Part-12

Background color
Font
Font size
Line height

ရုန်းမထွက်ချင်သောရင်ခွင် ♡

Epdoide - 12

"ဟဲလို  ကိုကို"

"......"

"ရပါတယ်ကိုကိုရဲ့ အရိပ် ကိုယ့်ဘာသာဘဲ
ပြန်နှင့်လိုက်တော့မယ်လေ"

"......"

"ဘာမှမဖြစ်ပါဘူး ကိုကိုသာ
စိတ်ချလက်ချ အစည်းအဝေးလုပ်ပါ"

ကိုကို့က အရေးပေါ် meeting ကြောင့်
လာမကြိုနိုင်ဘူးတဲ့

ဖုန်းချပြီး  major ဆောင်ထဲက ထွက်ခဲ့လိုက်သည်။

မိုးက ခပ်ဖွဲဖွဲ ရွာနေသည်။
အသင့်ပါလာတဲ့ ထီးကို ဖွင့်ကာ
ဆောင်းလိုက်သည်။

တဖြည်းဖြည်းနဲ့ မိုးက သည်းလာသည်။
အို နေကောင်းတာမှ မကြာသေးဘူး
ထပ်ဖျား ရင် ကိုကို ပင်ပန်းတော့မှာဘဲဆိုသည့်အတွေးဖြင့် မိုးမစိုအောင် ထဘီကို လက်တစ်ဖက်
ဖြင့်မကာ သေချာလျှောက်ခဲ့လိုက်သည်..

ကျောင်းအပြင်ရောက်တော့ Taxiကို
တားဖို့ ရှာစဥ် taxi က မတွေ့

အရိပ်ဘေးကို လူတစ်ယောက်
လာရပ်တာကို သတိထားမိသည်။

ကျောင်းဆင်းချိန်မို့  ကျောင်းသားကျောင်းသူတွေ
အနည်းအများတော့ ရှိနေပါသေးသည်။

ဘေးမှာ ရပ်နေတဲ့ ခြေထောက်တစ်စုံက
အရိပ်ရှေ့တည့်တည့်လာရပ်လေသည်။

ထီးလေး အသာပင့်ပြီးကြည့်လိုက်မိစဥ်

"ဟင်  မမှူး"

မမှူး က မထီပြုံးဖြင့်

"အဟင်း  နင်က မှတ်မိသားဘဲ
အောက်ခြေလွှတ်ပြီး ဘ၀င်များမြှင့်သွားပြီလားလို့"

မမှူး က အရိပ်လက်ထဲက ထီးကိုဆွဲယူကာ
ပလက်ဖောင်းဘေးကိုလွှတ်ပစ်လိုက်သည်။

"ဒီလိုမှ နင့်ကို ငါ ရိုက်လို့ရမှာလေ"

"မမှူး"

အရိပ် အလန်တကြားဖြင့် နောက်ကို ခြေလှမ်း
နှစ်လှမ်းလောက် ဆုတ်မိသည်။

"ဘာဘဲဖြစ်ဖြစ် နင်က  ငါ့ထက်
မြင့်မားသွားလို့မရဘူးဆိုတာ သိတယ်မလားအရိပ်"

"ဟို  အရိပ် ဘာမှမလုပ်ပါဘူး"

မမှူးက အရိပ်လက်ကောက်၀တ်နှစ်ဖက်ကို
အတင်းအကြပ်ဆွဲကိုင်ကာ....
လိမ်လိုက်ရင်း...

"အ "

"ဘာကို ဘာမှ မလုပ်တာလဲ  နင်
အလင်းရောင်ဆီ အခန့်သားလိုက်သွားကတည်းက
နင့်ရဲ့ အကြီးမားဆုံး အပြစ်ဘဲ"

"အရိပ် တောင်းပန်ပါတယ် အရိပ်ကို လွှတ်ပေးပါ"

မိုးကလည်း သဲ ကြီးမဲကြိီးဖြင့်ရွာနေလျှက်
လူတွေလဲ ဘယ်သူမှမရှိတော့ပါ
အရိပ် အရိပ် နှုတ်ခမ်းသားတွေ တဆတ်ဆတ်
တုန်လာပြီး  ကြောက်လာရသည်။

မမှူးတို့ဆီမှာနေတုန်းက အရိုက်ခံခဲ့ရသလို
အက်လိုကြောက်ရွှံ့မှုမျိုး အရိပ် ခံစားနေရသည်။

"နင့်ကို အခွင့်အရေး ပေးမယ် အရိပ်
နင့်အသိ နင့်သဘောနဲ့နင် ရောင့်ဆီက
ထွက်သွားပါ  နင်နဲ့သူနဲ့က ဘယ်လိုမှ

မလိုက်ဖက်ဘူးလေ  ရုပ်ရည်တစ်ခုတည်းနဲ့
ရောင့်ကို ဖျားယောင်းမနေနဲ့"

"ဟင့်အင်း  အရိပ် ကိုကို့ကို
ဖျားယောင်းတာမဟုတ်ပါဘူး"

"ဘာ ကိုကို  ဟုတ်လား"

"အရိပ်လက်ကို လွှတ်ပေးပါ
အရိပ် နာနေလို့ပါ"

"ရောင့်ကို ကိုကိုလို့မခေါ်စမ်းနဲ့
ငါမကြားချင်ဘူး နင်မြဲမြဲ မှတ်ထားဖို့က
နင် အချိန်တန် ရောင့်အနားက ထွက်သွား
ပေးရမှာဘဲ"

မမှူးက  ကိုကို့ ချစ်နေတာလား
လက်ကောက်၀တ်နှစ်ဖက်ကို လိမ်ထားတာဟာ
တော်တော်အားပါနေတာမို့ အသဲ ခိုက်မတတ်
နာနေသော်လည်း .......

"အက်မျက်ရည်တွေ ကျမလာစမ်းနဲ့ အရိပ်"

မှူး လက်ကို ဆောင့်လွှတ်ပေးလိုက်တော့
အရိပ်ခဗျာ ဘုန်းခနဲ့ လှဲကျသည်။

အရိပ် လှဲကျစဥ် လက်ဖြင့်ထောက်လိုက်တာကြောင့်
လက်ဖ၀ါးနှစ်ဖက်ဟာ ပွန်းပဲ့သွားသည်။

မမှူးကို တောက်တစ်ချက်ခေါက်ကား
ကားပေါ်တက်ပြီး မောင်းထွက်သွားသည်။

အချိန်တောင်အတော် လင့်သွားကာ
မိုးကလဲ စဲသွားပြီဖြစ်သည်။

အရိပ် မိုးရေတွေဖြင့် ခိုက်ခိုက်တုန်ကာ
ချမ်းနေသော်လည်း  ကိုကို့ဆီတော့
ရောက်အောင်ပြန်ရမည်မဟုတ်လား

ကိုကိုအနားမှာ ကပ်တွယ်နေခွင့်ရသလောက်တော့
ရအောင် နေချင်သေးတယ်.....

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

"ဘာ ဘေဘီပြန်မရောက်သေးဘူး ဟုတ်လား"

"ဟုတ်ကဲ့ အကိုလေး"

ဘေဘီ့ကို ကိုယ့်ထက်ပြန်ရောက်နေမယ်တောင်ထင်တာ  ဒီကလေး ကိုယ်မပါဘဲ  ဘယ်တွေ သွားနေတာလဲ.....

ရောင် အပေါ်ထပ်ကို ချွတ်လိုက်ပြီး ဆိုဖာပေါ်ပစ်တင်လိုက်သည်။

ထို့နောက် ကားသော့ကိုကောက်ကာ
အိမ်အပြင်သို့ထွက်လိုက်စဥ်မှာဘဲ

ဘေဘီက ခြံထဲ၀င်လာသည်။

"ဘေဘီ ဘာလို့ နောက်ကျနေတာလဲ
ကိုယ်က အရမ်းစိတ်ပူ"

အနားကိုခပ်သုတ်သုတ်လျှောက်သွားရင်း
မေးလိုက်ပေ့မဲ့ မေးခွန်းတောင်မဆုံးခင်

လဲကျလာတာကြောင့် အလျင်အမြန်
ဘေဘီ့ကိုယ်​လေး စီးဖမ်းလိုက်ရင်း.....

"ဘေဘီ"

ရောင့် အော်သံဟာ အနီးအနားသို့ပျံ့လွန့်သွားရင်း

ဘေဘီကို ကုတင်ပေါ်အသာချပေးလိုက်ရင်း

"လုံးလုံး"

"ဟုတ်ကဲ့ အကိုလေး"

"စူးနစ်ကို ဖုန်းချက်ပြီး အခုချက်ချင်း
အိမ်ကို လာခဲ့ပါလို့ပြောလိုက်ပါ"

"ဟုတ်ကဲ့ အကိုလေး"

ရေစိုနေတဲ့ အ၀တ်တွေကို ရောင်လှဲပေးလိုက်သည်။

သင့်တော်သည် မသင့်တော်သည်မစဥ်းစားနိုင်ဘဲ

  "ရှိုင်း ..... ရှိုင်း"

ခနအကြာတော့ ရှိုင်းအပေါ်ထပ်ရောက်လာသည်။

"ပြောပါ အကိုလေး"

"ဘေဘီ့ကျောင်းအနီးတ၀ိုက်က
CCTV တွေကိုရအောင်စစ်ကြည့်ခဲ့"

"ဟုတ်ကဲ့ အကိုလေး"

ရှိုင်းထွက်သွားပြီးမှ စူးနစ်ရောက်လာသည်။

"ဘာဖြစ်တာလဲ  ရောင်"

"ဘေဘီ့ကို တစ်ချက်ကြည့်ပေးပါစူးနစ်
အဖျားပျောက်ထားတာလည်း မကြာသေးဘူး"

စူးနစ်က ဘေဘီစစ်ဆေးကြည့်နေတုန်း
ရောင် ဘေဘီ့လက်ကလေးတွေကို ရေပတ်တိုက်ပေး

ဖို့ လက်လေးနှစ်ဖက်ကို ဆွဲယူလိုက်စဥ်

"ဟင်"

"ဘာလို့လဲ  ရောင်"

"......."

"ဒါက  ကြည့်ရတာ တစ်ခုခုနဲ့ အချည်ခံရတာလား
ဒါမှမဟုတ် အတင်းကြပ် ဆုပ်ကိုင်ခံရတာလား"

စူးနစ်ခန့်မှန်းသလိုပြောကာမှ
ဘာတွေ ဖြစ်လာတာလဲ ဘေဘီရာ

စိတ်ပူစိတ်ကဒီရေအလား

စူးနစ်ကစမ်းသပ်ပြီး

"အဖျားလဲရှိနေတယ် အဖျားကျအောင်
အရင်ဂရုစိုက်လိုက်ကွာ  ငါဆေးတစ်လုံး
ထိုးပေးခဲ့တယ် အရမ်းလည်း စိတ်မပူပါနဲ့
သိပ်မစိုးရိမ်ရပါဘူး"

"အေးကွာ  ကျေးဇူးဘဲ စူးနစ်"

"မလိုပါဘူးကွာ ငါပြန်တော့မယ်
အိမ်မှာ ငါ့မိန်းမစောင့်နေတော့မယ်"

"အေး ဂရုစိုက်ပြန်ကွာ ငါလိုက်မပို့တော့ဘူးနော်"

"ရပါတယ်ကွာ ကဲ ငါသွားပြီရောင်"

စူးနစ်က သိမ်းဆည်းပြီးထွက်သွားသည်။
ဒီကောင်က မိန်းမကို အတော်ချစ်တဲ့ကောင်

ကိုယ်လဲ ဒီရှေ့က ကောင်မလေးကို သိပ်ချစ်ရတာ
ရေပတ်တိုက်ပြီးတော့  ရောင် သူမလေးဘေးမှာဘဲ
အလုပ်လုပ်ရင်း ဘေဘီ့ကို တချက်တချက် လှမ်း
လှမ်းကြည့်ရင်းဖြင့်

"အကိုလေး ကျွန်တော် ရောက်ပါပြီ"

ရှိုင်းက အလိုက်တသိ အသံကို နှိမ့်ပြီးပြောသည်။

"တွေ့ခဲ့လား "

"ဟုတ်အကိုလေး ဒီမှာ USB  ပါ အကိုလေး"

ရောင် ယူလိုက်ကာ
ရှေ့မှာ ရှိတဲ့ လက်တော့ပ်ထဲကို
ထည့်လိုက်သည်။

ဟင်  ဘေဘီဆောင်းထားတဲ့ထီးကို
ဆွဲ လွှင့်ပစ်လိုက်တာမို့

ဘေဘီ့ ပုံရိပ်က ထင်ရှားစွာ
တစ်ဖက်ကလူက ထီးဖြင့် မျက်နှာ
ကွယ်ထားသဖြင့် ဘယ်သူမှ တိတိကျကျ မသိရ

CCTV ရှိနေတာများ သိနေလို့လား....

ပုံရိပ်တွေက ထင်ရှားစွာပေါ်လာချိန်မှာ
ရောင် ဒေါသထွက်စွာဖြင့် လက်သီးတင်းတင်းဆုပ်ထားမိသည်။

ဘေဘီ့ကို တွန်းလှဲပြီး ကားပေါ်တက်သွားချိန်မှာ
ထိုလူဟာ မိန်းမတစ်ယောက်ဖြစ်နေခဲ့သည်။

ကျစ် ဘေဘီ့ကို မလိုချင်တဲ့သူက
ဘယ်သူများရှိမလဲ

ဟိုသားအမိများလား
အချိန်တောင် ကြာနေပြီဘဲ

အခုမှပေါ်လာတာလား
ရောင် လက်တော့ပ်ကို ပိတ်လိုက်ကာ

"မင်းသွားလို့ရပြီ ရှိုင်း   လုံးလုံးကို
ဆန်ပြုတ် ပြုတ်ခိုင်းထားလိုက်"

ရှိုင်း အကိုလေးရဲ့ ဒေါသစက်ကွင်းကနေ
အလျင်အမြန် ထွက်ခဲ့လိုက်သည်။

ရောင် အရိပ်နားသွားကာ ဆံပင်လေးကို
ဖွဖွ သပ်ပေးမိသည်။

အရမ်းလန့်သွားမှာဘဲ ကိုယ့်ကလေးလေး
ကိုယ်လာကြိုလိုက်ရင် ဒီလိုဖြစ်မှာမဟုတ်ဘူး

နောက်အခါ ကိုယ် ဘေဘီ့ကို
ပစ်မထားတော့ဘူးနော်
ကိုယ် ကတိပေးတယ်.....

ည၈နာရီလောက်ကျတော့

သူမနိုးလာသည်။

ရောင် သူမနား၀င်လှဲရင်း
ရင်ခွင်ထဲ ထွေးပွေ့ထားတာမို့

"နိုးလာပြီလား ဘေဘီ"

အဖျားရှိန်ကြောင့်မို့ နုန်းနေသည်ထင်ပါရဲ့
ခေါင်းဘဲ ညိမ့်ပြသည်။

"သက်သာလား ဘေဘီ
ဆန်ပြုတ်သောက်ရအောင်  ထ
ပြီးရင် ဆေးသောက်ရအုံးမယ်"

နွမ်းနယ်နေတဲ့ သူမကိုယ်လေးကို ဆွဲထူကာ
ကုတင်မှာ မှီပေးလိုက်သည်။

စောစောက မှ ယူလာပေးတဲ့
ဆန်ပြုတ်နွေးနွေးလေးကို  ရောင် ကိုယ်တိုင်
ခွံ့တိုက်လိုက်သည်။

တစ်၀က်ကျိုးသွားချိန်မှာ

"အရိပ် တော်ပြီကိုကို"

"တော်ပြီလား ကလေး"

"...."

ကိုကိုက ဆေးထုပ်ထဲက ဆေးထုတ်ပြီး
ရေခွက်ကိုပေးသည်။

"ရော့ ဆေးသောက်လိုက် ဘေဘီ
ကိုယ့်ဆီမှာ Candy ရှိတယ်
ဆေးသောက်ပြီးရင် စားဖို့"

ကိုကို အရိပ်ကြောင့် ပင်ပန်းနေတာ
မကြည့်ရက်တာမလို့  ခါးတယ်
မသောက်ချင်ဘူး ဘာညာငြင်းမနေတော့ဘဲ

ကိုကို့ဆီက ဆေးခါးခါးတွေကို ယူပြီး
ရေဖြင့်ကြိတ်မှိတ်မျောချလိုက်ရင်း

"ခါးသွားပြီလား ကိုယ့်ကလေးလေး
အာ  candy"

ကိုကိုက Candyကိုပါးစပ်ထဲ ထည့်ပေးသည်။
ထို့နောက် ကုတင်ပေါ်ပြန်တက်လာကာ
အရိပ်ကို ရင်ခွင်ထဲ ပြန်ထည့်ထားပြန်သည်။

"ကိုကို"

"ဗျာ ပြောလေ ဘေဘီ"

"အရိပ်ဆီက အဖျားကူးလိမ့်မယ်လေ ကိုကိုရဲ့"

"ဘာဖြစ်လဲ ကူးပါစေပေါ့
ကိုယ်ချစ်ရတဲ့ ဘေဘီဆီကဘဲ"

ပြောရင်းကိုကိုက အရိပ် မျက်နှာလေးအပေါ်
မွတ်မွတ်သိပ်သိပ် အနမ်းတွေ ကျဲသည်။

"ကိုယ်ဆီ တမင်တကာအဖျားပို့လိုက်ပြီ"

ကိုကိုက အလုပ်ကပင်ပန်းနေတာ
အရိပ်က ပိုပြီး၀န်ပိုစေနေပြန်သည်။

"ကလေးလေး  ဘေဘီဖျားတာ
ကိုယ်အတွက် နည်းနည်းလေးမှ
မပင်ပန်းဘူးနော်"

အရိပ် အတွေးတွေးကို ကိုကိုကသိနေတယ်

"ကိုယ် ဘယ်လိုသိလဲ တွေးနေတာမလား"

ဗုဒ္ဓေါ  ဒါလဲ ကိုကို က သိနေရော

"ကိုယ်နဲ့ မင်းက နှစ်ယောက်ပေါင်းမှ
တစ်ယောက်လေ ဘေဘီဘာတွေးနေလဲ
ကိုယ်သိတာပေါ့"

"အရိပ်  ကြောင့် ကိုကို ပင်ပန်းလား"

"ဘာလို့ ပင်ပန်းရမှာလဲ ကလေးရဲ့
ဘေဘီက ကိုယ့်အားဆေးလေ
ဘေဘီသာ ကိုယ်အနားရှိနေရင်း
အချိန်တိုင်း အားပြည့်နေတတ်တာ"

"ကိုကိုက အရမ်းချစ်ဖို့ကောင်းတာဘဲ"

ရောင်ကို ချစ်တယ်ပြောကာ
ရင်ခွင်ထဲ အတင်းတိုးဝှေ့လာသည်။

ခုန သူ့ကို အဖျားကူးမှာ စိုးရိမ်နေတဲ့
ကောင်မလေးက

ရောင် တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားရင်း
နဖူးလေးကို ငုံ့နမ်းလိုက်ကာ

"ကိုယ်ကလဲ ဘေဘီ့ကို သိပ်ချစ်တာ"

Epsoide ~ 13  Soon

Author   ~ Sweet...


You are reading the story above: TeenFic.Net