သူ့ကိုမှချစ်မိသည် ၇
Background color
Font
Font size
Line height
မင်းမာန သော်တာနဲ့ဖုန်းပြောပြီး တာနဲ့ သက်လွှာ ကိုလွှတ်ပေးဖို့ တစ်စုံတစ်ဦးကိုဖုန်းဆက်လိုက်သည်။
"သူမကိုလွှတ်ပေးလိုက်တော့"
"ဘယ်ကိုပို့လိုက်ရမလဲ"
ထိုတစ်ဖက်ကလူအမေးကို မင်းမာန တစ်ချက်စဥ်းစားပြီး.....
"သူမအိမ်ရှေ့မှာချပေးခဲ့လိုက် "
"ဟုတ်ကဲ့ပါ။"
တစ်ဖက်ကလူဖုန်းချသွားပြီးတော့ မင်းမာနမျက်နာမှာ အပြုံးတစ်ပွင့်ပေါ်လာခဲ့သည်။
"သော်တာ....သော်တာ မင်းလေးကိုငါပိုင်ဆိုင်ဖို့နီးလာပြီ ဟား.....ဟားဟား "
===============^_^=============
"အန်တီ သက်လွှာ အိမ်ပြန်ရောက်နေပြီ
ဟုတ်လား! သမီးအခုချက်ချင်းလာခဲ့မယ်နော်..."
သက်လွှာ အမေဆီကဖုန်းဆက်တော့ သက်လွှာ ပြန်ရောက်ပြီးဆိုပြီး အမြန်သူမအိမ်ကိုသွားခဲ့တယ် လမ်းတစ်လျှေက်လုံးသော်တာ
ဝမ်းသာသလို ဝမ်းလည်းနည်းမိတယ်။
*ငါဘယ်လို တွေရင်ဆိုင်ရအုံးမလဲ*
သက်လွှာ အိမ်ရောက်သော်.....
"အန်တီ သက်လွှာ ရော..."
"ဟင့်...သမီးရယ်ရုတ်တရတ်ပြန်ရောက်လာပြီး ဘာမှလည်းမေးလို့မရဘူး အခန်းထဲကတောင်ထွက်မလာဘူး သမီးရယ်သက်လွှာဘာတွေဖြစ်နေတာလဲမသိဘူး..."
ငိုယိုပြီးပြောလာတဲ့ သက်လွှာ အမေကြောင့်
သော်တာ မိမိကိုယ်ကိုအပြစ်ရှိသလိုခံစားရလိုက်တယ်။
"အန်တီ သမီးသူ့ဆီသွားလိုက်အုံးမယ်"
သက်လွှာ အဖေကိုကြည့်လိုက်တော့လည်း
တိတ်ဆိတ်နေပြီးတော့သာထိုင်နေတယ်။
ဒေါက်... ဒေါက်!
"သက်လွှာ... ငါပါတံခါးဖွင့်ပါအုံး"
"......."
"သက်လွှာ.... ငါ....ငါတောင်းပန်ပါတယ်
ငါဝင်လာပါရစေ။"
သက်လွှာ တံခါးလာဖွင့်ပေးမယ်လို့မထင်ထားသော်လည်း လက်မလျှော့ဘဲ ဆက်ပြောနေမိသည်။ ခဏကြာတော့ သက်လွှာ ကတံခါးလာဖွင့်တယ်။ တံခါးဖွင့်ပေးသောကြောင့် သော်တာလည်း ချက်ချင်း ဆိုသလိုဝင်သွားလိုက်သည်။
သက်လွှာ ပုံစံက အိမ်နေရင်ဝတ်စုံကိုသာဝတ်ထားပြီး မျက်ကွင်းနေကညိုမဲနေပြီး နှုတ်ခမ်းထောင့်နေကလည်း ရောင်နေတယ်။ သက်လွှာ ကသော်တာကိုကျောခိုင်ထားပြီးကုတင်ပေါ်မှာထိုင်နေတယ်။ သော်တာကသက်လွှာရှေ့မှာဒူးထောက်လိုက်ပြီး...
"ငါ....ဟူး.....နင်ဘာတွေ..,.."
"မင်းမာန....သူ့ကြောင့်ငါအခုလိုတွေဖြစ်ခဲ့တာ!....ဟင့်...နင်မသိပါဘူး ငါ့ကို....ငါ့ဘဝကြီးပျက်ဆီးသွားပြီ... ဟင့်.....ငါကမဖြူစင်တော့ဘူး.... ငါသေသွားပါစေလို့ဆုတောင်းတယ် ဒါပေမယ့် ငါ....ငါ.....ဟင့် အီးဟီး..... "
သက်လွှာ ငိုချလာတော့ သော်တာကတင်းကျပ်စွာဖတ်ထားပြီး....
"ငိုချလိုက်ပါ....ငိုချလိုက်ပါ သက်လွှာ ငါအပြစ်တွေကြောင့်ပါ။ ငါသာ.....ငါကြောင့်နင်အခုလိုတွေဖြစ်ခဲ့ရတာ...."
တံခါးဝမှာရပ်နေတဲ့ သက်လွှာ မိဘနှစ်ဦးလုံးကလည်း သမီးဖြစ်သူကို ဝမ်းနည်းစွာကြည့်နေတော့တယ်။
"ငါအမေတစ်ယောက်မပြီသဘူး ဟင့်...ငါ့သမီးလေးဖြစ်မှဖြစ်ရလေ..... "
မိန်းမဖြစ်သူဟာ ရှိုက်ကြီးသငင် ငိုနေတော့
ယောကျာ်း ဖြစ်သူဟာ မိမိကိုယ်ကိုမငိုမိအောင်းတင်းထားပြီး မိန်းမဖြစ်သူကိုသာ
နှစ်သိမ့်နေတော့သည်။
"သက်လွှာ ငါ့ကိုကြည့်.... ငါရယ်၊အန်တီရယ်၊ဦးလေးရောနင့်ဘဝထဲမှာရှိသေးတယ်။ အားမငယ်နဲ့ နော်"
သက်လွှာ ကတော့ဘာမှပြန်မပြောဘဲ ငြိမ်ငြိမ်လေးသာထိုင်နေသည်။
==============T-T==============
နောက်တစ်နေ့.....
သော်တာ မင်းမာနနဲ့တွေ့ဖို့ထွက်လာခဲ့သည်။
မင်းမာန သည်သော်တာနဲ့တွေ့ဖို့သူ့အိမ်က ကားကိုသူမကိုကြိုဖို့လွှတ်လိုက်ချင်းဖြစ်သည်။ မင်းမာနကသူမလေးကိုသူ့အိမ်ကိုခေါ်ပြီး မဂ်လာ ကိစ္စ ဆွေးနွေးခြင်သောကြောင့်ဖြစ်သည်။
သော်တာမင်းမာနအိမ်ရောက်တော့ အမျိုးသားတစ်ဦးက သူမကိုထွက်ကြိုသည်။
"မမလေးကြွပါ။ သခင်လေးစောင့်နေပါတယ်။"
သော်တာခေါင်းညိမ့်ပြလိုက်ပြီး ထိုအမျိုးသားခေါ်ရာနောက်ကိုသာလိုက်လာခဲ့သည်။
ဧည့်ခန်းမှာ မင်းမာနကခန့်ညားစွာထိုင်နေတာကိုတွေ့ရသည်။
*မင်းမာန ရှင်ကမိန်းကလေးတစ်ယောက်ကိုတောင်အခုလိုလုပ်ထားပြီး သက်တောင့်သက်သာနေနိုင်သေးတယ်ပေါ့......*
"ထိုင်ပါမမလေး "
"ကျွန်မတို့ လိုရင်းကိုဘဲ​ပြောရအောင်"
"ဒါပေါ့ကိုတို့ အမြန်ဆုံးလက်ထပ်ရအောင်
မင်းကို အခန်းနာဆုံးမဂ်လာဆောင်ပေးမယ်။
ဘယ်သူလိုက်မမှိနိုင်အောင်ပေါ့။"
"ကျွန်မ စိတ်မဝင်စားဘူး။ရှင်ဘာသာ ကြိုက်သလိုစီစဥ် ။ ဘာဖြစ်လို့ အဲ့လောက်ထိရက်စက်ရတာလဲ ရှင်မှာ နည်းနည်းလေးတောင်အကြင်နာတရားမရှိဘူးလား။ "
"မင်းသာအစောကြီးထဲကသာ ကိုယ့်ကိုလက်ခံခဲ့ရင်အခုလိုတွေဖြစ်စရာမလိုဘူး။
နောက်သုံးရက်နေရင် မဂ်ဆောင်မယ်။ ဝတ်စုံအတွက်မင်းကိုမနက်ဖြန်လာခေါ်မယ်။"
"ကျွန်မ ပြန်တော့မယ်"
"နေဦးမင်းကို လိုက်ပို့ပေးမယ်"
"ကျွန်မ... "
"မငြင်းနဲ့ မင်းက မင်းမျိုးရိုး ရဲ့သခင်မဖြစ်လာမဲ့သူ"
သော်တာ လည်းဘာမှထက်မပြောတော့ဘဲ
မင်းမာနဖြင့်သာပြန်လာခဲ့လိုက်သည်။
==========♥♥♥=============
TBC 😘😘
"ဘယ်ကိုပို့လိုက်ရမလဲ"
"ဟုတ်ကဲ့ပါ။"
===============^_^=============
"အန်တီ သက်လွှာ ရော..."
ဒေါက်... ဒေါက်!
"......."
ငါဝင်လာပါရစေ။"
"ငါ....ဟူး.....နင်ဘာတွေ..,.."
နှစ်သိမ့်နေတော့သည်။
==============T-T==============
နောက်တစ်နေ့.....
"ထိုင်ပါမမလေး "
"ကျွန်မ ပြန်တော့မယ်"
"ကျွန်မ... "
=======================
TBC
You are reading the story above: TeenFic.Net