🩺 Chapter 6

Background color
Font
Font size
Line height

🩺 Chapter 6

"ကျွန်မ ရှင့်ပိုက်ဆံတွေ မလိုချင်ဘူး။ ရှင် ဒီကိုပြန်ရောက်ရင် ကျွန်မတို့လက်ထပ်ကြမယ်လို့ ကတိပေး ခဲ့တယ်လေ"

"ငါ့မှာ အခု မင်းနဲ့ပတ်သတ်ပြီး ဘာခံစားချက်မှ မရှိတော့ဘူး။ငါ့ကို လက်ထပ်ဖို့အတွက် အတင်းအကျပ်ဆွဲခေါ်နေတာ အဓိပ္ပာယ်ရှိတယ်လို့ မင်းထင်လား?"

"ဒါပေမယ့်... ကျွန်မမှာ ရှင့်ရဲ့ကလေးကို ကိုယ်ဝန် ဆောင်ထားရပြီလေ၊ ဒီမှာ စမ်းကြည့်လိုက်၊နှစ်လတောင်ရှိနေပြီ။ နောက်လမှာ သိသာလာလိမ့်မယ်လို့ ဆရာဝန်က ပြောတယ်"

အမျိုးသမီးသည် ထိုအမျိုးသား၏ လက်ကောက် ဝတ်အား လှမ်းဆွဲကာ ဗိုက်ထဲရှိ သက်ရှိကလေးငယ်အား စမ်းကြည့်ခိုင်းလိုက်သည်။

သို့သော် အဆိုပါအမျိုးသားသည် ညစ်ညမ်းသောအရာကို ထိမိသကဲ့သို့ ဒေါသတကြီး တုံ့ပြန်ကာ အမျိုးသမီး၏ ဆန့်တန်းထားသော လက်ထံမှ သူ့လက်ကို အဝေးသို့ ဆွဲဖယ်လိုက်လေသည်။

"ဖန့်ယုနင် မင်းလူစကားနားမလည်ဘူးလား? ငါတို့ကြားမှာ ဖြစ်နိုင်ခြေမရှိတော့ဘူး။ အဲ့ညက ဒီတိုင်း မတော်တဆ တစ်ခုပဲ။ မင်း ဗိုက်ထဲမှာရှိတဲ့ အရာကို ရှင်းပစ်ဖို့ ငါမင်းကို တစ်သန်းပေးမယ်။ ပြီးတော့ ကျန်တဲ့ငွေကို မင်း ငါ့ကို သင်တန်းကြေးအတွက် ချေးထားတဲ့ ပိုက်ဆံ အကြွေးပြန်ဆပ်တယ်လို့ သဘောထားလိုက်…"

ရှန်းထင်းကျိုးသည် ဖုယွင်ယွင်၏နောက်ဆီသို့ လိုက်လာရင်း ထိုသို့အကြင်နာမဲ့သော စကားလုံးများကို အတန်းလိုက်ကြီး ကြားလိုက်ရလေသည်။

၎င်းတို့ဘေးတွင် ချင်ရှစ်ယောင်၏အမူအရာမှာလည်း အလွန်အမင်း ဆိုးရွားနေပြီဖြစ်သည်။

သူမ၏နဖူးပေါ်တွင် သွေးကြောတစ်ခု ကြွတက်လာသည်ကို တွေ့လိုက်ရပြီး ထိုဆန်ကုန်မြေလေးကောင်အား အပြစ်ပေးတော့မည့်ပုံပေါ်နေသည်။ ရှန်းထင်းကျိုးသည် သူမ ထိခိုက်သွားမည်ကို စိုးရိမ်ပြီး ကြားဝင်ရန် အမြန်လှုပ်ရှားလိုက်သည်။

သို့ရာတွင် သူ့လက်က ချင်ရှစ်ယောင်၏ပခုံးကို ဖိခါနီးဆဲဆဲ မှာပဲ ချင်ယန်က ရုတ်တရက် ထပြောလိုက်သည်။

"သူ့ကို သွားမနှောင့်ယှက်နဲ့… သူ Sanda မှာ လေ့ကျင့်ထားတာ...တစ်ခါကဆို သူ့ကို မဖွယ်မရာလာလုပ်တဲ့သူကို ပိတ်ကန်ပစ်ခဲ့တာ..."

ချင်ယန်သည်  မည်သည့်နေရာကို ကန်လိုက်တယ်ဆိုတာ မပြောပြပေမယ့် အဓိပ္ပာယ်ကို နားလည်တဲ့ ရှန်းထင်းကျိုးက သူ့လက်ကို ချက်ချင်းပင် ရုတ်သိမ်းလိုက်သည်။

ဒေါသထိန်းထားသည့် ချင်ရှစ်ယောင်သည် ခြေလှမ်းအနည်းငယ်လှမ်းလိုက်ပြီး အရှိန်ယူကာ ကြိုးမှလွှတ်လိုက်တဲ့ မြှားတစ်စင်းလို အားအပြည့်ထည့်ထားသည့် ကန်ချက်တစ်ခု ပစ်ပေးလိုက်သည်။

ငါးဆားနူကောင်သည် မြေပြင်အနှံ့  သူ့သွားများကို ကျွတ်ကျသွားပါတော့သည်။

"မြေပြင်အနှံ့ သွားများရှာဖွေခြင်း" သည် အများအားဖြင့် အခြားအကြောင်းအရာများတွင် နာမဝိသေသနတစ်ခုအဖြစ် အသုံးပြုသော်လည်း ယခုအချိန်တွင် ၎င်းသည် နာမ်တစ်ခု ဖြစ်လာသည်။

ချင်ရှစ်ယောင်သည် အမှိုက်ကောင်၏ပါးပြင်ကို ကန်ထုတ်လိုက်ရာ မြေပြင်ပေါ်သို့ လဲကျသွားသည်။ သူ့နှာခေါင်းနှင့် ပါးစပ်မှ သွေးများထွက်နေပြီး သွားနှစ်ချောင်း ကျွတ်သွားလေသည်။

ရှန်းထင်းကျိုးသည် သူ့မျက်နှာကို မသိစိတ်ဖြင့် ထိမိလိုက်ပြီး ချင်ယန် အကန်ခံလိုက်ရတုန်းကမှ တော်သေးသည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။

လီရှုကျောသည် ပထမတော့ အံ့အားသင့်သွားပြီး နောက် ဒေါသထွက်သွားသော်လည်း မော့ကြည့်လိုက်ရာ ချင်ရှစ်ယောင်အား တွေ့လိုက်ရသဖြင့် တုန်လှုပ်တာရော၊ ချောက်ချားတာရော နှစ်ခုစလုံး ပေါင်းစည်းသွားလေသည်။

နေဝင်ခါနီးအချိန် ချင်ရှစ်ယောင်သည် လီရှုကျော၏ နောက်ကျောဘက်မှ အလင်းရောင်နှင့်အတူ မတ်တပ်ရပ်နေကာ သူမ၏ လှပသော မျက်နှာက အုံ့မှိုင်းမှုထဲ ဖုံးကွယ်ထားသည်။

ချင်ရှစ်ယောင်သည် လီရှုကျောဆီသို့ ခြေလှမ်းတစ်လှမ်းချင်း လျှောက်သွားကာ သူမ၏လေသံက တည်ငြိမ်နေသည်။

"ရှင် ကျွန်မကို ဘယ်တော့မှ သစ္စာမဖောက်ဘူးလို့ ပြောဖူးခဲ့တာကို ကျွန်မမှတ်မိတယ်။ ရှင် သစ္စာဖောက်ခဲ့ရင် ရှင့်ကို ဘာလုပ်ရမလဲ?"

လီရှုကျော စိုးရိမ်ထိတ်လန့်သွားသည်။

"ရှစ်ယောင်..."

"ရှင် ကျွန်မကို ကြိုက်သလို ကိုင်တွယ်ခွင့်ပေးမယ်လို့ ရှင်ပြောခဲ့တယ်နော်…"

ချင်ရှစ်ယောင်၏ မျက်လုံးများသည် ရုတ်တရက် ခံစားချက်မရှိသောအသွင်သို့ ပြောင်းသွားသည်။

"ရှင်ကိုယ့်ရှင်တောင် မထိန်းချုပ်နိုင်တာကို ကျွန်မကို စိတ်ဒုက္ခလာပေးမနေနဲ့"

လျင်မြန်သော ကန်ချက်တစ်ခုနှင့်အတူ သူမ၏ ၈ စင်တီမီတာမြင့်သော ဒေါက်ဖိနပ်များသည် ဓားသွားကဲ့သို့ ချွန်ထက်နေသည်။ ချင်ယန်သာ လီရှုကျော၏ကော်လာကို အမြန်ဖမ်းပြီး နောက်ကို မဆွဲလိုက်ဘူးဆိုရင်  သူ့ခန္ဓာကိုယ်အောက်ပိုင်းက ပြင်းထန်စွာ ဒဏ်ရာရသွားလိမ့်မှာ အသေချာပင်။

လီရှုကျော ဇောချွေးပြန်ကာ အသက်ပင်မရှူဝံ့တော့ပေ။

မြေပြင်ပေါ်ရှိဒေါက်ဖိနပ်ရာ အပေါက်ကို ကြည့်လိုက်ရင်း ရှန်းထင်းကျိုး၏ ဦးရေပြားက ထုံကျင်သွားလေသည်။

ချင်ရှစ်ယောင်သည် သူမ၏ခြေထောက်ကို မြှောက်ကာ လုံးဝိုင်းနေသော အပေါက်မှ ဒေါက်ကို ဆွဲထုတ်လိုက်ပြီး နောက်ထပ် ကန်ချက်တစ်ချက် လေထဲသို့ ပစ်သွင်းလိုက်သည်။

ချင်ရှစ်ယောင်သည် ရှေ့သို့ တစ်လှမ်းပြီးတစ်လှမ်း တိုးလာတိုင်း ချင်ယန်သည် လီရှုကျောအား နောက်သို့ ဆွဲခေါ်နေရကာ ကန်ချက်တိုင်းမှာ အပေါက်သေးသေးလေးတွေ ကျန်ရစ်ခဲ့ရင်း အရှိန်ဖြင့် သစ်ရွက်များပင် လှုပ်ရှားသွားစေသည်။

မြေပြင်ပေါ်တွင် အပေါက်ဝိုင်းဝိုင်းလေးများစွာ ဖန်တီးထားသည်ကို  ကြည့်ရင်း ရှန်းထင်းကျိုးက မှတ်ချက်ပေးလိုက်သည်။

"တကယ်ခိုင်တဲ့ ဒေါက်တွေပါလား…?"

ချင်ရှစ်ယောင်သည် ချင်ယန်ဆီသို့ အေးစက်သော အကြည့်တစ်ချက်ပေးလိုက်သည်။

"နင် ဘေးကို ဖယ်လိုက်စမ်း!"

ချင်ယန်က မျက်မှောင်ကြုတ်ကာ

"အစ်မ ဒီလိုလူမျိုးအတွက်နဲ့ ထောင်ထဲသွားဖို့ မတန်ဘူး"

ဖုယွင်ယွင်ကလည်း ဝင်ထောက်ခံလိုက်သည်။

"ဟုတ်တယ်…သူက ဘာမို့လို့လဲ? သူကြောင့် ညီမတို့ဖိနပ်တွေ ညစ်ပတ်ဖို့တောင် မတန်ဘူး"

နောက်ဆုံးတွင် ချင်ရှစ်ယောင် စိတ်ငြိမ်သွားပြီး ဖန့်ယုနင်ဘက်ကို လှည့်ကြည့်လိုက်သည်။

ကိုယ်ဝန်နှင့်မိန်းမငယ်လေးသည် ရင်သပ်ရှုမောဖွယ်မြင်ကွင်းကို ကြည့်နေခဲ့သော်လည်း ရက်စက်ကြမ်းကြုတ်သော အမျိုးသမီး ချဉ်းကပ်လာသကဲ့သို့ သူ့ကို ကြည့်ရင်း သူမဗိုက်ကို အလိုလိုဖုံးအုပ်ကာ ကြောက်လန့်နေပြီဖြစ် သည်။

သူမသည် တုန်တုန်ယင်ယင်ဖြင့် နောက်ဘက်သို့ဆုတ်သွားကာ သူမ၏မျက်လုံးများတွင် ကြောက်ရွံ့မှုနှင့် ရှုပ်ထွေးမှုများ ပေါ်လွင်လို့နေသည်။

"ရှင်...ရှင် ကျွန်မကို ဘာလုပ်မလို့လဲ? သူ့မှာ ရည်းစားရှိတာ ကျွန်မတကယ်မသိခဲ့ပါဘူး…အဲ့ညကလည်း  သူမူးနေတုန်း သူကပဲ ခြေလှမ်းစခဲ့တာ"

ချင်ရှစ်ယောင်သည် သူမရှေ့တွင် ရပ်လိုက်ပြီး အေးစက်စွာပြောလိုက်သည်။

"သွား...နင်လည်း သူ့ကို နှစ်ချက်လောက် ကျွေးပလိုက်"

ဖန့်ယုနင် တုံ့ဆိုင်းသွားပြီး သူမ၏ မျက်လုံးများထဲမှ မျက်ရည်များ စီးကျလာသည်။

ချင်ရှစ်ယောင်က ဆက်ပြောလိုက်သည်။

"မင်းရဲ့နုပျိုမှုတွေက တန်ဖိုးမဲ့သွားပြီ။အဲ့ဒါတောင် မင်း ဒေါသမထွက်ပဲ မင်းကိုယ်တိုင် လှည့်စားခံခွင့် ပေးလိုက်တယ်ပေါ့"

ဖန့်ယုနင်သည် သူမရှေ့မှ အမျိုးသမီးကို ကြည့်လိုက်သည်။ သူမပုံစံသည် ချင်ရှစ်ယောင်၏ ချောမောမှု နှင့် မတူဘဲ စားသောက်ဆိုင်အလုပ် သမား ဝတ်ဆုံကို ၀တ်ဆင်ထားကာ မျက်ကွင်းများညိုနေပြီး ပင်ပန်းနွမ်းလျနေပုံဖြင့် ဟင်းနံ့များ စွဲကျန်နေသော အနံ့အသက်များကို ရနေသည်။

ငါးစိမ်းသည်နှင့်ရွှဲသည်ကြား ခြားနားချက်ကို အကြည့်တစ်ချက်နဲ့တင် နားလည်သွားစေသည်။

လီရှုကျောသည် သူမနှင့် လမ်းခွဲချင်နေသည်မှာ မအံ့သြတော့ပေ။

သို့သော်လည်း ထိုအမျိုးသမီးသည် ငယ်ရွယ်နုပျိုပြီး သူ့ရုပ်ရည်လေးနှင့် သူ လှပပေသည်။ နှစ်တွေကြာလာတာနဲ့အမျှ လီရှုကျော၏ နိုင်ငံခြားပညာရေးအတွက် ထောက်ပံ့ပေးနိုင်ရန် သူမဟာ တစ်နေ့ကို အလုပ်နှစ်ခု လုပ်ခဲ့ပြီး ပိုက်ဆံကို ခြစ်ကုတ်ကာ စုဆောင်းခဲ့သဖြင့် အဝတ်အစား ကောင်းကောင်းမွန်မွန် ဝတ်ဆင် ဖို့ရန်ပင် အခွင့်အရေး မရခဲ့ပေ။

ဖန့်ယုနင်သည် တစ်ချိန်က သူမနှင့် အနာဂတ်အိပ်မက်များကို မျှဝေခဲ့ဖူးသည့် အဖြူရောင်ဝတ်စုံဝတ်ဆင်ထားသော လူငယ်လေးကို မှတ်မိနေသေးသည်။ထိုအချိန်တုန်းက သူ့မျက်လုံးများသည် ရိုးသားပြီး အပြစ်ကင်းစင်နေသည်။

ယခု မျက်မှောက် နှင့် နှိုင်းယှဉ်ကြည့်လိုက်ပါက အတွင်းစိတ်ထဲတွင် ပုန်းကွယ်နေသည့် ကောက်ကျစ် ယုတ်မာမှုများ အများအပြား ရှိနေသည်ဟု သူမ ခံစားလိုက်ရသည်။

သူဝတ်လေ့ရှိသည့် သန့်သန့်ပြန့်ပြန့် အဖြူရောင် တီရှပ်နေရာတွင် ကြည့်ကောင်းသော အဆင့်အတန်း မြင့်၀တ်စုံကို အစားထိုးထားသည်။ယခု ဖုန်တောထဲ  လူးလှိမ့်ပြီးနောက် သူ့အဝတ်အစားများ ဖရိုဖရဲ ဖြစ်လို့နေပြီး ပါးပြင်မှာ ရောင်ကိုင်းနေကာ ချောမောခန့်ငြားသော မျက်နှာပင် ရုပ်ဆိုးနေပုံပေါ်သည်။

ဖန့်ယုနင်သည် သူမ၏စွန့်လွှတ်အနစ်နာခံမှုများကို လွယ်လွယ်ကူကူ ခေါင်းထဲမှ ဖယ်ထုတ်လိုက်ပြီး နောက် ကလေးကို ဖျက်ချရန်ပင် အရှက်မဲ့စွာ တောင်းဆိုလာသည့် လီရှုကျောအား တွေးမိရင်း ဝမ်းနည်းခြင်း မကျေနပ်ခြင်းများ တလိပ်လိပ်တက်လာသလို ခံစားလိုက်ရသည်။

သူမ တုန်တုန်ယင်ယင် လျှောက်သွားပြီး ရှိသမျှခွန်အားကို စုစည်းကာ လီရှုကျော၏ မျက်နှာကို ပါးရိုက် ချလိုက်လေသည်။

လီရှုကျောသည် ချင်ရှစ်ယောင်နှင့်ပတ်သက်လျှင် မကျေမနပ် မပြောရဲသော်လည်း ဖန့်ယုနင် အပေါ်ကိုတော့ သူ၏ နိုင်ထက်စီးနင်းဆန်မှုကို ပြရဲသည်။

သူ၏မုန်းတီးရွံရှာဖွယ်အကြည့်များက ဖန့်ယုနင်၏နှလုံးသားကို ထိုးဖောက်ဝင်ရောက်ကာ နှုတ်ခမ်းဖျားကို တုန်လှုပ်သွားစေသည်။ နှစ်ပေါင်းများစွာ စုပြုံခဲ့ရသော နာကြည်းမှုနှင့် ဝမ်းနည်းခြင်းတို့သည် မုန်းတီးမှုအဖြစ်သို့ ပြောင်းလဲသွားပြီး လီရှုကျောကို မျက်နှာအနှံ့ ကို အချက်ပေါင်းများစွာ ဖြတ်၍ အကြိမ်ကြိမ် ပါးရိုက်လိုက်လေတော့သည်။

ထိုအချိန်တွင် လီရှုကျောက ခုခံရန် ကြိုးစားပေမယ့် ချင်ယန်က သူ့ကို ချုပ်ထားလိုက်သည်။

ဖန့်ယုနင် ပါးဘယ်နှစ်ချက်ရိုက်လိုက်လဲ မသိပေမယ့် သူမ၏အားစိုက်ထုတ်မှုကြောင့် လက်တစ်ဖက်လုံး ထုံကျင်သွားပြီး နောက်ပြန်လဲကျသွားကာ မောပန်းနွမ်းနယ်သွားသည်။

ထိုစဉ် လက်တစ်ဖက်က အနောက်ကနေ ဆန့်ထုတ်လာပြီး သူမကို ထိန်းပေးထားလိုက်သည်။ ဖန့်ယုနင်သည် ထိုလက်လာရာကို လှည့်ကြည့်လိုက်တော့ သူမအားကြည့်နေသည့် နူးညံ့သော မျက်လုံးတစ်စုံနှင့် တွေ့လိုက်ရလေသည်။

ရှန်းထင်းကျိုးသည် ဖန့်ယုနင်အား မ ပေးထားပြီး ပြောလိုက်သည်။

"ကိုယ်ဝန်ဆောင်အမျိုးသမီးဆိုတာ ကိုယ့်ကိုကိုယ် အရမ်းစိတ်လှုပ်ရှားအောင် မလုပ်ရဘူး…လာ၊ အသက်ရှု လေ့ကျင့်ခန်းတချို့ သွားလုပ်ရအောင်"

ဖန့်ယုနင် ဆက်မထိန်းနိုင်တော့ဘဲ သူမမျက်နှာကို အုပ်ကာ စတင် ငိုကြွေးလိုက်ပါတော့သည်။

ရှန်းထင်းကျိုး :.....

သာမန် မိဘဆရာတွေ့ဆုံပွဲအဖြစ်ကနေ ဘာလို့ ဒီလောက်ကြီးမားတဲ့ အရှုပ်တော်ပုံဇာတ်လမ်းအဖြစ်ပြောင်းသွားရတာလဲ?

ရှန်းထင်းကျိုးသည် ဒုက္ခရောက်နေသူကို အကူညီပေးတက်သော သူတစ်ယောက်ဖြစ်နေသောကြောင့် တုန်လှုပ်နေသော ဖန့်ယုနင်အား အဆောင်သို့ ပြန်ပို့ပေးလိုက်ပြီး ဖုယွင်ယွင် အိမ်ကို မောင်းလာ ခဲ့သည်။

ကားမောင်းနေစဉ်အတွင်းမှာ ဖုယွင်ယွင်သည် လီရှုကျောနှင့်ပတ်သက်၍ ကြိမ်းမောင်းပြောဆိုနေပြီး ရှန်းထင်းကျိုးသည် သူမအား စိတ်တည်ငြိမ်စေရန် တစ်ခါတစ်ရံ ကြားဖြတ်ပြောဆိုပေးနေခဲ့သည်။

"ဟုတ်ပါပြီ..နင် စိတ်အေးအေးထားစမ်းပါ"

ရှန်းထင်းကျိုးသည် အိမ်ရှေ့တွင် ကားရပ်လိုက်ရင်း ပြောလိုက်သည်။

"မစ်စ်ချင်က ဒါကို ကိုင်တွယ်နိုင်မှာပါ"

ဖုယွင်ယွင်သည် ဒေါသတကြီးဖြင့် သူမ၏ထိုင်ခုံခါးပတ်ကို ဖြုတ်လိုက်သည်။

"ဒါပေါ့ မစ်စ်ချင်က ဒါကို ကိုင်တွယ်နိုင်တယ်ဆိုတာ ညီမသိပါတယ်။ ဒါပေမယ့် သူ့အတွက် ညီမ ဒေါသထွက်နေတုန်းပဲ"

ကားထံမှ အကွာအဝေးနည်းနည်း လမ်းလျှောက်လာရင်း ဖုယွင်ယွင် ရုတ်တရက် နောက်ပြန်လှည့်ကာ နားမလည်သည့်ပုံဖြင့် "အစ်ကို၊ တစ်ခါတည်း ညစာမစားသွားတော့ဘူးလား?"

ရှန်းထင်းကျိုးက ပြန်ဖြေလိုက်သည်။ "ငါ ဒီည လုပ်စရာရှိသေးတယ်…"

" အင်းပါ…ကားကို ဂရုစိုက်ပြီးမောင်းဦး" 

ရှန်းထင်းကျိုးသည် ကားကို နောက်ပြန်မလှည့်မီ ဖုယွင်ယွင် မှာရန် မမေ့ဘဲ “စာကြိုးစားပြီး မင်းအမေကို စိတ်ပူရအောင် မလုပ်နဲ့"

ဖုယွင်ယွင်က အသံရှည်ဆွဲပြီး ပြန်ဖြေလိုက်သည်။ "ညီမ သိပါတယ်"

ရှန်းထင်းကျိုးသည် လူနေရပ်ကွက်မှ ထွက်လာပြီး ဟဲရန်ထင်း၏ ဗီလာဆီသို့ ဦးတည်ပြီး မောင်းလိုက် သည်။

သူသည် လူခေါ်ခေါင်းလောင်းကို နှိပ်လိုက်ရာ ရင်းနှီးပြီးသားဖြစ်သော မမျှော်လင့်ထားသည့် မျက်နှာတစ်ခု တံခါးဝ၌ ပေါ်လာသည်။

ကျိုးဇီထန်က စိတ်အားထက်သန်စွာ နှုတ်ဆက်လိုက်ပြီး "ဒေါက်တာရှန်း လာ၊ ဝင်ခဲ့ပါ။ ကျွန်တော့်အစ်ကိုက မင်းကို စောင့်နေတယ်"

ရှန်းထင်းကျိုးက သူ့ကို အနည်းငယ် ခေါင်းညိတ်ပြလိုက်ပြီး "မစ္စတာဟဲ နေကောင်းလား?"

ကျိုးဇီထန်သည် ရှန်းထင်းကျိုးကို အပေါ်ထပ်သို့ ခေါ် ဆောင်သွားကာ သက်ပြင်းချလိုက်ပြီး "သိပ်တော့မကောင်းဘူး။ သူ့ဒဏ်ရာက ပြန်ပွင့်လာတယ်"

ဧည့်ခန်းကို ဖြတ်သွားနေရင်း ရှန်းထင်းကျိုးသည် ပြတင်းပေါက်နားတွင် ခံစားချက်မရှိတဲ့အမူအရာဖြင့် ထိုင်နေသော ကျန်းကျီကို သတိထားမိလိုက်သည်။ ကျိုးဇီထန်က လှောင်ပြုံး ပြုံးလိုက်ပြီး အငြိုးတကြီးနှင့် ကျယ်လောင်စွာ ရှန်းထင်းကျိုးကို မေးလိုက်လေသည်။

"ဒေါက်တာရှန်း၊ မင်း ဘဲ စားဖူးလား?"

ရှန်းထင်းကျိုးသည် အတော်လေး နားမလည်နိုင်ဖြစ်သွားသည်။

"ဘာ ဘဲလဲ?"

ကျိုးဇီထန်သည် ချိုမြိန်သော အပြုံးဖြင့် "ဒါက သန့်ရှင်းရေးလုပ်ထားပြီး တစ်စုံတစ်ယောက်အတွက် အဆင့်သင့် ကမ်းလှမ်းနေတဲ့ ဘဲတစ်ကောင်လေ…”

ရှန်းထင်းကျိုးသည် သူကြားလိုက်ရတာကို ခဏ သံသယဖြစ်သွားသည်။

ကျိုးဇီထန်သည် ငယ်ရွယ်နုပျိုသောအသွင်အပြင်ရှိပြီး မျက်လုံးထောင့်၌ အနည်းငယ် ညွှတ်ကိုင်း နေသော မျက်လုံးဝိုင်းများနှင့်အတူ အသက်အရွယ်နှင့် အတော်လေး မလိုက်ဖက်သော အပြစ်ကင်း သည့်ပုံစံလေးနှင့် သဘောကောင်းကာ အခြားသူများကို ဖော်ရွေတက်သော ခွေးပေါက်လေးလို ယောကျာ်းလေးဖြစ်သည်။

ဒါပေမယ့် တကယ့်လက်တွေ့မှာတော့ အတော်လေး ဆန့်ကျင်ဘက်ပါပဲ။

ဒီသခင်ငယ်လေးသည် သူ၏မှန်းဆမရသော ဒေါသနှင့် မည်သည့်ပြစ်မှုမျိုးအတွက်မဆို လက်တုံ့ပြန်ရန် သဘောထားရှိပြီး မင်း ခြေထောက်တွေကို ရိုက်ချိုးဖို့ ကြံစည်နေရင်တောင်မှ မင်းကို ချိုသာစွာ ပြုံးပြနိုင်တဲ့သူပဲဖြစ်သည်။

လိပ်ပြာတစ်ကောင်၏ အတောင်ပံကို ဆုတ်ဖြဲပြီး အဘယ်ကြောင့် သေသွားရသနည်းဟု မိခင်ကို မေးနေသော ကလေးကဲ့သို့ အမှားအမှန်ကို နားလည်နိုင်စွမ်းကင်းမဲ့ခြင်းနှင့်အတူ မကောင်းဘက်ခြမ်း ကိုသာ အရိုးစွဲနေဟန်တူသည်။

ယခု ကျိုးဇီထန်သည် ကျန်းကျီအား 'လိပ်ပြာတောင်ပံများကို ဆုတ်ဖြဲခြင်း' လို အမူအရာမျိုး ပြသနေခြင်းပင်။

"ဒေါက်တာရှန်း၊ ဒီလိုဘဲမျိုး တစ်ကောင်လောက် ရှာချင်ရင် ကလပ်ကိုသွားတာ ပိုကောင်းတယ်။ ဒါပေမယ့် ကျွန်တော့်အစ်ကိုလိုတော့  မသန့်ရှင်းရုံသာမက ကောင်းကောင်းတောင် မတည့်မတ်နိုင်တဲ့ ဘဲရိုင်းတွေကို လမ်းတစ်ဝက်တစ်ပျက်ကနေ ပြန်သယ်လာတဲ့ မလုပ်နဲ့နော်....အိုးး စိတ်မရှိပါနဲ့ ကျွန်တော်ဆိုလိုတာက 'f*ck' ထောင်တာကို ပြောတာ မဟုတ်ဘူးနော်"

ထိုမှတ်ချက်က ကျန်းကျီကို ဦးတည်နေခဲ့တာ ထင်ရှားပေသည်။

ထိုစကားကြားတော့  ကျန်းကျီသည် လက်သီးကို တင်းတင်းဆုပ်လိုက်ပြီး စက္ကန့်အနည်းငယ် အကြာတွင် တင်းမာမှုကို ပြေလျော့ကာ ကျောက်ရုပ်လို သူ့ခေါင်းကို အဝေးသို့ လှည့်လိုက်သည်။

ကျန်းကျီ၏ ရှည်လျားသော မျက်တောင်များ နိမ့်ကျသွားသည်ကို မြင်လိုက်ရတော့ ရှန်းထင်းကျိုးသည် သူ့နှလုံးသားထဲတွင် ပူပန်မှုတစ်ခု ခံစားလိုက်ရသည်။

"သွားကြစို့ ဒေါက်တာရှန်း၊ အပြင်မှာ ဘဲတွေ အများကြီး ရှိတယ်။အဲ့လိုကောင်တွေကို ကြည့်ဖို့တောင် မတန်ဘူး"

ကျိုးဇီထန်သည် ရှန်းထင်းကျိုးအား ညစာစားမလားဟု သာမာန်ကာလျှံကာ မေးတာတောင် အတော်လေး ယဉ်ကျေးနေသည်။

ရှန်းထင်းကျိုးသည် စကားထပ်ပြောရန် စိတ်မ၀င်စားတော့ဘဲ သူ့ကိုမေးလိုက်လေသည်။

"မစ္စတာဟဲက စာကြည့်ခန်းထဲမှာလား?"

ကျိုးဇီထန်သည် အစ်ကိုဖြစ်သူကို အလွန်အမင်း ကာကွယ်ပေးနေပုံပေါ်သည်။

"သူ အဲဒီမှာရှိတယ်။ သူ့ဒဏ်ရာနဲ့တောင်မှ အလုပ်ရှုပ်နေသေးတယ်" ဟု ဆိုကာ ကျိုးဇီထန်သည် လှုံဆော်သူကို ခက်ထန်စွာ စိန်းစိန်းဝါးဝါး ကြည့်လိုက်လေသည်။

ရှန်းထင်းကျိုးသည် ၎င်းတို့ နှစ်ယောက်ကြား ပဋိပက္ခဖြစ်မှာ စိတ်ပူပြီး ခပ်မြန်မြန်ပင် လျှောက်လာကာ စာသင်ခန်းတံခါးကို ခေါက်လိုက်သည်။

အတွင်းထဲမှ အသံတစ်ခု ထွက်လာသည်။

"ဝင်လာပါ"

ကျိုးဇီထန် တံခါးကိုအရင်တွန်းဖွင့်လိုက်ပြီး "အစ်ကို ဒေါက်တာရှန်း ရောက်နေတယ်"

သစ်သားစားပွဲခုံအနောက်မှာထိုင်နေသည့် အမျိုး သားက ခေါင်းမော့လာပြီး သူ၏ လေးနက်သည့် အသွင်အပြင်က မတုန်မလှုပ် စိတ်ခံစားချက်ကို ဖော်ထုတ်ပြနေသည်။ သူ့အင်္ကျီလက်က သွေးများ စိမ့်ထွက်နေလို့သာ မဟုတ်ရင် သူဒဏ်ရာရနေတာကို ဘယ်သူမှ သတိထားမိမှာ မဟုတ်ပေ။

ရှန်းထင်းကျိုးသည် လမ်းလျှောက်လာပြီး ဟဲရန်ထင်း အင်္ကျီ ချွတ်နေသည်ကို ကူညီပေးလိုက်သည်။

ချုပ်ထားတဲ့ဒဏ်ရာက ပြန်မပွင့်ပေမယ့် သူ၏လှုပ်ရှားမှုတွေကြောင့် သွေးထွက်နေခြင်း ဖြစ်မည်။

ရှန်းထင်းကျိုးသည် ဆေးသေတ္တာကိုဖွင့်ပြီး သူ့အတွက် သွေးများဖယ်ရှားဖို့ စတင်၍ သန့်စင်ပေးလိုက်သည်။

ကျိုးဇီထန်က တစ်ချက် ငုံ့ကြည့်လိုက်ပြီး ဒဏ်ရာပြန်ပွင့်မနေတာကိုမြင်တော့ သူပြန်ထိုင်ပြီး စိတ်ဝင်စားစွာဖြင့် မေးလိုက်သည်။

"အစ်ကို၊ ဟို အောက်ထပ်ကလူနဲ့ ကစားနေတာ ဘယ်အချိန်မှ ပင်ပန်းမှာလဲ…?"

ဟဲရန်ထင်း တချက်ကြည့်လိုက်ပြီး "မင်း ဒီစကားကို ဘာကြောင့် မေးတာလဲ?"

သူ၏ မဖော်ရွေတဲ့အမူအရာကိုမြင်တော့ ကျိုးဇီထန်က ပြုံးပြီး "ဘာမှမဟုတ်ပါဘူး။ ချင်မိသားစုက မိန်းကလေးနဲ့ ဘလိုင်းဒိတ်တွေ့ဖို့ အစ်ကို သဘောတူလိုက်တယ်လို့ အဘိုးဆီက ကြားခဲ့လို့ပါ"

ဒဏ်ရာကို ကုသရန် အာရုံစိုက်နေသော ရှန်းထင်းကျိုးသည် ခဏရပ်တန့်သွားကာ သူ့၏နားရွက်များမှာ မနေနိုင်ပဲ သက်ဝင်လှုပ်ရှားလို့လာသည်။

ဟဲရန်ထင်းသည် ချင်ရှစ်ယောင်အတွက် တကယ့်ကို ဘလိုင်းဒိတ်တွဲဖက် ဖြစ်နေပုံရသည်။

ကျိုးဇီထန်က ထပ်ပြီး မေးလိုက်သည်။

"အစ်ကို အဲ့ဘလိုင်းဒိတ်ကို ဘယ်တော့ သွားမှာလဲ?"

ဟဲရန်ထင်းက သာမန်ကာလျှံကာပဲ ပြန်ဖြေလိုက်သည်။

"မနက်ဖြန်"

ရှန်းထင်းကျိုး မျက်မှောင်ကြုတ်လိုက်သည်။ ချင်ရှစ်ယောင် ဖုန်းပြောစဥ်က မည်သူ့ကိုမျှ တွေ့ဆုံခြင်းမပြုနိုင်ကြောင်း ခိုင်ခိုင်မာမာ ပြောခဲ့ဖူးသည်ကို သူသတိရသည်။ ယခုမူ ထိုဆန်ကုန်မြေလေးကောင်ကြောင့် စိတ်ထိခိုက်ပြီး လက်လျော့ရန် ဆုံးဖြတ်ခဲ့တာများ ဖြစ်နိုင်သလား??

ဒါပေမယ့် ပြဿနာက ဟဲရန်ထင်းသည် ယောက်ျားတစ်ယောက်ဖြစ်ပြီး သူ၏စိတ်ဝင်စားမှုကလည်း ယောက်ျားတွေ ဖြစ်နေတာပဲ။

ကျိုးဇီထန်က စပ်စုလိုက်ပြီး "အစ်ကို၊ မင်း လက်ထပ်မှာလား?"

ဟဲရန်ထင်းက သူ့လက်ထဲက စာရွက်စာတမ်းတွေကို ကြည့်ဖို့ရန် နောက်ကိုပြန်သွားပြီး အေးဆေးတည်ငြိမ်စွာ ပြောလိုက်သည်။ “လိုအပ်ရင်ပေါ့…”

ကျိုးဇီထန် : "ဒါဆို အခု လိုအပ်နေပြီလား?"

ဟဲရန်ထင်း : "အဘိုးကြီးက ငါ့ကို အခု လက်ထပ်စေချင်နေတယ်"

ရှန်းထင်းကျိုးသည် သွေးကို သန့်ရှင်းပြီးနောက် ပိုးသတ်ခြင်းကို စတင်လိုက်သည်။ ဟဲရန်ထင်း၏ အသက်ရှုသံများ ပြင်းထန်လာပြီး ဖိုင်များကို ကိုင်ထားသည့် သူ့လက်က အနည်းငယ် တုန်ယင်သွားသည်။

ကျိုးဇီထန်သည် သူ့အစ်ကို၏အမူအရာကို သတိမမူမိဘဲ ချင်ရှစ်ယောင်နှင့် ဟဲရန်ထင်းတို့၏ လက်ထပ်ပွဲကိုသာ စိတ်ရောက်နေသည်။

နောက်ဆုံးတွင် သူသည် ကောင်းသောအရာဖြစ်ကြောင်း ကောက်ချက်ချပြီး မေးစေ့ကို ထောက်လိုက်ကာ ဟဲရန်ထင်းအား ညွှတ်ကိုင်းနေသော မျက်လုံးများ၊ ဝင့်ကြွားသော အပြုံးတစ်ခုဖြင့် ကြည့်နေသည်။

"ဒါဆို အစ်ကို၊ငါက မင်းရဲ့အကောင်းဆုံးလူပဲ၊ ငါမင်းကို သတို့သမီးလက်ထဲ အပ်ပေးလိုက်ချင်ပြီ"

ဟဲရန်ထင်း ဘာမှ မတုံ့ပြန်ပေ။

ရှန်းထင်းကျိုးသည် ဒီစကားဝိုင်းနှင့် ပတ်သက်၍ တစ်စုံတစ်ရာ လွဲနေသလို ခံစားလိုက်ရပြီး ကျိုးဇီထန်ကို သူ့မျက်လုံးဒေါင့်ကနေ ဖျတ်ခနဲကြည့်လိုက်သည်။

ဟဲရန်ထင်း၏ဒဏ်ရာကို ပတ်တီးစည်းပြီးနောက် ရှန်းထင်းကျိုးသည် ဆေးသေတ္တာကို ကောက်ယူကာ ထွက်လာသည်။

ရှန်းထင်းကျိုး လှေကားမှ ဆင်းလာသောအခါ ကျန်းကျီက ဧည့်ခန်းထဲတွင် မရှိတော့သော်လည်း သူ့အကြည့်က ထိုနေရာသို့သာ ဦးတည်ကာ လှမ်းကြည့်လိုက်သည်။

သူ အကြည့်တစ်ချက်ပေးလိုက်ပြီး တုံ့ဆိုင်းမနေဘဲ ထွက်ခွာရန် တံခါးကို ဖြတ်ကျော်လိုက်စဉ် ကျိုးဇီထန်က သူ့ကို အော်ခေါ်လိုက်သည်။

ရှန်းထင်းကျိုး လှည့်ကြည့်လိုက်တော့ ကျိုးဇီထန်က သူ့ဆီသို့ လျှောက်လာနေတာကို တွေ့လိုက်ရသည်။

"ဒေါက်တာရှန်း၊ မင်းရော ဘယ်လိုထင်လဲ___"

ကျိုးဇီထန်သည် ထင်ရှားပေါ်လွင်သော ပန်းရောင်ဆံပင်များဖြင့် တံခါးဘောင်ကို မှီလိုက်ပေမယ့် သူ့အမူအရာကတော့ အရှေ့က မောက်မာမှုများ ကင်းမဲ့လို့နေသည်။ သူသည် မခံမရပ်ဖြစ်နေခြင်းနှင့်အတူ တုံ့ဆိုင်းနေသော အရိပ်အယောင်တစ်ခု ရောထွေးနေပုံရသည်။

ရှန်းထင်းကျိုးက ဂရုတစိုက် နားထောင်ပေးလိုက်သည်။

ခဏကြာပြီးနောက် ကျိုးဇီထန်က ပြောလိုက်သည်။

"ကျွန်တော် နေမကောင်းဖြစ်နေတာများလား?"

ရှန်းထင်းကျိုး၏ အမူအရာသည် ထိန်းချုပ်နိုင်စွမ်းတို့ ပျောက်ဆုံးလုနီးပါးပင်။

"မင်းရော သတိထားမိလား? အဟမ်း..ကျွန်တော်ဆိုလိုချင်တာက မင်းမှာ ဘာရောဂါရှိနေတယ်လို့ ခန့်မှန်းမိပြီး မင်း အဲဒါကို ဘယ်လို သဘောပေါက်ခဲ့တာလဲ ဆိုတာပဲ?"

ကျိုးဇီထန်က တုံ့ဆိုင်းသွားပြီး "ကျွန်တော် မသိခဲ့ဘူး။ ကျွန်တော့် အစ်ကို လက်ထပ်တော့မယ်ဆိုတာ ကြားလိုက်ရတော့မှ အဆင်မပြေသလို ခံစားလိုက်ရတာ…"

ရှန်းထင်းကျိုးသည် မျက်ခုံးကို ဖြည်းညှင်းစွာ ပင့်လိုက်သည်။: ?

ရှန်းထင်းကျိုးသည် မိနစ်ဝက်ခန့် တိတ်ဆိတ်သွားပြီး"ဘာလို့ မင်း အဆင်မပြေသလို ခံစားရတာလဲ?"

ကျိုးဇီထန်က သူ့လက်သည်းတွေကို ကိုက်ပြီး ခေါင်းယမ်းလိုက်သည်။

"ဖြစ်နိုင်တာက....ကျွန်တော်လည်း အိမ်ထောင်ပြုချင်နေတာလား မသိဘူး…?"

ရှန်းထင်းကျိုး : ......

ကျိုးဇီထန်သည် ကျိုးကြောင်းဆီလျော်သော ရှင်းပြချက်ကို တွေ့ရှိသွားပုံရပြီး ယုံကြည်မှုရှိစွာ ထပ်ပြောလိုက်ကာ "ဟုတ်တယ်၊ ကျွန်တော် လက်ထပ်ချင်နေတာ!"ဟု ဆိုကာ သူ့ဖုန်းကို ထုတ်ပြီး ဖုန်းခေါ်လိုက်သည်။

ဖုန်းခေါ်ဆိုမှု ချိတ်ဆက်သွားပြီးနောက် ကျိုးဇီထန်က အေးစက်စွာပြောလိုက်သည်။

"လမ်းခွဲကြရအောင်၊ ငါ လက်ထပ်ချင်တယ်"

ရှန်းထင်းကျိုး : !

ကျိုးဇီထန် ပြုံးပြလိုက်ပြီး "ဒေါက်တာရှန်း၊ တစ်နေ့ ကျွန်တော်လက်ထပ်ဖြစ်ရင် မင်္ဂလာ ဆောင်ကို လာခဲ့ပါ" ဟု ပြောရင်း သူ ဝမ်းသာအားရထွက်သွားလေသည်။

ရှန်းထင်းကျိုးသည် တံခါးဝတွင်ရပ်ကာ ညလေ ညင်းကို သုံးမိနစ်ကြာခံစားရင်း ကျိုးဇီထန်၏ အတွေးကို နားမလည်သေးပေ။

ဒါ ပြောရရင် ......

မင်းအစ်ကိုကို ကျန်းကျီနဲ့ချင်ရှစ်ယောင်ကို လက် လွှတ်ခိုင်းလိုက်ပြီး မင်းကို နည်းနည်းလောက်ပို ချစ်ပေးဖို့တွန်းအားပေးလိုက်တာ ပိုမကောင်းဘူးလား…?


You are reading the story above: TeenFic.Net