အခန်း (၂၁) ချန်းမုတောင်

Background color
Font
Font size
Line height

Unicode>>

အခန်း (၂၁) ချန်းမုတောင်

[မိုးလင်းကနေ မိုးချုပ်အထိ အိပ်ချည်းမနေနဲ့လေ!]

အခန်းအသစ်လဲပြီးသော် ညဉ့်အတော်နက်နေပြီ ဖြစ်သည်။ ရှန်ချန်းလင်သည် စောင်ကြီးအား ကိုယ်ပေါ်ပတ်လျက် ဟိုလိမ့်သည်လိမ့်ဖြင့် တစ်ညလုံးပင်။ သူသည် မနက်မိုးသောက်ခါနီးမှ အိပ်ပျော်သွားသည့်အပြင် အိပ်ပုံအိပ်နည်းကလည်း လွန်စွာမှ ဆိုးဝါးလွန်းပြန်သည်။ ခြေထောက်များက လျှောက်ကန်သည့်အပြင် အိပ်ချင်မူးတူးဖြင့် ဂိုဏ်းချုပ်ချင်၏ ရင်ခွင်ထဲသို့ တိုးဝင်နေသေးသည်။

ချင်ရှောက်ယွီသည် မျက်မှောင် အနည်းငယ်ကြုတ်လိုက်ကာ လက်လှမ်း၍ ဖယ်ရန် ကြိုးစားလိုက်သော်ငြား ရှန်ချန်းလင်ကမူ ချက်ချင်း ဝမ်းနည်းစိတ်တိုသွားဟန်ဖြင့် နှုတ်ခမ်းဆူ ကာ ပိုမို တင်းကျပ်စွာ ဖက်ထားတော့လေသည်။

............

" အင်္ကျီကို သေချာဝတ်ထားလေ "

ချင်ရှောက်ယွီက သူ့နောက်ကျောပြင်ကို ခပ်ဖွဖွ ပုတ်ပေးသည်။

ရှန်းချန်းလင်သည် အင်းအင်းအဲအဲဖြင့်သာ ညည်းညူလျက် ခြေထောက်တစ်ဖက်ကို သူ့ကိုယ်ပေါ်တင်၍ ဖိထားသည်။ ထို့နောက် စတင်၍ တခူးခူး ဟောက်တော့၏။

ချင်ရှောက်ယွီမှာ မတတ်နိုင်စွာဘဲ ခေါင်းခါမိရတော့သည်။ ထို့နောက် စောင်ကို ဆွဲယူပြီး သေချာလုံအောင် ခြုံပေးလိုက် တော့၏။

ဒုတိယနေ့ မနက်တွင် ကျွေးယင်နန်းက တစ်ဖွဲ့လုံးသည် ဧည့်ခန်းမကြီးထဲတွင် စည်ကားသိုက်မြိုက်စွာဖြင့် မနက်စာ သုံးဆောင်နေကြသည်။ သို့ရာ နေမြင့်သည့်တိုင် ချင်ရှောက်ယွီနှင့် ရှန်ချန်းလင်က ထွက်ပေါ်မလာခဲ့ချေ။ ထို့ကြောင့် အားလုံးမှာလည်း တက်ညီလက်ညီဖြင့် ဟိုတွေးသည်တွေး စိတ်လှုပ်ရှားရင်ဖိုစရာ အတွေးများ ခေါင်းထဲပြည့်လာကြတော့သည်။ တစ်ယောက်ထက် တစ်ယောက်က ပို၍သာပေ၏။

" နင်တို့ပဲ ပြောကြစမ်း.. ဂိုဏ်းချုပ်နဲ့ ရှန်သခင်လေးတို့နှစ်ယောက်.. ဘာလို့ အခုချိန်ထိ မ,ထသေးတာလဲ? "

ဟွားထန်က တူကို သွားနှင့် ကိုက်ကာ အင်မတန် စိုးရိမ်ပူပန်သည့်ဟန်ဖြင့် ပြော၏။

" ဟုတ်တာပဲဟ၊ ဂိုဏ်းချုပ်က အမြဲတမ်း အစောကြီး ထတတ်တဲ့သူလေ"

ဖန့်ယန်က မျက်မှောင်ကြုတ်၍ စဉ်းစားကာ ပြောလိုက် သည်။ ရုတ်တရက် သူက "အားယား" ကနဲ အကျယ်ကြီး အော်ဟစ်လိုက်ပြီး စားပွဲခုံအား ဘုန်းကနဲ ရိုက်လိုက်ပါ၏။

ပန်းကန်ပြားများပင်လျှင် လက်မဝက်ခန့် လေပေါ် ခုန်ပျံသွားပြီး ယောင်းချန်၏ မျက်နှာထက်သို့ ရေစက်များ ဖိတ် စင်သွားတော့သည်။ ထို့ကြောင့် သူက ဒေါသတကြီးဖြင့် ဆို၏။

" မင်းဆေးမှားသောက်ထားတာလားကွ "

" ဂိုဏ်းချုပ်နဲ့ ရှန်သခင်လေးတို့ မဟုတ်မှလွဲ.. တိတ်တဆိတ် လုပ်ကြံခံထားရတာများလား? "

ဖန့်ယန်က အသက်ကို ဝ,ဝ ရှူရင်း ပြောသည်။

သူသည် သူ့ဘာသာ လျှောက်တွေးမိသော ဤအတွေးအခေါ်ပေါ် လုံးဝ မင်သက်နေသည်မှာ သိသာလှ၏။

ယောင်းချန် - "........"

လက်အောက်ငယ်သားများ - "..........."

အကြီးအကဲဖန့်... ခင်ဗျား တော်တော်လေး ရိုးသားတာပဲဗျာ။

" အဲ့တာလည်း ဖြစ်နိုင်တာပဲ "

သည်တစ်ခါတော့ ဟွားထန်က ဝင်ပြောသည်။ သူ့အမူအရာကလည်း မျက်မှောင်များကြုတ်ကာ အင်မတန် လေးနက် တည်တင်းလျက်ရှိ၏။

" ဂိုဏ်းချုပ်ရဲ့ သိုင်းပညာက အရမ်းအဆင့်မြင့်တယ်ဆိုပေမဲ့ မိစ္ဆာဂိုဏ်းက ကောင်တွေက ကောက်ကျစ်စဉ်းလဲတော့ တစ်ခုခု အလုပ်မခံရဘူးလို့လည်း မပြောနိုင်ဘူး၊ မင်း... တက်သွားပြီး ကြည့်ကြည့်မလား? "

" အဲ့တာဆို ဘာရပ်လုပ်နေကြသေးတာလဲ.. အတူတူသွား ကြည့်ကြမယ်လေ! "

ဖန့်ယန်က အားတက်သရောဖြင့် ပေါင်တစ်ဖက်ကို လက်ဖြင့်ရိုက်ကာ ချက်ချင်း လှည့်ထွက် ပြေးသွားတော့သည်။

ဟွားထန်ကလည်း ဓါးကို ကောက်ကိုင်ပြီး နောက်ကနေ လိုက်သွား၏။ စိုးရိမ်ပူပန်နေသော မျက်နှာအရောင်က သိသိသာသာ။ မသိလျှင် ချင်ရှောက်ယွီက အမှန်တကယ်ကို တစ်စုံတစ်ယောက်ထံ၌ ဖမ်းဆီးခံလိုက်ရသည့်အလား။

သို့ပေတည့် တကယ်တော့ သူ(မ)သည် လမ်းကြုံ အခွင့်အရေးဖန်တီး၍ live ကြည့်ချင်ခြင်းသာ....

အဲ့သည်လောက်တောင် သရုပ်ဆောင်တော်တာ သေချာပေါက် လက်မထောင် ချီးကျူးရမယ်! ! !

အဲ့တာကြောင့် ပြောပါတယ်.. ဘယ်လိုဖြစ်ဖြစ် လက်ဝဲရံကိုယ်ရံတော်ကသာလျှင် အကောင်းဆုံးပဲ!

မိစ္ဆာဂိုဏ်းသားများအလား လက်အောက်ငယ်သားများသည် စိတ်လှုပ်ရှားတက်ကြွစွာဖြင့် "အားယား... သည်လို အခွင့်အရေးမျိုးကို လက်လွတ်ခံလို့ မဖြစ်ဘူး..သိပ်တန်ဖိုး ကြီးတယ်.. ဦးနှောက်ပျက်နေတဲ့ကောင်ပဲ လက်လွတ်ခံမှာ နော်! " ဟု ဆိုပြီး အားလုံး စည်စည်ကားကားကြီး အနောက်ဘက် ခြံဝန်းငယ်လေးထဲရှိ အဆောင်အပေါ်ထပ်သို့ လိုက်တက်သွားကြတော့၏။

(* ဒီနေရာက မိစ္ဆာဂိုဏ်းသားဆိုတာက သူတို့ ကျွေးယင်နန်းကလူတွေကိုပဲ ပြောတာနော်။ ရွဲ့စောင်းပြောတာပါ။ အလင်းဂိုဏ်းက လူတွေ ဖြစ်ပြီး လုပ်လိုက်ရင် မျက်နှာပြောင်အရှက်မရှိဖြစ်နေလို့။)

ဆိုင်မှစားပွဲထိုးကတောင် လှုပ်လှုပ်ရှားရှား ဖြစ်သွားကာ မေးလာ၏။

" ဘာကိစ္စများ ဖြစ်ကြတာလဲဗျ? "

ယောင်းချန်က ဟွန်းကနဲ ခပ်ကျယ်ကျယ် အသံပြုလျက် လက်ထဲက လက်ရည်ပန်းကန်လုံးကို အားပြင်းပြင်း ခုံပေါ်ချ လိုက်သည်။

ခံ့ခံ့ညားညား ဂိုဏ်းချုပ်တစ်ယောက်ဖြစ်ရက်သားနဲ့.... နေ့ခင်းကြောင်တောင်ကြီး ရမ္မက်တွေ ထနေတယ်.... ဒါ ဘယ်လိုလုပ် သင့်လျော်မှာလဲ! ! !

သို့ရာ အနောက်ဘက် ခြံဝန်းငယ်လေးထဲရှိ အိပ်ဆောင်ထဲတွင် ရှန်ချန်းလင်က နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေဆဲပင်။ သူက အလွန်တရာ ကောင်းမွန်လှပသော အိပ်မက်ကလေးတောင် မက်နေပါသေး၏။

သူသည် ချင်ရှောက်ယွီကို ခေါ်၍ လက်ရှိခေတ်သို့ ပြန်ရောက်သွားသည်တဲ့။ ထို့နောက်တွင် မည်သည့်အရာကိုမျှ နားမလည်နိုင်ဖြစ်နေသော ချင်ရှောက်ယွီကို ကြည့်ရင်း အင်မတန် သဘောကျနေသည်။

သည်ထက်ကောင်းတဲ့ အိပ်မက်တောင် သည်လောက် မကောင်းနိုင်တော့ဘူး။ တကယ် အားပါးတရ တဟားဟား ဟားဟား အော်ရယ်ချင်မိတဲ့အထိပဲ။

"ဟီ:ဟီ:ဟီ:ဟီ:...."

ရှန်ရှောင်ရှို့က ရူးကြောင်ကြောင်လေးဖြင့် ပြုံးရယ်နေ၏။

" ဘာတွေများ အိပ်မက် မက်နေလို့လဲ? "

ချင်ရှောက်ယွီက သူ့လည်တိုင်နောက်မှ ခပ်ဖွဖွ ညှစ်ပွတ်ရင်း ညင်သာစွာ ပြုံး၍ မေးသည်။

ထိုအခါ ရှန်ချန်းလင်က ဂုတ်ကို တွန့်၍ နောက်ဆုတ်လိုက်ပြီး သူ့ကိုယ်ထက်၌ ဝမ်းလျားကပ်လျက် ဆက်လက်အိပ်လေသည်။

ရုတ်ခြည်းပင်။ အပြင်ဘက်မှာ ဆူညံပူညံအသံများ ပျံ့လွင့်လာသောကြောင့် ချင်ရှောက်ယွီက မျက်မှောင်ကြုတ် လိုက်ကာ ဓါးကို ကောက်ကိုင်လိုက်သည်။ အင်မတန်မှအာရုံစိုက်လျက် ခွဲခြမ်းစိတ်ဖြာနေ၏။

"ဂိုဏ်းချုပ်! ! ! ! ! ! ! !"

ဖန့်ယန်က လည်ချောင်းကွဲမတတ် အော်ဟစ်လျက်အားကောင်းမောင်းသန်ဖြင့် အခန်းတံခါးကို တစ်ချက်တည်းဝုန်းကနဲ ပိတ်ကန်ကာ ဖွင့်လိုက်လေသည်။

သစ်သားတံခါးချပ်ကြီးသည် ကျယ်လောင်စွာ မြည်ဟည်းသွားရာ ရှန်ချန်းလင်မှာ တစ်ကိုယ်လုံး တုန်တက်ပြီး ငုတ်တုတ်ပါ ထထိုင်မိသွားလေ၏။

"ဝါးးးး! ! ! ! "

အခြားကျန်ရှိသော လက်အောက်ငယ်သားများ အားလုံးက အသည်းအသန် မျက်လုံး မှိတ်ကြရ၏။

အဘယ့်ကြောင့်ဆိုသော် ကြင်ယာတော်ဟာ အင်္ကျီမဝတ်ထားချေ! ! !

သို့ပေမဲ့ ဤအရာမှာ အမှန်တကယ်ကို အထင်လွဲမှုတစ်ခုပါပေ။ ရှန်ချန်းလင်သည် အအိပ်ကြမ်းသောကြောင့် အပေါ် ပိုင်း အင်္ကျီအား ဟိုပွတ်သည်ဆွဲဖြင့် ကျွတ်ကျွတ်သွားတတ်၏။ သို့သော်ငြား အားလုံးကတော့ သည်လို မထင်ပေ။

ကြင်ယာတော်လေးက မြင်နေရရုံနဲ့တောင် နူးညံ့အိစက်နေပြီး ဖြူဥနုဖတ်နေတာပဲနော်!

မနေ့ညက အဲ့လောက် မသောင်းကျန်းသင့်ဘူးလေဗျာ! ! !

ဟွားထန်သည်လည်း မျက်ရည်ပင် လည်လာ၏။

တကယ်ကိုပဲ အမြတ်ထွက်သွားပြီဟယ်! ! !

ယောင်းချန်ကမူ မျက်နှာကြီး မည်းပုပ်လျက်ဖြင့် ဟွန်းကနဲ အသံပြုပြန်၏။

သို့သော် သူ့ကို အဖက်လုပ်သူ တစ်ယောက်မှ မရှိ!

ဒါက တကယ်တော့ သနားဖို့ ကောင်းလွန်းပါတယ်နော်။

" မကြောက်နဲ့ "

ချင်ရှောက်ယွီက စောင်ဖြင့် သူ့ကို ထွေးပတ်ပေးလိုက်ပြီး အေးစက်ခဲသက်နေသာ မျက်လုံးများဖြင့် တံခါးဝသို့ လှမ်းကြည့်လိုက်သည်။ သူ့မျက်ဝန်းနက်ထဲတွင် လေပြင်းမုန်တိုင်းများ ထန်နေသည့်ပမာနှယ်။

ဟွားထန်သည် ကိုယ်ဖော့သိုင်းပညာကို အစွမ်းပြ၍ ချက်ချင်း လှည့်ထွက်ပြေး၏။ ထို့အတူ တခြားသော လက်အောက်ငယ်သားများမှာလည်း ခြေထောက်တွင် ဆီသုတ်ထားသည့်အလား ဝှီးကနဲ ထွက်ပြေးသွားကြ တော့သည်။

ဖန့်ယန် - "...."

ယောင်းချန် - " ဟွန်း! "

" အဖွဲ့ခေါင်းဆောင်ဖန့်.. ရှင်းပြဖို့ စိတ်မကူးဘူးလား? "

ချင်ရှောက်ယွီ၏ လေသံက ရေတမျှ အေးစက်နေသည်။

ဖန့်ယန်မှာ မျက်နှာငယ်ဖြင့် -

"ထပ်ပြီး ရာထူးကျသွားတာလားဟင်?" နဂိုက သေချာပေါက် အကြီးအကဲဟာကြီးကို! !

" နောက်ထပ်တစ်ကြိမ် သည်လိုထပ်ဖြစ်ခဲ့ရင်... အမေကြီးဝမ်နဲ့အတူ တံမြက်စည်းသွားလှည်းတော့ "

ချင်ရှောက်ယွီက နည်းနည်းလေးမျှ မျက်နှာသာ မပေးပါချေ။

အဖွဲခေါင်းဆောင်ဖန့်ခမျာလည်း နှလုံးသားလေး ကြေမွသွားသည့်နှယ် သနားစရာမျက်လုံးများဖြင့် ယောင်းချန်အား လှမ်းကြည့်လိုက်သည်။

----မင်း ငါ့ကို ကူပြောပေးဦးလေကွာ!

" တံမြက်စည်းလှည်းတာက အရည်အချင်းတွေ နှမြောဖို့ကောင်းပါတယ် "

ယောင်းချန်က အင်မတိ အင်မတန် မိတ်ဆွေပီသစွာဖြင့် ပြောလာသည်။

" ထမင်းချက်ခိုင်းတာလောက်ဆိုရင်တော့ မဆိုးပါဘူးဗျ "

ဖန့်ယန်၏ရင်ထဲမှာ သွေးတစ်ပွက် ပျို့တက်လာတော့သည်။

နောက်တစ်ခါဆို သေခန်းပြတ်ပစ်မယ် မင်းကို!

" ဆင်းသွားကြစမ်း "

ချင်ရှောက်ယွီက လက်ကို ဝှေ့ရမ်းကာ တံခါးကို ပြန်ပိတ်လိုက်သည်။

အာ:! "

ဖန့်ယန်က နှာခေါင်းကို ဖိထား၏။

ယောင်းချန်က အထင်မကြီးသည့်ပုံဖြင့် သူ့ကို တစ်ချက်ကြည့်လိုက်သည်။

ဖန့်ယန်မှာ အင်မတန် ဒေါသထွက်လာကာ -

" မင်းကတော့ ဉာဏ်ကောင်းတယ်ပေါ့.. အဲ့တာဆို ငါနဲ့ ဘာလို့ လိုက်လာတာလဲ? "

ယောင်းချန်က သူ့ကို စိတ်တိုတိုဖြင့် စိုက်ကြည့်လိုက်ပြီး ချက်ချင်း လှည့်ထွက်သွားတော့သည်။ ဖန့်ယန်မှာတော့ စိတ်ဆင်းရဲကိုယ်ဆင်းရဲ။

နေပါဦး.. ငါက ဘယ်သူ့ကိုများ ရန်သွားစမိတာလဲကွာ....

" ထွက်ခဲ့တော့.. သူတို့အကုန်လုံး သွားပြီ "

အခန်းထဲတွင် ရှန်ချန်းလင်အား ချင်ရှောက်က ပုတ်ပေးပြီး ပြောလိုက်သည်။

" သူတို့က ဘာလို့ ပြေးဝင်လာရတာလဲ? "

ရှန်ချန်းလင်က ခေါင်းကလေး ပြူထွက်လာပြီး ခေါင်းမွေးလေးများ ထောင်နေအောင် အော်ဟစ်တော့သည်။

" ဖြစ်နိုင်တာကတော့ မင်းကို ကြည့်ချင်လို့ပဲ "

ချင်ရှောက်ယွီက မျက်ခုံးပင့်၍ ဖြေသည်။

ရှန်ချန်းလင်က ထိုစကားကြားကာမှ လွန်စွာ ဒေါသထွက်သွားတော့သည်။

" ကျုပ်မှာ ဘာများ ကြည့်ကောင်းတာ ရှိလို့လဲ! "

ကျုပ်က တိရစ္ဆာန်ဥယျာဉ်ထဲကလည်း မဟုတ်!!

မေငိုး! ! !

" မင်းက ကိုယ့်ဇနီးလေးလေ.. သေချာပေါက် ကြည့်ကောင်းတာပေါ့

ချင်ရှောက်ယွီက စနောက်သည်။

မင်းနှမ!

ရှန်ချန်းလင်က စောင်ဖြင့် ပတ်ကာ နံရံနားသို့ တိုးကပ်သွားလိုက်သည်။

" သည်နေ့ ခရီးမဆက်သေးဘူး.. ပင်ပန်းတယ်! "

" ကောင်းတာပဲ.. မနက်စာစားပြီးရင် ကိုယ်မင်းကို အလည်လျှောက်ခေါ်သွားမယ် "

ချင်ရှောက်ယွီက ဆိုသည်။

" မြို့အနောက်ဘက်က ချန်းမုတောင်က ရှုခင်းတွေ သိပ်လှတာလေ, အခု ရောက်တောင် ရောက်နေမှတော့ သေချာပေါက် ကောင်းကောင်းလေး သွားခံစားသင့်တာပေါ့"

(*ချန်းမု- နေဝင်ချိန်ပေါင်းတစ်ထောင်)

" တောင် မတက်ဘူး "

ရှန်ချန်းလင်က ပျင်းကြောထူသူတို့၏ ဖြောင့်တန်းနေသော လမ်းစဉ်အတိုင်း လိုက်သည်။

" တက်စရာ မလိုပါဘူး "

ချင်ရှောက်ယွီက သူ့ခေါင်းကို ခပ်ဖွဖွ တောက်ကာ ဆိုသည်။

" ကိုယ်မင်းကို သယ်သွားပေးမှာပါ "

ရှန်ချန်းလင်သည် မူလက တုံ့ကနဲ။ ထို့နောက်တွင်မှ ခေါင်းအုံးတွင် မျက်နှာဖွက်၍ တစ်ခစ်ခစ် ရယ်တော့သည်။

"ဘာတွေ သွားတွေးနေပြန်ပြီလဲ? "

ချင်ရှောက်ယွီက မေးသည်။

ရှန်ချန်းလင်က ခေါင်းခါလိုက်၏။ ထို့နောက် ပို၍ ကျယ်လောင်စွာ တဟားဟား ရယ်တော့လေသည်။

ကေဘယ်ကားလို အော်တိုစွမ်းအင်ပါတဲ့လူနဲ့ တွေ့ရတာ အရမ်းအဆင့်မြင့်တာပဲ... တကယ် စဉ်းစားလိုက်ရုံနဲ့တင်

အူမြူးလာပြီ။

"ပြောပြ!"

ချင်ရှောက်ယွီက မျက်လုံးမှေး၍ ကြည့်လိုက်သည်။ လေယူလေသိမ်းဟာလည်း ချော့မြူကလူနေသဖွယ်။

ရှန်ချန်းလင်က ရိုးသားစွာဖြင့် ချီးမွမ်းခန်းဖွင့်သည်။

" သူရဲကောင်းကြီးရယ်.. မင်းက တကယ်ကို ချောမော့ခံ့ညားပြီး... ကျောက်စိမ်းခတ်ကို...... အား ! ! !"

သူများခါးကို အလွယ်တကူ ကလိမထိုးနဲ့လေ.. ယားတတ်တယ်ကွ! !

ငိုး:: ထပ်ထိုးဓနတယ် ဟုတ်လား!

ဟားဟားဟားဟားဟားဟား ကယ်ကြပါဦး!

ခြံဝန်းအပြင်ဘက်ရှိ လက်အောက်ငယ်သားများက ကြင်ယာတော်လေး၏ ငွေခြူလေးများ လှုပ်ခတ်သွားသည့်သဖွယ် ခိုးခိုးခစ်ခစ် ရယ်သံလေးကို ကြားရသော် လွန်စွာမှာ ဝမ်းသာပီတိဖြစ်မိရလေသည်။ လည်ပင်းကို ဆန့်တန်း၍ ခြံဝန်းထဲသို့ မကြာမကြာ လှမ်းကြည့်မိရ၏။

ထိမ်းမြားလက်ထပ်ခြင်း မပြုခင်ရပင် သည်မျှ ချစ်ကြင်နာနေကြ၏။

ငါတို့တော့ နည်းနည်းလေးမှ မနာလို မဖြစ်ပါဘူးနော်!

ခေတ္တမျှ ကြာသော် ချင်ရှောက်ယွီက မျက်နှာတွင် ကျေနပ်အားရခြင်းများစွက်သည့် လူပျိုလေးပမာ အပြင်ထွက် လာ၏။

ထို့အတူပင် နောက်ထပ် ခေတ္တမျှ ကြာသော် ရှန်ချန်းလင်က မျက်နှာလေးတစ်ခုလုံး နီစူးလျက် မျက်ရည်များ‌‌ဝေ့ဝဲနေသော မျက်ဝန်းများဖြင့် ဖြည်းညင်းစွာ ခြေလှမ်းလှမ်းပြီး အခန်းထဲက ထွက်လာလေသည်။

"ကျွတ်"

အခန်းအမိုးပေါ်တွင် ထိုင်နေသော တပ်သားများသည် အသက်ကို ပြင်းပြင်း ရှိုက်ရှူလိုက်မိ၏။

အဲ့သည်လောက်ကြီး အလိုဆန္ဒရမ္မက်တွေကို သိသိသာသာ အလိုမလိုက်ရဘူးလေ.. ကြည်ပါဦး.. ကြင်ယာတော်လေး လမ်းတောင် မလျှောက်နိုင်တော့ဘူး!

ဒါပေမဲ့ ကြင်ယာတော်လေးက ဧကန်အမှန်ကို သနားချစ်ကြင်စဖွယ်လေးပါဆို! !

တကယ်ကို သိုင်းလောကထဲက ကောလဟာလတွေ အတိုင်း D! သိပ်ကို နူးညံ့ပျော့ပျောင်းပြီး လှပတဲ့ အလှပဂေးလေးပါပဲနော်! ! !

သူတို့သည် လွယ်ကူရိုးရှင်းစွာ မနက်စာသုံးဆောင်ပြီးနောက် ချင်ရှောက်ယွီက ထာ့ပိုင်ရွယ်ကို ဆွဲခေါ်လာခဲ့လိုက်သည်။ ထို့နောက် ရှန်ချန်းလင်အား အတင်းဆွဲကာ ထွက်သွားတော့၏။

.......................

"ငါတော့ တည်းခိုခန်းမှာပဲ ပြန်သွားအိပ်နေလိုက်ချင်တယ်"

ရှန်ချန်းလင်က အပြစ်တင်သည်။ ခုနလေးကအထိ ဓနရောင်ထွက်ကာ ရှုမျှော်ခင်းများ ကြည့်နိုင်ရှုနိုင်သေးသော် ငြား ချက်ချင်းဆိုသလို မှောင်မှိုင်းအုံ့ဆိုင်းလာ၏။

ဒါကြီးက သေချာပေါက် အိပ်ရာထဲမှာ ကွေးနေရမဲ့ဟာကို!

ပြီးတော့ မနက်တုန်းကလည်း နိုးလာကတည်းက အိပ်ရေးမ ဝဘဲ နိုးလာတာ! !

" ဘယ်လိုပဲ ဖြစ်ဖြစ် တစ်နေကုန်တော့ အိပ်နေလို့ မရဘူးမလား "

ချင်ရှောက်ယွီက မြင်းပေါ်ကနေ ခုန်တက်လိုက်သည်။ ထို့နောက် သူ့ခါးကို ပွေ့ဖက်လိုက်သည်။ ထာပိုင်ရွှယ်သည် လူက ခိုင်းစေညွှန်ကြားရန် မလိုပါချေ။ ၄င်းက ချက်ချင်း ခွာကို မြှောက်၍ အပြေးလေး ထွက်ခွာတော့သည်။

လွန်စွာမှ စိတ်ချမ်းသာ ပျော်ရွှင်နေသည့်ဟန်ပါပင်။

ဟိုးရှေးကတည်းကပင်။ အလှလေးများသည် ဒုက္ခသုက္ခများပေ၏.... ပတ်ပတ်လည်ရှိ လက်အောက်ငယ်များသည် သူတို့နှစ်ယောက်၏ နောက်ကျောပြင်ကို ကြည့်ရင်း ရင်ထဲတွင် တိတ်တိတ်ကလေး သက်ပြင်းချမိကြသည်။

ကြင်ယာတော်လေးက အဲ့သည်လောက်တောင် အဲ့ကိစ္စကို နှစ်သက်သည်လား။ ခုနလေးတင် မနက်စာစားပြီးသွားတာကို အခုထပ်ပြီး အိပ်ချင်နေသည်တဲ့။ သည်အတိုင်းသာ ဆက်သွားလျှင် ဂိုဏ်းချုပ် ဘယ်ခံနိုင်ပါ့မလဲ?

တကယ်ပဲ လူတွေကို စိတ်ပူစေတာပဲနော်!

ချန်းမုတောင်သည် မြို့နှင့် သိပ်မဝေးပါချေ။ နှစ်ယောက်သားသည် သိပ်မကြာခင်တွင် တောင်ခြေသို့ ရောက်လာ၏။ လမ်းအဝတွင် လက်ဖက်ရည်ဆိုင်ငယ်လေး တစ်ခုရှိပြီး ထိုနေရာ၌ ဆံဖြူနေသော အဘိုးအိုက ခါးကိုင်း၍ မီးမွှေးနေ၏။ ကြည့်ရသည်မှာ ခြေထောက်များက သိပ်လှုပ်ရှားလို့ အဆင်မပြေပုံပင်။

" ငါတို့ လက်ဖက်ရည်လေးသောက်၊ ခေါက်ဆွဲလေး စားရအောင် "

ရှန်ချန်းလင်က စိတ်ပျော့ပျောင်းစွာဖြင့် ပြောသည်။

ချင်ရှောက်ယွီက ရယ်ရခက် ငိုရခက်ဖြင့်။

" ခုနလေးတင် မနက်စာစားပြီးတာလေ "

အဲတော့ ဘာဖြစ်တုန်း!

ရှန်ချန်းလင်က အင်မတန် ခေါင်းမာ၏။ သူက မြင်းပေါ်ကနေ ခုန်ဆင်းပြီး တည့်တည့်လျှောက်သွားလိုက်ပြီး ခေါက်ဆွဲနှစ်ပွဲနှင့် လက်ဖက်ရည်တစ်အိုးကို မှာလိုက်လေသည်။ ထို့နောက် လက်ငင်းလှော်ထားသော ကွာစေ့နှင့် မြေပဲတို့ကိုပါ မှာယူလိုက်သည်။ ပြီးလျှင် ချင်ရှောက်ယွီအား တို့လိုက်၏။

ဂိုဏ်းချုပ်ချင်သည် ကိုယ်ပိုင် အသိစိတ်ဖြင့် ငွေစတစ်တွဲ ထုတ်ပေးလိုက်သည်။

ထပ်မံ၍ တို့ပြန်သည်။

ချင်ရှောက်ယွီက ထပ်မံ၍ ငွေချက်လက်မှတ်တစ်ခုကို ထုတ်ပေးလိုက်ပြန်သည်။

သို့မှသာ ရှန်ချန်းလင်က ကျေနပ်သွားပြီး သူ့ပခုံးကို ပုတ်ကာ ဟိုဘက် ချက်ချင်း ပြန်လှည့်၍ အဘိုးအိုးအား ငွေစများ ပေးလိုက်တော့သည်။

အဘိုးကြီးက တစ်ဖက်က ခေါက်ဆွဲပြုတ်ရင်း တစ်ဖက်က ရယ်မောလျက် ခေါင်းခါပြသည်။

" ကိစ္စမရှိပါဘူး.. သူ့မှာ အပေါဆုံးက ပိုက်ဆံပါပဲဗျ "

ရှန်ချန်းလင်က သူလက်မခံသည်ကို တွေ့သော် အားနာသောကြောင့်ဟု ထင်ကာ ချင်ရှောက်ယွီကို လက်ညွှန်ပြပြီး

ဆို၏။

" ဒါက ဝယ်သူအကြီးစားပေါ့! "

" သခင်လေးက သည်ကလူ မဟုတ်ဘူးမလား? "

အဘိုးအိုက ခေါက်ဆွဲနှစ်ပန်းကန်ကို စားပွဲပေါ် တင်ပေးလိုက်သည်။

" ကြည့်ရတာ စိမ်းနေလို့ပါ "

" အွန်း.. ကျွန်တော်တို့က အပြင်တခြားနေရာက လာခဲ့တာပါ"

ရှန်ချန်းလင်သည် တကယ်တော့ တစ်စက်ကလေးမျှတောင် ဗိုက်မဆာပါ။ ထို့ကြောင့် သူ့ခေါက်ဆွဲကိုပါ ချင်ရှောက်ယူ ရှေ့သို့ တိုးပို့ပေးလိုက်သည်။

" ကုန်အောင်စား၊ အလကား မဖြစ်စေနဲ့"

ချင်ရှောက်ယွီ - " ...... "

ရှန်ချန်းလင်ကတော့ ခပ်တည်တည်ပင် ပန်းသီးတစ်လုံး ကိုက်နေ၏။

" ရောက်လာပြီဆိုမှတော့... အေးချမ်းစွာနေပါလော့ "

အဘိုးအိုက ဧရနွေးကျိုရင်းဖြင့် တစ်ဖက်က အမှုမဲ့အမှတ်မဲ့ပမာ စကားတစ်ခွန်းကို ဆိုနေသည်။

" ပြန်သွားလို့ မရတော့ဘူးဗျို့..."

ချင်ရှောက်ယွီက အရင်အတိုင်း ခေါက်ဆွဲစားနေဆဲဖြစ်သော်ငြား ရှန်ချန်းလင်ကြားသော် တုံ့ကနဲ ဖြစ်သွား၏။

အဘိုးအိုက တဟက်ဟက်ရယ်လျက် မြေကြီးပေါ်က ထင်းမီးကို စုနေသည်။

စိတ်ထဲတွင် ဝိုးတဝါးဆန်သော ဆဌမအာရုံများ ဖြတ်သန်း သွားသည်။ ရှန်ချန်းလင်က ရုတ်တရက် မတ်တပ်ထရပ်လိုက် ပြီး ဖြည်းဖြည်းချင်း ထိုသူ့အနားသို့ ချည်းကပ်သွားပြီး ဘေး တွင် ဒူးတုတ်ထိုင်လိုက်သည်။

ချင်ရှောက်ယွီသည် သူ့ထုံးစံအတိုင်း စေတနာဖြင့် သွားရောက် ကူညီသည်ဟုသာ ထင်နေ၏။ ထို့ကြောင့် မည်သို့မျှ ဂရုမစိုက်ချေ။

" သခင်လေးမှာ ကိစ္စရှိလို့လား? "

အဘိုးကြီးက သူ့ကို မြူးရွှင်စွာ ကြည့်နေသည်။

" ပြန်သွားလို့ မရတော့ဘူး..... ဆိုတာ ဘာအဓိပ္ပါယ်လဲဟင်? "

ရှန်ချန်းလင်၏ နှလုံးပင် အပြင်သို့ ခုန်ထွက်လာတော့မည် ထင်ရသည်။

" ဘာကြောင့်လဲဆိုတော့... မင်းက ပြန်မသွားချင်တော့လို့ပဲ"

အဘိုးအိုက လျှို့ဝှက်နက်နဲစွာ ဖြေသည်။

" အဲ့တာက မိုးကောင်းကင်ရဲ့ ဆန္ဒပဲ "

" ကျွန်တော်က ပြန်သွားလို့ရသေးလို့လား? "

ရှန်ချန်းလင်က ဝမ်းသာအားရ မေးမြန်လေသည်။ သူက ထို လူ့လက်ကိုပါ အားကိုးတကြီး ဆွဲဆုပ်ထား၏။

ဘယ်လိုလုပ်ပြီး မပြန်ချင်ရမှာလဲ!

အိပ်မက်မက်နေရင်တောင် ပြန်သွားချင်နေတဲ့ဟာကို! ! !

အဘိုးအိုက သူ့ကို ခေတ္တကြာအောင် စိုက်ကြည့်နေသည်။ ထို့နောက် ရုတ်ခြည်း ရယ်မောလိုက်ပြီး ခေါင်းခါ၏။

" ကျွန်တော် တောင်းဆိုပါတယ်ဗျာ "

ရှန်ချန်းလင်၏အသံများပင် တုန်ယင်နေသည်။ စိတ်လောလွန်း၍ မျက်လုံးများပင် နီရဲလာလေသည်။

" မထိတ်လန့်ပါနဲ့ "

အဘိုးအိုက သူ့လက်မောင်းကို ပုတ်ပေးသည်။ ထို့နောက် ထင်းပုံပေါ်မှ အိတ်ကလေးတစ်အိတ်ကို လှမ်းယူ၍ ပေးလိုက်ကာ ဆိုသည်။

" သခင်လေးက စိတ်ထားကောင်းပြီး သဘောဖြူသူမို့ မိုးကောင်းကင်က ကာကွယ်စောင့်ရှောက်မှာပါ "

ရှန်ချန်းလင်က အိတ်အပြင်မှ စမ်းသပ်ကြည့်လိုက်ပြီး နောက်တွင် မျက်လုံးထဲ၌ နားမလည်နိုင်ခြင်းများ ဖြတ်ပြေး သွားတော့၏။

" မင်းနဲ့ငါနဲ့က ရေစက်ရှိတယ်.. ဒါလည်း သည်လောက်အထိပဲ ပြောပြနိုင်မယ် "

အဘိုးကြီးက မီးဖိုစင်ကို ထောက်၍ မတ်တပ်ထရပ်လိုက်သည်။

" အနာဂတ်မှာ အဲ့သည်တစ်နေ့ကို ရောက်ပြီဆို... ပြန်သွားမှာလား၊ နေခဲ့မှာလားဆိုတာ၊ အရာအားလုံးက မင်းပေါ်မှာပဲ မူတည်တယ်"

" အနာဂတ်ရဲ့ ဘယ်တစ်နေ့ရောက်ရင်လဲ? "

ရှန်ချန်းလင်က အင်မတန် အလျင်လိုနေသည့်ဟန်။

" အချိန်ယန္တရားတွေအကြောင်းက ပြောပြလို့မရဘူး၊ မဟုတ်ရင် ငါ့သက်တမ်းတိုသွားလိမ့်မယ် "

အဘိုးအိုက ရယ်မောကာ သူ့ကို ကြည့်နေသည်။ မျက်လုံးထဲတွင် အနည်းငယ် မရိုးသားသော အရိပ်အယောင်များ ဖြစ် သွား၏။

ရှန်ချန်းလင်က နောက်ထပ် ထပ်မေးချင်နေသေးသော်ငြား ချင်ရှောက်ယွီက အနားသို့ ရောက်လာသည်။

" လင်အာ "

".......အင်း "

ချင်ရှောက်ယွီက စိတ်လှုပ်ရှားမှုကို တည်ငြိမ်အောင် ထိန်းလျက် ဖြေသည်။ သူက ထင်းပုံကြီးကို ပတ်၍ သွားလိုက်သည်။

" မျက်လုံးတွေက ဘာလို့နီရဲနေတာလဲ "

ချင်ရှောက်ယွီက မျက်မှောင်ကြုတ်၍ မေးသည်။

" အဘိုးအိုက သနားစရာကောင်းတယ်လို့ ထင်လို့ပါ "

ရှန်ချန်းလင်က အမူအရာကိုထိန်း၍ ဖြေလိုက်သည်။

' သည်လောက် အသက်တွေ ကြီးနေပြီကို သည်လိုကိစ္စတွေလုပ်ကိုင်နေရသေးလို့ "

" မင်းလေးကတော့ အမြဲစိတ်ထားကောင်းလွန်းနေတာပဲ "

ချင်ရှောက်ယွီက သူ့ပါးပြင်လေးကို ညှစ်ကာ ဆိုသည်။

" သွားကြစို့.. ကိုယ်တို့ တောင်ပေါ်သွားကြမယ် "

ရှန်ချန်းလင်က အဘိုးအိုကို လှည့်ကြည့်လိုက်မိသည်။

" တောင်ပေါ်မှာ မိုးရွာတော့မယ် ထင်တယ်.. သခင်လေး သတိထားပါနော် "

အဘိုးအိုက ခပ်တိုးတိုး သံစဉ်တစ်ပုဒ်ကို ညည်းဆိုနေတော့၏။ သူက ငွေလက်မှတ်များကို ရင်ဘတ်ထဲ ထည့်သိမ်းလိုက်ပြီး သည့်ထက်ပို၍ ဘာမျှ ပြောတော့မည့်ပုံမပေါ်ချေ။

ရှန်ချန်းလင်သည်လည်း အင်္ကျီလက်ထဲတွင် သိမ်းဖွက်ထားသာ ထိုလူပေးသည့် အိတ်ကလေးကို စမ်းနေမိသည်။ ရင်ထဲတွင်လည်း သက်ပြင်းချနေမိ၏။ နောက်ဆုံးတော့ ချင်ရှောက်ယွီနှင့်အတူ လက်ဖက်ရည်ဆိုင်လေးထဲမှ ထွက်ခွာခဲ့တော့၏။

တချို့ကိစ္စတွေက အလျင်လို၍လည်း ဖြစ်မလာနိုင်မည်မှာသေချာနေပြီမို့ အရာအားလုံးက ကံစီမံရာအတိုင်းသာ ဖြစ်ပါစေတော့။

--------------------------

28.10.2021

--------------------------

.

.

.

Zawgyi>>

အခန်း (၂၁) ချန်းမုတောင်

[မိုးင်းကမေိုးချုပ်အထိ အိပ်ချည်းမနေဲ့လေ!]



............











"

You are reading the story above: TeenFic.Net