Extra
Background color
Font
Font size
Line height
၂၀နှစ်ကြာပြီးနောက်......။
သာယာလှပတဲ့ညချမ်းလေးတစ်ခု.....
ဒီဇင်ဘာလကြောင့် ညချမ်းလေးဟာအေးစိမ့်စိမ့်လေးနဲ့နေလို့ကောင်းပါတယ်။
ကြီးကျယ်ခန်းနားလှတဲ့ အိမ်ကြီး ရဲ့အပေါ်ဆုံးထပ်ရဲ့ ဝရံတာမှာ အသက်ငါးဆယ်နီးပါးလောက်ရှိပြီထင်ရတဲ့ ဦးလေးကြီးတစ်ယောက်ကထိုင်နေတယ်။ထိုလူကြီးရဲ့ဘေးနားမှာတော့ ဆယ်ကျော်သက်အပျိုဖြန်းအရွယ်လေးတစ်ယောက်ကထိုလူကြီးရဲ့ခြေထောက်ကိုနှိမ့်ပေးနေတယ်။
"ဘဘ .......သမီးကိုဘာလို့အဲ့ပုံပြင်ကိုပြောပြတာလဲဟင်"
ထိုမိန်းမပျိုလေးကမေးလိုက်တယ်။
"သမီးကမကြိုက်ဘူးလား"
ဘဘဆိုတဲ့လူကြီးကမေးလာတယ်။
"ကြိုက်ပါတယ် ဘဘရဲ့ဒါပေမယ့် ဘဘကသမီးကိုငယ်ငယ်လေးထဲကအဲ့ပုံပြင်ဘဲပြောပြတာ တခြားဟာလည်းမပြောပြဘူး"
ဆိုကပြီးထိုအမိန်းမပျိုလေးကနှုတ်ခမ်းလေးဆူပြီးပြောလာတယ်။
သူမလေးပုံစံကြောင့်ဦးလေးကြီးက
"သမီး.... အဲ့ပုံပြင်မှာဘာကိုသတိထားမိလဲ"
သူမလေးကစဥ်းစားဟန်ပြုပြီး...
"အင်.......သူတို့နှစ်ယောက်.... အဲ့မိန်းကလေးနှစ်ယောက်ကအရမ်းချစ်ကြတယ်နော် အမှန်တိုင်းပြောရရင် သုံးယောက်လုံးကအချစ်ကြီးကြတယ် သူတို့ရဲ့အချစ်ကစစ်မှန်တယ်။"
"အင်း.....သမီးပြောတာတစ်ခုတော့လွဲနေတယ် တကယ်တမ်းကြတော့ ကျန်ခဲ့တဲ့သူရဲ့အချစ်ကမစစ်မှန်ဘူးကွဲ့ သူကပိုင်ဆိုင်လိုစိတ်ကိုအချစ်လို့ထင်ခဲ့တာ "
"ဘဘ သမီးလည်း မိန်းကလေးတစ်ယောက်ကိုချစ်မိရင်ဘယ်လိုလုပ်မလဲ"
သူမလေးအမေးကို ဦးလေးကြီးက
"သမီးရဲ့အချစ်သာစစ်မှန်ရင် ဘယ်အရာကမှ
မတားစီးနိုင်ဘူး ကဲအိပ်ချိန်ရောက်ပြီး သမီးသွားအိပ်တော့ နွေးနွေး ထွေးထွေးနေနော် "
"ဟုတ်ကဲ့ လာသမီး ဘဘအခန်းထိလိုက်ပို့ပေးမယ်"
ထိုလူကြီးသည် သူ့တစ်သက်လုံးအထီးကျန်စွာနေ နေတဲ့မင်းမာနပင်ဖြစ်သည်။
"ငါအခုချိန်ထိနောင်တရနေတုန်းဘဲ.....
နင့်ကိုအခုချိန်ထိမမေ့နိုင်သေးဘူး......
အခွင့်အရေးတစ်ကြိမ်လောက်ရှိမယ်ဆိုရင်....
ငါနင်တို့နှစ်ယောက်လုံးကိုတောင်းပန်ချင်တယ်....."
===============================
"ဟဲ့... ရုပ်ဆိုးမ"
"နင်ငါ့ကိုအဲ့လိုမခေါ်နဲ့နော်......မျောက်မ"
"ချစ်တယ်....."
"နင်....နင်..အတန်းထဲမှာနော်!"
"ဘာဖြစ်လဲတစ်ကျောင်းလုံးသိပါစေ....
မေနှင်း....ငါနင့်ကိုအရမ်းချစ်တယ်!
မေနှင်းကငါ့အပိုင်နော်...!"
"အရူးမလေး........ ပိုင်ပိုင်"
================================
Happy December လေးပါ။
ဒါဒါလေးတို့နွေးနွေးထွေးထွေးနေကြပါနော်။
Love u all😘😘🙆🏻🙆🏻
၂၀နှစ်ကြာပြီးနောက်......။
"သမီးကမကြိုက်ဘူးလား"
===============================
"ဟဲ့... ရုပ်ဆိုးမ"
"ချစ်တယ်....."
"အရူးမလေး........ ပိုင်ပိုင်"
================================
Happy December လေးပါ။
Love u all
You are reading the story above: TeenFic.Net