အပိုင်း၂

Background color
Font
Font size
Line height

လေချွန်သံ...တရေးနိုး

အပိုင်း၂

မိုးစက်အိပ်ရာကနိုးတော့မနက်၆နာရီသာရှိနေသေးတယ်မျတ်နာသစ်သွားတိုက်ကာတကိုယ်ရည်သန့်ရှင်းရေးလုပ်ပြီး

လမ်းထိပ်ကအကြော်ဆိုင်ကိုအပြေးလေးသွားလိုက်တယ်မိုးစက်အတွက်ကအကြော်ဆိုင်ကအန်တီကြီးဆီကအကြော်တွေကိုယူနေကြဖောက်သည်တွေဆီလိုက်ပို့ပေးရုံနဲ့ပိုက်ဆံရတာကြောင့်မိုးစက်ပျော်ရွှင်စွာဘဲလုပ်ပေးဖြစ်တယ်လေ

ဆရာမကြီးကဂေဟာက..ကလေးတွေကိုကျောင်းထားပေးတယ်ဆိုပေမဲ့လိုအပ်တဲ့စာရေးကရိယာတွေကိုတော့အမြဲတမ်းဝယ်မပေးနိုင်ဘူးလေ

ဒါကြောင့်မိုးစက်ကအကြော်ဆိုင်အန်တီကြီးပေးသမျှပိုက်ဆံလေးတွေကိုစုထားပြီးကျောင်းအတွက်သုံးဖြစ်တယ်လေ

အခုတော့ညီကပါကျောင်းလိုက်နေတာကြောင့်မိုးစက်အရင်ကထက်ပိုပြီးပိုက်ဆံရှာမှရလိမ့်မယ်ပိုက်ဆံရဖို့လည်ကြိုးစားရလိမ့်မယ်ထင်တယ်

မိုးစက်အကြော်တွေအားလုံးလိုက်ပို့ပေးပြီးချိန်က၇နာရီခွဲရှိနေပြီမို့ညီအတွက်အကြော်ဆိုင်ကပေးလိုက်တဲ့အကြော်နဲ့ကောက်ညှင်းပေါင်းထုပ်လေးယူကာစက်ဘီးလေးအမြန်စီးလို့ပြန်လာခဲ့လိုက်တယ်ဒီအချိန်ဆိုရင်ညီကသူ့ကိုလိုက်ရှာနေတော့မည်မို့

မိုးစက်ထင်တဲ့အတိုင်းပါဘဲညီကမိုးစက်ကိုမတွေ့လို့မျတ်ရည်လေးလည်ကာဆရာမကြီးအနားမှာတတွတ်တွတ်နဲ့မေးနေတဲ့အသံလေးကိုကြားလိုက်ရတာကြောင့်မိုးစက်ညီအနားအပြေးလေးလှမ်းလာခဲ့လိုက်တယ်

ညီ....

ကိုကို
ဘယ်သွား.....ညီကကိုကို့ကိုလိုက်ရှာနေတာ
ကိုကိုကညီကိုမချစ်လို့ပြစ်သွားပြီထင်နေတာ...ဟင့်

ညီက..မိုးစက်ကိုပြောလည်ပြောကာဝမ်းနည်းစိတ်နဲ့မျတ်ရည်လေးတွေပို့ပို့ပေါက်ပေါက်ကြကာနေတော့သည်

မိုးစက်...ညီရဲ့ခန္တာကိုယ်လေးကိုထွေးပွေ့လို့ညီမျတ်ရည်လေးတွေကိုသုတ်ပေးလိုက်သည်။နောက်ပြီးညီလက်ကိုဆွဲပီးညီနဲ့အတူနေတဲ့အခန်းလေးဆီပြန်လာခဲ့လိုက်သည်

အခန်းထဲရောက်တော့ညီကိုကောက်ညှင်းပေါင်းနဲ့အကြော်လေးကျွေးကာသူကကျောင်းသွားဖို့ပြင်ရသည်
ညီကိုလည်စားပြီးတော့လက်သေချာဆေးကာကျောင်းသွားဖို့ပြင်ပေးရသည်ဒါကသူ့ရဲ့တနေ့တာအစဘဲဖစ်သည်။

စာတော်တဲ့ညီကအရမ်းလည်လိမ္မာပြန်သည်

ညီကိုအပိုင်ရလို့သူဘယ်တော့မှဝမ်းနည်လိမ့်မယ်မထင်ပါညီကသူ့ဘဝ..ညီကသူ့အတွက်အရာရာမို့ပါ

ကျောင်းကိုညီရဲ့ခန္တာကိုယ်သေးသေးလေးတင်ကာသွားရသည်မှာအရမ်းပျော်ဖို့ကောင်းလှပါသည်

ညီကအခုမှ၅နှစ်ကျော်လေးရှိသေးတာကြောင့်သူ့ခန္တာကိုယ်လေးကအရမ်းသေး..သေးသည်။

အင်း....ညီရဲ့ခန္တာကိုယ်လေးသေးလို့သာသူ့အတွက်အဆင်ပြေနေတာဆိုရင်ပိုပြီးမှန်ပါလိမ့်မည်။ဘာလို့ဆိုတော့သူရဲ့ခန္တာကိုယ်လေးကလည်အရမ်းကြီးထွားကြိုင်းတဲ့ထဲမပါလို့ပါဘဲ

ညီကိုစက်ဘီပေါ်တင်ပြီးကျောက်းသွားရတာပျော်ဖို့ကောင်းပေမဲ့သူ့အတွက်​စက်ဘီနင်းရတာအရမ်းပင်ပန်းလွန်းလှတယ်လေ

မိုးစက်တို့ကျောင်းရှေ့ကိုရောက်တော့အချိန်ကအတိမို့တော်ပါသေးရဲ့...

ရုတ်တရက်ညီကမိုးစက်အရှေ့လာပြီးမိုးစက်ကိုထိုင်းခိုင်းပြီးမိုးစက်နဖူးကချွေးလေးတွေကိုသုတ်ပေးတော့သူ့ရင်မှာကြည်နူးမိပြန်သည်

ညီကမိုးစက်အတွက်တွယ်တာစရာနှောင်ကြိုးလေးမို့ဒီကြိုးလေးကိုအဆုံးထိခိုင်ခံအောင်ဆွဲထားချင်မိပြန်တယ်လေ

မိုးစက်...ညီနဲ့ပတ်သတ်ရင်အရာအားလုံးလောဘကြီးသူသာဖြစ်သည်။ဒါကြောင့်ညီကိုဂေဟာကတခြားသူများနဲ့ပင်ပေးမဆော့လိုင်းခဲ့တာ...

မိုးစက်...ကျောင်းဆင်းတော့ညီနဲ့အတူဂေဟာကိုပြန်လာခဲ့ပြီးညီကိုဂေဟာမှာထားခဲ့ကာညနေဘက်အလုပ်တစ်ခုလုပ်ဖို့ပြောထားတဲ့နေရာဆီသွားခဲ့သည်

မိုးစက်ကအရမ်းငယ်နေတာရောနောက်ပြီးကျောင်းသား.ဖြစ်နေတာရောကြောင့်ဘယ်သူကမှအလုပ်မပေးချင်ကြပါ

မိုးစက်ကလည်ဂေဟာနဲ့ဝေးတဲ့နေရာမှာအလုပ်လုပ်ရဖို့အဆင်မပြေတာကြောင့်ဂေဟာနဲ့နီးတဲ့နေရာနောက်ပြီးညနေဘက်အချိန်ပိုင်းနဲ့လုပ်ရတဲ့အလုပ်လေးကိုသာလိုက်ရှာနေမိခြင်းဖြစ်သည်

အရင်ကတော့မနက်ခင်ဘက်အကြော်ပို့တာနဲ့သူ့ကျောင်းစရိတ်ကလုံလောက်ခဲ့ပေမဲ့အခုတော့ညီကပါရှိနေပြီမို့ညီမုန့်ဖိုးပါသူရှာဖို့လိုအပ်လာပြီဖြစ်သည်

သူလိုလူကမုန့်မစားဘဲနေနိုင်ပေမဲ့ညီကတော့ကလေးမို့သူများနည်တူစားချင်ရှာမှာပင်နောက်ပြီးသူများကလေးတွေလိုလှတာလေးတွေဝတ်ချင်လိုချင်ရှာမည်

ဂေဟာကဆရာမကြီးကကျောင်းစရိတ်တချို့ပေးပေမဲ့အများနဲ့ဆိုတော့သူလည်ဘယ်တတ်နိုင်ပါ့မလည်ဒါကြောင့်မိုးစက်မနက်ခင်းအကြော်ပို့တာကိုလက်ခံပေးထားသည်သာ

အကြော်ဆိုင်အန်တီကြီးနဲ့လည်ဆရာမကြီးကရင်းနှီးနေတာကြောင့်ရောပါမည်ထင်သည်

မိုးစက်...အလုပ်လေးရှာတာအဆင်မပြေခဲ့သည်မို့ဂေဟာကိုသာပြန်လာခဲ့လိုက်သည်။မိုးစက်ဂေဟာကိုပြန်ရောက်တော့ညီကဂေဟာရှေ့ကပိတောက်ပင်အောက်ကခုံတန်းလေးတွင်ထိုင်ပြီးမိုးစက်ကိုစောင့်နေရှာသည်

မိုးစက်ကို့မင်တော့အပြေးလေးလာပြီကြိုရှာသည်မို့..မိုးစက်လည်ပြေးလာသည့်ညီကိုဒူးလေးထောက်ပြီးစောင့်နေလိုက်သည်

ကိုကို.....ဘယ်သွား
ညီ......လိုက်ရှာနေတာ
ညီ.....လိုက်ခဲ့မယ်လေကိုကိုနဲ့နော်

မိုးစက်...ညီးရဲ့ခန္တာကိုယ်လေးကိုထွေးပွေ့ပြီးညီရဲ့မျတ်နာလေးကိုနမ်းရိုတ်လိုက်သည်။နောက်ပြီး...ကိုကိုကညီမုန့်တွေအများကြီးစားလို့ရအောင်ပိုက်ပိုက်သွားရှာတာသိလား

နောက်နေ့...ကိုကိုမရှိရင်ညီကစာဖတ်နေရမယ်နော်
ညီကလိမ္မာတာကြောင့်စာကြိုးစားရမယ်နော်အဲ့ဒါဆိုရင်ကိုကိုကပိုပြီးချစ်မှာသိလား

ဟုက်....ဟုက်

ခေါင်းလေးငြိမ့်ကာအဖြေပြန်ပေးနေတဲ့ညီကိုမိုးစက်အရမ်းချစ်လှပါသည်။ညီကသူ့လက်ကလေးတွေနဲ့ကတိဆိုတဲ့အတိုင်းလေးလုပ်နေတာကြောင့်မိုးစက်လည်ညီလက်လေးနဲ့ကတိလို့လုပ်ပေးလိုက်သည်

မိုးလည်ချုပ်တော့မှာမို့ညီကိုသန့်ရှင်းရေးလုပ်ပေးပြီးထမင်းခွင့်လိုက်သည်။နောက်ပြီးညီနဲ့ခဏလမ်းလျှောက်ပေးပြီးညီကိုချော့သိပ်လိုက်သည်

အရမ်းလည်တဲ့ညီကအခုဆိုရင်မိုးစက်ရဲ့လေချွန်သံမကြားရရက်မအိပ်တော့ဘူးဖြစ်နေပြီဒါကြောင့်မိုးစက်ကညီကြိုက်သည့်လေချွန်သံလေးနဲ့ချော့သိပ်ပေးရသည်သာ

ခဏနေတော့အသက်ရူသံမှန်မှန်လေးနဲ့ညီကအိပ်ပျောိသွားသည်မို့...မိုးစက်လည်သာကျက်ဖို့လုပ်ရသည်။မိုးစက်စာကျတ်ပြီးနာရီကြည့်လိုက်တော့၉နာရီရှိနေပြီမို့ညီရဲ့ဘေးမှာဝင်အိပ်လိုက်တော့သည်

အင်း....ဒီနေ့လည်ကုန်သွားပြန်ပြီတနေ့တာခရီက
နောက်နေ့ဆိုရင်သူပိုပြီးကြိုးစားရလိမ့်မည်
သူ့ရဲ့ကြိုးစားမှုတွေငည်မလွဲဧကန်ညီအတွက်ပင်ဖြစ်သည်

ညီရှိလာလို့သူ့ဘဝလေးကအရင်ကထက်ပိုပြီးပြည့်စုံလာခဲ့သည်မို့.....သိပ်ချစ်ရပါသည်ညီရယ်

ထို့နောက်.......မိုးစက်လည်အိပ်ပျော်ခြင်းဆီငို့အလည်တခေါက်ရောက်လို့သွားရသည်


You are reading the story above: TeenFic.Net

#bl