အခန်း (၃၁) နည်းနည်းလေးမှ ရိုးသားမှုမရှိဘူး!

Background color
Font
Font size
Line height

Unicode>>

 အခန်း (၃၁) နည်းနည်းလေးမှ ရိုးသားမှုမရှိဘူး!

【မင်းကအိမ်တွင်းအကြမ်းဖက်သမား!】

" ဒါမှမဟုတ် ကျွန်မ လက်အောက်ငယ်သားတွေကို ခေါ်ပြီး ပြန်သွားကြည့်ကြည့်လိုက်ရမလား? "

ဟွားထန်က ခပ်တိုးတိုး မေးသည်။

" ဖန့်ယန် ဒီနေ့ညပြန်သွားလိုက်ရင် ရပြီ "

ချင်ရှောက်ယွီက ဆို၏။

" မင်း အခုတလော အရမ်းပင်ပန်းနေပြီ။ ကောင်းကောင်း အနားယူလိုက်ပါဦး "

" အဲ့တာပြောတာပေါ့ "

ဖန့်ယန်က ခေါင်းညိတ်ကာ ထောက်ခံပြီး ဝင်ပြောသည်။

" နောက်ပိုင်းဆို နူးနူးညံ့ညံ့လေးနေတတ်အောင် သင်ယူ၊ မိန်းမပျိုလေး တစ်ယောက်လုပ်ပြီး နေ့တိုင်း သတ်မယ် ဖြတ်မယ်ပဲ လုပ်မနေနဲ့လေ "

ဟွားထန် - "........"

ဖန့်ယန်သည် ဆက်လက်ပြီး အမျှင်မပြတ်နိုင်အောင် ပြောနေသေးသည်။

" မင်း ကြည့်စမ်းပါ... ကြင်ယာတော်လေးဆို ဘယ်လောက်ကောင်းလဲ၊ ဖော်ရွေသဘောကောင်းပြီး ချစ်စရာကောင်းတယ်၊ အပူအပင်ကင်းပြီး လွတ်လပ်ပေါ့ပါးတယ်လေ! "

" ကယ်ကြပါဦးဗျ! "

အဝေးတစ်နေရာက ရှန်ချန်းလင်၏ အသံက ပျံ့လွင့်လာသည်။ သူသည် အင်မတန် ကြီးမားသော ခွေးနှင့်ဝံပုလွေစပ် ခွေးတစ်ကောင်က ပြေးလိုက်ခြင်းကို ခံနေရသည်ပင်။ ခြံဝန်းတစ်ဝန်းလုံး နှံ့အောင် ‌ပတ်ပြေးနေရင်း မျက်ရည်များပင် ကျနေတော့သည်။ တကယ်ပဲ ရိုးသားဖြူစင်ပြီး ချစ်ကြည်နူးစရာလေးပါပေ။

ထို့အပြင် ပတ်ပတ်လည်ရှိ လက်အောက်ငယ်သား အားလုံးမှာ ဤမြင်ကွင်းအား မျှော်ငေးကြည့်လျက်သာ ရှိပြီး ယုတ်စွအဆုံး သွားရောက်ကူညီရန် ပြင်နေသော လယ်ရှင်ကိုပင် တားမြစ်ထားကြ၏။

ဒီလို သူရဲကောင်းက အလှလေးကို ကယ်တင်တဲ့ အခွင့်အရေးမျိုးဟာ သေချာပေါက် ငါတို့ ဂိုဏ်းချုပ်အတွက်ပဲ ဖြစ်ရမယ်!

ချင်ရှောက်ယွီသည် ရယ်ရခက် ငိုရခက်ဖြင့် ပျံသန်း၍ ပွေ့ချီကာ ကယ်တင်လိုက်တော့သည်။

" ငါ လန့်လို့သေတော့မှာပဲ "

ရှန်ချန်းလင်က ထိတ်ထိတ်ပျာပျာ ပြောလာ၏။

" အကောင်းကြီးကနေ ဘာလို့ သူ့ကို သွားရန်စတာလဲ "

ချင်ရှောက်ယွီသည် လက်ဖက်ရည်တစ်ခွက် ကမ်းပေးရင်း ဆို၏။

" ငါသူ့ကို ရန်မစပါဘူး! "

ရှန်ချန်းလင်က စိတ်ညစ်စွာ ပြောသည်။

" ငါက မီးဖိုခန်း အပေါက်ဝမှာ ရပ်ပြီး ကြက်ခြေထောက်လေး တစ်ချောင်းစားနေတာကို... သူက ဘယ်ကနေ ရုတ်တရက် ပြေးထွက်လာမှန်းကို မသိတာ "

" ကြက်ခြေထောက်? "

ချင်ရှောက်ယွီသည် ထိုစကားကြားသော် မျက်နှာတစ်ခုလုံး မည်းပုပ်သွား၏။

" ဘာလို့ တွေ့တဲ့နေရာကနေ တွေ့သမျှ ကောက်စားနေတာလဲ၊ အရင်က ကိုယ် ဘယ်လိုမှာထားလဲ! "

ရှန်ချန်းလင် - "........."

မီးဖိုချောင်ကနေစားတာလည်း တွေ့ကရာ နေရာလို့ ခေါ်တာပဲလား?

" မင်း သိရော သိရဲ့လား၊ ဒီလောကမှာ လူဘယ်လောက်များများက မင်းကို တပ်မက်နေကြလဲဆိုတာ? "

ချင်ရှောက်ယွီက သူ့ပါးလေးများကို ဆွဲညှစ်ကာဆိုသည်။

" နောက်ထပ် ဒီလိုပဲ မလိမ္မာဘူးဆိုရင် ကိုယ်မင်းကို ဘယ်လို ဆုံးမ,မလဲ ကြည့်နေ "

" လျှောက်ပြောနေပြန်ပြီ "

ရှန်ချန်းလင်က မဲ့သည်။

" ငါ့မှာ ဘာများ တပ်မက်စရာရှိလို့လဲ "

ရှန်အိမ်တော်၏ သိုင်းလောကအလယ်တွင် ရပ်တည်နေသော အဆင့်အတန်းအရဆိုလျှင် သူ့ကို သာမန်အားဖြင့်တော့ မည်သူမျှ ထိရဲကြမည် မဟုတ်ချေ။ ထို့အပြင် ချင်ရှောက်ယွီသည်လည်း ယနေ့ခေတ်၏ တစ်ယောက်မျှ၊ နှစ်ယောက်မျှသာ ပေါ်ထွန်းသေးသော ထိပ်တန်းဂိုဏ်းထဲက တစ်ယောက်ပင်။ ဤသို့သော အရှိန်အဝါ တဖိန်းဖိန်းတောက်ပနေသော ကျောထောက်နောက်ခံများ ရှိလျှက်နှင့် ဘယ်သူကများ အသက်မရှင်ချင်တော့ဘဲ မိမိကို လာပြဿနာရှာမည်နည်း?

" မင်းကတော့ တကယ်ကိုလေ....... "

ရှန်ချန်းလင်၏ အူကြောင်ကြောင်လေး တွေးနေသော မျက်လုံးများကို ကြည့်ကာ ချင်ရှောက်ယွီသည် ရယ်ရကောင်း၊ စိတ်ဆိုးရကောင်းမှန်းပင် မသိတော့ချေ။

" တော်ပြီ တော်ပြီ.. သည်ဟာ မပြော‌တော့ဘူး။ ငါ မင်းကို ငါးအကြီးကြီးတွေ ခေါ်သွားပြမယ် "

ရှန်ချန်းလင်သည် ချင်ရှောက်ယွီအား ဆွဲလျက် ခြံနောက်ဘက်ထဲသို့ ပြေးသွားတော့၏။

" တကယ်အကြီးကြီးတွေ "

ချင်ရှောက်ယွီ - "........"

ဖန့်ယန်သည် အဝေးကနေ ကြည့်ရင်း သက်ပြင်းချလိုက်၏။

" ကြင်ယာတော်လေးက တကယ်ကို သွက်လက်ပျော်မြူးနေတာပဲကွာ "

ကျောက်ဝူသည် မျက်နှာအမူအရာ ကင်းမဲ့လျက် ဟွားထန်ကို သူ့အနားကနေ တစ်ဖက်ဝေးဝေးသို့ ဆွဲခေါ်သွားလိုက်သည်။

" မင်းတို့ကောင်တွေ ငါ့ကို အဲ့လောက် သိသိသာသာကြီး ရှောင်ဖယ်သွားစရာလားဟ! "

ယောကျ်ားရင့်မာတစ်ယောက်အနေနဲ့ ဖန့်ယန်သည် သူ့ကိုယ်သူ သိက္ခာကျသည်ဟု ခံစားလိုက်ရသည်။

" အဖွဲ့ခေါင်းဆောင်ဖန့်ကလည်း နောက်နေပါပြီနော်၊ ငါတို့က ဘယ်လိုလုပ်ပြီး မင်းကို အဲ့လိုရှောင်ဖယ်ရဲမှာလဲ "

ကျောက်ဝူသည် အေးအေးဆေးဆေး ရှင်းပြ၏။

" ဒီတိုင်းပဲ ဂိုဏ်းချုပ်ကသာ မင်းပြောနေတဲ့စကားကို ကြားသွားရင် သေချာပေါက် မင်းကို ပိတ်ထိုးလိမ့်မယ်လို့ ထင်လို့ အစောကြီးကတည်းက ဘေးဖယ်ပေးထားတာပါ။ တော်ကြာ ငါတို့ပါ အလကား အထိုးခံလိုက်ရမှာစိုးလို့ "

အဖွဲ့ခေါင်းဆောင်ဖန့်၏ ဖန်သားနှလုံးသားလေး တစ်စစီ မြေခသွားရတော့၏။

ကြော်လှော်ချက်ပြုတ် ပြီးစီးသွားသောအခါ လယ်ရှင်ကြီးသည် ခမ်းခမ်းနားနား စည်စည်ကားကားပင် စားသောက်ပွဲကို ဖွင့်လှစ်လိုက်တော့၏။ ရှန်ချန်းလင်ကား ဟို‌ပြေးလိုက် သည်ပြေးလိုက်နှင့် တစ်ညနေလုံး အတော်ပင် ပင်ပန်းသွားရာ အစောကြီးကတည်းက တဂွီဂွီ ဆာလောင်နေပြီပင်။ သို့ဖြင့် ဝက်ခေါင်းကိုမြင်သော် မျက်လုံးများပင် လက်လက်တောက်လာ၏။

သို့ရာ စားသောက်ပွဲသည် မစတင်နိုင်သေး။ အဘယ့်ကြောင့်မူ ဂိုဏ်းချုပ်ချင် အဖွင့်စကား ပြောရဦးမည်ကြောင့်ပင်။

မင်း အဲ့လောက်ကြီး ပုံသေတကျ လုပ်ရမှလား!

ရှန်ချန်းလင်၏ ဗိုက်ထဲတွင် အော်မြည်နေချေပြီ။ စိတ်ထဲတွင်တော့ ထိုလူအား အင်မတိ အင်မတန် အမြင်ကပ်စွာဖြင့် ကြည့်နေမိတော့သည်။

သူ့ဟာသူ ချောမောခံ့ညားတဲ့ လူငယ်သူရဲကောင်းလေးကို သူတို့လုပ်တာနဲ့ ရွာသူကြီးကျနေတာပဲ!

" လင်အာ... အားလုံးကို ဂါရဝပြုလိုက်ပါဦး "

ချင်ရှောက်ယွီ၏ အသံက အင်မတန် နူးညံ့၏။

မင်းနှမကို ဂါရဝပြု!

သူသည် စိတ်ထဲတွင် လက်ခလယ်ထောင်ပြလိုက်သည်။ ပြီးလျှင် မတ်တပ်ထရပ်လိုက်ပြီး လှပသေသပ်လှသော အဖြူရောင်ကြွေထည် သေရည်ခွက်သေးသေးလေးတစ်ခွက်ကို ကိုင်ကာ အကျော်အမော် ဂိုဏ်းတို့၏ အဆင့်အတန်းနှင့် အလွန်ပင် ကိုက်ညီစွာ ဂါရဝပြု နှုတ်ဆက်လိုက်လေသည်။

" မြင်လား "

တစ်ခုံကျော်ရှိ ဖန့်ယန်သည် တံတောင်ဆစ်ဖြင့် ဟွားထန်ကို တို့သည်။

" နောက်ဆို ဖလားလောက်ကြီးတဲ့ခွက်ကြီးနဲ့ အရက်မသောက်နဲ့တော့.. သေသေသပ်သပ် လှလှပပလေး နေတတ်ဖို့ သင်ယူစမ်းပါကွာ "

ဟွားထန်သည် ပန်းကလေးသဖွယ် ပြုံးပြလိုက်ပြီး ခြေကန်ချက်တစ်ချက်ဖြင့် ဖန့်ယန်၏ ထိုင်ခုံခြေထောက်ကို ကန်ချိုးပစ်လိုက်သည်။ ဖန့်ယန်ကလည်း ထိတ်လန့်တကြားဖြစ်လျက် အလိုအလျောက် လက်ဆန့်၍ စားပွဲခုံကို ဆွဲလိုက်မိတော့သည်။

ဤသို့ ဟင်းပွဲတွေ အကုန် ပျက်စီးလုနီးပါး အခြေအနေမျိုး ရောက်ခါနီးတွင် သူနှင့်အနီးဆုံး စားပွဲရှိ ကိုးယောက်သည် လူတိုင်း လက်အလျဉ်းသင့်သလို ဟင်းပွဲ နှစ်ပွဲစီ မကိုင်၍ ဟင်းပွဲတွေကိုဖယ်ထားလိုက်သဖြင့် တဒင်္ဂအတွင်း စားပွဲနှင့်အတူ လူပါ သုံးပေလောက်အထိ လွင့်သွားသူမှာ ဖန့်ယန် တစ်ယောက်သာ ဖြစ်တော့ပေ၏။ ဤဖြစ်အင်သည် အင်မတန် လျင်မြန်စွာ ဖြစ်ပွားသွားပြီး အဆုံးသတ်တွင်တော့ ဖန့်ယန်သည် စားပွဲခုံအား ပိုက်လျက် မြေပေါ် ဖင်ထိုင်ကျနေတော့သည်။

အားလုံးသည် ထို့မှသာ သက်ပြင်းချလိုက်နိုင်တော့၏။

ဟင်းတွေ ဘာမှမဖြစ်တာ တော်သေးလို့။

ဖန့်ယန်သည် မျက်ရည်လေးများ ဝဲသီလျက်။

ဟင်းပွဲဖယ်ဖို့ အချိန်မီရင် ကျုပ်ကိုရော တစ်ဖက်လောက် ဆွဲထားကြပါလားလို့!

နည်းနည်းလေးမှ ညီနောင်ချင်း ကိုယ်ချင်းမစာကြဘူး!

ရှန်ချန်းလင်သည် ထိုပွဲအား တက်တက်ကြွကြွ စိတ်ဝင်စားကာ ကြည့်နေပြီး ချင်ရှောက်ယွီ ခွံ့ပေးလာသော ချောင်း ပုစွန်အား ပါးစပ်အသင့်ဟလျက် စားနေ၏။

အင်မတန် ခမ်းနားတင့်တယ်စွာ ခင်းကျင်းပြင်ဆင်ထားသော စားသောက်ပွဲကို နောက်ခံထား၍ မြင်ရသော ဤမြင်ကွင်းသည် အနီးတစ်ဝိုက် ပြည်သူများအား မျက်လုံးများပင် လက်လက်ထပြီး ကျိန်းသွားစေတော့မလို။

ထို့ကြောင့် လက်အောက်ငယ်သားများသည် ရင်ထဲ၌ သက်ပြင်းချကြတော့သည်။

တကယ်ကို ကြင်ယာတော်လေး ရှိသွားတာနဲ့ မတူတော့တာဘဲ... အရင်က ဂိုဏ်းချုပ်က သေချာပေါက် အရမ်းအေးစက်ကြမ်းတမ်းတာပါဆို!

ရုတ်တရက်ကြီး ဒီလောက် နူးညံ့ပြီး အလိုလိုက်နေတော့ ဘေးလူတောင် နေသားမကျတော့ဘူးနော်!

ကြီးကျယ်ခမ်းနားသော ညစာစားပွဲကြီး အပြီးတွင်တော့ ရှန်ချန်းလင်၏ ဗိုက်လေးသည် လုံးလို့ထွက်လာချေပြီ။ နဂိုကတော့ အစာကြေအောင် လမ်းလျှောက်ထွက်မည် စဉ်းစားသော်လည်း ချင်ရှောက်ယွီက ဇွတ်အတင်း ဒုတိယထပ်သို့ ပြန်ဆွဲခေါ်လာတော့၏။

" အပြင်မထွက်ရဘူး "

" ဘာလို့လဲ? "

ရှန်ရှောင်ရှို့က ဆန့်ကျင်ပါ၏။

" ထမင်းစားပြီး လမ်းလျှောက်ရင် အသက် (၉၉) နှစ်အထိ နေနိုင်မယ်တဲ့ "

" ဘယ်က ပေါက်တတ်ကရ အထူးအဆန်း စကားတွေလဲ "

ချင်ရှောက်ယွီသည် သူ့ကို ထိုင်ခုံတစ်လုံးပေါ် ဖိချ၍ ထိုင်ခိုင်းသည်။

" ကိုယ် ဟွားထန်တို့နဲ့ ဆွေးနွေးတိုင်ပင်စရာတွေရှိတယ်.. မင်း အပြင်မထွက်ရဘူး! "

ရှန်ချန်းလင်မှာ အင်မတန် စိတ်ရှုပ်ထွေးသွားရတော့သည်။

" အဲ့နှစ်ခုက ဆက်နွယ်မှုရော ရှိလို့လား? "

" သေချာပေါက် ရှိတာပေါ့ "

ချင်ရှောက်ယွီက ဆိုသည်။

" ကိုယ် မင်းကို အဖော်လုပ်ပြီး အတူတူ အပြင်မထွက်ပေးနိုင်သေးဘူး.. ဒါကြောင့် မင်းအခန်းထဲမှာပဲ နေရမယ်! "

ရှန်ချန်းလင်မှာ စိတ်ပျက်လက်ပျက်ဖြင့် သဘောတူလိုက်ရတော့သည်။

အင်းပါ.. ကိုယ်တိုင်ကမှ သိုင်းမတတ်တဲ့ဟာကို သူ့ကို အရမ်းဒုက္ခပေးနေလို့ မဖြစ်သေးပါဘူး။

" လိမ္မာလိုက်တာ "

ချင်ရှောက်ယွီက သူ့ခေါင်းလေးကို ပွတ်သပ်ပေးလိုက်သည်။

" ကိုယ် အမြန်ဆုံး ပြန်လာပြီး အဖော်လုပ်ပေးမယ်နော် "

" သွားပါ.. သွားပါ "

ရှန်ချန်းလင်သည် လက်ရမ်းပြလိုက်ပြီးနောက် တံခါးပိတ်သံက ဝုန်းကနဲ ရက်စက်စွာ ပိတ်သွားခဲ့တော့သည်။ ထို့နောက် သူသည် ခရီးဆောင်အိတ်ထဲတွင် မွှေနှောက်၍ အချိန်ကုန်နိုင်စေ‌သော ပစ္စည်းအား ရှာဖွေတော့သည်။ ထိုအခါ မထင်မှတ်ထားဘဲ စာအုပ်တစ်အုပ်ကို ရှာတွေ့လိုက်ရ၏------ထို လူကြီးမင်းမွေးနေ့ပွဲနေ့၌ ဆရာလီက သူ့ကို ပေးလိုက်သော ထိုစာအုပ်။

အိုင်းအိုင်း... သူက လွှင့်ပစ်လိုက်ပြီထင်နေတာရော်..... ရှန်ချန်းလင်သည် စာအုပ်ကို ယူ၍ သွက်လက်တက်ကြွစွာဖြင့် ပထမဆုံး မျက်နှာကို ဖွင့်လိုက်တော့သည်။

" နေနှင့်လတို့ စတင်ဖြစ်တည်ရာဝယ် မိုးကောင်းကင်နှင့် မြေပထဝီသည် ရောထွေးလျက်သာ ရှိသေးသည်။ အကြင်နာတရားမရှိ၊ ရက်စက်ယုတ်မာမှုမရှိ၊ အမှန်အမှား မရှိ၊ အချစ်နှင့်လိုအင်ဆန္ဒလည်း မရှိ၊ ပျော်ရွှင်မှုလည်း မရှိ၊ ဝမ်းနည်းမှုလည်းမရှိ။ "

ရှန်ရှောင်ရှို့သည် ဝါးကနဲ သမ်းဝေလိုက်ပြီး စာအုပ်ကို ချက်ချင်း အိတ်ထဲ ပြန်ထည့်လိုက်တော့သည်။

တကယ်ကို တစ်လုံးမှ နားမလည်နိုင်ဘူးပဲ!

" ငါ့ရဲ့ ကွန်ပျူတာ PSP ပြန်ပေး! "

သူသည် စိတ်ရှုပ်စွာဖြင့် ပြတင်းပေါက်ကနေ အားရပါးရ အော်ဟစ်ပစ်လိုက်သည်။

ထိုစကားပင် မဆုံးခင်တွင် အမည်းရောင်ဝတ်စုံနှင့် လူတစ်ယောက်က ခေါင်းမိုးတံစက်မြိတ်မှနေ၍ ဇောက်ထိုး ကျလာပြီး -

" သခင်လေး ဘာကိစ္စရှိလို့လဲ? "

" အား! ! ! "

ရှန်ချန်းလင်မှာ အင်မတန် လန့်ဖျပ်သွားရတော့သည်။

လျှို့ဝှက်တပ်သားမှာလည်း အပြစ်ကင်းသော မျက်လုံးဖြင့် သူ့ကို ကြည့်နေသည်။

သို့ဖြင့် ရှန်ချန်းလင်သည် တိတ်တဆိတ်သာ ပြတင်းပေါက်အား ပိတ်လိုက်ရတော့၏။

သည်စိတ်ပျက်စရာကောင်းလိုက်တဲ့ လောကကြီးကတော့နော်.......

နာရီဝက်ကြာ ချင်ရှောက်ယွီ အိပ်ခန်းသို့ ပြန်ရောက်သော် တံခါးဖွင့်လိုက်သည်နှင့် ရှန်ချန်းလင်တစ်ယောက် ခုတင်ပေါ်တွင် လှဲလျက် အပေါ်ကို အဆက်မပြတ် ခြေကန်ချက်များ ဆန့်ထုတ်နေသည်ကို တွေ့ရ၏။

ဂိုဏ်းချုပ်ချင်မှာ ထိတ်လန့်သွားရ၏။

" မင်းဘာလုပ်နေတာလဲ? "

ရှန်ချန်းလင်သည် မောဟိုက်နေသည်။

သေချာပေါက် လေ့ကျင့်ခန်းလုပ်နေတာပေါ့ကွ! မင်းမလာခင်တုန်းကဆို ငါ အိပ်ထမတင်နဲ့ ကီထိုင်တာကို အကြိမ်ပေါင်း မရေမတွက်နိုင်အောင် လုပ်ပြီးသွားပြီ!

ဒီနေ့ညတော့ သေချာပေါက် အိပ်လို့အရမ်းကောင်းတော့မှာပဲ!

ခေတ္တကြာသော် ရေချိုးပြီးသွားသော ရှန်ချန်းလင်သည် အိပ်ရာပေါ် ကုန်းရုန်းတက်၍ အိပ်ဖို့ပြင်တော့သည်။

" ဒီလောက်အစောကြီး အိပ်တော့မှာလား? "

ချင်ရှောက်ယွီက သူ့နံဘေး၌ မှီနေသည်။

အပိုတွေ! ရေချိုးပြီးလို့ မအိပ်ရင် ဘာသွားလုပ်နေရမှာလဲ?

ရှန်ချန်းလင်သည် စောင်ကို ဆွဲယူကာ နံရံဘက်သို့ မျက်နှာမူ၍ တင်ပါးကို သူ့ဘက်ပေးထားလိုက်တော့၏။

" ကိုယ်‌အောက်ထပ်မှာ ရှိနေတဲ့ တစ်ချိန်လုံး မင်း ဒီကိုယ့်ကိုယ်ကိုယ် နှိပ်စက်တဲ့ အလုပ်တွေပဲ ခုတင်ပေါ်မှာ ထိုင်လုပ်နေတာပေါ့? "

ချင်ရှောက်ယွီက မေးသည်။

ဘယ်လိုလုပ် ကိုယ့်ကိုယ်ကိုယ် နှိပ်စက်တယ် ဖြစ်ရမှာလဲ!

ရှန်ချန်းလင်က တိတ်တိတ်ကလေး ငြင်းဆန်၏။

လူတိုင်းက မင်းလို ဟိုပျံလိုက် သည်ပျံလိုက်မှ မဟုတ်တာ! သာမန် ပြည်သူ ပြည်သားတွေဆိုတာ ဒီလို နည်းလမ်းနဲ့ပဲ ကျန်းမာရေးလိုက်စားကြတာလေ!

" မဟုတ်ရင် ကိုယ် နောက်ဆို မင်းအတွက် စာအုပ်လေးဘာလေး ရှာထားပေးရမလား? "

ချင်ရှောက်ယွီက သူ့ခေါင်းလေးအား ပွတ်သပ်ရင်း ပြောသည်။

" ပျင်းမနေရအောင်လို့လေ "

ဒီဟာကို မပြောတာမှ ဟုတ်သေးမည်။ ပြောလိုက်သည်နှင့် ရှန်ချန်းလင်က ချက်ချင်း ဒီဘက်လှည့်လာပြီး တိုင်တောလေ၏။

" အဲ့ဒီ ဆရာလီပေးတဲ့ စာအုပ်ကလည်း ပျင်းစရာကောင်းလွန်းလို့ သေတော့မယ်ဆို! "

" ဟုတ်လား? "

ချင်ရှောက်ယွီက ဆိုသည်။

" ကိုယ်တော့ စိတ်ဝင်စားဖို့ကောင်းတယ် ထင်တာပဲ "

" စိတ်ဝင်စားစရာ ကောင်းတာက ဘယ်နားမှာများလဲ? "

ရှန်ချန်းလင်က နားမလည်နိုင်စွာပင် မေးသည်။

" အနည်းဆုံးတော့ နှင်းသလင်းပြာနဲ့ ကျောက်စိမ်းမျက်ရှင်က ဒဏ္ဍာရီလာ ရှေးဝိဉာဉ်ကျောက်တွေဆိုတာ သိရတယ်လေ "

ချင်ရှောက်ယွီသည် သူနှင့် မျက်နှာချင်းဆိုလျက် လှဲချလိုက်သည်။

" အဲ့ထဲမှာ နှင်းသလင်းပြာအကြောင်း ပြောထားတယ်? "

ရှန်ချန်းလင်က အံ့သြသွားရ၏။

" မင်းမတွေ့လိုက်ဘူးလား? "

ချင်ရှောက်ယွီက သူ့လည်ပင်အား ဖွဖွညှစ်နယ်ကာ ဆို၏။

ရှန်ချန်းလင်က ရိုးသားစွာဖြေ၏။

" ငါ ပထမဆုံး တစ်မျက်နှာပဲ ကြည့်ရသေးတာ "

ချင်ရှောက်ယွီမှာ ရယ်ရခက် ငိုရခက်။

" အဓိကကတော့ ရှေးဝိဉာဉ်ကျောက်တွေရဲ့ ဇာတ်လမ်းကိုပြောထားတာပါပဲ... နှင်းသလင်းပြာ ၊ ကျောက်စိမ်းမျက်ရှင် အပြင်... ချော်ရည်ခဲကျောက် ၊ ရွှေမျက်လုံးကျောက် ၊ မြစိမ်းပြာ‌ကျောက် စတဲ့ စုစုပေါင်း ကိုးလုံး ရှိတယ်တဲ့ "

" အဲ့လောက်တောင် များတယ်လား? "

ရှန်ချန်းလင်သည် နားထောင်ရင်း စိတ်ဝင်စားလာ၏။ ထို့ကြောင့် စောင်ကို ဖယ်ကာ ခုတင်ပေါ်က ဆင်းပြေးဖို့ လုပ်သည်။

" ငါသွား ကြည့်ကြည့်မယ် "

" မနက်ဖြန် မနက်ကျမှ ကြည့်တော့! "

ချင်ရှောက်ယွီသည် သူ့ကို အိပ်ရာထဲသို့ ပြန်ဆွဲသွင်း၏။

" ခုဏလေးတင် ရေချိုးပြီးတာကို ဘာ ပိုးဟပ်တက်ပြီးသား ညစ်ညစ်ပတ်ပတ်ဟာကြီးကို သွားကိုင်မှာလဲ! "

ယောကျ်ားရင့်မာကြီးလုပ်ပြီး အသန့်ကြိုက်ရောဂါမထူစမ်းပါနဲ့!

ရှန်ချန်းလင်က အသည်းအသန်ပင်။

တကယ်လို့ ‌ရှေးဝိဉာဉ်ကျောက် ကိုးလုံး အကုန်စုံသွားတဲ့အချိန် ပြန်သွားလို့ရနေရင် ဘယ်လိုလုပ်မလဲ! မင်းငါ့ကို မြန်မြန်လွှတ်!

" ထပ်ရုန်းနေရင် ကိုယ်မင်းကို ကြိုးတုပ်ထားတော့မှာနော်! "

ချင်ရှောက်ယွီက ခြိမ်းခြောက်၏။

ရှန်ချန်းလင် - "........"

" အိပ်တော့ "

ချင်ရှောက်ယွီက မီးများ ငြိမ်းလိုက်တော့သည်။

ရှန်ချန်းလင်ကမူ အင်မတန် စိတ်ညစ်ညူးမိ၏။ ဒီလိုမျိုး တစ်ဝက်တစ်ပျက် သိချင်စိတ်နဲ့နေရတာလောက် စိတ်ညစ်စရာကောင်းတာ မရှိဘူး!

တစ်နာရီကြာသော်.... ရှန်ချန်းလင်က သက်ပြင်းတွင်တွင် ချနေသည်။

နှစ်နာရီကြာသော်..... ရှန်ချန်းလင်က မရပ်မနားတမ်း ဟိုလှိမ့်သည်လှိမ့် လုပ်နေသည်။

သုံးနာရီကြာပြီး‌နောက်တွင်..... ရှန်ချန်းလင်သည် သီချင်းတစ်ပုဒ်အား စတင် ညည်းလာပြီး ကီးကြောင်နေသည်မှာလည်း လိပ်ပြာလွှင့်စေမတတ်ပင်။ ထို့အပြင် လက်မြောက်ကာ ဟိုလှုပ်သည်လှုပ်ပင် လုပ်လာ၏။

ချင်ရှောက်ယွီသည် အမှောင်ယံထဲတွင် သက်ပြင်းတစ်ချက် ရှိုက်လိုက်ပြီး ခုတင်ပေါ်က ဆင်းကာ ဖယောင်းတိုင် မီးညှိလိုက်ရတော့သည်။

အိုးရေ့!

အသက်နဲ့ရင်းပြီး အောင်မြင်မှုကို ဆွတ်ခူးမယ်!

ရှန်ချန်းလင်သည် ခြေဗလာဖြင့်ပင် ဗီရိုရှိရာသို့ ပြေးသွားတော့သည်။

ထို့နောက်မှာပဲ ချင်ရှောက်ယွီက လမ်းတစ်ဝက်၌ ဆွဲယူကာ ခုတင်ပေါ် ပြန်တင်ခံလိုက်ရတော့သည်။ ထို့အပြင် တင်ပါးကို တစ်ချက် အရိုက်ခံလိုက်ရသေး၏။

" အခုရပ်လိုက်စမ်း! "

ရှန်ချန်းလင်သည် စိတ်ဆိုးဆိုးဖြင့် အတင်း ရုန်းကန်တော့သည်။

အပြိုင်အဆိုင် တိုက်ခိုက်နိုင်စွမ်းအားဟူသည် ရှိချင်တိုင်း ရှိသည့်အရာ မဟုတ်ပေ။ အထူးသဖြင့် ချင်ရှောက်ယွီကဲ့သို့သော သိုင်းပညာရှင်မျိုးနှင့် ယှဉ်လာလျှင်။ ရှန်ရှောင်ရှို့သည် ရုတ်ခြည်း အားကုန်ရုန်းကြည့်ပြီးနောက် စတင်ပြီး အော်တော့သည်။

" လူဆိုးကောင်! ငါ မင်းကို အစ်ကိုကြီးနဲ့ ပြန်တိုင်မှာ! "

" တိုင်မယ်! "

ချင်ရှောက်ယွီသည် သူ့တင်ပါးအား နောက်ဆုံးတစ်ချက် ထပ်ရိုက်လိုက်သည်။

" ခရီးမသွားခင် အစကတည်းက မင်းအပြင်ထွက်တဲ့အခါကျရင် ကြည့်ရှုစောင့်ရှောက်ပြီး ဆိုဆုံးမပေးဖို့ ချန်းဖုန်းက ကိုယ့်ကို မှာထားပြီးသား "

မင်းနှမ! ...........

မင်းက အိမ်တွင်းအကြမ်းဖက်သမား! ! ! ! !

ချင်ရှောက်ယွီသည် လက်စလက်နကို လျော့ထားသော်လည်း ရှန်ချန်းလင်၏ ဒေါသစံချိန်ရေမှတ်ကတော့ တာကျိုးသွားခဲ့တော့သည်။ သူ့ကို ဖမ်းဆွဲထားသော လက်များ လွှတ်ပေးလိုက်သည်နှင့် ရှန်ချန်းလင် တစ်ယောက်သည် နံရံထောင့်တွင် သွားကပ်နေကာ လုံးဝ ‌ဆေးလည်း အထည့်မခံ၊ မျက်နှာရော ခေါင်းကိုပါ စောင်နှင့် အုပ်ထားလေသည်။

" မပူဘူးလား? "

ချင်ရှောက်ယွီက သူ့ကို တို့သည်။

စောင်လုံးလေးသည် နံရံဘက်သို့သာ အတင်းတိုးကပ်၏။ သူနှင့် ခပ်ဝေးဝေးသွားနေချင်သည်မှာ အသိအသာပင်။

ချင်ရှောက်ယွီက ပြုံးစစနှင့်။

" ထပ်တိုးသွားရင် မင်းတော့ နံရံကို ဖောက်ပြီး ဟွားထန်အခန်းထဲ ရောက်သွား‌တော့မယ်နော် "

မင်းအပူပါလား!

ငါကတော့ အဲ့လို လှပတဲ့ ရင်ကြီးကြီးနဲ့ မမလှလှကိုပဲ ဖက်ပြီး အိပ်လိုက်ချင်တယ် သိရဲ့လား!

သေချာပေါက် နူးညံ့ပျော့ပျောင်းနေမှာပဲ!

ရှန်ရှောင်ရှို့သည် စောင်ထဲ၌ မိမိ၏ ပူစပ်စပ်ဖြစ်နေသော တင်ပါးကို ထပ်စမ်းကြည့်ရင်း ဒေါသထွက်လွန်းလို့ မူးမေ့သွားတော့မလိုပင်။

" တကယ်စိတ်ဆိုးသွားပြီလား? "

ချင်ရှောက်ယွီက သူ့ကို နည်းနည်း ဆွဲထုတ်လိုက်သည်။ ရှန်ချန်းလင်သည် ဟိတ်ဟန်ပါပါနှင့် ထိုသူ့အား မျက်လုံးချင်းစုံကြည့်လိုက်၏။

" ဟုတ်ပါပြီ.. ကိုယ် စာအုပ်ပေါ်က အကြောင်းအရာတွေ ပြောပြရမလား? "

ချင်ရှောက်ယွီက နောက်တစ်လှမ်းဆုတ်ကာ အလျော့ပေးလိုက်သည်။

" ငါက ဘာကိစ္စ ကိုယ့်ဘာသာ သွားဖတ်မကြည့်ရမှာလဲ? "

ရှန်ချန်းလင်က နားမလည်နိုင်ပေ။

" စာအုပ်ထဲက အကြောင်းအရာတွေက ပါဠိလို ရေးထားတာတွေ... မင်း မဖတ်တတ်ဘူး "

ချင်ရှောက်ယွီက ဆိုသည်။

" ကိုယ် မင်းကို ပြောပြပေးမယ်လေ... ဒါဆို ကျေသွားပြီမလား? "

မင်းနှမ ကျေပါ့လား!

မင်းက ပါးစပ်ကလေးပဲ လှုပ်ရုံနဲ့ ငါ့ရဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုကို ချေလို့ရမလားကွ!

ရှန်ချန်းလင်သည် ဆက်လက်ပြီး စိတ်ဆိုးမာန်ဆိုးနှင့် သူ့ကို ကြည့်နေလိုက်သည်။

နည်းနည်းလေးမှ ရိုးသားမှုမရှိဘူး!

တကယ်ပဲ အရမ်းမုန်းဖို့ကောင်းတယ်!

___________________________

10.1.2022

___________________________

.

.

Zawgyi>>


【မင်းကအိမ်တွင်းအကြမ်းက်သမား!】




ချင်ရှောက်ယွီက ဆို၏။


" အဲ့တာပြောတာပေါ့ "



ဟွားထန် - "........"



" ကယ်ကြပါဦးဗျ! "









" ငါသူ့ကို ရန်မစပါဘူး! "



" ကြက်ခြေထောက်? "



ရှန်ချန်းလင် - "........."






ရှန်ချန်းလင်က မဲ့သည်။



" မင်းကတော့ တကယ်ကိုလေ....... "




" တကယ်အကြီးကြီးတွေ "

ချင်ရှောက်ယွီ - "........"





ယောက်ျားရင့်မာတစ်ယောက်အနေနဲ့ ဖန့်ယန်သည် သူ့ကိုယ်သူ သိက္ခာကျသည်ဟု ခံစားလိုက်ရသည်။

"

You are reading the story above: TeenFic.Net