" ထည့်စားလေ ကလေးငယ်ငယ် "
ရှောင်းကျန့်ပြောရင်းနဲ့ပင် သူ့ရှေ့မှာရှိသောဟင်းပန်းကန်များထဲမှဟင်းများကို အိမ်သားလေးရဲ့ပန်းကန်ထဲထည့်ပေးသည့်အခါ အိမ်သားလေးကသူတို့နဲ့အတူ ထမင်းစားနေသည့်ဧည့်သည်တော်များထံ မျက်လုံးလေးထောင့်ကပ်ကာကြည့်သည်။ ဒါပေမယ့် ထိုအချင်းအရာကို ရှောင်းကျန့်ကဂရုမစိုက်။ သူဂရုစိုက်သည်က သူ့အိမ်သားလေး ထမင်းကောင်းကောင်းစားဖို့အရေးသာဖြစ်သည်။
ဝန်ကြီးချုပ်တစ်ယောက်ဖြစ်သည့်ရှောင်းကျန့်၏အိမ်တော်ကြီးတွင် မကြာခဏဆိုသလို နိုင်ငံခြားကနေလာရောက်လေသော နိုင်ငံရေး စီးပွားရေး လူမှုရေးတွေ လာရောက်ဆွေးနွေးသည့် ဧည့်သည်တော်များရှိနေတက်သည်။ ဒီနေ့လည်း နိုင်ငံခြားကလာတဲ့ဧည့်သည်များနဲ့ နိုင်ငံရေးစကားများပြောပြီး နေ့လည်စာတည်ခင်းကျွေးမွေးရာ၌ ဝန်ကြီးချုပ်ရှောင်းသည် သူ၏အိမ်သားလေးကိုပါ သူတို့နှင့်အတူ နေ့လည်စာစားသောက်စေသည်။
ဝန်ကြီးချုပ်ရှောင်းသည် နေ့လည်စာထမင်းဝိုင်၌ နိုင်ငံခြားကဧည့်သည်များရှိနေပေမယ့် သိပ်ပြီးဂရုမစိုက်ခဲ့။ သူဂရုစိုက်နေတာက သူ့အိမ်သားလေးကိုပါ။
" ဦး "
" ဗျ "
" ဘာဖြစ်နေတာလဲ "
" ဟောဗျာ ကိုယ်ကဘာလုပ်နေလို့လဲ "
" ဧည့်သည်တွေရှိနေတဲ့ဟာကို "
" ဘာဖြစ်လဲ ရှိရှိပေါ့ "
" ဒါပေမယ့် "!
" ဒါပေမယ့်မနေနဲ့ကလေးငယ်ငယ် စားစရာရှိတာစား ခဏနေထမင်းစားနောက်ကျလို့ဗိုက်နာနေဦးမယ်"
ရှောင်းကျန့်သည် သူ၏အိမ်သားလေးကိုဂရုစိုက်ပေးရင်း ဧည့်သည်များဘက်လှည့်ကြည့်ကာပြုံးပြလိုက်သည်။
သူသည် ဝန်ကြီးချုပ်တစ်ယောက်အနေနဲ့ နိုင်ငံရဲ့ စီးပွားရေး လူမှုရေးအတွက်များစွာအချိန်ပေးထားပေမယ့် အိမ်သားလေးကိုဂရုစိုက်ပေးရမယ့်အချိန်ကိုတော့ သပ်သပ်ဖယ်ထားတက်သည်။
နေ့လည်စာမစားခင်တုန်းက ရှောင်းကျန့်သည် ဝန်ကြီးချုပ်တစ်ယောက်အနေနဲ့ နိုင်ငံခြားဧည့်သည်များအား များစွာအချိန်ပေးထားခဲ့ပြီဖြစ်သည်။ ဒါကြောင့် ယခုထမင်းဝိုင်း၌ ရှောင်းကျန့်ဆိုသည့်သူသည် ဝမ်ရိပေါ်ဆိုသည့်အိမ်သားလေးကို ဂရုစိုက်အကြင်နာပေးတက်သော အိမ်ထောင်ဦးစီးတစ်ယောက်သာဖြစ်ခဲ့သည်လေ။
အိမ်ထောင်ဦးစီးဖြစ်သူရဲ့ဂရုစိုက်မှုတွေကြောင့် ဧည့်သည်တော်များကြား ခုဏကအနေခက်မိသည့်ဝမ်ရိပေါ်သည် ခဏအကြာ အိမ်ထောင်ဦးစီးကြီးရဲ့ ဂရုစိုက်မှုတွေကြား အသားကျသွားခဲ့ပါသည်။
" ဦး "
" ဗျ "
" အဲ့ဟင်းက စပ်တယ် "
" ဟောဗျာ ဒါဆိုရေလေးအရင်သောက်လိုက်ပါဦး။ ပြီးတော့ အဲ့ဟင်းကိုလည်းဆက်မစားနဲ့တော့နော်။ အင်း... ဒါနဲ့အိမ်တော်ထိန်းကို စားဖိုဆောင်သွားပြီးသတိပေးခိုင်းထားရဦးမယ် ကလေးငယ်ငယ် ကြိုက်တဲ့ဟင်းတွေထဲ အစပ်တွေထည့်မချက်ပါနဲ့လို့ "
ရှောင်းကျန့်သည် စပ်လွန်း၍မျက်နှာလေးနီလာသော အိမ်သားလေးအားဂရုတစိုက် ရေတိုက်ပေးရင်း သူစိတ်ပူစရာရှိတာကိုစကားနှုတ်ထွက်ပြောလေတော့ ရှောင်းကျန့်တို့ရှေ့မှာရှိနေသည့် ဧည့်သည်တော်များမျက်နှာသည် အနည်းငယ်ပင်အားနာရိပ်သန်းသွားရသည်။
ထိုင်းကလာလေသော သူတို့သည် အစပ်အလွန်စားသည့်လူများဖြစ်၍ စားဖိုဆောင်ကဟင်းများကို အစပ်ထည့်၍ချက်ပေးခဲ့ဟန်တူသည်။ ထိုသို့ထည့်ချက်ပေးခဲ့သော အစပ်အနည်းငယ်သည် သူတို့အတွက်တော့ အာသာမပြေဖြစ်ခဲ့ရပေမယ့် အစပ်ကိုလုံးဝမစားလေသော ဝန်ကြီးချုပ်ရှောင်းရဲ့အိမ်သားလေးအတွက် အလွန်စပ်နေသည့်ဟန်ပေါ်သည်။
ဖြူနုနုမျက်နှာလေးသည် ရဲရဲနီနေပြီး ချွေးလေးစို့နေသောမျက်နှာငယ်လေးကြောင့် ဧည့်သည်များဖြစ်သည့်သူတို့ပင်အားနာမိသည်။
ဝန်ကြီးချုပ်ရှောင်းသည် နိုင်ငံရေးအကြောင်းဆွေးနွေးရာ၌ ပျက်သားသောစကားဆိုပြီး လွန်စွာတိကျသောသူဖြစ်သည်။ ထို့အပြင် အဂတိလိုက်စားမှုကင်းသောဝန်ကြီးချုပ်ရှောင်းသည် ပြည်သူပြည်သားများ၏ချစ်ခင်မှုကိုများစွာခံထားရသူဖြစ်သည်။ ထို့အတူ ဝန်ကြီးချုပ်ရှောင်းကလည်း သူအုပ်ချုပ်နေတဲ့နယ်နိမိတ်အတွင်း စီးပွားရေး လူမှုရေးကအစ လူတစ်ဦးတစ်ယောက် အိမ်ထောင်တစ်စုတိုင်းရဲ့ အခက်အခဲဟူသမျှကို ပြေလည်အောင်ဖြေရှင်းပေးနေသူဖြစ်သည်။ ဒါကြောင့် ပြည်သူချစ်တဲ့ဝန်ကြီးချုပ်ရှောင်းအား နိုင်ငံခြားကလာသော ဧည့်သည်တော်များကပင် လွန်စွာလေးစားကြရသည်။
" ဦး "
" ပြောလေကလေးငယ်ငယ် "
" ကျွန်တော်အစပ်ပြေသွားပြီ "
သွားသေးသေးလေးများပေါ်သည်အထိပြုံးရယ်ပြပြီး သူအစပ်ပြေသွားကြောင်းပြောလာသည့်အိမ်သားလေးကြောင့် ရှောင်းကျန့်ခဗျာအိမ်သားလေးအားကြည့်ကာ အချစ်ပိုလာရသည်။
" အစပ်ပြေသွားလည်း အဲ့ဟင်းကိုလုံးဝမစားရတော့ဘူးနော်ကလေးငယ်ငယ် "
" ဟုတ် "
အိမ်သားလေးရဲ့ခေါင်းလုံးလုံးလေးထပ်က ဆံပင်နုနုလေးများကို ဖွဖွလေးထိုးဖွလို့ အကြင်နာစကားဆိုလေတော့ အိမ်သားလေးကချက်ချင်းခေါင်းငြိမ့်ရှာသည်။ ဒါကြောင့်ရှောင်းကျန့်သည် လိမ်မာလွန်းတဲ့အိမ်သားလေးအား မနေ့ကထက်ဒီနေ့ပို၍အချစ်ပိုတိုးရ၏။
ဟန်ဆောင်မှုမပါဝင်သော အကြင်နာပိုနေသည့် အမျိုးသားနှစ်ယောက်ကို ဧည့်သည်တော်များသည် အားကျရိပ်သန်းနေသော မျက်ဝန်းများနဲ့ကြည့်နေကြကြ၏။
ဝန်ကြီးချုပ်ရှောင်းသည် ဝန်ကြီးမဖြစ်ခင်ကတည်းက သူ့မှာသက်ဆိုင်သူအိမ်သားလေးရှိနေကြောင်း အတိအလင်းကြော်ငြာထားသည်။ ဒါပေမယ့် ထိုသတင်းသည် ကျောသားရင်သားမခွဲခြား တန်းတူအမြဲဆက်ဆံခံရတဲ့ပြည်သူပြည်သားများအတွက် အနှောက်မယှက်မဖြစ်ရလေကာ ဝန်ကြီးချုပ်ရှောင်းကိုသာ ဝန်ကြီးချုပ်အဖြစ်ရွေးချယ်တင်မြှောက်ခဲ့ကြ၏။ ထိုပြည်သူပြည်သားတို့ရွေးချယ်မှုသည်လည်း ထင်သည့်အတိုင်းမမှားယွင်းခဲ့လေပါ။ အဘယ်ကြောင့်ဆိုသော် ဝန်ကြီးချုပ်ရှောင်းသည် သူတာဝန်ယူထားသည့်နေရာ၌ ခေါင်းဆောင်တစ်ယောက်ပီပီ လွန်စွာတာဝန်ကျေပွန်ခဲ့သည်။ ထို့အတူ ခေါင်းဆောင်ကောင်းတစ်ယောက်ပီသလေသော သတင်းကောင်းစကားနဲ့အညီ ဝန်ကြီးချုပ်ရှောင်းသည် သူ၏အိမ်သားလေးအပေါ်၌လည်း လွန်စွာအိမ်ထောင်ဦးစီးပီသခဲ့သည်ဟူ၍.....။
" ကလေးငယ်ငယ်က အခန်းထဲမှာသွားပြီး အနားယူလိုက်ဦးနော်။ ကိုယ်ကခဏလေး ဧည့်သည်ကို လေယာဥ်ကွင်း လိုက်ပို့လိုက်ဦးမယ် "
ထမင်းစားသောက်ပြီး ဧည့်သည်ကိုပြန်ပို့ဖို့ပြင်သည့်ရှောင်းကျန့်ဟာ အိမ်သားလေးကိုအိမ်ပေါ်တက်ကာ အနားယူခိုင်းပါသည်။ ဒါပေမယ့် တစ်ခါတစ်လေဂျစ်တူးလေးဖြစ်နေတက်သည့်အိမ်သားလေးဟာ ရှောင်းကျန့်အပေါ်ကိုဆို နည်းနည်းလေးအဖြစ်ဆိုးလိုက်ရမှ..။
" ကျွန်တော်ရော လိုက်ခဲ့လို့မရဘူးလား ဦး..."
နှုတ်ခမ်းလေးမသိမသာထော်ကာပြောလာသည့် အိမ်သားလေးကြောင့်ရှောင်းကျန့်သဘောကျစွာပြုံးသည်။ ဒါပေမယ့်အလိုလိုက်ကာ ခေါ်သွားလို့မဖြစ်။ အပြင်မှာနေကအရမ်းပူသည်လေ။ အဲကွန်းပါသည့်ကားတွေဆိုပေမယ့် သဘာဝလေကောင်းလေသန့်ကိုသိပ်သဘောကျတက်သည့်အိမ်သားလေးက ကားတံခါးဖွင့်ခိုင်းတက်သည်လေ။ ဒါကြောင့်ကားထဲကိုအပြင်ဘက်ကဝင်ရောက်လာတဲ့လေပူတွေကြောင့် အိမ်သားလေးကိုယ်ပေါ် လေပူတွေခစားလာမှာရှောင်းကျန့်မလိုလားဘူး။ ဒါကြောင့်ချစ်ရသည့်အိမ်သားလေးကို အိမ်မှာပဲအေးဆေးစွာနေခဲ့ဖို့အတွက် ရှောင်းကျန့်တစ်ယောက်လေပြေစကားပြောရလေသည်။
" ဘာလိုက်လုပ်မှာလဲကလေးငယ်ငယ်ရယ် အပြင်မှာနေကပူရပူနဲ့ "
" ဒါပေမယ့် ကျွန်တော်တစ်ယောက်တည်းပျင်းတယ်လေ..."
" ဟောဗျာ ဘယ့်နဲ့တစ်ယောက်တည်းရမှာလဲ ငယ်ပဲတစ်ယောက်တည်းနေရတာပျင်းတယ်ဆိုလို့ ကျင်းကော်ကိုအဖော်ခေါ်ပေးထားတဲ့ဟာ။ ငယ်ပျင်းနေရင် ကျင်းကော်နဲ့ကစားပေါ့။ အပြင်မှာက နေအရမ်းပူတယ် ဒါကြောင့်မလိုက်ခဲ့နဲ့နော်..."
နောက်ဆုံးရှောင်းကျန့်၏စကားလေပြေနဲ့အတူ အိမ်သားလေးရဲ့ခြေဖမိုးနုနုပေါ် လာရောက်ပွတ်သပ်နေတဲ့ ခြေတံတိုကြောင်ဝတုပ်မလေးကျင်းကော်ကြောင့် အိမ်သားလေးဟာအပြင်လိုက်ရဖို့အရေး ပူစာမူလေးဟာ လေပြေအေးအေးလေးလို ကွယ်ပြောက်သွားခဲ့ရပါတော့သည်။
" အင်း အဲ့ဒါဆိုကျွန်တော်မလိုက်တော့ပါဘူး။ ဒါပေမယ့်ဦးကတော့ မြန်မြန်ပြန်ခဲ့ရမယ်နော်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်ကအိမ်မှာပြီးလွမ်းနေရမှာမလို့ပါ "
ကျင်းကော်လေးကိုပွေ့ချီရင်း ရှောင်းကျန့်မျက်နှာကိုမော့ကြည့်ကာ စကားတိုးတိုးလေးပြောလာသည့်အိမ်သားလေးကြောင့် ရှောင်းကျန့်ခဗျာ ဧည့်သည်တော်များရှိနေတာတောင် ဟန်မဆောင်နိုင်တော့ပဲ အိမ်သားလေးအပေါ်အကြင်နာတိုးကာ နဖူးပြေပြေလေးပေါ် အနမ်းဖွဖွပေးလေမိတော့ ရှက်ဟန်ပြုသွားသည့်အိမ်သားလေး။
" ဦး "
" ဗျ "
" ဧည့်သည်တွေရှိနေတယ်လေဗျာ..."
အိမ်သားလေးရဲ့ရှက်ရိပ်သန်းနေတဲ့စကားသံလေးကြောင့် အသံလေးတိုးတိုးထွက်သည်အထိ ရယ်လိုက်မိသည့်ရှောင်းကျန့်က အိမ်သားလေးကိုစကားတိုးတိုးလေးပြန်ပြောလာတယ်။
ရှိချင်ရှိပေါ့ကလေးငယ်ငယ်ရယ် သူတို့မကြည့်ချင်ရင် သူတို့ဟာသူတို့မျက်စိမှိတ်ထားကြလိမ့်မယ်တဲ့။ ဒါပေမယ့်ရှောင်းကျန့်စကားနဲ့မညီစွာ ဧည့်သည်တော်များသည် အကြင်နာပိုနေကြသည့် ဝန်ကြီးချုပ်ရှောင်းနှင့်သူ၏အိမ်သားလေးအား အားကျလွန်းနေသည့်မျက်ဝန်းများနှင့်ပြုံးရိပ်သန်းကာ ငေးကြည့်နေခဲ့ကြပါတော့သည်။
❌ ဒါလေးက သက်ဆိုင်သူ....သို့ ရဲ့အဆက်မဟုတ်ပါဘူးနော်။ ❌
" ထည့္စားေလ ကေလးငယ္ငယ္ "
ေရွာင္းက်န့္ေျပာရင္းနဲ႕ပင္ သူ႕ေရွ႕မွာရွိေသာဟင္းပန္းကန္မ်ားထဲမွဟင္းမ်ားကို အိမ္သားေလးရဲ႕ပန္းကန္ထဲထည့္ေပးသည့္အခါ အိမ္သားေလးကသူတို႔နဲ႕အတူ ထမင္းစားေနသည့္ဧည့္သည္ေတာ္မ်ားထံ မ်က္လုံးေလးေထာင့္ကပ္ကာၾကည့္သည္။ ဒါေပမယ့္ ထိုအခ်င္းအရာကို ေရွာင္းက်န့္ကဂ႐ုမစိုက္။ သူဂ႐ုစိုက္သည္က သူ႕အိမ္သားေလး ထမင္းေကာင္းေကာင္းစားဖို႔အေရးသာျဖစ္သည္။
ဝန္ႀကီးခ်ဳပ္တစ္ေယာက္ျဖစ္သည့္ေရွာင္းက်န့္၏အိမ္ေတာ္ႀကီးတြင္ မၾကာခဏဆိုသလို နိုင္ငံျခားကေနလာေရာက္ေလေသာ နိုင္ငံေရး စီးပြားေရး လူမႈေရးေတြ လာေရာက္ေဆြးႏြေးသည့္ ဧည့္သည္ေတာ္မ်ားရွိေနတက္သည္။ ဒီေန႕လည္း နိုင္ငံျခားကလာတဲ့ဧည့္သည္မ်ားနဲ႕ နိုင္ငံေရးစကားမ်ားေျပာၿပီး ေန႕လည္စာတည္ခင္းေကြၽးေမြးရာ၌ ဝန္ႀကီးခ်ဳပ္ေရွာင္းသည္ သူ၏အိမ္သားေလးကိုပါ သူတို႔ႏွင့္အတူ ေန႕လည္စာစားေသာက္ေစသည္။
ဝန္ႀကီးခ်ဳပ္ေရွာင္းသည္ ေန႕လည္စာထမင္းဝိုင္၌ နိုင္ငံျခားကဧည့္သည္မ်ားရွိေနေပမယ့္ သိပ္ၿပီးဂ႐ုမစိုက္ခဲ့။ သူဂ႐ုစိုက္ေနတာက သူ႕အိမ္သားေလးကိုပါ။
" ဦး "
" ဗ် "
" ဘာျဖစ္ေနတာလဲ "
" ေဟာဗ်ာ ကိုယ္ကဘာလုပ္ေနလို႔လဲ "
" ဧည့္သည္ေတြရွိေနတဲ့ဟာကို "
" ဘာျဖစ္လဲ ရွိရွိေပါ့ "
" ဒါေပမယ့္ "!
" ဒါေပမယ့္မေနနဲ႕ကေလးငယ္ငယ္ စားစရာရွိတာစား ခဏေနထမင္းစားေနာက္က်လိဳ႕ဗိုက္နာေနဦးမယ္"
ေရွာင္းက်န့္သည္ သူ၏အိမ္သားေလးကိုဂ႐ုစိုက္ေပးရင္း ဧည့္သည္မ်ားဘက္လွည့္ၾကည့္ကာၿပဳံးျပလိုက္သည္။
သူသည္ ဝန္ႀကီးခ်ဳပ္တစ္ေယာက္အေနနဲ႕ နိုင္ငံရဲ႕ စီးပြားေရး လူမႈေရးအတြက္မ်ားစြာအခ်ိန္ေပးထားေပမယ့္ အိမ္သားေလးကိုဂ႐ုစိုက္ေပးရမယ့္အခ်ိန္ကိုေတာ့ သပ္သပ္ဖယ္ထားတက္သည္။
ေန႕လည္စာမစားခင္တုန္းက ေရွာင္းက်န့္သည္ ဝန္ႀကီးခ်ဳပ္တစ္ေယာက္အေနနဲ႕ နိုင္ငံျခားဧည့္သည္မ်ားအား မ်ားစြာအခ်ိန္ေပးထားခဲ့ၿပီျဖစ္သည္။ ဒါေၾကာင့္ ယခုထမင္းဝိုင္း၌ ေရွာင္းက်န့္ဆိုသည့္သူသည္ ဝမ္ရိေပၚဆိုသည့္အိမ္သားေလးကို ဂ႐ုစိုက္အၾကင္နာေပးတက္ေသာ အိမ္ေထာင္ဦးစီးတစ္ေယာက္သာျဖစ္ခဲ့သည္ေလ။
အိမ္ေထာင္ဦးစီးျဖစ္သူရဲ႕ဂ႐ုစိုက္မႈေတြေၾကာင့္ ဧည့္သည္ေတာ္မ်ားၾကား ခုဏကအေနခက္မိသည့္ဝမ္ရိေပၚသည္ ခဏအၾကာ အိမ္ေထာင္ဦးစီးႀကီးရဲ႕ ဂ႐ုစိုက္မႈေတြၾကား အသားက်သြားခဲ့ပါသည္။
" ဦး "
" ဗ် "
" အဲ့ဟင္းက စပ္တယ္ "
" ေဟာဗ်ာ ဒါဆိုေရေလးအရင္ေသာက္လိုက္ပါဦး။ ၿပီးေတာ့ အဲ့ဟင္းကိုလည္းဆက္မစားနဲ႕ေတာ့ေနာ္။ အင္း... ဒါနဲ႕အိမ္ေတာ္ထိန္းကို စားဖိုေဆာင္သြားၿပီးသတိေပးခိုင္းထားရဦးမယ္ ကေလးငယ္ငယ္ ႀကိဳက္တဲ့ဟင္းေတြထဲ အစပ္ေတြထည့္မခ်က္ပါနဲ႕လို႔ "
ေရွာင္းက်န့္သည္ စပ္လြန္း၍မ်က္ႏွာေလးနီလာေသာ အိမ္သားေလးအားဂ႐ုတစိုက္ ေရတိုက္ေပးရင္း သူစိတ္ပူစရာရွိတာကိုစကားႏႈတ္ထြက္ေျပာေလေတာ့ ေရွာင္းက်န့္တို႔ေရွ႕မွာရွိေနသည့္ ဧည့္သည္ေတာ္မ်ားမ်က္ႏွာသည္ အနည္းငယ္ပင္အားနာရိပ္သန္းသြားရသည္။
ထိုင္းကလာေလေသာ သူတို႔သည္ အစပ္အလြန္စားသည့္လူမ်ားျဖစ္၍ စားဖိုေဆာင္ကဟင္းမ်ားကို အစပ္ထည့္၍ခ်က္ေပးခဲ့ဟန္တူသည္။ ထိုသို႔ထည့္ခ်က္ေပးခဲ့ေသာ အစပ္အနည္းငယ္သည္ သူတို႔အတြက္ေတာ့ အာသာမေျပျဖစ္ခဲ့ရေပမယ့္ အစပ္ကိုလုံးဝမစားေလေသာ ဝန္ႀကီးခ်ဳပ္ေရွာင္းရဲ႕အိမ္သားေလးအတြက္ အလြန္စပ္ေနသည့္ဟန္ေပၚသည္။
ျဖဴႏုႏုမ်က္ႏွာေလးသည္ ရဲရဲနီေနၿပီး ေခြၽးေလးစို႔ေနေသာမ်က္ႏွာငယ္ေလးေၾကာင့္ ဧည့္သည္မ်ားျဖစ္သည့္သူတို႔ပင္အားနာမိသည္။
ဝန္ႀကီးခ်ဳပ္ေရွာင္းသည္ နိုင္ငံေရးအေၾကာင္းေဆြးႏြေးရာ၌ ပ်က္သားေသာစကားဆိုၿပီး လြန္စြာတိက်ေသာသူျဖစ္သည္။ ထို႔အျပင္ အဂတိလိုက္စားမႈကင္းေသာဝန္ႀကီးခ်ဳပ္ေရွာင္းသည္ ျပည္သူျပည္သားမ်ား၏ခ်စ္ခင္မႈကိုမ်ားစြာခံထားရသူျဖစ္သည္။ ထို႔အတူ ဝန္ႀကီးခ်ဳပ္ေရွာင္းကလည္း သူအုပ္ခ်ဳပ္ေနတဲ့နယ္နိမိတ္အတြင္း စီးပြားေရး လူမႈေရးကအစ လူတစ္ဦးတစ္ေယာက္ အိမ္ေထာင္တစ္စုတိုင္းရဲ႕ အခက္အခဲဟူသမွ်ကို ေျပလည္ေအာင္ေျဖရွင္းေပးေနသူျဖစ္သည္။ ဒါေၾကာင့္ ျပည္သူခ်စ္တဲ့ဝန္ႀကီးခ်ဳပ္ေရွာင္းအား နိုင္ငံျခားကလာေသာ ဧည့္သည္ေတာ္မ်ားကပင္ လြန္စြာေလးစားၾကရသည္။
" ဦး "
" ေျပာေလကေလးငယ္ငယ္ "
" ကြၽန္ေတာ္အစပ္ေျပသြားၿပီ "
သြားေသးေသးေလးမ်ားေပၚသည္အထိၿပဳံးရယ္ျပၿပီး သူအစပ္ေျပသြားေၾကာင္းေျပာလာသည့္အိမ္သားေလးေၾကာင့္ ေရွာင္းက်န့္ခဗ်ာအိမ္သားေလးအားၾကည့္ကာ အခ်စ္ပိုလာရသည္။
" အစပ္ေျပသြားလည္း အဲ့ဟင္းကိုလုံးဝမစားရေတာ့ဘူးေနာ္ကေလးငယ္ငယ္ "
" ဟုတ္ "
အိမ္သားေလးရဲ႕ေခါင္းလုံးလုံးေလးထပ္က ဆံပင္ႏုႏုေလးမ်ားကို ဖြဖြေလးထိုးဖြလို႔ အၾကင္နာစကားဆိုေလေတာ့ အိမ္သားေလးကခ်က္ခ်င္းေခါင္းၿငိမ့္ရွာသည္။ ဒါေၾကာင့္ေရွာင္းက်န့္သည္ လိမ္မာလြန္းတဲ့အိမ္သားေလးအား မေန႕ကထက္ဒီေန႕ပို၍အခ်စ္ပိုတိုးရ၏။
ဟန္ေဆာင္မႈမပါဝင္ေသာ အၾကင္နာပိုေနသည့္ အမ်ိဳးသားႏွစ္ေယာက္ကို ဧည့္သည္ေတာ္မ်ားသည္ အားက်ရိပ္သန္းေနေသာ မ်က္ဝန္းမ်ားနဲ႕ၾကည့္ေနၾကၾက၏။
ဝန္ႀကီးခ်ဳပ္ေရွာင္းသည္ ဝန္ႀကီးမျဖစ္ခင္ကတည္းက သူ႕မွာသက္ဆိုင္သူအိမ္သားေလးရွိေနေၾကာင္း အတိအလင္းေၾကာ္ျငာထားသည္။ ဒါေပမယ့္ ထိုသတင္းသည္ ေက်ာသားရင္သားမခြဲျခား တန္းတူအၿမဲဆက္ဆံခံရတဲ့ျပည္သူျပည္သားမ်ားအတြက္ အႏွောက္မယွက္မျဖစ္ရေလကာ ဝန္ႀကီးခ်ဳပ္ေရွာင္းကိုသာ ဝန္ႀကီးခ်ဳပ္အျဖစ္ေ႐ြးခ်ယ္တင္ျမႇောက္ခဲ့ၾက၏။ ထိုျပည္သူျပည္သားတို႔ေ႐ြးခ်ယ္မႈသည္လည္း ထင္သည့္အတိုင္းမမွားယြင္းခဲ့ေလပါ။ အဘယ္ေၾကာင့္ဆိုေသာ္ ဝန္ႀကီးခ်ဳပ္ေရွာင္းသည္ သူတာဝန္ယူထားသည့္ေနရာ၌ ေခါင္းေဆာင္တစ္ေယာက္ပီပီ လြန္စြာတာဝန္ေက်ပြန္ခဲ့သည္။ ထို႔အတူ ေခါင္းေဆာင္ေကာင္းတစ္ေယာက္ပီသေလေသာ သတင္းေကာင္းစကားနဲ႕အညီ ဝန္ႀကီးခ်ဳပ္ေရွာင္းသည္ သူ၏အိမ္သားေလးအေပၚ၌လည္း လြန္စြာအိမ္ေထာင္ဦးစီးပီသခဲ့သည္ဟူ၍.....။
" ကေလးငယ္ငယ္က အခန္းထဲမွာသြားၿပီး အနားယူလိုက္ဦးေနာ္။ ကိုယ္ကခဏေလး ဧည့္သည္ကို ေလယာဥ္ကြင္း လိုက္ပို႔လိုက္ဦးမယ္ "
ထမင္းစားေသာက္ၿပီး ဧည့္သည္ကိုျပန္ပို႔ဖို႔ျပင္သည့္ေရွာင္းက်န့္ဟာ အိမ္သားေလးကိုအိမ္ေပၚတက္ကာ အနားယူခိုင္းပါသည္။ ဒါေပမယ့္ တစ္ခါတစ္ေလဂ်စ္တူးေလးျဖစ္ေနတက္သည့္အိမ္သားေလးဟာ ေရွာင္းက်န့္အေပၚကိုဆို နည္းနည္းေလးအျဖစ္ဆိုးလိုက္ရမွ..။
" ကြၽန္ေတာ္ေရာ လိုက္ခဲ့လို႔မရဘူးလား ဦး..."
ႏႈတ္ခမ္းေလးမသိမသာေထာ္ကာေျပာလာသည့္ အိမ္သားေလးေၾကာင့္ေရွာင္းက်န့္သေဘာက်စြာၿပဳံးသည္။ ဒါေပမယ့္အလိုလိုက္ကာ ေခၚသြားလို႔မျဖစ္။ အျပင္မွာေနကအရမ္းပူသည္ေလ။ အဲကြန္းပါသည့္ကားေတြဆိုေပမယ့္ သဘာဝေလေကာင္းေလသန့္ကိုသိပ္သေဘာက်တက္သည့္အိမ္သားေလးက ကားတံခါးဖြင့္ခိုင္းတက္သည္ေလ။ ဒါေၾကာင့္ကားထဲကိုအျပင္ဘက္ကဝင္ေရာက္လာတဲ့ေလပူေတြေၾကာင့္ အိမ္သားေလးကိုယ္ေပၚ ေလပူေတြခစားလာမွာေရွာင္းက်န့္မလိုလားဘူး။ ဒါေၾကာင့္ခ်စ္ရသည့္အိမ္သားေလးကို အိမ္မွာပဲေအးေဆးစြာေနခဲ့ဖို႔အတြက္ ေရွာင္းက်န့္တစ္ေယာက္ေလေျပစကားေျပာရေလသည္။
" ဘာလိုက္လုပ္မွာလဲကေလးငယ္ငယ္ရယ္ အျပင္မွာေနကပူရပူနဲ႕ "
" ဒါေပမယ့္ ကြၽန္ေတာ္တစ္ေယာက္တည္းပ်င္းတယ္ေလ..."
" ေဟာဗ်ာ ဘယ့္နဲ႕တစ္ေယာက္တည္းရမွာလဲ ငယ္ပဲတစ္ေယာက္တည္းေနရတာပ်င္းတယ္ဆိုလို႔ က်င္းေကာ္ကိုအေဖာ္ေခၚေပးထားတဲ့ဟာ။ ငယ္ပ်င္းေနရင္ က်င္းေကာ္နဲ႕ကစားေပါ့။ အျပင္မွာက ေနအရမ္းပူတယ္ ဒါေၾကာင့္မလိုက္ခဲ့နဲ႕ေနာ္..."
ေနာက္ဆုံးေရွာင္းက်န့္၏စကားေလေျပနဲ႕အတူ အိမ္သားေလးရဲ႕ေျခဖမိုးႏုႏုေပၚ လာေရာက္ပြတ္သပ္ေနတဲ့ ေျခတံတိုေၾကာင္ဝတုပ္မေလးက်င္းေကာ္ေၾကာင့္ အိမ္သားေလးဟာအျပင္လိုက္ရဖို႔အေရး ပူစာမူေလးဟာ ေလေျပေအးေအးေလးလို ကြယ္ေျပာက္သြားခဲ့ရပါေတာ့သည္။
" အင္း အဲ့ဒါဆိုကြၽန္ေတာ္မလိုက္ေတာ့ပါဘူး။ ဒါေပမယ့္ဦးကေတာ့ ျမန္ျမန္ျပန္ခဲ့ရမယ္ေနာ္။ ဘာေၾကာင့္လဲဆိုေတာ့ ကြၽန္ေတာ္ကအိမ္မွာၿပီးလြမ္းေနရမွာမလို႔ပါ "
က်င္းေကာ္ေလးကိုေပြ႕ခ်ီရင္း ေရွာင္းက်န့္မ်က္ႏွာကိုေမာ့ၾကည့္ကာ စကားတိုးတိုးေလးေျပာလာသည့္အိမ္သားေလးေၾကာင့္ ေရွာင္းက်န့္ခဗ်ာ ဧည့္သည္ေတာ္မ်ားရွိေနတာေတာင္ ဟန္မေဆာင္နိုင္ေတာ့ပဲ အိမ္သားေလးအေပၚအၾကင္နာတိုးကာ နဖူးေျပေျပေလးေပၚ အနမ္းဖြဖြေပးေလမိေတာ့ ရွက္ဟန္ျပဳသြားသည့္အိမ္သားေလး။
" ဦး "
" ဗ် "
" ဧည့္သည္ေတြရွိေနတယ္ေလဗ်ာ..."
အိမ္သားေလးရဲ႕ရွက္ရိပ္သန္းေနတဲ့စကားသံေလးေၾကာင့္ အသံေလးတိုးတိုးထြက္သည္အထိ ရယ္လိုက္မိသည့္ေရွာင္းက်န့္က အိမ္သားေလးကိုစကားတိုးတိုးေလးျပန္ေျပာလာတယ္။
ရွိခ်င္ရွိေပါ့ကေလးငယ္ငယ္ရယ္ သူတို႔မၾကည့္ခ်င္ရင္ သူတို႔ဟာသူတို႔မ်က္စိမွိတ္ထားၾကလိမ့္မယ္တဲ့။ ဒါေပမယ့္ေရွာင္းက်န့္စကားနဲ႕မညီစြာ ဧည့္သည္ေတာ္မ်ားသည္ အၾကင္နာပိုေနၾကသည့္ ဝန္ႀကီးခ်ဳပ္ေရွာင္းႏွင့္သူ၏အိမ္သားေလးအား အားက်လြန္းေနသည့္မ်က္ဝန္းမ်ားႏွင့္ၿပဳံးရိပ္သန္းကာ ေငးၾကည့္ေနခဲ့ၾကပါေတာ့သည္။
ဒါေလးက သက္ဆိုင္သူ....သို႔ ရဲ႕အဆက္မဟုတ္ပါဘူးေနာ္။
You are reading the story above: TeenFic.Net