ခုရက်ပိုင်းရှုပ်ထွေးနေတဲ့နိုင်ငံရဲ့စီးပွားရေးတွေကြောင့် ရှောင်းကျန့်တစ်ယောက်တာဝန်ရှိသူများနှင့်သာ အချိန်တွေကုန်နေရသည်။ ဒါကိုအလိုက်သိတဲ့အိမ်သားလေးကလည်း သူတစ်ယောက်တည်း ငြိမ်သက်စွာနဲ့နေပေးရင်း...။
" ဝန်ကြီးချုပ်ရှောင်း "
" ပြောပါအတွင်းရေးမှူး "
" အရင်ရက်ကနိုင်ငံအတွင်းကနေ နိုင်ငံခြားကိုပို့လိုက်တဲ့ကုန်ကြမ်းတွေက အဆင့်မမှီဘူးလို့ နိုင်ငံခြားကအကြောင်းပြန်လာပါတယ် ဝန်ကြီး "
" ဘာ..."!
" ဟုတ်ပါတယ်ဝန်ကြီး ဒါကြောင့် တစ်ဖက်နိုင်ငံက အဆင့်မမှီတဲ့ကုန်ကြမ်းတွေကြောင့် စိတ်ဆိုးနေပါတယ်ဝန်ကြီး "
ရှောင်းကျန့်တစ်ယောက်ကြားနေရသည့်စကားတွေကြောင့် စိတ်မချမ်းမသာဖြစ်မိသည်။ နိုင်ငံနှစ်နိုင်ငံ၏ချစ်ကြည်ရေးအရ ကုန်ကြမ်း ကုန်ချောကူးသန်းမှုတွင် မိမိနိုင်ငံကအဆင့်မမှီသောကုန်ကြမ်းတွေကြောင့် တစ်ဖက်နိုင်ငံကစိတ်ဆိုးသွားသည်တဲ့။ ထိုသတင်းကမကောင်းသတင်းမလား ဒီထက်ဆိုးလာရင် နှစ်နိုင်ငံ၏ချစ်ကြည့်ရေးအနေအထားသည် အမုန်းပွား၍ရန်သူနယ်မြေတွေဖြစ်သွားနိုင်သည်။ ရှောင်းကျန့်သက်ပြင်းအသာချပြီး ကျိုးချန်ဟား စီးပွားစီမံရေးဌာနက တာဝန်ရှိသူအားချက်ချင်းပင်အခေါ်လွတ်ခိုင်းလိုက်သည်။ ဒီကိစ္စသည်အရေးကြီးသည်မလို့ ချက်ချင်းဖြေရှင်းရပေမည်။ ထို့အပြင် ရှောင်းကျန့်သည် တစ်ဖက်နိုင်ငံက တာဝန်ရှိသူအားဖုန်းခေါ်ဆိုခြင်းဖြင့် တောင်းပန်စကားဆိုရင်း...။
စီးပွားစီမံရေးဌာနက မှားပို့မိပါတယ်ဆိုတဲ့အကြောင်းပြချက်ကြောင့် တစ်ဖက်နိုင်ငံကိုရောက်သွားသည့်ကုန်ကြမ်းတွေကို ပြန်သယ်ယူစေပြီး အဆင့်မှီသောကုန်ကြမ်းများနှင့် လဲယူစေခဲ့သည်။ ထို့အမှားကိုလည်း ဝန်ကြီးချုပ်ဖြစ်သူရှောင်းကျန့်ကိုယ်တိုင် ဦးဆောင်တောင်းပန်စကားဆိုမှုကြောင့် တစ်ဖက်နိုင်ငံ၏အာဏာရှိသူကလည်း ကျေနပ်စွာကျေအေးပေးခဲ့သည်။ နောက်တစ်ခါဒါမျိုးမဖြစ်စေနှင့်ဆိုသည့် ရာဇသံလေးနှင့်။
နှစ်နိုင်ငံရဲ့ကုန်သွယ်မှုဟာပြန်၍အဆင်ပြေသွားပေမယ့် ရှောင်းကျန့်ကတော့ ပြည်တွင်းထုတ်ကုန်အတွက် ခေါင်းခဲရလေသည်။ အရေအသွေးမပြည့်မှီတဲ့ကုန်ကြမ်းတွေနဲ့ပြည်တွင်းထုတ်ကုန်ထုတ် ထုတ်ရင်ပြည်သူတွေနှစ်နာရမည်လေ။ ဒါကြောင့် ရှောင်းကျန့်သည်တာဝန်ရှိသူအား အရည်အသွေးမပြည့်မှီသောကုန်ကြမ်းများအကြောင်း စစ်ဆေးရလေသည်။
" ဒီအရည်အသွေးမပြည့်မှီတဲ့ကုန်ကြမ်းတွေက ဘယ်သူ့အတွက်လဲ "
"အောက်ခြေလူတန်းစား ပြည်သူတွေအတွက်ပါ "
" ဘာ..."!
" ဟုတ်ပါတယ်ဝန်ကြီးချုပ် တစ်ချို့အောက်ခြေလူတန်းစားတွေဟာ အထက်တန်းလူတန်းစားတွေသုံးတဲ့ထုတ်ကုန်တွေကိုသုံးချင်ပေမယ့် မသုံးနိုင်သည့်အတွက် အထက်တန်းလူတန်းစားတွေသုံးတဲ့ထုတ်ကုန်နည်းတူ အတုအပပြု၍ထုတ်လုပ်ထားသော အရည်အသွေးနိမ့်သည့် ထုတ်ကုန်များကိုဝယ်ယူအသုံးပြုတက်ပါတယ်ခင်ဗျ။ ဒါကြောင့် အဲ့ဒီထုတ်ကုန်တွေကို အဆင့်မမှီတဲ့ကုန်ကြမ်းတွေအသုံးပြုပြီးထုတ်လုပ်ပါတယ်ခင်ဗျ "
စီးပွားစီမံရေးဌာန၏တင်ပြမှုအဆုံး ရှောင်းကျန့်ခေါင်းကိုက်ရလေသည်။ ကုန်ပစ္စည်းအတုကို ပြည်သူတွေအတွက်ထုတ်သည်တဲ့။
" ဘာလို့ပြည်သူတွေအတွက်ကျ မကောင်းတဲ့ထုတ်ကုန်တွေလဲ "
" ဟုတ်ကဲ့ဝန်ကြီးချုပ်ခင်ဗျ သူတို့သုံးနိုင်တဲ့ငွေအပေါ်မူတည်ပြီးထုတ်ပေးတာပါ "
" မလိုချင်းဘူး နိုင်ငံအတွင်းမှာရှိနေတဲ့ပြည်သူတွေလည်း ကောင်းမွန်တဲ့ထုတ်ကုန်ကိုသုံးနိုင်ရမယ်လေ။ ဒါကြောင့် ကျိုးချန့ ဒီနေ့ကစအခြေခံလူတန်းစားတို့ရဲ့ဝင်ငွေကိုသူတို့စားဝန်နေရေးပြေလည်စေရေးအတွက် သတ်မှတ်ချက်တစ်ခုထားပြီးပေးရမယ်လို့ အရင်းရှင်တွေကိုအမိန့်ထုတ်လိုက်။ ဒါ့အပြင် အခြေခံလူတန်းစားတို့ရဲ့အလုပ်ချိန်ကိုသတ်မှတ်ထားတဲ့အတိုင်းသာခိုင်းစေပြီး သူတို့ရဲ့အားလပ်ချိန်ကိုခိုင်းစေပါက အချိန်ပိုခပါပေးရမယ်လို့သတ်မှတ်ပေးလိုက်ပါ။ ဒါမှအခြေခံလူတန်းစားတွေရဲ့ စားဝတ်နေရေးဟာပြောလည်လာပြီး လူတန်းစားမရွေးကောင်မွန်စွာနေနိုင်လာမှာ "
" ဟုတ်ကဲ့ပါ ခင်ဗျ "
" ပြီးတော့ ကုန်စည်စီမံရေးဌာကတာဝန်ရှိသူတွေက အခုစျေးကွက်ထဲမှာရှိနေတဲ့ကုန်စည်အတုတွေကို အချိန်နဲ့တစ်ပြေးညီပြန်သိမ်းယူပြီး ကောင်းမွန်တဲ့ထုတ်ကုန်တွေချက်ချင်းအစားထိုးပေးပါ "
" ဟုတ်ကဲ့ပါ ခင်ဗျ "
" အင်း အဲ့ဒါဆိုဒီလောက်ပဲ ဒီနေ့အစည်းအဝေးကိုဒီမှာပဲနားမယ်..."
" ဟုတ်ကဲ့ "
ရှောင်းကျန့်ဟာတာဝန်ရှိသူတွေကိုနှုတ်ဆက်ပြီး အိမ်သားလေးရှိရာအပေါ်ထပ်သို့တက်လာခဲ့လိုက်သည်။ အပေါ်ထပ်ရောက်လေမှ အပေါ်ထပ်ရှိဧည့်ခန်းထဲကဆိုဖာပေါ်မှာထိုင်ကာ TV ကြည့်နေသောအိမ်သားလေးနားကပ်ထိုင်လိုက်သည်။
" ပင်ပန်းလာပြီလား ကိုကို "
ရှောင်းကျန့်ကိုအကြင်နာမျက်ဝန်းတွေနဲ့ကြည့်ကာ မေးလာသည့်အိမ်သားလေးကိုရှောင်းကျန့်ခေါင်းလေးအသာငြိမ့်ပြသည်။
လူပင်ပန်းတာထက် စိတ်ပင်ပန်းတာကပိုသည်။
ထို့ကြောင့်ရှောင်းကျန့်သည် သူ့ ကိုယ်ခန္ဓာကြီးကိုမှအားမနာ အိမ်သားလေးပခုံးပေါ်ခေါင်းတင်မှီချတဲ့အခါ ရှောင်းကျန့်ခေါင်းလေးကိုအသာပိုက်ထွေးပေးလာတဲ့အိမ်သားလေး။
" ကျွန်တော် ရေအေးအေးလေးသွားယူပေးရမလားဟင်..."
အကြင်နာတွေပိုနေသော အိမ်သားလေးအသံကြောင့်ရှောင်းကျန့်သည်ခေါင်းအသာရမ်းသည်။
ထို့နောက်နံ့သားဖြူနံ့တွေသင်းနေသည့် လည်ပင်းဖွေးဖွေးကြားမျက်နှာအပ်လို့ အိမ်သားလေးကိုယ်သင်းရနံ့လေးကိုအမောပြေရှူရှိုက်လိုက်၏။
" မွှေးလိုက်တာကလေးငယ်ငယ်ရယ် အမောကိုပြေသွားတာပဲ "
ရှောင်းကျန့်စကားကြောင့် သဘောကျသလိုရယ်သည့်အိမ်သားလေးက ရှောင်းကျန့်နမ်းရအဆင်ပြေအောင် လည်ပင်းလေးစောင်းကာပေးသည်။
" အဲ့ဒါဆိုများများနမ်းလေ ကိုကိုရဲ့ "
အိမ်သားလေးရဲ့ခွင့်ပြုပေးမှုကြောင့် ကျေနပ်စွာပြုံးသည့်ရှောင်းကျန့်ဟာ အိမ်သားလေးလည်တိုင်ကြား မျက်နှာကြီးအပ်ကာ ဖိကပ်ကာနမ်းရှိုက်ပါတော့သည်။
" ချစ်တယ် ကလေးငယ်ငယ် "
" အင်း ကျွန်တော်ရောချစ်တယ်ကိုကို့ကို...."
ရိပေါ်ရင်ခွင်ထဲကိုကလေးတစ်ယောက်လိုတိုးဝေ့ရင်း ချစ်စကာပြောနေသည့်အိမ်ထောင်ဦးစီးကြောင့် ရိပေါ်ရင်ထဲကျေနပ်ရသည်။
အခုရိပေါ်TVကကြည့်နေသည့်ဇာတ်လမ်းလေးသည် မိသားစုကားလေးဖြစ်ပြီး ဖေဖေရယ် မေမေရယ် သားလေးရယ်နဲ့သိပ်ကိုပျော်ရွှင်စရာကောင်းတဲ့ ဇာတ်အိမ်လေးနဲ့ဇာတ်သိမ်းသွား၏။ ဒါကြောင့် ရိပေါ်စိတ်ထဲမဝင့်မရဲတွေးမိသေးသည် ရိပေါ်ရယ် ကိုကိုရယ် ကလေးလေးတစ်ယောက်ရယ်နဲ့လို့။ ဒါပေမယ့်မဖြစ်နိုင်တဲ့အခြေအနေကြောင့် ရိပေါ်စိတ်ထဲစိတ်မကောင်းခြင်းများစွာခံစားနေရသည်။ အဘယ်ကြောင့်ဆိုသော် ကြားခဲ့ရသည့်အတင်းစကားတွေကရိပေါ်နားထဲကိုယခုအချိန်အထိ ပြန်ကြားနေစေပြီး ညအိပ်ရင်တောင်အိမ်မက်ဆိုးတွေမက်နေစေသည်လေ။ ဒါကြောင့်ရိပေါ်စိတ်ထဲတောင်းဆုတစ်ခုတောင်ပြုမိသေးသည်။
ရိပေါ်အချစ်တွေသည်သာ ကိုကို့အပေါ်စစ်မှန်ခဲ့ရင် ကိုကို့ရင်သွေးလေးကို ရိပေါ်ကိုယ်တိုင်မွေးဖွားခွင့်ရပါစေလို့.....။
ရိပေါ်တွေးရင်း ဝမ်းနည်းစွာ ပါးပြင်ပေါ်ကျလာသည့်မျက်ရည်တစ်စက်သည် ကိုကိုအိကျီအစွန်းစလေးပေါ်ကျရောက်သွားသည်။ ဒါကြောင့်ရိပေါ်သည် သူ၏မျက်ရည်စွန်းပေသွားသော ကိုကို့အိမ်ကျီအစွန်းစလေးအား ဖိကပ်ကားနမ်းရင်း စကားတိုးတိုးဆိုမိသည်။
အရမ်းချစ်တယ်ကိုကို....။
ခုရက္ပိုင္းရႈပ္ေထြးေနတဲ့နိုင္ငံရဲ႕စီးပြားေရးေတြေၾကာင့္ ေရွာင္းက်န့္တစ္ေယာက္တာဝန္ရွိသူမ်ားႏွင့္သာ အခ်ိန္ေတြကုန္ေနရသည္။ ဒါကိုအလိုက္သိတဲ့အိမ္သားေလးကလည္း သူတစ္ေယာက္တည္း ၿငိမ္သက္စြာနဲ႕ေနေပးရင္း...။
" ဝန္ႀကီးခ်ဳပ္ေရွာင္း "
" ေျပာပါအတြင္းေရးမႉး "
" အရင္ရက္ကနိုင္ငံအတြင္းကေန နိုင္ငံျခားကိုပို႔လိုက္တဲ့ကုန္ၾကမ္းေတြက အဆင့္မမွီဘူးလို႔ နိုင္ငံျခားကအေၾကာင္းျပန္လာပါတယ္ ဝန္ႀကီး "
" ဘာ..."!
" ဟုတ္ပါတယ္ဝန္ႀကီး ဒါေၾကာင့္ တစ္ဖက္နိုင္ငံက အဆင့္မမွီတဲ့ကုန္ၾကမ္းေတြေၾကာင့္ စိတ္ဆိုးေနပါတယ္ဝန္ႀကီး "
ေရွာင္းက်န့္တစ္ေယာက္ၾကားေနရသည့္စကားေတြေၾကာင့္ စိတ္မခ်မ္းမသာျဖစ္မိသည္။ နိုင္ငံႏွစ္နိုင္ငံ၏ခ်စ္ၾကည္ေရးအရ ကုန္ၾကမ္း ကုန္ေခ်ာကူးသန္းမႈတြင္ မိမိနိုင္ငံကအဆင့္မမွီေသာကုန္ၾကမ္းေတြေၾကာင့္ တစ္ဖက္နိုင္ငံကစိတ္ဆိုးသြားသည္တဲ့။ ထိုသတင္းကမေကာင္းသတင္းမလား ဒီထက္ဆိုးလာရင္ ႏွစ္နိုင္ငံ၏ခ်စ္ၾကည့္ေရးအေနအထားသည္ အမုန္းပြား၍ရန္သူနယ္ေျမေတြျဖစ္သြားနိုင္သည္။ ေရွာင္းက်န့္သက္ျပင္းအသာခ်ၿပီး က်ိဳးခ်န္ဟား စီးပြားစီမံေရးဌာနက တာဝန္ရွိသူအားခ်က္ခ်င္းပင္အေခၚလြတ္ခိုင္းလိုက္သည္။ ဒီကိစၥသည္အေရးႀကီးသည္မလို႔ ခ်က္ခ်င္းေျဖရွင္းရေပမည္။ ထို႔အျပင္ ေရွာင္းက်န့္သည္ တစ္ဖက္နိုင္ငံက တာဝန္ရွိသူအားဖုန္းေခၚဆိုျခင္းျဖင့္ ေတာင္းပန္စကားဆိုရင္း...။
စီးပြားစီမံေရးဌာနက မွားပို႔မိပါတယ္ဆိုတဲ့အေၾကာင္းျပခ်က္ေၾကာင့္ တစ္ဖက္နိုင္ငံကိုေရာက္သြားသည့္ကုန္ၾကမ္းေတြကို ျပန္သယ္ယူေစၿပီး အဆင့္မွီေသာကုန္ၾကမ္းမ်ားႏွင့္ လဲယူေစခဲ့သည္။ ထို႔အမွားကိုလည္း ဝန္ႀကီးခ်ဳပ္ျဖစ္သူေရွာင္းက်န့္ကိုယ္တိုင္ ဦးေဆာင္ေတာင္းပန္စကားဆိုမႈေၾကာင့္ တစ္ဖက္နိုင္ငံ၏အာဏာရွိသူကလည္း ေက်နပ္စြာေက်ေအးေပးခဲ့သည္။ ေနာက္တစ္ခါဒါမ်ိဳးမျဖစ္ေစႏွင့္ဆိုသည့္ ရာဇသံေလးႏွင့္။
ႏွစ္နိုင္ငံရဲ႕ကုန္သြယ္မႈဟာျပန္၍အဆင္ေျပသြားေပမယ့္ ေရွာင္းက်န့္ကေတာ့ ျပည္တြင္းထုတ္ကုန္အတြက္ ေခါင္းခဲရေလသည္။ အေရအေသြးမျပည့္မွီတဲ့ကုန္ၾကမ္းေတြနဲ႕ျပည္တြင္းထုတ္ကုန္ထုတ္ ထုတ္ရင္ျပည္သူေတြႏွစ္နာရမည္ေလ။ ဒါေၾကာင့္ ေရွာင္းက်န့္သည္တာဝန္ရွိသူအား အရည္အေသြးမျပည့္မွီေသာကုန္ၾကမ္းမ်ားအေၾကာင္း စစ္ေဆးရေလသည္။
" ဒီအရည္အေသြးမျပည့္မွီတဲ့ကုန္ၾကမ္းေတြက ဘယ္သူ႕အတြက္လဲ "
"ေအာက္ေျခလူတန္းစား ျပည္သူေတြအတြက္ပါ "
" ဘာ..."!
" ဟုတ္ပါတယ္ဝန္ႀကီးခ်ဳပ္ တစ္ခ်ိဳ႕ေအာက္ေျခလူတန္းစားေတြဟာ အထက္တန္းလူတန္းစားေတြသုံးတဲ့ထုတ္ကုန္ေတြကိုသုံးခ်င္ေပမယ့္ မသုံးနိုင္သည့္အတြက္ အထက္တန္းလူတန္းစားေတြသုံးတဲ့ထုတ္ကုန္နည္းတူ အတုအပျပဳ၍ထုတ္လုပ္ထားေသာ အရည္အေသြးနိမ့္သည့္ ထုတ္ကုန္မ်ားကိုဝယ္ယူအသုံးျပဳတက္ပါတယ္ခင္ဗ်။ ဒါေၾကာင့္ အဲ့ဒီထုတ္ကုန္ေတြကို အဆင့္မမွီတဲ့ကုန္ၾကမ္းေတြအသုံးျပဳၿပီးထုတ္လုပ္ပါတယ္ခင္ဗ် "
စီးပြားစီမံေရးဌာန၏တင္ျပမႈအဆုံး ေရွာင္းက်န့္ေခါင္းကိုက္ရေလသည္။ ကုန္ပစၥည္းအတုကို ျပည္သူေတြအတြက္ထုတ္သည္တဲ့။
" ဘာလို႔ျပည္သူေတြအတြက္က် မေကာင္းတဲ့ထုတ္ကုန္ေတြလဲ "
" ဟုတ္ကဲ့ဝန္ႀကီးခ်ဳပ္ခင္ဗ် သူတို႔သုံးနိုင္တဲ့ေငြအေပၚမူတည္ၿပီးထုတ္ေပးတာပါ "
" မလိုခ်င္းဘူး နိုင္ငံအတြင္းမွာရွိေနတဲ့ျပည္သူေတြလည္း ေကာင္းမြန္တဲ့ထုတ္ကုန္ကိုသုံးနိုင္ရမယ္ေလ။ ဒါေၾကာင့္ က်ိဳးခ်န႕ ဒီေန႕ကစအေျခခံလူတန္းစားတို႔ရဲ႕ဝင္ေငြကိုသူတို႔စားဝန္ေနေရးေျပလည္ေစေရးအတြက္ သတ္မွတ္ခ်က္တစ္ခုထားၿပီးေပးရမယ္လို႔ အရင္းရွင္ေတြကိုအမိန့္ထုတ္လိုက္။ ဒါ့အျပင္ အေျခခံလူတန္းစားတို႔ရဲ႕အလုပ္ခ်ိန္ကိုသတ္မွတ္ထားတဲ့အတိုင္းသာခိုင္းေစၿပီး သူတို႔ရဲ႕အားလပ္ခ်ိန္ကိုခိုင္းေစပါက အခ်ိန္ပိုခပါေပးရမယ္လို႔သတ္မွတ္ေပးလိုက္ပါ။ ဒါမွအေျခခံလူတန္းစားေတြရဲ႕ စားဝတ္ေနေရးဟာေျပာလည္လာၿပီး လူတန္းစားမေ႐ြးေကာင္မြန္စြာေနနိုင္လာမွာ "
" ဟုတ္ကဲ့ပါ ခင္ဗ် "
" ၿပီးေတာ့ ကုန္စည္စီမံေရးဌာကတာဝန္ရွိသူေတြက အခုေစ်းကြက္ထဲမွာရွိေနတဲ့ကုန္စည္အတုေတြကို အခ်ိန္နဲ႕တစ္ေျပးညီျပန္သိမ္းယူၿပီး ေကာင္းမြန္တဲ့ထုတ္ကုန္ေတြခ်က္ခ်င္းအစားထိုးေပးပါ "
" ဟုတ္ကဲ့ပါ ခင္ဗ် "
" အင္း အဲ့ဒါဆိုဒီေလာက္ပဲ ဒီေန႕အစည္းအေဝးကိုဒီမွာပဲနားမယ္..."
" ဟုတ္ကဲ့ "
ေရွာင္းက်န့္ဟာတာဝန္ရွိသူေတြကိုႏႈတ္ဆက္ၿပီး အိမ္သားေလးရွိရာအေပၚထပ္သို႔တက္လာခဲ့လိုက္သည္။ အေပၚထပ္ေရာက္ေလမွ အေပၚထပ္ရွိဧည့္ခန္းထဲကဆိုဖာေပၚမွာထိုင္ကာ TV ၾကည့္ေနေသာအိမ္သားေလးနားကပ္ထိုင္လိုက္သည္။
" ပင္ပန္းလာၿပီလား ကိုကို "
ေရွာင္းက်န့္ကိုအၾကင္နာမ်က္ဝန္းေတြနဲ႕ၾကည့္ကာ ေမးလာသည့္အိမ္သားေလးကိုေရွာင္းက်န့္ေခါင္းေလးအသာၿငိမ့္ျပသည္။
လူပင္ပန္းတာထက္ စိတ္ပင္ပန္းတာကပိုသည္။
ထို႔ေၾကာင့္ေရွာင္းက်န့္သည္ သူ႕ ကိုယ္ခႏၶာႀကီးကိုမွအားမနာ အိမ္သားေလးပခုံးေပၚေခါင္းတင္မွီခ်တဲ့အခါ ေရွာင္းက်န့္ေခါင္းေလးကိုအသာပိုက္ေထြးေပးလာတဲ့အိမ္သားေလး။
" ကြၽန္ေတာ္ ေရေအးေအးေလးသြားယူေပးရမလားဟင္..."
အၾကင္နာေတြပိုေနေသာ အိမ္သားေလးအသံေၾကာင့္ေရွာင္းက်န့္သည္ေခါင္းအသာရမ္းသည္။
ထို႔ေနာက္နံ႕သားျဖဴနံ႕ေတြသင္းေနသည့္ လည္ပင္းေဖြးေဖြးၾကားမ်က္ႏွာအပ္လို႔ အိမ္သားေလးကိုယ္သင္းရနံ႕ေလးကိုအေမာေျပရႉရွိုက္လိုက္၏။
" ေမႊးလိုက္တာကေလးငယ္ငယ္ရယ္ အေမာကိုေျပသြားတာပဲ "
ေရွာင္းက်န့္စကားေၾကာင့္ သေဘာက်သလိုရယ္သည့္အိမ္သားေလးက ေရွာင္းက်န့္နမ္းရအဆင္ေျပေအာင္ လည္ပင္းေလးေစာင္းကာေပးသည္။
" အဲ့ဒါဆိုမ်ားမ်ားနမ္းေလ ကိုကိုရဲ႕ "
အိမ္သားေလးရဲ႕ခြင့္ျပဳေပးမႈေၾကာင့္ ေက်နပ္စြာၿပဳံးသည့္ေရွာင္းက်န့္ဟာ အိမ္သားေလးလည္တိုင္ၾကား မ်က္ႏွာႀကီးအပ္ကာ ဖိကပ္ကာနမ္းရွိုက္ပါေတာ့သည္။
" ခ်စ္တယ္ ကေလးငယ္ငယ္ "
" အင္း ကြၽန္ေတာ္ေရာခ်စ္တယ္ကိုကို႔ကို...."
ရိေပၚရင္ခြင္ထဲကိုကေလးတစ္ေယာက္လိုတိုးေဝ့ရင္း ခ်စ္စကာေျပာေနသည့္အိမ္ေထာင္ဦးစီးေၾကာင့္ ရိေပၚရင္ထဲေက်နပ္ရသည္။
အခုရိေပၚTVကၾကည့္ေနသည့္ဇာတ္လမ္းေလးသည္ မိသားစုကားေလးျဖစ္ၿပီး ေဖေဖရယ္ ေမေမရယ္ သားေလးရယ္နဲ႕သိပ္ကိုေပ်ာ္႐ႊင္စရာေကာင္းတဲ့ ဇာတ္အိမ္ေလးနဲ႕ဇာတ္သိမ္းသြား၏။ ဒါေၾကာင့္ ရိေပၚစိတ္ထဲမဝင့္မရဲေတြးမိေသးသည္ ရိေပၚရယ္ ကိုကိုရယ္ ကေလးေလးတစ္ေယာက္ရယ္နဲ႕လို႔။ ဒါေပမယ့္မျဖစ္နိုင္တဲ့အေျခအေနေၾကာင့္ ရိေပၚစိတ္ထဲစိတ္မေကာင္းျခင္းမ်ားစြာခံစားေနရသည္။ အဘယ္ေၾကာင့္ဆိုေသာ္ ၾကားခဲ့ရသည့္အတင္းစကားေတြကရိေပၚနားထဲကိုယခုအခ်ိန္အထိ ျပန္ၾကားေနေစၿပီး ညအိပ္ရင္ေတာင္အိမ္မက္ဆိုးေတြမက္ေနေစသည္ေလ။ ဒါေၾကာင့္ရိေပၚစိတ္ထဲေတာင္းဆုတစ္ခုေတာင္ျပဳမိေသးသည္။
ရိေပၚအခ်စ္ေတြသည္သာ ကိုကို႔အေပၚစစ္မွန္ခဲ့ရင္ ကိုကို႔ရင္ေသြးေလးကို ရိေပၚကိုယ္တိုင္ေမြးဖြားခြင့္ရပါေစလို႔.....။
ရိေပၚေတြးရင္း ဝမ္းနည္းစြာ ပါးျပင္ေပၚက်လာသည့္မ်က္ရည္တစ္စက္သည္ ကိုကိုအိက်ီအစြန္းစေလးေပၚက်ေရာက္သြားသည္။ ဒါေၾကာင့္ရိေပၚသည္ သူ၏မ်က္ရည္စြန္းေပသြားေသာ ကိုကို႔အိမ္က်ီအစြန္းစေလးအား ဖိကပ္ကားနမ္းရင္း စကားတိုးတိုးဆိုမိသည္။
အရမ္းခ်စ္တယ္ကိုကို....။
You are reading the story above: TeenFic.Net