[Unicode]
စုချီယွဲ့ ဘေးကင်းနိုင်မည့်အကွာအဝေးကို လှမ်းကြည့်ရင်း နောက်လှည့်ကာ တစ်ဟုန်ထိုးထွက်ပြေးပါတော့သည်။
ထိုလူလေးယောက်လည်း သူ့နောက်မှအော်ဟစ်ကာ အရူးအမူးလိုက်ဖမ်းနေကြသည်။ စုချီယွဲ့ က ကျောင်းဝင်းထဲကို အရှိန်တင်ပြေးလာပြီး တံခါးဝမှ ဦးလေးကြီးကို အမြန်အော်ပြောလိုက်သည်။
"ဦးလေးရေ မြန်မြန်လုပ်ပါဦး၊ သူတို့ ကျွန်တော့်နောက်လိုက်နေကြတာ!"
ဦးလေးကြီးက ဒါဟာ သည်းမခံနိုင်စရာကောင်းတယ်လို့မြင်၍ လုံခြုံရေးအစောင့်ကိုခေါ်ကာ ကျောင်းတံခါးအပြင်ဘက်မှာ သူတို့ကိုတားခိုင်းလိုက်သည်။ ကျိုးရှင်းယဲ့သာ ကျောင်းသားကတ်ကိုမပြခဲ့ရင် သူက ရဲကိုတောင် ဖုန်းဆက်အကြောင်းကြားတော့မည်ဖြစ်သည်။
စုချီယွဲ့ အိပ်ဆောင်သို့ ပြန်ပြေးလာကာ သူ့အဆုတ်တွေ ပေါက်ကွဲတော့မလို ခံစားနေရလျက်။ သူ အရင်က ဒီလိုမျိုးတစ်ခါမှမပြေးဖူးဘူးလေ။
သို့သော်လည်း သူ စာအုပ်ထဲသို့ကူးပြောင်းလာပြီးကတည်းက ဤကမ္ဘာကြီးဟာ တစ်ခုခုမှားနေပြီမှန်း သေချာနေလေပြီ။ ထိုလူလေးယောက်က တကယ်ပဲ အတူတူရှိနေကြပြီဆိုတော့ သူတို့ယခင်ဘဝက ကလဲ့စားချေခြင်းကို မကျေနပ်နိုင်သေးဘဲ ဒီဘဝမှာ ဆက်ပြီးကလဲ့စားချေချင်နေပုံရတယ်။
မဟုတ်မှလွဲရော အဲဒီလူလေးယောက်လည်း ပြန်လည်မွေးဖွားလာကြတာလား?
ဒါကြီးက ကြောက်စရာကောင်းလွန်းတယ်လေ။ အခု ဒီကမ္ဘာကြီးထဲမှာ သူ ရှင်သန်နိုင်ပါတော့မလားလို့?
စုချီယွဲ့ အသက်ရှူရအဆင်ပြေလာပြီး သူ့မျက်လုံးထောင့်မှ မျက်ရည်များကို သုတ်လိုက်သည်။
ကောင်းပြီလေ၊ သူ သန်မာဖို့လိုပြီပဲ!
သို့သော် သူအပြင်မထွက်နိုင်တော့သဖြင့် အင်တာဗျူးလည်း ပျက်သွားခဲ့လေပြီ။ သူတစ်သက်လုံး ပုန်းအောင်းနိုင်ရင်တောင် ဘာစားသောက်ရမှာတုန်းလို့?
ဒီလူလေးယောက်က ဘာဆက်လုပ်မယ်မှန်း သူမသိသေးသော်လည်း ကောင်းသည့်အရာမဟုတ်တာတော့ သေချာနေပါရဲ့။ သူဘာလုပ်သင့်သလဲ?
အိပ်ဆောင်ကုတင်ပေါ်တွင် လှဲအိပ်နေလျက် ထိပ်ဆုံးမှ အောက်ဆုံးအထိ contactများကို လိုက်ကြည့်နေမိသည်။ မူလပိုင်ရှင်သည် ကောလိပ်တက်ကတည်းက ကျိုးရှင်းယဲ့နှင့်သာ နေ့တိုင်းအတူရှိနေတတ်ပြီး သူငယ်ချင်းအနည်းငယ်သာရှိကြောင်း တွေ့ရှိလိုက်ရ၏။ သူနှင့် အခန်းဖော်သုံးယောက်ကြားက ဆက်ဆံရေးက ကောင်းပေမယ့် အခု သူတို့ ဒီမှာမရှိကြဘူးလေ။
သူပြောပြနိုင်သောတစ်ဦးတည်းသောသူမှာ ထန်ယဲ့သာ။
[စာမေးပွဲပြီးပြီလား?]
ထန်ယဲ့အကြောင်း သူတွေးနေရင်း ထိုသူ့ဆီမှ မက်ဆေ့ခ်ျရောက်လာခဲ့သည်။
စုချီယွဲ့ အလွန်အံ့အားသင့်သွားရလျက်။ ထန်ယဲ့က သူစာမေးပွဲရှိတဲ့အကြောင်းကို ဘယ်လိုသိတာပါလိမ့်။ ဒီမင်းသားမှာ ကောင်းကင်မျက်လုံးရှိတာလားဟ။
[မဆိုးပါဘူး၊ ကျွန်တော် စာမေးပွဲတော့မကျပါဘူးဗျာ [ပျော်ရွှင်နေတဲ့gif]]
ထန်ယဲ့: [အိမ်ပြန်ဖို့ အဆင်သင့်ဖြစ်နေပြီလား?]
စုချီယွဲ့ : [ကျွန်တော် ငွေရှာဖို့ အချိန်ပိုင်းအလုပ်တစ်ခုရှာချင်တာ]
ထန်ယဲ့: [မင်း ဘယ်လိုအလုပ်မျိုးကို ရှာချင်တာလဲ?]
စုချီယွဲ့ : [ဗိုက်ပြည့်သရွေ့ ဘာမဆို အဆင်ပြေပါတယ်ဗျာ (မျက်နှာအုပ်ထားတဲ့ gif)]
ထန်ယဲ့: [ရုပ်ရှင်အဖွဲ့ထဲမှာ အရန်ဇာတ်ကောင်တွေ စုဆောင်းနေတာ၊ လစာတော့သိပ်မများပေမယ့် နေ့လည်စာကျွေးတယ်]
စုချီယွဲ့ ဤအကြောင်းကို တစ်ခါမှမတွေးဖူးပေမယ့် ဒါသည်လည်း အခွင့်အရေးတစ်ခုပင်။ ဘာပဲဖြစ်ဖြစ် စားစရာတော့ရှိပေမယ့် သူ ဘယ်လိုအပြင်ထွက်ရပါ့မလဲနော်။
ထန်ယဲ့: [ရုပ်ရှင်အဖွဲ့က မင်းကိုလာခေါ်ဖို့ ကားတစ်စီးရှိတယ်။ မင်းလာချင်ရင် စာရင်းသွင်းဖို့ ဒီလူကို ရှာလိုက်နော်]
ထို့နောက် ထန်ယဲ့ ဖုန်းနံပါတ်တစ်ခုပို့လာခဲ့သည်။
စုချီယွဲ့ သူ့လက်ကိုင်ဖုန်းကို ပွေ့ဖက်၍ ရူးသွပ်နေသလိုနမ်းလိုက်သည်။ အခုချိန်မှာ ထန်ယဲ့က သူ့ရဲ့ ကယ်တင်ရှင်ဖြစ်ပြီး သူ အခက်အခဲတွေကြုံရတိုင်း ကူညီဖြေရှင်းပေးနိုင်သူပင်။ သူ့ရဲ့နတ်ဘုရားပဲကွ!
စုချီယွဲ့ : [(ကျေးဇူးတင်ပါတယ် နတ်ဘုရားရေgif)၊ (ကျေးဇူးတင်လွန်းလို့ဒူးထောက်နေတဲ့gif)]
စုချီယွဲ့ ထိုလူကို ဖုန်းခေါ်လိုက်သည်။
"ဟယ်လို မစ္စတာဝေ့လားဗျ? ကျွန်တော့်နာမည် စုချီယွဲ့ပါ။ ရုပ်ရှင်အဖွဲ့အတွက် လူသစ်စုဆောင်းနေတယ်လို့ ကျွန်တော်ကြားလို့လေ၊ ကျွန်တော်လည်း..."
"စာရင်းသွင်းချင်လို့လား? ကိစ္စမရှိပါဘူး၊ မနက်ဖြန် မနက် ၇:၃၀ကျရင် မင်းရဲ့ ကျောင်းဂိတ်မှာ လာခေါ်လိုက်မယ်။ နောက်မကျနဲ့နော်။ ပြီးတော့ မင်းရဲ့ ID ကတ်ကိုလည်းယူလာခဲ့" ဟူ၍ ပြတ်ပြတ်သားသားပြောပြီးသည်နဲ့ တိုက်ရိုက်ပင် ဖုန်းချသွားလေသည်။
စုချီယွဲ့က သူ့ကိုယ်သူတောင် မမိတ်ဆက်ရသေးခင် busy toneကိုသာ ကြားလိုက်ရ၏။ သူ ဘာမှတောင်မပြောရသေးဘူးလေ၊ သူနဲ့ မစ္စတာဝေ့ဆိုတာကလည်း မတွေ့ဖူးကြဘူးလေ၊ ဘာလို့ လွယ်လွယ်ကြီးလက်ခံလိုက်ရတာတုန်းဟ။
(ရှင့်ချစ်ချစ်ကြီးမျက်နှာကြောင့်ပေါ့ကွယ် 😝)
ထန်ယဲ့က သူ့အတွက် ကြိုပြောပေးထားတာများလား?
သူ့လို အရမ်းအလုပ်များတဲ့ သရုပ်ဆောင်တစ်ယောက်က ဒီဇာတ်ကောင်သေးသေးလေးအကြောင်း စိုးရိမ်နေပါ့မလားနော်။
ဘာပဲဖြစ်ဖြစ် သူ ထန်ယဲ့ကို သေချာကျေးဇူးတင်ပြီး အလုပ်ကြိုးစားရမယ်...
နောက်တစ်နေ့တွင် စုချီယွဲ့ အစောကြီးအိပ်ရာထပြီး သေသေချာချာဝတ်စားလိုက်ရာ တက်ကြွလန်းဆန်းနေပုံပေါ်နေသည်။
စုချီယွဲ့ မှန်အကြာကြီးကြည့်လိုက်ပြီးမှ ကျေနပ်စွာ အိပ်ဆောင်ထဲမှ ထွက်လာခဲ့၏။
စုချီယွဲ့ ဂိတ်တံခါးဆီမရောက်ခင် အနက်ရောင်မာစီဒီးတစ်စီး လမ်းမပေါ်မှာရပ်ထားသည်ကို တွေ့လိုက်ရသည်။ ထိုကားမှာ ကျိုးရှင်းယဲ့၏ကားပင်။ မူလပိုင်ရှင်လည်း အကြိမ်များစွာ စီးခဲ့ဖူးသည်လေ။
သူ ကျောင်းမှထွက်လာသည်ကိုမြင်သည့်အခါ လူလေးယောက် ကားပေါ်မှဆင်းလာပြီး သူ့ကိုစောင့်နေကြပြန်သည်။
စုချီယွဲ့ ဖြည်းဖြည်းချင်းလမ်းလျှောက်လာခဲ့ပြီး တံခါးဝသို့ရောက်သည်နှင့် အရူးသဖွယ်ပြေးသွားကာ အချိန်အတော်ကြာပါကင်ထိုးထားသည့် ဘတ်စ်ကားပေါ်သို့ တိုက်ရိုက်တက်လိုက်တော့သည်။ ထိုလူလေးယောက်ကို ဖယ်ထုတ်ပစ်နိုင်ပြီးမှသာ သူ စိတ်သက်သာရာရသွားလေပြီ။
ဘတ်စ်ကားပေါ်မှာ လူတော်တော်များများရှိနှင့်နေပြီဖြစ်သည်။
စုချီယွဲ့ ဘေးမှာထိုင်နေသော သက်လတ်ပိုင်းအမျိုးသမီးက သူ့ကိုမြင်သောအခါ အံ့အားသင့်ဟန်ဖြင့်
"မင်းလည်း အပိုဇာတ်ကောင်အဖွဲ့ထဲပါမလို့လား"
"ဟုတ်ပါတယ်"
"မင်းက ဇာတ်လိုက်ဖြစ်နိုင်တယ်လို့ ငါထင်နေတာ" အမျိုးသမီးက သူ့ကို ပြုံးပြုံးလေးကြည့်ရင်းပြောလိုက်သည်။
စုချီယွဲ့ ဘယ်လိုပြန်ဖြေရမှန်းမသိသောကြောင့် ပြုံးရုံသာပြုံးနေလိုက်တော့သည်။
"လောင်ဝေ့ ငါတို့ ထန်ဖေးအဆောက်အဦးမှာ ကားရပ်မယ်လို့ ပြောထားခဲ့တာမဟုတ်ဘူးလား၊ ဘာလို့ ကျန်းချန်တက္ကသိုလ်ဆီ ရုတ်တရက်ပြောင်းသွားတာတုန်းဟ"
စုချီယွဲ့ သူ့ဖုန်းကိုသာ ငုံ့ကြည့်နေခဲ့ပြီး ကားပေါ်ရှိလူများစကားစမြည်ပြောသံကို ကြားနေရသည်။
"ယာယီအပြောင်းအလဲရှိသွားလို့ပဲ၊ ငါလည်းမတတ်နိုင်ဘူးလေ။ အားလုံးပဲ ငါ့ကိုခွင့်လွှတ်ကြကွာ"
စုချီယွဲ့: ခင်ဗျားပြန်ပေးဆွဲခံရဖူးလားနော်? ဒါဆို ဘာလို့ ကျွန်တော့်ဆီ မျက်စိတစ်ဖက်မှိတ်ပြနေတာတုန်းလို့!
စုချီယွဲ့ ခေါင်းလှည့်ပြီး ဘတ်စ်ကားနောက်မှလိုက်လာသည့် အနက်ရောင်မာစီဒီးကိုကြည့်လိုက်သည်။ ဟေး... ကြည့်ရတာတော့ ပြန်ပေးဆွဲခံရတဲ့သူက လောင်ဝေ့မဟုတ်ဘဲ စုချီယွဲ့လို့ထင်ရတာပါနော်။
ဒီလေးယောက်က ဘာဖြစ်နေတာတုန်းဟ? ဘာလို့သူ့နောက်လိုက်နေကြတာလဲ!
ဘတ်စ်ကားမှာ လမ်းတစ်လျှောက်လုံး ယိမ်းထိုးသွားနေကာ ကျန်းချန် တောင်ဘက်ရှိ တောင်ထဲသို့ ဝင်ရောက်လာခဲ့သည်။ လမ်းက ကြမ်းတမ်းသော်လည်း ရှုခင်းအလွန်လှပေသည်။
ငှက်များတကျိကျိမြည်တမ်းနေပြီး၊ ပန်းများဖူးပွင့်နေကြသလို၊ အကိုင်းအခက်အရွက်များလည်း သဘာဝအလျောက်စိမ်းလန်းနေကြလျက်။
နောက်ဆုံးတွင်မူ ရိုက်ကူးရေးနေရာကိုရောက်ပြီဖြစ်၍ စုချီယွဲ့လည်း လူအုပ်ကြီးနောက်သို့လိုက်ကာ ကားပေါ်မှဆင်းလိုက်ပြီး အစီအစဉ်ကိုစောင့်ဆိုင်းနေခဲ့သည်။
မကြာမီတွင် အခြားလူများကို ခေါ်ဆောင်သွားပြီး စုချီယွဲ့ တစ်ယောက်တည်းကျန်ခဲ့လေသည်။ လက်ထောက်ဒါရိုက်တာဟူ၍ အမည်တပ်ထားသော လူတစ်ယောက်က သူ့ရှေ့မှာလာရပ်၍ သူ့ကို အချိန်အတော်ကြာကြည့်နေပြီးမှ
"လောင်ဝေ့က တော်တယ်ကွာ၊ အပိုဇာတ်ကောင်အဖွဲ့ထဲမှာ အမိုက်စားလေးရှိနေတာပဲဟေ့။ ဒါက ဘယ်လိုလုပ်ပြီး အပိုဇာတ်ကောင်လေးဖြစ်ရမှာတုန်း? ဇာတ်ညွှန်းရေးဆရာတောင်မှ ဇာတ်ဝင်ခန်းသေးသေးလေးတစ်ခု ထပ်ထည့်ချင်သွားလိမ့်မှာ။ လာခဲ့၊ ဒါရိုက်တာနဲ့တွေ့ဖို့ ငါ့နောက်လိုက်ခဲ့ကွာ"
စုချီယွဲ့: သူ့ကို လူတွေက ရူးသွပ်စွာလိုက်ဖမ်းနေကြတာ၊ ဒါဟာ ကံဆိုးခြင်းရဲ့ အစပဲလားနော်?
"စုချီယွဲ့ မပြေးနဲ့!"
သူမထွက်ခွာမီတွင် ကျိုးရှင်းယဲ့တို့အဖွဲ့က သူ့ကို နောက်တစ်ကြိမ်လိုက်ဖမ်းကြပြန်သည်။
ဘယ်လိုလုပ်ပြီး စုချီယွဲ့က သူတို့စကားတွေကို နားထောင်မှာလဲနော်။ ထိုလူလေးယောက်ရဲ့ အသံများ နီးသထက် နီးလာသောကြောင့် သူလည်း အမြန်ပြေးရပြန်သည်။ သူမယုံပါဘူးနော်၊ ဒီနေရာမှာ လူအများကြီးရှိတာလေ၊ ဒီလူလေးယောက်က သူ့ကို ဘာလုပ်ဝံ့မှာလဲ! ဒီလူတွေက ဒီလိုမျိုး သူ့ကိုဆက်လိုက်ဖမ်းနေမယ်ဆိုရင်တော့ သူ ရဲခေါ်လိုက်တော့မယ်!
စုချီယွဲ့ ဤနေရာနှင့် မရင်းနှီးသောကြောင့် လမ်းကြောင်းမှန်ကိုရှာလို့မတွေ့ဘဲ သူ့စိတ်ထဲတွင် အတွေးနှစ်ခုပေါ်လာလေ၏ - ရုပ်ရှင်အဖွဲ့သားတွေကို မထိခိုက်စေနဲ့၊ ကျိုးရှင်းယဲ့တို့အဖွဲ့ သူ့ကို ဖမ်းမမိစေနဲ့။
သူပြန်လှည့်လှည့်ကြည့်နေသည်ကြောင့် ခြေချော်သွားကာ အရှိန်မထိန်းနိုင်တော့ဘဲ တစ်စုံတစ်ယောက်၏ရင်ခွင်ထဲ ဝင်တိုက်မိသွားလေသည်။
စုချီယွဲ့ တဖက်လူဆီမှ ပြန်ဆုတ်ကာ တောင်းပန်ချင်ပေမယ့် ထိုလူက သူ့ခေါင်းကို ထိကိုင်ကာ သူ့လည်ပင်းနားမှာ ဖိကပ်ထားလိုက်မယ်လို့ မမျှော်လင့်ထားမိခဲ့ပေ။
သူ့နှာခေါင်းဖျားမှ အကျွမ်းတဝင်ရှိလှသော၊ ကြည်လင်အေးမြသောရနံ့လေးကို ရလိုက်သလို သူ့လက်ဖဝါးများကလည်း သန်မာတောင့်တင်းသောရင်ဘတ်ကို ထိမိနေပြီး သူ့ခေါင်းသည်လည်း ဆွဲဆောင်မှုရှိသောညှပ်ရိုးပေါ်မှာ ရှိနေလေ၏...
ထိုလူပြောလိုက်သောစကားလုံးများပင်လျှင် ချောကလက်ကဲ့သို့၊ ချိုသာနူးညံ့နေပြီး ညင်သာနေလေသည်
"လိမ္မာတယ်နော် မလှုပ်နဲ့…"
စာရေးသူမှာ ပြောစရာရှိပါတယ်။
ထန်ယဲ့: လိမ္မာတယ် မလှုပ်နဲ့ဦး၊ ကိုယ့်ကို နည်းနည်းကြာကြာဖက်ခွင့်ပေးပါဦး...
Thanks for reading!
အရမ်းကြာသွားလို့ဆောရီးပါ အသဲလေးတို့ရေ၊ အစက gpမှာ အပိုင်းများများတင်ပြီးမှ ဖွင့်ပေးဖို့လုပ်ထားတာ၊ ဒီလတွေထဲ နည်းနည်းပြဿနာတွေရှုပ်နေလို့ကြာသွားတယ်ကွယ်။ ဒီကြားထဲမှာ လူက ခဏခဏဖျားလိုက်၊ အလုပ်လည်းရှုပ်နေပြီးတော့... ကိုယ့်ဘဝမှာစိတ်ဆင်းရဲစရာတွေကြုံနေခဲ့ရတာ၊ ဘဝကြီးကိုလေ ရုပ်ရှင်တွေထဲကလို ဖြစ်ပျက်လိမ့်မယ်လို့ လုံးလုံးမထင်ထားမိခဲ့ဘူး။ အဲဒါကြောင့် စာလည်းအများကြီးမရေးဖြစ်ဘဲ ကိုယ့်စိတ်ကိုယ်healingပြန်လုပ်နေခဲ့ရတာပါ။
အခုပြန်လာပါပြီနော်... မျှော်နေကြတဲ့သူရှိပါ့မလားတောင်မသိဘူး 😅😅
[Zawgyi]
စုခ်ီယြဲ႔ ေဘးကင္းႏိုင္မည့္အကြာအေဝးကို လွမ္းၾကၫ့္ရင္း ေနာက္လွၫ့္ကာ တစ္ဟုန္ထိုးထြက္ေျပးပါေတာ့သည္။
ထိုလူေလးေယာက္လည္း သူ႔ေနာက္မွေအာ္ဟစ္ကာ အရူးအမူးလိုက္ဖမ္းေနၾကသည္။ စုခ်ီယြဲ႔ က ေက်ာင္းဝင္းထဲကို အရိွန္တင္ေျပးလာၿပီး တံခါးဝမွ ဦးေလးႀကီးကို အျမန္ေအာ္ေျပာလိုက္သည္။ "ဦးေလးေရ ျမန္ျမန္လုပ္ပါၪီး၊ သူတို႔ ကြၽန္ေတာ့္ေနာက္လိုက္ေနၾကတာ!"
ဦးေလးႀကီးက ဒါဟာ သည္းမခံႏိုင္စရာေကာင္းတယ္လို႔ျမင္၍ လံုၿခံဳေရးအေစာင့္ကိုေခၚကာ ေက်ာင္းတံခါးအျပင္ဘက္မွာ သူတို႔ကိုတားခိုင္းလိုက္သည္။ က်ိဳးရွင္းယဲ့သာ ေက်ာင္းသားကတ္ကိုမျပခဲ့ရင္ သူက ရဲကိုေတာင္ ဖုန္းဆက္အေၾကာင္းၾကားေတာ့မည္ျဖစ္သည္။
စုခ်ီယြဲ႔ အိပ္ေဆာင္သို႔ ျပန္ေျပးလာကာ သူ႔အဆုတ္ေတြ ေပါက္ကြဲေတာ့မလို ခံစားေနရလ်က္။ သူ အရင္က ဒီလိုမ်ိဳးတစ္ခါမွမေျပးဖူးဘူးေလ။
သို႔ေသာ္လည္း သူ စာအုပ္ထဲသို႔ကူးေျပာင္းလာၿပီးကတည္းက ဤကမ႓ာႀကီးဟာ တစ္ခုခုမွားေနၿပီမွန္း ေသခ်ာေနေလၿပီ။ ထိုလူေလးေယာက္က တကယ္ပဲ အတူတူရိွေနၾကၿပီဆိုေတာ့ သူတို႔ယခင္ဘဝက ကလဲ့စားေခ်ျခင္းကို မေက်နပ္ႏိုင္ေသးဘဲ ဒီဘဝမွာ ဆက္ၿပီးကလဲ့စားေခ်ခ်င္ေနပံုရတယ္။
မဟုတ္မွလြဲေရာ အဲဒီလူေလးေယာက္လည္း ျပန္လည္ေမြးဖြားလာၾကတာလား?
ဒါႀကီးက ေၾကာက္စရာေကာင္းလြန္းတယ္ေလ။ အခု ဒီကမ႓ာႀကီးထဲမွာ သူ ရွင္သန္ႏိုင္ပါေတာ့မလားလို႔?
စုခ်ီယြဲ႔ အသက္ရႉရအဆင္ေျပလာၿပီး သူ႔မ်က္လံုးေထာင့္မွ မ်က္ရည္မ်ားကို သုတ္လိုက္သည္။
ေကာင္းၿပီေလ၊ သူ သန္မာဖို႔လိုၿပီပဲ!
သို႔ေသာ္ သူအျပင္မထြက္ႏိုင္ေတာ့သျဖင့္ အင္တာဗ်ူးလည္း ပ်က္သြားခဲ့ေလၿပီ။ သူတစ္သက္လံုး ပုန္းေအာင္းႏိုင္ရင္ေတာင္ ဘာစားေသာက္ရမွာတုန္းလို႔?
ဒီလူေလးေယာက္က ဘာဆက္လုပ္မယ္မွန္း သူမသိေသးေသာ္လည္း ေကာင္းသည့္အရာမဟုတ္တာေတာ့ ေသခ်ာေနပါရဲ့။ သူဘာလုပ္သင့္သလဲ?
အိပ္ေဆာင္ကုတင္ေပၚတြင္ လွဲအိပ္ေနလ်က္ ထိပ္ဆံုးမွ ေအာက္ဆံုးအထိ contactမ်ားကို လိုက္ၾကည့္ေနမိသည္။ မူလပိုင္ရွင္သည္ ေကာလိပ္တက္ကတည္းက က်ိဳးရွင္းယဲ့ႏွင့္သာ ေန့တိုင္းအတူရိွေနတတ္ၿပီး သူငယ္ခ်င္းအနည္းငယ္သာရိွေၾကာင္း ေတြ့ရိွလိုက္ရ၏။ သူႏွင့္ အခန္းေဖာ္သံုးေယာက္ၾကားက ဆက္ဆံေရးက ေကာင္းေပမယ့္ အခု သူတို႔ ဒီမွာမရိွၾကဘူးေလ။
သူေျပာျပႏိုင္ေသာတစ္ဦးတည္းေသာသူမွာ ထန္ယဲ့သာ။
[စာေမးပြဲၿပီးၿပီလား?]
ထန္ယဲ့အေၾကာင္း သူေတြးေနရင္း ထိုသူ႔ဆီမွ မက္ေဆ့ခ္်ေရာက္လာခဲ့သည္။
စုခ်ီယြဲ႔ အလြန္အံ့အားသင့္သြားရလ်က္။ ထန္ယဲ့က သူစာေမးပြဲရိွတဲ့အေၾကာင္းကို ဘယ္လိုသိတာပါလိမ့္။ ဒီမင္းသားမွာ ေကာင္းကင္မ်က္လံုးရိွတာလားဟ။
[မဆိုးပါဘူး၊ ကြၽန္ေတာ္ စာေမးပြဲေတာ့မက်ပါဘူးဗ်ာ [ေပ်ာ္ရႊင္ေနတဲ့gif]]
ထန္ယဲ့: [အိမ္ျပန္ဖို႔ အဆင္သင့္ျဖစ္ေနၿပီလား?]
စုခ်ီယြဲ႔ : [ကြၽန္ေတာ္ ေငြရွာဖို႔ အခ်ိန္ပိုင္းအလုပ္တစ္ခုရွာခ်င္တာ]
ထန္ယဲ့: [မင္း ဘယ္လိုအလုပ္မ်ိဳးကို ရွာခ်င္တာလဲ?]
စုခ်ီယြဲ႔ : [ဗိုက္ျပၫ့္သေရြ့ ဘာမဆို အဆင္ေျပပါတယ္ဗ်ာ (မ်က္ႏွာအုပ္ထားတဲ့ gif)]
ထန္ယဲ့: [ရုပ္ရွင္အဖြဲ႔ထဲမွာ အရန္ဇာတ္ေကာင္ေတြ စုေဆာင္းေနတာ၊ လစာေတာ့သိပ္မမ်ားေပမယ့္ ေန့လည္စာေကြၽးတယ္]
စုခ်ီယြဲ႔ ဤအေၾကာင္းကို တစ္ခါမွမေတြးဖူးေပမယ့္ ဒါသည္လည္း အခြင့္အေရးတစ္ခုပင္။ ဘာပဲျဖစ္ျဖစ္ စားစရာေတာ့ရိွေပမယ့္ သူ ဘယ္လိုအျပင္ထြက္ရပါ့မလဲေနာ္။
ထန္ယဲ့: [ရုပ္ရွင္အဖြဲ႔က မင္းကိုလာေခၚဖို႔ ကားတစ္စီးရိွတယ္။ မင္းလာခ်င္ရင္ စာရင္းသြင္းဖို႔ ဒီလူကို ရွာလိုက္ေနာ္]
ထို႔ေနာက္ ထန္ယဲ့ ဖုန္းနံပါတ္တစ္ခုပို႔လာခဲ့သည္။
စုခ်ီယြဲ႔ သူ႔လက္ကိုင္ဖုန္းကို ေပြ့ဖက္၍ ရူးသြပ္ေနသလိုနမ္းလိုက္သည္။ အခုခ်ိန္မွာ ထန္ယဲ့က သူ႔ရဲ့ ကယ္တင္ရွင္ျဖစ္ၿပီး သူ အခက္အခဲေတြႀကံဳရတိုင္း ကူညီေျဖရွင္းေပးႏိုင္သူပင္။ သူ႔ရဲ့နတ္ဘုရားပဲကြ!
စုခ်ီယြဲ႔ : [(ေက်းဇူးတင္ပါတယ္ နတ္ဘုရားေရgif)၊ (ေက်းဇူးတင္လြန္းလို႔ဒူးေထာက္ေနတဲ့gif)]
စုခ်ီယြဲ႔ ထိုလူကို ဖုန္းေခၚလိုက္သည္။ "ဟယ္လို မစၥတာေဝ့လားဗ်? ကြၽန္ေတာ့္နာမည္ စုခ်ီယြဲ႔ပါ။ ရုပ္ရွင္အဖြဲ႔အတြက္ လူသစ္စုေဆာင္းေနတယ္လို႔ ကြၽန္ေတာ္ၾကားလို႔ေလ၊ ကြၽန္ေတာ္လည္း..."
"စာရင္းသြင္းခ်င္လို႔လား? ကိစၥမရိွပါဘူး၊ မနက္ျဖန္ မနက္ ၇:၃၀က်ရင္ မင္းရဲ့ ေက်ာင္းဂိတ္မွာ လာေခၚလိုက္မယ္။ ေနာက္မက်နဲ႔ေနာ္။ ၿပီးေတာ့ မင္းရဲ့ ID ကတ္ကိုလည္းယူလာခဲ့" ဟူ၍ ျပတ္ျပတ္သားသားေျပာၿပီးသည္နဲ႔ တိုက္ရိုက္ပင္ ဖုန္းခ်သြားေလသည္။
စုခ်ီယြဲ႔က သူ႔ကိုယ္သူေတာင္ မမိတ္ဆက္ရေသးခင္ busy toneကိုသာ ၾကားလိုက္ရ၏။ သူ ဘာမွေတာင္မေျပာရေသးဘူးေလ၊ သူနဲ႔ မစၥတာေဝ့ဆိုတာကလည္း မေတြ့ဖူးၾကဘူးေလ၊ ဘာလို႔ လြယ္လြယ္ႀကီးလက္ခံလိုက္ရတာတုန္းဟ။
(ရွင့္ခ်စ္ခ်စ္ႀကီးမ်က္ႏွာေၾကာင့္ေပါ့ကြယ္ 😝)
ထန္ယဲ့က သူ႔အတြက္ ႀကိဳေျပာေပးထားတာမ်ားလား?
သူ႔လို အရမ္းအလုပ္မ်ားတဲ့ သရုပ္ေဆာင္တစ္ေယာက္က ဒီဇာတ္ေကာင္ေသးေသးေလးအေၾကာင္း စိုးရိမ္ေနပါ့မလားေနာ္။
ဘာပဲျဖစ္ျဖစ္ သူ ထန္ယဲ့ကို ေသခ်ာေက်းဇူးတင္ၿပီး အလုပ္ႀကိဳးစားရမယ္...
ေနာက္တစ္ေန့တြင္ စုခ်ီယြဲ႔ အေစာႀကီးအိပ္ရာထၿပီး ေသေသခ်ာခ်ာဝတ္စားလိုက္ရာ တက္ႂကြလန္းဆန္းေနပံုေပၚေနသည္။
စုခ်ီယြဲ႔ မွန္အၾကာႀကီးၾကၫ့္လိုက္ၿပီးမွ ေက်နပ္စြာ အိပ္ေဆာင္ထဲမွ ထြက္လာခဲ့၏။
စုခ်ီယြဲ႔ ဂိတ္တံခါးဆီမေရာက္ခင္ အနက္ေရာင္မာစီဒီးတစ္စီး လမ္းမေပၚမွာရပ္ထားသည္ကို ေတြ့လိုက္ရသည္။ ထိုကားမွာ က်ိဳးရွင္းယဲ့၏ကားပင္။ မူလပိုင္ရွင္လည္း အႀကိမ္မ်ားစြာ စီးခဲ့ဖူးသည္ေလ။
သူ ေက်ာင္းမွထြက္လာသည္ကိုျမင္သည့္အခါ လူေလးေယာက္ ကားေပၚမွဆင္းလာၿပီး သူ႔ကိုေစာင့္ေနၾကျပန္သည္။
စုခ်ီယြဲ႔ ျဖည္းျဖည္းခ်င္းလမ္းေလ်ွာက္လာခဲ့ၿပီး တံခါးဝသို႔ေရာက္သည္ႏွင့္ အရူးသဖြယ္ေျပးသြားကာ အခ်ိန္အေတာ္ၾကာပါကင္ထိုးထားသည့္ ဘတ္စ္ကားေပၚသို႔ တိုက္ရိုက္တက္လိုက္ေတာ့သည္။ ထိုလူေလးေယာက္ကို ဖယ္ထုတ္ပစ္ႏိုင္ၿပီးမွသာ သူ စိတ္သက္သာရာရသြားေလၿပီ။
ဘတ္စ္ကားေပၚမွာ လူေတာ္ေတာ္မ်ားမ်ားရိွႏွင့္ေနၿပီျဖစ္သည္။
စုခ်ီယြဲ႔ ေဘးမွာထိုင္ေနေသာ သက္လတ္ပိုင္းအမ်ိဳးသမီးက သူ႔ကိုျမင္ေသာအခါ အံ့အားသင့္ဟန္ျဖင့္ "မင္းလည္း အပိုဇာတ္ေကာင္အဖြဲ႔ထဲပါမလို႔လား"
"ဟုတ္ပါတယ္"
"မင္းက ဇာတ္လိုက္ျဖစ္ႏိုင္တယ္လို႔ ငါထင္ေနတာ" အမ်ိဳးသမီးက သူ႔ကို ၿပံဳးၿပံဳးေလးၾကၫ့္ရင္းေျပာလိုက္သည္။
စုခ်ီယြဲ႔ ဘယ္လိုျပန္ေျဖရမွန္းမသိေသာေၾကာင့္ ၿပံဳးရံုသာၿပံဳးေနလိုက္ေတာ့သည္။
"ေလာင္ေဝ့ ငါတို႔ ထန္ေဖးအေဆာက္အၪီးမွာ ကားရပ္မယ္လို႔ ေျပာထားခဲ့တာမဟုတ္ဘူးလား၊ ဘာလို႔ က်န္းခ်န္တကၠသိုလ္ဆီ ရုတ္တရက္ေျပာင္းသြားတာတုန္းဟ"
စုခ်ီယြဲ႔ သူ႔ဖုန္းကိုသာ ငံု႔ၾကၫ့္ေနခဲ့ၿပီး ကားေပၚရိွလူမ်ားစကားစျမည္ေျပာသံကို ၾကားေနရသည္။
"ယာယီအေျပာင္းအလဲရိွသြားလို႔ပဲ၊ ငါလည္းမတတ္ႏိုင္ဘူးေလ။ အားလံုးပဲ ငါ့ကိုခြင့္လႊတ္ၾကကြာ" ေလာင္ေဝ့က ရယ္ရယ္ေမာေမာေျပာကာ စုခ်ီယြဲ႔ဆီ မ်က္စိတစ္ဖက္မိွတ္ျပလိုက္ေသးသည္။
စုခ်ီယြဲ႔: ခင္ဗ်ားျပန္ေပးဆြဲခံရဖူးလားေနာ္? ဒါဆို ဘာလို႔ ကြၽန္ေတာ့္ဆီ မ်က္စိတစ္ဖက္မိွတ္ျပေနတာတုန္းလို႔!
စုခ်ီယြဲ႔ ေခါင္းလွည့္ၿပီး ဘတ္စ္ကားေနာက္မွလိုက္လာသည့္ အနက္ေရာင္မာစီဒီးကိုၾကၫ့္လိုက္သည္။ ေဟး... ၾကည့္ရတာေတာ့ ျပန္ေပးဆြဲခံရတဲ့သူက ေလာင္ေဝ့မဟုတ္ဘဲ စုခ်ီယြဲ႔လို႔ထင္ရတာပါေနာ္။
ဒီေလးေယာက္က ဘာျဖစ္ေနတာတုန္းဟ? ဘာလို႔သူ႔ေနာက္လိုက္ေနၾကတာလဲ!
ဘတ္စ္ကားမွာ လမ္းတစ္ေလ်ွာက္လံုး ယိမ္းထိုးသြားေနကာ က်န္းခ်န္ ေတာင္ဘက္ရိွ ေတာင္ထဲသို႔ ဝင္ေရာက္လာခဲ့သည္။ လမ္းက ၾကမ္းတမ္းေသာ္လည္း ရႈခင္းအလြန္လွေပသည္။
ငွက္မ်ားတက်ိက်ိျမည္တမ္းေနၿပီး၊ ပန္းမ်ားဖူးပြင့္ေနၾကသလို၊ အကိုင္းအခက္အရြက္မ်ားလည္း သဘာဝအေလ်ာက္စိမ္းလန္းေနၾကလ်က္။
ေနာက္ဆံုးတြင္မူ ရိုက္ကူးေရးေနရာကိုေရာက္ၿပီျဖစ္၍ စုခ်ီယြဲ႔လည္း လူအုပ္ႀကီးေနာက္သို႔လိုက္ကာ ကားေပၚမွဆင္းလိုက္ၿပီး အစီအစဉ္ကိုေစာင့္ဆိုင္းေနခဲ့သည္။
မၾကာမီတြင္ အျခားလူမ်ားကို ေခၚေဆာင္သြားၿပီး စုခ်ီယြဲ႔ တစ္ေယာက္တည္းက်န္ခဲ့ေလသည္။ လက္ေထာက္ဒါရိုက္တာဟူ၍ အမည္တပ္ထားေသာ လူတစ္ေယာက္က သူ႔ေရ႔ွမွာလာရပ္၍ သူ႔ကို အခ်ိန္အေတာ္ၾကာၾကည့္ေနၿပီးမွ "ေလာင္ေဝ့က ေတာ္တယ္ကြာ၊ အပိုဇာတ္ေကာင္အဖြဲ႔ထဲမွာ အမိုက္စားေလးရိွေနတာပဲေဟ့။ ဒါက ဘယ္လိုလုပ္ၿပီး အပိုဇာတ္ေကာင္ေလးျဖစ္ရမွာတုန္း? ဇာတ္ၫႊန္းေရးဆရာေတာင္မွ ဇာတ္ဝင္ခန္းေသးေသးေလးတစ္ခု ထပ္ထည့္ခ်င္သြားလိမ့္မွာ။ လာခဲ့၊ ဒါရိုက္တာနဲ႔ေတြ့ဖို႔ ငါ့ေနာက္လိုက္ခဲ့ကြာ"
စုခ်ီယြဲ႔: သူ႔ကို လူေတြက ရူးသြပ္စြာလိုက္ဖမ္းေနၾကတာ၊ ဒါဟာ ကံဆိုးျခင္းရဲ့ အစပဲလားေနာ္?
"စုခ်ီယြဲ႔ မေျပးနဲ႔!" သူမထြက္ခြာမီတြင္ က်ိဳးရွင္းယဲ့တို႔အဖြဲ႔က သူ႔ကို ေနာက္တစ္ႀကိမ္လိုက္ဖမ္းၾကျပန္သည္။
ဘယ္လိုလုပ္ၿပီး စုခ်ီယြဲ႔က သူတို႔စကားေတြကို နားေထာင္မွာလဲေနာ္။ ထိုလူေလးေယာက္ရဲ့ အသံမ်ား နီးသထက္ နီးလာေသာေၾကာင့္ သူလည္း အျမန္ေျပးရျပန္သည္။ သူမယံုပါဘူးေနာ္၊ ဒီေနရာမွာ လူအမ်ားႀကီးရိွတာေလ၊ ဒီလူေလးေယာက္က သူ႔ကို ဘာလုပ္ဝံ့မွာလဲ! ဒီလူေတြက ဒီလိုမ်ိဳး သူ႔ကိုဆက္လိုက္ဖမ္းေနမယ္ဆိုရင္ေတာ့ သူ ရဲေခၚလိုက္ေတာ့မယ္!
စုခ်ီယြဲ႔ ဤေနရာႏွင့္ မရင္းႏွီးေသာေၾကာင့္ လမ္းေၾကာင္းမွန္ကိုရွာလို႔မေတြ့ဘဲ သူ႔စိတ္ထဲတြင္ အေတြးႏွစ္ခုေပၚလာေလ၏ - ရုပ္ရွင္အဖြဲ႔သားေတြကို မထိခိုက္ေစနဲ႔၊ က်ိဳးရွင္းယဲ့တို႔အဖြဲ႔ သူ႔ကို ဖမ္းမမိေစနဲ႔။
သူျပန္လွည့္လွည့္ၾကည့္ေနသည္ေၾကာင့္ ေျခေခ်ာ္သြားကာ အရိွန္မထိန္းႏိုင္ေတာ့ဘဲ တစ္စံုတစ္ေယာက္၏ရင္ခြင္ထဲ ဝင္တိုက္မိသြားေလသည္။
စုခ်ီယြဲ႔ တဖက္လူဆီမွ ျပန္ဆုတ္ကာ ေတာင္းပန္ခ်င္ေပမယ့္ ထိုလူက သူ႔ေခါင္းကို ထိကိုင္ကာ သူ႔လည္ပင္းနားမွာ ဖိကပ္ထားလိုက္မယ္လို႔ မေမ်ွာ္လင့္ထားမိခဲ့ေပ။
သူ႔ႏွာေခါင္းဖ်ားမွ အကြၽမ္းတဝင္ရိွလွေသာ၊ ၾကည္လင္ေအးျမေသာရနံ႔ေလးကို ရလိုက္သလို သူ႔လက္ဖဝါးမ်ားကလည္း သန္မာေတာင့္တင္းေသာရင္ဘတ္ကို ထိမိေနၿပီး သူ႔ေခါင္းသည္လည္း ဆြဲေဆာင္မႈရိွေသာၫွပ္ရိုးေပၚမွာ ရိွေနေလ၏...
ထိုလူေျပာလိုက္ေသာစကားလံုးမ်ားပင္လ်ွင္ ေခ်ာကလက္ကဲ့သို႔၊ ခ်ိဳသာႏူးညံ့ေနၿပီး ညင္သာေနေလသည္ "လိမၼာတယ္ေနာ္ မလႈပ္နဲ႔…"
စာေရးသူမွာ ေျပာစရာရိွပါတယ္။
ထန္ယဲ့: လိမၼာတယ္ မလႈပ္နဲ႔ၪီး၊ ကိုယ့္ကို နည္းနည္းၾကာၾကာဖက္ခြင့္ေပးပါၪီး...
Thanks for reading!
အရမ္းၾကာသြားလို႔ေဆာရီးပါ အသဲေလးတို႔ေရ၊ အစက gpမွာ အပိုင္းမ်ားမ်ားတင္ၿပီးမွ ဖြင့္ေပးဖို႔လုပ္ထားတာ၊ ဒီလေတြထဲ နည္းနည္းျပႆနာေတြရႈပ္ေနလို႔ၾကာသြားတယ္ကြယ္။ ဒီၾကားထဲမွာ လူက ခဏခဏဖ်ားလိုက္၊ အလုပ္လည္းရႈပ္ေနၿပီးေတာ့... ကိုယ့္ဘဝမွာစိတ္ဆင္းရဲစရာေတြႀကံဳေနခဲ့ရတာ၊ ဘဝႀကီးကိုေလ ရုပ္ရွင္ေတြထဲကလို ျဖစ္ပ်က္လိမ့္မယ္လို႔ လံုးလံုးမထင္ထားမိခဲ့ဘူး။ အဲဒါေၾကာင့္ စာလည္းအမ်ားႀကီးမေရးျဖစ္ဘဲ ကိုယ့္စိတ္ကိုယ္healingျပန္လုပ္ေနခဲ့ရတာပါ။
အခုျပန္လာပါၿပီေနာ္... ေမ်ွာ္ေနၾကတဲ့သူရိွပါ့မလားေတာင္မသိဘူး 😅😅
You are reading the story above: TeenFic.Net