EP - 41

Background color
Font
Font size
Line height

Unicode

" လူမိုက်ကောင်......"

ဒေါသသံနှောတဲ့ခပ်စူးစူးခေါ်သံကြောင့်နေကြာတွေဆီငေးနေရင်းကနေအမြန်လှည့်ကြည့်လိုက်ရသည်။ ခါးထောက်ကာရပ်နေတဲ့သူကမျက်မှန်ကိုင်းကိုလက်ညှိုးဖြင့်ပင့်တင်ရင်းမျက်မှောင်ကျုတ်ကာစိုက်ကြည့်နေ‌ဆဲ။ တစ်ရက်မျှမေ့မရခဲ့ပါသောနှစ်ယောက်မရှိတဲ့သူမို့ထိုသ်နေရာမှအမြန်ထကာပြေးပွေ့ဖက်မိတော့ပြန်ပွေ့ဖက်လာတဲ့အထိအတွေ့ခပ်နွေးနွေး။

" ငါ့ကိုဘာဖြစ်လို့လာမကြိုတာလဲ...ဘာလဲ နေကြာ‌ပန်းတွေကိုငါ့ထက်ပိုချစ်တယ်ပေါ့လေ......"

ခုနကလိုဒေါသသံပါမနေတော့ပေမယ့်ဆူပူသံအနည်းငယ်ပါနေသည့်လေသံ။ လွမ်းနေရတာကြာပြီမို့မျက်ရည်များကြားကနေခေါင်းအသာခါပြရင်းပိုတိုးကာပွေ့ဖက်ထားလိုက်သည်။

" ကျုပ်လွမ်းနေတာခင်ဗျားရဲ့......"

" ငါကရောဘယ်လောက်ထိလွမ်းနေသလဲဆိုတာပြီးမှတစ်ဝကြီးထိုင်ပြောပြဦးမယ်......"

စီးကျလာသည့်မျက်ရည်စတွေကိုသုတ်ဖယ်ဖို့ပြင်တော့ဖက်ထားသည်ကိုလွှတ်ကာပြန်လည်ငေးကြည့်ပြီးထိတွေ့သုတ်ဖယ်ပေးလာပါတဲ့လက်ချောင်းလေးတွေ။ ဖြူနုနုလက်ချောင်းလေးတွေကိုဆုပ်ကိုင်ကာနမ်းရှိုက်မိတော့ထိုသူပြောလာသည့်စကားက ' မငိုနဲ့တော့လေ......' တဲ့။

မငိုချင်ပါဘူးခင်ဗျားရယ်......။
ဒါပေမယ့်တင်းခံထားရတဲ့အလွမ်းဒဏ်တွေကအခုမှမျက်ရည်အဖြစ်နဲ့ပျော်ဝင်သွားပြီးလျှံကျလာကြပုံပါပဲ။ ကျုပ်ကပျော်နေပေမယ့်အလွမ်းတွေကငိုချင်နေသေးကြတုန်းပဲလေ။

" သား......"

မကြားရတာကြာပြီဖြစ်တဲ့နူးညံ့သည့်အခေါ်အဝေါ်။ မယုံနိုင်စွာနှင့်အသံလာရာဘက်လှည့်ကြည့်မိတော့အမေနဲ့အဖေကအပြုံးတွေနှင့်ငေးကြည့်နေသည်။ အနောက်ပါကပ်ပါလာတဲ့နေ့ယံကလည်းငါးဆင့်ချိုင့်တစ်လုံးနှင့်။

" အပျော်တွေလွန်ပြီးထမင်းစားချိန်ရောက်နေတာကိုမေ့နေပြန်ပြီလားဒီကလေး......"

ပြောပြောဆိုဆိုနှင့်အနားကပ်လာသည့်အမေကနှဖူးထက်ကဆံပင်စတွေကိုပါသပ်တင်ပေးလာသည်။ ထို့နောက်နေ့ယံကိုအမေပြုမူနေကျအပြုအမူအတိုင်းပါးကိုခပ်ဖွဖွဆွဲလာပြန်တယ်။ ဒီလိုအပြုအမူကကျုပ်အပေါ်အမေဘယ်တော့မှမပြုမူမဆက်ဆံခဲ့ဖူးသည့်အလေ့အကျင့်မျိုး။ တောင့်တနေခဲ့‌မိပေမယ့်တစ်ခါလေးမရခဲ့ဖူးတဲ့ကြင်နာမှုမျိုး။

" အမေ......"

ခပ်တိုးတိုးခေါ်ဝေါ်မိတဲ့အသံကိုအမေကကြားဟန်မတူ။ နောက်လှည့်ကာနေ့ယံလက်ထဲငါးဆင့်ချိုင့်ကိုလှမ်းယူသည်။

" ဒါကသားအကြိုက်တွေလေ အမေအကုန်ချက်လာပေးတာ...အချိုပွဲတွေလည်းထည့်လာပေးတယ် ရော့ တစ်ခါတည်းစားလိုက်ဦး......"

" ကျုပ်အကြိုက် ချက်လာတယ်......"

ချိုက့်ကိုလှမ်းယူမိတဲ့လက်ကမဝံ့မရဲ။ သွေးသားရင်းတော်စပ်ပါတဲ့အမေအရင်းဖြစ်ပေမယ့်လို့အမေ့ရဲ့ကြင်နာမှုမှာတော့တစ်ခါမှမရင်းနှီးမအပ်စပ်ခဲ့ဖူးတာမို့တခြားသူအတွက်သာမန်ဆန်သည့်အရာလေးကတောင်ညဉ့်ယံအတွက်တော့စိမ်းသက်စေသည်။

" ပိုထည့်လာပေးတာဆိုတော့အတူတူစားကြပေါ့ကွာ သားရဲ့ကောင်လေးလည်းဘာမှမစားရသေးလောက်ဘူးမလား......"

ရယ်မောကာပြောလာတဲ့အဖေကကျုပ်ဘေးမှာရပ်နေတဲ့ထို့သူ့ဆီမေးဆတ်ပြရင်းဆိုသည်။ တစ်ချက်ပြန်ကြည့်မိတော့ထိုသူကခေါင်းလေးငုံ့ရင်းပြုံးစစနှင့်ပင်။
ဒီလိုပုံစံအရဆိုအဖေကရောကျုပ်တို့ကိုလက်ခံပေးလိုက်တာလား......။

" ကိုကို...ကိုကို......"

နေ့ယံရဲ့ခေါ်သံနဲ့အတူပခုံးပေါ်လာထိတွေ့တဲ့အထိတွေ့ကလူကိုရုတ်တရက်ယိုင်သွားစေပြီးလဲကျသွားစေသည်။ မျက်လုံးပြန်ဖွင့်မိသည့်အချိန်ရောက်နေသည့်နေရာကနေကြာခင်းထဲရှိသစ်ပင်ကြီးအောက်။ ဘယ်သူမှမရှိဘဲလစ်ဟင်းနေတဲ့နေကြာခင်းကခုနကလိုသာယာမနေတော့။

" ကိုကိုကဒီရောက်နေတာကို...ထင်တော့ထင်သား အဲ့ဒါကြောင့်လည်းတစ်ခါတည်းပဲလိုက်လာခဲ့လိုက်တာ......"

ခပ်ရေးရေးပြုံးကာပြောဆိုနေတဲ့နေ့ယံကိုမြင်ပေမယ့်ဂရုမစိုက်အား။ သစ်ပင်ကိုမှီထိုင်နေမိရာမှနေအမြန်ထကာထိုသူရဲ့ပုံရိပ်လေးကိုအမြန်လိုက်ရှာရသည်။
ခုနကသေချာပေါက်ဒီမှာရှိနေခဲ့တာ......။

" ခင်ဗျားရေ...ခင်ဗျား......"

ဟိုဒီရှာကြည့်မိပေမယ့်မတွေ့မိတာကြောင့်ခပ်ကျယ်ကျယ်အော်ခေါ်မိတော့နေ့ယံကအနားကပ်လာသည်။ ခုနကလေးတင်သေချာပေါက်ဒီနေရာမှာရှိနေခဲ့တာ။ သေချာပေါက်ကျုပ်ဆီကိုပြန်လာခဲ့တာပါ။

" ပုန်းမနေနဲ့လေခင်ဗျားရယ်...ကျုပ် ခင်ဗျားမကြိုက်တာတစ်ခုခုလုပ်မိလိုလား......ကျုပ်အရမ်းလွမ်းနေပြီကျုပ်ဆီပြန်လာခဲ့ပါတော့......"

" ကိုကို...ကိုကို!!......"

နေကြာခင်းတစ်ခုလုံးနှံ့အောင်လိုက်ရှာရင်းလိုက်အော်ခေါ်နေတဲ့ကိုကိုကသူ့ကိုယ်သူမျက်ရည်တွေကျလို့ကျနေမှန်းသိပုံမပေါ်။ ခလုတ်တိုက်မိတာတောင်နာရကောင်းမှန်းမသိဘဲမရှိတဲ့သူကိုလိုက်အော်ခေါ်နေတဲ့ကိုကို့ကြောင့်ရပ်ကြည့်မနေနိုင်တော့စွာနှင့်အသိစိတ်ဝင်စေရန်ပခုံးကိုခပ်ကြမ်းကြမ်းကိုင်လှုပ်ကာအော်ပစ်လိုက်ရသည်။ ထိုအခါမှငြိမ်ကျသွားပြီးပြန်ငေးကြည့်လာတဲ့ကိုကို့မျက်ဝန်းတွေကမှိန်ဖျော့ဖျော့။

စူးရှရှမျက်ဝန်းတစ်စုံအစားမှိန်ဖျော့ငြှိုးငယ်နေတဲ့မျက်ဝန်းတစ်စုံကအစားထိုးဝင်ရောက်နေခဲ့တာအချိန်တစ်ခုပင်ရှိခဲ့ပြီ။ စ,စချင်းပြန်ရောက်ကာစနေ့ကဆိုကိုကိုကလယ်ထဲမှာပေါက်တူးတစ်လက်ကိုင်ပြီးအဝေးတစ်နေရာကိုငေးကြည့်နေခဲ့တာမှဘာကိုမှမမြင်တဲ့လူတစ်ယောက်လိုမျိုး။ သူ့ကိုယ်သူမျက်ရည်တွေစီးကျနေခဲ့တာကိုရော ၊ မလှမ်းမကမ်းမှာကျွန်တော်ရောက်နေခဲ့တာကိုရော ကိုကိုကဘာတစ်ခုကိုမှအာရုံထဲရှိမနေခဲ့ဘူး။

အကျိုးသင့်အကြောင်းသင့်မေးပြန်တော့လည်းငယ်ငယ်ကတည်းကနေခံစားချက်မှန်သမျှကိုသိမ်းဆည်းထားတတ်တဲ့ကိုကိုကစိတ်သက်သာလို့သက်သာစေငြားအကြောင်းအရင်းကိုမသိမသာမေးပြန်ရင်တောင်ကွေ့ဝိုက်နေပြီးဘာဆိုဘာမှမယ်မယ်ရရမပြောပြန်။ သူ့မူပိုင်အနေအထားအတိုင်းတိတ်ဆိတ်မြဲတိတ်ဆိတ်ဆဲ။ အစားလည်းကောင်းကောင်းမစားတဲ့အပြင် ညဆိုလည်းခြံထဲကကွပ်ပျစ်မှာထိုင်ပြီးကောင်းကင်ကိုသာ‌ငေးကြည့်နေတတ်သည်။ ပြီးတော့မနက်ရောက်တာနဲ့ပိတ်ထားတဲ့သင်တန်းကျောင်းလေးဆီထွက်သွားပြန်ရော။ တားလျှင်လည်းမရမှာမို့လွှတ်ထားရပေမယ့်ပစ်ထားလို့တော့မဖြစ်တဲ့ကျန်းမာရေးအခြေအနေကြောင့်နေ့ယံနဲ့အစ်ကိုဧကတို့ကတစ်လှည့်စီကိုကို့အနားနေပေးနေရခြင်းပေ။

အခုလည်းကိုကိုအိပ်ပျော်နေတာကြာလောက်ပြီထင်တာမို့နှိုးမိလိုက်ကာမှကိုကို့ရဲ့သွေးရူးသွေးတမ်းအနေအထားနဲ့ရင်ဆိုင်နေရပါရောလား......။

" ခုနကလေးတင်ငါတွေ့လိုက်တယ်...ငါ့ကိုဖက်ထားတယ် ငါ့ကိုသူလည်းလွမ်းလို့တဲ့......"

တိုးဖွဖွပြောဆိုလာတဲ့စကားသံကြောင့်နေ့ယံမျက်ရည်မကျမိစေရန်မနည်းထိန်းချုပ်လိုက်ပြီးကိုကို့ကိုခေါင်းညိတ်ပြလိုက်ရသည်။ ဒီရက်တွေအတွင်းကိုကိုဒီလိုဖြစ်နေတာအကြိမ်ပေါင်းမှမနည်းတော့ဘဲ။ သတိလစ်သွားပြီးပြန်နိုးလာတဲ့အချိန်ကနေစလို့ကိုကိုကအခုလိုကယောင်ကတမ်းတွေအမြဲပြောပြီးလူတစ်ယောက်ကိုရှာနေတတ်တယ်။ တစ်ခါတစ်လေတစ်ညလုံးမအိပ်တတ်တဲ့ကိုကိုပတစ်ခါတစ်ခါကျစိုးရိမ်စရာကောင်းလောက်အောင်အကြာကြီးအိပ်နေတတ်တယ်။
အရင်ကသန်မာလွန်းတဲ့ကျွန်တော့်ကိုကိုကအခုဘယ်ကိုများရောက်သွားပါလိမ့်ဗျာ......။

" ဟုတ်တယ် ကိုကိုကသတိရနေလို့သူကလည်းကိုကို့ကိုသတိရနေတာနေမှာ...အဲ့ဒါကြောင့်ကိုကိုကအခုလိုအိပ်မက်မျိုးမက်တာပေါ့......"

" အိပ်မက်......"

ပြောလိုက်မိတဲ့စကားကိုလိုက်ရေရွတ်နေတဲ့ကိုကိုကအခုမှသူ့ကိုယ်သူသတိဝင်ပုံရ၏။ ဖြေးဖြေးချင်းပြန်လည်လှုပ်ခတ်လာတဲ့မျက်တောင်ဖျားတွေ။

" ငါအိပ်မက်,မက်နေခဲ့ပြန်တာလား......"

ငေးငိုင်သွားပြန်တဲ့ကိုကို့ကိုကြည့်ရင်းလှိုက်တက်လာမိပြန်တဲ့ဝမ်းနည်းမှု။ အမြဲလိုလိုအိမ်ရဲ့ကျောထောက်နောက်ခံသားကောင်းရတနာဖြစ်ခဲ့ပေးပါတဲ့ကိုကိုကဘာဖြစ်လို့များမေတ္တာရေးတိုင်းမှာအရေးနိမ့်ရပါသလဲမတွေးတတ်တော့။ တတ်ထားသမှိပညာအကုန်ကိုကို့ကိုလွှဲပေးလို့ရရင်လွှဲပေးချင်သည်။ ချစ်ခြင်းမေတ္တာတွေလည်းခွဲပေးလို့ရရင်ခွဲပေးချင်သည်။
ဒါဆိုရင်ကိုကိုအခုလိုခံစားနေရမှာမဟုတ်လောက်တော့ဘူးမလား......။

" ကျွန်တော်ကိုကိုစားဖို့မုန့်တွေဝယ်လာတာ အဲ့ဒါယူလာခဲ့ပေးမယ်......"

အတွေးထဲနစ်မျောရင်းဝေ့ဝဲတက်လာတဲ့မျက်ရည်စတွေကို ကိုကိုမမြင်စေရန်အတွက်စကားကိုခပ်မြန်မြန်ပြောကာထွက်လာခဲ့လိုက်သည်။ သူ့အာရုံနဲ့သူနေကြာတွေကိုငေးကြည့်နေပြန်ပါတဲ့ကိုကိုကဒါတွေကိုကြားပါ့မလားတော့မသိ။
စိတ်ထောင်းကိုယ်ကျေဆိုသလိုကျန်းမာရေးအခြေအနေကယိုင်နဲ့နဲ့သာရှိတော့တဲ့ကိုကို့ကိုတစ်ခါလောက်လေးဖြစ်ဖြစ်တော့ချစ်ခြင်းမေတ္တာတွေနဲ့အတူနွေးထွေးစွာပျော်ရွှင်စေချင်ပါသေးတယ်.......။

_____________________________________________

ရန်ကုန်မြို့ရဲ့ညခင်းကလူသူရှင်းလင်းမနေပေမယ့်လို့ခပ်ကျဲကျဲဖြစ်နေသည့်ကားများကြောင့်ကားလျှောက်မောင်းလို့တကယ်ကောင်းသည်။ လီဗာကိုဖိနင်းပြီးမြင့်နေတဲ့အရှိန်ကိုပိုတင်ကာမောင်းလိုက်တော့တရိပ်ရိပ်နှင့်လှစ်ခနဲလှစ်ခနဲဖြတ်ပြေးသွားတဲ့ပတ်ဝန်းကျင်မြင်ကွင်းတွေ။ ထိုမြင်ကွင်းတွေထဲအင်းလျားကန်ဘောင်ဘေးကညတစ်ညပါခဲ့သည်။ လူမိုက်ကောင်ကိုယ်တိုင်တီးခတ်ပြီးသီဆိုပြခဲ့တဲ့သီချင်းတစ်ပုဒ်ပါခဲ့သည်။ ကျွန်တော်တို့နှစ်ယောက်ရဲ့အပြုံးတွေနဲ့စကားသံတွေပါခဲ့သည်။

ဖြတ်ပြေးသွားတဲ့ပတ်ဝန်းကျင်မြင်ကွင်းတွေထဲကျွန်တော့်အာရုံတွေကထွေထွေပြားပြား။ သောက်ထားတဲ့alcoholကြောင့်လား။ ရွေးချယ်နိုင်ခွင့်မရှိခဲ့ခြင်းရဲ့ဒေါသကြောင့်လား။ ကျွန်တော့်စိတ်ဟာပုံမှန်ထက်ပိုဆတ်နေခဲ့ပြီးအရာရာကိုတစ်ဇွတ်ထိုးဆန်ပစ်ချင်နေခဲ့သည်။ မနက်ဖြန်မင်္ဂလာဆောင်မယ့်သတို့သားလောင်းပါလို့ထင်ရက်စရာမရှိလောက်အောင်ကိုကျွန်တော့်ပုံစံကအသည်းကွဲနေတဲ့လူတစ်ယောက်နှင့်ပို၍ဆင်တူနေတာပင်။

" အား!!........"

ရင်ထဲကမွမ်းကျပ်မှုကိုအော်ထုတ်ပစ်ရင်းကားကိုလည်းရပ်ရသည်ဖြစ်စေမရသည်ဖြစ်စေထိုးရပ်ပစ်လိုက်သည်။ ‌ကားစတီယာရင်ပေါ်ခေါင်းမှောက်ချရင်းဒုတိယအကြိမ်စိတ်ရှိသလိုအော်ဟစ်မှုမှာတော့ကပ်ငြိပါလာတဲ့မျက်ရည်စတွေ။ သုတ်ဖယ်နိုင်စွမ်းမရှိတဲ့အချိန်မို့အလွှတ်ပေးထားလိုက်ပြီးဆက်၍သာငိုချမိတယ်။

ဘာဖြစ်လို့ကျွန်တော်တို့မှလဲ......။
ဘာဖြစ်လို့ ကျွန်တော်တို့မှဒီလိုကံကြမ္မာကြုံရတာလဲ......။
ကိုယ်ချစ်တဲ့သူနဲ့အတူရှိရဖို့လေးကိုတောင်ဘာဖြစ်လို့များချုပ်နှောင်ထားကြတဲ့ကြိုးတွေကအဲ့ဒီ့လောက်တောင်များရတာလဲ.......။

" ကျွန်တော်တို့တစ်ခါလောက်လေးစွန့်စားကြည့်ဖို့ပဲလိုတာပါ......"

ရုတ်တရက်အကြားအာရုံထဲဖြတ်ဝင်လာတဲ့စကားတစ်ခွန်း။ ခေါင်းပြန်မော့ကာကြည့်မိတော့ကားရပ်ထားသည့်နေရာနှင့်မလှမ်းမကမ်းတစ်နေရာတွင်ကျင်းပနေသောမင်္ဂလာပွဲတစ်ခု။ ကြီးကြီးကျယ်ကျယ်ခမ်းခမ်းနားဖန်တီးထားခြင်းမျိုးမဟုတ်ပေမယ့်ကွန်ဒိုရှေ့ကမြက်ခင်းပြင်တွင်သာဖန်တီးထားတဲ့ပွဲလေး။ Night partyသဘောဖြစ်ကောင်းဖြစ်နိုင်ပေမယ့်ပုံစံအရတော့အခုမှကျင်းပတဲ့မင်္ဂလာပွဲလည်းဖြစ်နိုင်သည်။ ဒါပေမယ့်ထိုထဲတွင်မှကျွန်တော်အကြည့်ရောက်နေမိတာကမိုက်ကိုင်ထားတဲ့ကောင်လေးရဲ့လက်ကိုဆုပ်ကိုင်ထားတဲ့နောက်ထပ်ကောင်လေးတစ်ယောက်ရဲ့တွဲလက်။

လူအများရှေ့မှာရပ်နေနိုင်တဲ့သူတို့နှစ်ယောက်။ ဂုဏ်ပြုပေးနေတဲ့လူနည်းစုရှေ့မှာရပ်နေရင်းတစ်ယောက်ကိုယ်တစ်ယောက်ချစ်ခြင်းမေတ္တာတို့ပါဝင်သည့်အပြုံး‌တွေနှင့်ငေးကြည့်နေနိုင်သည်။
ဒါဆိုကျွန်တော်တို့ကရော......။

" ကျွန်တော်ချစ်ရတဲ့သူကိုလက်တွဲဖို့အတွက်အများကြီးစဉ်းစားနေစရာမလိုပါဘူး....ခဏလောက်လေးရုန်းထွက်ကြည့်လိုက်လည်းဖြစ်ပါတယ်......ပြီးတော့နောက်ထပ်တစ်ခုကလူလူချင်းချစ်မိကြတာပဲလေ ဘာကိုမှဂရုစိုက်စရာမှမလိုတာ ကျွန်တော်ကသူ့ကိုချစ်တာဖြစ်သလိုသူကလည်းကျွန်တော့်ကိုချစ်တာ...ပတ်ဝန်းကျင်ဆိုတာကြီးကိုချစ်ခဲ့ကြတာမှမဟုတ်ဘဲ ဂုဏ်တွေဒြပ်တွေဖြစ်သင့်မှုနိယာမတွေကြားပိတ်မိနေရင်မပျော်ရွှင်ရတဲ့သူကကျွန်တော်တို့ပဲဖြစ်သွားရမှာမဟုတ်လား......"

ကြားနေရတဲ့စကားလုံးတိုင်းကိုစိတ်ဝင်စားစွာနှင့်ကျွန်တော်ကားပေါ်မှနေဆင်းကာထိုမင်္ဂလာပွဲရှိရာဆီသို့လျှောက်သွားမိသည်။ ပွဲကျင်းပသည့်နေရာထဲကိုဝင်မိတော့မှစုတ်ပြတ်ချင်နေသည့်ကိုယ့်ပုံစံကိုယ်သတိရမိတော့ခြေလှမ်းတွေကတုံ့ခနဲ။

" ဒီမှာထိုင်လေ နေရာလွတ်ပါတယ်......"

ခုံအလွတ်ကိုနေရာပြင်ပေးရင်းပြုံးပြကာပြောလာတဲ့အမျိုးသမီး။ ခေါင်းအသာညိတ်ပြကာဝင်ထိုင်လိုက်တော့မှထိုအမျိုးသမီးကိုသေချာကြည့်မိသည်။ ထိုအမျိုးသမီးမှာသာမန်အမျိုးသမီးတစ်ဦးမဟုတ်ဘဲ transgenderအမျိုးသမီးတစ်ဦးပင်။

" မင်္ဂလာပွဲလာတက်တာပဲလား......"

စကားစလာတာကြောင့်ခေါင်းအသာညိတိပြပြီးတုံ့ပြန်မှုပေးလိုက်ရသည်။

" ခုနကဖြတ်သွားရင်းနဲ့ ပွဲလေးကကြည်နူးစရာလေးမို့......"

ဖိတ်ကြားခံရခြင်းမျိုးမဟုတ်တာကြောင့်မျက်နှာပူစွာပြောမိတော့ပြုံးပြလာတဲ့အပြုံးတစ်ပွင့်။ တည်ငြိမ်ပြီးအေးဆေးလွန်းတဲ့ထိုအပြုံးကြောင့်သူရိန်ကိုယ့်ကိုကိုယ်ရင့်ကျက်ပြီဟုတောင်မဆိုဝံ့တော့။

" အချစ်ကိုအချစ်လို့မြင်ပေးတာကောင်းပါတယ်...လူတစ်ယောက်ကိုခွဲခြားနေစရာအရာတစ်ခုလိုသတ်မှတ်နေကြတဲ့လူတွေကမှလူမပီသတာပဲ...အချစ်ဆိုတာကလူနှစ်ဦးကြားမှာအလိုလိုဖြစ်တည်လာစေတဲ့ခံစားမှုလေးပဲမဟုတ်လား ဒါကိုအဲ့ဒီ့လူနှစ်ယောက်ကလက်ခံကြမှတော့တခြားအပြင်လူတွေနဲ့ပတ်ဝန်းကျင်ဆိုတဲ့သက်မဲ့အခေါ်အဝေါ်ကြီးကဘယ်ခွဲနိုင်ပါတော့မလဲရှင်......."

စကားလုံးနည်းသလို ၊ သိပ်လည်းမရှည်လျားပါတဲ့စကားတစ်ခွန်း။ သို့သော်ထိုစကားတစ်ခွန်းကသူရိန့်အတွေးထဲကမေးခွန်းပေါင်းမြောက်များစွာကိုဖြေရှင်းပေးဖို့လုံလောက်သည်။

တကယ်တမ်းကျ ကျွန်တော်တို့ကိုကံကြမ္မာကကွဲကွာစေခဲ့ခြင်းမဟုတ်ပါဘဲ...ကျွန်တော်ကိုယ်တိုင်ကသာထိုချစ်ခြင်းကိုရဲရဲဝံ့ဝံ့လက်မခံနိုင်ခဲ့သေးတာမျိူး......။




################################

Zawgyi

" လူမိုက္ေကာင္......"

ေဒါသသံေႏွာတဲ့ခပ္စူးစူးေခၚသံေၾကာင့္ေနၾကာေတြဆီေငးေနရင္းကေနအျမန္လွည့္ၾကည့္လိုက္ရသည္။ ခါးေထာက္ကာရပ္ေနတဲ့သူကမ်က္မွန္ကိုင္းကိုလက္ညႇိဳးျဖင့္ပင့္တင္ရင္းမ်က္ေမွာင္က်ဳတ္ကာစိုက္ၾကည့္ေန‌ဆဲ။ တစ္ရက္မွ်ေမ့မရခဲ့ပါေသာႏွစ္ေယာက္မရွိတဲ့သူမို႔ထိုသ္ေနရာမွအျမန္ထကာေျပးေပြ႕ဖက္မိေတာ့ျပန္ေပြ႕ဖက္လာတဲ့အထိအေတြ႕ခပ္ေႏြးေႏြး။

" ငါ့ကိုဘာျဖစ္လို႔လာမႀကိဳတာလဲ...ဘာလဲ ေနၾကာ‌ပန္းေတြကိုငါ့ထက္ပိုခ်စ္တယ္ေပါ့ေလ......"

ခုနကလိုေဒါသသံပါမေနေတာ့ေပမယ့္ဆူပူသံအနည္းငယ္ပါေနသည့္ေလသံ။ လြမ္းေနရတာၾကာၿပီမို႔မ်က္ရည္မ်ားၾကားကေနေခါင္းအသာခါျပရင္းပိုတိုးကာေပြ႕ဖက္ထားလိုက္သည္။

" က်ဳပ္လြမ္းေနတာခင္ဗ်ားရဲ႕......"

" ငါကေရာဘယ္ေလာက္ထိလြမ္းေနသလဲဆိုတာၿပီးမွတစ္ဝႀကီးထိုင္ေျပာျပဦးမယ္......"

စီးက်လာသည့္မ်က္ရည္စေတြကိုသုတ္ဖယ္ဖို႔ျပင္ေတာ့ဖက္ထားသည္ကိုလႊတ္ကာျပန္လည္ေငးၾကည့္ၿပီးထိေတြ႕သုတ္ဖယ္ေပးလာပါတဲ့လက္ေခ်ာင္းေလးေတြ။ ျဖဴႏုႏုလက္ေခ်ာင္းေလးေတြကိုဆုပ္ကိုင္ကာနမ္းရႈိက္မိေတာ့ထိုသူေျပာလာသည့္စကားက ' မငိုနဲ႔ေတာ့ေလ......' တဲ့။

မငိုခ်င္ပါဘူးခင္ဗ်ားရယ္......။
ဒါေပမယ့္တင္းခံထားရတဲ့အလြမ္းဒဏ္ေတြကအခုမွမ်က္ရည္အျဖစ္နဲ႔ေပ်ာ္ဝင္သြားၿပီးလွ်ံက်လာၾကပုံပါပဲ။ က်ဳပ္ကေပ်ာ္ေနေပမယ့္အလြမ္းေတြကငိုခ်င္ေနေသးၾကတုန္းပဲေလ။

" သား......"

မၾကားရတာၾကာၿပီျဖစ္တဲ့ႏူးညံ့သည့္အေခၚအေဝၚ။ မယုံႏိုင္စြာႏွင့္အသံလာရာဘက္လွည့္ၾကည့္မိေတာ့အေမနဲ႔အေဖကအၿပဳံးေတြႏွင့္ေငးၾကည့္ေနသည္။ အေနာက္ပါကပ္ပါလာတဲ့ေန႔ယံကလည္းငါးဆင့္ခ်ိဳင့္တစ္လုံးႏွင့္။

" အေပ်ာ္ေတြလြန္ၿပီးထမင္းစားခ်ိန္ေရာက္ေနတာကိုေမ့ေနျပန္ၿပီလားဒီကေလး......"

ေျပာေျပာဆိုဆိုႏွင့္အနားကပ္လာသည့္အေမကႏွဖူးထက္ကဆံပင္စေတြကိုပါသပ္တင္ေပးလာသည္။ ထို႔ေနာက္ေန႔ယံကိုအေမျပဳမူေနက်အျပဳအမူအတိုင္းပါးကိုခပ္ဖြဖြဆြဲလာျပန္တယ္။ ဒီလိုအျပဳအမူကက်ဳပ္အေပၚအေမဘယ္ေတာ့မွမျပဳမူမဆက္ဆံခဲ့ဖူးသည့္အေလ့အက်င့္မ်ိဳး။ ေတာင့္တေနခဲ့‌မိေပမယ့္တစ္ခါေလးမရခဲ့ဖူးတဲ့ၾကင္နာမႈမ်ိဳး။

" အေမ......"

ခပ္တိုးတိုးေခၚေဝၚမိတဲ့အသံကိုအေမကၾကားဟန္မတူ။ ေနာက္လွည့္ကာေန႔ယံလက္ထဲငါးဆင့္ခ်ိဳင့္ကိုလွမ္းယူသည္။

" ဒါကသားအႀကိဳက္ေတြေလ အေမအကုန္ခ်က္လာေပးတာ...အခ်ိဳပြဲေတြလည္းထည့္လာေပးတယ္ ေရာ့ တစ္ခါတည္းစားလိုက္ဦး......"

" က်ဳပ္အႀကိဳက္ ခ်က္လာတယ္......"

ခ်ိဳက့္ကိုလွမ္းယူမိတဲ့လက္ကမဝံ့မရဲ။ ေသြးသားရင္းေတာ္စပ္ပါတဲ့အေမအရင္းျဖစ္ေပမယ့္လို႔အေမ့ရဲ႕ၾကင္နာမႈမွာေတာ့တစ္ခါမွမရင္းႏွီးမအပ္စပ္ခဲ့ဖူးတာမို႔တျခားသူအတြက္သာမန္ဆန္သည့္အရာေလးကေတာင္ညဥ့္ယံအတြက္ေတာ့စိမ္းသက္ေစသည္။

" ပိုထည့္လာေပးတာဆိုေတာ့အတူတူစားၾကေပါ့ကြာ သားရဲ႕ေကာင္ေလးလည္းဘာမွမစားရေသးေလာက္ဘူးမလား......"

ရယ္ေမာကာေျပာလာတဲ့အေမကက်ဳပ္ေဘးမွာရပ္ေနတဲ့ထို႔သူ႔ဆီေမးဆတ္ျပရင္းဆိုသည္။ တစ္ခ်က္ျပန္ၾကည့္မိေတာ့ထိုသူကေခါင္းေလးငုံ႔ရင္းၿပဳံးစစႏွင့္ပင္။
ဒီလိုပုံစံအရဆိုအေဖကေရာက်ဳပ္တို႔ကိုလက္ခံေပးလိုက္တာလား......။

" ကိုကို...ကိုကို......"

ေန႔ယံရဲ႕ေခၚသံနဲ႔အတူပခုံးေပၚလာထိေတြ႕တဲ့အထိေတြ႕ကလူကို႐ုတ္တရက္ယိုင္သြားေစၿပီးလဲက်သြားေစသည္။ မ်က္လုံးျပန္ဖြင့္မိသည့္အခ်ိန္ေရာက္ေနသည့္ေနရာကေနၾကာခင္းထဲရွိသစ္ပင္ႀကီးေအာက္။ ဘယ္သူမွမရွိဘဲလစ္ဟင္းေနတဲ့ေနၾကာခင္းကခုနကလိုသာယာမေနေတာ့။

" ကိုကိုကဒီေရာက္ေနတာကို...ထင္ေတာ့ထင္သား အဲ့ဒါေၾကာင့္လည္းတစ္ခါတည္းပဲလိုက္လာခဲ့လိုက္တာ......"

ခပ္ေရးေရးၿပဳံးကာေျပာဆိုေနတဲ့ေန႔ယံကိုျမင္ေပမယ့္ဂ႐ုမစိုက္အား။ သစ္ပင္ကိုမွီထိုင္ေနမိရာမွေနအျမန္ထကာထိုသူရဲ႕ပုံရိပ္ေလးကိုအျမန္လိုက္ရွာရသည္။
ခုနကေသခ်ာေပါက္ဒီမွာရွိေနခဲ့တာ......။

" ခင္ဗ်ားေရ...ခင္ဗ်ား......"

ဟိုဒီရွာၾကည့္မိေပမယ့္မေတြ႕မိတာေၾကာင့္ခပ္က်ယ္က်ယ္ေအာ္ေခၚမိေတာ့ေန႔ယံကအနားကပ္လာသည္။ ခုနကေလးတင္ေသခ်ာေပါက္ဒီေနရာမွာရွိေနခဲ့တာ။ ေသခ်ာေပါက္က်ဳပ္ဆီကိုျပန္လာခဲ့တာပါ။

" ပုန္းမေနနဲ႔ေလခင္ဗ်ားရယ္...က်ဳပ္ ခင္ဗ်ားမႀကိဳက္တာတစ္ခုခုလုပ္မိလိုလား......က်ဳပ္အရမ္းလြမ္းေနၿပီက်ဳပ္ဆီျပန္လာခဲ့ပါေတာ့......"

" ကိုကို...ကိုကို!!......"

ေနၾကာခင္းတစ္ခုလုံးႏွံ႔ေအာင္လိုက္ရွာရင္းလိုက္ေအာ္ေခၚေနတဲ့ကိုကိုကသူ႔ကိုယ္သူမ်က္ရည္ေတြက်လို႔က်ေနမွန္းသိပုံမေပၚ။ ခလုတ္တိုက္မိတာေတာင္နာရေကာင္းမွန္းမသိဘဲမရွိတဲ့သူကိုလိုက္ေအာ္ေခၚေနတဲ့ကိုကို႔ေၾကာင့္ရပ္ၾကည့္မေနႏိုင္ေတာ့စြာႏွင့္အသိစိတ္ဝင္ေစရန္ပခုံးကိုခပ္ၾကမ္းၾကမ္းကိုင္လႈပ္ကာေအာ္ပစ္လိုက္ရသည္။ ထိုအခါမွၿငိမ္က်သြားၿပီးျပန္ေငးၾကည့္လာတဲ့ကိုကို႔မ်က္ဝန္းေတြကမွိန္ေဖ်ာ့ေဖ်ာ့။

စူးရွရွမ်က္ဝန္းတစ္စုံအစားမွိန္ေဖ်ာ့ျငႇိဳးငယ္ေနတဲ့မ်က္ဝန္းတစ္စုံကအစားထိုးဝင္ေရာက္ေနခဲ့တာအခ်ိန္တစ္ခုပင္ရွိခဲ့ၿပီ။ စ,စခ်င္းျပန္ေရာက္ကာစေန႔ကဆိုကိုကိုကလယ္ထဲမွာေပါက္တူးတစ္လက္ကိုင္ၿပီးအေဝးတစ္ေနရာကိုေငးၾကည့္ေနခဲ့တာမွဘာကိုမွမျမင္တဲ့လူတစ္ေယာက္လိုမ်ိဳး။ သူ႔ကိုယ္သူမ်က္ရည္ေတြစီးက်ေနခဲ့တာကိုေရာ ၊ မလွမ္းမကမ္းမွာကြၽန္ေတာ္ေရာက္ေနခဲ့တာကိုေရာ ကိုကိုကဘာတစ္ခုကိုမွအာ႐ုံထဲရွိမေနခဲ့ဘူး။

အက်ိဳးသင့္အေၾကာင္းသင့္ေမးျပန္ေတာ့လည္းငယ္ငယ္ကတည္းကေနခံစားခ်က္မွန္သမွ်ကိုသိမ္းဆည္းထားတတ္တဲ့ကိုကိုကစိတ္သက္သာလို႔သက္သာေစျငားအေၾကာင္းအရင္းကိုမသိမသာေမးျပန္ရင္ေတာင္ေကြ႕ဝိုက္ေနၿပီးဘာဆိုဘာမွမယ္မယ္ရရမေျပာျပန္။ သူ႔မူပိုင္အေနအထားအတိုင္းတိတ္ဆိတ္ၿမဲတိတ္ဆိတ္ဆဲ။ အစားလည္းေကာင္းေကာင္းမစားတဲ့အျပင္ ညဆိုလည္းၿခံထဲကကြပ္ပ်စ္မွာထိုင္ၿပီးေကာင္းကင္ကိုသာ‌ေငးၾကည့္ေနတတ္သည္။ ၿပီးေတာ့မနက္ေရာက္တာနဲ႔ပိတ္ထားတဲ့သင္တန္းေက်ာင္းေလးဆီထြက္သြားျပန္ေရာ။ တားလွ်င္လည္းမရမွာမို႔လႊတ္ထားရေပမယ့္ပစ္ထားလို႔ေတာ့မျဖစ္တဲ့က်န္းမာေရးအေျခအေနေၾကာင့္ေန႔ယံနဲ႔အစ္ကိုဧကတို႔ကတစ္လွည့္စီကိုကို႔အနားေနေပးေနရျခင္းေပ။

အခုလည္းကိုကိုအိပ္ေပ်ာ္ေနတာၾကာေလာက္ၿပီထင္တာမို႔ႏႈိးမိလိုက္ကာမွကိုကို႔ရဲ႕ေသြး႐ူးေသြးတမ္းအေနအထားနဲ႔ရင္ဆိုင္ေနရပါေရာလား......။

" ခုနကေလးတင္ငါေတြ႕လိုက္တယ္...ငါ့ကိုဖက္ထားတယ္ ငါ့ကိုသူလည္းလြမ္းလို႔တဲ့......"

တိုးဖြဖြေျပာဆိုလာတဲ့စကားသံေၾကာင့္ေန႔ယံမ်က္ရည္မက်မိေစရန္မနည္းထိန္းခ်ဳပ္လိုက္ၿပီးကိုကို႔ကိုေခါင္းညိတ္ျပလိုက္ရသည္။ ဒီရက္ေတြအတြင္းကိုကိုဒီလိုျဖစ္ေနတာအႀကိမ္ေပါင္းမွမနည္းေတာ့ဘဲ။ သတိလစ္သြားၿပီးျပန္ႏိုးလာတဲ့အခ်ိန္ကေနစလို႔ကိုကိုကအခုလိုကေယာင္ကတမ္းေတြအၿမဲေျပာၿပီးလူတစ္ေယာက္ကိုရွာေနတတ္တယ္။ တစ္ခါတစ္ေလတစ္ညလုံးမအိပ္တတ္တဲ့ကိုကိုပတစ္ခါတစ္ခါက်စိုးရိမ္စရာေကာင္းေလာက္ေအာင္အၾကာႀကီးအိပ္ေနတတ္တယ္။
အရင္ကသန္မာလြန္းတဲ့ကြၽန္ေတာ့္ကိုကိုကအခုဘယ္ကိုမ်ားေရာက္သြားပါလိမ့္ဗ်ာ......။

" ဟုတ္တယ္ ကိုကိုကသတိရေနလို႔သူကလည္းကိုကို႔ကိုသတိရေနတာေနမွာ...အဲ့ဒါေၾကာင့္ကိုကိုကအခုလိုအိပ္မက္မ်ိဳးမက္တာေပါ့......"

" အိပ္မက္......"

ေျပာလိုက္မိတဲ့စကားကိုလိုက္ေရ႐ြတ္ေနတဲ့ကိုကိုကအခုမွသူ႔ကိုယ္သူသတိဝင္ပုံရ၏။ ေျဖးေျဖးခ်င္းျပန္လည္လႈပ္ခတ္လာတဲ့မ်က္ေတာင္ဖ်ားေတြ။

" ငါအိပ္မက္,မက္ေနခဲ့ျပန္တာလား......"

ေငးငိုင္သြားျပန္တဲ့ကိုကို႔ကိုၾကည့္ရင္းလႈိက္တက္လာမိျပန္တဲ့ဝမ္းနည္းမႈ။ အၿမဲလိုလိုအိမ္ရဲ႕ေက်ာေထာက္ေနာက္ခံသားေကာင္းရတနာျဖစ္ခဲ့ေပးပါတဲ့ကိုကိုကဘာျဖစ္လို႔မ်ားေမတၱာေရးတိုင္းမွာအေရးနိမ့္ရပါသလဲမေတြးတတ္ေတာ့။ တတ္ထားသမွိပညာအကုန္ကိုကို႔ကိုလႊဲေပးလို႔ရရင္လႊဲေပးခ်င္သည္။ ခ်စ္ျခင္းေမတၱာေတြလည္းခြဲေပးလို႔ရရင္ခြဲေပးခ်င္သည္။
ဒါဆိုရင္ကိုကိုအခုလိုခံစားေနရမွာမဟုတ္ေလာက္ေတာ့ဘူးမလား......။

" ကြၽန္ေတာ္ကိုကိုစားဖို႔မုန႔္ေတြဝယ္လာတာ အဲ့ဒါယူလာခဲ့ေပးမယ္......"

အေတြးထဲနစ္ေမ်ာရင္းေဝ့ဝဲတက္လာတဲ့မ်က္ရည္စေတြကို ကိုကိုမျမင္ေစရန္အတြက္စကားကိုခပ္ျမန္ျမန္ေျပာကာထြက္လာခဲ့လိုက္သည္။ သူ႔အာ႐ုံနဲ႔သူေနၾကာေတြကိုေငးၾကည့္ေနျပန္ပါတဲ့ကိုကိုကဒါေတြကိုၾကားပါ့မလားေတာ့မသိ။
စိတ္ေထာင္းကိုယ္ေက်ဆိုသလိုက်န္းမာေရးအေျခအေနကယိုင္နဲ႔နဲ႔သာရွိေတာ့တဲ့ကိုကို႔ကိုတစ္ခါေလာက္ေလးျဖစ္ျဖစ္ေတာ့ခ်စ္ျခင္းေမတၱာေတြနဲ႔အတူေႏြးေထြးစြာေပ်ာ္႐ႊင္ေစခ်င္ပါေသးတယ္.......။

_____________________________________________

ရန္ကုန္ၿမိဳ႕ရဲ႕ညခင္းကလူသူရွင္းလင္းမေနေပမယ့္လို႔ခပ္က်ဲက်ဲျဖစ္ေနသည့္ကားမ်ားေၾကာင့္ကားေလွ်ာက္ေမာင္းလို႔တကယ္ေကာင္းသည္။ လီဗာကိုဖိနင္းၿပီးျမင့္ေနတဲ့အရွိန္ကိုပိုတင္ကာေမာင္းလိုက္ေတာ့တရိပ္ရိပ္ႏွင့္လွစ္ခနဲလွစ္ခနဲျဖတ္ေျပးသြားတဲ့ပတ္ဝန္းက်င္ျမင္ကြင္းေတြ။ ထိုျမင္ကြင္းေတြထဲအင္းလ်ားကန္ေဘာင္ေဘးကညတစ္ညပါခဲ့သည္။ လူမိုက္ေကာင္ကိုယ္တိုင္တီးခတ္ၿပီးသီဆိုျပခဲ့တဲ့သီခ်င္းတစ္ပုဒ္ပါခဲ့သည္။ ကြၽန္ေတာ္တို႔ႏွစ္ေယာက္ရဲ႕အၿပဳံးေတြနဲ႔စကားသံေတြပါခဲ့သည္။

ျဖတ္ေျပးသြားတဲ့ပတ္ဝန္းက်င္ျမင္ကြင္းေတြထဲကြၽန္ေတာ့္အာ႐ုံေတြကေထြေထြျပားျပား။ ေသာက္ထားတဲ့alcoholေၾကာင့္လား။ ေ႐ြးခ်ယ္ႏိုင္ခြင့္မရွိခဲ့ျခင္းရဲ႕ေဒါသေၾကာင့္လား။ ကြၽန္ေတာ့္စိတ္ဟာပုံမွန္ထက္ပိုဆတ္ေနခဲ့ၿပီးအရာရာကိုတစ္ဇြတ္ထိုးဆန္ပစ္ခ်င္ေနခဲ့သည္။ မနက္ျဖန္မဂၤလာေဆာင္မယ့္သတို႔သားေလာင္းပါလို႔ထင္ရက္စရာမရွိေလာက္ေအာင္ကိုကြၽန္ေတာ့္ပုံစံကအသည္းကြဲေနတဲ့လူတစ္ေယာက္ႏွင့္ပို၍ဆင္တူေနတာပင္။

" အား!!........"

ရင္ထဲကမြမ္းက်ပ္မႈကိုေအာ္ထုတ္ပစ္ရင္းကားကိုလည္းရပ္ရသည္ျဖစ္ေစမရသည္ျဖစ္ေစထိုးရပ္ပစ္လိုက္သည္။ ‌ကားစတီယာရင္ေပၚေခါင္းေမွာက္ခ်ရင္းဒုတိယအႀကိမ္စိတ္ရွိသလိုေအာ္ဟစ္မႈမွာေတာ့ကပ္ၿငိပါလာတဲ့မ်က္ရည္စေတြ။ သုတ္ဖယ္ႏိုင္စြမ္းမရွိတဲ့အခ်ိန္မို႔အလႊတ္ေပးထားလိုက္ၿပီးဆက္၍သာငိုခ်မိတယ္။

ဘာျဖစ္လို႔ကြၽန္ေတာ္တို႔မွလဲ......။
ဘာျဖစ္လို႔ ကြၽန္ေတာ္တို႔မွဒီလိုကံၾကမၼာႀကဳံရတာလဲ......။
ကိုယ္ခ်စ္တဲ့သူနဲ႔အတူရွိရဖို႔ေလးကိုေတာင္ဘာျဖစ္လို႔မ်ားခ်ဳပ္ေႏွာင္ထားၾကတဲ့ႀကိဳးေတြကအဲ့ဒီ့ေလာက္ေတာင္မ်ားရတာလဲ.......။

" ကြၽန္ေတာ္တို႔တစ္ခါေလာက္ေလးစြန႔္စားၾကည့္ဖို႔ပဲလိုတာပါ......"

႐ုတ္တရက္အၾကားအာ႐ုံထဲျဖတ္ဝင္လာတဲ့စကားတစ္ခြန္း။ ေခါင္းျပန္ေမာ့ကာၾကည့္မိေတာ့ကားရပ္ထားသည့္ေနရာႏွင့္မလွမ္းမကမ္းတစ္ေနရာတြင္က်င္းပေနေသာမဂၤလာပြဲတစ္ခု။ ႀကီးႀကီးက်ယ္က်ယ္ခမ္းခမ္းနားဖန္တီးထားျခင္းမ်ိဳးမဟုတ္ေပမယ့္ကြန္ဒိုေရွ႕ကျမက္ခင္းျပင္တြင္သာဖန္တီးထားတဲ့ပြဲေလး။ Night partyသေဘာျဖစ္ေကာင္းျဖစ္ႏိုင္ေပမယ့္ပုံစံအရေတာ့အခုမွက်င္းပတဲ့မဂၤလာပြဲလည္းျဖစ္ႏိုင္သည္။ ဒါေပမယ့္ထိုထဲတြင္မွကြၽန္ေတာ္အၾကည့္ေရာက္ေနမိတာကမိုက္ကိုင္ထားတဲ့ေကာင္ေလးရဲ႕လက္ကိုဆုပ္ကိုင္ထားတဲ့ေနာက္ထပ္ေကာင္ေလးတစ္ေယာက္ရဲ႕တြဲလက္။

လူအမ်ားေရွ႕မွာရပ္ေနႏိုင္တဲ့သူတို႔ႏွစ္ေယာက္။ ဂုဏ္ျပဳေပးေနတဲ့လူနည္းစုေရွ႕မွာရပ္ေနရင္းတစ္ေယာက္ကိုယ္တစ္ေယာက္ခ်စ္ျခင္းေမတၱာတို႔ပါဝင္သည့္အၿပဳံး‌ေတြႏွင့္ေငးၾကည့္ေနႏိုင္သည္။
ဒါဆိုကြၽန္ေတာ္တို႔ကေရာ......။

" ကြၽန္ေတာ္ခ်စ္ရတဲ့သူကိုလက္တြဲဖို႔အတြက္အမ်ားႀကီးစဥ္းစားေနစရာမလိုပါဘူး....ခဏေလာက္ေလး႐ုန္းထြက္ၾကည့္လိုက္လည္းျဖစ္ပါတယ္......ၿပီးေတာ့ေနာက္ထပ္တစ္ခုကလူလူခ်င္းခ်စ္မိၾကတာပဲေလ ဘာကိုမွဂ႐ုစိုက္စရာမွမလိုတာ ကြၽန္ေတာ္ကသူ႔ကိုခ်စ္တာျဖစ္သလိုသူကလည္းကြၽန္ေတာ့္ကိုခ်စ္တာ...ပတ္ဝန္းက်င္ဆိုတာႀကီးကိုခ်စ္ခဲ့ၾကတာမွမဟုတ္ဘဲ

You are reading the story above: TeenFic.Net