Unicode
ကားသည် အပန်းဖြေစခန်းသို့ တောက်လျှောက်မောင်းလာခဲ့ပြီး ထန်ယဲ့ နှင့် စုချီယွဲ့တို့၏ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းကိုလည်း ပြန်ဖွင့်ထားလိုက်လေပြီ။
တိုက်ရိုက်ထုတ်လွှင့်မှုတွင် ထန်ယဲ့နှင့် စုချီယွဲ့တို့ ဘေးကင်းစွာ ပေါ်ထွက်လာသည်ကို လူတိုင်းတွေ့လိုက်ရသောအခါ ဝမ်းသာအားရ ငိုကြွေးကြတော့သည်။
[ဝူး ဝူး ဝူး ဘာမှမဖြစ်လို့တော်ပါသေးရဲ့။ ငါအရမ်းကြောက်နေခဲ့တာ]
[ငါ ခုနက screen recordingကို ပြန်စစ်ကြည့်လိုက်တော့လေ စုချီယွဲ့ ကျိန်ဆဲထားတဲ့အပိုင်းက အရမ်းရယ်စရာကောင်းတာပဲဟ]
[ငါ့ရဲ့ စုရှင်းထန်က အစစ်အမှန်ပဲ၊ ရဲရင့်ပြီး အခက်အခဲတွေကို မကြောက်ဘူး!]
ထန်ယဲ့ နှင့် စုချီယွဲ့ ကားပေါ်မှဆင်းလိုက်ကာ ဝန်ထမ်းများနှင့်အတူ ဝယ်လာသည့်ပစ္စည်းများကို သယ်ထုတ်လိုက်သည်။
"လူတိုင်းကို ခွဲဝေပေးလိုက်ပါ"
ထန်ယဲ့ ပြောလိုက်ကာ သူနှင့် စုချီယွဲ့တို့၏ ဝေစုကို ယူပြီးနောက် စုချီယွဲ့ကို ဆွဲခေါ်သွားကာ ဆက်မောင်းသွားခဲ့သည်။
ယခုတစ်ကြိမ်မှာတော့ သူတို့နှစ်ယောက် တခြားဘယ်မှမသွားတော့ဘဲ မြစ်ဆီသို့ ဦးတည်သွားခဲ့သည်။
ရှိုးရိုက်နေသည်ဖြစ်သောကြောင့် ဤနှစ်ရက်အတွင်း သစ်တောခြံနှင့် အပန်းဖြေစခန်းတစ်ခုလုံးတွင် ခရီးသွားများမရှိကြ၊ တာ့ယန့်တောင်အောက် တာ့ယန့်မြစ်အနီးအနားတွင် လူအများကြီးရှိမနေပေ။
စုချီယွဲ့ သူတို့ယူလာသမျှကိုကြည့်ပြီး
"အသားကင်ရအောင်"
"အိုကေ"
သူတို့နှစ်ယောက်ပြောသည့်အတိုင်း စုချီယွဲ့က အသားကင်ရန် ပစ္စည်းများကို နေရာချစဥ် ထန်ယဲ့က မီးသွေးအသားကင်ဖိုကိုဆင်လိုက်သည်။
နှစ်ယောက်လုံး ပြင်ဆင်လှုပ်ရှားကြသည်မှာ အလွန်မြန်ဆန်ကြ၍ မကြာမီ အမဲသားနှင့် သိုးသားတံစို့များ အသားကင်ဖိုပေါ်တွင် ပေါ်လာပြီး ဟင်းခတ်အမွှေးအကြိုင်များဖြူးလိုက်သဖြင့် အနံ့မွှေးကြိုင်လာလေ၏။
"ခင်ဗျားလုပ်ထားတဲ့ ဟင်းခတ်အမွှေးအကြိုင်တွေက တကယ်ကောင်းလိုက်တာဗျာ၊ အသားကင်ဆိုင်ထက် လုံးဝမညံ့ဘူး"
စုချီယွဲ့ ရက်ရက်ရောရော ချီးကျူးလိုက်ကာ
"ခင်ဗျားပြောတော့ ပိတ်ရက်တွေမှာ ဒါတွေလုပ်ဖို့ အခွင့်အရေးမရှိဘူးဆို၊ ခင်ဗျား ဘာမဆိုလုပ်နိုင်တယ်လို့ ကျွန်တော် ဘာလို့ခံစားနေမိတာလဲနော်?"
ထန်ယဲ့ ဟင်းခတ်အမွှေးအကြိုင်သုတ်လိမ်းနေလျက်။ စုချီယွဲ့ မေးလာသည့်အခါ သူ့လှုပ်ရှားမှုများကို ရပ်တန့်လိုက်ပြီး
"အစားအသောက်နဲ့ အဝတ်အစားတွေ လုံလုံလောက်လောက်ရဖို့ ကိုယ့်အားကိုယ်ကိုးရမယ်လေ"
"ခင်ဗျားပြောတာမှန်တယ်"
စုချီယွဲ့ အသားကင်တံများကို လှန်လိုက်ပြီး ကျက်သွားပြီးဖြစ်သောအသားကင်တံကိုယူကာ လေမှုတ်ပြီးနောက် ထန်ယဲ့ပါးစပ်ဆီသို့ ကပ်ပေးလိုက်၏။
"မြန်မြန်မြည်းကြည့်"
ထန်ယဲ့က သူ့၏ စိတ်အားထက်သန်နေသော မျက်လုံးများကို ကြည့်ပြီး
"အရသာရှိတယ်"
စုချီယွဲ့ အလွန်ပျော်ရွှင်သွားကာ စတင်စားသောက်ပါတော့သည်။
သူက ထန်ယဲ့စားသလိုမျိုး ကြော့ရှင်းမနေပေ။ အသားကင်တံတွေစားနေတာလေ၊ သင့်လျော်တဲ့ ကိုယ်နေဟန်ထားရှိရမှာပေါ့လို့...
ထန်ယဲ့လည်း ပျော်ရွှင်စွာ စားသောက်နေသော စုချီယွဲ့ကို ကြည့်၍ သူ့နှုတ်ခမ်းထောင့်များ မြင့်တက်လာလေ၏။
တောင်တန်းများကို နောက်ခံအဖြစ်ထား၍ မြစ်ရေက ခြေဖဝါးအောက်မှာ စီးဆင်းနေလျက်၊ နေရောင်ခြည်က မြစ်ရေမျက်နှာပြင်ပေါ်မှာ တောက်ပနေပြီး မြစ်ရေမျက်နှာပြင်ကို ရွှေရောင်အလွှာဖြင့် လွှမ်းခြုံထားသည့်နှယ်။
လူနှစ်ယောက်က နေရောင်ခြည်ဖြင့် နွေးထွေးနေသော ကျောက်စရစ်ခဲများပေါ်တွင် ထိုင်နေပြီး တစ်ယောက်ကိုတစ်ယောက် ကျွေးမွေးနေကြကာ စားသောက်ရင်း ရယ်ရယ်မောမော စကားစမြည်ပြောနေကြ၏။ မြင်ကွင်းမှာ နွေးထွေးပြီး လှပလွန်းနေလေရဲ့။
စုချီယွဲ့ ပါးစပ်မှာ ဇီယာစေ့တစ်စေ့ ကပ်နေတာကြောင့် ထန်ယဲ့လည်း သဘာဝကျကျပင် သူ့အတွက် သုတ်ပေးလိုက်သည်။
စုချီယွဲ့ သူ့ပါးစပ်ထောင့်စွန်းမှာ တရွရွဖြစ်သွားသည်ကိုသာ ခံစားလိုက်ရပြီး ခဏတဖြုတ် အံ့အားသင့်သွားရလျက်။ ထန်ယဲ့၏ လက်ချောင်းအထိအတွေ့ဟာ သူ့နှုတ်ခမ်းပေါ်မှာ ကျန်နေသေးပုံရသည်။ ထို့နောက် သူက ချက်ချင်းပြုံးလိုက်ကာ
"ခင်ဗျားကတော့ အရည်အချင်းပြည့်ဝတဲ့ချစ်သူကောင်လေးပါပဲဗျာ"
"ဒီနေ့အတွက် ကိုယ် တောင်းပန်ပါတယ်၊ ကိုယ်..."
ထန်ယဲ့ တောင်းပန်လိုက်သည်။
စုချီယွဲ့ လက်ကိုဆန့်၍ သူ့ပါးစပ်ကို ဖုံးအုပ်လိုက်ပြီး မျက်ခုံးတွေကိုဖြေလျော့လျက်
"ပြေးနေရင်တောင် ခင်ဗျားနဲ့အတူတူပြေးရတာ ချိုမြိန်တယ်ဆိုတာ ခင်ဗျားသိရမယ်နော်"
[အား အား အား ဒါက ဘယ်လိုတောင်ပြီးပြည့်စုံတဲ့ CPလေးလဲလို့ ! ! ! ]
[ဖာ့ခ် ဖာ့ခ် အရမ်းချိုတာပဲ၊ ငါ့ကိုသတ်နေကြပြီဟ]
[Kswl kswl၊ ကျေးဇူးပြုပြီး ဒီနေရာမှာပဲ လက်ထပ်လိုက်ကြပါတော့!]
နောက်တစ်နေ့မနက်စောစောတွင် ပရိုဂရမ်၏ ပထမပိုင်းရိုက်ကူးမှုပြီးစီးသွားချေပြီ။ စုချီယွဲ့နှင့် ထန်ယဲ့တို့က အခြားဧည့်သည်အဖွဲ့တွေ ဘယ်လိုနေထိုင်ကြသလဲဆိုသည်ကို ဂရုမစိုက်ကြချေ။
တိုတိုပြောရရင် ထန်ယဲ့အတွက်တော့ ဒီခရီးစဉ်က အတော်လေးကျေနပ်အားရစရာကောင်းခဲ့ပြီးတော့ နောက်အပိုင်းကို စောင့်မျှော်နေပြီလေ။
လူတိုင်း အသီးသီးအလုပ်ရှိကြသဖြင့် တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားကြသည်။
စုချီယွဲ့သည် ထန်ယဲ့က သူနှင့် လေယာဉ်တစ်စီးတည်းဖြစ်နေမှန်း တွေ့လိုက်ရသည့်အခါ အံ့အားသင့်သွားရလျက်။
"ခင်ဗျား ရုပ်ရှင်သွားမရိုက်ရဘူးလား? ပြီးသွားပြီလားဟင်?"
"မပြီးသေးဘူး၊ မကြာခင်ပေါ့"
ထန်ယဲ့ ဆက်ပြောလိုက်၏။
"ကိုယ်အိမ်ပြန်ပြီး ကိုင်တွယ်ရမယ့်ကိစ္စတွေရှိသေးလို့"
လေယာဉ်ပေါ်တက်ပြီးနောက် ကျန်းဇီဖင်းလည်း သူတို့ဘေးမှာ ထိုင်နေသည်ကို စုချီယွဲ့ တွေ့ရှိလိုက်ရသည်။
ထန်ယဲ့ရောက်ပြီးနောက် သူသည်လည်း ကျန်းဇီဖင်းကို သိပ်အာရုံမစိုက်ဖြစ်ပေ။ သူ့အပေါ် အကြမ်းဖျင်းထင်မြင်ချက်သာရှိပြီး စုချီယွဲ့နောက်ကိုလိုက်ဖမ်းတဲ့သူတွေ ဘယ်လိုပုံစံရှိသလဲဆိုတာကို သူ မေ့နေခဲ့တာကြာပြီလေ။
ကျန်းဇီဖင်းက ယခုကဲ့သို့ စုချီယွဲ့ကို စိုက်ကြည့်နေသည်ကို ထန်ယဲ့မြင်လိုက်ရသည့်အခါ ရုတ်တရက် တစ်ခုခုကို သတိရသွားပြီး
"မင်း သူ့ကို ကြိုက်နေတာလား?"
တစ်ယောက်ယောက်ကို သဘောကျနေမှ ဒီလိုပုံစံနဲ့ ကြည့်နေမှာလေ။ ပြီးတော့ သူ(JZP)က စုချီယွဲ့ကို မချစ်ရဘူး ဒါမှမဟုတ် တစ်ခုခုကိုမလုပ်ရဘူး ပြောထားတာကို သူ(TY)ပြန်မှတ်မိသွားပြီ။
"ကျွန်တော်က သူ့ကို ဘယ်လိုလုပ်ကြိုက်နိုင်မှာလဲ?"
"အိုး အချစ်မဟုတ်ဘူးပေါ့?"
ထန်ယဲ့ သဘောပေါက်သွားလေပြီ။
ကျန်းဇီဖင်း အသက်ပြင်းပြင်းရှုလိုက်ရပြီး
"ထန်လောင်ရှီး စုချီယွဲ့က ဘယ်လိုလူမျိုးလဲဆိုတာ ခင်ဗျားသိရဲ့လား?"
ထန်ယဲ့ : "ငါ ကောင်းကောင်းသိတယ်ထင်တယ်"
"ခင်ဗျား မသိပါဘူး၊ သူက အမှိုက်ကောင်၊ ပလေးဘွိုင်းပဲ။ သူ့ရဲ့ အကျိုးအမြတ်အတွက် နေရာတိုင်း ပရော်ပရည်လုပ်နေတာ!"
ကျန်းဇီဖင်း ခါးခါးသီးသီးပြောလိုက်သည်။
စုချီယွဲ့ နားထောင်ရတာ မပျော်တော့ပေ။
"ငါ မင်းကို အသရေဖျက်မှုနဲ့ တရားစွဲမယ်!"
ကျန်းဇီဖင်း သူ့ကို စူးစိုက်ကြည့်ပြီးနောက် ထန်ယဲ့ကို စိတ်ရင်းမှန်ဖြင့် ပြောလာပြန်သည်။
"ထန်လောင်ရှီး အချိန်ရှိလားမသိဘူး၊ ကျွန်တော့်သူငယ်ချင်းတချို့က ခင်ဗျားကိုတွေ့ချင်နေတာ။ ခင်ဗျား တကယ် စုချီယွဲ့နဲ့ အတူရှိလို့မရဘူးနော်။ သူက ခင်ဗျားကို ထိခိုက်စေလိမ့်မယ်"
စုချီယွဲ့ : "ငါ အသံသွင်းထားတယ်နော်။ နောက်ကျ မင်းကို တရားစွဲပစ်မယ်"
ကျန်းဇီဖင်း ပါးစပ်ပိတ်လိုက်ကာ ထန်ယဲ့ကိုသာ ဆက်ကြည့်နေလျက်။
ထန်ယဲ့ : "မင်းကဒီလိုပြောလာတော့... ဒီတော့ ငါလည်း တခါတည်းပြောလိုက်မယ်၊ ငါကိုယ်တိုင်က သူ့ကြောင့် ထိခိုက်နာကျင်ရလည်း ဆန္ဒရှိတယ်လို့"
ကျန်းဇီဖင်း : ... ဒါက မျှော်လင့်ချက်မရှိတော့ဘူးဟ!
လမ်းတစ်လျှောက်လုံး ကျန်းဇီဖင်းမျက်နှာမှာ သူ့အသက်အရွယ်နှင့် မလိုက်မဖက် ဝမ်းနည်းနေပြီး သက်ပြင်းအခါခါချနေလျက်။ စုချီယွဲ့ ထပ်ပြီးသည်းမခံနိုင်တော့ပေ။
ထန်ယဲ့ပဲ အမြဲတမ်း ကိစ္စများကိုကိုင်တွယ်နေရသည်ကို မြင်သောအခါ စုချီယွဲ့က ကျန်းဇီဖင်းနှင့် စကားပြောရန် သွားလိုက်သည်။
"ငါပြောမယ် မင်း မပင်ပန်းဘူးလား?"
စုချီယွဲ့ ဆက်ပြောလိုက်၏။
"မင်း ငါ့ကို ဘာလို့အရမ်းမုန်းနေလဲဆိုတာ ငါမသိဘူး။ မင်းမျက်လုံးတွေက မုန်းတီးမှုတွေပြည့်နေတာပဲ။ ငါ မင်းကို ပြောလိုက်ပါဦးမယ်၊ မင်းက အသက်ငယ်သေးတယ်၊ ရှေ့ဆက်ရမယ့်ဘဝနဲ့ အသက်မွေးဝမ်းကြောင်းအလုပ်လဲရှိတယ်၊ ဘယ်ဟာက ပိုအရေးကြီးသလဲ။ ပစ္စည်းတစ်ခုခု၊ လူတစ်ယောက်ယောက်ကို ငြိတွယ်နေစရာမလိုဘူးလေ၊ မင်း မပင်ပန်းဘူးလား? တစ်ခါတလေ မင်း သင့်လျော်တဲ့အချိန်မှာလွှတ်ချလိုက်ရင် မင်းရဲ့စိတ်လည်း ပွင့်သွားလိမ့်မယ်။ တစ်ခါတလေ မင်းက တစ်ခုခုအပေါ်မှာ ဆုပ်ကိုင်ထားရင် မင်းရဲ့ မူလလမ်းကြောင်းလည်း ပြောင်းလဲသွားလိမ့်မယ်နော်"
ကျန်းဇီဖင်းက သူ့စကားများကို တွေးကြည့်လိုက်သည့်အခါ ဤစကားတွေထဲမှာ အမှန်တရားတချို့ရှိနေကြောင်း ခံစားလိုက်ရသော်ငြား စုချီယွဲ့ ဆက်ပြောလာခဲ့သည်။
"ဥပမာပြောရရင်ကွာ မင်း မနက်ဖြန် ၅ သန်းဆုပေါက်နိုင်တယ်ဆိုပါစို့၊ ဒါပေမယ့် ဒီနေ့ မင်း ငါနဲ့ရန်ဖြစ်ပြီး စိတ်တိုလွန်းလို့ မနက်ဖြန် မင်းနေမကောင်းဖြစ်သွားတယ်ပေါ့၊ ပြီးတော့ မင်းရဲ့ ထီထိုးမယ့်အစီအစဉ်လည်း ပျက်သွားလို့ အဲဒီ ၅ သန်းဆုကို လွတ်သွားတယ်ကွာ၊ ဒီတော့ အကျိုးအမြတ်ထက် ဆုံးရှုံးမှုကပိုများသွားတယ်လို့ မင်းထင်လား?"
ကျန်းဇီဖင်းက သူ့ကို ပြင်းပြင်းထန်ထန် စိုက်ကြည့်လိုက်သည်။ ဒါက ဘယ်လိုတောင် ဆိုးဝါးလိုက်တဲ့ ဥပမာမျိုးလဲကွ? သူ ဘယ်တုန်းက နေမကောင်းဖြစ်လောက်အောင် ဒေါသထွက်လို့လဲ?
xxx
Zawgyi
ကားသည္ အပန္းေျဖစခန္းသို႔ ေတာက္ေလ်ွာက္ေမာင္းလာခဲ့ၿပီး ထန္ယဲ့ ႏွင့္ စုခ်ီယြဲ႔တို႔၏ တိုက္ရိုက္ထုတ္လႊင့္မႈအခန္းကိုလည္း ျပန္ဖြင့္ထားလိုက္ေလၿပီ။
တိုက္ရိုက္ထုတ္လႊင့္မႈတြင္ ထန္ယဲ့ႏွင့္ စုခ်ီယြဲ႔တို႔ ေဘးကင္းစြာ ေပၚထြက္လာသည္ကို လူတိုင္းေတြ့လိုက္ရေသာအခါ ဝမ္းသာအားရ ငိုေႂကြးၾကေတာ့သည္။
[ဝူး ဝူး ဝူး ဘာမွမျဖစ္လို႔ေတာ္ပါေသးရဲ့။ ငါအရမ္းေၾကာက္ေနခဲ့တာ]
[ငါ ခုနက screen recordingကို ျပန္စစ္ၾကည့္လိုက္ေတာ့ေလ စုခ်ီယြဲ႔ က်ိန္ဆဲထားတဲ့အပိုင္းက အရမ္းရယ္စရာေကာင္းတာပဲဟ]
[ငါ့ရဲ့ စုရွင္းထန္က အစစ္အမွန္ပဲ၊ ရဲရင့္ၿပီး အခက္အခဲေတြကို မေၾကာက္ဘူး!]
ထန္ယဲ့ ႏွင့္ စုခ်ီယြဲ႔ ကားေပၚမွဆင္းလိုက္ကာ ဝန္ထမ္းမ်ားႏွင့္အတူ ဝယ္လာသည့္ပစၥည္းမ်ားကို သယ္ထုတ္လိုက္သည္။
"လူတိုင္းကို ခြဲေဝေပးလိုက္ပါ"
ထန္ယဲ့ ေျပာလိုက္ကာ သူႏွင့္ စုခ်ီယြဲ႔တို႔၏ ေဝစုကို ယူၿပီးေနာက္ စုခ်ီယြဲ႔ကို ဆြဲေခၚသြားကာ ဆက္ေမာင္းသြားခဲ့သည္။
ယခုတစ္ႀကိမ္မွာေတာ့ သူတို႔ႏွစ္ေယာက္ တျခားဘယ္မွမသြားေတာ့ဘဲ ျမစ္ဆီသို႔ ၪီးတည္သြားခဲ့သည္။
ရိႈးရိုက္ေနသည္ျဖစ္ေသာေၾကာင့္ ဤႏွစ္ရက္အတြင္း သစ္ေတာၿခံႏွင့္ အပန္းေျဖစခန္းတစ္ခုလံုးတြင္ ခရီးသြားမ်ားမရိွၾက၊ တာ့ယန္႔ေတာင္ေအာက္ တာ့ယန္႔ျမစ္အနီးအနားတြင္ လူအမ်ားႀကီးရိွမေနေပ။
စုခ်ီယြဲ႔ သူတို႔ယူလာသမ်ွကိုၾကၫ့္ၿပီး
"အသားကင္ရေအာင္"
"အိုေက"
သူတို႔ႏွစ္ေယာက္ေျပာသၫ့္အတိုင္း စုခ်ီယြဲ႔က အသားကင္ရန္ ပစၥည္းမ်ားကို ေနရာခ်စဥ္ ထန္ယဲ့က မီးေသြးအသားကင္ဖိုကိုဆင္လိုက္သည္။
ႏွစ္ေယာက္လံုး ျပင္ဆင္လႈပ္ရွားၾကသည္မွာ အလြန္ျမန္ဆန္ၾက၍ မၾကာမီ အမဲသားႏွင့္ သိုးသားတံစို႔မ်ား အသားကင္ဖိုေပၚတြင္ ေပၚလာၿပီး ဟင္းခတ္အေမႊးအႀကိဳင္မ်ားျဖဴးလိုက္သျဖင့္ အနံ႔ေမႊးႀကိဳင္လာေလ၏။
"ခင္ဗ်ားလုပ္ထားတဲ့ ဟင္းခတ္အေမႊးအႀကိဳင္ေတြက တကယ္ေကာင္းလိုက္တာဗ်ာ၊ အသားကင္ဆိုင္ထက္ လံုးဝမညံ့ဘူး"
စုခ်ီယြဲ႔ ရက္ရက္ေရာေရာ ခ်ီးက်ူးလိုက္ကာ
"ခင္ဗ်ားေျပာေတာ့ ပိတ္ရက္ေတြမွာ ဒါေတြလုပ္ဖို႔ အခြင့္အေရးမရိွဘူးဆို၊ ခင္ဗ်ား ဘာမဆိုလုပ္ႏိုင္တယ္လို႔ ကြၽန္ေတာ္ ဘာလို႔ခံစားေနမိတာလဲေနာ္?"
ထန္ယဲ့ ဟင္းခတ္အေမႊးအႀကိဳင္သုတ္လိမ္းေနလ်က္။ စုခ်ီယြဲ႔ ေမးလာသည့္အခါ သူ႔လႈပ္ရွားမႈမ်ားကို ရပ္တန္႔လိုက္ၿပီး
"အစားအေသာက္နဲ႔ အဝတ္အစားေတြ လံုလံုေလာက္ေလာက္ရဖို႔ ကိုယ့္အားကိုယ္ကိုးရမယ္ေလ"
"ခင္ဗ်ားေျပာတာမွန္တယ္"
စုခ်ီယြဲ႔ အသားကင္တံမ်ားကို လွန္လိုက္ၿပီး က်က္သြားၿပီးျဖစ္ေသာအသားကင္တံကိုယူကာ ေလမႈတ္ၿပီးေနာက္ ထန္ယဲ့ပါးစပ္ဆီသို႔ ကပ္ေပးလိုက္၏။
"ျမန္ျမန္ျမည္းၾကည့္"
ထန္ယဲ့က သူ႔၏ စိတ္အားထက္သန္ေနေသာ မ်က္လံုးမ်ားကို ၾကၫ့္ၿပီး
"အရသာရိွတယ္"
စုခ်ီယြဲ႔ အလြန္ေပ်ာ္ရႊင္သြားကာ စတင္စားေသာက္ပါေတာ့သည္။
သူက ထန္ယဲ့စားသလိုမ်ိဳး ေၾကာ့ရွင္းမေနေပ။ အသားကင္တံေတြစားေနတာေလ၊ သင့္ေလ်ာ္တဲ့ ကိုယ္ေနဟန္ထားရိွရမွာေပါ့လို႔...
ထန္ယဲ့လည္း ေပ်ာ္ရႊင္စြာ စားေသာက္ေနေသာ စုခ်ီယြဲ႔ကို ၾကၫ့္၍ သူ႔ႏႈတ္ခမ္းေထာင့္မ်ား ျမင့္တက္လာေလ၏။
ေတာင္တန္းမ်ားကို ေနာက္ခံအျဖစ္ထား၍ ျမစ္ေရက ေျခဖဝါးေအာက္မွာ စီးဆင္းေနလ်က္၊ ေနေရာင္ျခည္က ျမစ္ေရမ်က္ႏွာျပင္ေပၚမွာ ေတာက္ပေနၿပီး ျမစ္ေရမ်က္ႏွာျပင္ကို ေရႊေရာင္အလႊာျဖင့္ လႊမ္းၿခံဳထားသည့္ႏွယ္။
လူႏွစ္ေယာက္က ေနေရာင္ျခည္ျဖင့္ ေနြးေထြးေနေသာ ေက်ာက္စရစ္ခဲမ်ားေပၚတြင္ ထိုင္ေနၿပီး တစ္ေယာက္ကိုတစ္ေယာက္ ေကြၽးေမြးေနၾကကာ စားေသာက္ရင္း ရယ္ရယ္ေမာေမာ စကားစျမည္ေျပာေနၾက၏။ ျမင္ကြင္းမွာ ေနြးေထြးၿပီး လွပလြန္းေနေလရဲ့။
စုခ်ီယြဲ႔ ပါးစပ္မွာ ဇီယာေစ့တစ္ေစ့ ကပ္ေနတာေၾကာင့္ ထန္ယဲ့လည္း သဘာဝက်က်ပင္ သူ႔အတြက္ သုတ္ေပးလိုက္သည္။
စုခ်ီယြဲ႔ သူ႔ပါးစပ္ေထာင့္စြန္းမွာ တရြရျြဖစ္သြားသည္ကိုသာ ခံစားလိုက္ရၿပီး ခဏတျဖဳတ္ အံ့အားသင့္သြားရလ်က္။ ထန္ယဲ့၏ လက္ေခ်ာင္းအထိအေတြ့ဟာ သူ႔ႏႈတ္ခမ္းေပၚမွာ က်န္ေနေသးပံုရသည္။ ထို႔ေနာက္ သူက ခ်က္ခ်င္းၿပံဳးလိုက္ကာ
"ခင္ဗ်ားကေတာ့ အရည္အခ်င္းျပည့္ဝတဲ့ခ်စ္သူေကာင္ေလးပါပဲဗ်ာ"
"ဒီေန့အတြက္ ကိုယ္ ေတာင္းပန္ပါတယ္၊ ကိုယ္..."
ထန္ယဲ့ ေတာင္းပန္လိုက္သည္။
စုခ်ီယြဲ႔ လက္ကိုဆန္႔၍ သူ႔ပါးစပ္ကို ဖံုးအုပ္လိုက္ၿပီး မ်က္ခံုးေတြကိုေျဖေလ်ာ့လ်က္
"ေျပးေနရင္ေတာင္ ခင္ဗ်ားနဲ႔အတူတူေျပးရတာ ခ်ိဳၿမိန္တယ္ဆိုတာ ခင္ဗ်ားသိရမယ္ေနာ္"
[အား အား အား ဒါက ဘယ္လိုေတာင္ၿပီးျပည့္စံုတဲ့ CPေလးလဲလို႔ ! ! ! ]
[ဖာ့ခ္ ဖာ့ခ္ အရမ္းခ်ိဳတာပဲ၊ ငါ့ကိုသတ္ေနၾကၿပီဟ]
[Kswl kswl၊ ေက်းဇူးျပဳျပီး ဒီေနရာမွာပဲ လက္ထပ္လိုက္ၾကပါေတာ့!]
ေနာက္တစ္ေန့မနက္ေစာေစာတြင္ ပရိုဂရမ္၏ ပထမပိုင္းရိုက္ကူးမႈၿပီးစီးသြားေခ်ၿပီ။ စုခ်ီယြဲ႔ႏွင့္ ထန္ယဲ့တို႔က အျခားဧည့္သည္အဖြဲ႔ေတြ ဘယ္လိုေနထိုင္ၾကသလဲဆိုသည္ကို ဂရုမစိုက္ၾကေခ်။
တိုတိုေျပာရရင္ ထန္ယဲ့အတြက္ေတာ့ ဒီခရီးစဉ္က အေတာ္ေလးေက်နပ္အားရစရာေကာင္းခဲ့ၿပီးေတာ့ ေနာက္အပိုင္းကို ေစာင့္ေမ်ွာ္ေနၿပီေလ။
လူတိုင္း အသီးသီးအလုပ္ရိွၾကသျဖင့္ တစ္ေယာက္ၿပီးတစ္ေယာက္ ထြက္ခြာသြားၾကသည္။
စုခ်ီယြဲ႔သည္ ထန္ယဲ့က သူႏွင့္ ေလယာဉ္တစ္စီးတည္းျဖစ္ေနမွန္း ေတြ့လိုက္ရသည့္အခါ အံ့အားသင့္သြားရလ်က္။
"ခင္ဗ်ား ရုပ္ရွင္သြားမရိုက္ရဘူးလား? ၿပီးသြားၿပီလားဟင္?"
"မၿပီးေသးဘူး၊ မၾကာခင္ေပါ့"
ထန္ယဲ့ ဆက္ေျပာလိုက္၏။
"ကိုယ္အိမ္ျပန္ၿပီး ကိုင္တြယ္ရမယ့္ကိစၥေတြရိွေသးလို႔"
ေလယာဉ္ေပၚတက္ၿပီးေနာက္ က်န္းဇီဖင္းလည္း သူတို႔ေဘးမွာ ထိုင္ေနသည္ကို စုခ်ီယြဲ႔ ေတြ့ရိွလိုက္ရသည္။
ထန္ယဲ့ေရာက္ၿပီးေနာက္ သူသည္လည္း က်န္းဇီဖင္းကို သိပ္အာရံုမစိုက္ျဖစ္ေပ။ သူ႔အေပၚ အၾကမ္းဖ်င္းထင္ျမင္ခ်က္သာရိွၿပီး စုခ်ီယြဲ႔ေနာက္ကိုလိုက္ဖမ္းတဲ့သူေတြ ဘယ္လိုပံုစံရိွသလဲဆိုတာကို သူ ေမ့ေနခဲ့တာၾကာၿပီေလ။
က်န္းဇီဖင္းက ယခုကဲ့သို႔ စုခ်ီယြဲ႔ကို စိုက္ၾကၫ့္ေနသည္ကို ထန္ယဲ့ျမင္လိုက္ရသည့္အခါ ရုတ္တရက္ တစ္ခုခုကို သတိရသြားၿပီး
"မင္း သူ႔ကို ႀကိဳက္ေနတာလား?"
တစ္ေယာက္ေယာက္ကို သေဘာက်ေနမွ ဒီလိုပံုစံနဲ႔ ၾကၫ့္ေနမွာေလ။ ၿပီးေတာ့ သူ(JZP)က စုခ်ီယြဲ႔ကို မခ်စ္ရဘူး ဒါမွမဟုတ္ တစ္ခုခုကိုမလုပ္ရဘူး ေျပာထားတာကို သူ(TY)ျပန္မွတ္မိသြားၿပီ။
က်န္းဇီဖင္း အရူးအမူး ေခါင္းခါလိုက္၏။
"ကြၽန္ေတာ္က သူ႔ကို ဘယ္လိုလုပ္ႀကိဳက္ႏိုင္မွာလဲ?"
"အိုး အခ်စ္မဟုတ္ဘူးေပါ့?"
ထန္ယဲ့ သေဘာေပါက္သြားေလၿပီ။
က်န္းဇီဖင္း အသက္ျပင္းျပင္းရႈလိုက္ရၿပီး
"ထန္ေလာင္ရွီး စုခ်ီယြဲ႔က ဘယ္လိုလူမ်ိဳးလဲဆိုတာ ခင္ဗ်ားသိရဲ့လား?"
ထန္ယဲ့ : "ငါ ေကာင္းေကာင္းသိတယ္ထင္တယ္"
"ခင္ဗ်ား မသိပါဘူး၊ သူက အမိႈက္ေကာင္၊ ပေလးဘြိုင္းပဲ။ သူ႔ရဲ့ အက်ိဳးအျမတ္အတြက္ ေနရာတိုင္း ပေရာ္ပရည္လုပ္ေနတာ!"
က်န္းဇီဖင္း ခါးခါးသီးသီးေျပာလိုက္သည္။
စုခ်ီယြဲ႔ နားေထာင္ရတာ မေပ်ာ္ေတာ့ေပ။
"ငါ မင္းကို အသေရဖ်က္မႈနဲ႔ တရားစြဲမယ္!"
က်န္းဇီဖင္း သူ႔ကို စူးစိုက္ၾကၫ့္ၿပီးေနာက္ ထန္ယဲ့ကို စိတ္ရင္းမွန္ျဖင့္ ေျပာလာျပန္သည္။
"ထန္ေလာင္ရွီး အခ်ိန္ရိွလားမသိဘူး၊ ကြၽန္ေတာ့္သူငယ္ခ်င္းတခ်ိဳ႕က ခင္ဗ်ားကိုေတြ့ခ်င္ေနတာ။ ခင္ဗ်ား တကယ္ စုခ်ီယြဲ႔နဲ႔ အတူရိွလို႔မရဘူးေနာ္။ သူက ခင္ဗ်ားကို ထိခိုက္ေစလိမ့္မယ္"
စုခ်ီယြဲ႔ : "ငါ အသံသြင္းထားတယ္ေနာ္။ ေနာက္က် မင္းကို တရားစြဲပစ္မယ္"
က်န္းဇီဖင္း ပါးစပ္ပိတ္လိုက္ကာ ထန္ယဲ့ကိုသာ ဆက္ၾကၫ့္ေနလ်က္။
ထန္ယဲ့ : "မင္းကဒီလိုေျပာလာေတာ့... ဒီေတာ့ ငါလည္း တခါတည္းေျပာလိုက္မယ္၊ ငါကိုယ္တိုင္က သူ႔ေၾကာင့္ ထိခိုက္နာက်င္ရလည္း ဆႏၵရိွတယ္လို႔"
က်န္းဇီဖင္း : ... ဒါက ေမ်ွာ္လင့္ခ်က္မရိွေတာ့ဘူးဟ!
လမ္းတစ္ေလ်ွာက္လံုး က်န္းဇီဖင္းမ်က္ႏွာမွာ သူ႔အသက္အရြယ္ႏွင့္ မလိုက္မဖက္ ဝမ္းနည္းေနၿပီး သက္ျပင္းအခါခါခ်ေနလ်က္။ စုခ်ီယြဲ႔ ထပ္ၿပီးသည္းမခံႏိုင္ေတာ့ေပ။
ထန္ယဲ့ပဲ အၿမဲတမ္း ကိစၥမ်ားကိုကိုင္တြယ္ေနရသည္ကို ျမင္ေသာအခါ စုခ်ီယြဲ႔က က်န္းဇီဖင္းႏွင့္ စကားေျပာရန္ သြားလိုက္သည္။
"ငါေျပာမယ္ မင္း မပင္ပန္းဘူးလား?"
စုခ်ီယြဲ႔ ဆက္ေျပာလိုက္၏။
"မင္း ငါ့ကို ဘာလို႔အရမ္းမုန္းေနလဲဆိုတာ ငါမသိဘူး။ မင္းမ်က္လံုးေတြက မုန္းတီးမႈေတျြပၫ့္ေနတာပဲ။ ငါ မင္းကို ေျပာလိုက္ပါၪီးမယ္၊ မင္းက အသက္ငယ္ေသးတယ္၊ ေရ႔ွဆက္ရမယ့္ဘဝနဲ႔ အသက္ေမြးဝမ္းေၾကာင္းအလုပ္လဲရိွတယ္၊ ဘယ္ဟာက ပိုအေရးႀကီးသလဲ။ ပစၥည္းတစ္ခုခု၊ လူတစ္ေယာက္ေယာက္ကို ၿငိတြယ္ေနစရာမလိုဘူးေလ၊ မင္း မပင္ပန္းဘူးလား? တစ္ခါတေလ မင္း သင့္ေလ်ာ္တဲ့အခ်ိန္မွာလႊတ္ခ်လိုက္ရင္ မင္းရဲ့စိတ္လည္း ပြင့္သြားလိမ့္မယ္။ တစ္ခါတေလ မင္းက တစ္ခုခုအေပၚမွာ ဆုပ္ကိုင္ထားရင္ မင္းရဲ့ မူလလမ္းေၾကာင္းလည္း ေျပာင္းလဲသြားလိမ့္မယ္ေနာ္"
က်န္းဇီဖင္းက သူ႔စကားမ်ားကို ေတြးၾကည့္လိုက္သည့္အခါ ဤစကားေတြထဲမွာ အမွန္တရားတခ်ိဳ႕ရိွေနေၾကာင္း ခံစားလိုက္ရေသာ္ျငား စုခ်ီယြဲ႔ ဆက္ေျပာလာခဲ့သည္။
"ဥပမာေျပာရရင္ကြာ မင္း မနက္ျဖန္ ၅ သန္းဆုေပါက္ႏိုင္တယ္ဆိုပါစို႔၊ ဒါေပမယ့္ ဒီေန့ မင္း ငါနဲ႔ရန္ျဖစ္ၿပီး စိတ္တိုလြန္းလို႔ မနက္ျဖန္ မင္းေနမေကာင္းျဖစ္သြားတယ္ေပါ့၊ ၿပီးေတာ့ မင္းရဲ့ ထီထိုးမယ့္အစီအစဉ္လည္း ပ်က္သြားလို႔ အဲဒီ ၅ သန္းဆုကို လြတ္သြားတယ္ကြာ၊ ဒီေတာ့ အက်ိဳးအျမတ္ထက္ ဆံုးရႈံးမႈကပိုမ်ားသြားတယ္လို႔ မင္းထင္လား?"
က်န္းဇီဖင္းက သူ႔ကို ျပင္းျပင္းထန္ထန္ စိုက္ၾကၫ့္လိုက္သည္။ ဒါက ဘယ္လိုေတာင္ ဆိုးဝါးလိုက္တဲ့ ဥပမာမ်ိဳးလဲကြ? သူ ဘယ္တုန္းက ေနမေကာင္းျဖစ္ေလာက္ေအာင္ ေဒါသထြက္လို႔လဲ?
xxx
You are reading the story above: TeenFic.Net