Part-17

Background color
Font
Font size
Line height

ရုန်းမထွက်ချင်သောရင်ခွင် ♡

*Epdoide - 17 *

"ကျွန်မသားနဲ့စေ့စပ်ပေးမဲ့ မိန်းကလေးကတော့"

အားလုံးဟာ ထားရဲ့ ဆီသို့သာ မျက်နှာမူနေကြကာ
တကယ် သားရဲ့  မိန်းကလေးကို သိချင်နေကြတဲ့ပုံ

တကယ် ကို အကယ်ဒမီပေးပွဲမှာ ဆုကြေငြာနေသလိုကို အာရုံ၀င်နေကြတာ

"ဆောင်းရိပ်ခို သမီးဒီကိုလား  သားရောလာ"

လူတွေအံသြခြင်းမှတစ်ဆင့် အော်
လိုက်ဖက်ညီတယ်ဆိုပြီး ပြောင်းလဲသွားကြသည်။

ဦးခန့်ညားကလဲ
သူ့သမီးအရင်းဖြစ်နေတာကြောင့်
အံ့အားသင့်ရပါသည်။

ဒီနှစ်တွေအတွင်း
သူ သမီးအရင်းကို သတိမရခဲ့ပါလား

ဘာလို့ သွေးသားအရင်းမဟုတ်တဲ့
မှူးသခင်ကို သူ့အရေးပေးနေမိရတာပါလဲ

ခန့်ညား အတွေးတစ်ချက်လဲ့သွားကာ

'ဟင်း  မင်းဖြစ်နေတာလဲ မဆိုးဘူး ဆောင်းရိပ်ခို
Light company နဲ့ ပတ်သက်ရတော့မှာဘဲ
အက်တာဆို ငါဒီထက် ပိုပြီး သြဇာအာဏာ
ပိုက်ဆံတွေ ရှိလာမယ် မင်းက သိပ်တော်တာဘဲ
ထိပ်တန်း CEO ကို ဖျားယောင်းနိုင်တာ
ကျေးဇူးဘဲ Lucky girlလေး'

အဟင်း  ခန့်ညား အတွေးတွေဟာ
လန်းဆန်းနေခဲ့သော်ငြားလည်း

'အဟင်း  သိပ်ပျော်နေတယ်ပေါ့
မကြာခင် ရောင့်အနားက လွှင့်တော့မယ်ဆိုတာ
မသိဘဲနဲ့'

ဒေစီ မဲ့ပြုံး တစ်ခုပြုံးကာ
၀ိုင်လက်ကျန် ကိုမော့သောက်ပြီး
ပါတီထဲကထွက်ခဲ့သည်။

မှူး ရှေ့က ထွက်သွားတဲ့ ထိုအမျိုးသမီးကို

ခနကြည့်ပြီး အတွေးတွေက

စေ့စပ်ကြောင်းကြော်ငြာသည့် ကိစ္စကိုပြန်ရောက်သည်။

အခုလဲကြည့်ပါအုံး ရောင်တို့ စီးပွားရေး မိတ်ဆွေတွေကို တစ်၀ိုင်းပြိီးတစ်၀ိုင်း လိုက်နှုတ်ဆက်နေတာ

'နင့်အပျော်တွေဘယ်လောက်ခံနိုင်မလဲ
ရေစုန်အတိုင်းမျောပါသွားပြီး ဘယ်ကမ်းမှာ
တင်နေမလဲဆိုတာ စောင့်ကြည့်ရုံပေါ့'

"ဒယ်ဒီ"

"ဟော သမီး ဘယ်ရောက်နေတာလဲ"

"မှူး  ဟိုဘက်ကလာတာ"

ထိုင်ခဲ့တိုင်း၀ိုင်းကိုလက်ညှိုးထိုးပြကာ
ပြောလိုက်သည်။

"အော်"

ဒယ်ဒီက ထိုတစ်ခွန်းသာ ပြောပြီး
ပြန်ဖို့ပြင်သည်။

"ပြန်တော့မလို့လား ဒယ်ဒီ"

"အင်း ပြန်ကြရအောင်လေ"

ဒယ်ဒီမျက်နှာက တစ်ခုခုကိုကျေနပ်နေတဲ့ပုံဘဲ

မဟုတ်မှလွှဲ သူ့သမီးအရင်းက ကိန်းခမ်းကြီးကြီး
မိသားစုထဲရောက်တော့မှာမို့ ဒယ်ဒီစိတ်ပျော်နေတာ
များလား

ပါတီကလဲ အဆုံးသတ်နေပြီမို့
မှူးတို့ပြန်ခဲ့ကြပါသည်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
"ဟူး မောသွားတာဘဲကွာ"

ကိုကိုကမွေ့ယာပေါ်ကန့်လန့်လှဲချပြီး
နက်ကတိုင်ဖြေရင်းပြောသည်။

ညနက်နေပြီမလို့ ကိုကို့မာမီက အရိပ်တို့ကို
အိမ်မပြန်ခိုင်းဘဲ ဒီမှာဘဲ အိပ်ခိုင်းသည်။

"ကိုကို  ရေ"

အဟင်း ချာတိတ်မလေးက အလိုက်သိစွာ
ရေယူလာပြီးပေးသည်။

"အင်း ကျေးဇူးဘဲ ဘေဘီ
ဘေဘီရော ဂါ၀န်ကြီးက စိတ်အိုက်နေလား"

"နည်းနည်းပါ"

"သွား  သွား ရေအရင်ချိုးလိုက်"

အရိပ်ကိုကို့ ကို ခေါင်းငြိမ်းပြလိုက်ပြီး
မှန်တင်ခုံမှာ လက်၀တ်ရတနာတွေကိုချွတ်သည်။

ဒီနေ့အရိပ်၀တ်ခဲ့တဲ့ လက်၀တ်လက်စားတွေက
အော်ဒါတွေ အရမ်းတက်ခဲ့တော့ ကိုကိုမာမီက
ဂုဏ်ယူပြီးပြောသည်။

"မာမီတို့ ချွေးမလေးက လာဘ်ကောင်လေး"  တဲ့

အရိပ်အတွေးလွန်နေတုန်း
အရိပ်လည်တိုင်လေးပေါ်

လက်တစ်စုံကျရောက်လာသည်။

"ကိုယ် ဘယက်ချွတ်ပေးမယ်"

ကိုကိုက လည်ဆွဲကို ကူချွတ်ပေးသည်။

လက်၀တ်ရတနာတွေ အကုန် ချွတ်ပြီးချိန်မှာ
အရိပ် ရင်တုန်စွာ ရေချိုးခန်းထဲပြေး၀င်ခဲ့သည်။

တစ် ဒုတ်ဒုတ်နဲ့ခုန်နေသော ရင်ကို အသာဖိကာ
ဂါ၀န်ဇစ်ကို ဖြုတ်ဖို့ပြင်သည်။

သို့သော် ဖြုတ်မရဘဲဇောချွေးတွေတောင်ပြန်လာသည်။
၀တ်ပေးတော့ ကိုစူးနစ်မိန်းမ မမပျို ၀တ်ပေးခဲ့တာဆိုတော့ အခု အခက်တွေ့နေပါသည်။

"ကိုကို"

ရောင် သူမလုပ်ရပ်လေးကို သဘောတကျရီနေတုန်း
ရေချိုခန်းဆီကခေါ်သံကြားရသည်။

"ပြောလေ ဘေဘီ"

"ဟို ဟိုလေ"

ရောင် ရေချိုးခန်းတံခါးနားကပ်ကာ
သေချာနားထောင်သော်လည်း အသံကဆက်ထွက်မလာပါ...

"ပြောလေ ဘေဘီဘာဖြစ်လို့လဲ
ကိုယ် စိတ်ပူလာပြီ"

ကျစ် ရှက်စရာကောင်းလိုက်တာ
ဘယ်လိုပြောရပါ့မလဲ

"ဘေဘီ အဆင်ပြေလား ဘာဖြစ်လို့လဲ"

အရိပ်လော့ခ်ချထားတဲ့တံခါးကို ခပ်ဟဟအသာဖွင့်လိုက်တော့

ကိုကို ဖွင့်ပြီး ချက်ချင်း၀င်လာသည်။

"ဘာဖြစ်တာလဲ ဘေဘီ"

"ဂါ  ဂါ၀န်က"

အထစ်ထစ်အငေါ့ငေါ့
ထွက်လာတဲ့ အသံကြောင့်
ရောင် ဘေဘီ့ဂါ၀န်ကိုကြည့်လိုက်သည်။

"အဟွန်း ဇစ်ဖြုတ်မရလို့လား
အက်တာများပြောပေါ့
ကိုကို  ဘေဘီ့ကို ဂါ၀န်ဇစ်လေးလာဖြုတ်ပေးပါလို့"

"အို ကိုကိုကလည်း ဘယ်လိုလုပ်ပြောရမှာလဲ"

သေချာတာကတော့ ရောင့်ရှေ့ကကောင်မလေးသည် အရှက်ကြီးရှက်နေအုံးမည်.....

ရောင် ဂါ၀န်ဇစ်လေးကိုအသာဖြုတ်ပေးလိုက်ကာ

"ဘေဘီ့ကျောမှာ မှဲ့လေးတစ်လုံးရှိတယ် သိလား"

"ဟင် ကိုကိုကလည်း မကြည့်နဲ့လေ"

"ကိုယ်မကြည့်ပါဘူး သူ့ဘာသာမြင်နေရတာပါ"

ထို မှဲ့နက်လေးကိုရောင်ဖွဖွနမ်းကာ

"ရပြီ ကိုယ်သွားပြီ သိလား"

တံခါးပိတ်သံကြားကာခါမှ
တင်းခံထားတဲ့ ဒူးလေးနှစ်ဖက် ညွှတ်ကနဲ
ယိုင်ကြသည်

"အမလေး တော်ပါသေးရဲ့"

ရင်ဘတ်ကဖိကာ ကိုယ့်ကို အားတင်းစကား
ပြောရသေးသည်။

ထို့နောက်မှာ ရေချိုးကာ ခေါင်းပါလျှော်လိုက်သည်။
ဖြန်းထားတဲ့ ကော်တွေက စေးကပ်ကပ်နဲ့မို့လေ..

ခါးမရှိတရှိလောက်ဘဲ ရှည်ပေ့မဲ့
အုံထူတော့ ခြောက်ရအောင်တော့

အတော်လုပ်ရအုံးမည်။

"ဟာ ဘေဘီ ခေါင်းတွေပါလျှော်လာတာလား"

ထွက်လာရင် ဒီအသံ ကြားရတော့မည်ဆိုတာ
အရိပ် သိနေပါသည်။

"အရိပ် ဆံပင်တွေကို ကော်တွေနဲ့ဖြန်းထားတာ
အက်တာစေးကပ်နေတာမို့ လျှော်လိုက်တာ"

ကိုကို မကျေနပ်သလို ကြည့်ကာ

"ထိုင် ဒီမှာ"

Dryer ယူပြီး ဆံပင်ခြောက်အောင်သေချာမှုတ်ပေးသည်။

"ကိုကို ရေချိုးမယ်ဆို"

"အွန်း ရတယ် ဘေဘီ့ဆံပင်ခြောက်အောင်
လုပ်ပေးပြီးမှချိုးမယ်"

ပြောရင်း တစ်လွှာချင်းသေချာခွဲကာ
dryer ဖြင့်သေချာမှုတ်ပေးသည်။

"မိုးချုပ်နေပြီကိုကိုရဲ့ အရိပ်ဘာသာ
လုပ်လိုက်ပါမယ်"

ကိုကို Dryer ပလပ်ထိုးထားတဲ့ ပလပ်ခုံကိုပိတ်ကာ

"ကိုယ် ရေမြန်မြန်ချိုးခဲ့မယ် သိလား"

ပြောရင်းဆိုရင်း အရိပ် ပါးလေးတစ်ဖက်ကို
ဖျတ်ခနဲ့ နမ်းသွားကာ  ရေချိုးခန်းထဲ၀င်သွားသည်။

"အဟင်း"

အရိပ်သဘောကျကာ ပြုံးမိသည်။

ကိုကိုပိတ်သွားတဲ့ ပလပ်ခုံကိုဖွင့်ကာ
နောက်ကဆံနွယ်တွေကို  အရှေ့သို့ယူကာ
သေချာဂရုတစိုက်ဖြင့် လေမှုတ်နေလိုက်ကာ

သိပ်မကြာခင်မှာ ကိုကိုက ရေချိုးခန်းထဲက
ထွက်လာသည်။

အ၀တ်အစားပါတစ်ခါတည်းလဲလာပုံရသည်။

"ဘေဘီ ကိုယ့်ကိုပေး"

အရိပ်လက်ထဲက dryer ကိုယူပြိီး
ကိုကိုက တစ်လှည့် လေမှုတ်ပေးပြန်သည်။

"ခြောက်တော့မှာဘဲ "

ကိုကိုက စိတ်ရှည်လက်ရှည်သေချာဂရုစိုက်ကာ

"ရပြီ ဘေဘီ"

မှန်တင်ခုံပေါ်က ခေါင်းလိမ်းဆီကို နဲနဲယူကာ
ခေါင်းထပ် ဖွဖွလိမ်းပေးသည်။

"မွှေးနေတာဘဲ အနံ့လေးက"

ရောင် ဘေဘီ့ဆံပင်တွေကို ဖွဖွနမ်းရင်းပြောတော့
ဘေဘီ့က သူ့ဘက်ခေါင်းလေးငဲ့လာသည်။

ငဲ့လာတဲ့ခေါင်းလေးကို အသားထိန်းကိုင်လိုက်ကာ
ရောင့်ဦးတည်ရာက ဘေဘီ့နှုတ်ခမ်းဖူးဖူးလေးဆီသို့....

စက္ကန့်ပေါင်းမြောက်မြားစွာ ဘေဘီ့နှုတ်ခမ်းလေးကို
သိမ်းပိုက်ထားရာမှ လွှတ်ပေးလိုက်တော့

သူ့ချာတိတ်လေးက မျက်နှာကိုမော့မလာတော့ဘဲ
ခေါင်းသာငုံ့နေတော့သည်။

"အဟွန်း လာ ဘေဘီ အိပ်ကြရအောင်"

"ဟင်"

တအံ့တသြကြည့်လာတော့

"ဘာမှ မလုပ်ဘူး ဒီအတိုင်း အိပ်ရုံပါဘဲ"

သူမကို အရင်ကုတင်ပေါ်တက်စေကာ
ရောင် အခန်းမီးသွားပိတ်လိုက်သည်။

ကုတင်ဘေးကခုံပေါ်ညအိပ်မီး၀ါကျင့်ကျင့်လေးကို
ဖွင်လိုက်ကာ  ရောင့် ကုတင်ပေါ်တက်လိုက်သည်။

ခြေရင်းစောင်ကို ဆွဲယူကာ
ဘေဘီ့ကိုသေချာ ခြုံပေးပြီးကိုယ်ပါ
စောင်ထဲ၀င်လိုက်သည်။

နဖူးလေးဖွဖွနမ်းလိုက်ပြီး

"good night babe"

ဘေဘီ့ကို ရင်ခွင်ထဲတင်းတင်းကြပ်ကြပ်ဖက်လိုက်ကာ အိပ်စက်ခြင်းဆီသို့......

Epsoide ~18 Soon

Author  ~ Sweet ...


You are reading the story above: TeenFic.Net