EP - 38

Background color
Font
Font size
Line height

Unicode

"ခင်ဗျား......"

တိုးဖွဖွခေါ်ဝေါ်မိတဲ့နာမ်စားအလျောက်ရင်ထဲကပျော်ရွှင်ခြင်းအနွေးဓါတ်ဟာဖြတ်သန်းသွားသည့်အပြင်မျက်ခမ်းစပ်မှနေမျက်ရည်စတို့ကိုပါဝေ့သီစေသည်။ ရှိနေလောက်မယ်မထင်ခဲ့တဲ့သူကအခုအချိန်ထိဒီနေရာမှာရှိနေသေးတယ်တဲ့လေ။

" ခင်ဗျား......"

ခင်ဗျားတကယ်ပဲစောင့်နေခဲ့တာလား။ ကျုပ်မွေးနေ့ကိုမမေ့ဘဲစောင့်နေပေးခဲ့တာလား။ အရေးကြီးလှပါချည်ရဲ့ဆိုတဲ့ခင်ဗျားဘဝရဲ့လုပ်ငန်းဆောင်တာတွေဆီမသွားသေးဘဲကျုပ်လိုအညတရရဲ့မွေးနေ့ကိုအတူဆင်နွှဲဖို့အချိန်ဖဲ့ပေးခဲ့တာလား။ ဒီလောက်ဆိုရင်ရော...ကျုပ်ကခင်ဗျားအတွက်အရေးအပါဆုံးလူလို့သတ်မှတ်ထားတယ်လို့များမှတ်ယူလို့ရနိုင်မလား။ မယှဉ်ရဲပေမယ့်လို့ ခင်ဗျားရဲ့မိဘတွေနဲ့ဆိုရင်တောင်ပေါ့။

ရင်ထဲကစကားသံတွေကမျက်ရည်တွေနှင့်သာမျောပါရင်းငူငူငိုင်ငိုင်ကြည့်နေမိသည်။ အတွေးနယ်ထဲမျောနေမိတဲ့အခြေအနေကပါးပြင်ပေါ်ထိတွေလာတဲ့လက်နုနုလေးရဲ့အထိ‌အတွေ့ကိုခံစားရမှပြန်အသိကပ်မိတဲ့အဖြစ်။

" မွေးနေ့ကြီးမှာမငိုရဘူးလေကွာ....ပြီးတော့ဒီနေ့ကနှစ်သစ်ရဲ့ပထမဆုံးအစနေ့လည်းဖြစ်တာကို မင်းကပျော်ပျော်နေရမှာပေါ့......"

ပါးပြင်ပေါ်ကလက်နုနုလေးကိုမဝံ့မရဲနှင့်ခပ်ဖွဖွအုပ်ကိုင်လိုက်မိတော့ထိုသူကအပြုံးတစ်ပွင့်ပြုံးပြသည်။ ထို့နောက်လက်နှစ်ဖက်ကိုချိတ်ကာယှက်နွယ်စေလိုက်ပြီးစေတီဆီဦးဆောင်လျှောက်လှမ်းပါတဲ့ခြေလှမ်းတွေ။ ရှေ့မှကျောပြင်လေးကိုငေးကြည့်ရင်းစီးကျနေတဲ့မျက်ရည်တွေကြား‌မှနေညဉ့်ယံသဘောတကျပြုံးမိပါ၏။
မညာတမ်းဝန်ခံပါတယ်ခင်ဗျားရယ်...ကျုပ်လိုကောင်မှာရှိတဲ့အဖိုးတန်ပိုင်ဆိုင်မှုဆိုလို့ခင်ဗျားပဲရှိတာပါ......။

_____________________________________________

စေတီဆီရောက်သည်နှင့်သူကအရင်အင်္ဂါထောင့်ဆီဦးတည်သွားကာရေသပ္ပါယ်ပြန်တာမို့ညဥ့်ယံကပြုံး၍သာကြည့်နေရပြန်တယ်။

" လူမိုက်ကောင် ဆီမီးပူဇော်မယ်ဆို......"

ပြောကာမှသတိရကာကိုယ့်လက်ထဲကိုယ်ကြည့်မိတော့ဘာမှမရှိ။ မ‌နေ့ကဝယ်ထားမိတဲ့ဖယောင်းတိုင်နဲ့အမွှေးတိုင်ထုပ်ကိုလည်းဘယ်နားထားလို့ထား,ထားမိမှန်းတောင်စဉ်းစားမရတော့။ လမ်းကျတော့လည်းကိုယ့်အပူနဲ့ကိုယ်မို့ဆီမီးပူဇော်ဖို့အကြောင်းကိုမေ့ကာအမွှေးတိုင်ဖယောင်းတိုင်ထုပ်တွေအကြောင်းသတိကိုမရတာပင်။

" ကျုပ်...ကျုပ်‌မေ့လာတယ်......"

" ဒါဆိုပန်းကပ်ဖို့ကရော မင်းမေ့လာတာပဲလား......"

အခုမှသတိရတာဖြစ်ကြောင်းပြောမနေချင်တော့တာမို့ခေါင်းသာညိတ်ပြမိ‌တော့ထိုသူကမျက်စောင်းဖွဖွထိုးကာခေါင်းအသာခါသည်။ 

" မင်းကတော့လေ ကိုယ့်မွေးနေ့မှာကိုယ်ပန်း‌ရေချမ်းဆီမီးကပ်ဖို့ကိုတောင်မေ့လာရတယ်တဲ့လား......"

ပြောပြောဆိုဆိုနှင့်စေတီအရှေနားရှိဈေးဆိုင်လေးဆီကနေလိုအပ်သည်များကိုသွားဝယ်နေသည့်သူကြောင့်ညဥ့်ယံထိုအတိုင်းသာရပ်ကြည့်နေလိုက်သည်။
ဒီနေ့ကနောက်ဆုံးမဖြစ်ချင်ဘူးခင်ဗျားရယ်...ခင်ဗျားကိုကျုပ်လက်မလွှတ်ချင်သေးဘူး။

" ရပြီ လာ......"

ဖယောင်းတိုင်ထုပ်တွေကိုင်လာတဲ့သူကညဥ့်ယံကိုသေချာကြည့်မိပုံမရ။ ဒါလည်းမျက်ရည်စတွေကိုထိုသူမမြင်စေဖို့အတွက်ဖုံးကွယ်နေဖို့မလိုတဲ့အကောင်းဆုံးအခြေအနေမို့အနောက်ကနေသာလိုက်လာခဲ့လိုက်သည်။ ထို့နောက်ဖယောင်းတိုင်နဲ့မီးခြစ်ကိုကမ်း‌ပေးလာတာမို့အမြန်လှမ်းယူရင်းမီးညှိကာဆီမီးပူဇော်ကပ်လှူရပြန်တယ်။ နှစ်ယောက်သားဘေးချင်းယှဉ်ထိုင်ရင်းဘုရားရှိခိုးပြန်တော့လည်းညဉ့်ယံမှာမျက်လုံးတောင်ကောင်းကောင်းမမှိတ်မိ။
အကယ်၍များမျက်လုံးမှိတ်ထားမိတဲ့အခိုက်အတန့်လေးမှာတင်ခင်ဗျားပျောက်သွားရင်ဘယ့်နှယ့်လုပ်ရပါ့......။

ဒုက္ခပါပဲခင်ဗျားရယ်...ကျုပ်တော့ဘုရားရင်ပြင်တော်ပေါ်ထိုင်ပြီးအစွဲအလန်းတွေကြီးနေမိပြီထင်ပါတယ်လေ။ ဒါပေမယ့်လည်းခက်တော့ခက်သား။ ကျုပ်မှာစွဲလန်းစရာတန်ဖိုးရှိတဲ့အရာလေးဆိုလို့ခင်ဗျားတစ်ယောက်ပဲရှိတာဆိုတော့လည်းဒီအစွဲအလန်းလေးကိုကျုပ်ကမက်မက်မောမောနဲ့ဖက်တွယ်ထားပစ်လိုက်ချင်နေတာ။ ဒါပေမယ့်အဖိုးတန်တဲ့အရာလေးတွေကကျုပ်လိုအညတရဆီမှာကြာကြာမနေချင်ကြဘူးထင်ပါရဲ့။

" လူမိုက်ကောင်...ဆုတောင်းလေ......"

လက်အုပ်ချီထားရင်းသတိပေးသလိုပြောလာပြန်တဲ့ထိုသူ။ ညဉ့်ယံမပြုံးချင်ပေမယ့်လို့အပြုံးတုတစ်ခုကိုမနည်းမရမကလုပ်ယူပြုံးပြရင်းစေတီဘက်ကိုမျက်နှာပြန်မူမိသည်။

ဘာများဆုတောင်းရပါ့မလဲ......။
ဆုတောင်းတွေပျောက်ကွယ်နေခဲ့တာကြာနေပြီဖြစ်တဲ့ကျုပ်ကအခုဘာကိုများရည်ရွယ်ဆုတောင်းရပါ့မလဲ။ အရာရာစွန့်လွှတ်ထားတဲ့ကျုပ်ဘဝထဲကိုခင်ဗျားဆိုတဲ့လူတစ်ယောက်‌ကတစ်စတစ်စဝင်ရောက်လာပြီးခံစားချက်တွေကိုဖြစ်တည်စေခဲ့တယ်။ ခင်ဗျားသင်ပေးခဲ့တဲ့လူ့ကျင့်ဝတ်နဲ့နေထိုင်မှုပုံစံတွေနဲ့အတူကပ်ပါလာတဲ့ရင်ခုန်သံကတစ်သက်လုံးအတွက်ဖြစ်သွားခဲ့ပြီထင်တယ်ခင်ဗျားရဲ့။ အခုဒီအချိန်ပြီးရင်ခင်ဗျားကိုလက်လွှတ်ရတော့မယ်ဆိုတဲ့အသိစိတ်တွေနဲ့ခင်ဗျားကိုမလွှတ်ပေးချင်တဲ့အတ္တ‌စိတ်တွေကြားကျုပ်ကအတ္တပဲကြီးလိုက်ရမလား ၊ အသိဉာဏ်ပဲရှိလိုက်ရမလား။ အကယ်၍များအတ္တတွေယှဉ်ပြိုင်ပြီးခင်ဗျားကိုပိုင်ဆိုင်ဖို့တိုက်ခိုက်ကြရရင်ရောကျုပ်ကအောင်မြင်နိုင်ပါ့မလား။ အစကတည်းက ' တစ်ဖက်ကမိန်းကလေးမို့ပါ ' ဆိုတဲ့အသိတရားတွေထားတတ်လွန်းပါတဲ့ခင်ဗျားကရောအဲ့ဒီ့မိန်းကလေးနဲ့ကျုပ်ကိုယှဉ်ပြိုင်ပြီးအနိုင်ပေးရွေးချယ်ရဲပါ့မလား။

ကြောက်လိုက်တာခင်ဗျားရယ်....။ ပိုင်ဆိုင်မှုလေးတစ်ခုရှိလာတာနဲ့သေရမှာတောင်မကြောက်တော့တဲ့ကျုပ် ၊ ကြောက်တတ်လာလိုက်တာ။ ဘာရယ်မဟုတ်ပိုင်ဆိုင်မိခဲ့တဲ့ပိုင်ဆိုင်မှုလေးကိုစွန့်လွှတ်ရမှာကျုပ်စိုးရိမ်လိုက်တာ။ ခင်ဗျားရှေ့မျက်ရည်မကျအောင်ထိန်းရတဲ့ကျုပ်ရဲ့စိတ်တွေကအတွင်းထဲမှာတော့လှိုက်စားပြီးပူလောင်နေတယ်ဆိုတာခင်ဗျားသိမှသိပါ့မလား။ အကယ်၍သိအောင်ပြောပြမိရင်ရော ၊ ဒါတွေကခင်ဗျားအတွက်ဝန်ထုပ်ဝန်ပိုးများဖြစ်စေသွားမလား။ အတွေးတွေနဲ့ဝေခွဲရမှူတွများလွန်းလို့ကျုပ်တော့ဘုရားစေတီရှေ့မှာတောင်မအေးချမ်းနိုင်တော့ဘူး။ ဘယ်သူ့ဘယ်သူ့ကိုမှအမုန်းတရားတွေမထားချင်တော့ပေမယ့်ဆိုးရွားလွန်းတဲ့ကံကြမ္မာအပေါ်ကိုတော့မုန်းပစ်လိုက်ချင်ပါတယ်လေ။

" ပြီးရင်ငါတို့ဟိုးဘက်နားမှာသွားထိုင်ရအောင်လေ......"

ပြောပြီးပြီးချင်းထသွားတဲ့သူကလှေကားအဆင်းအတက်မှာသွားထိုင်ဖို့ရည်ရွယ်နေပြန်တာမို့ညဉ့်ယံကပါအမြန်ထရပ်ပြီးလိုက်ရသည်။ တောင်ဘက်စောင်းတန်းရှိလှေကားအဆင်းနေရာတွင်အေးအေးလူလူထိုင်နေတဲ့သူဘေးနားဝင်ထိုင်လိုက်ရင်းဟန်မဆောင်နိုင်ဘဲအမေးထုတ်မိသည်က

" ခင်ဗျားမြို့ကိုပြန်တော့မယ်ဆို......"

အမေးကိုအံ့ဩသွားဟန်ရှိတဲ့မျက်နှာထားလေးနှင့်လှည့်ကြည့်လာပြီးမှခပ်ဖွဖွသက်ပြင်းချကာအကြည့်ပြန်လွှဲသည်။

" ငါကခဏပဲပြန်မှာပါ...ကလေးတွေလည်းအတန်းတင်စာမေးပွဲကြီးနီးပြီဆိုတော့သင်တန်းကိုလာနိုင်ကြမှာမဟုတ်ဘူးလေ......အဲ့ဒီ့တော့ ငါလည်းအိမ်ပြန်ပြီးလုပ်စရာရှိတာတွေခဏလောက်ပြန်လုပ်မလားလို့ ပြီးတော့မာမီတို့နဲ့လည်းခွဲနေရတာကြာပြီမဟုတ်လား ငါ့ကိုပြန်လာစေချင်နေကြပြီလေ......"

ရှင်းပြမှုမမည်သောရှင်းပြချက်တစ်ခုအားငြိမ်သက်စွာနားထောင်ရင်းမသိမသာသက်ပြင်းခိုးချမိသည်။ ' ခဏပဲ......' တဲ့။ သိရဲ့လားခင်ဗျားရယ်...ဒီတစ်ခါခင်ဗျားပြောတဲ့ခဏကိုကျုပ်မယုံချင်ဘူးဖြစ်နေမိတယ်။ ကျုပ်စိတ်တွေကအဲ့ဒီ့တစ်ခဏကိုလက်မခံနိုင်ဘူးဖြစ်နေတယ်ခင်ဗျားရဲ့။ တစ်စုံတစ်ခုကိုလေးလံနေသလိုမျိုး ၊ တစ်ခုခုကိုအပြီးတိုင်ဆုံးရှုံးသွားရတော့မလိုမျိုး။ ကျုပ်ဘဝထဲကနေဆွဲထုတ်သွားခံရတော့မလိုမျိုး။
ခင်‌ဗျားမိဘ‌တွေရဲ့စကား‌ကြောင့်ပဲလား‌တော့သေချာမပြောတတ်ပေမယ့်‌အဲ့ဒီ့ပေါက်ကရ‌အတွေးတွေကခင်ဗျားမြို့ပြန်မယ့်အကြောင်းသိပြီးတဲ့အချိန် ၊ ခင်ဗျားမိဘတွေဆီကနေသဘောထားတချို့ကိုသိလိုက်ရပြီးတဲ့စက္ကန့်ပိုင်းကနေစပြီးဆက်တိုက်ကိုနှိပ်စက်နေလိုက်တာများ......။

" လူမိုက်ကောင်......"

" ဗျာ......"

" မင်းမှာစိတ်ညစ်စရာတစ်ခုခုရှိတယ်မလား......"

မျက်လုံးချင်းဆုံကြည့်ကာမေးလာတာမို့လူကဘာဖြေလို့ဖြေရမှန်းမသိ။ ကြောင်အမ်းအမ်းနှင့်ငေးကြည့်ရင်းခေါင်းသာခါပြမိသည်။

" ငါ့ကိုမလိမ်နဲ့နော်လူမိုက်ကောင်...မင်းမျက်နှာမကောင်းတာငါသတိမထားမိဘူးထင်နေလို့လား......"

" ကျုပ်...ကျုပ်က ခင်ဗျားရုတ်တရက်ကြီးမြို့ကိုပြန်တော့မယ်ဆိုလို့......"

အထစ်ထစ်အငေါ့ငေါ့ဆိုမိတဲ့စကားကိုတစ်ဖက်သူကခပ်ဖွဖွပြုံးရင်းနားထောင်သည်။
ခွင့်လွှတ်ပါခင်ဗျားရယ်......။ ခင်ဗျားအပေါ်ကျူးလွန်မိတဲ့ဒီမုသားကခင်ဗျားမပင်ပန်းရဖို့အတွက်ပါ။ ' တစ်ခါသေဖူး ပျဉ်ဖိုးနားလည် ' တဲ့ခင်ဗျားရဲ့။ ဒီလိုအ‌ခက်အခဲတွေနဲ့လူတွေရဲ့အထင်အမြင်သေးခံရမှုဒဏ်တွေကိုကျုပ်ကကောင်းကောင်းနားလည်ခဲ့တာမို့ခင်ဗျားကိုတော့အဲ့ဒီ့လိုအခက်အခဲတွေမကြုံတွေ့ရစေချင်ပါဘူးလေ။

" ငါမြန်မြန်ပြန်လာခဲ့မှာပါ...မင်းငါ့ကိုယုံတယ်မဟုတ်လား......"

လက်ကိုခပ်တင်းတင်းဆုပ်ကိုင်လာရင်းပြောလာတဲ့သူကြောင့်ခေါင်းအသာညိတ်ပြကာတုံ့ပြန်မိသည်။ ဟုတ်သား...ကျုပ်ကခင်ဗျားကိုမှမယုံရင်ဘယ်သူ့ကိုယုံရပါ့မလဲ။ ဘယ်သူတွေကဘယ်လိုပဲပြောခဲ့ပြောခဲ့ ၊ ခင်ဗျားမိဘတွေကဘယ်လိုပဲသဘောထားတွေရှိနေပါစေ ၊ ကျုပ်ကကျုပ်ရဲ့နှလုံးသားဖြစ်တဲ့ခင်ဗျားကိုပဲယုံပေးရမှာပေါ့။

" ငါ့ကိုသီချင်းဆိုပြပါလား......"

" သီချင်း......"

ရောယောင်ကာလိုက်ရေရွတ်မိတော့ခေါင်းအသာညိတ်ပြလာရင်းညဉ့်ယံပခုံးပေါ်ခေါင်းမှီချလာသည်။ အထိအတွေ့ခပ်နွေးနွေးကိုခံစားရင်းမျက်လုံးစုံမှိတ်ကာရင်ထဲကစို့နင့်မှုကိုကြိတ်မှိတ်မျိုချမိတော့အဆင်မပြေတဲ့စိတ်တွေကတင်းခံလို့။ အသက်ဝဝတစ်ချက်ရှူသွင်းကာဆံစလေးတွေကိုပါမသိမသာနမ်းရှုံ့ရင်းတစ်ဖက်သူစိတ်တိုင်းကျသီချင်းဆိုဖို့ပြင်လိုက်သည်။

' လေ...ပြေညှင်းရယ် ငြိမ်သက်ဆဲ...ညမှာ
  အသာအယာ...တိုးလို့တိုက်ခတ်နေ
  သင်းပျံ့...မွှေးတဲ့ပန်းရနံ့တွေ
  ဆောင်ယူ...သယ်လာ လေညှင်းရယ်... '

သံစဉ်မပါတဲ့သီချင်းစာသားသက်သက်ကိုကြေကွဲသံတွေမပါစေရန် ၊ ဝမ်းနည်းစို့နင့်သံတွေမပါစေရန်ထိန်းချုပ်ကာစတင်လိုက်မိတော့တစ်ဖက်သူကသဘောကျဟန်။ အပြုံးတစ်ပွင့်မော့ကြည့်လာပြီးမှပခုံးပေါ်ခေါင်းပြန်မှီကာငြိမ်သက်သွားပြန်တယ်။

' ပန်းချစ်သူ တို့လက်နဲ့ကွယ်...
  ခူးဆွတ်ဖို့ စိုးရွံ့လို့နေတယ်... '

စာသားနှင့်အတူစီးဝင်လာတဲ့ထပ်တူညီနေသည့်ခံစားချက်တစ်ခု။ ရင်ထဲနင့်ဝင်လာတဲ့ထိုခံစားချက်ကမျက်ရည်စတချို့ဝေ့ဝဲစေသည်အထိစွမ်းသည်။

'   ဆွတ်ယူမယ် ဟန်ပြင်ကာပင်
  ယုယစွာထွေးပွေ့ထားပါမယ်...... '

ဘယ်ဘက်မျက်ဝန်းထောင့်မှနေစီးကျလာသည့်မျက်ရည်တစ်စက်။ မသိမသာသုတ်ဖယ်ပစ်ရင်းဆုပ်ကိုင်ထားသည့်လက်နုနုလေးကိုပို၍တင်းတင်းဆုပ်ကိုင်လိုက်မိသည်။
နူးညံ့နေတဲ့လက်လေးကတကယ်ပဲကျုပ်နဲ့မလိုက်ဖက်ခဲ့တာပဲ......။

' အသာအယာ...ဆွတ်ယူ

  ရင်မှာ သိမ်း...ထားမယ်
  အိုလေ...ပန်းကလေး တစ်ပွင့်ရယ်
  ပန်း...ကိုချစ်တဲ့ ပန်းချစ်သူ
  ကိုယ်တိုင် ချူကာ ဆွတ်ခူးမယ် '

စာသားအဆုံးမော့ကြည့်လာတဲ့နှဖူးပြင်လေးကိုခပ်ဖွဖွထိကပ်နမ်းရှိုက်ပစ်လိုက်သည်။ နောက်ဆုံးအတွက်ပဲဖြစ်ဖြစ် ၊ ထာဝရအတွက်ပဲဖြစ်ဖြစ်ကျုပ်ခင်ဗျားရဲ့ကိုယ်သင်းရနံ့လေးကိုစွဲနေအောင်တော့မှတ်ထားလိုက်ပါရစေ။ အကယ်၍ကျုပ်ဘဝကတစ်ချိန်ကလိုပိုင်ဆိုင်မှုမရှိတဲ့အပယ်ခံဘဝတစ်ခုပြန်ဖြစ်သွားတော့မယ်ဆိုရင်တောင် ကျုပ်မှာခင်ဗျားရှိခဲ့ဖူးတဲ့အမှတ်တရလေးတွေတော့ရှိနေစေချင်သေးလို့ပါ။

" သူရိန်......."

ရုတ်တရက်ကြားလိုက်ရတဲ့ခပ်‌ကျယ်ကျယ်ခေါ်သံသဲ့သဲ့ကြောင့်အနမ်းကိုပြန်ရုတ်သိမ်းကာအသံလာရာသို့ကြည့်မိတော့ဖက်ဖူးကြွေဆိုသည့်မိန်းကလေး။ နာမည်နှင့်လိုက်အောင်ကိုဖက်ဖူးစိမ်းရောင်မြန်မာဝမ်းဆက်လေးနှင့်ယောက်ျားတိုင်းကြွေကျချင်စရာကောင်းလောက်အောင်လှတဲ့ထိုမိန်းကလေး။ တစ်နည်းအားဖြင့်ဆိုကျုပ်ရဲ့မရေရာတော့တဲ့ပိုင်ဆိုင်မှုလေးနဲ့စေ့စပ်ထားပါတယ်ဆိုတဲ့ရွှေမင်းသမီးလေးပေါ့။

" အန်တီတို့ကပြန်ဖို့အတွက်နင့်ကိုစောင့်နေကြတာ...နင်ကဒီဘက်ထွက်သွားတယ်ဆိုလို့တစ်ခါတည်းပဲဝင်ခေါ်ခဲ့လိုက်တော့တာ......ကဲ လာ သွားကြမယ်......"

ပြောပြောဆိုဆိုနှင့်လွတ်နေတဲ့လက်တစ်ဖက်ကိုဆုပ်ကိုင်ကာဆွဲခေါ်လာပါတဲ့ထိုမိန်းကလေး။ ထိုမိန်းကလေးရဲ့ဆွဲခေါ်ရာအတိုင်းမတ်တပ်လိုက်ရပ်တဲ့သူကြောင့်ညဉ့်ယံကပါအတူလိုက်ရပ်မိသည်။ ယှက်တွယ်ထားမိသည့်လက်နုနုလေးတစ်ဖက်ကိုတော့မလွှတ်ပေးမိသေး။
ခဏလောက်ဖြစ်ဖြစ်တော့ဆွဲထားပါရစေဦးလား......။

" ငါလိုက်လာခဲ့မယ်ကြွေ...နင်သွားနှင့်......"

" ဟာ နင်ကလည်းအန်တီတို့ကငါ့ကိုတစ်ခါတည်းခေါ်လာခဲ့ခိုင်းလိုက်တာကို....ပြီးတော့နောက်ကျသွားရင်လည်းမကောင်းဘူးလေ အန်တီတို့ကလည်းစောင့်နေရတာအားနာစရာကြီး...လာပါဆိုဟာ သွားကြမယ်လို့......"

ထိုမိန်းကလေးဆွဲခေါ်ရာနောက်မငြင်းသာဘဲလိုက်သွားတဲ့သူကိုကြည့်ရင်းကိုယ်ကပဲအလိုက်တသိလက်လွှတ်ပေးလိုက်ရသည်။ ပျက်ပြယ်သွားတဲ့တွဲလက်တစ်စုံကြားကျုပ်နှလုံးသားပါကွဲကြေရတယ်ဆိုတာခင်ဗျားသိမှသိပါလေစ......။

" ကြွေ ချော်လဲမယ်လေဟာ......"

စကားသံတိုးတိုးကလှေကားအဆင်းနှင့်မလှမ်းမကမ်းတွင်ရပ်ထားသည့်အနက်ရောင်တန်ဖိုးကြီးကားတစ်စီးအနားတွင်ပျောက်ကွယ်သွားသည်။ ထို့နောက်တစ်ချက်တောင်လှည့်မကြည့်နိုင်ဘဲကားထဲဝင်သွားပါတဲ့သူ။ တရစပ်စီးကျလာတဲ့မျက်ရည်တွေကြားလည်တဆန့်ဆန့်ဖြင့်မျှော်ငေးရင်းတစ်ချက်များလှည့်ကြည့်လာလေမလားလို့မျှော်လင့်နေမိခဲ့ပေမယ့်လို့ထိုအနက်ရောင်ကားလေးဟာမြင်ကွင်းထဲမှနေ‌ပင်ပျောက်ကွယ်သွားလေပြီ။

" ဟား......"

ရင်ထဲကခံစားချက်တွေကအသံထွက်ရယ်၍ဖြေသိမ့်မိပေမယ့်လည်းပျောက်ကွယ်မသွားသည့်အပြင်အဆပေါင်းများစွာသာတိုးလာသည်။ ဆစ်ခနဲစူးအောင့်သွားတဲ့ရင်ဘတ်ကြောင့်အင်္ကျီစကိုခပ်တင်းတင်းဆုပ်ကိုင်ကာနေရာတွင်ပင်ထိုင်ချမိတော့ပိုရွှဲနစ်လာတဲ့မျက်ရည်တွေကထိန်းမရသိမ်းမရ။

ကျုပ်ကခင်ဗျားကိုချစ်တာပါခင်ဗျားရယ်...ကျုပ်ကခင်ဗျားကိုချစ်တာမို့ မနစ်စေချင်ခဲ့ရုံပါ။ ကျုပ်လို့ဘဝနဲ့လက်တွဲပြီးခင်ဗျားကိုအပင်ပန်းအဆင်းရဲမခံစေချင်ခဲ့ရုံပါ။ တားလို့ရပါနဲ့...ပြောပြလို့ရပါရဲ့နဲ့ရေငုံနှုတ်ပိတ်နေခဲ့တာတွေကခင်ဗျားကိုကျုပ်ကြောင့်နဲ့အဖြစ်ဆိုးကြီးမကြုံစေချင်လို့ဆိုတဲ့ဆန္ဒတစ်ခုတည်းပါ။

ရွက်ဝါမိဘတွေပြောခဲ့ကြတဲ့ ' မတန်မရာ ' ဆိုတဲ့စကားလုံးရဲ့အဓိပ္ပါယ်ကိုကျုပ်ကောင်းကောင်းကြီးနားလည်တတ်သွားပြီထင်ပါတယ်။ ခင်ဗျားလိုပညာတတ်ရွှေပေါ်မြတင်သူဌေးသားနဲ့ ကျုပ်လိုအထက်တန်းတောင်မအောင်မြေပေါ်ကလက်လုပ်လက်စားအညတရကောင်ကဘယ်လိုများလိုက်ဖက်မှာတဲ့လဲ။

သူရိန်နေမင်းက ညဉ့်သန်းခေါင်ယံဆီမှာဘယ်တော့မှတောက်တောက်ပပနဲ့ထွန်းလင်းနိုင်မှာမှမဟုတ်တာ......။



################################

Zawgyi


"ခင္ဗ်ား......"

တိုးဖြဖြေခၚေဝၚမိတဲ့နာမ္စားအေလ်ာက္ရင္ထဲကေပ်ာ္႐ႊင္ျခင္းအေႏြးဓါတ္ဟာျဖတ္သန္းသြားသည့္အျပင္မ်က္ခမ္းစပ္မွေနမ်က္ရည္စတို႔ကိုပါေဝ့သီေစသည္။ ရွိေနေလာက္မယ္မထင္ခဲ့တဲ့သူကအခုအခ်ိန္ထိဒီေနရာမွာရွိေနေသးတယ္တဲ့ေလ။

" ခင္ဗ်ား......"

ခင္ဗ်ားတကယ္ပဲေစာင့္ေနခဲ့တာလား။ က်ဳပ္ေမြးေန႔ကိုမေမ့ဘဲေစာင့္ေနေပးခဲ့တာလား။ အေရးႀကီးလွပါခ်ည္ရဲ႕ဆိုတဲ့ခင္ဗ်ားဘဝရဲ႕လုပ္ငန္းေဆာင္တာေတြဆီမသြားေသးဘဲက်ဳပ္လိုအညတရရဲ႕ေမြးေန႔ကိုအတူဆင္ႏႊဲဖို႔အခ်ိန္ဖဲ့ေပးခဲ့တာလား။ ဒီေလာက္ဆိုရင္ေရာ...က်ဳပ္ကခင္ဗ်ားအတြက္အေရးအပါဆုံးလူလို႔သတ္မွတ္ထားတယ္လို႔မ်ားမွတ္ယူလို႔ရႏိုင္မလား။ မယွဥ္ရဲေပမယ့္လို႔ ခင္ဗ်ားရဲ႕မိဘေတြနဲ႔ဆိုရင္ေတာင္ေပါ့။

ရင္ထဲကစကားသံေတြကမ်က္ရည္ေတြႏွင့္သာေမ်ာပါရင္းငူငူငိုင္ငိုင္ၾကည့္ေနမိသည္။ အေတြးနယ္ထဲေမ်ာေနမိတဲ့အေျခအေနကပါးျပင္ေပၚထိေတြလာတဲ့လက္ႏုႏုေလးရဲ႕အထိ‌အေတြ႕ကိုခံစားရမွျပန္အသိကပ္မိတဲ့အျဖစ္။

" ေမြးေန႔ႀကီးမွာမငိုရဘူးေလကြာ....ၿပီးေတာ့ဒီေန႔ကႏွစ္သစ္ရဲ႕ပထမဆုံးအစေန႔လည္းျဖစ္တာကို မင္းကေပ်ာ္ေပ်ာ္ေနရမွာေပါ့......"

ပါးျပင္ေပၚကလက္ႏုႏုေလးကိုမဝံ့မရဲႏွင့္ခပ္ဖြဖြအုပ္ကိုင္လိုက္မိေတာ့ထိုသူကအၿပဳံးတစ္ပြင့္ၿပဳံးျပသည္။ ထို႔ေနာက္လက္ႏွစ္ဖက္ကိုခ်ိတ္ကာယွက္ႏြယ္ေစလိုက္ၿပီးေစတီဆီဦးေဆာင္ေလွ်ာက္လွမ္းပါတဲ့ေျခလွမ္းေတြ။ ေရွ႕မွေက်ာျပင္ေလးကိုေငးၾကည့္ရင္းစီးက်ေနတဲ့မ်က္ရည္ေတြၾကား‌မွေနညဥ့္ယံသေဘာတက်ၿပဳံးမိပါ၏။
မညာတမ္းဝန္ခံပါတယ္ခင္ဗ်ားရယ္...က်ဳပ္လိုေကာင္မွာရွိတဲ့အဖိုးတန္ပိုင္ဆိုင္မႈဆိုလို႔ခင္ဗ်ားပဲရွိတာပါ......။

_____________________________________________

ေစတီဆီေရာက္သည္ႏွင့္သူကအရင္အဂၤါေထာင့္ဆီဦးတည္သြားကာေရသပၸါယ္ျပန္တာမို႔ညဥ့္ယံကၿပဳံး၍သာၾကည့္ေနရျပန္တယ္။

" လူမိုက္ေကာင္ ဆီမီးပူေဇာ္မယ္ဆို......"

ေျပာကာမွသတိရကာကိုယ့္လက္ထဲကိုယ္ၾကည့္မိေတာ့ဘာမွမရွိ။ မ‌ေန႔ကဝယ္ထားမိတဲ့ဖေယာင္းတိုင္နဲ႔အေမႊးတိုင္ထုပ္ကိုလည္းဘယ္နားထားလို႔ထား,ထားမိမွန္းေတာင္စဥ္းစားမရေတာ့။ လမ္းက်ေတာ့လည္းကိုယ့္အပူနဲ႔ကိုယ္မို႔ဆီမီးပူေဇာ္ဖို႔အေၾကာင္းကိုေမ့ကာအေမႊးတိုင္ဖေယာင္းတိုင္ထုပ္ေတြအေၾကာင္းသတိကိုမရတာပင္။

" က်ဳပ္...က်ဳပ္‌ေမ့လာတယ္......"

" ဒါဆိုပန္းကပ္ဖို႔ကေရာ မင္းေမ့လာတာပဲလား......"

အခုမွသတိရတာျဖစ္ေၾကာင္းေျပာမေနခ်င္ေတာ့တာမို႔ေခါင္းသာညိတ္ျပမိ‌ေတာ့ထိုသူကမ်က္ေစာင္းဖြဖြထိုးကာေခါင္းအသာခါသည္။ 

" မင္းကေတာ့ေလ ကိုယ့္ေမြးေန႔မွာကိုယ္ပန္း‌ေရခ်မ္းဆီမီးကပ္ဖို႔ကိုေတာင္ေမ့လာရတယ္တဲ့လား......"

ေျပာေျပာဆိုဆိုႏွင့္ေစတီအေရွနားရွိေဈးဆိုင္ေလးဆီကေနလိုအပ္သည္မ်ားကိုသြားဝယ္ေနသည့္သူေၾကာင့္ညဥ့္ယံထိုအတိုင္းသာရပ္ၾကည့္ေနလိုက္သည္။
ဒီေန႔ကေနာက္ဆုံးမျဖစ္ခ်င္ဘူးခင္ဗ်ားရယ္...ခင္ဗ်ားကိုက်ဳပ္လက္မလႊတ္ခ်င္ေသးဘူး။

" ရၿပီ လာ......"

ဖေယာင္းတိုင္ထုပ္ေတြကိုင္လာတဲ့သူကညဥ့္ယံကိုေသခ်ာၾကည့္မိပုံမရ။ ဒါလည္းမ်က္ရည္စေတြကိုထိုသူမျမင္ေစဖို႔အတြက္ဖုံးကြယ္ေနဖို႔မလိုတဲ့အေကာင္းဆုံးအေျခအေနမို႔အေနာက္ကေနသာလိုက္လာခဲ့လိုက္သည္။ ထို႔ေနာက္ဖေယာင္းတိုင္နဲ႔မီးျခစ္ကိုကမ္း‌ေပးလာတာမို႔အျမန္လွမ္းယူရင္းမီးညႇိကာဆီမီးပူေဇာ္ကပ္လႉရျပန္တယ္။ ႏွစ္ေယာက္သားေဘးခ်င္းယွဥ္ထိုင္ရင္းဘုရားရွိခိုးျပန္ေတာ့လည္းညဥ့္ယံမွာမ်က္လုံးေတာင္ေကာင္းေကာင္းမမွိတ္မိ။
အကယ္၍မ်ားမ်က္လုံးမွိတ္ထားမိတဲ့အခိုက္အတန္႔ေလးမွာတင္ခင္ဗ်ားေပ်ာက္သြားရင္ဘယ့္ႏွယ့္လုပ္ရပါ့......။

ဒုကၡပါပဲခင္ဗ်ားရယ္...က်ဳပ္ေတာ့ဘုရားရင္ျပင္ေတာ္ေပၚထိုင္ၿပီးအစြဲအလန္းေတြႀကီးေနမိၿပီထင္ပါတယ္ေလ။ ဒါေပမယ့္လည္းခက္ေတာ့ခက္သား။ က်ဳပ္မွာစြဲလန္းစရာတန္ဖိုးရွိတဲ့အရာေလးဆိုလို႔ခင္ဗ်ားတစ္ေယာက္ပဲရွိတာဆိုေတာ့လည္းဒီအစြဲအလန္းေလးကိုက်ဳပ္ကမက္မက္ေမာေမာနဲ႔ဖက္တြယ္ထားပစ္လိုက္ခ်င္ေနတာ။ ဒါေပမယ့္အဖိုးတန္တဲ့အရာေလးေတြကက်ဳပ္လိုအညတရဆီမွာၾကာၾကာမေနခ်င္ၾကဘူးထင္ပါရဲ႕။

" လူမိုက္ေကာင္...ဆုေတာင္းေလ......"

လက္အုပ္ခ်ီထားရင္းသတိေပးသလိုေျပာလာျပန္တဲ့ထိုသူ။ ညဥ့္ယံမၿပဳံးခ်င္ေပမယ့္လို႔အၿပဳံးတုတစ္ခုကိုမနည္းမရမကလုပ္ယူၿပဳံးျပရင္းေစတီဘက္ကိုမ်က္ႏွာျပန္မူမိသည္။

ဘာမ်ားဆုေတာင္းရပါ့မလဲ......။
ဆုေတာင္းေတြေပ်ာက္ကြယ္ေနခဲ့တာၾကာေနၿပီျဖစ္တဲ့က်ဳပ္ကအခုဘာကိုမ်ားရည္႐ြယ္ဆုေတာင္းရပါ့မလဲ။ အရာရာစြန႔္လႊတ္ထားတဲ့က်ဳပ္ဘဝထဲကိုခင္ဗ်ားဆိုတဲ့လူတစ္ေယာက္‌ကတစ္စတစ္စဝင္ေရာက္လာၿပီးခံစားခ်က္ေတြကိုျဖစ္တည္ေစခဲ့တယ္။ ခင္ဗ်ားသင္ေပးခဲ့တဲ့လူ႔က်င့္ဝတ္နဲ႔ေနထိုင္မႈပုံစံေတြနဲ႔အတူကပ္ပါလာတဲ့ရင္ခုန္သံကတစ္သက္လုံးအတြက္ျဖစ္သြားခဲ့ၿပီထင္တယ္ခင္ဗ်ားရဲ႕။ အခုဒီအခ်ိန္ၿပီးရင္ခင္ဗ်ားကိုလက္လႊတ္ရေတာ့မယ္ဆိုတဲ့အသိစိတ္ေတြနဲ႔ခင္ဗ်ားကိုမလႊတ္ေပးခ်င္တဲ့အတၱ‌စိတ္ေတြၾကားက်ဳပ္ကအတၱပဲႀကီးလိုက္ရမလား ၊ အသိဉာဏ္ပဲရွိလိုက္ရမလား။ အကယ္၍မ်ားအတၱေတြယွဥ္ၿပိဳင္ၿပီးခင္ဗ်ားကိုပိုင္ဆိုင္ဖို႔တိုက္ခိုက္ၾကရရင္ေရာက်ဳပ္ကေအာင္ျမင္ႏိုင္ပါ့မလား။ အစကတည္းက ' တစ္ဖက္ကမိန္းကေလးမို႔ပါ ' ဆိုတဲ့အသိတရားေတြထားတတ္လြန္းပါတဲ့ခင္ဗ်ားကေရာအဲ့ဒီ့မိန္းကေလးနဲ႔က်ဳပ္ကိုယွဥ္ၿပိဳင္ၿပီးအႏိုင္ေပးေ႐ြးခ်ယ္ရဲပါ့မလား။

ေၾကာက္လိုက္တာခင္ဗ်ားရယ္....။ ပိုင္ဆိုင္မႈေလးတစ္ခုရွိလာတာနဲ႔ေသရမွာေတာင္မေၾကာက္ေတာ့တဲ့က်ဳပ္ ၊ ေၾကာက္တတ္လာလိုက္တာ။ ဘာရယ္မဟုတ္ပိုင္ဆိုင္မိခဲ့တဲ့ပိုင္ဆိုင္မႈေလးကိုစြန႔္လႊတ္ရမွာက်ဳပ္စိုးရိမ္လိုက္တာ။ ခင္ဗ်ားေရွ႕မ်က္ရည္မက်ေအာင္ထိန္းရတဲ့က်ဳပ္ရဲ႕စိတ္ေတြကအတြင္းထဲမွာေတာ့လႈိက္စားၿပီးပူေလာင္ေနတယ္ဆိုတာခင္ဗ်ားသိမွသိပါ့မလား။ အကယ္၍သိေအာင္ေျပာျပမိရင္ေရာ ၊ ဒါေတြကခင္ဗ်ားအတြက္ဝန္ထုပ္ဝန္ပိုးမ်ားျဖစ္ေစသြားမလား။ အေတြးေတြနဲ႔ေဝခြဲရမႉတြမ်ားလြန္းလို႔က်ဳပ္ေတာ့ဘုရားေစတီေရွ႕မွာေတာင္မေအးခ်မ္းႏိုင္ေတာ့ဘူး။ ဘယ္သူ႔ဘယ္သူ႔ကိုမွအမုန္းတရားေတြမထားခ်င္ေတာ့ေပမယ့္ဆိုး႐ြားလြန္းတဲ့ကံၾကမၼာအေပၚကိုေတာ့မုန္းပစ္လိုက္ခ်င္ပါတယ္ေလ။

" ၿပီးရင္ငါတို႔ဟိုးဘက္နားမွာသြားထိုင္ရေအာင္ေလ......"

ေျပာၿပီးၿပီးခ်င္းထသြားတဲ့သူကေလွကားအဆင္းအတက္မွာသြားထိုင္ဖို႔ရည္႐ြယ္ေနျပန္တာမို႔ညဥ့္ယံကပါအျမန္ထရပ္ၿပီးလိုက္ရသည္။ ေတာင္ဘက္ေစာင္းတန္းရွိေလွကားအဆင္းေနရာတြင္ေအးေအးလူလူထိုင္ေနတဲ့သူေဘးနားဝင္ထိုင္လိုက္ရင္းဟန္မေဆာင္ႏိုင္ဘဲအေမးထုတ္မိသည္က

" ခင္ဗ်ားၿမိဳ႕ကိုျပန္ေတာ့မယ္ဆို......"

အေမးကိုအံ့ဩသြားဟန္ရွိတဲ့မ်က္ႏွာထားေလးႏွင့္လွည့္ၾကည့္လာၿပီးမွခပ္ဖြဖြသက္ျပင္းခ်ကာအၾကည့္ျပန္လႊဲသည္။

" ငါကခဏပဲျပန္မွာပါ...ကေလးေတြလည္းအတန္းတင္စာေမးပြဲႀကီးနီးၿပီဆိုေတာ့သင္တန္းကိုလာႏိုင္ၾကမွာမဟုတ္ဘူးေလ......အဲ့ဒီ့ေတာ့ ငါလည္းအိမ္ျပန္ၿပီးလုပ္စရာရွိတာေတြခဏေလာက္ျပန္လုပ္မလားလို႔ ၿပီးေတာ့မာမီတို႔နဲ႔လည္းခြဲေနရတာၾကာၿပီမဟုတ္လား ငါ့ကိုျပန္လာေစခ်င္ေနၾကၿပီေလ......"

ရွင္းျပမႈမမည္ေသာရွင္းျပခ်က္တစ္ခုအားၿငိမ္သက္စြာနားေထာင္ရင္းမသိမသာသက္ျပင္းခိုးခ်မိသည္။ ' ခဏပဲ......' တဲ့။ သိရဲ႕လားခင္ဗ်ားရယ္...ဒီတစ္ခါခင္ဗ်ားေျပာတဲ့ခဏကိုက်ဳပ္မယုံခ်င္ဘူးျဖစ္ေနမိတယ္။ က်ဳပ္စိတ္ေတြကအဲ့ဒီ့တစ္ခဏကိုလက္မခံႏိုင္ဘူးျဖစ္ေနတယ္ခင္ဗ်ားရဲ႕။ တစ္စုံတစ္ခုကိုေလးလံေနသလိုမ်ိဳး ၊ တစ္ခုခုကိုအၿပီးတိုင္ဆုံးရႈံးသြားရေတာ့မလိုမ်ိဳး။ က်ဳပ္ဘဝထဲကေနဆြဲထုတ္သြားခံရေတာ့မလိုမ်ိဳး။
ခင္‌ဗ်ားမိဘ‌ေတြရဲ႕စကား‌ေၾကာင့္ပဲလား‌ေတာ့ေသခ်ာမေျပာတတ္ေပမယ့္‌အဲ့ဒီ့ေပါက္ကရ‌အေတြးေတြကခင္ဗ်ားၿမိဳ႕ျပန္မယ့္အေၾကာင္းသိၿပီးတဲ့အခ်ိန္ ၊ ခင္ဗ်ားမိဘေတြဆီကေနသေဘာထားတခ်ိဳ႕ကိုသိလိုက္ရၿပီးတဲ့စကၠန္႔ပိုင္းကေနစၿပီးဆက္တိုက္ကိုႏွိပ္စက္ေနလိုက္တာမ်ား......။

" လူမိုက္ေကာင္......"

" ဗ်ာ......"

" မင္းမွာစိတ္ညစ္စရာတစ္ခုခုရွိတယ္မလား......"

မ်က္လုံးခ်င္းဆုံၾကည့္ကာေမးလာတာမို႔လူကဘာေျဖလို႔ေျဖရမွန္းမသိ။ ေၾကာင္အမ္းအမ္းႏွင့္ေငးၾကည့္ရင္းေခါင္းသာခါျပမိသည္။

" ငါ့ကိုမလိမ္နဲ႔ေနာ္လူမိုက္ေကာင္...မင္းမ်က္ႏွာမေကာင္းတာငါသတိမထားမိဘူးထင္ေနလို႔လား......"

" က်ဳပ္...က်ဳပ္က ခင္ဗ်ား႐ုတ္တရက္ႀကီးၿမိဳ႕ကိုျပန္ေတာ့မယ္ဆိုလို႔......"

အထစ္ထစ္အေငါ့ေငါ့ဆိုမိတဲ့စကားကိုတစ္ဖက္သူကခပ္ဖြဖြၿပဳံးရင္းနားေထာင္သည္။
ခြင့္လႊတ္ပါခင္ဗ်ားရယ္......။ ခင္ဗ်ားအေပၚက်ဴးလြန္မိတဲ့ဒီမုသားကခင္ဗ်ားမပင္ပန္းရဖို႔အတြက္ပါ။ ' တစ္ခါေသဖူး ပ်ဥ္ဖိုးနားလည္ ' တဲ့ခင္ဗ်ားရဲ႕။ ဒီလိုအ‌ခက္အခဲေတြနဲ႔လူေတြရဲ႕အထင္အျမင္ေသးခံရမႈဒဏ္ေတြကိုက်ဳပ္ကေကာင္းေကာင္းနားလည္ခဲ့တာမို႔ခင္ဗ်ားကိုေတာ့အဲ့ဒီ့လိုအခက္အခဲေတြမႀကဳံေတြ႕ရေစခ်င္ပါဘူးေလ။

" ငါျမန္ျမန္ျပန္လာခဲ့မွာပါ...မင္းငါ့ကိုယုံတယ္မဟုတ္လား......"

လက္ကိုခပ္တင္းတင္းဆုပ္ကိုင္လာရင္းေျပာလာတဲ့သူေၾကာင့္ေခါင္းအသာညိတ္ျပကာတုံ႔ျပန္မိသည္။ ဟုတ္သား...က်ဳပ္ကခင္ဗ်ားကိုမွမယုံရင္ဘယ္သူ႔ကိုယုံရပါ့မလဲ။ ဘယ္သူေတြကဘယ္လိုပဲေျပာခဲ့ေျပာခဲ့ ၊ ခင္ဗ်ားမိဘေတြကဘယ္လိုပဲသေဘာထားေတြရွိေနပါေစ ၊ က်ဳပ္ကက်ဳပ္ရဲ႕ႏွလုံးသားျဖစ္တဲ့ခင္ဗ်ားကိုပဲယုံေပးရမွာေပါ့။

" ငါ့ကိုသီခ်င္းဆိုျပပါလား......"

" သီခ်င္း......"

ေရာေယာင္ကာလိုက္ေရ႐ြတ္မိေတာ့ေခါင္းအသာညိတ္ျပလာရင္းညဥ့္ယံပခုံးေပၚေခါင္းမွီခ်လာသည္။ အထိအေတြ႕ခပ္ေႏြးေႏြးကိုခံစားရင္းမ်က္လုံးစုံမွိတ္ကာရင္ထဲကစို႔နင့္မႈကိုႀကိတ္မွိတ္မ်ိဳခ်မိေတာ့အဆင္မေျပတဲ့စိတ္ေတြကတင္းခံလို႔။ အသက္ဝဝတစ္ခ်က္ရွဴသြင္းကာဆံစေလးေတြကိုပါမသိမသာနမ္းရႈံ႕ရင္းတစ္ဖက္သူစိတ္တိုင္းက်သီခ်င္းဆိုဖို႔ျပင္လိုက္သည္။

' ေလ...ေျပညႇင္းရယ္ ၿငိမ္သက္ဆဲ...ညမွာ
  အသာအယာ...တိုးလို႔တိုက္ခတ္ေန
  သင္းပ်ံ႕...ေမႊးတဲ့ပန္းရနံ႔ေတြ
  ေဆာင္ယူ...သယ္လာ ေလညႇင္းရယ္... '

သံစဥ္မပါတဲ့သီခ်င္းစာသားသက္သက္ကိုေၾကကြဲသံေတြမပါေစရန္ ၊ ဝမ္းနည္းစို႔နင့္သံေတြမပါေစရန္ထိန္းခ်ဳပ္ကာစတင္လိုက္မိေတာ့တစ္ဖက္သူကသေဘာက်ဟန္။ အၿပဳံးတစ္ပြင့္ေမာ့ၾကည့္လာၿပီးမွပခုံးေပၚေခါင္းျပန္မွီကာၿငိမ္သက္သြားျပန္တယ္။

' ပန္းခ်စ္သူ တို႔လက္နဲ႔ကြယ္...
  ခူးဆြတ္ဖို႔ စိုး႐ြံ႕လို႔ေနတယ္... '

စာသားႏွင့္အတူစီးဝင္လာတဲ့ထပ္တူညီေနသည့္ခံစားခ်က္တစ္ခု။ ရင္ထဲနင့္ဝင္လာတဲ့ထိုခံစားခ်က္ကမ်က္ရည္စတခ်ိဳ႕ေဝ့ဝဲေစသည္အထိစြမ္းသည္။

'   ဆြတ္ယူမယ္ ဟန္ျပင္ကာပင္
  ယုယစြာေထြးေပြ႕ထားပါမယ္...... '

ဘယ္ဘက္မ်က္ဝန္းေထာင့္မွေနစီးက်လာသည့္မ်က္ရည္တစ္စက္။ မသိမသာသုတ္ဖယ္ပစ္ရင္းဆုပ္ကိုင္ထားသည့္လက္ႏုႏုေလးကိုပို၍တင္းတင္းဆုပ္ကိုင္လိုက္မိသည္။
ႏူးညံ့ေနတဲ့လက္ေလးကတကယ္ပဲက်ဳပ္နဲ႔မလိုက္ဖက္ခဲ့တာပဲ......။

' အသာအယာ...ဆြတ္ယူ
  ရင္မွာ သိမ္း...ထားမယ္
  အိုေလ...ပန္းကေလး တစ္ပြင့္ရယ္
  ပန္း...ကိုခ်စ္တဲ့ ပန္းခ်စ္သူ
  ကိုယ္တိုင္ ခ်ဴကာ ဆြတ္ခူးမယ္ '

စာသားအဆုံးေမာ့ၾကည့္လာတဲ့ႏွဖူးျပင္ေလးကိုခပ္ဖြဖြထိကပ္နမ္းရႈိက္ပစ္လိုက္သည္။ ေနာက္ဆုံးအတြက္ပဲျဖစ္ျဖစ္

You are reading the story above: TeenFic.Net