6 U/Z

Background color
Font
Font size
Line height

မနက် ၄နာရီ အချိန် ဘုန်းကြီးကျောင်းဘက်က အုံးမောင်းခေါက်သံနှင့်အတူ စီရံ မျက်လုံးတွေ ပွင့်လာခဲ့လေသည်။

"ဟင်"

သူမ သေချာကြည့်မိမှ သူမ ခန္ဓာကိုယ်တစ်ခုလုံး မင်းဉာဏ်သာ ရင်ခွင်ထဲမှာ။

"အို ဘုရားရေ"

သူ့လက်က သူမကို သိုင်းဖက်ထားသည့် သူ့လက်တွေက သူမ ခန္ဓာကိုယ်လေး လှုပ်မရအောင်ပင်။

"မင်းဉာဏ်သာ မင်းဉာဏ်သာ နင်ထစမ်း"

ခပ်စူးစူးထွက်ပေါ်လာသော သူမ အသံကြောင့် ဉာဏ်သာ၏ နှိုးတစ်ဝက်အိမ်မက်ပင် ပျက်သွားကာ လန့်နိုးလာရလေသည်။

"ဟမ်"

"မဟမ်နဲ့ အခုထ၊ နင် နင် ငါ့ကို မဟုတ်တာ ဘာလုပ်လိုက်သေးလဲ"

"ဟောဗျာ"

အစ်မကြီးရဲ့ မေးခွန်းက သူ့မှာ ငိုရခက်။ ရယ်ရခက်ပင်။ တကယ်ပါ။ ကိုယ့်မှာ သူမကို ရင်ခွင်ထဲ ပွေ့ထားရုံက လွှဲပြီး ဘာဆို ဘာမှ မပါသည့် ကိစ္စ။ ရူးချင်ပါသည်။ ဒီအစ်မကြီးနဲ့တော့။

"ကျွန်တော် ဘာမှမလုပ်ဘူး၊ ဒီအတိုင်းပဲဖက်ထားတာ"

"ဟုတ် ဟုတ်လို့လား"

မယုံတစ်ဝက် ယုံတစ်ဝက်နှင့် မေးလာသော သူမကြောင့် သူ့ရယ်လိုက်ပြီး

"တကယ်ပြောတာ မယုံတာတော့ မတက်နိုင်ဘူး"

"အဲ့ဒါဆိုလည်း ပြီးရော"

"ဟော့ အဲ့ဒါ ဘယ်သွားမှာလဲ"

"အို"

သူ့ အနားက ထထွက်သွားမည် ပြင်သော အစ်မကြီးကို ဉာဏ်သာ လှမ်းဆွဲလိုက်တော့ သူမ ခန္ဓာကိုယ်လေး သူရင်ခွင်ထဲ ရောက်လာရလေသည်။ နီရဲရဲ နှုတ်ခမ်းနှစ်လွှာကို သူ့ မက်မောစွာ နမ်းလိုက်ပြီး

"အစ်မ နှုတ်ခမ်းတွေက သိပ့်ကိုချိုတယ်"

"အို"

နဂိုကတည်းက အရှက်သည်းနေရသော စီရံမျက်နှာပေါ်တွင်တော့ ရေနွေးပူနှင့် ဖြန်းပတ်ထားသည့် အလား နီရဲလျှက်ပင်။
                          ☔☔☔

ဝါဆို ဘဝမှာ အိမ်ထောင်ပျက် တစ်ခုလပ်ဆိုသော အမည်ဆိုး တစ်ခုကြောင့် ပတ်ဝန်းကျင်က အထင်သေးအမြင်သေးကြသလို အခုလည်း ဉာဏ်သာလို အိမ်ထောင်ရှိ ယောကျာ်းတစ်ယောက်နှင့် ပတ်သတ်နေသည့်ကို ပတ်ဝန်းကျင်က နှာခေါင်းရှုံ့နေကြသည့်ကတော့ အထူးအဆန်းမဟုတ်တော့ပေ။ အမှန်တော့ သူမ အမှန်တကယ် ချစ်ခင်မြတ်နိုးခဲ့ရသော ယောကျာ်းသည့် မင်းဉာဏ်သာ ပင် မဟုတ်လား။ သူ့ အိမ်ထောင်ကျသွားပြီ ဟူသော အဖြစ်ကို သူမ လုံးမ လက်မခံနိုင်တာက လွှဲ၍  သူ့တို့ အိမ်ထောင်ရေး ပျက်စီးအောင် နှောက်ယှက်ဖို့ အထိတော့ သူမ စိတ်ကူး မရှိခဲ့ပေ။

"ဆရာမ ဝါဆို ၊ ဆရာမ ဝါဆို"

အိမ်အောက်မှ ခေါ်သံကြောင့် သူမ အပြင်ထွက်ခဲ့တော့

"ဟင် ကိုအာကာ"

သူမ တွေ့လိုက်ရသော သူကြောင့် သူမ မျက်ဝန်းတွေ မှေးမှိန်သွားရလေသည်။

"ဆရာမ ခင်ပွန်းလို့ ပြောတယ် ဆရာမကို တွေ့ချင်လို့တဲ့ အဲ့ဒါ  ကျွန်တော် လိုက်ပို့တာ"

"အော် အေး ၊ကျေးဇူးတင်ပါတယ်နော်"

"ဟုတ်ကဲ့ အဲ့ဒါဆို ကျွန်တော် ပြန်တော့မယ်နော်"

စကားအဆုံးတွင် လှည့်ထွက်သွားသော ကောင်လေးကို ကြည့်ပြီး

"ရှင် ဘာလာလုပ်တာလဲ"

"ကိုယ့်ယောကျာ်းကို ကြိုဆိုပုံကလည်း ဘုဘောက်ဘောက်နဲ့"

ဝါဆို သက်မနွေးနွေးကို ရှိုက်ရင်း

"အိမ်ပေါ်တက်ပါဦး"

ဝါဆို အရှေ့မှ ဦးဆောင်ပြီး အိမ်ပေါ်တက်လာတော့  အာကာ အနောက်မှ လိုက်လာခဲ့ပြီး

"အတိတ်က အဖြစ်အပျက်တွေ အားလုံးအတွက် မင်းကို နာကျင်စေခဲ့တာ ကိုယ့်တကယ်တောင်းပန်ပါတယ် ၊ ကိုယ့်ကို နားလည်ပေးပါ၊ မင်းကို ချစ်လွန်းလို့ ကိုယ့် သဝန်တိုပြီး စွပ်စွဲသလို ဖြစ်သွားခဲ့ရတာပါ"

သူ့ စကားကို ကြားမှ ဝါဆို မျက်ရည်တွေ အိခနဲ့ ပြိုဆင်းလာရလေသည်။

"သွား ဒါနဲ့များ လူကို ကွာရှင်းခွင့် တောင်းရတယ်လို့"

အာကာ တသိမ့်သိမ့်ငိုနေသော ချစ်ဇနီးကို ယုယစွာ ပွေ့ဖက်ပြီး

"ကိုယ့်တောင်းပန်ပါတယ်၊ အမှန်တော့ ကိုယ့် အဲ့ဒီစာချုပ်မှာ လက်မှတ်မထိုးဖြစ်ခဲ့ဘူး၊ တကယ်ပါ"

သူ့ စကားကြောင့်  ဝါဆိုသူ့ကို မော့ကြည့်ရင်း

"ဘာလို့လဲ"

"မင်းကို ချစ်လို့ပေါ့"

"ချစ်လို့ပဲ ၁နှစ်လောက် ပစ်ထားတယ်ပေါ့"

"တောင်းပန်ပါတယ် အချစ်ရယ်"

နူးညံ့သော အနမ်းတွေရဲ့ ကြားမှာ ဝါဆို၏ ရင်ခုန်သံများက အထိန်းအကွပ်မဲ့စွာ။ ကိုယ့်ကို ချစ်လွန်းသည့် ယောကျာ်းလက်ကိုသာ မြဲအောင်တွဲမည့်ဟု ဆုံးဖြတ်ရင်း~~~။
                       ☔☔☔

"ဝါဆိုကို သူ့ယောကျာ်း လာပြန်ခေါ်သွားပြီသိလား"

ထမင်းစားနေရင်း ပြောလိုက်သော သူ့စကားကြောင့် စီရံ သူ့ကို လှမ်းကြည့်လိုက်ပြီး

"ဘာလဲ ဟိုမိန်းမ ယောကျာ်းလိုက်လာလို့ နင်က ရင်ထုမနာဖြစ်နေတာလား"

သူ့ထံ မျက်စောင်းကြီး ချီကာ ပြောလာသော အစ်မကြီးကို ကြည့်ပြီး

"အာ မဟုတ်ရပါဘူး အစ်မရာ၊ သူ့နဲ့ ကျွန်တော်က ဘာဆိုင်တာ မှတ်လို့၊ လွန်ခဲ့တဲ့ ၂နှစ်ကတည်းက သူနဲ့ ကျွန်တော် ဇာတ်လမ်းက ပြတ်သွားပြီးသား"

"ဒါတော့လဲ သိနိုင်မလား၊ ငါ့သိနေတာကတော့ နင်တို့နှစ်ယောက် တပူးပူးတွဲတွဲနဲ့ ၊ ပတ်ဝန်းကျင်ကိုတောင် ဂရုမစိုက်နိုင်အောင် ဖြစ်ပျက်နေတာ မြင်မကောင်းဘူး၊ နင်တို့ ယောကျာ်းတွေက မဟာဂရုဏာရှင်ကြီးတွေ ဆိုတော့  သနားတာတို့ ချစ်တာတို့နဲ့ ပြန်နွယ်ချင်နွယ်မှာပေါ့"

ရော့ ဒီအစ်မကြီးနှင့်တော့ ခက်ပြီ။ ဝါဆို  ကို သူ့အမျိုးသား လာပြန်ခေါ်သွားပြီ ဆိုသည့်ကို စကားစမိသည့်နှင့် သူ့ကို ပေါက်ပေါက်ဖောက်နေရော။

"ဒီမှာ ကျွန်တော် မျက်နှာကို သေချာကြည့်၊ ကျွန်တော်က သူ့လို အိမ်ထောင်ရှိ မိန်းမတစ်ယောက်ကို ကျွန်တော် သိက္ခာတွေ အားလုံး မြောင်းထဲအကုန်ပို့ပြီး လက်ထပ်ယူမယ်လို့ ခင်ဗျား ထင်လားဟင်"

"အဟွန့်"

အစ်မကြီးရဲ့ ရယ်သံ သဲ့သဲ့က  အမြင်ကပ်စရာ

"ဘာရယ်တာလဲ"

"နင့် စကားက နားရှိလို့သာ ကြားရတာ ယုံရခက်ကြီး"

"မယုံလဲ နေပေါ့၊ လက်ရှိယူထားတဲ့ မိန်းမနဲ့တောင် တည့်အောင် ဘယ်လိုနေရမလဲ စဥ်းစားရင်း ခေါင်းမီးတောက်နေတာ၊ နောက်ထပ်မိန်းမတစ်ယောက်ဆိုရင်တော့ သေချာတယ် မင်းဉာဏ်သာ တစ်ယောက် ဆံပင်မွှေးဖြူမယ့် ကိန်း"

ယောကျာ်းကြီးတန်မဲ့ မဲ့ရွှဲ့ကာ ပြောလာပုံက အမြင်ကပ်စရာ။   စီရံ သူ့ကို မချေမငံကြည့်ပြီး

"မင်းဉာဏ်သာ နင့် ထမင်းစားရင် အေးဆေး ပါးစပ်ပိတ်စား၊ နားငြီးအောင် သိပ်မလုပ်နဲ့ "

"သခင်မ အမိန့်တော် အတိုင်းပါ ခင်ဗျား"

ကြည့် ပြောပုံကိုက။ ဘယ်လောက်စိတ်တိုဖို့ ကောင်းလိုက်သလဲ။ တမင်ဒေါသစွနေသလိုပင်။ ဒါပေမယ့် မတက်နိုင်ပေ။ ကိုယ့်ကိုယ်က ရေလာမြောင်းပေး   သူ့ကို ယူထားမိသည့်ကိုက သူမ အမှားပင် မဟုတ်လား။

တည်ငြိမ်မည့် ထင်ထားသော ဒီဆရာက အခုတော့ တကယ် ကလေးပေါက်စလိုပင် သူမကို မထိတထိ ကလူကျီစယ် စ/နောက်ပြောင်ပြီး စိတ်မဆိုး ဆိုးအောင် အချိန်တိုင်း လုပ်နေသူပင်။ တစ်ခါတစ်လေ ကလေးများလို ဂျီကျတတ်မှုကြီးက ငိုရခက် ရယ်ရခက်။ တကယ်ပါ ။  ယောကျာ်းယူပါတယ်ဆို ကလေးထိန်းနေရသလိုပင်။

စီရံ တစ်ယောက် ကိုယ့် အဖြစ် ကိုယ့်တွေးမိမှ တကယ်ကို အူကြောင်ကြောင်အိမ်ထောင်ရေးမှန်း သိ၍ ငိုရခက် ရယ်ရခက်ပင်။

                         ☔☔☔

Zawgyi

မနက္ ၄နာရီ အခ်ိန္ ဘုန္းႀကီးေက်ာင္းဘက္က အံုးေမာင္းေခါက္သံႏွင့္အတူ စီရံ မ်က္လံုးေတြ ပြင့္လာခဲ့ေလသည္။

"ဟင္"

သူမ ေသခ်ာၾကည့္မိမွ သူမ ခႏၶာကိုယ္တစ္ခုလံုး မင္းဉာဏ္သာ ရင္ခြင္ထဲမွာ။

"အို ဘုရားေရ"

သူ႔လက္က သူမကို သိုင္းဖက္ထားသည့္ သူ႔လက္ေတြက သူမ ခႏၶာကိုယ္ေလး လႈပ္မရေအာင္ပင္။

"မင္းဉာဏ္သာ မင္းဉာဏ္သာ နင္ထစမ္း"

ခပ္စူးစူးထြက္ေပၚလာေသာ သူမ အသံေၾကာင့္ ဉာဏ္သာ၏ ႏိႈးတစ္ဝက္အိမ္မက္ပင္ ပ်က္သြားကာ လန္႔ႏိုးလာရေလသည္။

"ဟမ္"

"မဟမ္နဲ႔ အခုထ၊ နင္ နင္ ငါ့ကို မဟုတ္တာ ဘာလုပ္လိုက္ေသးလဲ"

"ေဟာဗ်ာ"

အစ္မႀကီးရဲ့ ေမးခြန္းက သူ႔မွာ ငိုရခက္။ ရယ္ရခက္ပင္။ တကယ္ပါ။ ကိုယ့္မွာ သူမကို ရင္ခြင္ထဲ ေပြ့ထားရံုက လႊဲၿပီး ဘာဆို ဘာမွ မပါသည့္ ကိစၥ။ ရူးခ်င္ပါသည္။ ဒီအစ္မႀကီးနဲ႔ေတာ့။

"ကြၽန္ေတာ္ ဘာမွမလုပ္ဘူး၊ ဒီအတိုင္းပဲဖက္ထားတာ"

"ဟုတ္ ဟုတ္လို႔လား"

မယံုတစ္ဝက္ ယံုတစ္ဝက္ႏွင့္ ေမးလာေသာ သူမေၾကာင့္ သူ႔ရယ္လိုက္ၿပီး

"တကယ္ေျပာတာ မယံုတာေတာ့ မတက္ႏိုင္ဘူး"

"အဲ့ဒါဆိုလည္း ၿပီးေရာ"

"ေဟာ့ အဲ့ဒါ ဘယ္သြားမွာလဲ"

"အို"

သူ႔ အနားက ထထြက္သြားမည္ ျပင္ေသာ အစ္မႀကီးကို ဉာဏ္သာ လွမ္းဆြဲလိုက္ေတာ့ သူမ ခႏၶာကိုယ္ေလး သူရင္ခြင္ထဲ ေရာက္လာရေလသည္။ နီရဲရဲ ႏႈတ္ခမ္းႏွစ္လႊာကို သူ႔ မက္ေမာစြာ နမ္းလိုက္ၿပီး

"အစ္မ ႏႈတ္ခမ္းေတြက သိပ့္ကိုခ်ိဳတယ္"

"အို"

နဂိုကတည္းက အရွက္သည္းေနရေသာ စီရံမ်က္ႏွာေပၚတြင္ေတာ့ ေရႏြေးပူႏွင့္ ျဖန္းပတ္ထားသည့္ အလား နီရဲလ်ွက္ပင္။
                          ☔☔☔

ဝါဆို ဘဝမွာ အိမ္ေထာင္ပ်က္ တစ္ခုလပ္ဆိုေသာ အမည္ဆိုး တစ္ခုေၾကာင့္ ပတ္ဝန္းက်င္က အထင္ေသးအျမင္ေသးၾကသလို အခုလည္း ဉာဏ္သာလို အိမ္ေထာင္ရိွ ေယာက်ာ္းတစ္ေယာက္ႏွင့္ ပတ္သတ္ေနသည့္ကို ပတ္ဝန္းက်င္က ႏွာေခါင္းရႈံ႔ေနၾကသည့္ကေတာ့ အထူးအဆန္းမဟုတ္ေတာ့ေပ။ အမွန္ေတာ့ သူမ အမွန္တကယ္ ခ်စ္ခင္ျမတ္ႏိုးခဲ့ရေသာ ေယာက်ာ္းသည့္ မင္းဉာဏ္သာ ပင္ မဟုတ္လား။ သူ႔ အိမ္ေထာင္က်သြားၿပီ ဟူေသာ အျဖစ္ကို သူမ လံုးမ လက္မခံႏိုင္တာက လႊဲ၍  သူ႔တို႔ အိမ္ေထာင္ေရး ပ်က္စီးေအာင္ ေနွာက္ယွက္ဖို႔ အထိေတာ့ သူမ စိတ္ကူး မရိွခဲ့ေပ။

"ဆရာမ ဝါဆို ၊ ဆရာမ ဝါဆို"

အိမ္ေအာက္မွ ေခၚသံေၾကာင့္ သူမ အျပင္ထြက္ခဲ့ေတာ့

"ဟင္ ကိုအာကာ"

သူမ ေတြ့လိုက္ရေသာ သူေၾကာင့္ သူမ မ်က္ဝန္းေတြ ေမွးမိွန္သြားရေလသည္။

"ဆရာမ ခင္ပြန္းလို႔ ေျပာတယ္ ဆရာမကို ေတြ့ခ်င္လို႔တဲ့ အဲ့ဒါ  ကြၽန္ေတာ္ လိုက္ပို႔တာ"

"ေအာ္ ေအး ၊ေက်းဇူးတင္ပါတယ္ေနာ္"

"ဟုတ္ကဲ့ အဲ့ဒါဆို ကြၽန္ေတာ္ ျပန္ေတာ့မယ္ေနာ္"

စကားအဆံုးတြင္ လွည့္ထြက္သြားေသာ ေကာင္ေလးကို ၾကည့္ၿပီး

"ရွင္ ဘာလာလုပ္တာလဲ"

"ကိုယ့္ေယာက်ာ္းကို ႀကိဳဆိုပံုကလည္း ဘုေဘာက္ေဘာက္နဲ႔"

ဝါဆို သက္မေနြးေနြးကို ရိႈက္ရင္း

"အိမ္ေပၚတက္ပါၪီး"

ဝါဆို အေရ႔ွမွ ၪီးေဆာင္ၿပီး အိမ္ေပၚတက္လာေတာ့  အာကာ အေနာက္မွ လိုက္လာခဲ့ၿပီး

"အတိတ္က အျဖစ္အပ်က္ေတြ အားလံုးအတြက္ မင္းကို နာက်င္ေစခဲ့တာ ကိုယ့္တကယ္ေတာင္းပန္ပါတယ္ ၊ ကိုယ့္ကို နားလည္ေပးပါ၊ မင္းကို ခ်စ္လြန္းလို႔ ကိုယ့္ သဝန္တိုၿပီး စြပ္စြဲသလို ျဖစ္သြားခဲ့ရတာပါ"

သူ႔ စကားကို ၾကားမွ ဝါဆို မ်က္ရည္ေတြ အိခနဲ႔ ၿပိဳဆင္းလာရေလသည္။

"သြား ဒါနဲ႔မ်ား လူကို ကြာရွင္းခြင့္ ေတာင္းရတယ္လို႔"

အာကာ တသိမ့္သိမ့္ငိုေနေသာ ခ်စ္ဇနီးကို ယုယစြာ ေပြ့ဖက္ၿပီး

"ကိုယ့္ေတာင္းပန္ပါတယ္၊ အမွန္ေတာ့ ကိုယ့္ အဲ့ဒီစာခ်ဳပ္မွာ လက္မွတ္မထိုးျဖစ္ခဲ့ဘူး၊ တကယ္ပါ"

သူ႔ စကားေၾကာင့္  ဝါဆိုသူ႔ကို ေမာ့ၾကည့္ရင္း

"ဘာလို႔လဲ"

"မင္းကို ခ်စ္လို႔ေပါ့"

"ခ်စ္လို႔ပဲ ၁ႏွစ္ေလာက္ ပစ္ထားတယ္ေပါ့"

"ေတာင္းပန္ပါတယ္ အခ်စ္ရယ္"

ႏူးညံ့ေသာ အနမ္းေတြရဲ့ ၾကားမွာ ဝါဆို၏ ရင္ခုန္သံမ်ားက အထိန္းအကြပ္မဲ့စြာ။ ကိုယ့္ကို ခ်စ္လြန္းသည့္ ေယာက်ာ္းလက္ကိုသာ ၿမဲေအာင္တြဲမည့္ဟု ဆံုးျဖတ္ရင္း~~~။
                       ☔☔☔

"ဝါဆိုကို သူ႔ေယာက်ာ္း လာျပန္ေခၚသြားၿပီသိလား"

ထမင္းစားေနရင္း ေျပာလိုက္ေသာ သူ႔စကားေၾကာင့္ စီရံ သူ႔ကို လွမ္းၾကည့္လိုက္ၿပီး

"ဘာလဲ ဟိုမိန္းမ ေယာက်ာ္းလိုက္လာလို႔ နင္က ရင္ထုမနာျဖစ္ေနတာလား"

သူ႔ထံ မ်က္ေစာင္းႀကီး ခ်ီကာ ေျပာလာေသာ အစ္မႀကီးကို ၾကည့္ၿပီး

"အာ မဟုတ္ရပါဘူး အစ္မရာ၊ သူ႔နဲ႔ ကြၽန္ေတာ္က ဘာဆိုင္တာ မွတ္လို႔၊ လြန္ခဲ့တဲ့ ၂ႏွစ္ကတည္းက သူနဲ႔ ကြၽန္ေတာ္ ဇာတ္လမ္းက ျပတ္သြားၿပီးသား"

"ဒါေတာ့လဲ သိႏိုင္မလား၊ ငါ့သိေနတာကေတာ့ နင္တို႔ႏွစ္ေယာက္ တပူးပူးတြဲတြဲနဲ႔ ၊ ပတ္ဝန္းက်င္ကိုေတာင္ ဂရုမစိုက္ႏိုင္ေအာင္ ျဖစ္ပ်က္ေနတာ ျမင္မေကာင္းဘူး၊ နင္တို႔ ေယာက်ာ္းေတြက မဟာဂရုဏာရွင္ႀကီးေတြ ဆိုေတာ့  သနားတာတို႔ ခ်စ္တာတို႔နဲ႔ ျပန္ႏြယ္ခ်င္ႏြယ္မွာေပါ့"

ေရာ့ ဒီအစ္မႀကီးႏွင့္ေတာ့ ခက္ၿပီ။ ဝါဆို  ကို သူ႔အမ်ိဳးသား လာျပန္ေခၚသြားၿပီ ဆိုသည့္ကို စကားစမိသည့္ႏွင့္ သူ႔ကို ေပါက္ေပါက္ေဖာက္ေနေရာ။

"ဒီမွာ ကြၽန္ေတာ္ မ်က္ႏွာကို ေသခ်ာၾကည့္၊ ကြၽန္ေတာ္က သူ႔လို အိမ္ေထာင္ရိွ မိန္းမတစ္ေယာက္ကို ကြၽန္ေတာ္ သိကၡာေတြ အားလံုး ေျမာင္းထဲအကုန္ပို႔ၿပီး လက္ထပ္ယူမယ္လို႔ ခင္ဗ်ား ထင္လားဟင္"

"အဟြန္႔"

အစ္မႀကီးရဲ့ ရယ္သံ သဲ့သဲ့က  အျမင္ကပ္စရာ

"ဘာရယ္တာလဲ"

"နင့္ စကားက နားရိွလို႔သာ ၾကားရတာ ယံုရခက္ႀကီး"

"မယံုလဲ ေနေပါ့၊ လက္ရိွယူထားတဲ့ မိန္းမနဲ႔ေတာင္ တည့္ေအာင္ ဘယ္လိုေနရမလဲ စဥ္းစားရင္း ေခါင္းမီးေတာက္ေနတာ၊ ေနာက္ထပ္မိန္းမတစ္ေယာက္ဆိုရင္ေတာ့ ေသခ်ာတယ္ မင္းဉာဏ္သာ တစ္ေယာက္ ဆံပင္ေမႊးျဖဴမယ့္ ကိန္း"

ေယာက်ာ္းႀကီးတန္မဲ့ မဲ့ရႊဲ႔ကာ ေျပာလာပံုက အျမင္ကပ္စရာ။   စီရံ သူ႔ကို မေခ်မငံၾကည့္ၿပီး

"မင္းဉာဏ္သာ နင့္ ထမင္းစားရင္ ေအးေဆး ပါးစပ္ပိတ္စား၊ နားၿငီးေအာင္ သိပ္မလုပ္နဲ႔ "

"သခင္မ အမိန္႔ေတာ္ အတိုင္းပါ ခင္ဗ်ား"

ၾကည့္ ေျပာပံုကိုက။ ဘယ္ေလာက္စိတ္တိုဖို႔ ေကာင္းလိုက္သလဲ။ တမင္ေဒါသစြေနသလိုပင္။ ဒါေပမယ့္ မတက္ႏိုင္ေပ။ ကိုယ့္ကိုယ္က ေရလာေျမာင္းေပး   သူ႔ကို ယူထားမိသည့္ကိုက သူမ အမွားပင္ မဟုတ္လား။

တည္ၿငိမ္မည့္ ထင္ထားေသာ ဒီဆရာက အခုေတာ့ တကယ္ ကေလးေပါက္စလိုပင္ သူမကို မထိတထိ ကလူက်ီစယ္ စ/ေနာက္ေျပာင္ၿပီး စိတ္မဆိုး ဆိုးေအာင္ အခ်ိန္တိုင္း လုပ္ေနသူပင္။ တစ္ခါတစ္ေလ ကေလးမ်ားလို ဂ်ီက်တတ္မႈႀကီးက ငိုရခက္ ရယ္ရခက္။ တကယ္ပါ ။  ေယာက်ာ္းယူပါတယ္ဆို ကေလးထိန္းေနရသလိုပင္။

စီရံ တစ္ေယာက္ ကိုယ့္ အျဖစ္ ကိုယ့္ေတြးမိမွ တကယ္ကို အူေၾကာင္ေၾကာင္အိမ္ေထာင္ေရးမွန္း သိ၍ ငိုရခက္ ရယ္ရခက္ပင္။
                         ☔☔☔


You are reading the story above: TeenFic.Net

#normal