Unicode
[Q: အချိန်နဲ့ အာကာသတံခါးကို ဘယ်လိုဖွင့်ပြီးတော့ ဒီကြောက်စရာကောင်းတဲ့ကမ္ဘာကနေ ထွက်သွားလို့ရမလဲ?]
ကျန်းချန်တက္ကသိုလ်ဖိုရမ်ရဲ့ ပင်မစာမျက်နှာတွင် ဒီလိုပို့စ်တစ်ခု ပေါ်လာခဲ့သည်။ နံနက် ၁၀နာရီတွင် ဒီပို့စ်ကို တင်ထားခဲ့ပြီး ယခု နေ့လည် ၁နာရီတွင် စာပြန်သူ ထောင်နှင့်ချီရှိနေပြီဖြစ်သလို hotလည်းဖြစ်နေခဲ့၏။
1L- ထိုင်စောင့်နေပြီဟေ့...
2L- အဓိကလူက နည်းလမ်းသိသွားပြီး ငါ့ကို ကန်ထုတ်လိုက်တယ်ဟ...
3L- ဒီမေးခွန်းကို ငါသိတယ်။ ကြယ်ခုနစ်လုံး ချိတ်ဆက်မိသွားတဲ့အခါ အချိန်နှင့် အာကာသတံခါး ပွင့်လာလိမ့်မယ်...
4L- အပေါ်ထပ်ရေ ဘာဖြစ်နေတာတုန်း? ကြယ်ခုနစ်လုံးက ပုလဲတွေလို ဘယ်အချိန်မှာ ချိတ်ဆက်သွားမလဲဆိုတာ မင်းရေတွက်နိုင်လို့လား...
5L- ဒီကမ္ဘာက ဆိုးရွားနေတာလား? ဟုတ်ပါ့ အရမ်းဆိုးဆိုးပဲနော်။ ငါသာပြန်မွေးဖွားနိုင်ရင် အမေ့ဝမ်းထဲမှာပဲ ကိုယ့်ကိုယ်ကိုယ် သတ်သေလိုက်တော့မှာ...
6L - အပေါ်ထပ်ရေ အဲလိုလုပ်စရာမလိုပါဘူး၊ မင်းအမေမှာ ဘာအမှားရှိလို့တုန်းကွ....
...
36L- ပို့စ်ပိုင်ရှင်က အခက်အခဲတွေ ကြုံနေတာလားဟင်? သည်ကမ္ဘာမြေကြီးဟာ ဘယ်လောက်လှပလိုက်သလဲလို့... နေရောင်ခြည်၊ လေပြေလေညင်းလေး၊ စမ်းချောင်းလေးတွေ... ဇိမ်ခံအိမ်ကြီးတွေ၊ ဇိမ်ခံကားတွေ၊ မိန်းမလှလေးတွေ၊ ကောင်ချောလေးတွေ... ဒါပေမဲ့ ငါ့မှာတော့ တစ်ခုမှမရှိဘူးပဲ!
37L- အပေါ်ထပ်က ရဲဘော်ရေ... ငါ့ရဲ့ ၄၀မီတာရှည်တဲ့ တောခုတ်ဓားကြီးကို ထပ်ပြီးမကိုင်ထားနိုင်တော့ဘူး၊ မြုပ်သွားပြီဗျို့ [狗头.jpg]
စုချီယွဲ့ တက္ကစီပေါ်တွင် ထိုင်နေကာ ပြတင်းပေါက်ကို မှီထားလျက် ဖိုရမ်ကိုကြည့်နေရင်း ဒီမှတ်ချက်တွေကို မြင်လိုက်တော့ သူ တိတ်တိတ်လေး ခေါင်းယမ်းမိသည်။
သေချာတာပေါ့ လူတိုင်းက သူနဲ့ တူညီတဲ့ အတွေးအမြင်တွေ ရှိနေတာပဲ...
ဒီစာအုပ်ထဲက ကမ္ဘာကြီးဟာ တကယ့်ကို ဆိုးရွားနေလိုက်တာ။
ကြည့်လိုက်လေ... လူတိုင်းထွက်သွားချင်နေကြတာပဲကို၊ ဒီကမ္ဘာကြီးကို SBစာရေးသူက ဖန်တီးထားတာပဲလေ...
ဟုတ်ပါတယ်... သူက စာအုပ်ထဲကို ကူးပြောင်းလာခဲ့တာပါ။ ဒီစာအုပ်ထဲက နာမည်တူ မျိုးရိုးတူတဲ့ ဆန်ကုန်မြေလေးတစ်ယောက် ဖြစ်သွားတာပေါ့။
သူ့ရဲ့ ပထမဆုံးဆန္ဒကတော့ ဒီကမ္ဘာကြီးကနေ ပြန်ထွက်သွားနိုင်ပြီးတော့ မူလကမ္ဘာဆီ ပြန်သွားချင်တာပါပဲ။
သူက တကယ့်ဘဝမှာ စံပြကစားသမားတစ်ဦးဖြစ်သော်လည်း ဒီလိုစာအုပ်ထဲမှာတော့ သနားစရာကောင်းလောက်အောင် မသေချင်ပါဘူးနော်...
ဒီစာအုပ်ထဲမှာ စုချီယွဲ့ဟာ စူပါပလေးဘွိုင်းတစ်ယောက်တဲ့လေ။ သူက နေရာတိုင်းလိုလို လူလေးယောက်နှင့် ပရောပရည်လုပ်တတ်၍ ထိုလူလေးယောက် ပူးပေါင်းပြီး သူ့ဂုဏ်သတင်းကို ဖျက်စီးပစ်ကြသလို သူ့မိသားစုကိုလည်း ဒေဝါလီခံအောင်လုပ်ခဲ့သည်။ အဆုံးမှာတော့ စိတ်သက်သာရာရအောင်လို့ အဆောက်အဦးပေါ်မှ ခုန်ချကာ ကိုယ့်ကိုယ်ကိုယ် သတ်သေနိုင်ရုံသာရှိတော့သည်။
ဒါကြီးက အရမ်း အရမ်း ကြောက်စရာကောင်းလွန်းတယ်ဟေ့...
သူက တိတ်တိတ်လေး ရေရွတ်နေမိလျက် - လိင်မှုကိစ္စကို ရှောင်ကြဥ်ရမယ်၊ လုံခြုံအောင်နေရမယ်။
455L- မိုက်မဲတာတွေ လုပ်ဖို့ မစဉ်းစားပါနဲ့ မူရင်းပို့စ်ပိုင်ရှင်ရေ မင်းရှိသေးရဲ့လား? မင်းရှိနေတယ်ဆို ပြန်ပြော!
စုချီယွဲ့ - ငါ တကယ် သတ်သေချင်နေတာ မဟုတ်ပါဘူးနော်။ ဘဝဟာ အဖိုးတန်ပါတယ် ကလေးရေ...
ထို့နောက်
သူ့ပြန်စာအောက်တွင် ပြန်စာအသစ်တွေဝင်လာခဲ့သည်။
1055L- squeak~
1056L- သတင်းပို့ပါတယ်၊ မူရင်းပို့စ်ပိုင်ရှင်က ဘာလုပ်နေတာလဲ?
1057L- ဟီးဟီးဟီး... ကြည့်ရတာ အပေါ်ကတစ်ယောက်ယောက်က သူ့ကို မိုက်မဲတာတွေ လုပ်နေမယ်ထင်နေမှာစိုးလို့ အသံထွက်လာတာဖြစ်မယ်...
1058L- ဒါက ဘယ်လိုရှိုးပွဲလဲဟ...
1059L- ငါ ရယ်ရလွန်းလို့ အိပ်ရာမှာ လူးလိမ့်နေတော့ ငါ့အမေက ငါရူးနေပြီလို့ ထင်သွားတယ်ဟယ်
1060L- မူရင်းပို့စ်ပိုင်ရှင်ရဲ့ ဦးနှောက်ပတ်လမ်းက အရမ်းထူးဆန်းတာပဲနော်၊ ငါတော့ လေနှင်ရာအတိုင်း အခုအရင်သွားပြီဟေ့
...
စုချီယွဲ့က သူ့နှုတ်ခမ်းတွေ မဲ့ကျသွားကာ 'မင်းပဲ ငါ့ကို ကျွိလုပ်ခိုင်းနေတာ မဟုတ်ဘူးလားကွ' သူပြန်ဖြေတာ မှန်နေတာပဲကို...
အပြုသဘောဆောင်တဲ့ မှတ်ချက်တွေမရှိဘဲ ပေါက်ကရစကားတွေပဲ ရှိနေတာ တွေ့လိုက်ရတော့ စုချီယွဲ့ သူ့ဖုန်းကို ပိတ်ကာ ခဏလောက်အိပ်ဖို့ ပြင်လိုက်သည်။
သူတို့ကျောင်းက "ကျုံးလင်" ရုပ်ရှင်မိတ်ဆက်ပွဲ ကျင်းပတဲ့ ပြပွဲစင်တာနှင့် အတော်လေး ဝေးလွန်းရာ ရောက်ဖို့ တစ်နာရီလောက် ကြာဦးမယ်လို့ ခန့်မှန်းမိတာကြောင့် မင်းသာ အိပ်မပျော်ရင် ဒီကြောက်စရာကောင်းတဲ့ကမ္ဘာကြီးအကြောင်း ဆက်လက်တွေးတောနေမိနေပြီးတော့ အိပ်မက်နတ်ဘုရားဆီ သွားတွေ့ရတော့မှာပဲ။
စုချီယွဲ့တစ်ယောက် သူ ဘယ်လောက်ကြာကြာ အိပ်ပျော်သွားမှန်းမသိပေ။ သူ့အခန်းဖော် ကျန်းခိုင် နှိုးလိုက်တော့မှ နိုးလာခဲ့သည်။
"သွားကြစို့ ကားပေါ်ကဆင်းတော့"
စုချီယွဲ့ က မျက်လုံးဖွင့်ပြီး အပြင်ဘက်ကို ကြည့်လိုက်ရာ "မရောက်သေးဘူးလေ"
"ယာဉ်ကြောပိတ်ဆို့နေတာ၊ ဒီတိုင်းလမ်းလျှောက်သွားကြမလို့"
အခန်းဖော်စွင်းဇီက ကားပေါ်မှ အရင်ထွက်လိုက်သည်။
သူတို့ မိနစ်ငါးဆယ်ကြာ လမ်းလျှောက်ခဲ့ကြပြီး နောက်ဆုံးတွင် ရုပ်ရှင်ပြပွဲစင်တာသို့ အပြေးအလွှား ရောက်လာခဲ့ကြသည်။
အစောကြီးရောက်နှင့်နေပြီဖြစ်တဲ့ ချင်ဟောက်ချူးက အပေါက်ဝမှာ စောင့်ဆိုင်းနေရာ သူတို့ကို တွေ့လိုက်တာနဲ့ ခပ်မြန်မြန် အထဲကို ဆွဲခေါ်ကာ
"ဘာလို့ဒီလောက်နှေးနေကြတာလဲကွာ ဟိုမှာ စတော့မယ်"
ကျန်းချန်ရှိ ပြပွဲစင်တာဟာ အကြီးဆုံးနေရာတစ်ခုဖြစ်၏။ သူတို့ယူထားတဲ့ VIPနေရာက အကောင်းဆုံးမြင်ရပြီး စင်မြင့်နှင့် အနီးကပ်ဆုံး နေရာကောင်းဖြစ်သည်မှာ အသေအချာပင်။
စုချီယွဲ့ ထိုင်ပြီးနောက် ဟိုဟိုဒီဒီ လှည့်ပတ်ကြည့်လိုက်ရာ ခန်းမတစ်ခုလုံး လူတွေ ပြည့်ကျပ်နေသည်ကို တွေ့လိုက်ရ၏။
အများစုကတော့"ထန်" သို့မဟုတ် "ယဲ့" လို့ ရေးထားတဲ့ အနီရောင်မီးလင်းဆိုင်းဘုတ်လေးတွေကို ကိုင်ထားကြတဲ့အပြင် bannerတွေကိုလည်း ကိုင်ဆောင်ထားကြသည်။
ကွင်းတစ်ခုလုံး အနီရောင်ပင်လယ်ကြီးအလား...
စုချီယွဲ့ အသံကို လျှော့လိုက်ကာ စွင်းဇီနှင့် ချင်ဟောက်ချူးတို့ကို မေးလိုက်လေ၏။
"မင်းတို့နှစ်ယောက်က ထန်ပရိသတ်တွေ မဟုတ်ဘူးလား? မင်းတို့ရဲ့ ပစ္စည်းတွေ ဘာလို့မယူခဲ့ကြတာလဲ?"
ချင်ဟောက်ချူးက သူ့မေးခွန်းကို ကြားတော့ သူ့ကျောပိုးအိတ်ထဲက နားရွက်လေးပါတဲ့ ဆံကုပ်လေးခုကို လျှို့ဝှက်စွာ ထုတ်ယူလိုက်၏။
မူလကတော့ ဒီဆံကုပ်နှင့် ပတ်သက်ပြီး ထူးထူးခြားခြားမရှိသော်လည်း ခလုတ်ကို နှိပ်လိုက်ရင် နားရွက်လေးက မီးလင်းလာပြီး ကြောင်နားရွက်နီနီလေးအဖြစ် ပေါ်လွင်လာပေလိမ့်မည်။
စုချီယွဲ့ နှာခေါင်းရှုံ့လျက် သူ့ကိုကြည့်ကာ
"မင်း ဘာလုပ်နေတာလဲ?"
ချင်ဟောက်ချူးက တစ်ယောက်စီကို တစ်ခုစီပေးလိုက်ရင်း
"ငါတို့က VIP မှာလေ။ အဲ့တော့ မီးလင်းဆိုင်းဘုတ်တွေကိုင်ရတာ အဆင်မပြေဘူး၊ နောက်ကလူတွေကို ကာမိဖို့ လွယ်တယ်ကွာ။ ဒါက သိပ်မကောင်းဘူးလေ ဟုတ်တယ်မလား? ဒီတော့ ငါ ဒီဆံကုပ်လေးခုမှာထားလိုက်တာပဲ၊ ဘယ်လိုလဲ ငါအရမ်းစဥ်းစားတတ်တယ်မဟုတ်လားကွ?"
စုချီယွဲ့ အဲဒါကို မတပ်ချင်သဖြင့်
"ကျေးဇူးပြုပြီးတော့၊ မင်းက ငါတို့လို ယောကျ်ားကြီးလေးယောက်ကို ဒီကြောင်နားရွက်ဆံကုပ်တွေ ဝတ်စေချင်နေတာတော့ မဟုတ်ပါဘူးနော်?"
ဘုရားရေ ဒီစာအုပ်ထဲမှာ ပုံမှန်ဖြစ်တဲ့သူတွေရှိသေးရဲ့လားဟေ!
"ငါ့ရဲ့ idol အတွက်ပဲ... ဒါက ဘာမှမဟုတ်ပါဘူးကွာ"
စွင်းဇီက ဆံကုပ်ကို အရင်ဆုံး ဝတ်ဆင်လိုက်ပြီး ပျော်ရွှင်နေပုံရလေရဲ့။
"ဒါပေမယ့် သူက ငါရဲ့ idol မဟုတ်ဘူးဆိုတော့ ငါငြင်းဖို့ရွေးတယ်"
စုချီယွဲ့ လက်မခံချင်ပေ။ ဆိုင်းဘုတ်တစ်ခုခုကိုင်ခိုင်းရင်တောင် အဆင်ပြေပါသေးတယ်နော်၊ ဒါကြီးဝတ်ထားရရင်တော့ မျက်နှာပျက်ရမှာပေါ့လို့...
"ဒီလိုဆို ငါတို့တွေ ညီအစ်ကို မဟုတ်တော့ဘူးနော်! ညီအစ်ကိုကောင်းဆိုတာ တစ်ခုခုကို ကြုံလာတဲ့အခါ ချဲ့ကားတာတွေ မလုပ်သင့်ဘူး။ မင်း ပေါ့ပေါ့ပါးပါးပဲ ဝတ်လိုက်စမ်းပါကွာ!"
ချင်ဟောက်ချူး စုချီယွဲ့အား ဆံကုပ်ကို မပေးလိုက်တော့ဘဲ တိုက်ရိုက်သာ ခေါင်းပေါ်မှာ တပ်ပေးလိုက်တော့သည်။
ပြန်လည်ချေပဖို့တောင် အခွင့်အရေးမပေးတော့ဘူးဟ...
စုချီယွဲ့ သူ့မျက်လုံးတွေကို မှိတ်ထားလိုက်ရုံသာရှိတော့သည်။
ပြန်လည်ချေပဖို့တောင် အခွင့်အရေးမပေးတော့ဘူးဟ...
စုချီယွဲ့ သူ့မျက်လုံးတွေကို မှိတ်ထားလိုက်ရုံသာရှိတော့သည်။
သူ့မျက်လုံးတွေကို မဖွင့်ထားသရွေ့ တခြားသူတွေလည်း သူ့ကို မမြင်နိုင်တော့ဘူးလေ! တခြားသူတွေက သူ့ကို နတ်ဆိုးကြောင်လို့ ထင်ကောင်းထင်နိုင်တယ်ဆိုတာကို မှန်ကြည့်စရာတောင်မလိုဘဲ သူသိလေရဲ့။
စင်မြင့်မှာ အလွန်အသက်ဝင်နေလျက်၊ အသံမှာ အလွန်ကျယ်လောင်နေပြီး Hostနှင့် ဝန်ထမ်းတွေက စကားစမြည်ပြောကာ ဂိမ်းတွေဆော့ကစားနေကြသည်။ စုချီယွဲ့ကတော့ ဆူညံသံတွေကြားထဲမှာ တကယ်ပဲ အိပ်ပျော်သွားပြန်လေရာ...
"စုချီယွဲ့ ထတော့၊ မင်းကိုခေါ်နေတယ်ကွ!"
စွင်းဇီက စုချီယွဲ့ အား ပြင်းပြင်းထန်ထန် လှုပ်ခါလိုက်ရာ ထိုင်ခုံအောက်တောင် လိမ့်ကျလုမတတ်ဖြစ်သွားရ၏။
သူ့ကိုယ်ကို တည်ငြိမ်အောင် ထိန်းထားလိုက်ပြီးနောက်မှ လူတိုင်းက သူ့ကို ဝိုင်းကြည့်နေကြတာကို တွေ့လိုက်ရ၍
"ဘာဖြစ်လို့လဲ၊ ငလျင်လှုပ်တာလား?"
"ဒီFanသူငယ်ချင်းလေးက ထန်လောင်ရှီးရဲ့ ရုပ်ရှင်မိတ်ဆက်ပွဲကို လာကြည့်ဖို့ အရမ်းကြိုးစားခဲ့ရတာပဲဖြစ်မယ်" လို့ Hostက အချိန်မီပြောလိုက်ပြီး ဆက်လက်၍
"ခုံနံပါတ် 0320က ဒီFanသူငယ်ချင်းလေးကို စင်ပေါ်တက်ဖို့ ဖိတ်ခေါ်ချင်ပါတယ်ဗျာ"
စုချီယွဲ့ က သူ့နှာခေါင်းကို ညွှန်ပြကာ
စွင်းဇီနှင့် ချင်ဟောက်ချူးတို့က သူတို့ရဲ့ အိုင်ဒေါ အကြာကြီးစောင့်နေရမှာကို စိုးရိမ်သဖြင့်
"မင်းပဲကွ... မြန်မြန်သွားလေ သွားတော့ သွားတော့"
စုချီယွဲ့ အခြေအနေကို နကန်းလုံးဝမသိရှာဘဲ စင်ပေါ်သို့ အတွန်းခံလိုက်ရလေပြီ။
(Me: အဟိ အူကြောင်ကြောင်လေးဖြစ်နေမှာ မြင်ယောင်မိ 😆)
"ဒီFanသူငယ်ချင်းလေးကို ဘယ်လိုခေါ်ရမလဲ?" Hostက မေးလာခဲ့သည်။
"ကျွန်တော့်မျိုးရိုးနာမည်က စုပါ"
ဒါပေမယ့် စုချီယွဲ့စိတ်ထဲမှာတော့ ငါက ဘယ်သူ့fanမှ မဟုတ်ဘူးလေလို့ ပြောနေလေရဲ့။ အဲဒီအချိန်မှာ သူက သူ့ခေါင်းပေါ်က ဆံကုပ်ကို မေ့သွားခဲ့လေပြီ။
"မစ္စတာစုကတော့ ဒီနေ့ အရမ်းအရမ်းကိုကံကောင်းနေတာပါပဲ။ ဒီမှာထိုင်နေကြတဲ့ Fanတွေအားလုံး မနာလိုအားကျနေမှာကိုပဲ စိုးရိမ်မိပါရဲ့ဗျာ"
Hostက ဆက်လက်၍
"ဒီနေ့မစ္စတာစုရဲ့ ဆံကုပ်လေးက အရမ်းထူးခြားတာပဲနော်၊ ထန်လောင်ရှီးရော ဘယ်လိုထင်လဲဗျ?"
ဆံကုပ်လား? စုချီယွဲ့ သူ့ခေါင်းကို ကမန်းကတန်း ထိကိုင်လိုက်တဲ့အခါ ကံဆိုးတဲ့အရာဟာ ရှိနေဆဲဖြစ်တာကို တွေ့ရှိလိုက်ရသည်။
သူ ဒီနေ့တော့ အရှက်တွေကွဲပါပြီကွာ... ဒါပေမဲ့ အခုချိန်မှ ချွတ်လိုက်ဖို့ဆိုတာ မလွယ်တော့ဘူးလေ...
ထန်ယဲ့က သူ့ကို ကြည့်နေတာကို တွေ့လိုက်ရတော့ သူ့ရှက်ရွံ့မှုကို ဖုံးကွယ်ဖို့အတွက် ပြုံးပြရုံသာ တတ်နိုင်လေတော့သည်။
Hostက ခေါင်းစဉ်ကို အလွန်ပူးပေါင်းဆောင်ရွက်တတ်တဲ့ ထန်ယဲ့ဆီ ဦးလှည့်လိုက်လေ၏။ ဒီရုပ်ရှင်ဘုရင်ကြီးက သူ့အလုပ်မှာ အရမ်းတော်တယ်ဆိုတာ လူတိုင်းသိပေသည်။ သူက အေးစက်ပြီး အဆိပ်ပြင်းတဲ့လျှာကြောင့် ကျော်ကြားသည်ပင်။ Hostရဲ့ စကားတွေကို သူဘယ်လိုတုံ့ပြန်မလဲဆိုတာ အာမခံချက်မရှိပါချေ။
ထန်ယဲ့က စုချီယွဲ့ ရဲ့ ဆံကုပ်ကို တစ်ချက်ကြည့်လိုက်ပြီး သဘောတူစွာဖြင့် ခေါင်းညိတ်ကာ "ဒါက တကယ့်ကို ထူးခြားတာပဲ"
ပရိသတ်တွေ ရုတ်ရုတ်သဲသဲဖြစ်သွားကြလျက်။
သူတို့နားကြားမှားတာများလားဟ! သူတို့ရဲ့ရုပ်ရှင်ဘုရင်ကြီးက တကယ်ပဲ ချီးကျုးလိုက်တယ်ပေါ့လေ?!
ထိုအချိန်တွင် မီးရောင်တွေကလည်း ထန်ယဲ့နှင့် စုချီယွဲ့တို့အပေါ် ပို၍လင်းချင်းလာရာ စုချီယွဲ့ရဲ့ သန့်ရှင်းပျော့ပျောင်းနေတဲ့ ဆံပင်တိုတို၊ ဖြူဖွေးနူးညံ့နေတဲ့ အသားအရေနှင့် အလွန်တရာလှပတဲ့ မျက်နှာအသွင်အပြင်ရှိပြီး သူ့ရဲ့မျက်ခုံးတွေဟာလည်း ထက်ရှနေခြင်းမရှိဘဲ ဆန့်တန်းနေကာ သူ့ပုံစံလေးဟာ အလွန်သက်တောင့်သက်သာရှိနေလေ၏။
သူ အခုမှနိုးခါစဖြစ်ရာ ကြောင်အအနဲ့ ဆံကုပ်ကို ထိကိုင်လိုက်ပုံမှာ ပျင်းရိနေတဲ့ ကြောင်လေးတစ်ကောင်အလား။
သည့်အပြင် ထန်ယဲ့ရဲ့ ထူးခြားလှတဲ့ တုံ့ပြန်မှုကို ကြားလိုက်ရချိန်တွင် တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေတဲ့ အင်တာနက်သုံးစွဲသူတွေရဲ့ မှတ်ချက်တွေဟာ ပေါက်ကွဲထွက်သွားပါတော့သည်။
[ဘယ်လိုနတ်သားမျက်နှာလေးလဲဟေ? ဟုတ်ပါပြီ၊ ထန်ပရိသတ်တွေရဲ့ ပျမ်းမျှအသွင်အပြင်ကို ငါလျှော့ချလိုက်ပါပြီ]
[ဖက့်ခ်! သုံးမိနစ်နဲ့ ဒီညီငယ်လေးရဲ့ အချက်အလက်အားလုံးကို ငါလိုချင်တယ်ဟေ့!]
[ရှက်စရာကောင်းလိုက်တာ၊ သူက တခြားသူတွေကို ချီးကျူးနေတာလားဟ?]
[အမေရေ သမီး ဘာကိုစောင့်နေသလဲဆိုတာကြည့်ကြည့်၊ သမီးရဲ့ ကောကော ဒီနေ့ ကမ္ဘာကြီးပေါ် ဆင်းသက်လာခဲ့ပြီ]
[အခုတော့ မင်း ကြည့်မကောင်းဘူးဆိုရင် ပရိသတ်တောင်မဖြစ်နိုင်တော့ဘူးလား? ဝူး ဝူး ဝူး...]
[ထန်ယဲ့က ဒီမောင်ငယ်လေးရဲ့ အသွင်အပြင်ကို သဘောကျပြီးတော့ သူ့ကို ကံကောင်းတဲ့ fanအဖြစ် ရွေးလိုက်တာဖြစ်နိုင်လားဟေ့]
[အပေါ်ထပ်ကတစ်ယောက်ရေ တစ်ချက်ကြည့်လိုက်တာနဲ့ နင်က ထန်ပရိသတ်မဟုတ်ဘူးပဲ။ ငါတို့ရဲ့ ထန်ကောက အမြဲတမ်း ချောလည်းချော၊ ရုပ်လည်းဆိုးပါတယ်နော်။ သူ အဲဒီမောင်ငယ်လေးရဲ့ အသွင်အပြင်ကို တကယ်ပဲ ကြိုက်တယ်ဆိုရင် ငါတို့ထန်ပရိသတ်တွေက ချက်ချင်း အပြင်ထွက်လာပြီး အလေးပြုမှာပါ!]
[ဟားဟားဟား၊ ငါ့ရဲ့ ထန်ကောက ချောလည်းချော ရုပ်လည်းရုပ်ဆိုးတယ်လို့ ပြောလို့ အဆင်ပြေပါ့မလားဟယ်? ဒါပေမယ့် *nsdd]
(*nsddဆိုတာက 你说得对 (nǐ shuō dé duì) နင်ပြောတာမှန်တယ် လို့ပြောတာပါရှင်)
ဟုတ်တာပေါ့၊ ခန်းမမှာရှိနေကြတဲ့လူတွေက မှတ်ချက်တွေမှာ ဘာတွေပြောနေသလဲဆိုတာ မသိကြပေမယ့် ဘယ်သူကမှ စုချီယွဲ့ကို မနာလိုဖြစ်မနေကြပါဘူး။
ချင်ဟောက်ချူးနှင့် စွင်းဇီက သူတို့ပေါင်တွေကို ရိုက်လိုက်ရင်း သူတို့ ဘာလို့များ တတိယတန်းက ၂၀မြောက်ထိုင်ခုံမှာ မထိုင်ခဲ့မိတာလဲလို့ တွေးနေကြလျက်။
မဟုတ်ရင် ယနေ့ကံကောင်းတဲ့fanဟာ သူတို့ထဲကတစ်ယောက်ဖြစ်မှာလေ၊ အခုတော့ fanအတုဖြစ်တဲ့ စုချီယွဲ့က အကျိုးအမြတ်ရသွားပြီပဲဟ!
ထန်ယဲ့က တခြားသူကို ချီးမွမ်းခဲ့တာမို့ လူတိုင်း ရှော့ခ်ရနေကြပေမယ့် ပို၍ထိတ်လန့်ဖွယ်ကောင်းစရာတွေ လာဦးမယ်ဆိုတာကို သူတို့ မရိပ်မိခဲ့ကြ။
ထန်ယဲ့က စုချီယွဲ့ကို ဂရုတစိုက်ကြည့်ရှုပြီးနောက် "ကြောင်တွေကြားထဲက နတ်သူငယ်လေးလိုပဲ"လို့ ပြောလိုက်လေသည်။
စုချီယွဲ့တစ်ယောက် ကြောက်နားရွက်ဆံကုပ်လေးနဲ့ ထန်ယဲ့အား ကြောင်အစွာ စိုက်ကြည့်နေမိတာကြောင့် သူ့အမူအရာလေးမှာ အရမ်းချစ်စဖွယ်ကောင်းနေကာ ထန်ယဲ့ပြောတဲ့စကားအတိုင်းဖြစ်နေလျက်။
ထန်ယဲ့ရဲ့ စကားတွေကြောင့် စင်မြင့်ပေါ်မှာရော မှတ်ချက်နေရာမှာပါ ခေတ္တမျှအေးခဲသွားကာ ငြိမ်သက်သွားလေသည်။
ထို့နောက်တွင်မူ ပရိသတ်တွေဆီမှ ဝမ်းသာအားရ အော်ဟစ်သံတွေဟာ ခန်းမတစ်ခုလုံး ကျယ်လောင်စွာ ထွက်ပေါ်လာပြီး မှတ်ချက်နေရာမှာလည်း ပိုလို့တောင် ပေါက်ကွဲလာကြလျက်။ စာသားတွေကတော့ အခြေခံအားဖြင့် [အားးးးးးးးးးးးးးးးးးး!] နဲ့သာ ပြည့်နှက်နေလေ၏။
လူအနည်းငယ်ကသာ ဘာရေးထားတယ်ဆိုတာ ပြောပြနိုင်လေရဲ့။
[အားးး! ဒီနေ့ ကောကောက ဝင်ပူးခံထားရတာပဲဟ! ငါကျိန်ရဲတယ်ဟေ့!]
[အိုးမိုင်ဂေါ့ ငါတို့ရဲ့ထန်ကောနဲ့ ဒီမောင်လေးက လိုက်ဖက်လိုက်တာဟယ်၊ ငါ့ကို မတားကြနဲ့တော့]
[ကောကောက ဒီမောင်လေးစုကို အမှတ်တမဲ့ရွေးချယ်မိတာဟာ ကောင်းကင်ဘုံရဲ့ ရွေးချယ်မှုကြောင့်ပဲပေါ့၊ ဒါက သိပ်ရိုးရှင်းနေတာကြီးကို၊ ရွေးချယ်ခံရတဲ့သူရော သိကြရဲ့လားလို့]
Hostက တတ်နိုင်သမျှ မြန်မြန်တုံ့ပြန်လာကာ ပွဲအခမ်းအနားကို ပြန်လည်ထိန်းချုပ်လိုက်၏။
"ထန်လောင်ရှီးရဲ့ ဖော်ပြချက်တွေဟာ အရမ်းသင့်လျော်တယ်ဆိုတာကို ပရိသတ်ရဲ့ တုံ့ပြန်မှုကနေတစ်ဆင့် မင်းတို့မြင်နိုင်ပါတယ်နော်"
"ဒီနေ့ ထန်လောင်ရှီးကိုယ်တိုင် မဲနှိုက်ပေးခဲ့တဲ့ ကံကောင်းတဲ့fanတစ်ယောက်အနေနဲ့ မစ္စတာစုက ဆန္ဒတစ်ခုပြောလို့ရပါတယ်၊ ထန်လောင်ရှီးက ဖြည့်ဆည်းပေးပါလိမ့်မယ်ဗျာ"
Hostရဲ့ စကားတွေကြောင့် စုချီယွဲ့လည်း သူ့အာရုံတွေပြန်စုစည်းလာကာ စိတ်ရှုပ်ထွေးနေတာကို ရှင်းထုတ်သွားနိုင်ခဲ့ပြီ။
နောက်ဆုံးတော့ သူ ဘာလို့ စင်မြင့်ပေါ်ရောက်နေတယ်ဆိုတာ သူသိလိုက်ပါပြီနော်။
"ဘယ်ဆန္ဒမဆို ရတာလား?"
အခြေအနေတချို့တော့ရှိမှာပဲ... မဟုတ်လို့ သူ ထန်ယဲ့ကို ငါးသန်းတောင်းလိုက်ရင် သူတကယ်ပေးမှာတဲ့လားနော်။
Hostက ကန့်သတ်ချက်တွေရှိနေတယ်လို့ ပြောတော့မယ့်အချိန်မှာပဲ ထန်ယဲ့က "အားလုံးအဆင်ပြေတယ်"လို့ ကြားဖြတ်ပြောလိုက်လေသည်။
စုချီယွဲ့ မျက်လုံးတွေ ပြူးကျယ်သွားရလျက်။ ဒီရုပ်ရှင်ဘုရင်ကြီးက ရူးနေတာလားကွာ။ သူ အသံကျယ်ကျယ်ပြောလိုက်ပြီး ထန်ယဲ့က သဘောမတူနိုင်ရင် ရယ်စရာဖြစ်မှာ မကြောက်ဘူးလားမသိပါဘူး...
စာရေးသူမှာ ပြောစရာရှိပါတယ်။
ထန်ယဲ့ - မင်းပြောနေသမျှ ကိုယ်ကျေနပ်နေမှာပါကွာ။
xxx
Zawgyi
[Q: အခ်ိန္နဲ႔ အာကာသတံခါးကို ဘယ္လိုဖြင့္ၿပီးေတာ့ ဒီေၾကာက္စရာေကာင္းတဲ့ကမ႓ာကေန ထြက္သြားလို႔ရမလဲ?]
က်န္းခ်န္တကၠသိုလ္ဖိုရမ္ရဲ့ ပင္မစာမ်က္ႏွာတြင္ ဒီလိုပို႔စ္တစ္ခု ေပၚလာခဲ့သည္။ နံနက္ ၁၀နာရီတြင္ ဒီပို႔စ္ကို တင္ထားခဲ့ၿပီး ယခု ေန့လည္ ၁နာရီတြင္ စာျပန္သူ ေထာင္ႏွင့္ခ်ီရိွေနၿပီျဖစ္သလို hotလည္းျဖစ္ေနခဲ့၏။
1L- ထိုင္ေစာင့္ေနၿပီေဟ့...
2L- အဓိကလူက နည္းလမ္းသိသြားၿပီး ငါ့ကို ကန္ထုတ္လိုက္တယ္ဟ...
3L- ဒီေမးခြန္းကို ငါသိတယ္။ ၾကယ္ခုနစ္လံုး ခ်ိတ္ဆက္မိသြားတဲ့အခါ အခ်ိန္ႏွင့္ အာကာသတံခါး ပြင့္လာလိမ့္မယ္...
4L- အေပၚထပ္ေရ ဘာျဖစ္ေနတာတုန္း? ၾကယ္ခုနစ္လံုးက ပုလဲေတြလို ဘယ္အခ်ိန္မွာ ခ်ိတ္ဆက္သြားမလဲဆိုတာ မင္းေရတြက္ႏိုင္လို႔လား...
5L- ဒီကမ႓ာက ဆိုးရြားေနတာလား? ဟုတ္ပါ့ အရမ္းဆိုးဆိုးပဲေနာ္။ ငါသာျပန္ေမြးဖြားႏိုင္ရင္ အေမ့ဝမ္းထဲမွာပဲ ကိုယ့္ကိုယ္ကိုယ္ သတ္ေသလိုက္ေတာ့မွာ...
6L - အေပၚထပ္ေရ အဲလိုလုပ္စရာမလိုပါဘူး၊ မင္းအေမမွာ ဘာအမွားရိွလို႔တုန္းကြ....
...
36L- ပို႔စ္ပိုင္ရွင္က အခက္အခဲေတြ ႀကံဳေနတာလားဟင္? သည္ကမ႓ာေျမၾကီးဟာ ဘယ္ေလာက္လွပလိုက္သလဲလို႔... ေနေရာင္ျခည္၊ ေလေျပေလညင္းေလး၊ စမ္းေခ်ာင္းေလးေတြ... ဇိမ္ခံအိမ္ႀကီးေတြ၊ ဇိမ္ခံကားေတြ၊ မိန္းမလွေလးေတြ၊ ေကာင္ေခ်ာေလးေတြ... ဒါေပမဲ့ ငါ့မွာေတာ့ တစ္ခုမွမရိွဘူးပဲ!
37L- အေပၚထပ္က ရဲေဘာ္ေရ... ငါ့ရဲ့ ၄၀မီတာရွည္တဲ့ ေတာခုတ္ဓားႀကီးကို ထပ္ၿပီးမကိုင္ထားႏိုင္ေတာ့ဘူး၊ ျမဳပ္သြားၿပီဗ်ိဳ႕ [狗头.jpg]
စုခ်ီယြဲ႔ တကၠစီေပၚတြင္ ထိုင္ေနကာ ျပတင္းေပါက္ကို မွီထားလ်က္ ဖိုရမ္ကိုၾကည့္ေနရင္း ဒီမွတ္ခ်က္ေတြကို ျမင္လိုက္ေတာ့ သူ တိတ္တိတ္ေလး ေခါင္းယမ္းမိသည္။
ေသခ်ာတာေပါ့ လူတိုင္းက သူနဲ႔ တူညီတဲ့ အေတြးအျမင္ေတြ ရိွေနတာပဲ...
ဒီစာအုပ္ထဲက ကမ႓ာႀကီးဟာ တကယ့္ကို ဆိုးရြားေနလိုက္တာ။
ၾကည့္လိုက္ေလ... လူတိုင္းထြက္သြားခ်င္ေနၾကတာပဲကို၊ ဒီကမ႓ာႀကီးကို SBစာေရးသူက ဖန္တီးထားတာပဲေလ...
ဟုတ္ပါတယ္... သူက စာအုပ္ထဲကို ကူးေျပာင္းလာခဲ့တာပါ။ ဒီစာအုပ္ထဲက နာမည္တူ မ်ိဳးရိုးတူတဲ့ ဆန္ကုန္ေျမေလးတစ္ေယာက္ ျဖစ္သြားတာေပါ့။
သူ႔ရဲ့ ပထမဆံုးဆႏၵကေတာ့ ဒီကမ႓ာႀကီးကေန ျပန္ထြက္သြားႏိုင္ၿပီးေတာ့ မူလကမ႓ာဆီ ျပန္သြားခ်င္တာပါပဲ။
သူက တကယ့္ဘဝမွာ စံျပကစားသမားတစ္ဦးျဖစ္ေသာ္လည္း ဒီလိုစာအုပ္ထဲမွာေတာ့ သနားစရာေကာင္းေလာက္ေအာင္ မေသခ်င္ပါဘူးေနာ္...
ဒီစာအုပ္ထဲမွာ စုခ်ီယြဲ႔ဟာ စူပါပေလးဘြိုင္းတစ္ေယာက္တဲ့ေလ။ သူက ေနရာတိုင္းလိုလို လူေလးေယာက္ႏွင့္ ပေရာပရည္လုပ္တတ္၍ ထိုလူေလးေယာက္ ပူးေပါင္းၿပီး သူ႔ဂုဏ္သတင္းကို ဖ်က္စီးပစ္ၾကသလို သူ႔မိသားစုကိုလည္း ေဒဝါလီခံေအာင္လုပ္ခဲ့သည္။ အဆံုးမွာေတာ့ စိတ္သက္သာရာရေအာင္လို႔ အေဆာက္အဦးေပၚမွ ခုန္ခ်ကာ ကိုယ့္ကိုယ္ကိုယ္ သတ္ေသႏိုင္ရံုသာရိွေတာ့သည္။
ဒါႀကီးက အရမ္း အရမ္း ေၾကာက္စရာေကာင္းလြန္းတယ္ေဟ့...
သူက တိတ္တိတ္ေလး ေရရြတ္ေနမိလ်က္ - လိင္မႈကိစၥကို ေရွာင္ၾကဥ္ရမယ္၊ လံုၿခံဳေအာင္ေနရမယ္။
455L- မိုက္မဲတာေတြ လုပ္ဖို႔ မစဉ္းစားပါနဲ႔ မူရင္းပို႔စ္ပိုင္ရွင္ေရ မင္းရိွေသးရဲ့လား? မင္းရိွေနတယ္ဆို ျပန္ေျပာ!
စုခ်ီယြဲ႔ - ငါ တကယ္ သတ္ေသခ်င္ေနတာ မဟုတ္ပါဘူးေနာ္။ ဘဝဟာ အဖိုးတန္ပါတယ္ ကေလးေရ...
ထို႔ေနာက္
သူ႔ျပန္စာေအာက္တြင္ ျပန္စာအသစ္ေတြဝင္လာခဲ့သည္။
1055L- squeak~
1056L- သတင္းပို႔ပါတယ္၊ မူရင္းပို႔စ္ပိုင္ရွင္က ဘာလုပ္ေနတာလဲ?
1057L- ဟီးဟီးဟီး... ၾကည့္ရတာ အေပၚကတစ္ေယာက္ေယာက္က သူ႔ကို မိုက္မဲတာေတြ လုပ္ေနမယ္ထင္ေနမွာစိုးလို႔ အသံထြက္လာတာျဖစ္မယ္...
1058L- ဒါက ဘယ္လိုရိႈးပြဲလဲဟ...
1059L- ငါ ရယ္ရလြန္းလို႔ အိပ္ရာမွာ လူးလိမ့္ေနေတာ့ ငါ့အေမက ငါရူးေနၿပီလို႔ ထင္သြားတယ္ဟယ္
1060L- မူရင္းပို႔စ္ပိုင္ရွင္ရဲ့ ဦးေနွာက္ပတ္လမ္းက အရမ္းထူးဆန္းတာပဲေနာ္၊ ငါေတာ့ ေလႏွင္ရာအတိုင္း အခုအရင္သြားၿပီေဟ့
...
စုခ်ီယြဲ႔က သူ႔ႏႈတ္ခမ္းေတြ မဲ့က်သြားကာ 'မင္းပဲ ငါ့ကို ကြၽိလုပ္ခိုင္းေနတာ မဟုတ္ဘူးလားကြ' သူျပန္ေျဖတာ မွန္ေနတာပဲကို...
အျပဳသေဘာေဆာင္တဲ့ မွတ္ခ်က္ေတြမရိွဘဲ ေပါက္ကရစကားေတြပဲ ရိွေနတာ ေတြ့လိုက္ရေတာ့ စုခ်ီယြဲ႔ သူ႔ဖုန္းကို ပိတ္ကာ ခဏေလာက္အိပ္ဖို႔ ျပင္လိုက္သည္။
သူတို႔ေက်ာင္းက "က်ံဳးလင္" ရုပ္ရွင္မိတ္ဆက္ပြဲ က်င္းပတဲ့ ျပပြဲစင္တာႏွင့္ အေတာ္ေလး ေဝးလြန္းရာ ေရာက္ဖို႔ တစ္နာရီေလာက္ ၾကာၪီးမယ္လို႔ ခန႔္မွန္းမိတာေၾကာင့္ မင္းသာ အိပ္မေပ်ာ္ရင္ ဒီေၾကာက္စရာေကာင္းတဲ့ကမ႓ာႀကီးအေၾကာင္း ဆက္လက္ေတြးေတာေနမိေနၿပီးေတာ့ အိပ္မက္နတ္ဘုရားဆီ သြားေတြ့ရေတာ့မွာပဲ။
စုခ်ီယြဲ႔တစ္ေယာက္ သူ ဘယ္ေလာက္ၾကာၾကာ အိပ္ေပ်ာ္သြားမွန္းမသိေပ။ သူ႔အခန္းေဖာ္ က်န္းခိုင္ ႏိႈးလိုက္ေတာ့မွ ႏိုးလာခဲ့သည္။
"သြားၾကစို႔ ကားေပၚကဆင္းေတာ့"
စုခ်ီယြဲ႔ က မ်က္လံုးဖြင့္ၿပီး အျပင္ဘက္ကို ၾကၫ့္လိုက္ရာ "မေရာက္ေသးဘူးေလ"
"ယာဉ္ေၾကာပိတ္ဆို႔ေနတာ၊ ဒီတိုင္းလမ္းေလ်ွာက္သြားၾကမလို႔"
အခန္းေဖာ္စြင္းဇီက ကားေပၚမွ အရင္ထြက္လိုက္သည္။
သူတို႔ မိနစ္ငါးဆယ္ၾကာ လမ္းေလ်ွာက္ခဲ့ၾကၿပီး ေနာက္ဆံုးတြင္ ရုပ္ရွင္ျပပြဲစင္တာသို႔ အေျပးအလႊား ေရာက္လာခဲ့ၾကသည္။
အေစာႀကီးေရာက္ႏွင့္ေနၿပီျဖစ္တဲ့ ခ်င္ေဟာက္ခ်ူးက အေပါက္ဝမွာ ေစာင့္ဆိုင္းေနရာ သူတို႔ကို ေတြ့လိုက္တာနဲ႔ ခပ္ျမန္ျမန္ အထဲကို ဆြဲေခၚကာ
"ဘာလို႔ဒီေလာက္ေနွးေနၾကတာလဲကြာ ဟိုမွာ စေတာ့မယ္"
က်န္းခ်န္ရိွ ျပပြဲစင္တာဟာ အႀကီးဆံုးေနရာတစ္ခုျဖစ္၏။ သူတို႔ယူထားတဲ့ VIPေနရာက အေကာင္းဆံုးျမင္ရၿပီး စင္ျမင့္ႏွင့္ အနီးကပ္ဆံုး ေနရာေကာင္းျဖစ္သည္မွာ အေသအခ်ာပင္။
စုခ်ီယြဲ႔ ထိုင္ၿပီးေနာက္ ဟိုဟိုဒီဒီ လွၫ့္ပတ္ၾကၫ့္လိုက္ရာ ခန္းမတစ္ခုလံုး လူေတြ ျပၫ့္က်ပ္ေနသည္ကို ေတြ့လိုက္ရ၏။
အမ်ားစုကေတာ့"ထန္" သို႔မဟုတ္ "ယဲ့" လို႔ ေရးထားတဲ့ အနီေရာင္မီးလင္းဆိုင္းဘုတ္ေလးေတြကို ကိုင္ထားၾကတဲ့အျပင္ bannerေတြကိုလည္း ကိုင္ေဆာင္ထားၾကသည္။
ကြင္းတစ္ခုလံုး အနီေရာင္ပင္လယ္ႀကီးအလား...
စုခ်ီယြဲ႔ အသံကို ေလ်ွာ့လိုက္ကာ စြင္းဇီႏွင့္ ခ်င္ေဟာက္ခ်ူးတို႔ကို ေမးလိုက္ေလ၏။
"မင္းတို႔ႏွစ္ေယာက္က ထန္Fanေတြ မဟုတ္ဘူးလား? မင္းတို႔ရဲ့ ပစၥည္းေတြ ဘာလို႔မယူခဲ့ၾကတာလဲ?"
ခ်င္ေဟာက္ခ်ူးက သူ႔ေမးခြန္းကို ၾကားေတာ့ သူ႔ေက်ာပိုးအိတ္ထဲက နားရြက္ေလးပါတဲ့ ဆံကုပ္ေလးခုကို လ်ိႈ႔ဝွက္စြာ ထုတ္ယူလိုက္၏။
မူလကေတာ့ ဒီဆံကုပ္ႏွင့္ ပတ္သက္ၿပီး ထူးထူးျခားျခားမရိွေသာ္လည္း ခလုတ္ကို ႏိွပ္လိုက္ရင္ နားရြက္ေလးက မီးလင္းလာၿပီး ေၾကာင္နားရြက္နီနီေလးအျဖစ္ ေပၚလြင္လာေပလိမ့္မည္။
စုခ်ီယြဲ႔ ႏွာေခါင္းရႈံ႔လ်က္ သူ႔ကိုၾကည့္ကာ
"မင္း ဘာလုပ္ေနတာလဲ?"
ခ်င္ေဟာက္ခ်ူးက တစ္ေယာက္စီကို တစ္ခုစီေပးလိုက္ရင္း
"ငါတို႔က VIP မွာေလ။ အဲ့ေတာ့ မီးလင္းဆိုင္းဘုတ္ေတြကိုင္ရတာ အဆင္မေျပဘူး၊ ေနာက္ကလူေတြကို ကာမိဖို႔ လြယ္တယ္ကြာ။ ဒါက သိပ္မေကာင္းဘူးေလ ဟုတ္တယ္မလား? ဒီေတာ့ ငါ ဒီဆံကုပ္ေလးခုမွာထားလိုက္တာပဲ၊ ဘယ္လိုလဲ ငါအရမ္းစဥ္းစားတတ္တယ္မဟုတ္လားကြ?"
စုခ်ီယြဲ႔ အဲဒါကို မတပ္ခ်င္သျဖင့္
"ေက်းဇူးျပဳျပီးေတာ့၊ မင္းက ငါတို႔လို ေယာက်္ားႀကီးေလးေယာက္ကို ဒီေၾကာင္နားရြက္ဆံကုပ္ေတြ ဝတ္ေစခ်င္ေနတာေတာ့ မဟုတ္ပါဘူးေနာ္?"
ဘုရားေရ ဒီစာအုပ္ထဲမွာ ပံုမွန္ျဖစ္တဲ့သူေတြရိွေသးရဲ့လားေဟ!
"ငါ့ရဲ့ idol အတြက္ပဲ... ဒါက ဘာမွမဟုတ္ပါဘူးကြာ"
စြင္းဇီက ဆံကုပ္ကို အရင္ဆံုး ဝတ္ဆင္လိုက္ၿပီး ေပ်ာ္ရႊင္ေနပံုရေလရဲ့။
"ဒါေပမယ့္ သူက ငါရဲ့ idol မဟုတ္ဘူးဆိုေတာ့ ငါျငင္းဖို႔ေရြးတယ္"
စုခ်ီယြဲ႔ လက္မခံခ်င္ေပ။ ဆိုင္းဘုတ္တစ္ခုခုကိုင္ခိုင္းရင္ေတာင္ အဆင္ေျပပါေသးတယ္ေနာ္၊ ဒါႀကီးဝတ္ထားရရင္ေတာ့ မ်က္ႏွာပ်က္ရမွာေပါ့လို႔...
"ဒီလိုဆို ငါတို႔ေတြ ညီအစ္ကို မဟုတ္ေတာ့ဘူးေနာ္!
You are reading the story above: TeenFic.Net