အခန်း(၉) အရှုပ်ထုပ်ကောင်

Background color
Font
Font size
Line height

Unicode>>

【ဒီကအမေက မင်းရဲ့ဘက်မှာရပ်တည်ပေးမယ်】

"ကျွန်တော်က ဘာလို့...... ဒီဟာတွေကို သင်ရမှာလဲ?"

ရှန်ချန်းလင်က မျက်ရည်လေး စမ်းစမ်းဖြင့်။

အပြာစာအုပ်ဆိုတာမျိုးတွေက တိတ်တိတ်ကလေး ခိုးကြည့်သင့်တာ မဟုတ်ဘူးလား။ ဘယ်လိုဖြစ်ပြီး ပေါ်ပေါ်ထင်ထင် ထုတ်လာပြီး စကားလုပ်ပြောနိုင်ရတာလဲ!

ခရမ်းရောင်မမက ပြောလာသည်။

"ဘာကြောင့်လဲဆိုတော့ ဂိုဏ်းချုပ်ချင်ဆိုတာ သာမန်လူတွေကြားထဲကမှ နဂါး ၊ ဇာမဏီ သဖွယ် တန်ဖိုးကြီးရှားပါး ပုဂ္ဂိုလ်တစ်ယောက်မို့လေ"

အဲ့တာ ငါနဲ့ ဘာဆိုင်လို့တုန်း! !

ရှန်ချန်းလင်ကား သူတို့၏ လောဂျစ်ကြောင့် အံ့အားသင့် ပါးစပ်ဟောင်းလောင်းဖြစ်ရတော့သည်။

သူ့ဘာသာ လူတွေကြားက နဂါး ၊ ဇာမဏီ မကလို့ ဘာကြီးဖြစ်နေနေ... ငါက ဘာကိစ္စ အိပ်ခန်းအတတ်ပညာတွေကို သင်ယူရမှာလဲ? သူသာ နဂါးကိုယ်ခန္ဓာရှင် ကောင်းကင်သားတော် စစ်စစ်ဆိုရင်ရော ငါကပါ အသွင်းပြောင်းခြင်းအတတ်တွေ သင်ယူနေရဦးမှာလား? ကဲ! ! ! !

အဲ့တာဆို သူဘာကိစ္စ တစ်ခါတည်း Ultraman ကို လက်ထပ်မယူသလဲ! !

"အဲ့တော့ လူတွေ အများကြီး အများကြီးက ဂိုဏ်းချုပ်ကို လက်ထပ်ချင်နေကြတာလေ"

ခရမ်းရောင်မမက ခပ်အေးအေးပင် ဆက်ပြောနေသည်။

"အကယ်၍ အငယ်ဆုံး သခင်လေးကသာ ဂိုဏ်းချုပ်ချင်ရဲ့ နှလုံးသားကို အရယူဖမ်းဆုပ်ထားချင်ရင် သေချာပေါက် သူမတူတဲ့ နှစ်လိုဖွယ်ရာ ခုတင်ထက်က အတတ်ပညာတွေကို ပိုင်နိုင်ထားမှဖြစ်မှာပေါ့"

နေရာတွင် ငုတ်တုတ်မေ့စဉ် မိုးချုန်းသံကြီး ဒိန်းကနဲ။

ရှန်ချန်းလင်သည် မည်သို့သော အမူအရာ အပြုအမူမျိုးဖြင့် ဤအရာအားလုံးကို ရင်ဆိုင်သင့်မှန်းတောင် မသိတော့ပြီ။

ထို့ကြောင့် ရင်ထဲ၌သာ အားပါးတရ ဖြင့်-

ငိုး ငိုး ငိုး ငိုး ငါငိုးဟေ့! !

"အဲ့တော့ အခုစလို့ရပြီလား?"

ခရမ်းရောင်မမက သူဆီက ဘာစကားသံမှ တုံ့ပြန်မှုမရသော် မေးလာခဲ့သည်။ ရှန်ချန်းလင်ကား ပါးစပ်ကဟောင်းလောင်းပွင့်လျက်။ ထိုမမက သူ့ကို တိုက်တွန်းနေ၏။

အမလေး အဲ့တာတော့ သေချာပေါက် မဖြစ်ဘူးပေါ့ဗျာ!

ရှန်ချန်းလင်က သူ့ဗိုက်ကို လက်နှင့်အုပ်ကာဖြင့်-

"အစာအိမ်အောင့်တယ်"

ခရမ်းရောင်မမက စိတ်ပျက်လက်ပျက်ဖြင့် ကြည့်လာ၏။

"နောက်တစ်နေ့ကျမှ သင်ရအောင်လေ.."

ရှန်ချန်းလင်က ပြောပြီးသည်နှင့် ဝှီးကနဲ အပြင်ဘက်သို့ ထွက်ပြေးသွားတော့သည်။

ခရမ်းရောင်မမ - "......."

"အာ... သခင်လေး ဖြည်းဖြည်းသွားလေ..."

ပေါင်တို့က ခြံဝန်းထဲကို ပြန်ဝင်ဝင်လာချင်းတွင် မျက်နှာချင်းဆိုင် ဝင်တိုက်မိကြတော့သည်။ မြေကြီးပေါ် ဖင်ထိုင်ကျဖို့ အနည်းငယ်သာလိုတော့၏။

"မြန်မြန်လေး ပြန်ကြစို့"

ရှန်ချန်းလင်က သူ့ကိုပါ တွန်းလို့ ပြေးထွက်လာခဲ့တော့သည်။

"ဘာကိစ္စဖြစ်လာတာလဲ?"

ပေါင်တို့ကား ခေါင်းတစ်ခုလုံး ချွေးစေးများပျံလျက် အလောတကြီးမေးသည်။

"ဆရာချွန်း လာပြီလား?"

သူသာ မလာရင် ငါဒီပုံဖြစ်နေပါ့မလားကွ! !

ရှန်ချန်းလင်က တစ်ချိုးတည်း ပန်းဥယျာဉ်အထိ ရောက်အောင် ပြေးသွားတော့သည်။ သူက တောင်အတုတစ်ခုကို မှီကာ အမောဖြေနေရ၏။

"တကယ်ကို ဘာဖြစ်လာတာလဲလို့?"

ပေါင်တို့က စိတ်ရှုပ်စွာမေးလာသည်။

"ဆရာက သခင်လေးကို ရိုက်လို့လား?"

သူက ငါ့ကို ရိုက်ရင်တောင် ခံသာဦးမယ်!

အခု သူမပုံစံကြည့်ရတာက ငါ့အပေါ်တက်ခွတော့မဲ့ အတိုင်းပဲဟ!

ရှန်ချန်းလင်က ပေါင်တို့ကို ဆွဲထားပြီး မေးလိုက်သည်။

"အဲ့ဒီ ဆရာချွန်းဆိုတာက ဘယ်အချိန်ကတည်းက ငါတို့ အိမ်တော်ထဲရောက်နေတာလဲ?"

ပေါင်တို့၏ အဖြေက ထိတ်လန့်စရာပင်။

"လျော့လျော့ပေါ့ပေါ့ ပြောရင်တောင် တစ်နှစ်ကျော်ပြီ ထင်တယ်"

ရှန်ချန်းလင်သည် လေအေးများ ရှူသွင်းလိုက်မိသည်။

တစ! နှစ် ! ကျော် !

အဲ့တာဆို ဘယ်နှခါလောက်တောင် သင်ခန်းစာတွေ ပေးပြီးသွားတာလဲ!

တစ်လကို တစ်ကြိမ်ပဲ သင်ရင်တောင် ဆယ့်နှစ်ကြိမ်တော့ အနည်းဆုံးရှိနေပြီပေါ့

ဆယ့်နှစ်ကြိမ်ဟ ဆယ်နှစ်ကြိမ်တဲ့ဟ!

ဒီကြားထဲမှာ ဘယ်လို အခြေအနေတွေ အထိ ရောက်ပြီးသွားပြီလဲဆိုတာ စိတ်တောင် မကူးရဲဘူး! ! !

"သခင်လေး"

ပေါင်တို့က သူ့မျက်နှာရှေ့၌ လက်ရမ်းပြကာ ခေါ်သည်။

"ကျွန်တော်ကို မခြောက်ပါနဲ့... အဆင်ပြေရဲ့လားလို့?"

"သူက သီးသန့်ကို.....အဲ့ဟာပဲ သင်တာလား?"

ရှန်ချန်းလင်မှာ အခုထိ နားမလည်နိုင်ဖြစ်နေရပေသည်။

ပေါင်တို့၏ ပါးမို့မို့လေးများက နီးမြန်းလျက်ဖြင့် ဖြေသည်။

"အင်း"

မျက်နှာနီတယ်.. အေးပေါ့ မျက်နှာနီပြီပေါ့!

တကယ်ကြီးအဲ့ဟာကို သင်တာပဲ!

ရှန်းချန်းလင်သည် မျက်ရည်စမ်းစမ်းဖြင့် အနားက ကျောက်တုံးပေါ်ထိုင်ကာ ငုတ်တုတ်မေ့နေမိတော့၏။

" မင်းပြောစမ်း.. သူလို့ မိန်းမကောင်းလေးတစ်ယောက်ဟာ ဘာကိစ္စ သည်လိုကိစ္စမျိုးကိုမှ လုပ်ကိုင်ရတာလဲ "

ရင်ထဲကနေအရှက်အကြောက်တရားလေးတောင်မရှိတော့ဘူးလား!

ပြီးတော့ ရင်သားတွေလည်း ဖော်ထားသေးတယ်!

နေပါဦး မင်းက ဘယ်နှခုနစ်မှာနေနေလို့ ရင်သားဖော်နေတာတုန်း! ! !

"သူက သာမန်မိန်းကလေးတော့ မဟုတ်ဘူးလေ"

ပေါင်တို့က အသံတိုးတိုးလေးဖြင့် ပြောလာသည်။

"သူက ကျန်းနန်တစ်လွှားကို တုန်လှုပ်စေနိုင်တဲ့ ခေတ်တစ်ခေတ်ရဲ့ ဆရာ့ဆရာကြီး"

သည်လိုကိစ္စမျိုးမှာလည်း သည်လိုမေငိုးဆရာကြီးတွေက ရှိသေးတယ်လား!

ရှန်ချန်းလင်က နဖူးကို လက်ထောက်လျက်။

ကြည့်ရတာ သူ့ရဲ့ အရင်ဘဝလောကကြီးက သည်ဘက်ဘဝကြီးနဲ့ ယှဉ်ရင် မတရားကို ပျော့လွန်းအားကြီးတယ်!

"အဲ့တုန်းက သခင်မကြီးက သခင်လေးကို ဘာဗဟုသုတမှ မရှိဘဲ ဖြစ်နေမှာစိုးလို့ ဆရာချွန်းကို ဖိတ်ကြားပြီး သင်ပြပေးခိုင်းထားတာ"

ပေါင်တို့က ဆိုသည်။

"တကယ်တော့ ဒီလိုကိစ္စတွေကို မင်္ဂလာပွဲကြီးမတိုင်မီမှာ အမြဲတမ်းသင်ပေးကြရတာချည်းပဲ.. ဒါပေမဲ့ သခင်မကြီးက စိတ်နည်းနည်းလောနေတာရယ်.. ဂိုဏ်းချုပ်ချင်ကို တခြားမြေခွေးမတွေ လက်ထဲပါသွားမှာစိုးတာရယ်ကြောင့်မို့ ဒီကိစ္စတွေကို.... အဲ.. စောစောလေး..."

ဒါကြီးကလည်း အရမ်းကို အဝေးကြီးထိ တွေးလွန်းရာရောက်နေပြီရော!

ဘယ်လိုလုပ်ပြီး ငါ့မှာ ဒီလိုအမေမျိုးရှိနေရတာလဲ! !

ရှန်ချန်းလင်မှာ စိတ်ရှုပ်ထွေးသွားရသည်။ စကားနှင့်တောင် မဖော်ပြနိုင်ပေ။

ဒီလိုဆိုရင် မြေခွေးနတ်ဆီသွားတယ်ဆိုတဲ့ ကိစ္စကလည်း သေချာပေါက် ဒီအမေက အကွက်ချစီစဉ်ပေးလိုက်တာပဲ နေမယ်!

တကယ်ကို အမေရင်းရော ဟုတ်ရဲ့လားကွာ!

တကယ် ငိုတောင် ငိုချင်တယ်! !

"အဲ့တစ်ယောက်ကို ထွက်သွားစေနိုင်မယ့်နည်းလမ်းမျိုးမရှိဘူးလားကွာ? အဲ့ဒီဆရာချွန်းဆိုတာလေ... သြော် ဒါနဲ့ သူ့နာမည်က ဘာလဲ?"

" ချွန်းရှန်းရှန်း "

ပေါင်တို့က ဆိုသည်။

"သခင်လေးက သူ့ကို ထွက်သွားစေချင်လို့လား?"

ရှန်ချန်းလင်က အသဲအသန် ခေါင်းညိတ်လိုက်သည်။

ချွန်းရှောင်ရှန့် ဆိုရင်ရတယ်... ချွန်းရှန်းရှန်းတော့ မလိုချင်ဘူး

(ရှောင်ရှန့် - အကျင့်သိက္ခာကောင်းမွန်သူ ။ ရှန်းရှန်း - နတ်မိမယ်လေး)

"အဲ့လို မရလောက်ဘူးထင်တယ်"

ပေါင်တို့က မျက်မှောင်များ ကြုတ်ကာ ဆိုသည်။

"အဲ့နှစ်တုန်းက သခင်မကြီးမှာ ငွေအသပြာတွေ အများကြီး အကုန်ခံပြီးမှ သူ့ကို ဖိတ်ခေါ်လာနိုင်ခဲ့တာ.. ပြီးတော့..... ပြီးတော့......."

"ပြီးတော့ ဘာလဲ?"

ရှန်ချန်းလင်က စိတ်ဝင်စားစွာဖြင့် မေးလိုက်သည်။ ပေါင်တို့က သူ့နားအနားကို ကပ်ကာ လျှို့ဝှက်စွာဖြင့် ပြောလာသည်။

"ပြီးတော့ အဲ့ဒီဆရာချွန်းက နည်းလမ်းတွေ အများကြီးရှာပြီး....... သခင်မကြီးကို ပေးထားတာ.... သူတို့ချင်း အရမ်းအဆင်ပြေတယ်နော်"

ရှန်ချန်းလင် - "........."

အမေရယ် ကျွန်တော့်အဖေက အသက်ခြောက်ဆယ်တောင် ရှိတော့မယ် ကျွန်တော့်အဖေကိုတော့ လွှတ်ထားလိုက်ပါဗျာ!

"မင်းက အခု အသက်ဆယ့်ရှစ်နှစ် ပြည့်တော့မှာမလား? ဟုတ်လား?"

ရှန်ချန်းလင်က သူ့ပါးဖောင်းလေးများကို ညှစ်ကာ မေးလိုက်သည်။

"ငါမင်းကို မေးခွန်းနည်းနည်း မေးကြည့်မယ်နော်"

အသက်မပြည့်သေးတဲ့ ကလေးနဲ့ ဒီလိုကိစ္စတွေ ဆွေးနွေးရတာ သိပ်တော့ မကောင်းပေမဲ့ သူ့မှာလည်း တခြားနည်းလမ်းမရှိဘူးလေ..

ဘာပဲဖြစ်ဖြစ် ဟိုခရမ်းရောင်မမထက်စာရင်တော့ အများကြီးသာဦးမယ်!

"သခင်လေး ပြောပါ"

ပေါင်တို့က အင်မတန်မှ စကားနားထောင်သည်ပင်။

"အရင်က ဆရာချွန်း အဲ့တာတွေ သင်ပေးနေတဲ့အချိန်ဆို မင်းက အမြဲတမ်း ငါ့ဘေးမှာရှိနေတာလား?"

ရှန်ချန်းလင်က မေးသည်။

ပေါင်တို့က ခေါင်းညိတ်ပြသည်။

"များသောအားဖြင့်တော့ ကျွန်တော်ရော ရှိတယ်လေ"

ရှန်ချန်းလင်မှာ အခုပဲ အနည်းငယ် အသက်ရှူချောင်သွားရတော့သည်။

အဲ့တာဆို အရမ်းကြီး လွန်လွန်ကြူးကြူး ကိစ္စတွေတော့ မဖြစ်သွားလောက်ပါဘူး!

ဒါ့ကြောင့် သူက ထပ်မေးလိုက်သည်။

"အဲ့တာဆို သူက ဘာတွေ သင်ပေးတာလဲ?"

ပေါင်တို့က ဖြေ၏။

"အိပ်ခန်းတွင်းအတတ်ပညာတွေလေ"

ရှန်ချန်းလင်ကား နင်သွားရ၏။

သူလည်း အိပ်ခန်းတွင်း အတတ်ပညာတွေမှန်း သိတာပေါ့.. သူမေးတာက အသေးစိတ် ဘယ်လိုသင်တာလဲလို့လေ!

"အဲ့ဟိုကိစ္စတွေကို သင်တာပဲလေ"

ပေါင်တို့က မျက်နှာလေးများ ရဲလာသည်။ အသံကလည်း ပိစိလေးနှင့်။

"ပြီးတော့ မကြာခဏ ထူးထူးဆန်းဆန်း ပစ္စည်းတွေ‌ရောပါသေးတယ်"

အဲ့တာဆို သူ့ဟာက PLAY ? ! တဲ့ နေရာမှာသုံးတဲ့ ပစ္စည်းတွေပဲ မဟုတ်ဘူးလား? ! !

ရှန်ချန်းလင်ကား တမဟုတ်ချင်း ခေတ်အသစ်တစ်ခုနှင့်ပတ်သတ်သော အမြင်သစ်များဖြင့် ခေါင်းဆေးခံလိုက်ရချေသည်။

"ဆရာချွန်းက ပြောသေးတယ်... တကယ်လို့ သခင်လေးသာ အပင်ပန်းခံပြီးတော့ အဲ့ဒီပစ္စည်းတွေနဲ့ လေ့ကျင့်နိုင်ရင် ဂိုဏ်းချုပ်ချင်တော့ သေချာပေါက် သခင်လေးအတွက်နဲ့ ဝိဉာဉ်တွေ ပြောင်းပြန်လှန်ခံလိုက်ရသလို စွဲလမ်းပြီး--------- အွတ်!"

"ကလေးက ဘာကိစ္စဒီလိုဟာတွေပြောနေတာလဲ.. ပြောခွင့်မပြုဘူး"

ရှန်ချန်းလင်ပင် မျက်နှာလေးမှသည် နားဖျားလေးများအထိ နီရဲလာလေသည်။

"အဟက်!"

အနောက်ဘက်မှ ရယ်သံတစ်သံ ပျံ့လွင့်လာသည်။

"အားးး!"

ရှန်ချန်းလင်သည် လန့်ဖျပ်သွားရ၏။ ထိုအသံက နားယဉ်နေသလိုလို။

"ဇနီးလေးက ရှက်နေတာလား?"

ချင်ရှောက်ယွီက တောင်အတုနောက်မှ ထွက်လာပြီး မျက်လုံးထဲတွင် ရယ်ချင်နေသော အရိပ်အယောင်များအပြည့်။

မင်းညီမကိုပဲ ရယ်နေလိုက်! !

ရှန်ချန်းလင်က သူ့ကို ဒေါသမျက်လုံးများဖြင့် ကြည့်လိုက်သည်။

"အောက်တန်းကျတယ်! သူများတွေ စကားပြောနေတာကို ခိုးနားထောင်တယ်"

"ဒီစကားကတော့ တကယ် မတရား စွပ်စွဲခံရတာပါကွာ"

ချင်ရှောက်ယွီက သူ့ဘေးနားကို လျှောက်လာသည်။

"ကိုယ်က အစကတည်းက ဒီနေရာမှာ နေပူဆာလှုံရင်း အိပ်နေတာလေ... ဇနီးလေးဘာသာ ဒီကိုပြေးလာပြီး ပြောနေလို့ ကိုယ်က ကြားရတာ.. အခုတော့ ဘယ်လိုလုပ်ပြီး ကိုယ့်အပြစ်ဖြစ်သွားရတာလဲ?"

"ဟွန်း"

ရှန်ချန်းလင်က ပေါင်တို့ကို ခေါ်၍ ချက်ချင်းလှည့်ထွက်လိုက်သည်။

"စာမသင်ချင်မှတော့ ကိုယ်မင်းကို စျေးတန်းသွားလည်ရအောင် ခေါ်သွားမယ်လေ?"

ချင်ရှောက်ယွီက နောက်က လိုက်လာပြီး သူနှင့် ဘေးချင်းယှဉ်လို့ ကပ်ပြောသည်။

"‌ကျေးဇူးပဲ.. မလိုဘူး"

ရှန်ချန်းလင်ကတော့ သူ့ကို ကြည့်ပင်မကြည့်။

စျေးပတ်တယ်တို့ ဘာတို့ဆိုတာ နားထောင်လိုက်တာနဲ့တင် ပျင်းစရာကြီး!

အရင်ဘဝကတည်းက ငါ့ကိုဆို ချိန်းတွေ့ချင်တဲ့လူတွေ အများကြီး.. ဒီဘဝမှာလည်း နည်းမှာ မဟုတ်ဘူးလေ.. မင်းလို စျေးပတ်ဖို့ ခေါ်တဲ့လူလောက်ကတော့ တန်းစီပြီးစောင့်ရင်တောင် နောက်ထပ် နှစ်သုံးဆယ်လောက်ထိ စောင့်ယူရမယ်မှတ်! !

"အမြဲတမ်း အခန်းထဲမှာပဲ အောင်းနေတာကလည်း မဟုတ်သေးဘူးလေ"

ချင်ရှောက်ယွီက ဆိုသည်။

"အပြင်ထွက်လိုက်ရင် လူတွေလည်းများ.. စည်စည်ကားကားနဲ့"

ရှန်ချန်းလင်ကား တုတ်တုတ်မျှ မလှုပ်။

မင်းတို့လိုကောင်တွေက သေချာပေါက် ပရိတ်သတ် သောင်းချီနဲ့ ဖျော်ဖြေတဲ့ live show တွေ မကြည့်ဖူးတာ အရမ်းသိသာတယ်!

"ဇနီးလေး-------"

"ပါးစပ်ပိတ်!"

ပေါင်တို့က ကိုယ်ချင်းစာသော မျက်ဝန်းများဖြင့် ချင်ရှောက်ယွီကို လှမ်းကြည့်လိုက်သည်။

"အတိတ်မေ့သွားပြီးနောက် သတ္တိကတော့ တော်တော်လေး ရှိလာတာပဲ"

ချင်ရှောက်ယွီက စိတ်မဆိုးပေ။ ထို့အပြင် သူက ရယ်လျက်ပင် ရှန်ချန်းလင်၏ လည်တိုင်ကို လှမ်းကိုင်လိုက်သည်။

"ဘာလုပ်တာလဲ!"

ရှန်ချန်းလင်က လည်ပင်းနာသွားရသဖြင့် စိတ်ဆိုးမာန်ဆိုးပြောလေသည်။

"မင်းကအိမ်တွင်း အကြမ်းဖက်ချင်နေတာလား ? !"

ချင်ရှောက်ယွီက ယတိပြတ်ပဲ သူ့ကို မင်းသမီးပွေ့ ပွေ့ချီလိုက်သည်။

ငိုး! ! ! !

ရှန်ချန်းလင်မှာ အင်မတန် လန့်သွားရ၏။

"ငါ့ကို အောက်ပြန်ချပေး!"

ချင်ရှောက်ယွီက ခြေထောက်တွင် အတွင်းအားအနည်းငယ် ထည့်၍ ရွှပ်ရွှပ်ကနဲ ခြံဝန်းတံတိုင်းကို ကျော်၍ ထွက်သွားတော့သည်။

"ကယ်ကြပါဦးးးးးးးး!"

အလွန်သနားစရာကောင်းလှသော အသံလေးက ပျံ့လွင့်လျက်။ ပေါင်တို့က မျက်လုံးပြူးလျက် ကျန်ရစ်ခဲ့တော့သည်။

"ဘာဖြစ်တာလဲ?"

ရှန်ချန်းဖုန်းက အသံပလံများကြား၍ အလျင်အမြန်ပြေးလာသည်။

ပေါင်တို့က ရှုံ့မဲ့မဲ့ဖြင့် -

"ဂိုဏ်းချုပ်ချင်က သခင်လေးကို ပွေ့ချီပြီး အပြင်ပျံထွက်သွားတယ်"

ရှန်ချန်းဖုန်း - "........"

*****

"မင်း အရှုပ်ထုပ်ကောင်!"

ရှန်ချန်းလင်က အသက်လု၍ ရုန်းကန်နေသည်။ မျက်ရည်စက်လေးများပင် လိမ့်ဆင်းလာတော့မတတ်။

ချင်ရှောက်ယွီက သူ့ကို ပွေ့ထားပြီး နှစ်တစ်ရာသက်တမ်းရှိသော သစ်ပင်အိုကြီးတစ်ပင်ပေါ် ခြေချရပ်နားလိုက်သည်။ လူကိုလည်း သစ်ကိုင်းထက်၌ ကောင်းကောင်းထိုင်စေလိုက်သည်။

"အားအားအားအားးးးးးး!"

ရှန်ချန်းလင်၏ မျက်နှာတစ်ပြင်လုံး သွေးရောင်မရှိတော့လောက်အောင် ထိတ်လန့်သွားရသည်။

မင်းမေ! ! !

ကျုပ်က အမြင့်ကြောက်တယ်ဟ! ! !

ဆယ်မီတာကျော်တဲ့အမြင့်‌ရောက်သွားရင်ကို မူးနေပြီ! ! ! ! ! !

"ကြောက်နေပြီလား?"

ချင်ရှောက်ယွီက စနောက်၍ မေးသည်။

ရှန်ချန်းလင်ဟူသည့် မျောက်ကလေးမှာမူ သစ်ကိုင်းကို ဝမ်းလျားမှောက်၍ ဖက်ထားပြီး မျက်လုံးများကို အသေမှိတ်ထားရှာ၏။

ချင်ရှောက်ယွီက သူ့၏ ကိုယ်ဟန်ကို ကြည့်ရင်း စိတ်တွေ ရှုပ်ထွေးလာရသည်။

ဒါကြီးကလည်း ရုပ်ဆိုးလိုက်တာ!

ရှန်ချန်းလင်က တဆတ်ဆတ် တုန်ယင်လာသည်။ တစ်ကိုယ်လုံး တုန်ခါနေသည့်ပမာ။

ချင်ရှောက်ယွီက နောက်ဆုံးတော့ တစ်ခုခု မူမမှန်ကြောင်းကို သတိထားမိသွား၏။ သူက မျက်မှောင်အနည်းငယ် ကြုတ်ရင်း ရှန်ချန်းလင်ကို ဆွဲထူပေးလိုက်သည်။

"ဘာလို့ ငိုသွားရတာလဲ?"

"ငါ့ကို အောက်ချပေး"

ရှန်ချန်းလင်၏ မျက်နှာကား ဖြူဆုတ်လျက်။

ချင်ရှောက်ယွီက ထပ်မမေးတော့ဘဲ ပွေ့ချီလိုက်ပြီး လမ်းကြားငယ်လေးထဲသို့ ဆင်းသက်လိုက်သည်။

ရှန်ချန်းလင်၏ တစ်ကိုယ်လုံးသည် ရေခဲတမျှ အေးစက်နေသည်။ အလွန်အမင်း ထိတ်လန့်သွားမှန်း သိသာထင်ရှားလှ၏။

"ဘာဖြစ်သွားသေးလဲ?"

ချင်ရှောက်ယွီက သူ့နဖူးပြင်ထက်ရှိ ချွေးစက်များကို သုတ်ပေးလိုက်သည်။

ရှန်ချင်းလင်သည် မြေကြီးပေါ်တွင် ငုတ်တုတ်ထိုင်ကာ ခေါင်းကို ပြန်အုပ်ထားသည်။ သူသည် လွန်ခဲ့သော ငါးနှစ်က ဖြစ်ရပ်ကို ပြန်မြင်ယောင်လာမိသည်။

မိမိ ဇာတ်ကားရိုက်နေစဉ်တွင် အမှားအယွင်းတစ်ခုဖြစ်ပွားခဲ့ပြီး တခြားသရုပ်‌ဆောင် တစ်ဦးနှင့်အတူ အမြင့်မှ မြေပြင်ပေါ်သို့ ပြုတ်ကျခဲ့ကြလေသည်။ မိမိကတော့ အသက်ပြင်းသည်ဆိုရမလား ကံကောင်းစွာဖြင့် ပလတ်စတစ်အမိုးပေါ် ပြုတ်ကျခဲ့၍ ပြင်ပဒဏ်ရာ အနည်းငယ်သာ ရခဲ့သည်။ ထိုမိတ်ဆွေကမူ ထာဝရ အိပ်စက်သွားခဲ့ရတော့၏။

"လင်အာ"

ချင်ရှောက်ယွီက တိုးဖွ ညင်သာစွာ ပြောလာသည်။

"ကိုယ်က မင်းကို စရုံပါ.. ဘယ်လိုလုပ်ပြီး မင်းကို တကယ်ပြုတ်ကျစေပါ့မလဲကွာ"

ရှန်ချန်းလင်ကတော့ သူ့ခေါင်းလေးကို ဒူးနှစ်ဖက်ပေါ်တင်ကာနေဆဲ။ ခေါင်းကိုက်လွန်း၍ ပေါက်ကွဲတော့မည်ထင်နေရသည်။ အဲ့သည့် မတော်တဆမှုအပြီးတွင် သူက ဆေးရုံမှာ နှစ်ဝက်တိတိနေခဲ့ရသည်။ မျက်လုံးမှိတ်လိုက်သည်နှင့် ပြုတ်ကျလာသည့် ပုံရိပ်ယောင်များကို ပြန်မြင်ယောင်နေမိသောကြောင့်မို့။ နောက်ပိုင်းမှသာ စိတ်ပိုင်းဆိုင်ရာ အထူးကုဆရာဝန်၏ လမ်းညွှန်ကုသမှုအောက်တွင် ဖြည်းဖြည်းချင်း ထိုအရိပ်မည်းထဲက ရုန်းထွက်လာနိုင်ခဲ့ခြင်းဖြစ်သည်။ သို့ပေမင့် အမြင့်ကြောက်သော ရောဂါက စွဲကျန်နေခဲ့ပြီး လေးဘက်လေးတံတွင် အကာအကွယ်မရှိဘဲ အမြင့်တစ်နေရာတွင် ရပ်နေရလျှင် မူးနောက်လာပေသည်။ ထို့ကြောင့် မည်သို့ပင် လွယ်ကူသော တိုက်ခိုက်ခန်းများဖြစ်ပါစေ လူစားထိုးသရုပ်ဆောင်ခိုင်းရတတ်သည်လေ။

"ကိုယ်တို့ အိမ်ပြန်ကြမယ်နော်"

ချင်ရှောက်ယွီက သူ့ကို တွဲပေးကာ မတ်တပ်ရပ်လိုက်သည်။ ရှန်ချန်းလင်ကား မျက်စိများကို အတင်းမှိတ်ထားဆဲဖြစ်ပြီး မျက်နှာက စက္ကူဖြူတစ်ရွက်ပမာ။

"သခင်လေး ဘာဖြစ်လာတာလဲ??"

ပေါင်တို့က အခန်းထဲတွင် သိမ်းဆည်းနေဆဲဖြစ်ရာ ရုတ်ခြည်း ရှန်ချန်းလင် သေလုမြောပါးရုပ်ကလေးနှင့် ပွေ့ချီလာခံရသည်ကို မြင်သော် အလွန်အမင်း ထိတ်လန့်သွားရတော့သည်။

"ရေနွေးပူလေး မြန်မြန်ယူခဲ့"

ချင်ရှောက်ယွီက သူ့ကို ခုတင်ပေါ်တင်ပေးလိုက်သည်။

"ငါဘာမှမဖြစ်ဘူး"

ရှန်ချန်းလင်က နွမ်းလျစွာဆိုသည်။

"မင်းသွားပါတော့"

"အဲ့လောက်တောင် ကြောက်တာလား?"

ချင်ရှောက်ယွီက စိတ်တထင့်ထင့်နှင့် မေးသည်။ ရှန်ချန်းလင်က မျက်လုံးများသာ မှိတ်လိုက်တော့သည်။ သူနှင့် စကားလုံးဝမပြောချင်တော့သည်မှာ အသိအသာ။

"ဂိုဏ်းချုပ်... ရေနွေးပူလေး!"

ပေါင်တို့က ရေဇလုံကြီးကိုင်လို့ ပြေးဝင်လာသည်။

ချင်ရှောက်ယွီက တဘက်တစ်ထည်ကို ရေညှစ်လိုက်ပြီး ရှန်ချန်းလင်၏ နဖူးပြင်နှင့် ဆံစပ်များကြား ကပ်ငြနေသော ချွေးအေးများကို အသေးစိတ် သုတ်သပ်ပေးရင်းပြောလာသည်။

"ကိုယ်နောက်ဆို လင်အာကို ဘယ်တော့မှ အမြင့်ကို ခေါ်မသွားတော့ပါဘူး"

ရှန်ချန်းလင်က စောင်ကိုပိုက်၍ ဟိုဘက်ကို လှည့်သွားတော့၏။

ပေါင်တို့မှာလည်း အလွန်ပင် စိတ်ပူစွာဖြင့် ချင်ရှောက်ယွီကို ကြည့်နေမိသည်---- ခင်ဗျားက ကျွန်တော်တို့ အိမ်ကသခင်လေးကို ဘာလုပ်လိုက်ပြန်တာလဲ? ခဏလောက်အပြင်သွားလိုက်တာနဲ့ တစ်ခုမဟုတ် တစ်ခု ပြဿနာတက်လာတာပဲ!

"သူ့ကို ကောင်းကောင်းဂရုစိုက်ပေးပါ"

ချင်ရှောက်ယွီက မတ်တပ်ထရပ်လို့ လှည့်ထွက်သွားတော့၏။

*****

ရှန်ချန်းလင်က တစ်လျှောက်လုံး နံရံကိုသာ ကြည့်၍ ငေးငိုင်နေသည်။ ပေါင်တို့ ရင်ထဲ ပို၍ ကြောက်ရွံလာမိသောကြောင့် တိတ်တိတ်ကလေး ရှန်ချန်းဖုန်းကိုသွားရှာရာ လမ်းတွင် ရှန်သခင်မကြီးနှင့်ပါ တွေ့လာရလေသည်။

"ငါ့ရဲ့သနားစရာ လင်အာလေးရယ်!"

ခြံဝန်းငယ်‌လေးထဲတွင် ရင်းနှီးနေကျ အသံတစ်သံ ပျံ့လွှင့်လာပြန်သည်။

ရှန်ချန်းလင်ကား မူးဝေဝေနှင့် မျက်လုံးများဖွင့်ကြည့်သော်လည်း ခေါင်းကတော့ မူးနေဆဲ။

"ဒါက ဘယ်လိုဖြစ်ရတာလဲကွယ်"

ရှန်သခင်မက ခုတင်ဘေး၌ ထိုင်ကာ ဆိုလေသည်။

"ဘာမှမဖြစ်ပါဘူး"

ရှန်ချန်းလင်က အားယူ၍ ထထိုင်ဖို့ လုပ်လိုက်သော်လည်း စောင်ထွေးကြီးကြားတွင် မြုပ်နေသည်ပင်။

"ဘယ်လောက်တောင် ထိတ်လန့်တကြားဖြစ်လာလို့လဲ.. မျက်နှာက ဖြူဆွတ်နေပါရော့လားကွယ်"

ရှန်သခင်မက ရင်နာနေသည့်ဟန်။

"အဲ့ဒီအရှုပ်ထုပ်ကောင်က မင်းကို ဘယ်လို အနိုင်ကျင့်လိုက်တာလဲ?"

ရှန်ချန်းဖုန်းက မတတ်နိုင်စွာ ဝင်ပြောလာသည်။

"အမေ.. အရင်လည်း မေးကြည့်ပါဦး.. ရှောက်ယွီလုပ်တာ မဟုတ်ဘဲနေပါဦးမယ်"

"သူမဟုတ်လို့ လင်အာ ကိုယ်တိုင်ဖြစ်နေပါ့မလား?"

ရှန်သခင်မက ဒေါသမျက်ဝန်းများဖြင့် ရှန်ချန်းဖုန်းကို စိုက်ကြည့်လိုက်သည်။

"နောက်တစ်ခါ ကိုယ်ညီလေးဘက်က မပါလို့ကတော့ မင်းအဖေနဲ့ပြောပြီးထိုးခိုင်းမယ်!"

ရှန်ချန်းဖုန်း - "......."

ရှန်ချန်းလင်၏ မျက်နှာလေးက သူ့မရင်ခွင်ထဲ နှစ်မြုပ်လျက်။ သူ့ကိုယ်သူ အသက်ရှူရပ်ပြီး သေတော့မလို ခံစားလာရသည်! !

အသက်ရှူကျပ်နေပြီလို့!

"လိမ္မာတယ်.. သူက မင်းကို ဘယ်လိုအနိုင်ကျင့်တာလဲ?"

ရှန်သခင်မက သူ့နောက်ကျောလေးကို ပုတ်ပေးကာ မေးသည်။

"မကြောက်နဲ့.. ပြောပြရင် ဒီကအမေက မင်းရဲ့ဘက်မှာရပ်တည်ပေးမယ်!"

ကျွန်တော်လည်း ပြောပြချင်ပါတယ်ဆို.. အရင်ဆုံး လွှတ်ပေးပါဦးလို့! ! !

ရှန်ချန်းလင်မှာ မျက်ရည်တောင်ဝဲလာရသည်။

သူ့အမေက ဘာလို့ အဲ့သည့်လောက်တောင် အားသန်နေရတာလဲ! ! !

ဒါသိပ္ပံနည်းလမ်းမကျဘူးနော်!

"အမေ"

ကံကောင်းထောက်မ၍ ရှန်ချန်းဖုန်းက ကြည့်မနေနိုင်တော့သည့်မို့ လူကို ဆွဲထုတ်ပေးလာသည်။ သို့မှသာ ရှန်ချန်းလင်က လေကောင်းလေသန့်ကို အားပါးတရ ရှူရှိုက်ရရှာ၏။

ဒီလို ပြင်းပြတဲ့ မိခင်မေတ္တာတွေ သိပ်ကို ကြီးမားလွန်းပါလား.. အသက်ရှူကျပ်ပြီး‌တောင် သေတော့မလောက် အင်အားကြီးလာတယ်..

ငါ့အမေက လုံးဝ အမိုက်စားကွ

-

🍀💟

.

.

.

Zawgyi>>























"အစာအိမ်အောင့်တယ်"




ခရမ်းရောင်မမ - "......."





"ဘာကိစ္စဖြစ်လာတာလဲ?"


"ဆရာချွန်း လာပြီလား?"







You are reading the story above: TeenFic.Net