Unicode
[ဟား ဟား ဟား သူတို့က မနက်စာကူပွန်နှစ်စောင်ပဲ ထန်ကောကို ပေးချင်တာတဲ့လား?]
[ငါ့ကောကော အရမ်းမကျေမနပ်ဖြစ်နေတာ အသိသာကြီးနော်၊ ငါ့ရဲ့ အေးတိအေးစက်ကောကော ပြန်ရောက်လာပြီ]
[ထန်ယဲ့ : မင်းတို့ ငါ့ကို ကျိုးကြောင်းဆီလျော်တဲ့ ရှင်းပြချက်တစ်ခုပေးရမယ်! ]
ဝန်ထမ်းလေးက အေးစက်စက်မျက်နှာထားရှိသောထန်ယဲ့ကို ကြည့်ကာ တုန်တုန်ယင်ယင်ဖြင့်
"မင်း... မင်း ဘာလိုချင်လဲ?"
ထန်ယဲ့ ခဏလောက်စဉ်းစားလိုက်ပြီး
"ကားတစ်စီးလိုချင်တယ်"
ဝန်ထမ်းလေးက ဒါရိုက်တာအဖွဲ့အား စိတ်ဆင်းရဲစွာဖြင့် အချက်ပြချက်တစ်ခုပေးပို့လိုက်ပြီးနောက် နားကြပ်မှ ဒါရိုက်တာ၏အသံကို ကြားလိုက်ရသည်။
ထို့နောက် ဝန်ထမ်းလေးက ထန်ယဲ့ဘက် ချက်ချင်းခေါင်းလှည့်လာကာ
"ဒီမနက်စာကူပွန်က အပိုဆုကြေးတစ်ခုပါပဲ။ တောင်တက်ခြင်းအတွက် မင်းရဲ့ပထမဆုက ၁၂ နာရီကြာသုံးပိုင်ခွင့်ရှိတဲ့ ကားတစ်စီးပါ။ နောက်မှ ကားသော့ကို စုချီယွဲ့ဆီ ပို့ပေးလာပါလိမ့်မယ်"
ထိုအခါမှ ထန်ယဲ့လည်း မနက်စာကူပွန်ကို ကျေကျေနပ်နပ်ယူပြီး တောင်ပေါ်မှ ဖြည်းညှင်းစွာ ဆင်းသွားတော့သည်။
[ပရိုဂရမ်အဖွဲ့က တအားဘက်လိုက်လွန်းတာပဲ။ ထန်ယဲ့က ကားတစ်စီးတောင်းတာနဲ့ တစ်စီးပေးလိုက်ကြတယ်။ တခြားအဖွဲ့က ဧည့်သည်တွေကိုကျတော့ ဘာလို့မပေးလဲ? ]
[ငါ့အထင်တော့ ထန်ယဲ့က တခြားလူတွေအတွက် တိုက်ခိုက်ပေးတာပဲ။ မင်းတို့ကြည့်လိုက်လေ၊ နောက်ဆုံးဧည့်သည်အဖွဲ့ဆို မနက်စာကူပွန်မရရုံတင်မက ဒီနေ့အတွက် ဟင်းချက်စရာတွေရောပဲ]
[ငါရောပဲ၊ အစကတော့ ပထမဆုက VIPမနက်စာကူပွန်သာဖြစ်ရင် နောက်ဆုံးအဖွဲ့က ဘာမှမရမှာကိုပဲ စိုးရိမ်မိတယ်]
[ဒီတော့ ထန်ယဲ့က စုချီယွဲ့နှင့် ဒီနေ့ဘယ်သွားမှာပါလိမ့်?]
စုချီယွဲ့ တစ်ယောက်တည်း စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေလျက်၊ များမကြာမီတွင် ဝန်ထမ်းက ကားသော့ကို လာပို့ပေးခဲ့သည်။
"ဒါက ထန်လောင်ရှီးရခဲ့တဲ့ဆုလား?" စုချီယွဲ့ မေးလိုက်သည်။
ဝန်ထမ်းက ခေါင်းညိတ်ပြလိုက်၏။
ထန်ယဲ့ပြန်ရောက်ပြီးနောက် ရေချိုး၊ အဝတ်အစားလဲကာ စုချီယွဲ့ကို မနက်စာစားရန် အပန်းဖြေစခန်းသို့ ခေါ်သွားခဲ့သည်။
စုချီယွဲ့ ပန်ကိတ်ကြော်စားနေစဥ် ထန်ယဲ့က သူ့ထံ ဖုန်းကမ်းပေးလာခဲ့သည်။
စုချီယွဲ့ သူ့ကိုယ်သူ လက်ညှိုးထိုးပြပြီး
"ကျွန်တော့်ကိုပြတာလား?"
"ဒီနေ့ နေထွက်တာ"
တာ့ရန်တောင်ထိပ်မှ လှမ်းကြည့်ပါလျှင် နေရာတိုင်း စိမ်းလန်းစိုပြေနေပြီး အဝေးရှိ တောင်တန်းနှစ်ခုကြားကနေ နေလုံးကြီး တဖြည်းဖြည်းမြင့်တက်လာသည်မှာ ရင်သပ်ရှုမောဖွယ်ကောင်းလှသည်...
"တာ့ရန်တောင်ထိပ်က ရှုခင်းတွေက ပြိုင်ဘက်ကင်းလွန်းတယ်လို့ လူတွေပြောကြတာ အံ့သြစရာမဟုတ်ဘူးပဲ"
စုချီယွဲ့လည်း ထန်ယဲ့ဆီ ဖုန်းပြန်ပေးလိုက်ပြီး
"နောက်ကျ ကျွန်တော့်WeChatဆီ ပို့ပေးလေနော်။ ကျွန်တော် အမှတ်တရသိမ်းထားချင်လို့"
"အခွင့်အရေးရရင် နေထွက်တာကြည့်ဖို့ ကိုယ် မင်းကို ခေါ်သွားပေးမယ်"
ထန်ယဲ့က ဗွီဒီယိုကို စုချီယွဲ့၏ဖုန်းသို့ ပို့ပေးခဲ့သည်။
[စုချီယွဲ့ ဘယ်တုန်းက ကောကောရဲ့ WeChat ID ကိုရသွားသလဲဆိုတာ သတိထားမိတဲ့သူ တစ်ယောက်ယောက်ရှိလားဗျို့?]
[အရင်ကတည်းက ရှိတာထင်တယ်နော်၊ ရှိုးမှာတော့ တစ်ယောက်နဲ့တစ်ယောက် WeChatအပ်တာ မတွေ့မိဘူး]
[စုချီယွဲ့က တကယ့်ကို အကြံကြီးတဲ့ခွေးပဲ။ ဟိုတခါ ထန်ယဲ့ကားကို သူလိုက်စီးတုန်းက တစ်ခုခုဖြစ်သွားတာပဲဖြစ်ရမယ်။ ဒီရှိုးမှာပါဖို့ ထန်ယဲ့ကို သူဘယ်လိုခြိမ်းခြောက်ထားလဲမသိဘူးကွာ]
[သူ နာမည်ကြီးချင်လွန်းလို့ ရူးနေပြီထင်ပါ့၊ အပြစ်ကင်းသလို ဟန်ဆောင်နေတာများ၊ သူ့နှလုံးသားထဲမှာ ဘယ်လိုလူမျိုးလဲဆိုတာ ဘယ်သူသိမှာလဲ! ]
ကွန်မန့်များ စတင်လမ်းလွဲလာသည့်အခါ ထန်ယဲ့ပရိသတ်များက ခုခံကာကွယ်ရန် ချက်ခြင်းပြေးထွက်လာကြသည်။ ဘာပဲဖြစ်ဖြစ် သူတို့ကောကောရွေးချယ်ထားတဲ့လူက အကောင်းဆုံးပဲဖြစ်ရမယ်၊ ဘာမှချေပခွင့်မရှိဘူး။
မနက်စာစားပြီးနောက် ထန်ယဲ့က စုချီယွဲ့နှင့်အတူ အပန်းဖြေစခန်းမှထွက်လာကာ အနီးဆုံးခရိုင်မြို့သို့ ကားမောင်းထွက်ခဲ့သည်။ သူတို့ကားထဲမှာ ကင်မရာသမားနှစ်ယောက်ပါလာပြီး ပရိုဂရမ်အဖွဲ့သားအားလုံးက နောက်တစ်စီးဖြင့် နောက်ကနေ လိုက်လာကြသည်။
ကားသည် တစ်လမ်းလုံး အရှိန်ပြင်းပြင်းမောင်းနှင်နေကာ ကားပြတင်းပေါက်အပြင်ဘက်၌ သစ်ပင်ပန်းမန်မျိုးစုံနှင့် တောရိုင်းပန်းများရှိနေသဖြင့် ရိုက်ချက်တိုင်းဟာ screensaverအဖြစ် အသုံးပြုနိုင်သည့် မြင်ကွင်းလှလှလေးဖြစ်နေလျက်။
"ကျွန်တော်တို့ ဘယ်သွားနေတာလဲဟင်?"
စုချီယွဲ့ မေးလိုက်သည်။
ထန်ယဲ့: "ချိန်းတွေ့မလို့လေ"
စုချီယွဲ့ : ... ငါ ဘာလို့ နည်းနည်းလေး ချိုမြိန်နေသလို ခံစားရတာလဲနော်?
စုချီယွဲ့ သူ့ဖုန်းကိုထုတ်ကာ ပိုင်တုကို မေးမြန်းလိုက်၏။
'စုံတွဲတွေ ချိန်းတွေ့တဲ့အခါ ဘာလုပ်ကြလဲ?'
ကင်မရာက စုချီယွဲ့၏ ဖုန်းစခရင်ကို စကင်န်ဖတ်လိုက်ရာ အနှီစာလုံးကြီးကြီးများဟာ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းမှာ တိုက်ရိုက်ပေါ်လာပါတော့သည်။
[ကိုယ်ရေးကိုယ်တာရိုက်ကူးရေးရဲ့ အရေးပါမှု! ]
[ဟား ဟား ဟား ဒါဆို စုချီယွဲ့ အရင်က တစ်ခါမှ မချိန်းတွေ့ဖူးလို့ ပိုင်တုမှာ အပြေးအလွှားသွားမေးနေတာပေါ့လေ?]
[ငါသာ ကောကောနဲ့ ချိန်းတွေ့မယ်ဆိုရင် သရဲကားကြည့်မယ်၊ သရဲခြောက်တဲ့အိမ်သွားမယ်၊ ပြီးရင် ဟိုတယ်သွားကြမယ်၊ ရေချိုးပြီးရင် နမ်းမယ်၊ ဖက်မယ်၊ အမြင့်ကိုပျံသန်းမယ်ဟေ့ !!! ]
[စုချီယွဲ့က တစ်ခါမှ ရည်းစားမထားဖူးဘူးလား? ဒါ့ကြောင့် သူ့မှာ ဆက်ဆံရေးနဲ့ပတ်သက်ပြီး ဘာမှသတိမထားမိတာ အံ့သြစရာမဟုတ်တော့ပါဘူးလေ]
[စုရှောင်ကောကောက အရမ်းချစ်စရာကောင်းတာပဲ။ အွန်လိုင်းဆီသွားပြီး ပိုင်တုမှာမေးရမယ်မှန်း သိနေတယ်တော့်]
စုချီယွဲ့ မည်သို့ချိန်းတွေ့ရမည်နည်းဟု ရှာဖွေနေစဥ် သူ့ WeChatမှာလည်း ပေါက်ကွဲလာလေပြီ။ ချင်ဟောက်ချူးနှင့် အခြားသူများက သူ့ဆီ မက်ဆေ့ချ်တွေ ရူးသွပ်စွာ ပို့နေကြသည်။
ချင်ဟောက်ချူး : [မင်းဖုန်းရဲ့ ဖန်သားပြင်ကို တိုက်ရိုက်ထုတ်လွှင့်နေတယ်ကွ]
စုချီယွဲ့ ရုတ်ချည်း ခေါင်းလှည့်ကြည့်လိုက်သောအခါ ကင်မရာက သူ့မျက်နှာကို ရိုက်မိသွားရာ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေကြသည့် ပရိသတ်များအားလုံး အော်ဟစ်နေကြပါတော့သည်။
"အား အား အား ဒါ ဘယ်လိုတောင်နတ်သားဆန်တဲ့မျက်နှာမျိုးလေးလဲ! ]
စွင်းဇီ : [ဖာ့ခ် ဒါ အချစ်ရဲ့ အာဟာရတွေလား? မင်းရဲ့ မျက်နှာက အရမ်းချောနေတယ်ကွ]
စုချီယွဲ့ သူ့ကိုယ်ကိုစောင်းကာ WeChatကို အမြန်ပြန်ဖြေပြီးနောက် သူ့ဖုန်းကို ဘေးဖယ်လိုက်တော့သည်။
တစ်နာရီကျော်ကြာ မောင်းနှင်ပြီးနောက် နောက်ဆုံးတွင် ခရိုင်မြို့သို့ ရောက်လာလေပြီ။
ထန်ယဲ့: "မင်းသွားချင်တဲ့နေရာတွေရှိလား? ဒါမှမဟုတ် မင်းလုပ်ချင်တာတစ်ခုခုရှိလား?"
စုချီယွဲ့မှာ အတွေ့အကြုံမရှိသဖြင့် "ကော စီစဉ်လို့ရပါတယ်ဗျ"
ထန်ယဲ့ ခရိုင်မြို့ရှိ အကြီးဆုံးရုပ်ရှင်ရုံ၌ ကားပါကင်ထိုးလိုက်ကာ
"ရုပ်ရှင်ကြည့်ရင်ရော ဘယ်လိုလဲ?"
"ကောင်းပါတယ်"
စုချီယွဲ့ ရုတ်တရက်ကြီး အနည်းငယ်စိတ်လှုပ်ရှားလာလေပြီ။ သူ အရင်က သူ့ရဲ့ 'ချစ်သူ'နှင့် ရုပ်ရှင်တစ်ခါမှမကြည့်ဖူးဘူးလေ။ အတန်းဖော်သူငယ်ချင်းတွေနဲ့အတူတူသွားတာနှင့် ဘာကွာမလဲ သူမသိဘူးလို့။
ထန်ယဲ့က သူ့ကိုယ်သူ သေချာဖုံးကွယ်လိုက်ပြီးနောက် လက်မှတ်သွားဝယ်လိုက်၏။ ထို့နောက် ပေါက်ပေါက်တစ်ဘူးဝယ်ကာ စုချီယွဲ့လက်ထဲ ထိုးထည့်ပေးလာပြီး
"ကိုယ့်ကိုခဏစောင့်ဦးနော်"
ထန်ယဲ့၏ကျောပြင် ပျောက်ကွယ်သွားသည်ကို စုချီယွဲ့ကြည့်နေရင်း ထိုင်စရာတစ်နေရာရှာပြီး ပေါက်ပေါက်ဆုပ်စားကာ သူ့ပြန်အလာကိုစောင့်နေလိုက်သည်။
ခဏအကြာ ထန်ယဲ့ စတော်ဘယ်ရီမစ်ရှိတ်တစ်ခွက်နှင့် ပြန်ရောက်လာပြီး သူ့ဆီ ကမ်းပေးလာလေသည်။
စုချီယွဲ့က ထန်ယဲ့လက်ထဲမှာ ဘာမှရှိမနေတာကို တွေ့လိုက်ရသည့်အခါ မေးလိုက်၏။
"ကောအတွက်ရော?"
"ကိုယ်က ဝိတ်လျှော့ဖို့လိုတယ်"
စုချီယွဲ့ : ...
"မင်းကတော့ အရမ်းပိန်နေလို့ ဝိတ်လျှော့စရာမလိုဘူး" ထန်ယဲ့ ဆက်ပြောလာခဲ့သည်။
စုချီယွဲ့က အဆီပိုမရှိသော ထန်ယဲ့ကို အထက်အောက်ကြည့်လိုက်၏။ သည့်နောက် သူက ပေါက်ပေါက်ဆုပ်ကိုယူကာ ထန်ယဲ့ပါးစပ်ထဲထည့်ပေးလိုက်၏။
"ဟုတ်ပါပြီ၊ အစာစားပြီးမှပဲ ဝိတ်လျှော့ဖို့ ခွန်အားရှိမှာလေ"
ပေါက်ပေါက်၏ ချိုမွှေးမွှေးရနံ့လေးဟာ သူ့ပါးစပ်တစ်ခုလုံးမှာ ပျံ့နှံ့သွားလျက်။ ထန်ယဲ့ သူ့မားမားကွယ်လွန်ပြီးနောက်ပိုင်း ဒါ ပထမဆုံးအကြိမ်ပေါက်ပေါက်စားခြင်းပင်။
အတူတူပဲလို့ ထင်ရပေမယ့် သူ့အမေကျွေးခဲ့တာနဲ့ မတူပုံရတယ်။ တူညီတဲ့အရာကတော့ အချိုဓာတ်လေးပဲ၊ ကွဲပြားသွားတာကတော့ သူ့ကိုကျွေးတဲ့သူ မတူတာပါပဲ။
ပြုံးနေသော စုချီယွဲ့မျက်နှာလေးကို ကြည့်ရင်း ထန်ယဲ့ သူ့လက်ကိုဆန့်ကာ သူ့ခေါင်းလေးကို ပွတ်လိုက်၏။
"သွားရအောင်၊ စတော့မယ်"
ထန်ယဲ့က အလယ်တွင် လက်ရန်းမပါသော စုံတွဲများအတွက် အထူးခုံဖြစ်သည့် နောက်ဆုံးအတန်းကို ရွေးထားခဲ့သည်။
စုချီယွဲ့က ဇာတ်ကားကို အလေးအနက်ထားကြည့်နေ၏။ ရံဖန်ရံခါ ထန်ယဲ့က သူ့ကို ပေါက်ပေါက်ခွံ့ကျွေးလာသဖြင့် စုချီယွဲ့လည်း သူ့ကို ပြန်ခွံ့ကျွေးလိုက်သည်။ ဒါက ခံစားချက်တစ်မျိုးလေးပဲနော်...
စုချီယွဲ့ ရုပ်ရှင်ကြည့်နေသော်လည်း ဖုန်းက အဆက်မပြတ်တုန်ခါနေလေ၏။
သူ ဖုန်းကိုထုတ်ပြီး ကြည့်လိုက်သည်။
ချင်ဟောက်ချုး: [မင်းတို့ ရုပ်ရှင်ရုံက မြန်မြန်ထွက်ကြတော့၊ ပရိသတ်တစ်အုပ်ကြီးလာနေပြီ ပြေးတော့]
စုချီယွဲ့ အံ့သြသွားရ၏။
ဟုတ်သားပဲ သူတို့က အခု တိုက်ရိုက်ထုတ်လွှင့်မှုလုပ်နေတာလေ။ တချို့ပရိသတ်တွေက သူတို့ ရုပ်ရှင်ရုံထဲမှာရှိနေကြမှန်း သိထားတော့ ထန်ယဲ့ကို ပိတ်ဆို့ဖို့ လာကြမှာ အသေအချာပဲပေါ့။
စုချီယွဲ့လည်း ထန်ယဲ့ကို ဆွဲခေါ်လာကာ ရုပ်ရှင်ရုံထဲက ထွက်လာခဲ့သည်။ ထန်ယဲ့ အနည်းငယ်အံ့အားသင့်နေလျက်။
"ရုပ်ရှင်မပြီးသေးဘူးလေ"
"မြန်မြန်၊ ခင်ဗျားရဲ့ပရိသတ်တွေ ဒီကိုရောက်နေပြီ၊ ခင်ဗျား အခုမပြေးရင် ထွက်လို့ရမှာမဟုတ်တော့ဘူး"
ကံမကောင်းစွာဖြင့် ခြေတစ်လှမ်းနောက်ကျနေဆဲ၊ ပရိသတ်တွေက သူတို့ကို ဖမ်းမိသွားချေပြီ။
ထန်ယဲ့ ဤအခြေအနေကို ကောင်းစွာကိုင်တွယ်ခဲ့ပြီး စုချီယွဲ့နှင့်အတူ ဘယ်ကွေ့ညာကွေ့လျက် ဘေးတံခါးမှ ထွက်ပြေးလာခဲ့သည်။ ကားတစ်စီးပေါ် တက်ပြေးတော့မည်ဖြစ်သော်ငြား *sasaeng fanတချို့ဆီမှ ပိတ်ဆို့ခြင်းခံလိုက်ရသည်။
(*sasaeng fanကို အားလုံးသိကြမှာပါနော်၊ အနုပညာရှင်နောက်ကို အသေအကြေ အရူးအမူးလိုက်နှောင့်ယှက်တာ၊ stalkerလိုသဘောပါပဲ)
စုချီယွဲ့ အရင်က ကြယ်ပွင့်နောက်ကိုမလိုက်ဖူးသော်လည်း ချင်ဟောက်ချူးနှင့် စွင်းဇီတို့ဟာ အနှီsasaeng fanများအကြောင်း နေ့တိုင်းပြောနေကြသဖြင့် သူတို့အကြောင်းကို ကောင်းကောင်းနားလည်ထားသည်။
ဒီလူတွေက ပရိတ်သတ်တွေ လုံးဝမဟုတ်ဘူး၊ သူတို့က idolတွေနောက်ကို အတင်းလိုက်မယ်၊ ချောင်းကြည့်ခိုးကြည့်မယ်၊ သူတို့idolကို မြင်နိုင်သရွေ့ အရာရာလုပ်ကြလိမ့်မယ်။
xxx
မနေ့က ကိုယ်ဖျားနေလို့ မတင်ဖြစ်လိုက်တာပါနော်။ ❤️❤️ paidမှာ အပိုင်း ၉၀ကျော်ပါပြီ
Zawgyi
[ဟား ဟား ဟား သူတို႔က မနက္စာကူပြန္ႏွစ္ေစာင္ပဲ ထန္ေကာကို ေပးခ်င္တာတဲ့လား?]
[ငါ့ေကာေကာ အရမ္းမေက်မနပ္ျဖစ္ေနတာ အသိသာႀကီးေနာ္၊ ငါ့ရဲ့ ေအးတိေအးစက္ေကာေကာ ျပန္ေရာက္လာၿပီ]
[ထန္ယဲ့ : မင္းတို႔ ငါ့ကို က်ိဳးေၾကာင္းဆီေလ်ာ္တဲ့ ရွင္းျပခ်က္တစ္ခုေပးရမယ္! ]
ဝန္ထမ္းေလးက ေအးစက္စက္မ်က္ႏွာထားရိွေသာထန္ယဲ့ကို ၾကၫ့္ကာ တုန္တုန္ယင္ယင္ျဖင့္
"မင္း... မင္း ဘာလိုခ်င္လဲ?"
ထန္ယဲ့ ခဏေလာက္စဉ္းစားလိုက္ၿပီး
"ကားတစ္စီးလိုခ်င္တယ္"
ဝန္ထမ္းေလးက ဒါရိုက္တာအဖြဲ႔အား စိတ္ဆင္းရဲစြာျဖင့္ အခ်က္ျပခ်က္တစ္ခုေပးပို႔လိုက္ၿပီးေနာက္ နားၾကပ္မွ ဒါရိုက္တာ၏အသံကို ၾကားလိုက္ရသည္။
ထို႔ေနာက္ ဝန္ထမ္းေလးက ထန္ယဲ့ဘက္ ခ်က္ခ်င္းေခါင္းလွၫ့္လာကာ
"ဒီမနက္စာကူပြန္က အပိုဆုေၾကးတစ္ခုပါပဲ။ ေတာင္တက္ျခင္းအတြက္ မင္းရဲ့ပထမဆုက ၁၂ နာရီၾကာသံုးပိုင္ခြင့္ရိွတဲ့ ကားတစ္စီးပါ။ ေနာက္မွ ကားေသာ့ကို စုခ်ီယြဲ႔ဆီ ပို႔ေပးလာပါလိမ့္မယ္"
ထိုအခါမွ ထန္ယဲ့လည္း မနက္စာကူပြန္ကို ေက်ေက်နပ္နပ္ယူၿပီး ေတာင္ေပၚမွ ျဖည္းၫွင္းစြာ ဆင္းသြားေတာ့သည္။
[ပရိုဂရမ္အဖြဲ႔က တအားဘက္လိုက္လြန္းတာပဲ။ ထန္ယဲ့က ကားတစ္စီးေတာင္းတာနဲ႔ တစ္စီးေပးလိုက္ၾကတယ္။ တျခားအဖြဲ႔က ဧၫ့္သည္ေတြကိုက်ေတာ့ ဘာလို႔မေပးလဲ? ]
[ငါ့အထင္ေတာ့ ထန္ယဲ့က တျခားလူေတြအတြက္ တိုက္ခိုက္ေပးတာပဲ။ မင္းတို႔ၾကည့္လိုက္ေလ၊ ေနာက္ဆံုးဧည့္သည္အဖြဲ႔ဆို မနက္စာကူပြန္မရရံုတင္မက ဒီေန့အတြက္ ဟင္းခ်က္စရာေတြေရာပဲ]
[ငါေရာပဲ၊ အစကေတာ့ ပထမဆုက VIPမနက္စာကူပြန္သာျဖစ္ရင္ ေနာက္ဆံုးအဖြဲ႔က ဘာမွမရမွာကိုပဲ စိုးရိမ္မိတယ္]
[ဒီေတာ့ ထန္ယဲ့က စုခ်ီယြဲ႔ႏွင့္ ဒီေန့ဘယ္သြားမွာပါလိမ့္?]
စုခ်ီယြဲ႔ တစ္ေယာက္တည္း စိတ္အားထက္သန္စြာ ေစာင့္ဆိုင္းေနလ်က္၊ မ်ားမၾကာမီတြင္ ဝန္ထမ္းက ကားေသာ့ကို လာပို႔ေပးခဲ့သည္။
"ဒါက ထန္ေလာင္ရွီးရခဲ့တဲ့ဆုလား?"
ဝန္ထမ္းက ေခါင္းညိတ္ျပလိုက္၏။
ထန္ယဲ့ျပန္ေရာက္ၿပီးေနာက္ ေရခ်ိဳး၊ အဝတ္အစားလဲကာ စုခ်ီယြဲ႔ကို မနက္စာစားရန္ အပန္းေျဖစခန္းသို႔ ေခၚသြားခဲ့သည္။
စုခ်ီယြဲ႔ ပန္ကိတ္ေၾကာ္စားေနစဥ္ ထန္ယဲ့က သူ႔ထံ ဖုန္းကမ္းေပးလာခဲ့သည္။
စုခ်ီယြဲ႔ သူ႔ကိုယ္သူ လက္ၫွိုးထိုးျပၿပီး
"ကြၽန္ေတာ့္ကိုျပတာလား?"
"ဒီေန့ ေနထြက္တာ"
တာ့ရန္ေတာင္ထိပ္မွ လွမ္းၾကည့္ပါလ်ွင္ ေနရာတိုင္း စိမ္းလန္းစိုေျပေနၿပီး အေဝးရိွ ေတာင္တန္းႏွစ္ခုၾကားကေန ေနလံုးႀကီး တျဖည္းျဖည္းျမင့္တက္လာသည္မွာ ရင္သပ္ရႈေမာဖြယ္ေကာင္းလွသည္...
"တာ့ရန္ေတာင္ထိပ္က ရႈခင္းေတြက ၿပိဳင္ဘက္ကင္းလြန္းတယ္လို႔ လူေတြေျပာၾကတာ အံ့ၾသစရာမဟုတ္ဘူးပဲ"
စုခ်ီယြဲ႔လည္း ထန္ယဲ့ဆီ ဖုန္းျပန္ေပးလိုက္ၿပီး
"ေနာက္က် ကြၽန္ေတာ့္WeChatဆီ ပို႔ေပးေလေနာ္။ ကြၽန္ေတာ္ အမွတ္တရသိမ္းထားခ်င္လို႔"
"အခြင့္အေရးရရင္ ေနထြက္တာၾကၫ့္ဖို႔ ကိုယ္ မင္းကို ေခၚသြားေပးမယ္ေနာ္"
ထန္ယဲ့က ဗြီဒီယိုကို စုခ်ီယြဲ႔၏ဖုန္းသို႔ ပို႔ေပးခဲ့သည္။
[စုခ်ီယြဲ႔ ဘယ္တုန္းက ေကာေကာရဲ့ WeChat ID ကိုရသြားသလဲဆိုတာ သတိထားမိတဲ့သူ တစ္ေယာက္ေယာက္ရိွလားဗ်ိဳ႕?]
[အရင္ကတည္းက ရိွတာထင္တယ္ေနာ္၊ ရိႈးမွာေတာ့ တစ္ေယာက္နဲ႔တစ္ေယာက္ WeChatအပ္တာ မေတြ့မိဘူး]
[စုခ်ီယြဲ႔က တကယ့္ကို အႀကံၾကီးတဲ့ေခြးပဲ။ ဟိုတခါ ထန္ယဲ့ကားကို သူလိုက္စီးတုန္းက တစ္ခုခုျဖစ္သြားတာပဲျဖစ္ရမယ္။ ဒီရိႈးမွာပါဖို႔ ထန္ယဲ့ကို သူဘယ္လိုၿခိမ္းေျခာက္ထားလဲမသိဘူးကြာ]
[သူ နာမည္ႀကီးခ်င္လြန္းလို႔ ရူးေနၿပီထင္ပါ့၊ အျပစ္ကင္းသလိုဟန္ေဆာင္ေနတာမ်ား၊ သူ႔ႏွလံုးသားထဲမွာ ဘယ္လိုလူမ်ိဳးလဲဆိုတာ ဘယ္သူသိမွာလဲ! ]
ကြန္မန္႔မ်ား စတင္လမ္းလြဲလာသည့္အခါ ထန္ယဲ့ပရိသတ္မ်ားက ခုခံကာကြယ္ရန္ ခ်က္ျခင္းေျပးထြက္လာၾကသည္။ ဘာပဲျဖစ္ျဖစ္ သူတို႔ေကာေကာေရြးခ်ယ္ထားတဲ့လူက အေကာင္းဆံုးပဲျဖစ္ရမယ္၊ ဘာမွေခ်ပခြင့္မရိွဘူးေဟ့။
မနက္စာစားၿပီးေနာက္ ထန္ယဲ့က စုခ်ီယြဲ႔ႏွင့္အတူ အပန္းေျဖစခန္းမွထြက္လာကာ အနီးဆံုးခရိုင္ၿမိဳ႔သို႔ ကားေမာင္းထြက္ခဲ့သည္။ သူတို႔ကားထဲမွာ ကင္မရာသမားႏွစ္ေယာက္ပါလာၿပီး ပရိုဂရမ္အဖြဲ႔သားအားလံုးက ေနာက္တစ္စီးျဖင့္ ေနာက္ကေန လိုက္လာၾကသည္။
ကားသည္ တစ္လမ္းလံုး အရိွန္ျပင္းျပင္းေမာင္းႏွင္ေနကာ ကားျပတင္းေပါက္အျပင္ဘက္၌ သစ္ပင္ပန္းမန္မ်ိဳးစံုႏွင့္ ေတာရိုင္းပန္းမ်ားရိွေနသျဖင့္ ရိုက္ခ်က္တိုင္းဟာ screensaverအျဖစ္ အသံုးျပဳႏိုင္သည့္ ျမင္ကြင္းလွလွေလးျဖစ္ေနလ်က္။
"ကြၽန္ေတာ္တို႔ ဘယ္သြားေနတာလဲဟင္?"
စုခ်ီယြဲ႔ ေမးလိုက္သည္။
ထန္ယဲ့: "ခ်ိန္းေတြ့မလို႔ေလ"
စုခ်ီယြဲ႔ : ... ငါ ဘာလို႔ နည္းနည္းေလး ခ်ိဳၿမိန္ေနသလို ခံစားရတာလဲေနာ္?
စုခ်ီယြဲ႔ သူ႔ဖုန္းကိုထုတ္ကာ ပိုင္တုကို ေမးျမန္းလိုက္၏။
'စံုတြဲေတြ ခ်ိန္းေတြ့တဲ့အခါ ဘာလုပ္ၾကလဲ?'
ကင္မရာက စုခ်ီယြဲ႔၏ ဖုန္းစခရင္ကို စကင္န္ဖတ္လိုက္ရာ အႏွီစာလံုးႀကီးႀကီးမ်ားဟာ တိုက္ရိုက္ထုတ္လႊင့္မႈအခန္းမွာ တိုက္ရိုက္ေပၚလာပါေတာ့သည္။
[ကိုယ္ေရးကိုယ္တာရိုက္ကူးေရးရဲ့ အေရးပါမႈ! ]
[ဟား ဟား ဟား ဒါဆို စုခ်ီယြဲ႔ အရင္က တစ္ခါမွ မခ်ိန္းေတြ့ဖူးလို႔ ပိုင္တုမွာ အေျပးအလႊားသြားေမးေနတာေပါ့ေလ?]
[ငါသာ ေကာေကာနဲ႔ခ်ိန္းေတြ့မယ္ဆိုရင္ သရဲကားၾကၫ့္မယ္၊ သရဲေျခာက္တဲ့အိမ္သြားမယ္၊ ၿပီးရင္ ဟိုတယ္သြားၾကမယ္၊ ေရခ်ိဳးၿပီးရင္ နမ္းမယ္၊ ဖက္မယ္၊ အျမင့္ကိုပ်ံသန္းမယ္ေဟ့ !!! ]
[စုခ်ီယြဲ႔က တစ္ခါမွ ရည္းစားမထားဖူးဘူးလား? ဒါ့ေၾကာင့္ သူ႔မွာ ဆက္ဆံေရးနဲ႔ပတ္သက္ၿပီး ဘာမွသတိမထားမိတာ အံ့ၾသစရာမဟုတ္ေတာ့ပါဘူးေလ]
[စုေရွာင္ေကာေကာက အရမ္းခ်စ္စရာေကာင္းတာပဲ။ အြန္လိုင္းဆီသြားၿပီး ပိုင္တုမွာေမးရမယ္မွန္း သိေနတယ္ေတာ့္]
စုခ်ီယြဲ႔ မည္သို႔ခ်ိန္းေတြ့ရမည္နည္းဟု ရွာေဖြေနစဥ္ သူ႔ WeChatမွာလည္း ေပါက္ကြဲလာေလၿပီ။ ခ်င္ေဟာက္ခ်ူးႏွင့္ အျခားသူမ်ားက သူ႔ဆီ မက္ေဆ့ခ်္ေတြ ရူးသြပ္စြာ ပို႔ေနၾကသည္။
ခ်င္ေဟာက္ခ်ူး : [မင္းဖုန္းရဲ့ ဖန္သားျပင္ကို တိုက္ရိုက္ထုတ္လႊင့္ေနတယ္ကြ]
စုခ်ီယြဲ႔ ရုတ္ခ်ည္း ေခါင္းလွည့္ၾကည့္လိုက္ေသာအခါ ကင္မရာက သူ႔မ်က္ႏွာကို ရိုက္မိသြားရာ တိုက္ရိုက္ထုတ္လႊင့္မႈကို ၾကၫ့္ရႈေနၾကသၫ့္ ပရိသတ္မ်ားအားလံုး ေအာ္ဟစ္ေနၾကပါေတာ့သည္။
"အား အား အား ဒါ ဘယ္လိုေတာင္နတ္သားဆန္တဲ့မ်က္ႏွာမ်ိဳးေလးလဲ! ]
စြင္းဇီ : [ဖာ့ခ္ ဒါ အခ်စ္ရဲ့ အာဟာရေတြလား? မင္းရဲ့ မ်က္ႏွာက အရမ္းေခ်ာေနတယ္ကြ]
စုခ်ီယြဲ႔ သူ႔ကိုယ္ကိုေစာင္းကာ WeChatကို အျမန္ျပန္ေျဖၿပီးေနာက္ သူ႔ဖုန္းကို ေဘးဖယ္လိုက္ေတာ့သည္။
တစ္နာရီေက်ာ္ၾကာ ေမာင္းႏွင္ၿပီးေနာက္ ေနာက္ဆံုးတြင္ ခရိုင္ၿမိဳ႔သို႔ ေရာက္လာေလၿပီ။
ထန္ယဲ့: "မင္းသြားခ်င္တဲ့ေနရာေတြရိွလား? ဒါမွမဟုတ္ မင္းလုပ္ခ်င္တာတစ္ခုခုရိွလား?"
စုခ်ီယြဲ႔မွာ အေတြ့အႀကံဳမရိွသျဖင့္
"ေကာ စီစဉ္လို႔ရပါတယ္ဗ်"
ထန္ယဲ့ ခရိုင္ၿမိဳ႔ရိွ အႀကီးဆံုးရုပ္ရွင္ရံု၌ ကားပါကင္ထိုးလိုက္ကာ
"ရုပ္ရွင္ၾကၫ့္ရင္ေရာ ဘယ္လိုလဲ?"
"ေကာင္းပါတယ္"
စုခ်ီယြဲ႔ ရုတ္တရက္ႀကီး အနည္းငယ္စိတ္လႈပ္ရွားလာေလၿပီ။ သူ အရင္က သူ႔ရဲ့ 'ခ်စ္သူ'ႏွင့္ ရုပ္ရွင္တစ္ခါမွမၾကၫ့္ဖူးဘူးေလ။ အတန္းေဖာ္သူငယ္ခ်င္းေတြနဲ႔အတူတူသြားတာႏွင့္ ဘာကြာမလဲ သူမသိဘူးလို႔။
ထန္ယဲ့က သူ႔ကိုယ္သူ ေသခ်ာဖံုးကြယ္လိုက္ၿပီးေနာက္ လက္မွတ္သြားဝယ္လိုက္၏။ ထို႔ေနာက္ ေပါက္ေပါက္တစ္ဘူးဝယ္ကာ စုခ်ီယြဲ႔လက္ထဲ ထိုးထၫ့္ေပးလာၿပီး
"ကိုယ့္ကိုခဏေစာင့္ၪီးေနာ္"
ထန္ယဲ့၏ေက်ာျပင္ ေပ်ာက္ကြယ္သြားသည္ကို စုခ်ီယြဲ႔ၾကည့္ေနရင္း ထိုင္စရာတစ္ေနရာရွာၿပီး ေပါက္ေပါက္ဆုပ္စားကာ သူ႔ျပန္အလာကိုေစာင့္ေနလိုက္သည္။
ခဏအၾကာ ထန္ယဲ့ စေတာ္ဘယ္ရီမစ္ရိွတ္တစ္ခြက္ႏွင့္ ျပန္ေရာက္လာၿပီး သူ႔ဆီ ကမ္းေပးလာေလသည္။
စုခ်ီယြဲ႔က ထန္ယဲ့လက္ထဲမွာ ဘာမွရိွမေနတာကို ေတြ့လိုက္ရသည့္အခါ
"ေကာအတြက္ေရာ?"
"ကိုယ္က ဝိတ္ေလ်ွာ့ဖို႔လိုတယ္"
စုခ်ီယြဲ႔ : ...
"မင္းကေတာ့ အရမ္းပိန္ေနလို႔ ဝိတ္ေလ်ွာ့စရာမလိုဘူး"
ထန္ယဲ့ ဆက္ေျပာလာခဲ့သည္။
စုခ်ီယြဲ႔က အဆီပိုမရိွေသာ ထန္ယဲ့ကို အထက္ေအာက္ၾကၫ့္လိုက္၏။ သည့္ေနာက္ သူက ေပါက္ေပါက္ဆုပ္ကိုယူကာ ထန္ယဲ့ပါးစပ္ထဲထၫ့္ေပးလိုက္၏။
"ဟုတ္ပါၿပီ၊ အစာစားၿပီးမွပဲ ဝိတ္ေလ်ွာ့ဖို႔ ခြန္အားရိွမွာေလ"
ေပါက္ေပါက္၏ ခ်ိဳေမႊးေမႊးရနံ႔ေလးဟာ သူ႔ပါးစပ္တစ္ခုလံုးမွာ ပ်ံ့ႏွံ႔သြားလ်က္။ ထန္ယဲ့ သူ႔မားမားကြယ္လြန္ၿပီးေနာက္ပိုင္း ဒါ ပထမဆံုးအႀကိမ္ေပါက္ေပါက္စားျခင္းပင္။
အတူတူပဲလို႔ ထင္ရေပမယ့္ သူ႔အေမေကြၽးခဲ့တာနဲ႔ မတူပံုရတယ္။ တူညီတဲ့အရာကေတာ့ အခ်ိဳဓာတ္ေလးပဲ၊ ကြဲျပားသြားတာကေတာ့ သူ႔ကိုေကြၽးတဲ့သူ မတူတာပါပဲ။
ၿပံဳးေနေသာ စုခ်ီယြဲ႔မ်က္ႏွာေလးကိုၾကည့္ရင္း ထန္ယဲ့ သူ႔လက္ကိုဆန႔္ကာ သူ႔ေခါင္းေလးကို ပြတ္လိုက္၏။
"သြားရေအာင္၊ စေတာ့မယ္"
ထန္ယဲ့က အလယ္တြင္ လက္ရန္းမပါေသာ စံုတြဲမ်ားအတြက္ အထူးခံုျဖစ္သည့္ ေနာက္ဆံုးအတန္းကို ေရြးထားခဲ့သည္။
စုခ်ီယြဲ႔က ဇာတ္ကားကို အေလးအနက္ထားၾကၫ့္ေန၏။ ရံဖန္ရံခါ ထန္ယဲ့က သူ႔ကို ေပါက္ေပါက္ခြံ႔ေကြၽးလာသျဖင့္ စုခ်ီယြဲ႔လည္း သူ႔ကို ျပန္ခြံ႔ေကြၽးလိုက္သည္။ ဒါက ခံစားခ်က္တစ္မ်ိဳးေလးပဲေနာ္...
စုခ်ီယြဲ႔ ရုပ္ရွင္ၾကၫ့္ေနေသာ္လည္း ဖုန္းက အဆက္မျပတ္တုန္ခါေနေလ၏။
သူ ဖုန္းကိုထုတ္ၿပီး ၾကၫ့္လိုက္သည္။
ခ်င္ေဟာက္ခ်ဳး: [မင္းတို႔ ရုပ္ရွင္ရံုက ျမန္ျမန္ထြက္ၾကေတာ့၊ ပရိသတ္တစ္အုပ္ႀကီးလာေနၿပီ ေျပးေတာ့]
စုခ်ီယြဲ႔ အံ့ၾသသြားရ၏။
ဟုတ္သားပဲ သူတို႔က အခု တိုက္ရိုက္ထုတ္လႊင့္မႈလုပ္ေနတာေလ။ တခ်ိဳ႕ပရိသတ္ေတြက သူတို႔ ရုပ္ရွင္ရံုထဲမွာရိွေနၾကမွန္း သိထားေတာ့ ထန္ယဲ့ကို ပိတ္ဆို႔ဖို႔ လာၾကမွာ အေသအခ်ာပဲေပါ့။
စုခ်ီယြဲ႔လည္း ထန္ယဲ့ကို ဆြဲေခၚလာကာ ရုပ္ရွင္ရံုထဲက ထြက္လာခဲ့သည္။ ထန္ယဲ့ အနည္းငယ္အံ့အားသင့္ေနလ်က္။
"ရုပ္ရွင္မၿပီးေသးဘူးေလ"
"ျမန္ျမန္၊ ခင္ဗ်ားရဲ့ပရိသတ္ေတြ ဒီကိုေရာက္ေနၿပီ၊ ခင္ဗ်ား အခုမေျပးရင္ ထြက္လို႔ရမွာမဟုတ္ေတာ့ဘူး"
ကံမေကာင္းစြာျဖင့္ ေျခတစ္လွမ္းေနာက္က်ေနဆဲ၊ ပရိသတ္ေတြက သူတို႔ကို ဖမ္းမိသြားေခ်ၿပီ။
ထန္ယဲ့ ဤအေျခအေနကို ေကာင္းစြာကိုင္တြယ္ခဲ့ၿပီး စုခ်ီယြဲ႔ႏွင့္အတူ ဘယ္ေကြ့ညာေကြ့လ်က္ ေဘးတံခါးမွ ထြက္ေျပးလာခဲ့သည္။ ကားတစ္စီးေပၚ တက္ေျပးေတာ့မည္ျဖစ္ေသာ္ျငား *sasaeng fanတခ်ိဳ႕ဆီမွ ပိတ္ဆို႔ျခင္းခံလိုက္ရသည္။
(*sasaeng fanကို အားလံုးသိၾကမွာပါေနာ္၊ အႏုပညာရွင္ေနာက္ကို အေသအေၾက အရူးအမူးလိုက္ေနွာင့္ယွက္တာ၊ stalkerလိုသေဘာပါပဲ)
စုခ်ီယြဲ႔ အရင္က ၾကယ္ပြင့္ေနာက္ကိုမလိုက္ဖူးေသာ္လည္း ခ်င္ေဟာက္ခ်ူးႏွင့္ စြင္းဇီတို႔ဟာ အႏွီsasaeng fanမ်ားအေၾကာင္း ေန့တိုင္းေျပာေနၾကသျဖင့္ သူတို႔အေၾကာင္းကို ေကာင္းေကာင္းနားလည္ထားသည္။
ဒီလူေတြက ပရိတ္သတ္ေတြ လံုးဝမဟုတ္ဘူး၊ သူတို႔က idolေတြေနာက္ကို အတင္းလိုက္မယ္၊ ေခ်ာင္းၾကည့္ခိုးၾကည့္မယ္၊ သူတို႔idolကို ျမင္ႏိုင္သေရြ့ အရာရာလုပ္ၾကလိမ့္မယ္။
xxx
You are reading the story above: TeenFic.Net