Unicode
" ဘယ်လိုနေလဲ...စားလို့ကောင်းရဲ့လား......"
ခွံ့ကျွေးလာတဲ့ကြက်ဥထမင်းကြော်ကိုဝါးရင်းညဉ့်ယံရှေ့ကသူကိုခေါင်းညိတ်ပြလိုက်သည်။ ပြုံးစိစိနှင့်ဘူးထဲကထမင်းကြော်ကိုမွှေနေပြန်တဲ့သူကဘာသဘောလဲတော့မသိပေမယ့်သေချာတာကတော့ထိုသူ့လက်ချက်ကြောင့်ထမင်းကြော်ကထမင်းစေ့ပင်ပျောက်ကာဆန်ပြုတ်နှင့်မခြားဖြစ်တော့မည်။ ခေါင်းကြီးငုံ့ထားပြီးရှိရှိသမျှအတင်းမွှေနေလိုက်တာမှဒီလူထမင်းကြော်ဘူးကိုအာရုံရောရောက်ရဲ့လား။
" ဘာလို့အတင်းမွှေပြီးချေပစ်နေတာလဲ...ထမင်းစေ့တွေအကုန်ပျောက်ကုန်တော့မယ်......"
" ဟမ် ဪ အင်း ဟုတ်သား......"
သူ့ဘာသာသူပြုံးပြုံးကြီးနဲ့မွှေချင်တိုင်းမွှေ ၊ ချေချင်တိုင်းချေနေခဲ့ပြီးအခုမှအာမေဋိတ်သံအမျိုးစုံနဲ့အံ့အားသင့်သလိုလုပ်ကာနောက်တစ်ဇွန်းထပ်ခွံ့ကျွေးလာပြန်သည်။ ထပ်ယူစားလိုက်တော့သွားဖြီးကာရယ်ပြလာပြန်တာကြောင့်လူကမျိုမချရသေးဘဲနင်သွားသလိုလို။
ဒီနေ့မှဘာဖြစ်နေတာလဲခင်ဗျားရယ်......။
" ထမင်းကြော်ကအရသာဘယ်လိုနေလဲ...စားလို့အဆင်ပြေရဲ့လား......"
မေးသာမေးလာပေမယ့်ထမင်းကြော်ကသေချာပေါက်ဒီလူကြော်တာမဟုတ်မှန်းညဉ့်ယံကောင်းကောင်းသိပါသည်။ မီးဖိုချောင်ဆိုတာချို( ဂျို )နဲ့လားလို့ပြန်မေးမယ့်သူကသေချာပေါက်ဒီလိုမျိုးစားလို့ရမယ့်ထမင်းကြော်တော့ကြော်တတ်မှာမဟုတ်။ ခန့်မှန်းတာမလွဲဘူးဆိုလျှင်ဒါကဘုန်းခက်လှိုင်း၏လက်ရာဖြစ်ပေလိမ့်မည်။
ချက်ကျလက်ကျအလုံးစုံသိနားလည်နေပေမယ့်မေးလာတဲ့သူကတစ်ဦးတည်းသောရည်းစားလေးဖြစ်နေတာကြောင့်ညဉ့်ယံခေါင်းယံခေါင်းသာညိတ်ပြလိုက်ပါ၏။
ဘာပဲဖြစ်ဖြစ်ခင်ဗျားစိတ်ချမ်းသာရင်ကျုပ်နှလုံးသားလေးအေးချမ်းတယ်......။
" ငါလည်းအရေးကြီးသုတ်ပြာထွက်လာလိုက်ရတာနဲ့ရှိတဲ့ထမင်းကြော်ပဲယူလာခဲ့လိုက်တာ...နောက်နေ့တွေကျမင်းဘာစားချင်လဲ ဘာကြိုက်လဲပြောလေ ငါယူလာခဲ့ပေးမယ်......"
" ကျုပ်ဘာကြိုက်လဲဟုတ်လား......"
စကားတစ်ခွန်းကိုသံယောင်လိုက်ပြောရင်းစဉ်းစားမရတဲ့အတွေးတွေထဲလူကတကယ်ပဲတဝဲလည်လည်။ တစ်ဖက်ကခပ်ဖြေးဖြေးခေါင်းညိတ်ပြလာတဲ့ပုံရိပ်ကိုပါရဲ့နဲ့တောင်မတုံ့ပြန်နိုင်တော့တဲ့အထိညဉ့်ယံရဲ့စိတ်အစုံကဟိုးအဝေးဆုံးကအတိတ်တွေဆီပြန်ရောက်လို့သွားသည်။
_____________________________________________
တစ်စတစ်စပြန်မြင်ယောင်လာမိတဲ့အတွေးတွေကြားသူကမီးဖိုချောင်ကြမ်းပြင်မှာကျုံ့ကျုံ့လေးလေးထိုင်နေခဲ့တာဖြစ်သလို ၊ အမေကထိုဘေးတွင်မတ်တပ်ရပ်ကာဒေါသတကြီးစူပူနေခဲ့သည်။ လက်ထဲတွင်တော့နေ့ယံကိုချီပိုးလျက်ရှိပြီးလွတ်နေတဲ့လက်တစ်ဖက်ကလည်းနေ့ယံကိုခွံ့ကျွေးလက်စထမင်းပန်းကန်နှင့်။
" ငါးသလောက်ဟင်းစားချင်တယ်ဆိုလို့လည်းအလုပ်ရှုပ်ခံပြီးတော့ကိုချက်ပေးတယ်...ချက်ပေးပြန်တော့လည်း ဟိုမစားတတ် ဒီမစားတတ် အရိုးမနွှင်တတ်ရင်လည်းအစကတည်းကဘာဖြစ်လို့ချက်ခိုင်းသေးလဲဟဲ့......"
ခပ်ကျယ်ကျယ်ထွက်ပေါ်လာပြန်တဲ့လေသံမာမာကြောင့်ကျလုဆဲဆဲမျက်ရည်တွေကိုသုတ်ကာခန္ဓာကိုယ်ကိုလည်းပိုကျုံ့ပစ်လိုက်မိသည်။ မဝံ့မရဲအနေအထားနှင့်အမေ့ကိုကြည့်မိတော့သူ့ကိုစူးစူးရဲရဲစိုက်ကြည့်ကာမျက်နှာပြန်လွှဲသွားပြန်၏။ ထို့နောက်အနားရှိထိုင်ခုံတွင်ထိုင်ကာငါးအရိုးကိုနွှင်ရင်းနေ့ယံကိုခွံ့ကျွေးနေပြန်တာမို့မျက်ရည်စတွေနဲ့အတူခပ်ငေးငေးသာကြည့်နေမိတယ်။
အမေကညီလေးကိုတော့ထမင်းခွံ့ကျွေးတယ်......။
အမေကညီလေးကိုကျအရိုးနွှင်ပေးတယ်......။
တကယ်ဆိုသူလည်းငါးအရိုးကြောက်ပါရဲ့နဲ့ဘာဖြစ်လို့များသူ့ကျတော့အမေကဒေါသထွက်ပြီးအလုပ်ရှုပ်ကြောင်းခဏခဏပြောနေရတာပါလိမ့်.....။
ငေးကြည့်နေမိတဲ့အချိန်အတွင်းမှာတင်အမေကထသွားကာပန်းကန်ကိုရေဇလုံထဲထည့်၍လက်ဆေးသည်။ ထို့နောက်နေ့ယံအားပြန်ချီပို့၍အိမ်ရှေ့ဘက်ထွက်သွားတော့သူကသာထိုနေရာတွင်တစ်ယောက်တည်းကျန်နေခဲ့ရပြန်တယ်။ ပြီးတော့ရှေ့မှာရှိနေတဲ့ပုံမပျက်အရာမယွင်းသေးပါတဲ့ထမင်းပန်းကန်။ ဘယ်လိုပဲဖြစ်နေပါစေအတော်လေးလည်းနောက်ကျနေပြီမို့ဗိုက်ကလည်းဆာနေလေပြီ။ တင်ပျဉ်ခွေပြောင်းထိုင်ကာငါးအသားကိုဖြေးဖြေးချင်းဖဲ့ပြီးယူစားဖို့ကြံလိုက်တော့ပါလာတဲ့အရိုးစတွေကအမြှောင်းလိုက်။ အတော်လေးစိတ်ညစ်သွားမိပေမယ့်လည်းနောက်လက်တစ်ဖက်သုံးကာအရိုးစတွေကိုဖြေးဖြေးချင်းဖယ်ရှားလိုက်သည်။
ပထမဆုံးထမင်းတစ်လုတ်......။
ထမင်းလုတ်ကိုဝါးနေစဉ်ရုတ်တရက်ကြားလိုက်ရတဲ့အမေ့ရဲ့သီချင်းဆိုသံသဲ့သဲ့ကြောင့်ညဥ့်ယံအလိုလိုငိုချင်လာသည်။ ဒီနေ့မှဘာကြောင့်မှန်းမသိအမေရဲ့သားချော့တေးကငိုချင်စရာပဲကောင်းနေသည်ဟုခံစားနေရတာပင်။ ထမင်းစေ့တွေကကြေညက်လားမသိပေမယ့်တမင်မျိုချပစ်လိုက်သည်။ ဗိုက်လည်းမဆာတော့သလိုဆက်လည်းမစားချင်တော့။ အရိုးနွှင်ရတာလည်းခက်သလိုငိုချင်နေတာကိုထိန်းထားရတာလည်းခက်သည်။ သို့ပေမယ့်ထမင်းလည်းကုန်အောင်ဆက်စားရမှာဖြစ်ပြီးငိုလည်းမငိုမိအောင်နေရမည်။
အမေကပြောတယ်...မငိုရဘူး ငိုရင်ကျက်သရေယုတ်တယ်တဲ့......။
မျက်လုံးရှေ့ပိတ်စို့နေတဲ့မျက်ရည်စတွေကြောင့်ငါးအရိုးကိုသေချာမမြင်ရတော့။ မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်နေမိပေမယ့်ကြည်လင်မသွားတဲ့မြင်ကွင်းကြောင့်ထိုအတိုင်းသားထမင်းတစ်လုတ်ထည့်စားလိုက်သည်။ အရိုးသေချာမနွှင်ခဲ့မိတဲ့အကျိုးဆက်ကလည်ချောင်းထဲရောက်ကာမှအရိုးကထောက်ကာစူးနေတော့တာပင်။
" အ! "
စူးနေသည့်လည်ချောင်းတစ်ဝိုက်ကိုဖိကိုင်ကာအိမ်ရှေ့ဘက်ဆီလှမ်းကြည့်မိတော့အမေကနေ့ယံကိုပေါင်ပေါ်တင်ထားသည့်မြင်ကွင်းအားတစ်စွန်းတစ်စလှမ်းမြင်ရသည်။ အနေအထားအရတော့နေ့ယံကအခုမှအိပ်သွားတယ်ထင်ပါရဲ့။ ဒါကိုသူကလှမ်းအော်ခေါ်မိရင်နေ့ယံပြန်နိုးသွားမှာသေချာတာမို့အမေကသေချာပေါက်ဆူဦးမှာပင်။ စီးကျလာတဲ့မျက်ရည်တွေနှင့်အတူထမင်းဖြူချည်းသက်သက်ထည့်ကာဝါးစားရင်းလည်ချောင်းထဲကအရိုးကိုကြိတ်မှိတ်မျိုချပစ်လိုက်သည်။
အရိုးစူးလို့နာပေမယ့်အရိုက်ခံရရင်ဒီ့ထက်ပိုနာမှာအသေအချာ......။
" ဟဲ့ စားပြီးရင်ပန်းကန်တွေအကုန်လုံးပြောင်အောင်ဆေးနော်...ချက်ပြုတ်ထားတုန်းကပါးကန်ခွက်ယောက်တွေလည်းငါးညှီနံ့တွေမစွဲအောင်လုပ်ထား......နင်စားချင်တယ်ဆိုလို့အလုပ်ရှုပ်ခံပြီးချက်ပြုတ်ပေးထားရတာ အဲ့ဒီ့တော့နင့်အပြစ်နဲ့နင်အကုန်လုပ်စမ်း......"
မီးဖိုချောင်ထဲပြန်ဝင်လာတဲ့အမေကြောင့်မျက်ရဘ်စတို့ကိုခိုးသုတ်နေမိတုန်းကြားရတဲ့စကားသံကြောင့်ခေါင်းငုံ့၍သာနေလိုက်သည်။ အမေ့ကိုမော့ကြည့်မိလျှင်သေချာပေါက်မျက်ရည်ကျမိလိမ့်မည်။ ငိုမိလိမ့်မည်။ အဲ့ဒီ့အခါအမေကရိုက်လိမ့်မည်။ သူအရိုက်တော့မခံချင်ပါ။ ဟိုနေ့ကနေ့ယံကိုသေချာမထိန်းမိလို့အရိုက်ခံထားရတဲ့ဒဏ်ရာတွေပင်မပျောက်သေး။ ဒဏ်ရာပေါ်ထပ်ရိုက်လျှင်နှစ်ဆပိုနာတတ်ကြောင်းအရိုက်ခံဖူးတာမို့သိသည်။
" ငါပြောတာကြားလား ပန်းကန်တွေမကွဲစေနဲ့...အမြဲလက်ကနမော်နမဲ့နဲ့ ငါ့အိမ်ကပစ္စည်းတွေကိုတမင်ဖြုန်းတီးနေတာ......"
" ဟုတ်......"
ပြောဆိုပြီးအမေထွက်သွားကာမှအသံမထွက်အောင်ကြိတ်ငိုမိပြန်တယ်။ ထမင်းပန်းကန်ထဲလည်းမျက်ရည်စတွေကျနေမလားသူမသိ။ သေချာတာကတော့အခုအချိန်ငိုချင်သလို ၊ ထမင်းလည်းဆက်မစားချင်တော့ဘူးဆိုတာပဲသိသည်။
ပန်းကန်ကိုယူသွားလိုက်ပြီးဆေးကြောစရာအထပ်ထပ်ပုံနေသည့်ရေဇလုံနားဆီသွားကာထိုင်ချလိုက်တယ်။ လက်သေးသေးလေးဖြင့်ပန်းကန်တွေကိုကိုင်ကာဆေးကြောရင်းထို၅နှစ်သားကလေးလေးသည်အသိတစ်ခုဝင်ခဲ့သည်။ နောက်ဆိုသူဘာစားချင်ချင်ဘာမှထုတ်မပြောမပူဆာရသလို....သူ့အကြိုက်ကဘာဖြစ်ပြီးဘာဟင်းစားချင်မိကြောင်းကိုလည်းထုတ်မပြောရဘူးဟူ၍.......။
_____________________________________________
တစ်နေရာတည်းကိုငေးကြည့်ကာငိုင်နေတဲ့လူမိုက်ကောင်ကြောင့်သူရိန်ပခုံးကိုခပ်ဖွဖွထိတွေ့လိုက်သည်။ တောက်လျှောက်မေးနေပေမယ့်ဘာမှပြန်မဖြေတဲ့လူမိုက်ကောင်ကိုအစကစိတ်ဆိုးနေတယ်ထင်ခဲ့မိပေမယ့်အချိန်အတော်ကြာမှလူမိုက်ကောင်ကသူရိန့်ဆီစိတ်မရောက်ဘဲအတွေးထဲမျောကောင်းနေမှန်းသတိထားမိရခြင်း။
" ငါမေးနေတာကြားရောကြားရဲ့လား......"
အသံမပြုပေမယ့်ငေးကြည့်လာတဲ့ဂနာမငြိမ်တငြိမ်မျက်လုံးဝိုင်းလေးတွေကြောင့်သူရိန်အခြေအနေကိုရိပ်မိလိုက်ပါပြီ။ ဒီလူမိုက်ကောင်ကတကယ်ပဲသူပြောတာကိုနားထောင်နေတာမဟုတ်ဘူးပဲ။
ဘာစိတ်ညစ်စရာတွေကိုများတွေးနေရသလဲကွာ......။
" ခင်ဗျား စိတ်ဆိုးသွားလား......"
ခပ်တိုးတိုးပြောလာတဲ့စကားသံကသူရိန့်ရဲ့တိတ်ဆိတ်နေမှုနဲ့အပြုံးဖွဖွကြောင့်ဆိုတာထုတ်မပြောဘဲသိသာလွန်းပါ၏။ ထမင်းကြော်ဘူးကိုပြန်ပိတ်ရင်းလက်ဖက်ရည်ထည့်လာသည့်ဓါတ်ဘူးအားကမ်းပေးမိတော့လှမ်းယူလာသည့်လူမိုက်ကောင်ကအရိပ်တကြည့်ကြည့်။
ဒီကောင်လေးနေနိုင်တာလည်းမဟုတ်ဘဲစိတ်ကဆိုးချင်နေသေးတယ်......။
" ကျုပ်ကိုပြန်မေးလေ ကျုပ်ဖြေမယ်......."
" လက်ဖက်ရည်သာအရင်သောက်......"
ခေါင်းအသာခါပြလာတဲ့လူမိုက်ကောင်ရဲ့ပုံစံကသူ့ကိုစိတ်ဆိုးသွားမှာတကယ်ပဲကြောက်နေပုံ။ သူရိန်ဆက်မစတော့ဖို့ဆုံးဖြတ်လိုက်မိပေမယ့်လည်းအနည်းငယ်မဆိုသယောင်လေးစူတူတူဖြစ်လာပြန်တဲ့နှုတ်ခမ်းပါးလေးကြောင့်အတွေးတွေကချက်ချင်းဆိုသလိုနောက်ပြန်လှည့်သွားရသည်။
" မင်းကိုမေးတာမဖြေဘူးလေ......"
" ကျုပ်အခုပြန်ဖြေမယ်လို့......"
" မလိုတော့ပါဘူး......"
တစ်စတစ်စပို၍ပို၍စူပုတ်လာသည့်လူမိုက်ကောင်ရဲ့မျက်နှာထား။ သူရိန်မသိမသာပြုံးလိုက်မိပါရဲ့။ ဒီလူမိုက်ကောင်ကကြာလာလေလေသူ့ရဲ့နူးညံ့တဲ့အစိတ်အပိုင်းကိုပို၍ပို၍ထုတ်ပြလာလေလေ။ အေးစက်စက်မျက်နှာသေအစားသူရိန့်ရှေ့မှာဆိုဆယ်ကျော်သက်အရွယ်ကောင်လေးတစ်ယောက်ရဲ့လွတ်လပ်မှုနဲ့ငယ်ရွယ်မှုကိုအခြွင်းမချန်ဖော်ပြတတ်ပေသည်။ ဒီလိုမျိုးသူ့အပေါ်မသိစိတ်ကရောသိစိတ်ကပါယုံကြည်ပေးနေတဲ့သူကိုမှမရည်ရွယ်တဲ့အမှားကြီးတစ်ခုပြုမိရလေခြင်း။
" မင်းအတွက်ထမင်းချိုင့်ထည့်လာမလို့လေ...ဘာမှမဖြေဘူးဆိုတော့ ရုံးပတီသီးကြော်ပဲထည့်ခဲ့တော့မယ်......."
" ဟမ်......"
အာမေဋိတ်သံတစ်ချက်နဲ့ပြန်ငေးကြည့်လာတဲ့လူမိုက်ကောင်ရဲ့မျက်နှာကမသိသာပေမယ့်ရှုံ့မဲ့မဲ့။ သူရိန်ရယ်ချင်စိတ်ကိုထိန်းကာပြန်စိုက်ကြည့်ပေးနေလိုက်တော့လူမိုက်ကောင်ကသူ့ထုံးစံမျက်နှာသေကိုမူပိုင်ပြန်ဖမ်းပြီးမှစကားဆက်ရန်ပြင်သည်။
" အဲ့ချွဲကျိကျိအသီးတော့ကြော်မလာပါနဲ့ခင်ဗျားရယ်...အဲ့အစားကျုပ်ထမင်းဖြူပဲစားရရင်တောင်အဆင်ပြေပါတယ် ဒါကြီးကတော့ဘယ်လိုမှမျိုချလို့မရတဲ့ဟာကြီးဗျာ......"
" ဟားဟားဟား......"
လူမိုက်ကောင်ကိုကြည့်ရင်းမထိန်းနိုင်တော့ဘဲအော်ရယ်လိုက်မိတော့မှလူမိုက်ကောင်ရဲ့မျက်နှာထားကအနည်းငယ်ပြေလျော့သွားဟန်။ ထို့နောက်မှဖြေးဖြေးချင်းကော့တက်လာတဲ့နှုတ်ခမ်းထောင့်စွန်းနှင့်ခပ်ရေးရေးပေါ်လာတဲ့ပါးချိုင့်ငယ်။ သူရိန်သဘောကျလွန်းတာကြောင့်ထိုပါးချိုင့်လေးအားဖိကပ်ကာနမ်းရှိုက်ပစ်လိုက်သည်။ မထင်မှတ်ထားတဲ့အပြုအမူမို့အံ့အားသင့်နေရှာတဲ့မျက်ဝန်းဝိုင်းလေးကိုလျစ်လျူရှုပစ်ရင်းပေါ့။
" ကျုပ်ကိုလွမ်းလား......"
" ဒီရက်ထဲမင်းဘာဖြစ်နေတာလဲ......."
တစ်ပြိုင်တည်းထွက်ပေါ်လာတဲ့စကားနှစ်ခွန်းကြောင့်သူရိန်ဆိုင်ဆိုင်မဆိုင်ဆိုင်လူမိုက်ကောင်အနားပိုတိုးကပ်ပစ်လိုက်သည်။ နီးကပ်လွန်းတဲ့အခြေအနေအရသူရိန်ကလူမိုက်ကောင်ရဲ့ပခုံးပေါ်မှီထားလုဆဲဆဲအနေအထားဖြစ်ကာမေးဖျားနဲ့နှုတ်ခမ်းပါးတွေလည်းထိကပ်မိလုဆဲဆဲ။ အချိုးကျလွန်းသည့်မျက်နှာချောထျောကိုငေးကြည့်နေမိတဲ့တစ်ခဏတာကလမ်းမှာစီလာသမျှစကားလုံးတွေအကုန်လုံးကိုပင်လယ်ရေပြင်တိုက်စားခံရတဲ့သဲအမှုန်အမွှားလိုအကုန်မျောပါပျောက်ကွယ်သွားစေပါ၏။
" ကျုပ်ဘာမှမဖြစ်ပါဘူး......"
ခေါင်းအသာခါပြလာတဲ့လူမိုက်ကောင်ရဲ့အပြုအမူတွေကသူရိန့်ရင်ထဲကစိုးရိမ်ပူပန်ခဲ့ရမှုတွေနဲ့ဆန့်ကျင်စွာအေးဆေးလို့။ မျက်နှာလွှဲသွားပြန်တဲ့လူမိုက်ကောင်ကတစ်ခုခုကိုဖုံးကွယ်ချင်နေမှန်းငိသာသည်။ အနည်းငယ်သင်းပျံ့ပျံ့ရရှိနေသည့်ကိုယ်သင်းနံ့ကိုခိုးယူရှူရှိုက်လိုက်ရင်းလက်တစ်ဖက်ကိုပါအုပ်မိုးကိုင်မိလိုက်တယ်။
မင်းကိုစိုးရိမ်လို့ငါရူးတော့မယ်လူမိုက်ကောင်ရဲ့......။
" ဒါကငါသိတဲ့လူမိုက်ကောင်မဟုတ်ဘူး...မင်းငါ့ကိုလိမ်နေတာ ငါ့လူမိုက်ကောင်ကငါ့ကိုတော့မလိမ်ဘူးလေ...."
ခပ်တိုးတိုးစကားဆိုမိတော့မှလူမိုက်ကောင်ကမျက်လုံးအဝိုင်းသားနှင့်ပြန်ငေးကြည့်သည်။ သဘောကသူ့စိတ်ထဲကခံစားချက်ကိုသူရိန်ရိပ်မိလို့အံ့ဩနေတယ်ပေါ့လေ။
" ဘာဖြစ်နေလဲဆိုတာငါ့ကိုပွင့်ပွင့်လင်းလင်းပြော...ဒါမှငါ့ဘက်ရှင်းပြစရာရှိရှင်းပြနိုင်မှာပေါ့......"
" ကျုပ် ခင်ဗျားစိတ်ဆိုးအောင်ထပ်လုပ်မိသွားမှာစိုးလို့......."
ငေးကြည့်နေတဲ့မျက်ဝန်းတွေနဲ့အတူအနည်းငယ်လှုပ်ခတ်သွားပါတဲ့မျက်တောင်ဖျားတွေ။ လူမိုက်ကောင်ကခံစားချက်အမှန်ကိုပြောတာမှန်းသေချာနေတာကြောင့်ဘေးကလူမိုက်ကောင်ကိုဆွဲဖက်ကာရင်ခွင်ထဲဆွဲထည့်ပစ်မိတော့အရပ်ကွာခြားချက်အနည်းငယ်ကြောင့်အလိုက်သင့်လေးနှင့်ပခုံးပေါ်မေးတင်ပေးလာ၏။
" ငါစိတ်ဆိုးလည်းဘာဖြစ်လဲ......"
ဆက်မေးမိတဲ့စကားမှာလေသံနည်းနည်းတော့မာသွားမိမလားမပြောတတ်။ တကယ်တမ်းပြောရရင်ဒီစကား ၊ ဒီတုံ့ပြန်မှုဟာလူမိုက်ကောင်ကိုမဟုတ်ဘဲသူရိန်ကိုယ့်ကိုကိုယ်တုံ့ပြန်မိခြင်းပေ။ ဒီကောင်လေးဘယ်လောက်တောင်မှဝမ်းနည်းနေခဲ့လိုက်မလဲ......။ဒါကိုသူကမသိရေအာင်အထိပစ်ထားမိခဲ့ရက်သည်။ သို့သော်ကာယကံရှင်ဖြစ်တဲ့လူမိုက်ကောင်ဘက်ကတော့ငြိမ်သက်စွာသာနေပြီးဘာတစ်ခုမှတုံ့ပြန်မလာတာကြောင့်ဖက်တွယ်ထားသည့်လက်တွေကိုပိုတင်းကျပ်စေကာနီးကပ်သည်ထက်နီးကပ်အောင်ဆွဲဖက်လိုက်သည်။
" ငါစိတ်ဆိုးရင်တောင်ခဏပါပဲ...ငါမှမင်းကိုမထားခဲ့နိုင်တာ ပြီးတော့မင်းကိုပစ်ထားလိုက်ဖို့ဆိုတာငါ့အတွက်ဘယ်လိုမှမဖြစ်နိုင်ဘူးလေ......"
" ဒါပေမယ့်ခင်ဗျားအကြာကြီးပစ်ထားခဲ့တာ......"
အခုမှအသံထွက်လာတဲ့လူမိုက်ကောင်ကတိုင်တောသံနည်းနည်းလေးပင်ပါနေသယောင်။ သူရိန်ခပ်ဖွဖွပြုံးလိုက်မိပြီးဆံပင်စည်းထားတာကြောင့်အနည်းငယ်ပေါ်နေတဲ့လည်ဂုတ်နားတဝိုက်ကိုဖိကပ်နမ်းရှုံ့ပစ်လိုက်သည်။
ကျွန်တော့်လူမိုက်ကောင်ကတစ်ခါတစ်လေကျရင်တကယ့်ကလေးလေးမှကလေးလေးရယ်ပါ.......။
" ငါနောက်ဆိုအဲ့ဒီ့လောက်အကြာကြီးပစ်မထားတော့ဘူး......."
" ဒါဆိုပစ်တော့ပစ်ထားဦးမယ်ဆိုတဲ့သဘောပေါ့......"
" ဟားဟား...ဒါပေါ့ကွာ ငါ့ရဲ့လူမိုက်ကောင်လေးကဆိုးတာကို လိမ္မာအောင်ဆုံးမပေးရမယ်လေ......"
သူရိန်ရယ်သံအဆုံးလူမိုက်ကောင်ရဲ့ခပ်တင်းတင်းပြန်ဖက်တွယ်လာမှုနဲ့အတူစကားသံခပ်တိုးတိုးကလည်းထွက်ပေါ်လာသည်။ ' ကျုပ်ကအဲ့ဒီ့လောက်မဆိုးပါဘူး......' တဲ့လေ။ ငါသိတာပေါ့လူမိုက်ကောင်ရယ်...မင်းကတကယ်ဆိုးနေမိုက်နေတဲ့ကလေးမှမဟုတ်တာ။ ငါမင်းကိုတောင်းပန်ခိုင်းခဲ့တယ်ဆိုတာကလည်းမိန်းကလေးတစ်ယောက်အပေါ်စကားထိန်းပြောတတ်ဖို့ကိုမင်းဘက်ကအမှတ်ထားပြီးသင်ယူစေချင်ခဲ့ရုံလေးပါပဲ။
################################
Zawgyi
" ဘယ္လိုေနလဲ...စားလို႔ေကာင္းရဲ႕လား......"
ခြံ႕ေကြၽးလာတဲ့ၾကက္ဥထမင္းေၾကာ္ကိုဝါးရင္းညဥ့္ယံေရွ႕ကသူကိုေခါင္းညိတ္ျပလိုက္သည္။ ၿပဳံးစိစိႏွင့္ဘူးထဲကထမင္းေၾကာ္ကိုေမႊေနျပန္တဲ့သူကဘာသေဘာလဲေတာ့မသိေပမယ့္ေသခ်ာတာကေတာ့ထိုသူ႔လက္ခ်က္ေၾကာင့္ထမင္းေၾကာ္ကထမင္းေစ့ပင္ေပ်ာက္ကာဆန္ျပဳတ္ႏွင့္မျခားျဖစ္ေတာ့မည္။ ေခါင္းႀကီးငုံ႔ထားၿပီးရွိရွိသမွ်အတင္းေမႊေနလိုက္တာမွဒီလူထမင္းေၾကာ္ဘူးကိုအာ႐ုံေရာေရာက္ရဲ႕လား။
" ဘာလို႔အတင္းေမႊၿပီးေခ်ပစ္ေနတာလဲ...ထမင္းေစ့ေတြအကုန္ေပ်ာက္ကုန္ေတာ့မယ္......"
" ဟမ္ ဪ အင္း ဟုတ္သား......"
သူ႔ဘာသာသူၿပဳံးၿပဳံးႀကီးနဲ႔ေမႊခ်င္တိုင္းေမႊ ၊ ေခ်ခ်င္တိုင္းေခ်ေနခဲ့ၿပီးအခုမွအာေမဋိတ္သံအမ်ိဳးစုံနဲ႔အံ့အားသင့္သလိုလုပ္ကာေနာက္တစ္ဇြန္းထပ္ခြံ႕ေကြၽးလာျပန္သည္။ ထပ္ယူစားလိုက္ေတာ့သြားၿဖီးကာရယ္ျပလာျပန္တာေၾကာင့္လူကမ်ိဳမခ်ရေသးဘဲနင္သြားသလိုလို။
ဒီေန႔မွဘာျဖစ္ေနတာလဲခင္ဗ်ားရယ္......။
" ထမင္းေၾကာ္ကအရသာဘယ္လိုေနလဲ...စားလို႔အဆင္ေျပရဲ႕လား......"
ေမးသာေမးလာေပမယ့္ထမင္းေၾကာ္ကေသခ်ာေပါက္ဒီလူေၾကာ္တာမဟုတ္မွန္းညဥ့္ယံေကာင္းေကာင္းသိပါသည္။ မီးဖိုေခ်ာင္ဆိုတာခ်ိဳ( ဂ်ိဳ )နဲ႔လားလို႔ျပန္ေမးမယ့္သူကေသခ်ာေပါက္ဒီလိုမ်ိဳးစားလို႔ရမယ့္ထမင္းေၾကာ္ေတာ့ေၾကာ္တတ္မွာမဟုတ္။ ခန႔္မွန္းတာမလြဲဘူးဆိုလွ်င္ဒါကဘုန္းခက္လႈိင္း၏လက္ရာျဖစ္ေပလိမ့္မည္။
" ငါလည္းအေရးႀကီးသုတ္ျပာထြက္လာလိုက္ရတာနဲ႔ရွိတဲ့ထမင္းေၾကာ္ပဲယူလာခဲ့လိုက္တာ...ေနာက္ေန႔ေတြက်မင္းဘာစားခ်င္လဲ ဘာႀကိဳက္လဲေျပာေလ ငါယူလာခဲ့ေပးမယ္......"
" က်ဳပ္ဘာႀကိဳက္လဲဟုတ္လား......"
စကားတစ္ခြန္းကိုသံေယာင္လိုက္ေျပာရင္းစဥ္းစားမရတဲ့အေတြးေတြထဲလူကတကယ္ပဲတဝဲလည္လည္။ တစ္ဖက္ကခပ္ေျဖးေျဖးေခါင္းညိတ္ျပလာတဲ့ပုံရိပ္ကိုပါရဲ႕နဲ႔ေတာင္မတုံ႔ျပန္ႏိုင္ေတာ့တဲ့အထိညဥ့္ယံရဲ႕စိတ္အစုံကဟိုးအေဝးဆုံးကအတိတ္ေတြဆီျပန္ေရာက္လို႔သြားသည္။
_____________________________________________
တစ္စတစ္စျပန္ျမင္ေယာင္လာမိတဲ့အေတြးေတြၾကားသူကမီးဖိုေခ်ာင္ၾကမ္းျပင္မွာက်ဳံ႔က်ဳံ႔ေလးေလးထိုင္ေနခဲ့တာျဖစ္သလို ၊ အေမကထိုေဘးတြင္မတ္တပ္ရပ္ကာေဒါသတႀကီးစူပူေနခဲ့သည္။ လက္ထဲတြင္ေတာ့ေန႔ယံကိုခ်ီပိုးလ်က္ရွိၿပီးလြတ္ေနတဲ့လက္တစ္ဖက္ကလည္းေန႔ယံကိုခြံ႕ေကြၽးလက္စထမင္းပန္းကန္ႏွင့္။
" ငါးသေလာက္ဟင္းစားခ်င္တယ္ဆိုလို႔လည္းအလုပ္ရႈပ္ခံၿပီးေတာ့ကိုခ်က္ေပးတယ္...ခ်က္ေပးျပန္ေတာ့လည္း ဟိုမစားတတ္ ဒီမစားတတ္ အ႐ိုးမႏႊင္တတ္ရင္လည္းအစကတည္းကဘာျဖစ္လို႔ခ်က္ခိုင္းေသးလဲဟဲ့......"
ခပ္က်ယ္က်ယ္ထြက္ေပၚလာျပန္တဲ့ေလသံမာမာေၾကာင့္က်လုဆဲဆဲမ်က္ရည္ေတြကိုသုတ္ကာခႏၶာကိုယ္ကိုလည္းပိုက်ဳံ႔ပစ္လိုက္မိသည္။ မဝံ့မရဲအေနအထားႏွင့္အေမ့ကိုၾကည့္မိေတာ့သူ႔ကိုစူးစူးရဲရဲစိုက္ၾကည့္ကာမ်က္ႏွာျပန္လႊဲသြားျပန္၏။ ထို႔ေနာက္အနားရွိထိုင္ခုံတြင္ထိုင္ကာငါးအ႐ိုးကိုႏႊင္ရင္းေန႔ယံကိုခြံ႕ေကြၽးေနျပန္တာမို႔မ်က္ရည္စေတြနဲ႔အတူခပ္ေငးေငးသာၾကည့္ေနမိတယ္။
အေမကညီေလးကိုေတာ့ထမင္းခြံ႕ေကြၽးတယ္......။
အေမကညီေလးကိုက်အ႐ိုးႏႊင္ေပးတယ္......။
တကယ္ဆိုသူလည္းငါးအ႐ိုးေၾကာက္ပါရဲ႕နဲ႔ဘာျဖစ္လို႔မ်ားသူ႔က်ေတာ့အေမကေဒါသထြက္ၿပီးအလုပ္ရႈပ္ေၾကာင္းခဏခဏေျပာေနရတာပါလိမ့္.....။
ေငးၾကည့္ေနမိတဲ့အခ်ိန္အတြင္းမွာတင္အေမကထသြားကာပန္းကန္ကိုေရဇလုံထဲထည့္၍လက္ေဆးသည္။ ထို႔ေနာက္ေန႔ယံအားျပန္ခ်ီပို႔၍အိမ္ေရွ႕ဘက္ထြက္သြားေတာ့သူကသာထိုေနရာတြင္တစ္ေယာက္တည္းက်န္ေနခဲ့ရျပန္တယ္။ ၿပီးေတာ့ေရွ႕မွာရွိေနတဲ့ပုံမပ်က္အရာမယြင္းေသးပါတဲ့ထမင္းပန္းကန္။ ဘယ္လိုပဲျဖစ္ေနပါေစအေတာ္ေလးလည္းေနာက္က်ေနၿပီမို႔ဗိုက္ကလည္းဆာေနေလၿပီ။ တင္ပ်ဥ္ေခြေျပာင္းထိုင္ကာငါးအသားကိုေျဖးေျဖးခ်င္းဖဲ့ၿပီးယူစားဖို႔ႀကံလိုက္ေတာ့ပါလာတဲ့အ႐ိုးစေတြကအေျမႇာင္းလိုက္။ အေတာ္ေလးစိတ္ညစ္သြားမိေပမယ့္လည္းေနာက္လက္တစ္ဖက္သုံးကာအ႐ိုးစေတြကိုေျဖးေျဖးခ်င္းဖယ္ရွားလိုက္သည္။
ပထမဆုံးထမင္းတစ္လုတ္......။
ထမင္းလုတ္ကိုဝါးေနစဥ္႐ုတ္တရက္ၾကားလိုက္ရတဲ့အေမ့ရဲ႕သီခ်င္းဆိုသံသဲ့သဲ့ေၾကာင့္ညဥ့္ယံအလိုလိုငိုခ်င္လာသည္။ ဒီေန႔မွဘာေၾကာင့္မွန္းမသိအေမရဲ႕သားေခ်ာ့ေတးကငိုခ်င္စရာပဲေကာင္းေနသည္ဟုခံစားေနရတာပင္။ ထမင္းေစ့ေတြကေၾကညက္လားမသိေပမယ့္တမင္မ်ိဳခ်ပစ္လိုက္သည္။ ဗိုက္လည္းမဆာေတာ့သလိုဆက္လည္းမစားခ်င္ေတာ့။ အ႐ိုးႏႊင္ရတာလည္းခက္သလိုငိုခ်င္ေနတာကိုထိန္းထားရတာလည္းခက္သည္။ သို႔ေပမယ့္ထမင္းလည္းကုန္ေအာင္ဆက္စားရမွာျဖစ္ၿပီးငိုလည္းမငိုမိေအာင္ေနရမည္။
အေမကေျပာတယ္...မငိုရဘူး ငိုရင္က်က္သေရယုတ္တယ္တဲ့......။
မ်က္လုံးေရွ႕ပိတ္စို႔ေနတဲ့မ်က္ရည္စေတြေၾကာင့္ငါးအ႐ိုးကိုေသခ်ာမျမင္ရေတာ့။ မ်က္ေတာင္ပုတ္ခတ္ပုတ္ခတ္လုပ္ေနမိေပမယ့္ၾကည္လင္မသြားတဲ့ျမင္ကြင္းေၾကာင့္ထိုအတိုင္းသားထမင္းတစ္လုတ္ထည့္စားလိုက္သည္။ အ႐ိုးေသခ်ာမႏႊင္ခဲ့မိတဲ့အက်ိဳးဆက္ကလည္ေခ်ာင္းထဲေရာက္ကာမွအ႐ိုးကေထာက္ကာစူးေနေတာ့တာပင္။
" အ! "
စူးေနသည့္လည္ေခ်ာင္းတစ္ဝိုက္ကိုဖိကိုင္ကာအိမ္ေရွ႕ဘက္ဆီလွမ္းၾကည့္မိေတာ့အေမကေန႔ယံကိုေပါင္ေပၚတင္ထားသည့္ျမင္ကြင္းအားတစ္စြန္းတစ္စလွမ္းျမင္ရသည္။ အေနအထားအရေတာ့ေန႔ယံကအခုမွအိပ္သြားတယ္ထင္ပါရဲ႕။ ဒါကိုသူကလွမ္းေအာ္ေခၚမိရင္ေန႔ယံျပန္ႏိုးသြားမွာေသခ်ာတာမို႔အေမကေသခ်ာေပါက္ဆူဦးမွာပင္။ စီးက်လာတဲ့မ်က္ရည္ေတြႏွင့္အတူထမင္းျဖဴခ်ည္းသက္သက္ထည့္ကာဝါးစားရင္းလည္ေခ်ာင္းထဲကအ႐ိုးကိုႀကိတ္မွိတ္မ်ိဳခ်ပစ္လိုက္သည္။
အ႐ိုးစူးလို႔နာေပမယ့္အ႐ိုက္ခံရရင္ဒီ့ထက္ပိုနာမွာအေသအခ်ာ......။
" ဟဲ့ စားၿပီးရင္ပန္းကန္ေတြအကုန္လုံးေျပာင္ေအာင္ေဆးေနာ္...ခ်က္ျပဳတ္ထားတုန္းကပါးကန္ခြက္ေယာက္ေတြလည္းငါးညႇီနံ႔ေတြမစြဲေအာင္လုပ္ထား......နင္စားခ်င္တယ္ဆိုလို႔အလုပ္ရႈပ္ခံၿပီးခ်က္ျပဳတ္ေပးထားရတာ အဲ့ဒီ့ေတာ့နင့္အျပစ္နဲ႔နင္အကုန္လုပ္စမ္း......"
မီးဖိုေခ်ာင္ထဲျပန္ဝင္လာတဲ့အေမေၾကာင့္မ်က္ရဘ္စတို႔ကိုခိုးသုတ္ေနမိတုန္းၾကားရတဲ့စကားသံေၾကာင့္ေခါင္းငုံ႔၍သာေနလိုက္သည္။ အေမ့ကိုေမာ့ၾကည့္မိလွ်င္ေသခ်ာေပါက္မ်က္ရည္က်မိလိမ့္မည္။ ငိုမိလိမ့္မည္။ အဲ့ဒီ့အခါအေမက႐ိုက္လိမ့္မည္။ သူအ႐ိုက္ေတာ့မခံခ်င္ပါ။ ဟိုေန႔ကေန႔ယံကိုေသခ်ာမထိန္းမိလို႔အ႐ိုက္ခံထားရတဲ့ဒဏ္ရာေတြပင္မေပ်ာက္ေသး။ ဒဏ္ရာေပၚထပ္႐ိုက္လွ်င္ႏွစ္ဆပိုနာတတ္ေၾကာင္းအ႐ိုက္ခံဖူးတာမို႔သိသည္။
" ငါေျပာတာၾကားလား ပန္းကန္ေတြမကြဲေစနဲ႔...အၿမဲလက္ကနေမာ္နမဲ့နဲ႔ ငါ့အိမ္ကပစၥည္းေတြကိုတမင္ျဖဳန္းတီးေနတာ......"
" ဟုတ္......"
ေျပာဆိုၿပီးအေမထြက္သြားကာမွအသံမထြက္ေအာင္ႀကိတ္ငိုမိျပန္တယ္။ ထမင္းပန္းကန္ထဲလည္းမ်က္ရည္စေတြက်ေနမလားသူမသိ။ ေသခ်ာတာကေတာ့အခုအခ်ိန္ငိုခ်င္သလို ၊ ထမင္းလည္းဆက္မစားခ်င္ေတာ့ဘူးဆိုတာပဲသိသည္။
ပန္းကန္ကိုယူသြားလိုက္ၿပီးေဆးေၾကာစရာအထပ္ထပ္ပုံေနသည့္ေရဇလုံနားဆီသြားကာထိုင္ခ်လိုက္တယ္။ လက္ေသးေသးေလးျဖင့္ပန္းကန္ေတြကိုကိုင္ကာေဆးေၾကာရင္းထို၅ႏွစ္သားကေလးေလးသည္အသိတစ္ခုဝင္ခဲ့သည္။ ေနာက္ဆိုသူဘာစားခ်င္ခ်င္ဘာမွထုတ္မေျပာမပူဆာရသလို....သူ႔အႀကိဳက္ကဘာျဖစ္ၿပီးဘာဟင္းစားခ်င္မိေၾကာင္းကိုလည္းထုတ္မေျပာရဘူးဟူ၍.......။
_____________________________________________
တစ္ေနရာတည္းကိုေငးၾကည့္ကာငိုင္ေနတဲ့လူမိုက္ေကာင္ေၾကာင့္သူရိန္ပခုံးကိုခပ္ဖြဖြထိေတြ႕လိုက္သည္။ ေတာက္ေလွ်ာက္ေမးေနေပမယ့္ဘာမွျပန္မေျဖတဲ့လူမိုက္ေကာင္ကိုအစကစိတ္ဆိုးေနတယ္ထင္ခဲ့မိေပမယ့္အခ်ိန္အေတာ္ၾကာမွလူမိုက္ေကာင္ကသူရိန႔္ဆီစိတ္မေရာက္ဘဲအေတြးထဲေမ်ာေကာင္းေနမွန္းသတိထားမိရျခင္း။
ပုံမွန္ဆိုလႊတ္ထားေပးလိုက္မိမွာဆိုေပမယ့္မ်က္ရည္ေတြဝဲလာမွေတာ့ဒီေကာင္ေလးအေတြးေတြကေကာင္းပုံမွမရဘဲ......။
" ငါေမးေနတာၾကားေရာၾကားရဲ႕လား......"
အသံမျပဳေပမယ့္ေငးၾကည့္လာတဲ့ဂနာမၿငိမ္တၿငိမ္မ်က္လုံးဝိုင္းေလးေတြေၾကာင့္သူရိန္အေျခအေနကိုရိပ္မိလိုက္ပါၿပီ။ ဒီလူမိုက္ေကာင္ကတကယ္ပဲသူေျပာတာကိုနားေထာင္ေနတာမဟုတ္ဘူးပဲ။
ဘာစိတ္ညစ္စရာေတြကိုမ်ားေတြးေနရသလဲကြာ......။
" ခင္ဗ်ား စိတ္ဆိုးသြားလား......"
ခပ္တိုးတိုးေျပာလာတဲ့စကားသံကသူရိန႔္ရဲ႕တိတ္ဆိတ္ေနမႈနဲ႔အၿပဳံးဖြဖြေၾကာင့္ဆိုတာထုတ္မေျပာဘဲသိသာလြန္းပါ၏။ ထမင္းေၾကာ္ဘူးကိုျပန္ပိတ္ရင္းလက္ဖက္ရည္ထည့္လာသည့္ဓါတ္ဘူးအားကမ္းေပးမိေတာ့လွမ္းယူလာသည့္လူမိုက္ေကာင္ကအရိပ္တၾကည့္ၾကည့္။
ဒီေကာင္ေလးေနႏိုင္တာလည္းမဟုတ္ဘဲစိတ္ကဆိုးခ်င္ေနေသးတယ္......။
" က်ဳပ္ကိုျပန္ေမးေလ က်ဳပ္ေျဖမယ္......."
" လက္ဖက္ရည္သာအရင္ေသာက္......"
ေခါင္းအသာခါျပလာတဲ့လူမိုက္ေကာင္ရဲ႕ပုံစံကသူ႔ကိုစိတ္ဆိုးသြားမွာတကယ္ပဲေၾကာက္ေနပုံ။ သူရိန္ဆက္မစေတာ့ဖို႔ဆုံးျဖတ္လိုက္မိေပမယ့္လည္းအနည္းငယ္မဆိုသေယာင္ေလးစူတူတူျဖစ္လာျပန္တဲ့ႏႈတ္ခမ္းပါးေလးေၾကာင့္အေတြးေတြကခ်က္ခ်င္းဆိုသလိုေနာက္ျပန္လွည့္သြားရသည္။
" မင္းကိုေမးတာမေျဖဘူးေလ......"
" က်ဳပ္အခုျပန္ေျဖမယ္လို႔......"
" မလိုေတာ့ပါဘူး......"
တစ္စတစ္စပို၍ပို၍စူပုတ္လာသည့္လူမိုက္ေကာင္ရဲ႕မ်က္ႏွာထား။ သူရိန္မသိမသာၿပဳံးလိုက္မိပါရဲ႕။ ဒီလူမိုက္ေကာင္ကၾကာလာေလေလသူ႔ရဲ႕ႏူးညံ့တဲ့အစိတ္အပိုင္းကိုပို၍ပို၍ထုတ္ျပလာေလေလ။ ေအးစက္စက္မ်က္ႏွာေသအစားသူရိန႔္ေရွ႕မွာဆိုဆယ္ေက်ာ္သက္အ႐ြယ္ေကာင္ေလးတစ္ေယာက္ရဲ႕လြတ္လပ္မႈနဲ႔ငယ္႐ြယ္မႈကိုအႁခြင္းမခ်န္ေဖာ္ျပတတ္ေပသည္။ ဒီလိုမ်ိဳးသူ႔အေပၚမသိစိတ္ကေရာသိစိတ္ကပါယုံၾကည္ေပးေနတဲ့သူကိုမွမရည္႐ြယ္တဲ့အမွားႀကီးတစ္ခုျပဳမိရေလျခင္း။
" မင္းအတြက္ထမင္းခ်ိဳင့္ထည့္လာမလို႔ေလ...ဘာမွမေျဖဘူးဆိုေတာ့ ႐ုံးပတီသီးေၾကာ္ပဲထည့္ခဲ့ေတာ့မယ္......."
" ဟမ္......"
အာေမဋိတ္သံတစ္ခ်က္နဲ႔ျပန္ေငးၾကည့္လာတဲ့လူမိုက္ေကာင္ရဲ႕မ်က္ႏွာကမသိသာေပမယ့္ရႈံ႕မဲ့မဲ့။ သူရိန္ရယ္ခ်င္စိတ္ကိုထိန္းကာျပန္စိုက္ၾကည့္ေပးေနလိုက္ေတာ့လူမိုက္ေကာင္ကသူ႔ထုံးစံမ်က္ႏွာေသကိုမူပိုင္ျပန္ဖမ္းၿပီးမွစကားဆက္ရန္ျပင္သည္။
" အဲ့ခြၽဲက်ိက်ိအသီးေတာ့ေၾကာ္မလာပါနဲ႔ခင္ဗ်ားရယ္...အဲ့အစားက်ဳပ္ထမင္းျဖဴပဲစားရရင္ေတာင္အဆင္ေျပပါတယ္ ဒါႀကီးကေတာ့ဘယ္လိုမွမ်ိဳခ်လို႔မရတဲ့ဟာႀကီးဗ်ာ......"
" ဟားဟားဟား......"
လူမိုက္ေကာင္ကိုၾကည့္ရင္းမထိန္းႏိုင္ေတာ့ဘဲေအာ္ရယ္လိုက္မိေတာ့မွလူမိုက္ေကာင္ရဲ႕မ်က္ႏွာထားကအနည္းငယ္ေျပေလ်ာ့သြားဟန္။ ထို႔ေနာက္မွေျဖးေျဖးခ်င္းေကာ့တက္လာတဲ့ႏႈတ္ခမ္းေထာင့္စြန္းႏွင့္ခပ္ေရးေရးေပၚလာတဲ့ပါးခ်ိဳင့္ငယ္။
You are reading the story above: TeenFic.Net