လွမ်းတသသ မျှော်ရစ်လေသူ.....
Background color
Font
Font size
Line height
Zawgyi
...
◼◼◼
"ဘာကြီးလဲ...WenJunရာ''
စာကြည့်တိုက်ထဲရောက်တော့ မိုးကျရွှေကိုယ်တော်က ခပ်ထူထူ စာအုပ်ကြီးပေါ် မျက်နှာအပ်လျက် အလွန်အမင်း စိတ်ဝင်စားနေဟန် ဖတ်ရှုနေတဲ့ပုံကြောင့် ဘယ်လောက်ပဲ အမြင်ကတ် ကြည့်မရပေမယ့်...တစ်ပါးသူ စိတ် အနှောင့်အယှက် ဖြစ်ရအောင်တော့ လုပ်ဖို့ စိတ်ကူးမရှိဘူး။ စာအုပ်စင်အစွန်းတွေရဲ့ သက်တောင့်သက်သာ ဖြစ်မယ့် ထောင့်တစ်နေရာကို ရွေးပြီး စာအုပ်အထပ်လိုက်ကို ခေါင်းအုံးကာ ခပ်ကွေးကွေးခွေရင်း အိပ်ပျော်ဖို့ ကြိုးစားလိုက်တယ်။
မှေးနေရင်းနဲ့ ခေါင်းအောက်က ပျော့အိတဲ့အထိအတွေ့ကြောင့် ပိုတိုးဝင်ရင်း ကိုယ်ကိုကျုံ့လိုက်တဲ့အချိန် ခန္ဓာကိုယ် အပေါ်ပိုင်းက နွေးထွေးမှုတစ်ခုကို ခံစားလိုက်ရတယ်။ထပ်ပြီးတော့ အိပ်ပျော်သွားပြန်တယ်။
နိုးလာတဲ့ အချိန် မျက်လုံးဖွင့်ကြည့်တော့ အင်္ကျီကို အထဲထည့်ဝတ်ကာခါးပတ်,ပတ်ထားတဲ့ ဘောင်းဘီ ကိုတွေ့ရတယ်။
ဟင်...ငါ လူတစ်ယောက် ပေါင်ပေါ် ခေါင်းအုံးမိနေတာပဲ။အိပ်ချင်မူးတူးကနေ အသိစိတ်ဝင်လာတဲ့အချိန် ထထိုင်လိုက်တော့ ကိုယ်ပေါ်က ကျောင်းယူနီဖောင်း ကုတ်အင်္ကျီလက်ရှည်က လျောကျသွားတယ်။
"နိုးပြီလား''
စာအုပ်နောက်ကွယ်က မျက်နှာကို မြင်လိုက်တဲ့ အချိန် ZhengTing က လျှော့ အကြီးကြီးရသွားတယ်။
အခုငါက...ကြည့်မရတဲ့လူတစ်ယောက်ပေါင်ပေါ်ခေါင်းအုံးတဲ့အပြင် သူ့အပေါ်ဝတ်ကုတ်ကိုပါ ချုံထားသေးတယ်...WTF... _-_
"ငါ ဖတ်မယ့် စာအုပ်ကို မင်းက ခေါင်းအုံးထားလို့လေ...ဆွဲယူပြီး ဒီအတိုင်းဖတ်ဖို့ကျ မင်းနိုးသွားမှာ အားနာလို့ ပေါင်ပေါ်တင်ထားလိုက်တာ''
ZhengTing ဘယ်လောက် အိပ်ပျော် သွားလဲမသိ...WenJunကတော့ အုံးထားမိတဲ့ပေါင်တစ်ဖက်ကို နှိပ်နယ်လျက်။
ZhengTing ခပ်တိုးတိုးပြောလိုက်တယ်။
"ဆောရီး''
WenJun ပြန်ပြော လိုက်တဲ့ စကားကြောင့် ZhengTing က မှင်သက်သွားတယ်။
"ရပါတယ်...တကယ်တော့ ငါက မင်းကို သဘောကျနေတာလေ...စာသင်ခန်းထဲမှာကျ အကြည့်ချင်းတောင် ဆုံဖို့ ခဲယဉ်းတယ်လေ...အခုတော့ မင်းနဲ့နီးနီးကပ်ကပ် အကြာကြီး နေရတယ်''
WenJun မျက်လုံးတွေက ပကတိ ဖြူစင်လျက် လိမ်ညာနောက်ပြောင်ခြင်း အလျင်းမရှိ။ ZhengTing က မှင်သက်နေရင်း ညစ်ကျယ်ကျယ်ပြုံးပြီး ပြောလိုက်တယ်။
"မင်း...ငါ့ကို တစ်ကယ် သဘောကျတယ်ဆို ငါတို့ တွဲကြမလား''
ဒီတစ်ခေါက်...မှင်သက်သွားတာတော့ WenJunပင်။
WenJunက အလိုလိုက်မှန်းသိတော့ ZhengTing က အနိုင်ယူတယ်။စိတ်ပျက်ညည်းညူသွားအောင် ဘယ်လောက်လုပ်လုပ် WenJunက ZhengTing ကိုဆို အပြုံးမပျက်ဆက်ဆံဆဲမို့ တစ်ခါတစ်လေ အားတုံ့အားနာ ဖြစ်ရတာလည်း ZhengTingကိုယ်တိုင်ပင်။
စာလုပ်ဖို့တိုက်တွန်းနေတတ်ပြီး အမြဲလို ပျင်းရိဖွယ်ကောင်းတဲ့ WenJun ကို ခေါက်ပြီး အခန်းထဲက ကောင်မလေးတစ်ယောက်ကို လိုက်နေမှန်းသိသော်လည်း ZhengTing ကို မသိချင်ယောင်ဆောင် လူဆိုးဖြစ်အောင် ဇာတ်သွင်းတဲ့ WenJunက ဘာကြီးမှန်းကို မသိတာပေ။ မနာလို ဝန်တိုတာက ဘယ်လိုမျိုးလဲ သိလားမေးရင် စာအုပ်ကိုင် ရှာဖတ်အုံးမယ့် လူမျိုးပင်။
အတူ မုန့်စားပြီး စာအုပ်ဝယ်ဖို့ ချိန်းဆိုထားတဲ့ တနင်္ဂနွေနေ့ တစ်ရက်ဟာ အမှတ်တရတွေထဲက တစ်ခုပေါ့။
ဘာကိုမှ အလေးအနက်မရှိတဲ့ ZhengTing က မနက်ခင်း သူငယ်ချင်းတွေ ဆွဲခေါ်ရာနောက်ပါသွားရင်း ညှိဖို့နည်းနည်းလေးပဲလိုတော့တဲ့အတန်းဖော်ကောင်မလေးနဲ့ပျော်ပါးရင်းပေါ့။ညနေစောင်း နေရောင်ပျောက်ကာနီးမှ ကောက်ကိုင်လိုက်မိတဲ့ ဖုန်းက မက်ဆေ့ခ်ျ တစ်စောင်ကို တွေ့မှ ထွေပြားနေတဲ့ စိတ်တွေက ယောက်ယက်ခပ်ကာ ချိန်းဆိုထားတဲ့ နေရာဆီ သုတ်ခြေတင်ခဲ့တယ်။
📩ငါ စောင့်နေတယ် မင်းလာမယ့် အချိန်ထိ📩
ကျန်ခဲ့တဲ့ ရက်တွေက အသည်းအသန် သွားစားချင်ပါတယ်လို့ ZhengTing ပြောခဲ့တဲ့ စားသောက်ဆိုင်ရှေ့ ထိုင်စောင့်နေတဲ့ WenJunကို ကြည့်ပြီး ရင်ထဲမှာ အမျိုးအမည် မသိတဲ့ လှိုင်းလေးက လှုပ်ခတ်သွားတယ်။
မင်းက အရူးပဲ WenJun! ငါ မလာတော့ရင်လည်း အိမ်ပြန်တော့ပေါ့ ဘာလို့ မနက်ကတည်းက မိုးချုပ်တဲ့အထိ အရူးလို ထိုင်စောင့်နေ ရတာလဲ။
ရပ်နေတဲ့ ZhengTing ကို တွေ့တော့ ဝမ်းသာအားရပြုံးပြရင်း WenJunက ပြေးဖက်ကာ ခပ်မြန်မြန်ပြောတယ်။
"ငါ...ငါ မင်းကို သဘောကျရုံတင် မဟုတ်တော့ဘူး ZhengTing...ငါ မင်းကို ချစ်မိနေပြီ။''
ငြိမ်နေတဲ့ ZhengTingကို ရင်ခွင်ထဲက ဆွဲထုတ်ရင်း WenJunက တောင်းပန်စကားဆိုပြန်တယ်။
"ဆောရီး...ဆောရီး ! ငါ မင်း မလာတော့ဘူး ထင်ပြီး တွေ့လိုက်တော့ ဝမ်းသာပြီး ဖက်မိလိုက်တာ...တမင် လုပ်လိုက်တာ မဟုတ်ပါဘူး...လူကြားထဲ မင်းမကြိုက်ဘူး ဆိုရင် ငါ နောက်မလုပ်..''
စကားမဆုံးခင် ZhenTingက WenJunခါးကို လက်နှစ်ဖက်နဲ့ သိုင်းဖက်လိုက်တယ်။
"မင်း က တကယ် အရူးပဲ WenJun!''
WenJunက ZhenTingဆံပင်တွေကို ဆွဲဖွမိပြီးမှ ပြန်သပ်ပေးကာ...ပြုံးလိုက်မိရင်း
"အင်း...ဟုတ်မှာပါ...မင်းအတွက်ဆိုရင်ပေါ့''
ကိုယ်တိုင်တောင် မသိလိုက်ပါဘဲ ZhengTing နှလုံးသား WenJunဆီ ပါသွားတဲ့ တနင်္ဂနွေနေ့လေးပေါ့။
ZhengTing တစ်ယောက် အတွေးလွန်နေရာကနေ WenJunစကားသံကြောင့် ပစ္စုပ္ပန် ကို ပြန်ရောက်လာတယ်။
"ဟို...မင်း နားထောင်လို့ မကြိုက်ဘူးဆိုလဲ ငါ ပြန်ယူသွားလိုက်မယ်လေ...မင်း လိုချင်တာ ငါ သက်သက် ဝယ်ပေးမယ်''
ကြည့်...မကြိုက်တာမှန်ပေမယ့် မလိုချင်လောက်အောင် ခါးခါးသီးသီးငြင်းဆန်နေတာလဲ မဟုတ်ပဲ ZhengTing ကို လူဆိုးဖြစ်အောင်...
"မင်းပြောသလို...နောက်တော့လဲ ကြိုက်သွားမှာပေါ့။ မင်းပေးတဲ့ အရာတိုင်းကို ငါ လဲ တန်ဖိုးထားတတ်ပါတယ် WenJun! အဲ့ဒါကြောင့် စိုးရိမ်မနေနဲ့...ငါ ဘာကိုမှ ဖျက်ဆီးပစ်မှာ မဟုတ်ဘူး''
ZhengTing အခုလို ပြောလိုက်တော့လဲ ပြာပြာသလဲ ဖြစ်သွားတာ WenJunပင်။
"ဖျက်ဆီးမှာ စိုးလို့ ပြောတာ မဟုတ်ပါဘူး။ ငါ ပေးတဲ့လက်ဆောင်ကို မင်းက ဝမ်သာအားရ မရှိဘူးလေ။ ငါက မင်းပျော်အောင် လုပ်ပေးချင်တာ ဒါပေမယ့်... ချစ်သူရည်းစားတွေကြား ဘယ်လို ကိုယ့်ချစ်သူပျော်အောင် လုပ်ပေးရမှန်း ငါက မသိဘူး။ ငါ နှစ်သက်တဲ့ အရာတွေကို ပေးပေမယ့် မင်းနဲ့ငါက အကြိုက်ချင်း မတူတော့...''
WenJunက ပြောနေရင်းနဲ့ပင် မျက်နှာငယ်ကာ စိတ်မကောင်းဖြစ်သွားတော့လဲ ZhengTing တစ်ယောက် ထိုင်မရထမရ ဖြစ်သွားရပြန်တယ်။
"ငါ့ ဘေးနား မင်းတစ်ယောက်လုံးရှိနေပြီလေ WenJun!တခြားဘာတွေကို စိတ်ပူနေရမှာလဲ။ငါလဲ မင်းကို မင်းလောက်နီးနီးချစ်ပါတယ်။ အသွင်မတူပေမယ့်...ငါတို့ ချစ်ခြင်းမေတ္တာ တွေက ထပ်တူကျပါတယ်။''
ပြောရင်းနဲ့ ZhengTing က WenJunပခုံးကို မှီလိုက်တယ်။
"ZhengTing...မင်းက...ဒီလိုတွေလဲ ပြောတတ်တာပဲနော်...ငါ့အရင် ကောင်မလေးတွေနဲ့လဲ ချစ်စကား ကြိုက်စကားတွေပြောဖူးမှာပဲ''
ZhengTing က ခပ်လွင်လွင် ရယ်မောလိုက်ပြီး WenJunကို စိတ်မသက်မသာဖြစ်အောင် ကလိချင်လာတယ်။
"သေချာတာပေါ့...ငါ့တော်ကီတွေဆို ကောင်မလေးတွေက တအားကြွေကြတာလေ...ငါလိုက်ရင် အနည်းဆုံး သုံးရက်ပဲ ကြာတယ်''
စကားပြန်မပြောတော့တဲ့ WenJunမေးစေ့ကို ZhengTing က လှမ်းနမ်းလိုက်တယ်။ WenJunက နေမြဲအတိုင်းပဲ။ လက်တစ်ဖက်နဲ့ WenJunခါးကို တင်းနေအောင် ဖက်လိုက်ရင်း ZhengTing က ခါးဆန့်ကာ WenJunပါးတစ်ဖက်ကိုနမ်းလိုက်တယ်။ WenJunက နေမြဲအတိုင်းပဲ။ ဒါကြီးက...ဒီပုံစံကြီးက...သဝန်တိုနေတာပေါ့လေ။
"ငါ ဘယ်ကောင်မလေးကို ဘယ်လိုပဲ စကားလိုက်ပြောခဲ့ ပြောခဲ့... မင်းလို အကွန့်အညွန့်မပါပဲ ပွင့်ပွင့်လင်းလင်း ပြောတတ်တဲ့ သူကိုမှ ချစ်မိသွားတာပါ...မင်းမယုံလဲ မတတ်နိုင်ဘူး''
ZhengTing မျက်နှာ ခပ်လွှဲလွှဲထားရင်း ပြောတော့လဲ မနေနိုင်တာ WenJunကိုယ်တိုင်ပင်။
"မယုံလို့ မဟုတ်ပါဘူး။ငါက စိတ်မကောင်းဖြစ်သွားတာပါ။ ငါ့အတွက်မင်းက အချစ်ဦးဆိုပေမယ့် မင်းအတွက်ကျ ငါက နောက်ရောက်နေတဲ့ အမှတ်စဉ်လေ''
ကြံဖန်တွေးပြောတတ်တဲ့ WenJunကို ZhengTing က ကြည့်ရင်း နမ်းပစ်ချင်လာတော့တာပဲ။
"ဘယ်သူတွေသိမှာလဲ နောက်ရောက်နေတဲ့ အမှတ်စဉ် လေးက အခုတော့ အားလုံးကို ကျော်တက်ပြီး ရှေ့ရောက်နေတဲ့ အကြောင်းကိုလေ''
"ဒါဆို...ငါ တစ်ခု တောင်းဆိုမယ် ZhengTing''
"အင်း''
"ငါ အခု မင်းကို နမ်းလို့ရမလား''
ZhengTingက ခပ်မြူးမြူး ခေါင်းညိတ်ပြလိုက်တယ်။ မင်းမနမ်းရင်တောင် ငါက စနမ်းတော့မလို့။
ပွေ့ဖက်ထားရင်း အိပ်ယာပေါ် တွန်းချကာ အပေါ်ကနေ အုပ်မိုးထားတဲ့ WenJunရဲ့ အနမ်းရေးရာ ကျွမ်းကျင်မှုမှာ ZhengTing စိတ်အစုံဟာ ဓာတ်ပြားကလာနေတဲ့ အလွမ်းသီချင်းနဲ့အတူ စီးမျှောလျက်...
ကိုယ်ကသူ့ အချစ်ဦးမို့ပဲ...တကယ်ကို နမ်းတတ်သူကြီး!
◼◼◼
သီချင်းတွေကြား အနမ်းတွေနဲ့ပျော်မွေ့ခဲ့တဲ့ အခန်းငယ်ထဲ အခုတော့လဲ ငါ တစ်ယောက်တည်းပဲ။
မင်းကို လွမ်းရင် ငါ အရင်လို မငိုတော့ဘူး။ ငါငိုမိရင် ဟိုဘက် ကမ္ဘာတစ်ဖက်က မင်း ရင်ပူနေမှာစိုးလို့။
ငါ လိမ္မာနေပြီ။ အခုဆို ငါ ကျောင်းပြီးလို့ အလုပ်တောင်ဝင်နေပြီ။ မင်းလဲ နေကောင်းနေမယ် လို့ မျှော်လင့်ပါတယ်။ ပြီးတော့ ငါ မင်းကို ပြောစရာတွေလဲ အများကြီးရှိတယ်။ အချိန်တန်ရင်တော့ ပြန်လာဖို့ သင့်နေပါပြီ။
Unicode
BGM-ဓာတ်ပြားဟောင်းတစ်ချပ်(Lခွန်းရီ)
Lyricတချို့ထည့်သွင်းရေးသားထားသည်။
...
...ခိုဖြူ ခိုပြာ များ အုပ်ဖွဲ့ ပျံသန်းကာ အိမ်ခေါင်ထိပ်ဖျားမှာ နားကြပြီ ။ သူ ပြန်လာမယ်ပြောတဲ့နေ့ လွန်ခဲ့တာ မိုးတွင်းလေး တစ်ခု ပြက္ခဒိန် ပေါ် ဖြတ်သွား...
ဖွင့်ထားတဲ့ ပြတင်းပေါက်ကနေ မြင်နေရတဲ့ သစ်ပင်အိုကြီးပေါ်က အရွက်ခြောက်တွေက လေတိုက်တိုင်း ခပ်ရွရွ ကြွေကျနေကြတယ်။
တစ်ခါတစ်လေဆို ပြတင်းပေါက်ကနေ တစ်ဆင့်အခန်းထဲထိ အရွက်ခြောက်တွေက လေနဲ့အတူပါလာတယ်။
လေးထောင့်သစ်သားစားပွဲခုံရှေ့ ထိုင်ခုံပေါ် ဒူးနှစ်ဖက်ရင်ခွင်ထဲပိုက်ကာ ထိုင်နေတဲ့ ZhengTing ရဲ့ မျက်ဝန်းတွေက တည်ငြိမ်တာထက် လွန်ကဲပြီး အေးစက်နေမှုဟာ တစ်နေရာထဲ တည်ရှိနေတယ်။
ခပ်ဖြည်းဖြည်းချင်း ရွေ့လျားနေတဲ့ ဓာတ်ပြားဟောင်းကနေ ထွက်လာတဲ့ သီချင်းသံ ဟာ အခန်းတွင်း လှည့်လည်တိုက်စားနေတယ်။
ဒီဘက်ခေတ်မှာ ဓာတ်ပြားနဲ့ သီချင်းနားထောင်တဲ့သူဟာ မရှိသလောက်ကိုရှားပါးနေပြီ။
ကုန်လွန်ခဲ့တဲ့နေ့ရက်တွေမှာ ZhengTing ကို အဖော်ပြုပေးတာ ဒီဓာတ်ပြားဟောင်းတစ်ချပ်ပဲဖြစ်တယ်။
မျှော်နေသူ ပေါ်မလာမချင်း ZhengTing က ဒီဓာတ်ပြားဟောင်းကို လုံးဝပိတ်ပစ်ဖို့ စိတ်ကူးမရှိဘူး။
နေ့ရက်တွေကို ရေတွက်ရတာ မပင်ပန်းပေမယ့် တစ်ကိုယ်တည်း ကုန်ဆုံးရတဲ့အခါမှာ အထီးကျန်မှုဟာ ဝင်စွက်ဖက်တယ်။
တည်နေရာတစ်ခုထဲကိုပဲ လိပ်မူထားတဲ့ အလွမ်းသဝဏ်လွှာတွေမှာ ပြန်စာ မရခဲ့တာ အတော်ကြာပြီ။ ရက်ဆက်တိုင်း ဆက်သွယ်ခေါ်ယူနေတဲ့ ဖုန်းနံပါတ် တစ်ခုဟာလဲ အော်ပရိတ်တာ ရဲ့ တူညီတဲ့ ပြန်ဖြေ စကားသံတွေကိုပဲကြားနေရတယ်။
ဘေးပတ်ဝန်းကျင်ကပြောတဲ့အတင်းအဖျင်းတွေကြားမှာ သူ့အပေါ်ထားတဲ့ ယုံကြည်ခြင်းဟာ နည်းနည်းလေးမှ အခြေမပျက်သွားဘူး။
ငါတို့နှစ်ယောက်အကြောင်းကို ငါတို့ကထက် ဘယ်သူကမှ ပို မသိနိုင်ဘူး။
မင်းလဲ ထပ်တူထပ်မျှ လွမ်းဆွတ်နေမယ်ဆိုတာ ငါ့နှလုံးသား ကနေ တစ်ဆင့် ခံစားသိရှိနေရတယ်။
ပြက္ခဒိန်တွေကို ရဲဝံ့စွာ ကြည့်နိုင်ဖို့ တမ်းတမှုဟာ အမြဲလို နှောင့်ယှက်နေတော့တာပဲ။
ငါ အမြတ်တနိုး သိမ်းဆည်းထားတဲ့ မင်းပေးခဲ့တဲ့အရာတွေကို သူတို့က နှုတ်ဆက်လက်ဆောင်တွေဆိုပြီး မှားယွင်းစွပ်စွဲတော့တာပဲ။
တကယ်က...မင်းကို သတိရတိုင်း ထုတ်ကြည့်ဖို့ ပေးခဲ့တဲ့အရာတွေပေါ့။မင်းပြန်လာတဲ့အချိန်ကျရင်လဲ အရင်က ငါက ဘယ်လို မင်းကို သတိရနေချိန် ဒီဟာလေးတွေကို ထုတ်ကြည့်နေခဲ့တာ ဘာညာဆိုပြီး စမြုံ့ပြန်လို့ရတာပေါ့။ ဝေးကွာရမှန်း သိလို့ တမင် ပေးခဲ့တဲ့ နှုတ်ဆက်လက်ဆောင်တွေမှ မဟုတ်တာ။
မင်းပေးခဲ့တဲ့ လက်ဆောင်တွေထဲမှာ အစက ငါ အရမ်းမုန်းတဲ့ ဓာတ်ပြားဟောင်းတစ်ချပ်က အခုတော့ ငါ အနှစ်သက်ဆုံး ဖြစ်နေပြီ။ မင်းသိရင် ငါ့ကို ရယ်နေအုံးမှာ အကျိန်းသေပဲ။
◼◼◼
အထက်တန်းနောက်ဆုံးနှစ်ရဲ့စာမေးပွဲကြီးပြီးချိန် လွတ်လပ်နေတဲ့ နေ့ရက်တွေက ပျင်းစရာကောင်းပေမယ့် အနည်းငယ်တော့ စိတ်ဝင်စားဖို့ကောင်းနေတုန်းပဲ။
ဒီနေ့ တစ်ယောက်သောသူဆီက စာမေးပွဲ ကောင်းကောင်းဖြေနိုင်ခဲ့လို့ဆိုပြီး အကြောင်းပြချက်ရေရေရာရာမရှိပဲ အတင်းစွတ်တောင်းထားတဲ့ လက်ဆောင်အတွက် စိတ်လှုပ်ရှားနေမှုဟာ မနက်ခင်းတစ်ပိုင်းလုံးပဲ။
နေ့ခင်းထမင်းစားချိန်ကျော်မှ ရောက်ချလာတဲ့ လူကို ကျော်ပြီး ကျောပိုးအိတ် ကိုသာ စူးစမ်းနေတဲ့ မျက်လုံးတွေက မို့ဖောင်းနေတဲ့ အိတ်ထဲက ပစ္စည်းကိုပဲ စိတ်ဝင်စားလျက်။
အခန်းထဲရောက်တော့ စားပွဲပေါ် တင်ပြီး ဇစ်ဖွင့်ကာ ထုတ်လိုက်တဲ့ အရာကြောင့် ရှုံ့တွသွားတဲ့နဖူးကြောတွေက မနှစ်သက်မှုတွေကို အတိုင်းသားဖော်ပြနေတယ်။
တပ်ဆင်ပြီး ဖွင့်လိုက်တဲ့ အခါ ရွေ့လျားနေတဲ့ ဓာတ်ပြားကနေ ခေတ်ဟောင်း အင်္ဂလိပ် သီချင်းကြီး တစ်ပုဒ်ကို ကြားနေရတယ်။
"ဘာကြီးလဲ...WenJunရာ''
ခေါင်းအနောက်ကို ဆွဲဖွပြီး ခုတင်ပေါ် ပစ်ထိုင်ကာ စားပွဲရှေ့က ကျောပေးရပ်နေတဲ့ WenJunကိုကြည့်နေလိုက်တယ်။
"ဒီ ဓာတ်ပြားဟောင်းနဲ့စက်ကို ရဖို့ အဘိုးတစ်ယောက်နဲ့ ပစ္စည်းအဟောင်းဆိုင်မှာ မနည်းလုဝယ်လိုက်ရတာ ZhengTing ရဲ့''
ဟမ့်...ဒီလိုခေတ်ကြီးမှာ ဒီလိုလက်ဆောင်ရလို့ ပျော်နေရအောင် ကိုယ်က အဘိုးအို တစ်ယောက်လည်း မဟုတ်...တစ်ခါတစ်ရံကျ WenJunဟာ ဘာကြီးမှန်းကို မသိတာပါ။
WenJunကတော့ စိတ်အားထက်သန်စွာ ရှင်းပြနေတုန်းပဲ...
"အစက...အဘိုးကလုံးဝအလျော့မပေးဘူး...နောက်တော့မှ ငါ့ကို မေးတာ...ဘယ်သူ့ကို ပေးဖို့လဲတဲ့...အဲ့ဒါနဲ့ ငါလဲ...''
စကားကို တစ်လုံးချင်း အေးဆေးပြောတတ်တဲ့ WenJunကို အားမလိုအားမရဖြစ်ပြီး အမြဲလို စိတ်တိုရတာ ZhengTing ကိုယ်တိုင်ပင်။အခုလဲ..ကြည့်..ကိုယ် အရမ်းနားထောင် သိချင်နေတဲ့ စကားနားရောက်တော့မှ တဖြတ်နားပြီး ပြန်ပြောဖို့ အေးဆေးဖြစ်နေတဲ့ WenJunကျောကုန်းကြီးကို ပြေးပြီးတော့သာ ထုရိုက်ပလိုက်ချင်တယ်။
"ငါလဲ ဘာဖြစ်လဲ ဆက်ပြောလေ... မင်း ဘယ်လိုဖြေလိုက်တာလဲ''
WenJunက မျက်နှာချင်းဆိုင် လှည့်ရပ်ပြီး စားပွဲစွန်းကို ခပ်လျော့လျော့မှီကာ ZhengTing ကို ကြည့်ရင်း ပြန်ဖြေတယ်။
"ကျွန်တော့် ချစ်သူကို လက်ဆောင်ပေးချင်လို့,လို့ ပြောလိုက်တာလေ...အဲ့တော့မှ အဘိုးက အရင်ကလဲ သူ့အချစ်ဦးက သူ့ကို ပေးဖူးတယ်တဲ့...မင်း အရမ်းလိုချင်နေတယ် ဆိုလဲ ယူသွားဆိုပြီးပြောတာ''
ကျွန်တော့် ချစ်သူ ဆိုတော့မှ ZhengTing က စိတ်ထဲကျေနပ်သွားပေမယ့် မျက်နှာကတော့ တည်တင်းထားတုန်းပဲ...ပေးတဲ့ လက်ဆောင်ကြီးကို မကြိုက်ဖူးပေါ့လေ။
WenJun က အနားလာထိုင်ပြီး ပခုံးကို ဆွဲဖက်ရင်း နားသယ်စပ်နားလေးကို တစ်ချက်နမ်းလိုက်တယ်။
"အခု မကြိုက်လဲ...နောက်တော့ ကြိုက်သွားမှာပေါ့..သီချင်းတွေကဟောင်းပေမယ့် အနှစ်တွေချည်းပဲ...ငါ့ကိုတောင် အရင်ကမင်း ကြည့်ရခဲ့လို့လား...နောက်တော့လဲ ချစ်မိသွားတာပဲ မဟုတ်ဘူးလား''
ဟုတ်ပါရဲ့။အရင်ကဆို...အတန်းထဲ ZhengTing ကြည့်မရတဲ့ လူစာရင်းထဲမှာ WenJunက ထိပ်ဆုံးကပဲ။မလှုပ်တခြောက်နဲ့ တခြားသူတွေနဲ့လဲ အခေါ်အပြော မလုပ် အတန်းထဲပဲ ဖင် ခဲဆွဲထားသလို စာဂျပိုးကောင်ကို ကြည့်မရတာမှ အကြည့်ချင်းဆုံတိုင်း ကိုယ့်ကိုကိုယ် ယောက်ျားလေး မှန်းမေ့ကာ မျက်စောင်းချည်း လှိမ့်ထိုးတော့တာပဲ။
အတန်းထဲ အော်ကျယ်အော်ကျယ်နဲ့ ဟေးလားဝါးလား အမြဲလုပ်ကာ အဆင့်ဆို ဂဏန်းခပ်ကြီးကြီးတွေပဲ ပိုင်ဆိုင်နေတဲ့ ZhengTing နဲ့ WenJunက မအပ်စပ်တဲ့လူနှစ်ယောက်လိုပဲ အပေါင်းအသင်းလုပ်ပြီး သူငယ်ချင်းဖြစ်ဖို့ဆိုတာ အဝေးကြီး။
ဒါပေမယ့်...နီးချင်လာတော့လည်း ကံတရား က သူ့အလိုလို ဖြစ်လာတာပဲ။ အစက...သူငယ်ချင်းတွေက နောက်ပြီး WenJunက မင်းကို စိတ်ဝင်စားနေတာ ကြိုက်နေတာ ပြောတုန်းက...ကိုယ့်မှာ ကမ္ဘာကျော် ဟာသတစ်ပုဒ်ကို နားထောင်နေရသလိုပဲ။အသံကျယ်ကြီးနဲ့ကိုအော်ရယ်ပစ်တာ။
လစဉ်ပညာရေးမှတ်တမ်းမှာ တိုးတက်မှုမရှိလို့ စာကြည့်တိုက်ထဲ သန့်ရှင်းရေး ဝင်လုပ်ရတဲ့နေ့က ဘဝမှာ အမှတ်တရ အဖြစ်ဆုံးနဲ့ အံသြထိတ်လန့်ဖွယ် အကောင်းဆုံးပဲ။
အဆင့်ကျတာက ကိုယ် တစ်ယောက်ထဲတော့ မဟုတ်ဘူး။အားလုံးပေါင်း ဆယ့်နှစ်ယောက်ကို တစ်ကျောင်းလုံး သန့်ရှင်းရေးလုပ်ရမှာဆိုတော့ မကျဉ်းမကျယ် စာကြည့်တိုက် လေးကို အတင်းဗိုလ်ကျကာ တစ်ယောက်ထဲပဲ ရတယ်ဆိုပြီး မတ်တပ်တံမြက်စည်းရယ် ရေဗုံးရယ် အမှိုက်အိတ်တွေကို သူတို့ရှေ့ ဟန်ပြတော့ သယ်လာပြလိုက်တယ်။ စာကြည့်တိုက် ထဲ ဘယ် အမှိုက်က ရှိမှာလဲ စည်းကမ်းသိတတ်လိမ္မာတဲ့ ကျောင်းသားတွေ လာတဲ့နေရာဆိုတော့ အထွေအထူး ရှင်းနေစရာလဲမလိုဘူးလေ။
စာကြည့်တိုက်ထဲ ရောက်တော့ သယ်လာတဲ့ ပစ္စည်းတွေ ကို တစ်နေရာထဲ မှာ စုချထားပြီး တစ်ရေးတစ်မော အိပ်မယ်ပေါ့လေ။စာကြည့်တိုက်မှူးကလဲ ဆရာတွေနားနေခန်းထဲ အမြဲ ချက်ထိုးနေတတ်တော့ ကိုယ့်စိတ်ကူးနဲ့ကိုယ် အပိုင်ပေါ့။
စာကြည့်တိုက်ထဲရောက်တော့ မိုးကျရွှေကိုယ်တော်က ခပ်ထူထူ စာအုပ်ကြီးပေါ် မျက်နှာအပ်လျက် အလွန်အမင်း စိတ်ဝင်စားနေဟန် ဖတ်ရှုနေတဲ့ပုံကြောင့် ဘယ်လောက်ပဲ အမြင်ကတ် ကြည့်မရပေမယ့်...တစ်ပါးသူ
You are reading the story above: TeenFic.Net