Episode 22U

Background color
Font
Font size
Line height

နံနက်ခင်းနေ က မျက်နှာဆီကို တည့်တည့်ကျရောက်လာပြီးနောက်  ခေါင်းရင်းရှိ သရက်ပင်ကြီး ဆီက ကျေးငှက်အပေါင်း တို့ရဲ့ အော် သံ တို့ ကြောင့် ရတု မျက်လုံးတွေ ကို အားယူဖွင့်လိုက်မိသည်။ ဦးစွာသတိထားမိလိုက်သည်က မိမိ ကိုယ်လေး က တစုံတယောက်ရဲ့ ရင်ခွင်ထဲမှာ...ပြီးတော့ ထိုလူက ဈာန်...သူ ချစ်ရတဲ့ဈာန်...ထို အသိလေးက ရင် တခုလုံးကို လှိုက်ဖိုပြီး နွေးထွေး သွားစေသည်။

နီးကပ်စွာရှိနေသည့် အနေအထားကြောင့် အိပ်ပျော်နေသည့် ဈာန့် မျက်နှာကို ယခုမှ ပင် သေချာစွာ  ကြည့်မိလိုက်သည် ။ မေးရိုးကားကား နှင့် ယောက်ကျားပီသ သည့် မျက်နှာ အကျပေါ်မှာ အမြဲ ရိတ်သင်ထားတတ်တဲ့ မုတ်ဆိတ်မွှေး နူတ်ခမ်းမွှေး ရာ စိမ်းမြမြ တို့က တကယ်ကို ရင်ခုန်ယစ်မူးဖွယ်ရာပင်။ စိမ်းညှို့နေသည့် မျက်ခုံးတန်းတွေမှာ လည်း ရိတ်သင်ပြီး ပုံ ပေါ်ထားသကဲ့သို့ ပြည့်စုံလွန်းနေ သည်။ ထို့နောက် ထင်ပေါ်နေတဲ့ နှာတံ ခပ်မြင့်မြင့် အောက်က ထူ ပြည့်ပြည့်နူတ်ခမ်းတွေဆီ အရောက်မှာတော့ မနေနိူင်စွာဘဲ ဖွဖွလေး ခိုးနမ်း မိလိုက်သည်။

"ပြွတ်..."

ညက သူ နဲ့ ဈာန် ခန္ဓာကိုယ်ချင်း ရော နှလုံးသားချင်း ရော အရာအာလုံး ထပ်တူကျသွားခဲ့ပြီ...ထိုသို့ တွေးမိလိုက်တော့ ကော့ညွှတ်စွာ ပြုံးနေမိတဲ့ နူတ်ခမ်းတွေကလည်း အောက် ကို ပြန်မဆင်းနိုင်တော့ပေ ....။

"အဟင်း..."

ဈာန့် ရင်ခွင် ထဲ ကို တဖန် ပြန်လည် တိုးဝင်လိုက်ပြီး မြင်နေရသည့် ရင်ဘက် ကျယ်ကျယ်ကြီး ဆီ ဖွဖွလိုက် နမ်းနေမိကာ ဒီလူ သားလေးက မိမိ အပိုင်ဆိုတဲ့စိတ်နဲ့ အခါခါ ကြည်နူးရပြန်သည်...။

လက်တွေကိုလည်း အငြိမ်မနေဘဲ အမြဲ ကိုင်ကြည့်ချင်နေခဲ့သည့် ဈာန် ရဲ့ ဝမ်းဗိုက်ဆီက ကြွက်သားတွေကို ပွတ်သပ်နေမိသည်... ။ နူတ်မှလည်း...

"ဘာလို့ ဒီလောက်တောင် ပြည့်စုံလွန်းနေတာလဲ ဟင်...ဒိီလူကို ပို ပိုပြီး ချစ်မိအောင်လို့..."

ဈာန် နိူးနေတာကြာနေပေမယ့် မျက်လုံးတွေကို မဖွင့်သေးဘဲ ဆက်ပြီး အိပ်ချင် ယောင်ဆောင်နေတာ ဖြစ်သည်။ ရတု သူ့ကို ခိုးနမ်းနေတာလည်း သိသည်...။ အခုနေများ သူ မျက်လုံးတွေ ကို ဖွင့်လိုက်လျှင် ဒီလူ သေချာပေါက် ရှက်သွားမည် ထင်၏။

သို့သော်လည်း  မင်းရတုမောင် က လက်တွေကို အငြိမ်မနေဘဲ တကိုယ်လုံး ကို လိုက်လံ ပွတ်သပ်ကိုင်တွယ်နေတာကြောင့် သခင်ကို သိနေသည့် အလား မိမိ အောက်က ကောင်က အမောက်ထောင်လာပြီ ဖြစ်သည်....။ ဒီလူ ကတော့ နာချင်နေပြီ ထင်ရဲ့...။

ထို့နောက် ဗိုက်ပေါ်မှာ ပြေးလွှားနေသည့် လက်လေး တွေက ဖြေးဖြေးချင်း ရင်ဘတ်ကကြွက်သားတွေဆီ ရောက်လာချိန်မှာတော့ ဈာန် မနေတတ်တော့ဘဲ မျက်လုံးတွေ ကို ဖွင့်လိုက်မိသည် ... ထို့နောက် မိမိ ခန္ဓာကိုယ် ပေါ်က ထိုလူ့ လက်တွေ ကို ဖမ်းကိုင်လိုက်ကာ...

"အကို... ကျွန်တော့် သမာဓိ အား ကို လာစမ်းနေတာလား ဟင်!..."

မိမိလက် ကို ရုတ်တရက် ဖမ်းကိုင်ကာ အနီးကပ်က ထွက်ပေါ်လာသည့် အသံကြောင့်  ကြောင့်  ရတု လန့်မိသွားရသည်။ သူ ထင်လိုက်တာက စျာန်ထူး ကို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော် နေသည်ဟု...။

"ဟို လေ... မင်း ရဲ့ ဗိုက်ကြွက်သား တွေက ကိုင်လို့ကောင်း လို့ ခဏ ကိုင်ကြည့်နေတာပါ  အဟင်း!..."

"ဗိုက် က ကြွက်သားတွေပဲလား တခြားကိုင်ချင်တာရော ရှိသေးလား...ဆန္ဒ ရှိရင် ပွင့်ပွင့်လင်းလင်း ပြောပါ ကျွန်တော် က အကို့အတွက် ဆို သဘောကောင်းတယ်"

နားရွက်နားသို့ကပ်၍ ခပ်တိုးတိုးပြောလိုက်သည်က တကိုယ်လုံးရှိ ကြက်သီးမွှေးညှင်းတွေ ထရလောက်သည် အထိ။

"မင်းနော်...မဟုတ်တာတွေ မပြောနဲ့ ... ၊ ဒါနဲ့ မင်း က...နိူးနေတာကို ဘာလို့မပြောဘဲ ငြိမ်နေတာလဲ ပြောပါဦး..."

"သူခိုး လူမိ သွားမှာစိုးလို့ ငြိမ်ပေးနေတာလေ...ဘာဖြစ်လို့လဲ"

"လူကိုများ... ဘာ သူခိုးလဲ...မင်းဆီ က ကိုယ်ဘာများ ခိုး မိလို့လဲ..."

"အနမ်း သူခိုးလေ ကျွန်တော့် ကို ခိုးနမ်းနေတဲ့ အနမ်း သူခိုးလေး ... အကို ကျွန်တော့် ကို ခိုးနမ်းနေတာ ကျွန်တော် က မသိဘူး များ ထင်နေတာ လား...ပြောပါဦး"

သိနေလျှင်တောင် မသိသလိုဘဲ ငြိမ်နေလိုက်ပါတော့ လား... လူကို မနေတတ်အောင် လိုက်ပြောနေလေ တော့ တကယ်ကို ရှက်မိနေပြီဖြစ်သည်။ကိုယ်က သူ မနိုးလောက်သေးဘူး အထင်နှင့် လုပ်ချင်ရာတွေလုပ်နေခဲ့တာ ...။

ရတု ငြိမ်ကျသွားတာကြောင့် စိတ်ဆိုးသွားပြီ အထင်နှင့် ခါးဆီကို လှမ်း တို့ လိုက်ပြီး...

"ဟေး...သူခိုးလေး...စိတ်ဆိုးသွားတာလား"

"စျာန်...မင်းနော်"

ခပ်တည်တည် မျက်နှာလေးဖြင့် ပြန်ပြောလိုက်တာကြောင့် အမှန်တကယ် စိတ်ဆိုးသွားမှာ စိုးရိမ်မိလိုက်ပြီး... ရတု ကိုယ်လေး ရင်ခွင်ထဲသို့ ပြန်ဆွဲထည့်လိုက်ကာ...နုတ်ခမ်းတွေဆီကို လိုက်၍ ဖိနမ်းပစ်လိုက်သည်။

"ပြွတ်!

"ချစ်လို့ စလိုက်တာ စိတ်မဆိုးနဲ့...ခိုးပြီးတော့ပဲနမ်းနမ်း...အခုလို ပေါ်တင်ပဲ နမ်းနမ်း ကျွန်တော်က ခွင့်ပြုထားပြီးသား...အကို သိထားဖို့က ကျွန်တော် က အမြဲတမ်း အကို့အပိုင်..."

"ပြွတ်"

စျာန် က ပြောရင်းဖြင့် နူတ်ခမ်း ဆီကို အကြိမ်ပေါင်း ​များစွာ ဖိကပ် နမ်းရှိုက်ပစ်သည် ထိုလူက မနေတတ်စွာ သူ့ ကိုယ်ကြီး ကို တွန်းထုတ်နေပေမယ့် ပြန်လွှတ်ပေးဖို့ အစီအစဥ်မရှိ...။ နူတ်ခမ်းတွေ ဆီ အကြိမ်ပေါင်းများစွာ နမ်းရှိုက်ပြီးနောက်မှာတော့ အနမ်းတွေကို လည်တိုင်ဖွေးဖွေး လေးဆီ နယ်ချဲ့လိုက်မိရာ...

"ဟာ့...စျာန်...တော်ပြီ"

ခေါင်းလေးမော့၍ မျက်ခုံးလေး တွန့်ချိုးကာ ငြီးငြူ လိုက်သည့် မျက်နှာလေး က သူ့ စိတ်ကို ထပ်ခါ ထပ်ခါ ပေါက်ကွဲပစ် ဖို့ ဖိတ်ခေါ်နေသယောင်...။

လှတယ် အကို က အရမ်းလှတယ် ယောက်ကျားလေး တစ်ယောက်ကို လှတယ်လို့ သုံးနှုန်းလို့မရပေမယ့်လည်း...သူ့မျက်လုံးထဲမှာ  အကိုက တကယ်ကို လှလွန်းသည်။

အထူးသဖြင့် သူ အရိုင်းဆန်စွာ အကို့ ရဲ့ အပေါ်မှာ ယစ်မူးပျော်ဝင်နေတဲ့ အချိန်တွေ ဆို သူ့ရဲ့အောက်မှာ ညီးတွားနေတဲ့ အကို့ ရဲ့ ပုံစံက သူ့ စိတ်ကို ပိုမို ရူးသွပ်သွားစေ ဖို့ အထိ လုံလောက်သည်။

သူ့ ကို ရီဝေစွာ ပြန်လည် မော့ကြည့်နေသည့် မျက်ဝန်းလေးတွေကို စျာန် ဖိကပ်နမ်းရှိုက် ပစ်လိုက်ပြီး...

"ပြွတ်!

"အကို က အရမ်းလှတယ် သိလား..."

"ဟင် ! လှတယ် လို့ သုံးနှုန်း ဖို့ အတွက် ကိုယ်က မိန်းကလေး မှ မဟုတ်တာ စျာန်ရဲ့... "

"မသိဘူး ကျွန်တော့် မျက်လုံး ထဲ မှာတော့ အကို က အရမ်းလှတယ်... ပြီးတော့ အကို့ ကိုပိုင်ဆိုင်ခွင့် ရ လိုက်မိတဲ့အတွက် လည်း ကျွန်တော် အရမ်းပျော်တယ်သိလား...တကယ်"

"ကိုယ့်ကို ဒီလောက်တောင် ချစ်တာပဲလား...စျာန်"

ရတု မျက်နှာလေး ဆီ  ဖွဖွ ပွတ်သပ်ရင်း မေးလိုက်တော့ ထိုကောင်လေး က စဥ်းစားဟန်ဖြင့် မျက်ခုံးထူထူ ကိုအနည်းငယ် စုကြုံ့သွားပြီး ခေတ္တ ငြိမ်ကျသွားသည်။ ထိုသို့သော မျက်နှာလေး မှ အစ အမြတ်တနိုးဖြင့် သူ မလွတ်တမ်း ငေးကြည့်နေမိသည်...။ အချစ်ဆိုတဲ့ခေါင်းစဥ်အောက်မှာပဲ ပြုံးနေမိသည့် နူတ်ခမ်းတွေကတော့ အတိုင်းအဆမဲ့။

"ဒီလောက်တောင် မဟုတ်ဘူး အကိုရဲ့.. ဒီ့ထပ် ကို ပိုချစ်တာ... အကို ထင်နေတာထပ် လည်း ပိုရင် ပိုနိူင်တယ် ...အခုလို ချစ်တဲ့အကြောင်းတွေ ကိုလည်း အကို သိအောင် အမြဲတမ်း မရိုးနိုင်အောင် ပြောနေမှာ..."

စျာန် က ပြောရင်းဖြင့် ရတု ကိုယ်လေးကို ဇွတ်အတင်းတိုးဖက်ကာ ဖျစ်ညှစ်လိုက်ပြီး အိင်္ကျီ လွတ်နေသည့် ညှပ်ရိုးလေးဆီ ဖွဖွ ငုံခဲပစ်လိုက်တာကြောင့်...

"အာ့...ဈာန်...အရမ်းမလုပ် နဲ့ လေ... ကိုယ်ဆေးရုံသွားရမှာ အရာတွေ ထင်နေရင် ရှက်စရာကြီး..."

"အဟွန်း! ဘာ ရှက်စရာ ရှိလို့လဲ...ဒီနေ့ကစပြီး အကို့ ဆီမှာ ဆိုင်သူ ရှိနေပြီ ဆိုတာ အားလုံးသိအောင် တမင်လုပ်ပေးတာ"

"မင်း မညစ်နဲ့..."

"မညစ်ပါဘူး ... ချစ်တာပါ... မယုံရင် ထပ်ချစ်ပြရဦးမလား..."

စျာန် က ညှို့ငင်နေသည့် မျက်ဝန်းတွေ နဲ့  ကြည့်ရင်းပြောလာတော့ ကဆုန်ပေါက်ခုန်လာသည့် မိမိ ရင်ခုန်သံတွေ က တကယ်ကို ရှက်ဖို့ကောင်းရလောက်အောင်ပင် ။ ကိုယ့် ရင်ခုန်သံ ကိုယ်ထိန်းနိုင်ဖို့အတွက် နူတ်ခမ်းတွေဆီ ဖွဖွကိုက်လိုက်မိရာ...

"အား!

ရုတ်တရက် စျာန် က ထအော်လိုက်တာဖြစ်သည်။

"ဘာဖြစ်တာလဲ စျာန်..."

"အကို က တကယ်ကို အန္တာရာယ် များတာပဲ..."

"ဘာလို့လဲ...ကိုယ်ဘာလုပ်လို့လဲ"

"လူကို ရူးအောင် မြူစွယ်နေတာလေ..."

"ကိုယ် မင်းကို ဘယ်တုန်းက မြူစွယ်လို့လဲ"

"အခုပဲလေ အကို့ရဲ့ ဒီမျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ကျွန်တော့်ကိုစိုက်ကြည့်ပြီး ဒီ နူတ်ခမ်း ရဲရဲလေးတွေကို ကိုက်ပြလိုက်တာ ကျွန်တော့်ကို မြူစွယ်နေတာမဟုတ်လို့ တစ်ခြား ဘာဖြစ်နိူင်မှာလဲ... ဟင်!"

ဈာန်ရဲ့ အပြောတွေ အကြည့်တွေ အောက်မှာ ဆယ်ကျော်သက် အရွယ်လေး ယခုမှ ရည်းစား စ ထားဖူးသလိုမျိုး သူဖြစ်နေဦးမှာ အမှန်ပင်... ထို့ကြောင့် ရှောင်ထွက်ဖို့ အိပ်ယာပေါ်က ကုန်းရုန်း၍ ထ လိုက်မိတော့ မပြောမဆိုနဲ့ပြန်ဆွဲချပြီး နုတ်ခမ်းတွေဆီကို အတင်းဖိကပ်နမ်းလာပြန်သည်။

"ပြွတ်! အွန်း"

"မနမ်းနဲ့တော့ တော်ပြီ... ကိုယ်မျက်နှာမသစ်ရသေးဘူး"

"အိပ်ယာနိူး တည်း က နမ်းနေတာကြာပြီ မျက်နှာမသစ်ရသေးတာ အခုမှ အမှတ်ရတာလား အဟွန်း!.."

"ပြောမလို့ပဲလေ...မင်း က ပြောခွင့်ပေးလို့လား"

"အဟွန်း"

ရွဲ့ပြီးပြောလိုက်တော့ ရှယ်ရယ်လေး ရယ်နေသည်။ပြီးမှ...

"ဘာဖြစ်လဲ...အကို မျက်နှာမသစ်ရသေးလည်း ချစ်တယ်... ရေမချိုးလည်း ချစ်တယ် ပေတလူး ရုပ်လေး ဖြစ်နေလည်း ကျွန်တော်က ချစ်တယ်...အဓိက က အကိုဖြစ်နေရင်ရပြီ"

ဒီကောင်လေး ရဲ့နုတ်က အမြဲ မျှော်လင့်ခဲ့ရသည့် ချစ်စကားလေးက ယခု ထပ်ခါတလဲလဲ ကြားနေမိပေမယ့် ကြားမိတိုင်း ကြည်နူးမိရသည်။

"အပိုတွေ မပြောနဲ့... တော်ရုံပဲကောင်းတယ်"

"ဟာ! မယုံသေးဘူးလား ဒါဆို သက်သေထပ်ပြဖို့လိုသေးတာပဲ ညကလိုလေ..."

ညကလို ဆိုသည့် စကားမှာပဲ ရတုသူ့ရင်ဘတ်ကြီးကို လက်ဖြင့်တွန်း ထောက် ထားလိုက်မိပြီး...

"အဟင်း! ယုံတယ် ကိုယ်ယုံတာမိုလို့ မင်း ထပ်ပြီး သက်သေ ပြစရာမလိုဘူး... ရပြီ"

"အကို ဘာတွေလျှောက်တွေးပြီး လန့်နေတာလဲဟင်...ကျွန်တော် က အကို မယုံသေးရင် ယုံအောင်လို့ ညက လို သေချာလေးရှင်းပြပေးမှာပေါ့လို့ ​ပြောမလို့လေ..."

"ဘာမှ မတွေးပါဘူး ကိုယ်လည်းအဲ့လိုပဲထင်တာ...ဒါပေမဲ့ မင်းထပ်ပြောနေရရင် မောတယ်လေ"

ပြောရင်း မျက်နှာကို တဖက်လှည့်ဖို့ပြင်လိုက်တော့ စျာန်က အတင်းပြန်ဆွဲလှည့်လာပြီး...

"ဟုတ်လို့လား...တစ်ခုခုတွေးလိုက်တာ မဟုတ်ဘူးလား"

"မတွေးပါဘူးဆို"

"တွေးလိုက်ပါတယ်ဆို..."

"ဈာန်..."

"ဗျာ.."

"အဟင်း!...."

"ဟား...ဟား"

ဘာရယ်မဟုတ် စကားနိူင်လုပြီး တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ပြိုင်တူပဲရယ်မိလိုက်ကြသည်။

အချစ်တွေထပ်တူကျနေရင် ဘယ်ကိုကြည့်ကြည့်အရာ အားလုံး လှပနေရသလို ... ဘယ်လိုစကားကို ပဲ ကြားကြား အလိုလိုပြုံးရယ်မိနေ၍ ပျော်ရွှင်ခြင်းတွေ က ဖုံးမရ ဖိမရ ဖြစ်ရသည် ....။

"ဒေါက် ... ဒေါက်"

"ကိုကို ရေ! နိူးပြီလား"

တံခါးခေါက် သံနှင့် တစပ်တည်း ကြားလိုက်ရသည့် တိမ်ဦးယံ ၏ အသံကြောင့် ရတု လှဲအိပ်နေရာမှ ဆတ်ကနဲ ထ ထိုင်လျှက်မိသားပင်...။ အထိတ်တလန့် ပုံစံမျိုးဖြင့် ဈာန့် လှဲနေသည့် ဘက်ကို ပြန်လှည့်ကြည့်မိတော့... သူတွေးထားသည့်အတိုင်း စျာန်က ဂရုမစိုက်စွာ လက်နှစ်ဖက်ကို ခေါင်းအောက်ကို ပြန်ထည့်၍ မျက်လုံးတွေကိုပါ မှိတ်ထားသည်။

လက်မောင်းဆီ ကို အသာလှုပ်ကိုင်လိုက်ပြီး...

"ဈာန်..."

"အင်း...ပြော"

မျက်ဝန်းတွေကို မဖွင့်ဘဲ ပြီးပြီးရော ပြန်ဖြေလာသည်။

"မင်း ခဏ ထ ဦး ယံလေး လာတယ်"

"ဘာလုပ်ရမှာလဲ... သူ့ ဟာသူ လာတာ...လာပါစေပေါ့"

"ဟို မင်းနဲ့ငါနဲ့ကို ဒီလိုပုံစံ နဲ့ သူမြင်သွားရင်..."

ထိုအခါမှ စျာန်က မျက် ဝန်းတွေကိုဖွင့်လာလိုက်ပြီး...မိမိ ဆီကို သေချာကြည့်ကာ...

"သူ မြင်သွားရင်ဘာဖြစ်လဲ... ဘာဖြစ်သွားမှာလဲ... အကို ပြောတော့ သူ နဲ့ အကို က ဘာမှမဆိုင်ဘူးဆို...ဘယ်လိုမှ မပတ်သက်ဘူးဆို... အခု အကို့ပုံစံ က သူ့အပေါ်ဖောက်ပြန်နေတာကို သူ မိ သွားမှာကြောက်နေတဲ့ပုံဖြစ်နေတယ်....သိရောသိရဲ့လား"

ရတု ရည်ရွယ်တာ ထိုသို့မဟုတ်မှန်းကိုယ်တိုင်သာ သိသည်။ တိမ်ဦးယံ ဆိုတာ သူ မကျေနပ်လို့ ပြဿနာရှာရင် တဖက်သားကို အတော်လေးစိတ်ဒုက္ခပေးနိုင်တာ အရင်အပေါင်းအသင်းတွေ နဲ့မှာ သူ ကြုံဖူးပြီးသားပေမို့... သူတို့ပတ်သက်မူ့ ကိုသာ သိသွားရင် မိမိ ရဲ့ မိခင်ဖြစ်သူကို သွား မပြောနိုင်ဘူး ဟု တပ်အပ်မသိနိုင်ပါ... ။ ပြီးတော့ ကိုယ်ချင်းစာ စိတ် နှင့်အတူ တိမ်ဦးယံ ကို သူနဲ့ပတ်သက်ပြီး ခံစားသွားရမှာကို သနားမိနေသည်။

"မဟုတ်ဘူး ဈာန်... ကိုယ် မင်းနဲ့အကြောင်းကို သူ သိအောင်ပြောမှာပါ အခုတော့ မဟုတ်သေးဘူး..."

"ဘယ်တော့လဲ..."

"......."

ပြန်မပြောဘဲ ငြိမ်နေမိတော့ စျာန်က  လှဲနေရာက ထ လာလိုက်ပြီး မိမိ ပခုံးတွေကိုဆုပ်ကိုင်ကာ ...

"ပြောလေ ဗျာ..."

"ကိုယ် ... ကိုယ် သူ့ကို သနားတယ် ဈာန်...သူ့မှာ မိဘတွေလည်း မရှိတော့ဘူး ခင်တွယ်စရာဆိုလို့ကိုယ်ပဲရှိတာ ပြီးတော့ သူ့ အကြောင်းကို မင်းမသိတာတွေ ရှိ သေးတယ်... သူ သာ ကိုယ်တို့ကိစ္စကို သိပြီး ပြဿနာ ထ ရှာလိုက်ရင် မင်းနဲ့ကိုယ် တကယ် ဝေးရလိမ့်မယ်ထင်တယ်..."

"ကျစ်..အကို..ရာ"

စျာန် မချင့်မရဲ ဖြင့် ကိုင်ထားသည့် ပခုံးတွေကို လွှတ်ချလိုက်သည်။

"ကိုကို မနိူးသေးတာလား ယံလေး ဝင်ခဲ့လို့ရလား"

ထပ်၍ ကြားလိုက်ရသည့် အော်သံလေးကြောင့် ရတု စိုးရိမ်စိတ်တွေက ပိုမိုကြီးထွားလာကာ... စျာန်ထူး ဘက်ကို လှည့်၍ ကြည့်လိုက်ပြီး..

"ဈာန် .... ကိုယ် တောင်းပန်.."

မိမိ စကားမဆုံးလိုက်ပေ စျာန်က ဘေးနားမှာ ချွတ်ထားသည့် အိင်္ကျီ ကို ဖြစ်သလို ကောက်ဝတ်လိုက်ပြီး ရေချိုးခန်းထဲ သို့ တန်းဝင်သွားသည်။

အခုမှ စိတ်သက်သာ ရ သွားတဲ့ပုံဖြင့် ရတုသက်ပြင်းချလိုက်မိပြီး အိင်္ကျီ တစ်ထည်ကို အလျှင်အမြန် ကောက်ဝတ်ကာ မှန်ထဲကိုသွားကြည့်လိုက်မိသည်...။လည်ပင်း နဲ့ ညှပ်ရိုးတလျှောက်မှာ ဈာန် ပေးထားတဲ့အမှတ်အသားရာတွေက ဗလပွ ဖြင့် ရှိနေတာကြောင့် အပေါ်က  ဟူဒီ တစ်ထည်ကိုပါ ယူ၍ ထပ်ဝတ်လိုက်ပြီး အိင်္ကျီ ကို ဇစ် အကုန်ဆွဲပိတ်လိုက်သည်...။ ထို့နောက် ပိုပြီးသေချာစေရန် ခေါင်းစွတ်ကို ပါ စွတ်ထားလိုက်ပြီး တံခါးသွားဖွင့်ပေးလိုက်သည်...။

တိမ်ဦးယံက တံခါးရှေ့မှာ စိုးရိမ်သည့် မျက်နှာလေးဖြင့် ရှိနေပြီး သူ့ကိုမြင်လိုက်တော့ လက်တဖက်ကို လှမ်းဆွဲကိုင်ကာ...

"ကိုကို...ဘာဖြစ်လို့လဲဟင် ... တံခါး လာဖွင့်ပေးဖို့ကို ယံလေး စောင့်နေတာ  အကြာကြီးပဲ...အနွေးထည်ကြီးလည်း ဝတ်ထားတယ် နေများ မကောင်းလို့လား... ယံလေး အရမ်းစိတ်ပူနေတာသိလား..."

တကယ်ကို စိုးရိမ်သွားတဲ့ပုံစံလေးဖြင့် အသံလေးတွေတုန်နေသည် မှအစ...။ ချက်ချင်းပဲ ပြာယာခတ်သွားသည့် ပုံစံလေး ကို အဆုံး အားလုံးကို မြင်ရတော့လည်း တကယ်ကို စိတ်ထဲ မကောင်းပါ။

တကယ်ဆို ကိုယ်ကို့ ပြန်မချစ်နိူင်တဲ့ လူကို ချစ်မိနေတာ ဝဋ်ကြွေးတစ်ခုလို့ဆိုပါလျှင် ကိုယ် ပြန်မချစ်ပေးနိူင်တဲ့ လူဆီက အချစ်ခံနေရခြင်းကလည်း နောက်ထပ် ဝဋ်ကြွေးတစ်မျိုးသာ ဖြစ်ပေလိမ့်မည်...။

ရတု ကရုဏာ သက်စွာ ယံလေး ခေါင်းလေး ကို ဖွဖွပုတ်လိုက်ပြီး...

"ကိုကို ဘာမှမဖြစ်ပါဘူး အရမ်းအိပ်ပျော်သွားလို့ ယံလေး တံခါးခေါက်တာ ချက်ချင်း မကြားလိုက်မိတာ...အဲ့တာကြောင့် စိတ်မပူနဲ့နော်"

ထိုသို့ ပြောလိုက်ကာ မှ မျက်နှာလေး က ပြန်လည် ပြုံးရွှင်သွားပြီး...

"ယံလေး က ကိုကို နေမကောင်းဖြစ်နေမှာစိုးရိမ်သွားတာ ဘာမှမဖြစ်လို့တော်ပါသေးရဲ့... အောက်မှာ မနက်စာ သွားစားရအောင်လေ ... အန်တီမေ လာ ခေါ်ခိုင်း လို့ လာ သွားမယ်"

တိမ်ဦးယံ လက်ထဲက မိမိ လက်တွေကို ရတု အသာရုန်းထွက်လိုက်သည်။ အထဲက ပြဿနာကို ရှင်း ရဦးမှာမို့..။

"ကိုကို က အခုမှ  နိူးတာလေ လည်း မျက်နှာ မသစ်ရသေးဘူး... ယံလေး ရှေ့က သွားနှင့်လိုက်... ကိုကို ပြီးရင် လိုက်ခဲ့မယ်နော်"

"အင်းပါ အဲ့တာဆိုလည်း မြန်မြန် လာခဲ့နော်"

"အင်း...ကောင်းပြီ"

တိမ်ဦးယံ အောက်ကိုပြန်ဆင်းသွားတော့မှ အခန်းထဲကို ပြန်ဝင်လာလိုက်ပြီး အစောက စျာန်ဝင်သွားသည့်  ရေချိုးခန်း တံခါး ကို လက်လှမ်းလိုက်ရာ...

"ကလစ်..."

တံခါးဖွင့်သံ နှင့် အတူ စျာန်ထူးရဲ့ ခပ်တည်တည် မျက်နှာကြီးက ထွက်ပေါ်လာသည်။ မှတ်မိသလောက် ဆိုပါလျှင် ဒီလို မျက်နှာအနေအထားဟာဖြင့် ရတုနဲ့စဆုံ ကြသည့်နေ့က မျက်နှာလိုပင်...။

ကိုယ်က အပြစ်ရှိနေသူ ဖြစ်တာကြောင့်  ရှု့တည်တည်နဲ့ ရပ်နေသည့် စျာန်ရဲ့ လက်တဖက်ကို ဆွဲကိုင်လိုက်ကာ...

"စျာန်...စိတ်မဆိုးပါနဲ့နော်"

"ခဏ ခဏ... စိတ်မဆိုးပါနဲ့ပြောနေရအောင် ကျွန်တော်က အလကားနေစိတ်ဆိုးစိတ်ကောက်လုပ်နေရမယ့် အရွယ်လည်းမဟုတ်ဘူး ... အခုက စိတ်မကောင်းတာ ကိုယ့်ကိုယ်ကို အဲ့ကောင်လောက်တောင် အရေးမပါဘူးလို့ခံစားမိနေလို့ စိတ်မကောင်းတာ"

"ဘာလို့ အဲ့လို မဟုတ်တာတွေ လျှောက်တွေးပြီး စိတ်မကောင်းဖြစ်ရမှာလည်း ... ကိုယ့်အတွက် အရေးကြီးဆုံးက မင်းပဲရှိတာ...တိမ်ဦးယံ ဆိုတာ ဒီမှာ ခဏပဲနေမှာလေ ပြီးရင် ပြန်သွားမှာကို ကိုယ်တို့က သူ ရှိနေတဲ့အချိန် မှာ ခဏလေး သည်းခံ ရုံပဲ..."

"..............."

"စိတ်မကောင်းမဖြစ်နဲ့တော့နော်...အာဘွားပေးမယ်လေ"

လက်မောင်းတဖက်လုံးကို အပိုင်စားရထားသလို စိတ်ကြိုက်တွဲခိုပြီး ပြောနေသည် က စိတ်ဆိုးနေသည့် စိတ်က ချက်ချင်း ပြေချင်သွားရသည်။ ထို့နောက် မျက်နှာငယ်လေး ဖြင့် အသနားခံနေသလို မိမိ မျက်နှာဆီ မော့ကြည့်နေသည့် မျက်လုံးဝိုင်းဝိုင်းလေးတွေ... ထိုအရာတွေကြောင့်ပဲ ဒီက ကောင်က မရဘူး ခွင့်မလွှတ်ဘူးနိုင် လို့ ဆက်ပြီး ပြောရက်နိူင်ဦးမှာတဲ့လား...မင်းရတုမောင် က တကယ်ကို စပါးကြီးမြွေ တစ်ကောင်လိုပင်... လူကို စိတ်ရော ကိုယ်ပါ ညှို့ယူနိူင်သည်....။

ဒါပေမဲ့ လည်း ချက်ချင်း စိတ်မပြေချင်သေး တာကြောင့်... မျက်နှာခပ်တင်းတင်းဖြင့်

"အာဘွား ပေးတိုင်း စိတ်ပြေရအောင် ကျွန်တော် က ကလေးလား...မလိုချင်ဘူး"

"Okay  လေ...ပြီးတာပဲ"

ချက်ချင်း တွဲခိုထားသည့် လက်မောင်းကို ဖြုတ်ချပစ်ကာ ခပ်တည်တည် မျက်နှာပေးလေးဖြင့် ကြည့်ကာ ပြောလာသည်။ ပြီးနောက် ဗီဒို ထဲက တဘက် တစ်ထည် ကိုသွားယူပြီး ရေချိုးခန်း ထဲသို့ ဝင်သွားတာကြောင့် စျာန် အနောက်က နေ လိုက်၍ သိုင်းဖက်ပစ်လိုက်ပြီး....

"စိတ်ဆိုးရမှာ ကျွန်တော်လေ...အကို က ဘာလို့ စိတ်ဆိုးသွားတဲ့ မျက်နှာဖြစ်နေတာလဲ..."

ရတု စိတ်ဆိုးသွားတာကြောင့် သူ့ ရင်ခွင်ထဲက အတင်းရုန်းထွက်ပစ်တော့ လွှတ်မပေးဘဲ ဇွတ်ဖက်ထားသည်။

"ကိုယ် က ကိုယ်လွန်သွားတယ်ထင်လို့  အရှက်ကွဲခံပြီး အာဘွား ပေးရမလား လို့ ပြောတာကို မင်း က ငြင်းလိုက်တာလေ... တကယ်ဆို အဲ့လိုလေးပြောဖို့ ကိုယ့်မှာ မနည်းအားယူ ထားရတာ..."

အသံ​လေး က တကယ်ကို ဝမ်းနည်းသွားသည့် အသံလေးပေမို့ စျာန် သဘောကျစွာရယ်မိလိုက်ပြီး...

"အဟွန်း...ဟုတ်ပြီ...ဟုတ်ပြီ ကျွန်တော် မှားသွားပါတယ်... အခု ပြန်မေးလေနော်.."

"တော်ပြီ... မမေးတော့ဘူး ...ဖယ်"

ဆောင့်ကြီးအောင့်ကြီးဖြင့် ပြောကာ သူ့ ရင်ဘက် ကို တတောင်ဖြင့် အတင်းတိုက်၍ ရင်ခွင်ထဲ ဇွတ်ရုန်းထွက်သွားပြီး ရေချိုးခန်းထဲဝင်ကာ တံခါးပိတ်သွားသည်...။.

ဘာလဲ...အခု ဒီလူက သူ့အပြစ်ကနေ ကိုယ့်အပြစ်ဖြစ်အောင် ပြန် လုပ်သွားတာလား...တွေးလိုက်မိတော့  ဈာန် သဘောကျစွာ ထပ်ရယ်လိုက်မိပြန်သည်။

မင်းရတုမောင် က တကယ်ကို လည်တာ။

#May Bel#


You are reading the story above: TeenFic.Net