တဆလုပ်မိသည့်အမှားကို Seaက အခုထိမမေ့သေးဟန်ဖြင့် နေ့ကိုဆို မသိမသာရှောင်ဖယ်နေကာ ရည်းစားထားမည်ဆိုတော့လည်း အထားမခံဘဲ ရှေ့ကနေဖျက်လိုဖျက်ဆီး။
သူကတော့ တစ်ယောက်ပြီးတစ်ယောက်...
"ကိုင်းနော် နင်အဲ့လိုတွေလုပ်မနေနဲ့ နင့်မောင်က ရည်းစားတွေ မှိုလိုပေါက်နေတာကို"
"အံမယ် ငါ့ကိုလာဂျင်းမနေနဲ့ နေမြဲချိုသာရဲ့ ငါ့မောင်လေးက ငါ့ကိုပြောပြထားတယ် နင်မို့လို့ငြင်းရက်တယ် ယောင်းမစုတ်"
"အဲ့ဒါတကယ် မတော်တဆပါ"
"နင့်ရဲ့မတော်တဆကလည်း.."
ကိုင်းက Seaထားခဲ့သည့်ဂိမ်းကို ဆက်ဆော့နေ၍ နေ သူမအနားမှာဝင်ထိုင်ပြီး ဘာမှမပြောဖြစ်တော့ဘဲ တစ်ခန်းလုံးကိုဝေ့ကြည့်မိသည်။
နံရံကပ်စာအုပ်စင်လေးမှာ ဓာတ်ပုံတွေထောင်ထားပြီး မိသားစုလိုက်ပုံက တစ်ပုံတည်းရှိကာ ကိုင်းနဲ့နှစ်ယောက်တည်းပုံက ပိုများသည်။
Seaဟာ ကိုင်းကိုတော့ သိပ်ချစ်ပုံရသည်။
"အဲ့ဒါ ဖေဖေအားတုန်းက ဖူးခက်ကိုလိုက်ပို့ပေးတုန်းကလေ နင်ဖျားနေလို့ မလိုက်ရတုန်းက"
ကိုင်း မေးဆတ်ကာပြောလာသောထိုပုံထဲမှာ Seaက အပေါ်ပိုင်းဗလာဖြင့် ကိုင်းကိုကျောပိုးထားကာ မယ်မင်းကြီးမကတော့ အနိုင်ယူဗိုလ်ကျနေကျမို့ ပြုံးပျော်နေ၏။
ရွှေအိုရောင်ဆံပင်ကိုယ်စီဖြင့် ရုပ်ချင်းတူပေမယ့် ကိုင်းက သေးသေးသွယ်သွယ်လေး၊ သူကတော့ တကယ် Handsome...
ဒါနဲ့ ငါသူ့ကိုအမှတ်တွေပေးနေတာလား အခု...
"နေသာ နင် Seaကိုစိတ်ဝင်စားတယ်မလား ဘာလို့မသိသလိုလုပ်နေတာလဲ"
"နင်ကလည်း"
"ပြောပါဟ Seaကလည်း နင့်ကိုကြိုက်နေတာ ငါသိတယ် နင်ကလည်း ချေမိုးနေတဲ့ဥစ္စာ"
"ချေမိုးနေတာမဟုတ်ပါဘူး ပန်းပွဲတော်တုန်းကကိစ္စကို သူကမကျေနပ်သေးတာလေ ပြီးတော့ နောက်ထပ်လည်း ဖွင့်မပြောတော့တဲ့ဥစ္စာကို ငါကဘယ်လို.."
"OK OK ငါသဘောပေါက်ပြီ တကယ်လို့ Seaသာနင့်ကိုဖွင့်ပြောလာရင်တော့"
"စဥ်းစားပေးမယ်"
ကိုင်းမျက်နှာစူပုတ်သွားကာ နေ့ကို ခေါင်းအုံးဖြင့်ဘုန်းခနဲထုတော့ နေ ရယ်နေလိုက်သည်။
မဟုတ်လို့လား...
နေ ဘာမှားလို့လဲ....
💞💞💞💞💞
"ကိုယ်တို့ခဏတွေ့ကြမလား"
"ဘာလို့လဲ ဦးရဲ့ ကိုင်းကအခုအိပ်တော့မလို့ Video callပြောရအောင်လေ"
"အပြင်မှာတွေ့ချင်တာ"
"လာခဲ့လေ ကိုင်းတွေ့မယ်"
"အဲ့ဒါဆိုအိမ်ရှေ့ထွက်ခဲ့တော့ ကိုယ်စောင့်နေမယ်"
ဖုန်းချပစ်လိုက်သည့်အခါ သူမရဲ့အခန်းဟုထင်ရသော အခန်းလေးက လိုက်ကာစလေးလှုပ်ခတ်သွားပြီး အရိပ်ကလေးတစ်ခုကိုလည်းတွေ့လိုက်သည်။
ခဏအကြာမှာတော့ ခိုးကြောင်ခိုးဝှက်အမူအယာလေးဖြင့် ကိုင်းက ခြံစည်းရိုးနားအထိရောက်လာကာ သူမကိုတွေ့လိုက်မှ အံ့အားသင့်သွားမိသည်။
ကိုင်းသည် Stitchရုပ်လေးတွေပါသည့် အပြာရောင်လက်ပြတ်အင်္ကျီကို ဒူးလောက်ဘောင်းဘီလေးနှင့် တွဲဝတ်ထားပြီး Stitchအရုပ်ကြီးပါသောဖိနပ်ကလေးကိုစီးထား၏။
ဘီးကုပ်လေးကအစ အပြာရောင်လေးဖြစ်ပြီး တစ်ကိုယ်လုံးကောင်းကင်ရောင်လွှမ်းကာ ကလေးဆန်လွန်းသော သူမလေး…
"ဦး"
အနားရောက်လာသည်နှင့် ခါးလေးကနေဆွဲသိမ်းဖက်ထားလိုက်ကာ သူမပခုံးသေးသေးလေးကို ငုံ့နမ်းမိတာ ယုယုယယ..
ခါးကို ပြန်ဖက်လာသည့်လက်ကလေးတွေကြောင့် စိတ်ထဲပိုကျေနပ်သွားပြီး မျက်နှာလေးကိုငုံ့ကြည့်မိတော့ ခြံမီးရောင်ကြောင့် မပီမသ,သာ မြင်နေရ၏။
"ကိုယ်လွမ်းနေတာသိလား"
"မသိဘူး"
"ကိုယ့်ကိုတင်းတင်းဖက်ထားစမ်းပါ ချာတိတ်ရယ် ဒီလိုမျိုးလေး"
ဆိုကာ သူမကိုတိုးဖက်လိုက်တော့ ခစ်ခနဲထွက်လာသည့် ရယ်သံတိုးတိုးလေး…
ထို့နောက် အနည်းငယ်တင်းကြပ်လာသော သူမလက်ကလေးတွေကြောင့် သူမလည်တိုင်ဖွေးဖွေးလေးကို ထပ်နမ်းမိပြန်သည်။
"မနက်ဖြန်တွေ့ရအောင်လေ နော်.. ချာတိတ်"
"အင်း ကော်ဖီဆိုင်ထိုင်မယ် မုန့်စားမယ် ဦးဝယ်ကျွေး"
"ပြီးတော့ရော"
"အခုပြန်တော့"
ရင်ဘတ်ကိုတွန်းထုတ်ရင်း သူ့ရင်ခွင်ထဲက ရုန်းထွက်နေသော ကလေးမလေးသည် လူမိသွားမှာကိုစိုးရိမ်နေပုံရသည်။
ထို့ကြောင့် သူမကိုယ်လေးကိုပြန်လွှတ်ပေးလိုက်သည့်အခါ ခြေဖျားလေးထောက်ပြီး သူ့နှုတ်ခမ်းတွေကို ထိရုံသာနမ်းကာ လှစ်ခနဲပြန်လှည့်ပြေးသွား၏။
နှုတ်ခမ်းတွေကို လက်မနှင့်ဖိပွတ်မိရင်း ကြည်ကြည်နူးနူးပြုံးမိကာ ထွက်ပြေးသွားပြီဖြစ်သည့် ကျောပြင်လေးကိုသာ လှမ်းကြည့်လိုက်မိသည်။
"ကလေးစုတ်လေး"
💞💞💞💞💞
Part 14 ဆက်ရန်
စာဖတ်သူတစ်ဦးချင်းစီကိုလေးစားလျက်
#shinthant1141997
~~~~~~~~~~~~~~~~~
💞 Part - 13 💞
~~~~~~~~~~~~~
"မယုံပါဘူး"
"ဦးကိုချစ်တယ်"
"ဦး လူဆိုးကြီး"
"နမ်းချင်တယ်"
"ဦး.. နာတယ်.. မကိုက်! အွန်း!.."
💞💞💞💞💞
"စိတ်ချမယ်နော် မိုးည"
"မာမီနော်"
"ဟုတ်"
"လာ နေသာမ"
သူတို့မောင်နှမ စကားပြောနေတုန်း Seaရဲ့အခန်းကိုလှည့်ပတ်ကြည့်မိတော့ သူ့အခန်းက ကိုင်းရဲ့အခန်းလိုပုံစံတူလေးဖြစ်ပြီး wallpaperကအစ ကိုင်းလိုမျိုး အပြာရောင်လေး။
"နော် လို့"
"Henicanရောပါမှ"
"အဲ့ဒါတကယ် မတော်တဆပါ"
"နင့်ရဲ့မတော်တဆကလည်း.."
"နင်ကလည်း"
"စဉ်းစားပေးမယ်"
မဟုတ်လို့လား...
နေ ဘာမှားလို့လဲ....
💞💞💞💞💞
"အပြင်မှာတွေ့ချင်တာ"
"ဦး"
"ကိုယ်လွမ်းနေတာသိလား"
"မသိဘူး"
"ပြီးတော့ရော"
"အခုပြန်တော့"
You are reading the story above: TeenFic.Net