8 U/Z

Background color
Font
Font size
Line height

အချိန်တွေရယ် ကုန်တာမြန်လိုက်တာ။ မင်းဉာဏ်သာတစ်ယောက် နွေရာသီ ကျောင်းပိတ်ရက်ပင် ရောက်လာခဲ့လေပြီ။

စိတ်တွေက ဝေလေလေ၊ ဒီအစ်မကြီးနှင့် ခွဲရမည့် အရေးက သူ့ရင်ထဲ အောင့်သက်သက်။ အိမ်ပြန်ရောက်သည့်နှင့် ချိုသဲငယ် နှင့် လက်ထပ်မည့် ကိစ္စကို အမေက စီစဥ်တော့မည်။ ခက်တာက အစကတည်းက ပြတ်ပြတ်သားသား မလုပ်ခဲ့သည့် သူ့အမှားပင်။

မတက်နိုင်ပေ။ ဆုံးဖြတ်ချက် တစ်ခုကတော့ ခိုင်မာမှ ဖြစ်ပေတော့မည်။ ဒါမှ အကောင်းဆုံး အရာတစ်ခု ဖြစ်လာမည့် မဟုတ်လား။

"မင်ဉာဏ်သာ"

ခေါ်သံကြောင့် လှည့်ကြည့်လိုက်တော့ သူမပင်။ စီရံ သူ့ဘေးတွင် ဝင်ထိုင်လိုက်ပြီး

"နင် တွေးရခက် စဥ်းစားရခက်နေမယ် ဆိုတာ ငါ နားလည်ပါတယ်"

"ဟင် "

သူမ ထံမှ ကြားလိုက်ရသော စကားကြောင့် သူမကို သူ့ တအံ့တသြကြည့်မိတော့

"မအံ့သြနဲ့ မင်းဉာဏ်သာ၊ နင် အိမ်ကို ငါ့နဲ့ လက်ထပ်ထားတဲ့ ကိစ္စ မပြောထားတာလဲ ငါ သိတယ်၊ ပြီးတော့ နင့်မှာ လက်ထပ်ဖို့ ရည်ရွယ်ထားတဲ့ မိန်းကလေးရှိမှန်းလဲ ငါ့သိတယ်၊ နင် ဝေခွဲရခက်နေတာကိုလဲ ငါ့ သိတယ်၊ ငါ့ အတွက် နောက်ဆံမတင်းပါနဲ့ ၊ နင် ဆုံးဖြတ်စရာရှိတာသာ ရဲရဲ ဆုံးဖြတ်ပါ၊ ငါ့ လိုက်လျောပေးဖို့ အဆင်သင့်ပါ"

ဉာဏ်သာ သက်မနွေးနွေးကို ရှိုက်ရင်း

"ကျွန်တော် အိမ်ပြန်ချင်တယ်"

သူ့ စကားအဆုံးတွင် သူမ ရင်ထဲနင့်သွားရသော်လည်း အတက်နိုင်ဆုံး အပြုံးမပျက်ပြုံးရင်း

"အင်းပါ နင့် ဆန္ဒ အတိုင်းဖြစ်စေရပါမယ်"

စကားအဆုံးတွင် လှည့်ထွက်သွားသော အစ်မကြီးကို ကြည့်ပြီး သူ့ ရင်ထဲမကောင်းဖြစ်မိတာတော့အမှန်။ ဒါပေမယ့် သူ့ မတက်နိုင်ပေ။ သူ့ ဆုံးဖြတ်ခဲ့သည့် ဆုံးဖြတ်ချက် မှန်ဖို့ပင် အဓိကမဟုတ်လား။

"ခင်ဗျား အပေါ် ကျွန်တော် ချစ်ခင်မိတာတော့ အမှန်ပါဗျာ"
                      ☔☔☔

သူ့ ပြန်တော့မည်ပေါ့။ အထုတ်အပိုးတွေ ပြင်နေသော သူ့ကို သူမ ခပ်ငေးငေးလေး ကြည့်ပြီး မျက်ရည်တို့က ပါးပြင်ပေါ် စီးကျခဲ့ရပြန်ပါပြီ။

တစ်ညလုံးလည်း ရင်ဘက်အောင့်သည့် အထိ သူ  မသိအောင် ငိုထားခဲ့ရပြီ မဟုတ်လား။

သူ ခရီးဆောင်အိတ် ဆွဲကာ အပြင်ထွက်လာမှ သူ မမြင်အောင် မျက်ရည်တွေ သုတ်လိုက်ပြီး

"နင် အစစအရာရာ အဆင်ပြေပါစေ မင်းဉာဏ်သာ"

ကျလုလု မျက်ရည်တွေကို ထိန်းရင်း သူမ အားယူပြောနေရသည့်ကို သူမ သည့်သာ သိလေသည်။ ဉာဏ်သာ သူမကို တစ်ချက်ကြည့်ပြီး

"ကျေးဇူးတင်ပါတယ်၊ ဒီအတောအတွင်း ကျွန်တော်အပေါ် ဂရုစိုက် နားလည်ပေးခဲ့တာတွေအတွက်"

"ရပါတယ် ၊ မဖြစ်နိုင်မှန်း သိရဲ့နဲ့ ငါ့က ငါ့ဖြစ်ချင်တာကို အတင်းလုပ်ယူခဲ့တာပဲလေ၊ လမ်းခွဲကြပြီ ဆိုတော့လဲ အပြုံးနဲ့ပဲ လမ်းခွဲကြတာပေါ့"

"ကျွန်တော် အပေါ် နားလည်ပေးလို့ ကျေးဇူးတင်ပါတယ် အစ်မရယ်၊ ဒါဆို ကျွန်တော် သွားတော့မယ်နော်"

သူမ အသာအယာ ခေါင်းငြိမ့်ပြတော့ သူ့ သူမကို ကျောခိုင်း လှည့်ထွက်သွားလေတော့သည်။

အဆုံးသတ်က ဒီလိုဖြစ်ခဲ့မယ်လို့ သူမ မထင်ထားခဲ့သည့်မှာ အမှန်ပါ ။ အခုတော့ အရာရာအားလုံး အဆုံးသတ်ခဲ့ပြီပေါ့။

"မင်းပျော်ပါစေ ကောင်လေးရေ"

ပါးပြင်ပေါ် ကျဆင်းလာသော မျက်ရည်တွေကို လွှတ်လပ်စွာ စီးဆင်းခွင့် ပြုလိုက်သူက စီရံရယ်ပါ။
                    ☔☔☔

"စီရံ နင် နင် အခု ဘာပြောလိုက်တယ်"

တုန်လှုပ်ခြောက်ခြားစွာ မေးလိုက်သူက စောချစ်ပင်။

"ဟုတ်တယ် မမ၊ ငါ့မှာ ကိုယ်ဝန်ရှိနေပြီ"

"နင် ဘာလို့ မင်းဉာဏ်သာ ကို မပြောလိုက်ရတာလဲ စီရံရယ်၊ နင့် အစား ငါ ရူးချင်တယ်"

အစ်မ ဖြစ်သူ၏ စကားကြောင့် စီရံ ခပ်ယဲ့ယဲ့လေး ပြုံးရင်း

"မလိုပါဘူး မမရယ်၊ သူ့ သိတော့ရော မပြန်ဘူးလို့ အာမခံနိုင်လား၊ အစကတည်းက ငါ့ အတင်းဖန်တီး ယူထားတဲ့ အိမ်ထောင်ရေးမှာ သူ့ စိတ်ပျော်တာမှ မဟုတ်တာ၊ ဒါကြောင့်လဲ ငါ့နဲ့ လက်ထပ်ထားတာကို သူ့ မိဘတွေကို အသိမပေးခဲ့တာပေါ့"

"ဟင်"

စီရံ စကားအဆုံးတွင် ပိုမို အံ့သြသွားရသူက စောချစ်ပင်။

"ဒါ ဒါဆို သူ့ မိဘတွေ ဒီကိစ္စ မသိဘူးပေါ့ ဟုတ်လား စီရံ"

"အင်း "

"ဒါဆို သူ့က နင်ကို ဘယ်လို သဘောထားခဲ့တာလဲ ၊ ပြီးတော့ နင့် ဗိုက်ထဲက ကလေး အတွက် နင့် ဘာဆက်လုပ်မှာလဲ၊ ကလေး ကို အဖေ မရှိဘဲ နင့် မွေးမလို့လား ဟင်"

ညီမ ဖြစ်သူ အတွက် ဂရုဏာ ဒေါသတွေ ဖြစ်ရသလို သနားလည်း သနားရလေသည်။ သူမကတော့ သူမ ဘဝရဲ့ ဖြစ်တည်မှုကို ကျေနပ်နေသယောင်။

"ငါ  ဒီကလေးလေးကို မွေးမယ်၊ သူမရှိလဲ ငါ့ ရပ်တည်လို့ ရတယ် မမ"

"စီရံရယ်"

ညီမလေးကို ငယ်စဥ်ကတည်းက ပိုးမွေးသလို မွေးခဲ့ရသည့်မို့ ညီမလေးကို သနားဂရုဏာသက်စွာ ပွေ့ဖက်လိုက်မိလေသည်။ စီရံ တစ်ယောက် အစ်မ ရင်ခွင် မှီရင်း  မျက်ရည်တွေကို လွှတ်လွှတ်လပ်လပ်စီးဆင်းခွင့် ပြုခဲ့မိလေသည်။
                       ☔☔☔

၅ နှစ်ခန့်ကြာသော်

"တီလေးရေ တီလေး"

"မေမေရေ မမပိုးဥ လာတယ်"

ဂါဝန်အဖြူလေးနှင့် ချစ်စရာကလေးငယ်​လး တစ်ဦး။ သူမက မင်းဉာဏ်သာ နှင့် စီရံခြယ် တို့၏ သမီးလေး ရွှေရံခြယ်ပင်။

"အယ် ရွှေလေးက အရမ်းတွေ အဆော့မက်နေတယ်ပေါ့ ဟုတ်လား၊ မမမှာ မုန့်တွေ ပါတယ် ရွှေလေး စားချင်လား"

"ဟုတ်ကဲ့"

ပိုးဥ ရွှေလေး ပါးပြင်လေးကို ဖွဖွလေး လိမ်ဆွဲရင်း

"အဲ့ဒါဆို ကစားနေတာတွေရပ်တော့၊ မေမေ ဘယ်မှာလဲ"

"အိမ်ပေါ်မှာ မမ"

"သမီး ပိုးဥ၊ ဒီတစ်ခေါက် ပြန်လာတာ မြန်လိုက်တာ"

တီလေး စကားကြောင့် ပိုးဥ ပြုံးလိုက်ပြီး

"ဟုတ်တယ် တီလေး၊ ပိုးဥ   ဆရာအတက်သင် တက်ရမှာမို့ ခဏပြန်ခဲ့တာ၊ သြော် ဒါနဲ့ ပိုးဥ ဆရာနဲ့ တွေ့ခဲ့သေးတယ် တီလေး"

ဆရာ ဆိုသော အမည်နာမကြောင့် စီရံ တစ်ယောက် ပိုးဥ ကို လှမ်းကြည့်ပြီး

"သူ့နဲ့ ပတ်သတ်တာ အားလုံးကို တီလေး အတိတ်မှာ မေ့ထားခဲ့ပြီမို့ သမီး ဘာမှ မပြောပါနဲ့တော့၊ အခုအချိန်မှာ တီလေးတို့က မသတ်ဆိုင်တော့ဘူးလေ"

"တီလေးရယ်"

တီလေးကို ကြည့်ပြီး ပိုးဥ စိတ်မကောင်းဖြစ်မိတာ အမှန်ပင်။ ထိုကြောင့်လည်း ဆရာနှင့် ပတ်သတ်သည့် မည်သည့် အကြောင်းအရာကိုမှ သူမ ထပ်မပြောဖြစ်တော့ပေ။

အခုတော့ ဆရာလည်း သူ့ ဘဝနှင့် သူ အသားကျနေပြီ မဟုတ်လား။

                     ☔☔☔

Zawgyi

အခ်ိန္ေတြရယ္ ကုန္တာျမန္လိုက္တာ။ မင္းဉာဏ္သာတစ္ေယာက္ ေနြရာသီ ေက်ာင္းပိတ္ရက္ပင္ ေရာက္လာခဲ့ေလၿပီ။

စိတ္ေတြက ေဝေလေလ၊ ဒီအစ္မႀကီးႏွင့္ ခြဲရမည့္ အေရးက သူ႔ရင္ထဲ ေအာင့္သက္သက္။ အိမ္ျပန္ေရာက္သည့္ႏွင့္ ခ်ိဳသဲငယ္ ႏွင့္ လက္ထပ္မည့္ ကိစၥကို အေမက စီစဥ္ေတာ့မည္။ ခက္တာက အစကတည္းက ျပတ္ျပတ္သားသား မလုပ္ခဲ့သည့္ သူ႔အမွားပင္။

မတက္ႏိုင္ေပ။ ဆံုးျဖတ္ခ်က္ တစ္ခုကေတာ့ ခိုင္မာမွ ျဖစ္ေပေတာ့မည္။ ဒါမွ အေကာင္းဆံုး အရာတစ္ခု ျဖစ္လာမည့္ မဟုတ္လား။

"မင္ဉာဏ္သာ"

ေခၚသံေၾကာင့္ လွည့္ၾကည့္လိုက္ေတာ့ သူမပင္။ စီရံ သူ႔ေဘးတြင္ ဝင္ထိုင္လိုက္ၿပီး

"နင္ ေတြးရခက္ စဥ္းစားရခက္ေနမယ္ ဆိုတာ ငါ နားလည္ပါတယ္"

"ဟင္ "

သူမ ထံမွ ၾကားလိုက္ရေသာ စကားေၾကာင့္ သူမကို သူ႔ တအံ့တၾသၾကည့္မိေတာ့

"မအံ့ၾသနဲ႔ မင္းဉာဏ္သာ၊ နင္ အိမ္ကို ငါ့နဲ႔ လက္ထပ္ထားတဲ့ ကိစၥ မေျပာထားတာလဲ ငါ သိတယ္၊ ၿပီးေတာ့ နင့္မွာ လက္ထပ္ဖို႔ ရည္ရြယ္ထားတဲ့ မိန္းကေလးရိွမွန္းလဲ ငါ့သိတယ္၊ နင္ ေဝခြဲရခက္ေနတာကိုလဲ ငါ့ သိတယ္၊ ငါ့ အတြက္ ေနာက္ဆံမတင္းပါနဲ႔ ၊ နင္ ဆံုးျဖတ္စရာရိွတာသာ ရဲရဲ ဆံုးျဖတ္ပါ၊ ငါ့ လိုက္ေလ်ာေပးဖို႔ အဆင္သင့္ပါ"

ဉာဏ္သာ သက္မေနြးေနြးကို ရိႈက္ရင္း

"ကြၽန္ေတာ္ အိမ္ျပန္ခ်င္တယ္"

သူ႔ စကားအဆံုးတြင္ သူမ ရင္ထဲနင့္သြားရေသာ္လည္း အတက္ႏိုင္ဆံုး အၿပံဳးမပ်က္ၿပံဳးရင္း

"အင္းပါ နင့္ ဆႏၵ အတိုင္းျဖစ္ေစရပါမယ္"

စကားအဆံုးတြင္ လွည့္ထြက္သြားေသာ အစ္မႀကီးကို ၾကည့္ၿပီး သူ႔ ရင္ထဲမေကာင္းျဖစ္မိတာေတာ့အမွန္။ ဒါေပမယ့္ သူ႔ မတက္ႏိုင္ေပ။ သူ႔ ဆံုးျဖတ္ခဲ့သည့္ ဆံုးျဖတ္ခ်က္ မွန္ဖို႔ပင္ အဓိကမဟုတ္လား။

"ခင္ဗ်ား အေပၚ ကြၽန္ေတာ္ ခ်စ္ခင္မိတာေတာ့ အမွန္ပါဗ်ာ"
                      ☔☔☔

သူ႔ ျပန္ေတာ့မည္ေပါ့။ အထုတ္အပိုးေတြ ျပင္ေနေသာ သူ႔ကို သူမ ခပ္ေငးေငးေလး ၾကည့္ၿပီး မ်က္ရည္တို႔က ပါးျပင္ေပၚ စီးက်ခဲ့ရျပန္ပါၿပီ။

တစ္ညလံုးလည္း ရင္ဘက္ေအာင့္သည့္ အထိ သူ  မသိေအာင္ ငိုထားခဲ့ရၿပီ မဟုတ္လား။

သူ ခရီးေဆာင္အိတ္ ဆြဲကာ အျပင္ထြက္လာမွ သူ မျမင္ေအာင္ မ်က္ရည္ေတြ သုတ္လိုက္ၿပီး

"နင္ အစစအရာရာ အဆင္ေျပပါေစ မင္းဉာဏ္သာ"

က်လုလု မ်က္ရည္ေတြကို ထိန္းရင္း သူမ အားယူေျပာေနရသည့္ကို သူမ သည့္သာ သိေလသည္။ ဉာဏ္သာ သူမကို တစ္ခ်က္ၾကည့္ၿပီး

"ေက်းဇူးတင္ပါတယ္၊ ဒီအေတာအတြင္း ကြၽန္ေတာ္အေပၚ ဂရုစိုက္ နားလည္ေပးခဲ့တာေတြအတြက္"

"ရပါတယ္ ၊ မျဖစ္ႏိုင္မွန္း သိရဲ့နဲ႔ ငါ့က ငါ့ျဖစ္ခ်င္တာကို အတင္းလုပ္ယူခဲ့တာပဲေလ၊ လမ္းခြဲၾကၿပီ ဆိုေတာ့လဲ အၿပံဳးနဲ႔ပဲ လမ္းခြဲၾကတာေပါ့"

"ကြၽန္ေတာ္ အေပၚ နားလည္ေပးလို႔ ေက်းဇူးတင္ပါတယ္ အစ္မရယ္၊ ဒါဆို ကြၽန္ေတာ္ သြားေတာ့မယ္ေနာ္"

သူမ အသာအယာ ေခါင္းၿငိမ့္ျပေတာ့ သူ႔ သူမကို ေက်ာခိုင္း လွည့္ထြက္သြားေလေတာ့သည္။

အဆံုးသတ္က ဒီလိုျဖစ္ခဲ့မယ္လို႔ သူမ မထင္ထားခဲ့သည့္မွာ အမွန္ပါ ။ အခုေတာ့ အရာရာအားလံုး အဆံုးသတ္ခဲ့ၿပီေပါ့။

"မင္းေပ်ာ္ပါေစ ေကာင္ေလးေရ"

ပါးျပင္ေပၚ က်ဆင္းလာေသာ မ်က္ရည္ေတြကို လႊတ္လပ္စြာ စီးဆင္းခြင့္ ျပဳလိုက္သူက စီရံရယ္ပါ။
                    ☔☔☔

"စီရံ နင္ နင္ အခု ဘာေျပာလိုက္တယ္"

တုန္လႈပ္ေျခာက္ျခားစြာ ေမးလိုက္သူက ေစာခ်စ္ပင္။

"ဟုတ္တယ္ မမ၊ ငါ့မွာ ကိုယ္ဝန္ရိွေနၿပီ"

"နင္ ဘာလို႔ မင္းဉာဏ္သာ ကို မေျပာလိုက္ရတာလဲ စီရံရယ္၊ နင့္ အစား ငါ ရူးခ်င္တယ္"

အစ္မ ျဖစ္သူ၏ စကားေၾကာင့္ စီရံ ခပ္ယဲ့ယဲ့ေလး ၿပံဳးရင္း

"မလိုပါဘူး မမရယ္၊ သူ႔ သိေတာ့ေရာ မျပန္ဘူးလို႔ အာမခံႏိုင္လား၊ အစကတည္းက ငါ့ အတင္းဖန္တီး ယူထားတဲ့ အိမ္ေထာင္ေရးမွာ သူ႔ စိတ္ေပ်ာ္တာမွ မဟုတ္တာ၊ ဒါေၾကာင့္လဲ ငါ့နဲ႔ လက္ထပ္ထားတာကို သူ႔ မိဘေတြကို အသိမေပးခဲ့တာေပါ့"

"ဟင္"

စီရံ စကားအဆံုးတြင္ ပိုမို အံ့ၾသသြားရသူက ေစာခ်စ္ပင္။

"ဒါ ဒါဆို သူ႔ မိဘေတြ ဒီကိစၥ မသိဘူးေပါ့ ဟုတ္လား စီရံ"

"အင္း "

"ဒါဆို သူ႔က နင္ကို ဘယ္လို သေဘာထားခဲ့တာလဲ ၊ ၿပီးေတာ့ နင့္ ဗိုက္ထဲက ကေလး အတြက္ နင့္ ဘာဆက္လုပ္မွာလဲ၊ ကေလး ကို အေဖ မရိွဘဲ နင့္ ေမြးမလို႔လား ဟင္"

ညီမ ျဖစ္သူ အတြက္ ဂရုဏာ ေဒါသေတြ ျဖစ္ရသလို သနားလည္း သနားရေလသည္။ သူမကေတာ့ သူမ ဘဝရဲ့ ျဖစ္တည္မႈကို ေက်နပ္ေနသေယာင္။

"ငါ  ဒီကေလးေလးကို ေမြးမယ္၊ သူမရိွလဲ ငါ့ ရပ္တည္လို႔ ရတယ္ မမ"

"စီရံရယ္"

ညီမေလးကို ငယ္စဥ္ကတည္းက ပိုးေမြးသလို ေမြးခဲ့ရသည့္မို႔ ညီမေလးကို သနားဂရုဏာသက္စြာ ေပြ့ဖက္လိုက္မိေလသည္။ စီရံ တစ္ေယာက္ အစ္မ ရင္ခြင္ မွီရင္း  မ်က္ရည္ေတြကို လႊတ္လႊတ္လပ္လပ္စီးဆင္းခြင့္ ျပဳခဲ့မိေလသည္။
                       ☔☔☔

၅ ႏွစ္ခန္႔ၾကာေသာ္

"တီေလးေရ တီေလး"

"ေမေမေရ မမပိုးဥ လာတယ္"

ဂါဝန္အျဖဴေလးႏွင့္ ခ်စ္စရာကေလးငယ္​လး တစ္ၪီး။ သူမက မင္းဉာဏ္သာ ႏွင့္ စီရံျခယ္ တို႔၏ သမီးေလး ေရႊရံျခယ္ပင္။

"အယ္ ေရႊေလးက အရမ္းေတြ အေဆာ့မက္ေနတယ္ေပါ့ ဟုတ္လား၊ မမမွာ မုန္႔ေတြ ပါတယ္ ေရႊေလး စားခ်င္လား"

"ဟုတ္ကဲ့"

ပိုးဥ ေရႊေလး ပါးျပင္ေလးကို ဖြဖြေလး လိမ္ဆြဲရင္း

"အဲ့ဒါဆို ကစားေနတာေတြရပ္ေတာ့၊ ေမေမ ဘယ္မွာလဲ"

"အိမ္ေပၚမွာ မမ"

"သမီး ပိုးဥ၊ ဒီတစ္ေခါက္ ျပန္လာတာ ျမန္လိုက္တာ"

တီေလး စကားေၾကာင့္ ပိုးဥ ၿပံဳးလိုက္ၿပီး

"ဟုတ္တယ္ တီေလး၊ ပိုးဥ   ဆရာအတက္သင္ တက္ရမွာမို႔ ခဏျပန္ခဲ့တာ၊ ေၾသာ္ ဒါနဲ႔ ပိုးဥ ဆရာနဲ႔ ေတြ့ခဲ့ေသးတယ္ တီေလး"

ဆရာ ဆိုေသာ အမည္နာမေၾကာင့္ စီရံ တစ္ေယာက္ ပိုးဥ ကို လွမ္းၾကည့္ၿပီး

"သူ႔နဲ႔ ပတ္သတ္တာ အားလံုးကို တီေလး အတိတ္မွာ ေမ့ထားခဲ့ၿပီမို႔ သမီး ဘာမွ မေျပာပါနဲ႔ေတာ့၊ အခုအခ်ိန္မွာ တီေလးတို႔က မသတ္ဆိုင္ေတာ့ဘူးေလ"

"တီေလးရယ္"

တီေလးကို ၾကည့္ၿပီး ပိုးဥ စိတ္မေကာင္းျဖစ္မိတာ အမွန္ပင္။ ထိုေၾကာင့္လည္း ဆရာႏွင့္ ပတ္သတ္သည့္ မည္သည့္ အေၾကာင္းအရာကိုမွ သူမ ထပ္မေျပာျဖစ္ေတာ့ေပ။

အခုေတာ့ ဆရာလည္း သူ႔ ဘဝႏွင့္ သူ အသားက်ေနၿပီ မဟုတ္လား။
                     ☔☔☔


You are reading the story above: TeenFic.Net

#normal