Unicode
"ကဒ်!"
တိတ်ဆိတ်နေသောစတူဒီယိုထဲတွင် ယွီဟိုင်၏အသံမှာ အထူးကျယ်လောင်နေလျက်။
ထို့နောက် လက်ခုပ်သံများအဆက်မပြတ်ထွက်ပေါ်လာလေသည်။
စုချီယွဲ့သည် သူတစ်ခါမှသရုပ်မဆောင်ဖူး၍ ဤဇာတ်ကောင်အတွက် သရုပ်ဆောင်ရာတွင် ခက်ခဲလိမ့်မည်ဟု ထင်ထားခဲ့သော်လည်း ထန်ယဲ့ကဲ့သို့ ပထမတန်းစားရုပ်ရှင်ဘုရင်ကြီးနှင့် တွဲသရုပ်ဆောင်ရခြင်းမှာ အမှန်တကယ်ပင် ကွဲပြားကြောင်း တွေ့ရှိခဲ့ရသည်။
ဇာတ်ဝင်ခန်းနှစ်ခုသာရှိသော်လည်း ယခုအခါ သူသည် ဇာတ်ရုပ်ထဲ အပြည့်အဝဝင်နှင့်နေပြီးဖြစ်သည်။ သူဟာ ဗိုလ်ချုပ်ကို လေးစားသော၊ အောင်ပွဲခံလိုသော စစ်သားငယ်လေး ကျန်းယွမ်ပင်။
ထန်ယဲ့လည်း သူ့ရင်ခွင်ထဲက စုချီယွဲ့ကို ကြည့်လိုက်ပြီး စုချီယွဲ့ဟာ သရုပ်ဆောင်ပိုင်းမှာ ထူးချွန်လိမ့်မည်ဟု သူ ဘယ်တုန်းကမှမထင်မိခဲ့ချေ။
ထိုအချိန်တွင် သူတကယ်ပဲ သူ့ကိုဆုံးရှုံးလိုက်ရတော့မည်ဟု ထင်သွားခဲ့ပြီး ဤကဲ့သို့ထိတ်လန့်မှုမျိုးတစ်ခါမှမဖြစ်ခဲ့ဖူး၍ တုန်လှုပ်သွားခဲ့ရသည်။
စုချီယွဲ့ မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ကာ "ထန်လောင်ရှီး?"
ထန်ယဲ့ သူ့အာရုံပြန်ရောက်လာပြီး သူ့ရှေ့တွင် မြဲမြဲရပ်နိုင်စေရန် စုချီယွဲ့ကို ညင်သာစွာ ဆွဲထူပေးလိုက်၏။
"ကောင်းတယ် ကောင်းတယ် ကောင်းတယ်!" ယွီဟိုင်က ကောင်းတယ်လို့ သုံးကြိမ်တိုင်တိုင်ပြောလိုက်ပြီး "ငါမမျှော်လင့်ထားမိဘူးဟေ့၊ စုချီယွဲ့ မင်းတစ်ခါမှသရုပ်မဆောင်ဖူးလို့သာပဲကွာ။ ဒါဟာ ဘုရားပေးတဲ့လက်ဆောင်ပဲဖြစ်ရမယ်၊ ကန့်သတ်ချက်မရှိလောက်ဘူးကွ"
စုချီယွဲ့ ချီးကျူးစကားများကြားရသည့်အခါ အလွန်ပျော်ရွှင်နေမိသည်။ ယွီဟိုင်က သူ့ကိုauditionအောင်ကြောင်း အရိပ်အမြွက်ပြောလိုက်သဖြင့် "ကျေးဇူးတင်ပါတယ် ဒါရိုက်တာယွီ"
"ရှောင်ချန် သူ့ကို စာချုပ်ချုပ်ဖို့ခေါ်သွားပေးလိုက်!"
ကိစ္စများပြီးသွားသည့်အခါ စုချီယွဲ့က ထန်ယဲ့ကို ပထမဦးဆုံးကျေးဇူးတင်စကားပြောကာ "ကျေးဇူးတင်ပါတယ် ထန်လောင်ရှီး၊ ခင်ဗျားက တကယ်ပဲ ကျွန်တော်ရဲ့ ကျေးဇူးရှင်ပါဗျာ"
ထန်ယဲ့လည်း သူ့အပျော်တွေ ကူးစက်ခံလိုက်ရကာ "ဂုဏ်ယူစရာပါပဲ"
စုချီယွဲ့ စာချုပ်မှာ လက်မှတ်ရေးထိုးခဲ့ပြီး ထိုဇာတ်ကွက်နှစ်ခုကိုရိုက်ကူးရန်အတွက် အဖွဲ့သားများထံမှ အကြောင်းကြားစာကို သူစောင့်ဆိုင်းရမည်ဖြစ်၍ ညဘက်တွင် အဆောင်သို့ ပြန်လာခဲ့လေသည်။ ရိုက်ကူးရေးပြီးသွားပါက သူ လုပ်အားခအများကြီးမဟုတ်သော်လည်း အနည်းငယ်ရနိုင်သဖြင့် သူသာချွေတာသုံးပါလျှင် ဤနွေရာသီအားလပ်ရက်အတွင်း သူ့၏နေထိုင်စရိတ် လုံလောက်ကောင်းလုံလောက်ပေလိမ့်မည်။
အိမ်၌ ထမင်းစားရန် လင်းကွေ့ကျီး စောင့်နေဆဲဖြစ်သောကြောင့် သူ တခြားတစ်ခုခုလုပ်ရပေဦးမည်။
ညစာစားပြီးနောက် စုချီယွဲ့ ရုပ်ပြ(comic)ဆွဲရန် ပြင်ဆင်လိုက်သည်။
သူက ရုပ်ပြကာတွန်းများကို အမြဲတမ်းနှစ်သက်ခဲ့ပြီး မူလပိုင်ရှင်မှာ ဒစ်ဂျစ်တယ်တက်ဘလက်တစ်လုံးရှိနေသဖြင့် သူ့၏Weiboအကောင့်တွင် သူဆွဲထားသောမူရင်းရုပ်ပြများကို အပ်ဒိတ်လုပ်ရန် ရည်ရွယ်ထားသည်။
သူကံကောင်းပါလျှင် ပရိသတ်အများအပြားရရှိနိုင်ပေလိမ့်မည်။
သို့တည်းမဟုတ် ကုမ္ပဏီ သို့မဟုတ် တစ်စုံတစ်ဦးက သူ့၏ရုပ်ပြများကို စိတ်ဝင်စားပါလျှင် အမှာစာတစ်ချို့ မှာယူလာနိုင်၍ သူ့စီးပွားရေးကိုလည်း ဖြည်းဖြည်းချင်းစတင်လုပ်ဆောင်နိုင်ပေလိမ့်မည်။
အိပ်ဆောင်၌ သူတစ်ယောက်တည်းသာရှိ၍ အလွန်တိတ်ဆိတ်နေလျက်။ ပြတင်းပေါက်အနီးတွင် တစ်ခုခုကို လေးလေးနက်နက်ပုံဆွဲနေသော စုချီယွဲ့ကို မြင်နိုင်ပေ၏။
တစ်ဖက်တွင်မူ ညမိုးချုပ်သည်နှင့် ထန်ယဲ့လည်း ယနေ့အတွက် သူ့အလုပ်များပြီးဆုံးသွားခဲ့၍ နာနီကားပေါ် တက်လိုက်သည်။
"ထန်လောင်ရှီး၊ ဒီနေ့ရဲ့ ဗီဒီယိုတွေနဲ့ ဓာတ်ပုံတွေကို အရေးယူဆောင်ရွက်ပေးဖို့ လိုအပ်ပါသလားဗျ?"
ဖန်းပိုင်သည် ထန်ယဲ့က စုချီယွဲ့အား ဖက်ထားသည့်ပုံကို ပြသနေသောဖုန်းကို ထန်ယဲ့ဆီ ကမ်းပေးလာခဲ့သည်။
ထန်ယဲ့ အချိန်အတော်ကြာအောင် ကြည့်လိုက်၏။ အင်တာနက်ပေါ်က သူ့၏ကိုယ်ပိုင်အတင်းအဖျင်းကို အပြည့်အစုံဖတ်ကြည့်နေခြင်းဟာ ပထမဦးဆုံးအကြိမ်ပင်။
"ခဏနေဦး"
ဤသည်မှာအတိတ်သာဖြစ်ခဲ့ပါက ဤအရာများကို အင်တာနက်မှာချန်ထားလိမ့်မည်မဟုတ်ပေ။ အရင်တုန်းကဆို ထန်ယဲ့နှင့်နီးစပ်ချင်ပြီး CP စန်းတင်လိုကြသည့် မိုက်မဲသောသရုပ်ဆောင်များကြောင့် ၄င်းတို့ကိုဖျက်ပစ်ရပေမည်။
ဒီနေ့ ဒီလိုပွေ့ဖက်ထားတဲ့ပုံတွေကိုကျ ခဏစောင့်ဦးလို့ သူ့မင်းသားကပြောခဲ့တာပေါ့လေ?
ထန်ယဲ့ ဖုန်းကိုထုတ်ကာ စုချီယွဲ့ထံ မက်ဆေ့ချ်ပို့လိုက်သည်။
[အိပ်နေပြီလား?]
အဆောင်ခန်းမှာ အလွန်တိတ်ဆိတ်နေ၍ WeChatမှ စာဝင်လာသောအသံဟာ ရုတ်တရက်မြည်လာလေ၏။ စုချီယွဲ့ ဖုန်းကို ကောက်ကိုင်လိုက်ပြီး ကြည့်လိုက်သည့်အခါ ထန်ယဲ့ဆီမှဖြစ်နေသည်ကို မြင်လိုက်ရ၏။
[မအိပ်သေးပါဘူးဗျ]
ထန်ယဲ့: [မင်း ဘာလုပ်နေတာလဲ?]
စုချီယွဲ့: [ကျွန်တော်ပုံဆွဲနေတာ]
ထန်ယဲ့: [မင်းဘာပုံဆွဲနေတာလဲ?]
စုချီယွဲ့: [ရုပ်ပြပါ၊ Weiboမှာတင်ဖို့အဆင်သင့်ဖြစ်နေပါပြီ]
ထန်ယဲ့: [မင်းရဲ့ Weiboအကောင့်ကဘယ်ဟာလဲ?]
စုချီယွဲ့ Weiboကို အလျင်အမြန်ဖွင့်ကာ ထန်ယဲ့ကို Followလိုက်၏။
ထန်ယဲ့သည် သူ့၏Followerစာရင်းထဲတွင် အသစ်စက်စက် "စုကျီယဲ့"ဆိုသောအကောင့်လေးကို တွေ့လိုက်ရပြီး သူသည်လည်း ပြန်လည်followလိုက်လေသည်။
ထန်ယဲ့က သူ့ကို followပြန်လုပ်လိုက်သည်ကိုမြင်သောအခါ စုချီယွဲ့ ဖုန်းကိုပစ်ထုတ်လုနီးပါးဖြစ်သွားရလျက်။
Fan baseအကြီးကြီးရှိသည့် ထန်ယဲ့ကဲ့သို့ နာမည်ကြီးမင်းသားတစ်ယောက်ဟာ သူ့၏ Weiboကို followလုပ်ခဲ့ပါက ထန်ယဲ့ပရိသတ်များက သူ့အကြောင်း အရာရာတိုင်းကို တူးဆွလာမှာကို ကြောက်ရွံ့နေမိလေပြီ။
စုချီယွဲ့: [ထန်လောင်ရှီး ခင်ဗျားက ကျွန်တော့်ကို followလိုက်တာလားဗျ?]
ထန်ယဲ့: [အင်း၊ ရုပ်ပြဖတ်ရတာ စိတ်အပန်းပြေတယ်လေ]
စုချီယွဲ့: [ကျေးဇူးပါ ထန်လောင်ရှီး၊ ကျွန်တော် ကောင်းကောင်းဆွဲပါ့မယ်။ တကယ်လို့ မကောင်းတာရှိရင်လည်း ကျေးဇူးပြုပြီးပြင်ပေးပါဦးနော်]
ထန်ယဲ့: [ဒီနေ့ အင်တာနက်ပေါ်ကဗီဒီယိုကို ကိုယ်ဖြေရှင်းပေးဖို့လိုလား?]
စုချီယွဲ့သည် Weiboကိုကြည့်တောင်မကြည့်ရသေးချေ။ ထန်ယဲ့ပြောလာသည့်အခါမှ အပြေးအလွှားသွားစစ်ဆေးကြည့်ရပါတော့သည်။
Hot searchမှာ ရှိနေဆဲဖြစ်သော်လည်း ပထမနေရာမှာ မဟုတ်တော့ပေ။ အနောက်ကစာသားသည်လည်း "explosive" မှ "hot" အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီးဖြစ်သည်။
သူလည်း ကလစ်နှိပ်ပြီး လျှောက်ကြည့်လိုက်သည်။ ဝိုး အင်တာနက်သုံးစွဲသူတွေက အရမ်းစိတ်အားထက်သန်ကြတာပဲနော်။ သူသာ မူလပိုင်ရှင်အကောင့်ကို မြန်မြန်မပယ်ဖျက်ခဲ့ပါက သူ့ဘိုးဘေးတွေအားလုံးကိုပါ တစ်ရက်တည်းရှာဖွေတူးဆွနိုင်သွားတော့မှာကို ကြောက်မိပါရဲ့....
ထားလိုက်ပါတော့လေ၊ ထန်ယဲ့ရှိနေရင် မကျော်ကြားဘဲနေမှာမှမဟုတ်ဘဲ... အဲဒါကြောင့်မို့ အဆင့်၁၈သရုပ်ဆောင်လေးတွေက နေရာတိုင်းတွယ်ကပ်ချင်နေကြတာ အံ့သြစရာမဟုတ်ဘူးပဲ...
မှတ်ချက်များတွင် သူ့အား ဆဲဆိုကြိမ်းမောင်းနေကြသော လူတစ်ချို့ရှိသည်မှာ မလွှဲဧကန်ဖြစ်သော်လည်း သူ့အတွက် ခုခံပြောဆိုပေးနေကြသည့်လူများလည်း အများအပြားရှိနေပေသည်။
အမှန်တကယ်တော့ သူ့အတွက် ခုခံပေးနေကြသည်မဟုတ်၊ ထန်ယဲ့အတွက်ကြောင့်ပင်။
ထန်ယဲ့၏ ပရိသတ်ထုကြီးဟာ တော်တော်ကြီးမားပြီး သူတို့မှာ ဆောင်ပုဒ်တစ်ခုရှိလေ၏။ - "ကောကောလုပ်သမျှအကုန်မှန်တယ်!"
ထို့ကြောင့် သူတို့ကောကော ပွေ့ဖက်ထားတဲ့လူကလည်း လူကောင်းပဲဖြစ်ရမယ်၊ တိုက်ခိုက်ခွင့်မပြုဘူးဟေ့။
သို့ပေတည့် ပရိတ်သတ်များလည်း ခေါင်းထဲမှာ အလွန်ရှုပ်ထွေးနေကြလျက်၊ သူက မရီးလည်းမဟုတ်ဘူးနော်!
စုချီယွဲ့: [ကျွန်တော်က အပျော်တမ်းပဲဆိုတော့ ကျွန်တော့်အတွက် ဘာမှမဖြစ်ပေမယ့် ထန်လောင်ရှီးကိုထိခိုက်မှာပဲစိုးရိမ်မိတယ်]
ယင်းကား စုချီယွဲ့၏ အတွေးအမှန်ပင်။ သူကတော့ သိပ်ဂရုမစိုက်ပေမယ့် ထန်ယဲ့ကို အဆိုးဘက်သက်ရောက်သွားမှာကိုပဲ စိုးရိမ်မိလေသည်။
စုချီယွဲ့သည် သူက ထန်ယဲ့၏ကျော်ကြားမှုကို အမြဲလိုက်စီးနေမိသည်ဟု ခံစားလိုက်ရ၍ သက်ပြင်းချမိသည်။ ဒါက မကောင်းဘူးနော်၊ သိပ်မကောင်းဘူးပဲ...
ထန်ယဲ့: [မဖြစ်ပါဘူး]
စုချီယွဲ့: [ဒါဆို ကျွန်တော် ပုံဆက်ဆွဲလိုက်ဦးမယ်နော်။ ခင်ဗျားလည်း ကိုယ့်ခန္ဓာကိုယ်ကိုဂရုစိုက်နော်၊ စောစောအနားယူပါဗျ]
ထန်ယဲ့ ဖုန်းကိုအောက်ချလိုက်ပြီးနောက် ဖန်းပိုင်အားပြောလိုက်သည်။ "ဒါကို ကိုင်တွယ်ဖို့မလိုတော့ဘူး"
ဖန်းပိုင်သည် သူ့မင်းသားဟာ ဒီကျောင်းသားလေးစုနဲ့တွေ့တဲ့အခါ မူ(စည်းမျဥ်း)မရှိတော့ကြောင်း နိဂုံးချုပ်လိုက်တော့သည်။
xxx
Zawgyi
"ကဒ္!"
တိတ္ဆိတ္ေနေသာစတူဒီယိုထဲတြင္ ယြီဟိုင္၏အသံမွာ အထူးက်ယ္ေလာင္ေနလ်က္။
ထို႔ေနာက္ လက္ခုပ္သံမ်ားအဆက္မျပတ္ထြက္ေပၚလာေလသည္။
စုခ်ီယြဲ႔သည္ သူတစ္ခါမွသရုပ္မေဆာင္ဖူး၍ ဤဇာတ္ေကာင္အတြက္ သရုပ္ေဆာင္ရာတြင္ ခက္ခဲလိမ့္မည္ဟု ထင္ထားခဲ့ေသာ္လည္း ထန္ယဲ့ကဲ့သို႔ ပထမတန္းစားရုပ္ရွင္ဘုရင္ႀကီးႏွင့္ တြဲသရုပ္ေဆာင္ရျခင္းမွာ အမွန္တကယ္ပင္ ကြဲျပားေၾကာင္း ေတြ့ရိွခဲ့ရသည္။
ဇာတ္ဝင္ခန္းႏွစ္ခုသာရိွေသာ္လည္း ယခုအခါ သူသည္ ဇာတ္ရုပ္ထဲ အျပၫ့္အဝဝင္ႏွင့္ေနၿပီးျဖစ္သည္။ သူဟာ ဗိုလ္ခ်ဳပ္ကို ေလးစားေသာ၊ ေအာင္ပြဲခံလိုေသာ စစ္သားငယ္ေလး က်န္းယြမ္ပင္။
ထန္ယဲ့လည္း သူ႔ရင္ခြင္ထဲက စုခ်ီယြဲ႔ကို ၾကၫ့္လိုက္ၿပီး စုခ်ီယြဲ႔ဟာ သရုပ္ေဆာင္ပိုင္းမွာ ထူးခြၽန္လိမ့္မည္ဟု သူ ဘယ္တုန္းကမွမထင္မိခဲ့ေခ်။
ထိုအခ်ိန္တြင္ သူတကယ္ပဲ သူ႔ကိုဆံုးရႈံးလိုက္ရေတာ့မည္ဟု ထင္သြားခဲ့ၿပီး ဤကဲ့သို႔ထိတ္လန႔္မႈမ်ိဳးတစ္ခါမွမျဖစ္ခဲ့ဖူး၍ တုန္လႈပ္သြားခဲ့ရသည္။
စုခ်ီယြဲ႔ မ်က္ေတာင္ပုတ္ခတ္ပုတ္ခတ္လုပ္ကာ "ထန္ေလာင္ရွီး?"
ထန္ယဲ့ သူ႔အာရံုျပန္ေရာက္လာၿပီး သူ႔ေရ႔ွတြင္ ၿမဲျမဲရပ္ႏိုင္ေစရန္ စုခ်ီယြဲ႔ကို ညင္သာစြာ ဆြဲထူေပးလိုက္၏။
"ေကာင္းတယ္ ေကာင္းတယ္ ေကာင္းတယ္!" ယြီဟိုင္က ေကာင္းတယ္လို႔ သံုးႀကိမ္တိုင္တိုင္ေျပာလိုက္ၿပီး "ငါမေမ်ွာ္လင့္ထားမိဘူးေဟ့၊ စုခ်ီယြဲ႔ မင္းတစ္ခါမွသရုပ္မေဆာင္ဖူးလို႔သာပဲကြာ။ ဒါဟာ ဘုရားေပးတဲ့လက္ေဆာင္ပဲျဖစ္ရမယ္၊ ကန္႔သတ္ခ်က္မရိွေလာက္ဘူးကြ"
စုခ်ီယြဲ႔ ခ်ီးက်ူးစကားမ်ားၾကားရသည့္အခါ အလြန္ေပ်ာ္ရႊင္ေနမိသည္။ ယြီဟိုင္က သူ႔ကိုauditionေအာင္ေၾကာင္း အရိပ္အႁမြက္ေျပာလိုက္သျဖင့္ "ေက်းဇူးတင္ပါတယ္ ဒါရိုက္တာယြီ"
"ေရွာင္ခ်န္ သူ႔ကို စာခ်ဳပ္ခ်ဳပ္ဖို႔ေခၚသြားေပးလိုက္!"
ကိစၥမ်ားၿပီးသြားသည့္အခါ စုခ်ီယြဲ႔က ထန္ယဲ့ကို ပထမၪီးဆံုးေက်းဇူးတင္စကားေျပာကာ "ေက်းဇူးတင္ပါတယ္ ထန္ေလာင္ရွီး၊ ခင္ဗ်ားက တကယ္ပဲ ကြၽန္ေတာ္ရဲ့ ေက်းဇူးရွင္ပါဗ်ာ"
ထန္ယဲ့လည္း သူ႔အေပ်ာ္ေတြ ကူးစက္ခံလိုက္ရကာ "ဂုဏ္ယူစရာပါပဲ"
စုခ်ီယြဲ႔ စာခ်ဳပ္မွာ လက္မွတ္ေရးထိုးခဲ့ၿပီး ထိုဇာတ္ကြက္ႏွစ္ခုကိုရိုက္ကူးရန္အတြက္ အဖြဲ႔သားမ်ားထံမွ အေၾကာင္းၾကားစာကို သူေစာင့္ဆိုင္းရမည္ျဖစ္၍ ညဘက္တြင္ အေဆာင္သို႔ ျပန္လာခဲ့ေလသည္။ ရိုက္ကူးေရးၿပီးသြားပါက သူ လုပ္အားခအမ်ားႀကီးမဟုတ္ေသာ္လည္း အနည္းငယ္ရႏိုင္သျဖင့္ သူသာေခြၽတာသံုးပါလ်ွင္ ဤေနြရာသီအားလပ္ရက္အတြင္း သူ႔၏ေနထိုင္စရိတ္ လံုေလာက္ေကာင္းလံုေလာက္ေပလိမ့္မည္။
အိမ္၌ ထမင္းစားရန္ လင္းေကြ့က်ီး ေစာင့္ေနဆဲျဖစ္ေသာေၾကာင့္ သူ တျခားတစ္ခုခုလုပ္ရေပဦးမည္။
ညစာစားၿပီးေနာက္ စုခ်ီယြဲ႔ ရုပ္ျပ(comic)ဆြဲရန္ ျပင္ဆင္လိုက္သည္။
သူက ရုပ္ျပကာတြန္းမ်ားကို အၿမဲတမ္းႏွစ္သက္ခဲ့ၿပီး မူလပိုင္ရွင္မွာ ဒစ္ဂ်စ္တယ္တက္ဘလက္တစ္လံုးရိွေနသျဖင့္ သူ႔၏Weiboအေကာင့္တြင္ သူဆြဲထားေသာမူရင္းရုပ္ျပမ်ားကို အပ္ဒိတ္လုပ္ရန္ ရည္ရြယ္ထားသည္။
သူကံေကာင္းပါလ်ွင္ ပရိသတ္အမ်ားအျပားရရိွႏိုင္ေပလိမ့္မည္။
သို႔တည္းမဟုတ္ ကုမၸဏီ သို႔မဟုတ္ တစ္စံုတစ္ဦးက သူ႔၏ရုပ္ျပမ်ားကို စိတ္ဝင္စားပါလ်ွင္ အမွာစာတစ္ခ်ိဳ႕ မွာယူလာႏိုင္၍ သူ႔စီးပြားေရးကိုလည္း ျဖည္းျဖည္းခ်င္းစတင္လုပ္ေဆာင္ႏိုင္ေပလိမ့္မည္။
အိပ္ေဆာင္၌ သူတစ္ေယာက္တည္းသာရိွ၍ အလြန္တိတ္ဆိတ္ေနလ်က္။ ျပတင္းေပါက္အနီးတြင္ တစ္ခုခုကို ေလးေလးနက္နက္ပံုဆြဲေနေသာ စုခ်ီယြဲ႔ကို ျမင္ႏိုင္ေပ၏။
တစ္ဖက္တြင္မူ ညမိုးခ်ဳပ္သည္ႏွင့္ ထန္ယဲ့လည္း ယေန့အတြက္ သူ႔အလုပ္မ်ားၿပီးဆံုးသြားခဲ့၍ နာနီကားေပၚ တက္လိုက္သည္။
"ထန္ေလာင္ရွီး၊ ဒီေန့ရဲ့ ဗီဒီယိုေတြနဲ႔ ဓာတ္ပံုေတြကို အေရးယူေဆာင္ရြက္ေပးဖို႔ လိုအပ္ပါသလားဗ်?" ဖန္းပိုင္သည္ ထန္ယဲ့က စုခ်ီယြဲ႔အား ဖက္ထားသည့္ပံုကို ျပသေနေသာဖုန္းကို ထန္ယဲ့ဆီ ကမ္းေပးလာခဲ့သည္။
ထန္ယဲ့ အခ်ိန္အေတာ္ၾကာေအာင္ ၾကၫ့္လိုက္၏။ အင္တာနက္ေပၚက သူ႔၏ကိုယ္ပိုင္အတင္းအဖ်င္းကို အျပည့္အစံုဖတ္ၾကည့္ေနျခင္းဟာ ပထမဦးဆံုးအႀကိမ္ပင္။ "ခဏေနဦး"
ဤသည္မွာအတိတ္သာျဖစ္ခဲ့ပါက ဤအရာမ်ားကို အင္တာနက္မွာခ်န္ထားလိမ့္မည္မဟုတ္ေပ။ အရင္တုန္းကဆို ထန္ယဲ့ႏွင့္နီးစပ္ခ်င္ၿပီး CP စန္းတင္လိုၾကသည့္ မိုက္မဲေသာသရုပ္ေဆာင္မ်ားေၾကာင့္ ၄င္းတို႔ကိုဖ်က္ပစ္ရေပမည္။
ဒီေန့ ဒီလိုေပြ့ဖက္ထားတဲ့ပံုေတြကိုက် ခဏေစာင့္ၪီးလို႔ သူ႔မင္းသားကေျပာခဲ့တာေပါ့ေလ?
ထန္ယဲ့ ဖုန္းကိုထုတ္ကာ စုခ်ီယြဲ႔ထံ မက္ေဆ့ခ်္ပို႔လိုက္သည္။
[အိပ္ေနၿပီလား?]
အေဆာင္ခန္းမွာ အလြန္တိတ္ဆိတ္ေန၍ WeChatမွ စာဝင္လာေသာအသံဟာ ရုတ္တရက္ျမည္လာေလ၏။ စုခ်ီယြဲ႔ ဖုန္းကို ေကာက္ကိုင္လိုက္ၿပီး ၾကၫ့္လိုက္သည့္အခါ ထန္ယဲ့ဆီမျွဖစ္ေနသည္ကို ျမင္လိုက္ရ၏။
[မအိပ္ေသးပါဘူးဗ်]
ထန္ယဲ့: [မင္း ဘာလုပ္ေနတာလဲ?]
စုခ်ီယြဲ႔: [ကြၽန္ေတာ္ပံုဆြဲေနတာ]
ထန္ယဲ့: [မင္းဘာပံုဆြဲေနတာလဲ?]
စုခ်ီယြဲ႔: [ရုပ္ျပပါ၊ Weiboမွာတင္ဖို႔အဆင္သင့္ျဖစ္ေနပါၿပီ]
ထန္ယဲ့: [မင္းရဲ့ Weiboအေကာင့္ကဘယ္ဟာလဲ?]
စုခ်ီယြဲ႔ Weiboကို အလ်င္အျမန္ဖြင့္ကာ ထန္ယဲ့ ကို Followလိုက္၏။
ထန္ယဲ့သည္ သူ႔၏Followerစာရင္းထဲတြင္ အသစ္စက္စက္ "စုက်ီယဲ့"ဆိုေသာအေကာင့္ေလးကို ေတြ့လိုက္ရၿပီး သူသည္လည္း ျပန္လည္followလိုက္ေလသည္။
ထန္ယဲ့က သူ႔ကို followျပန္လုပ္လိုက္သည္ကိုျမင္ေသာအခါ စုခ်ီယြဲ႔ ဖုန္းကိုပစ္ထုတ္လုနီးပါးျဖစ္သြားရလ်က္။
Fan baseအႀကီးႀကီးရိွသည့္ ထန္ယဲ့ကဲ့သို႔ နာမည္ႀကီးမင္းသားတစ္ေယာက္ဟာ သူ႔၏ Weiboကို followလုပ္ခဲ့ပါက ထန္ယဲ့ပရိသတ္မ်ားက သူ႔အေၾကာင္း အရာရာတိုင္းကို တူးဆြလာမွာကို ေၾကာက္ရြံ႔ေနမိေလၿပီ။
စုခ်ီယြဲ႔: [ထန္ေလာင္ရွီး ခင္ဗ်ားက ကြၽန္ေတာ့္ကို followလိုက္တာလားဗ်?]
ထန္ယဲ့: [အင္း၊ ရုပ္ျပဖတ္ရတာ စိတ္အပန္းေျပတယ္ေလ]
စုခ်ီယြဲ႔: [ေက်းဇူးပါ ထန္ေလာင္ရွီး၊ ကြၽန္ေတာ္ ေကာင္းေကာင္းဆြဲပါ့မယ္။ တကယ္လို႔ မေကာင္းတာရိွရင္လည္း ေက်းဇူးျပဳျပီးျပင္ေပးပါၪီးေနာ္]
ထန္ယဲ့: [ဒီေန့ အင္တာနက္ေပၚကဗီဒီယိုကို ကိုယ္ေျဖရွင္းေပးဖို႔လိုလား?]
စုခ်ီယြဲ႔သည္ Weiboကိုၾကည့္ေတာင္မၾကည့္ရေသးေခ်။ ထန္ယဲ့ေျပာလာသည့္အခါမွ အေျပးအလႊားသြားစစ္ေဆးၾကည့္ရပါေတာ့သည္။
Hot searchမွာ ရိွေနဆဲျဖစ္ေသာ္လည္း ပထမေနရာမွာ မဟုတ္ေတာ့ေပ။ အေနာက္ကစာသားသည္လည္း "explosive" မွ "hot" အျဖစ္သို႔ ေျပာင္းလဲသြားခဲ့ၿပီးျဖစ္သည္။
သူလည္း ကလစ္ႏိွပ္ၿပီး ေလ်ွာက္ၾကည့္လိုက္သည္။ ဝိုး အင္တာနက္သံုးစြဲသူေတြက အရမ္းစိတ္အားထက္သန္ၾကတာပဲေနာ္။ သူသာ မူလပိုင္ရွင္အေကာင့္ကို ျမန္ျမန္မပယ္ဖ်က္ခဲ့ပါက သူ႔ဘိုးေဘးေတြအားလံုးကိုပါ တစ္ရက္တည္းရွာေဖြတူးဆြႏိုင္သြားေတာ့မွာကို ေၾကာက္မိပါရဲ့....
ထားလိုက္ပါေတာ့ေလ၊ ထန္ယဲ့ရိွေနရင္ မေက်ာ္ၾကားဘဲေနမွာမွမဟုတ္ဘဲ... အဲဒါေၾကာင့္မို႔ အဆင့္၁၈သရုပ္ေဆာင္ေလးေတြက ေနရာတိုင္းတြယ္ကပ္ခ်င္ေနၾကတာ အံ့ၾသစရာမဟုတ္ဘူးပဲ...
မွတ္ခ်က္မ်ားတြင္ သူ႔အား ဆဲဆိုႀကိမ္းေမာင္းေနၾကေသာ လူတစ္ခ်ိဳ႕ရိွသည္မွာ မလႊဲဧကန္ျဖစ္ေသာ္လည္း သူ႔အတြက္ ခုခံေျပာဆိုေပးေနၾကသည့္လူမ်ားလည္း အမ်ားအျပားရိွေနေပသည္။
အမွန္တကယ္ေတာ့ သူ႔အတြက္ ခုခံေပးေနၾကသည္မဟုတ္၊ ထန္ယဲ့အတြက္ေၾကာင့္ပင္။
ထန္ယဲ့၏ ပရိသတ္ထုႀကီးဟာ ေတာ္ေတာ္ႀကီးမားၿပီး သူတို႔မွာ ေဆာင္ပုဒ္တစ္ခုရိွေလ၏။ - "ေကာေကာလုပ္သမ်ွအကုန္မွန္တယ္!"
ထို႔ေၾကာင့္ သူတို႔ေကာေကာ ေပြ့ဖက္ထားတဲ့လူကလည္း လူေကာင္းပဲျဖစ္ရမယ္၊ တိုက္ခိုက္ခြင့္မျပဳဘူးေဟ့။
သို႔ေပတည့္ ပရိတ္သတ္မ်ားလည္း ေခါင္းထဲမွာ အလြန္ရႈပ္ေထြးေနၾကလ်က္၊ သူက မရီးလည္းမဟုတ္ဘူးေနာ္!
စုခ်ီယြဲ႔: [ကြၽန္ေတာ္က အေပ်ာ္တမ္းပဲဆိုေတာ့ ကြၽန္ေတာ့္အတြက္ ဘာမွမျဖစ္ေပမယ့္ ထန္ေလာင္ရွီးကိုထိခိုက္မွာပဲစိုးရိမ္မိတယ္] ယင္းကား စုခ်ီယြဲ႔၏ အေတြးအမွန္ပင္။ သူကေတာ့ သိပ္ဂရုမစိုက္ေပမယ့္ ထန္ယဲ့ကို အဆိုးဘက္သက္ေရာက္သြားမွာကိုပဲ စိုးရိမ္မိေလသည္။
စုခ်ီယြဲ႔သည္ သူက ထန္ယဲ့၏ေက်ာ္ၾကားမႈကို အၿမဲလိုက္စီးေနမိသည္ဟု ခံစားလိုက္ရ၍ သက္ျပင္းခ်မိသည္။ ဒါက မေကာင္းဘူးေနာ္၊ သိပ္မေကာင္းဘူးပဲ...
ထန္ယဲ့: [မျဖစ္ပါဘူး]
စုခ်ီယြဲ႔: [ဒါဆို ကြၽန္ေတာ္ ပံုဆက္ဆြဲလိုက္ၪီးမယ္ေနာ္။ ခင္ဗ်ားလည္း ကိုယ့္ခႏၶာကိုယ္ကိုဂရုစိုက္ေနာ္၊ ေစာေစာအနားယူပါဗ်]
ထန္ယဲ့ ဖုန္းကိုေအာက္ခ်လိုက္ၿပီးေနာက္ ဖန္းပိုင္အားေျပာလိုက္သည္။ "ဒါကို ကိုင္တြယ္ဖို႔မလိုေတာ့ဘူး"
ဖန္းပိုင္သည္ သူ႔မင္းသားဟာ ဒီေက်ာင္းသားေလးစုနဲ႔ေတြ့တဲ့အခါ မူ(စည္းမ်ဥ္း)မရိွေတာ့ေၾကာင္း နိဂံုးခ်ဳပ္လိုက္ေတာ့သည္။
xxx
You are reading the story above: TeenFic.Net