EP - 32

Background color
Font
Font size
Line height

Unicode

" ကျုပ်မထိပါဘူး......"

အပြုံးတစ်ပွင့်နှင့်အေးအေးဆေးဆေးပြောနေတဲ့လူမိုက်ကောင်ရဲ့ပုံစံကစိုးရိမ်ကြီးနေရတဲ့သူရိန့်အတွက်တော့တကယ့်ကိုစိတ်တိုစရာ။ လက်ကိုဆောင့်ရုန်းပစ်လိုက်ပြီးတမင်မျက်နှာကိုခပ်စူးစူးစိုက်ကြည့်နေပေးလိုက်တော့ဟက်ဟက်ပက်ပက်ရယ်နေတဲ့အနေအထားကတကယ်ပဲသူ့ကိုယ်သူစိုးရိမ်စရာအခြေအနေရောက်လို့ရောက်ခဲ့မှန်းတောင်မသိခဲ့လေသလား။

" လူမိုက်ကောင်!......"

စိတ်တိုတိုနှင့်အော်ပစ်လိုက်မိပေမယ့်လူမိုက်ကောင်ကရယ်မြဲရယ်နေဆဲ။ ဘာမှထူးမခြားသွားသလိုပြုမူနေတဲ့လူမိုက်ကောင်ကိုနည်းနည်းတော့အကျိုးသင့်အကြောင်းသင့်ပြောရမှာမို့မျက်နှာကိုတမင်တည်ထားပစ်လိုက်သည်။
ကဲ...ရယ်လေ ရယ်...ဆက်သာရယ်တော့။

" အဟမ်း! ဟို ခင်ဗျား......"

အရယ်မရပ်တဲ့လူမိုက်ကောင်ကအတော်ကြာစိုက်ကြည့်နေပေးလိုက်တော့မှချောင်းဟန့်ကာအရယ်ရပ်တော့သည်။ မျက်နှာရိပ်မျက်နှာကဲလာခတ်နေပုံအရတော့တကယ်ပဲအခုမှစိတ်ဆိုးနေကြောင်းသိတဲ့ပုံ။

" ဆက်ရယ်ချင်သေးလား......"

" ကျုပ်တောင်းပန်ပါတယ်......"

မျက်နှာငယ်နဲ့ပြောလာတော့လည်းအသည်းမမာနိုင်တဲ့သူရိန်ကပဲအရည်ပျော်ချင်လာရပြန်ပါ၏။ သေချာငေးကြည့်နေတဲ့မျက်ဝန်းတွေကိုမြင်တော့‌ဖက်ထားပေးချင်စိတ်တဖွားဖွားဆိုပေမယ့်ဒီတစ်ခါတော့သတိနဲ့ထိန်းကာမလှုပ်မယှက်နေ,နေလိုက်ရသည်။
ဒီလူမိုက်ကောင်ကအန္တရာယ်များတဲ့အကြောင်းကိုတော့အန္တရာယ်များကြောင်းပြောမှကိုဖြစ်မှာ......။

" မင်းခုနကကိစ္စကိုပေါ့သေးသေးထင်နေတာလား ဟမ်...တကယ်ဆိုဒီလိုမျိုးထိမိခိုက်မိစေမယ့်ပစ္စည်းမျိုးတွေနဲ့ကရွယ်ဖို့မပြောနဲ့ ကိုင်တွယ်မယ်ဆိုရင်တောင်သတိထားရတယ်ကွ......"

" အမေကမေ့သွားလို့နေမှာပါ...ခါတိုင်းလည်းဒီလိုပဲဆိုတော့ ပုံမှန်လိုထင်သွားတာဖြစ်မယ်......"

သူရိန့်ဆူပူမှုကိုပြန်တုံ့ပြန်လာတဲ့ခပ်တိုးတိုးစကားသံ။ ' ခါတိုင်းလည်းဒီလိုပဲ......' ဆိုတဲ့စကားလုံးအရောက်မှာသူရိန့်ရင်ထဲနင့်ခနဲဖြစ်သွားရသည်။

ခါတိုင်းလည်းတဲ့လား။ ဒီလိုပဲတဲ့လား။ ဒီလိုအန္တရာယ်ရှိတဲ့ထိခိုက်မှုတွေကိုပုံမှန်ဆန်တဲ့အပြုအမူတွေလို့တွေးရဲတဲ့အထိမင်းရဲ့ကြုံတွေ့ရမှုတွေကဘယ်လောက်တောင်မှများခဲ့လို့လဲ။ ထိခိုက်သွားမယ်ဆိုတဲ့အတွေးထက်ပေါ့ပေါ့တန်တန်ပဲနေနိုင်တော့အထိမင်းစိတ်ထဲမှာဘာတွေကများဘယ်လောက်တောင်ထိခိုက်ပြီးသွားလို့လဲ။ ငါကပဲစိုးရိမ်မှုလွန်ကဲနေသလားမပြောတတ်တော့ပေမယ့်မင်းဒီလိုငြိမ်သက်နေတာကတော့ပုံမှန်ဟုတ်မနေဘူးဆိုတာသိရဲ့လားလူမိုက်ကောင်။ ဒါကသာမန်လူတွေတုံ့ပြန်တတ်တဲ့အနေအထားနဲ့ကင်းကွာနေတယ်ဆိုတာကရောမင်းကိုယ်မင်းသိရဲ့လား။

" ဒါဆိုမင်းအရင်ကရော ထိခိုက်ဖူးတာပဲလား......"

ရင်ထဲမှာလှိုက်တက်လာသည့်သနားစိတ်ကကျွန်တော့်မျက်လုံးထဲရိပ်ခနဲပေါ်သွားမိသလားတော့မပြောတတ်။ ငေးကြည့်နေတဲ့လူမိုက်ကောင်ကမျက်နှာသေနဲ့သာပြန်နေရင်းအကြည့်တို့ကတော့အနည်းငယ်လွှဲဖယ်သည်။

" တစ်ခါတစ်လေပါ မတော်တဆနဲ့တစ်ခါတစ်ရံလောက်ထိမိခိုက်မိရုံပါပဲ......"

တစ်ခါတစ်လေဆိုတဲ့စကားရဲ့နောက်ကွယ်မှာအကြိမ်ရေဘယ်နှခါလောက်များရှိခဲ့မလဲ။ ထိခိုက်မိတဲ့အခါတိုင်းရောဆေးသေချာထည့်ပေးမယ့်သူရှိခဲ့လောက်ပါ့မလား။ ဒီလိုမျိုးအန္တရာယ်ရှိတဲ့ထိခိုက်မှုတွေကရောအဲ့ဒီ့တစ်ခါတစ်လေတွေထဲမှာဘယ်နှခါလောက်များပါခဲ့လောက်မလဲ။

" ကျုပ်အဆင်ပြေပါတယ်......"

ခပ်အေးအေးစကားသံနဲ့အတူ‌ပြုံးပြလာတဲ့အပြုံးနုနု။ ပကတိကြည်လင်နေတဲ့မျက်နှာနဲ့ဖြူစင်မှုအတိပြီးတဲ့မျက်ဝန်းတွေ။ ဆံပင်နဲ့အုပ်ကျနေတဲ့မျက်ဝန်းတွေကိုရှင်းရှင်းလင်းလင်းမြင်တွေ့ချင်မိတာမို့နှဖူးပေါ်ကဆံနွယ်တွေကိုလက်တစ်ဖက်ဖြင့်သပ်တင်ပေးလိုက်မိသည်။ အနည်းငယ်ဖြတ်ပြေးသွားတဲ့စိုးရိမ်ရိပ်တွေကထင်းနေတဲ့အမာရွတ်ကြောင့်များလားတော့မသိပေမယ့်ရည်ရွယ်ချက်အတိုင်းနှဖူးပြင်ဆီဖိကပ်နမ်းလိုက်မိတယ်။

" ချစ်တယ်လူမိုက်ကောင်......"

" ခင်ဗျားကကျုပ်ရဲ့အရာရာပါပဲ......"

မထင်မှတ်ထားတဲ့နူးညံ့ညံ့စကားကိုတုံ့ပြန်ဖို့မေ့လျော့စွာနဲ့ကျွန်တော်ခပ်ငေးငေးသာကြောင်ကြည့်နေမိသည်။ ဖက်တွယ်လာတဲ့လက်တစ်စုံနဲ့ခိုလှုံလိုက်ရတဲ့ရင်ခွင်ရဲ့အနွေးဓါတ်ကိုမသိမသာမှတ်သားရင်းပြန်ဖက်တွယ်ဖို့သတိမရမိအောင်အထိအရာအားလုံးကမြန်ဆန်လို့။

ငါရှိနေပြီလူမိုက်ကောင်......။
မင်းအနားမှာငါရှိနေပြီမို့...အတိတ်ရဲ့ဖြစ်ရပ်ဆိုးတွေ‌ကိုရော အနာဂါတ်ရဲ့အဖြစ်အပျက်ဆိုးတွေကိုရော ငါအကုန်ဖျောက်‌ဖျက်ပြီးကာကွယ်ပေးမယ်။


_____________________________________________


အချိန်အတော်ကြာရပ်ကြည့်နေမိတဲ့မြင်ကွင်းတစ်ခုကကိုယ်ချစ်ရတဲ့သူနဲ့တခြားမိန်းကလေးတစ်ဦးကြည်နူးပျော်ရွှင်နေတာကိုဆိုရင်နည်းနည်းများမိုက်ရူးရဲဆန်နေလိမ့်မလား။ ရင်နာပါရဲ့နဲ့ငေးကြည့်နေမိတဲ့အချိန်တွေ။ ဘယ်လောက်ထိကြာသွားမှန်းမသိပေမယ့်စီးကျလို့မရတဲ့မျက်ရည်တွေကတော့မျက်ခမ်းစပ်မှာဝေ့သီနေဆဲ။

သေချာပေါက်သူပျော်နေတယ်......။

ကိုယ်ချစ်ရတဲ့သူပျော်နေတာပဲလေ။ ကျွန်တော်လည်းသေချာပေါက်ပျော်ရွှင်နေပေးရမှာပေါ့။ သိရဲ့လားလှိုင်းငယ်...ကိုယ်ကလေမင်းချစ်တဲ့သူတွေကိုချစ်ပေးနိုင်‌လောက်တဲ့အထိတော့သဘောထားမကြီးနိုင်ခဲ့ပေမယ့်မင်းသူများနဲ့ပျော်နေတာကိုငေးကြည့်ရုံနဲ့‌တင်‌ဝမ်းသာပေးနိုင်တဲ့အထိတော့သတ္တိရှိပါသေးတယ်။ ဒါပေမယ့်ကိုယ့်စိတ်အရင်းအမှန်ကတော့အဲ့ဒီ့မိန်းကလေးကိုမနာလိုဖြစ်နေမိတာအမှန်ပဲ။ အကယ်၍များကိုယ်သာအဲ့ဒီ့မိန်းကလေးဖြစ်ခဲ့ရင်မင်းအနားမှာရှိတဲ့သူကကိုယ်ဖြစ်နေမှာ။ မင်းရဲ့အကြင်နာမျက်ဝန်းတွေကိုငေးရမယ့်သူကကိုယ်ဖြစ်နေမှာ။ ကြင်နာယုယမှုတွေကိုခံစားပြီးမင်းဘက်ကမစရင်တောင်ကိုယ့်ဘက်ကပဲစဖွင့်ပြောမယ်။ အိန္ဒြေသိက္ခာတွေအကုန်ဘေးချိတ်ထားပြီးမင်းရဲ့အချစ်ကိုပဲကန့်သတ်မှုမရှိရယူမယ်။ မိဘဆွေမျိုးတွေကိုတွေကိုလွတ်လွတ်လပ်လပ်ကြီးကျော်လို့ရနိုင်ကောင်းပါရဲ့။

အခုတော့လှိုင်းငယ်...ကိုယ်နဲ့မင်းကဒီကမ္ဘာရဲ့ဆန့်ကျင်ဘက်အရပ်မှာတည်ရှိနေကြရသလိုပါရောလား။ ဒါတောင်ကလေးရယ် မင်းကတော့ကိုယ့်ဆီမျက်နှာတောင်မမူတဲ့ပြတ်ပြတ်သားသားအပြုအမူတွေပဲရှိနေမှတော့ကိုယ်ဟာဒီလောကမှာဆက်ရပ်တည်ဖို့တောင်ပင်ပန်းပါတယ်......။

" သား မင်းကဒီရောက်နေတာကို......"


ပေါ့ပါးနေတဲ့စိတ်ကိုခဲဆွဲခံလိုက်ရသလို ၊ အကြင်နာမျက်ဝန်းတွေကိုအရောင်ပြောင်းပြီးတော့မှမျက်ရည်းတွေကိုသိမ်းဆည်းရင်းအဖေ့ဆီအကြည့်ပြန်လှည့်ရသည်။ ပြုံးပြနေတဲ့အဖေ့ရဲ့မျက်ဝန်းတွေထဲမျှော်လင့်ခြင်းအရိပ်အယောင်တွေပါနေတယ်လို့ထင်နေမိတာကျွန်တော်ထင်ယောင်ထင်မှားဖြစ်နေမိခဲ့တာများလား။

" အဘကမင်းကိုလိုက်ရှာနေတာ......"

" ကျွန်တော့်ကိုပြောစရာရှိလို့လား......"

မေးမိတဲ့လေသံကအချိုးမပြေ‌ဖြစ်နေလေမလားတော့မပြောတတ်။ တကယ်တမ်းပြောရရင်အဖေ့ရဲ့အဲ့ဒီ့လိုအကြည့် ၊ အဲ့ဒီ့လိုမျက်ဝန်းတွေကိုတကယ်ပဲမမြင်ချင်မိလောက်အောင်အထိကိုသိပ်မုန်းသည်။ အဲ့ဒီ့လိုမျက်ဝန်းတွေနှင့်ကြည့်လာတိုင်းတစ်စုံတစ်ခုကိုစေခိုင်းတတ်တဲ့အဖေ။ ကျွန်တော့်ဆုံးဖြတ်ချက်ကဘယ်လိုပင်ဖြစ်နေပါစေမိဘတို့ရဲ့ဆုံးဖြတ်ချက်ကတော့ကြိုတင်စီစဉ်ချမှတ်ပြီးသွားခဲ့လေပြီးသားဖြစ်နှင့်နေခဲ့သည်။
အခုရောကျွန်တော့်ကိုဘာတွေများထပ်ပြီး......။

" သားကိုမြို့မှာသင်တန်းတက်ဖို့စီစဉ်ပေးထားတဲ့ကိစ္စလေ...အဲ့ဒါအခုအကုန်အဆင်ပြေသွားလို့သားသင်တန်းသွားတက်ရတော့မယ့်အကြောင်းအဖေကလာအသိပေးတာ......"

မပြောင်းလဲသွားသောအခြေအနေတွေပဲမို့ခပ်မဲ့မဲ့သာပြုံးလိုက်မိတယ်။ အသိပေးတာတဲ့လား။ ကျွန်တော့်ကိုအသိပေးတာတဲ့လားဗျာ။ ကာယကံရှင်ဖြစ်တဲ့ကျွန်တော့်ရဲ့စိတ်ဆန္ဒကိုတစ်စက်လေးတောင်မေးမြန်းခြင်းမရှိဘဲနဲ့စိတ်တိုင်းကျစီစဉ်‌ပြီးကာမှအသိပေးတယ်တဲ့လား။
ဟင့်အင်း ဒီတစ်ခါတော့ကျွန်တော့်စိတ်တိုင်းကျဆုံးဖြတ်မယ်......။ဒီအခွင့်အရေးလေးကိုတော့အရာအားလုံးနဲ့လဲရမယ်ဆိုရင်တောင်ကျွန်တော့်ဘက်ကလဲမှာမို့။ ငေးကြည့်နေခွင့်လေးနဲ့အနီးအနားမှာရှိနေခွင့်လေးတော့ကျွန်တော့်အသက်နဲ့အလဲအထပ်လုပ်ရမယ်ဆိုရင်တောင်ကျွန်တော့်ဘက်ကမတွန့်တိုမှာမို့။ ဒီတစ်ခါတော့ကျွန်တော့်အဖိုးတန်လေးအတွက်အဖေတို့ကိုဆန့်ကျင်တဲ့သားဆိုးပဲလုပ်ပါရစေ......။

" ကျွန်တော်မသွားနိုင်ဘူးအဘ......"

" မင်းဘာပြောလိုက်‌တယ်......"

ပြတ်ပြတ်သားသားငြင်းဆိုမှုကိုအဖေကမယုံနိုင်စွာကြည့်သည်။ ဒါပေါ့လေ...ကျွန်တော်ဆိုတာကတစ်သက်လုံးမိဘစကားကိုမြိုသိပ်ကြိတ်မှိတ်ပြီးနားထောင်ခဲ့တဲ့သားလိမ္မာလေးပဲမဟုတ်လား။

" ကျွန်တော်......"

ရှေ့ဆက်မတိုးမိတဲ့စကားကိုခွန်အားယူဖို့အတွက်ခပ်လှမ်းလှမ်းတစ်နေရာမှာစကားပြောနေသည့်လှိုင်းငယ်ဆီငဲ့ကြည့်မိသည်။ ပြုံးပျော်ကာစကားပြောနေတဲ့သူလေးကိုငေးကြည့်ရင်းခပ်ယဲ့ယဲ့အပြုံးတစ်ပွင့်ပါကျွန်တော့်ဆီကူးစက်သွားပြီးသည့်နောက်ခွန်အားမဲ့နေသည့်ကျွန်တော့်နှုတ်ခမ်းတွေကအာစေးမိနေရာမှလွတ်မြောက်သွားပြီးစကားတို့ကိုရှေ့ဆက်မိတယ်။

" ကျွန်တော်ရွာကနေဘယ်မှာမသွားချင်ဘူး......"

အဆုံးသတ်သွားတဲ့စကားလုံးတွေရဲ့နောက် ' သူ့အနားလေးမှာပဲသူ့ကိုငေးကြည့်နေချင်လို့ပါ......' ဆိုတဲ့အကြောင်းပြချက်တစ်ခုကိုတော့ရင်ထဲမှာသာသိမ်းဆည်းထားလိုက်ရသည်။
ဒါတွေကပြောထွက်ခွင့်မရှိတဲ့ခံစားချက်တွေပဲမဟုတ်လား......။

" ဘယ်လိုဖြစ်ရပြန်တာလဲဧက...ငါတို့ကမင်းအတွက်စီစဉ်ပေးတာလေ ဒါကိုမင်းကဘာဖြစ်ပြန်ပြီတုန်း......"

စိတ်မရှည်‌သလိုမေးလာတဲ့လေသံကခုနကနဲ့မတူတော့။ ပြောင်းလဲသွားတဲ့မျက်နှာအမူအရာပျက်ပျက်ယွင်းယွင်းကိုမသိချင်ယောင်ဆောင်ရင်းကျွန်တော်ကသာမန်ဆန်သောအငြင်းတစ်ခုကိုသာပြုမိသည်။

" ကျွန်တော်နားချင်သေးလို့ပါ...ပြီးတော့မြို့ပေါ်သွားပြီးလည်းသင်တန်းမတက်ချင်သေးဘူး......"

" မင်းတို့ကအမျိုးမျိုးကိုဖြစ်နေတော့တာပဲ...အေး ဒါဆိုလည်းမင်းအမေမင်းဘာသာပဲပြောတော့ ငါတော့ဝင်မကူပေးနိုင်ဘူး......"

အမြင်မကြည်တော့သလိုကြည့်ပြီးအနိုင်ပိုင်းသလိုပြောဆိုကာလှည့်ထွက်သွားတဲ့အဖေ။ ဟုတိတယ်...အမေ့ရဲ့ပြောဆိုစကားနာထိုးမှုတွေကိုကျွန်တော်တကယ်ပဲမေ့လျော့နေခဲ့မိတာ။ စီစဉ်ထားတဲ့အတိုင်းဖြစ်မလာတဲ့အခါအမေ့ရဲ့ပြောဆိုလာမယ့်စကားတွေကဘယ်လောက်အထိရင်နာစေရဦးမလဲကျွန်တော်ကိုယ်တိုင်ပဲသိသည်။ ဒါပေမယ့်လည်းမတတ်နိုင်ဘူးမဟုတ်လား။ လှိုင်းငယ်ကိုမြင်တွေ့ရခွင့်နဲ့အနည်းဆုံးတစ်ခွန်းစနှစ်ခွန်းစဖြစ်ဖြစ်စကားပြောဖြစ်ကြဖို့အရေးကသူလေးဒီရွာမှာရှိနေသ၍ကျွန်တော်လည်းရှိမှဖြစ်မည်။

မတတ်နိုင်ဘူးလေလှိုင်းငယ်...ပိုင်ဆိုင်ဖို့မဖြစ်နိုင်အချစ်တစ်ခုကိုဖြေသိမ့်ဖို့အတွက်ကိုယ်ဒီလောက်တော့ကြိုးစားသင့်တယ်မဟုတ်လား......။


_____________________________________________


ကြယ်တွေစုံနေတဲ့ညကောင်းကင်ရဲ့အလှကိုထပ်မံအားဖြည့်ပေးနေတဲ့လပြည့်ဝန်းကြီး။ ထိန်ထိန်သာနေတဲ့လမင်းရဲ့အလင်းရောင်ရယ် ၊ တမင်ထွန်းညှိထားတဲ့လျှပ်စစ်မီးရဲ့အလင်းရောင်တွေရယ်နဲ့ရက်ကန်းခတ်သံတွေကတကယ်ပဲညံလို့။

" ဘယ်အဖွဲ့ကနိုင်မယ်ထင်လဲ......"

" ဟ ဟေ့ကောင်ရ...ငါ့ရဲ့လုံမလေးပါတဲ့အဖွဲ့ကနိုင်မှာပေါ့ကွ ငါ့ရဲ့ချစ်သူပျိုလေးကလက်မှုပညာဆိုတစ်ဖက်ကမ်းခတ်တာမင်းအသိပဲလေ......"

" အကြွားသန်‌မနေစမ်းပါနဲ့ ငါမေတ္တာရှိနေတဲ့ကောင်မလေးကမှအနိုင်ရမှာ......"

တစ်ယောက်တစ်ပေါက်ပြောဆိုနေကြတဲ့ကာလသားတစ်အုပ်စုရဲ့စကားသံတွေကဆိုင်းသံဗုံသံတွေကြားက‌တိုးထွက်လာသည်။ အနီးနားနားကပေမို့ကြားနေရသလားမသိပေမယ့်ပြုံးကာနားထောင်ရင်းရက်ကန်းစင်ဘက်ဆီအကြည့်ရောက်မိတော့အပြိုင်အဆိုင်ခတ်နေကြတဲ့မိန်းကလေးတွေကသူတို့ဆီအကြည့်မဆိုနှင့်အာရုံတောင်ရောက်ကြပုံမပေါ်။ အိတ်ကပ်ထဲမှဖုန်းအသာထုတ်ကာဓါတ်ပုံနှစ်ပုံသုံးပုံလောက်နှင့်မှတ်တမ်းတင်ထားလိုက်ပြီးမှမသိုးသင်္ကန်းရက်ပွဲဆီအာရုံပြန်ပို့လိုက်မိတယ်။

မြို့မှာလိုဘုရားရင်ပြင်တော်ပေါ်မှာပြုလုပ်ခြင်းမျိုးမဟုတ်ဘဲစေတီအနီးတစ်ဝိုက်ရှိမြေပြင်ပေါ်တွင်သာခင်းကျင်းကာပြုလုပ်ထားသည့်ပွဲမျိုး။ ချည်ထည်ဖျင်ထည်အမျိုးမျိုးနှင့်ခင်းကျင်းထားသည့်အခင်းကအရောင်တော့တောက်ပမနေပေမယ့်နူးညံ့ကာအနွေးဓါတ်‌တော့ရသည်ပင်။ ရက်ကန်းခတ်နေတဲ့သူတွေကိုဘေးကနေနှီးယပ်တောင်တစ်ဖျတ်ဖျတ်နှင့်ခတ်ပေးရင်းကူပေးနေတဲ့အမျိုးသမီးကြီးတစ်ယောက်လည်းရှိ‌သလိုရက်ကန်းစင်အနီးမှာကူညီမှုပေးနေသည့်အမျိုးသမီးတွေကသူအုပ်စုနှင့်သူရှိနေတတ်ကြသေးသည်။
ကျေးရွာရဲ့ပွဲတစ်ခုချင်းစီဟာလည်းကျေးလက်အငွေ့အသက်ပါပြီးသူ့သဘာဝနှင့်သူတော့အမြဲကြည့်ကောင်းနေတတ်တာပါပဲလား......။

တစ်စတစ်စဖြစ်တည်လာတဲ့ရက်ပြီးသားအစတွေကိုရှေ့အသာတိုးကာငေးကြည့်နေမိတုန်းပခုံးစွန်းကိုလာဝင်တိုက်တဲ့အရှိန်ပြင်းပြင်းကြောင့်ဒေါသကထောင်းခနဲ။ တကယ်ဆိုသူရိန်ရပ်နေတဲ့နေရာကလူတိုးတဲ့နေရာမျိုးလည်းမဟုတ်။ ဘေးတွင်လည်းရပ်နေကြတဲ့လူကခပ်ကျဲကျဲမို့ရှောင်သွားမယ်ဆိုလျှင်သေချာပေါက်ရှောင်လို့ရတာမျိုး။ ဒါကိုဝင်တိုက်တယ်ဆိုကတည်းကဒါဒီလူသက်သက်မဲ့ဝင်တိုက်ချင်လို့ကိုဝင်တိုက်တာ။

" ဒီမှာရှောင်သွားဖို့အတွက်မမြင်......"

ပခုံးစွန်းကိုအသာဖိကိုင်ရင်းပြန်ရန်တွေ့မယ်လုပ်တော့မြင်လိုက်ရတဲ့မျက်ဝန်းနက်နက်တွေ။ ဆံစနှင့်အနည်းငယ်ဖုံးနေပေမယ့်သေသေချာချာပေါ်လွင်နေတဲ့ဘယ်ဘက်မျက်ဝန်းကသူရိန့်အတွက်တော့သိပ်ကိုဆွဲဆောင်မှုရှိလွန်းသည်။

" လူမိုက်ကောင်......"

မနက်ကနဲ့မတူတဲ့အင်္ကျီအရောင်ကိုဝတ်ဆင်ထားပေမယ့်ခါတိုင်းလို့လက်ဖြတ်ထားတဲ့ရှပ်အင်္ကျီတော့မဟုတ်တော့။ သေသေချာချာသပ်သပ်ရပ်ရပ်နှင့်သာမန်ရှပ်အင်္ကျီတစ်ထည်ကိုသာဝတ်ဆင်ထားသည်။ နီးကပ်နေတဲ့အနေအထားမို့လူမိုက်ကောင်ဆီကရတဲ့အမွှေးနံ့ခပ်သင်းသင်း။
ဒီကောင်အိမ်ပြန်ပြီးရေမိုးချိုးပြင်ဆင်လာခဲ့ပုံပဲ......။

" ကျုပ်ကိုဘာလို့မစောင့်တာလဲ...ခင်ဗျားတစ်ယောက်တည်းလမ်းပျောက်နေမှ......"

" ဪ ငါ့ကိုဒီရွာကလူတွေကမသိကြဘူးဆိုတော့လေ......"

အကဲပိုလွန်းနေတဲ့လူမိုက်ကောင်ရဲ့စကားကိုခပ်ရွဲ့ရွဲ့ပြန်ဖြေမိတော့အနည်းငယ်စူပုတ်ပုတ်ဖြစ်သွားချင်နေတဲ့မျက်နှာထား။ လူမိုက်ကောင်ရဲ့အမူအရာနဲ့မျက်နှာထားတွေကတခြားလူတွေအတွက်အရိပ်အကဲဖမ်းမရတဲ့ပြောင်းလဲမှုတွေဆိုပေမယ့်လိုသူရိန့်အတွက်တော့တစ်ချက်ကြည့်တာနဲ့တင်သိနိုင်တဲ့အထိသိပ်ကိုလွယ်လွန်းသည်။

" ကျုပ်နဲ့လိုက်ခဲ့......"

" ဘယ်ကိုလဲ......"

အတင်းဆုပ်ကိုင်ကာဦးဆောင်ဆွဲခေါ်နေတဲ့လက်တစ်စုံကသူရိန့်အမေးကိုပြန်တောင်မဖြေ။ ဘယ်ကိုဦးတည်နေသလဲလို့မေးချင်ပေမယ့်ခြေလှမ်းတို့ဦးတည်ရာရဲ့အဆုံးသတ်တွင်ခပ်လှမ်းလှမ်းကစေတီကိုမြင်လိုက်ရတဲ့အခါသူရိန်ခပ်ဖွဖွပြုံးမိရင်းလူမိုက်ကောင်ကိုလှမ်းကြည့်မိသည်။ ပြန်လှည့်ပြီးငဲ့စောင်းကြည့်လာတဲ့အကြည့်တစ်ချက်နောက်နှစ်နှစ်ခြိုက်ခြိုက်ဖြစ်တာ်ပြလာတဲ့ပါးချိုင့်ငယ်။
ထို့နောက်အ‌ဝေးမှဆိုင်းသံဗုံသံသီချင်းသံတွေကြားပီပီသသထွက်ပေါ်လာတဲ့လူမိုက်ကောင်ဆီကကြားရတဲ့စကားတစ်ခွန်း။
' မသိုးသင်္ကန်းကပ်ပွဲအကြောင်းခင်ဗျားကိုရှင်းပြဖို့အတွက်ကျုပ်ထပ်ပိုကောင်းပိုတော်တဲ့သူများရှိသေးလို့လား......' တဲ့လေ။





################################


Zawgyi




" က်ဳပ္မထိပါဘူး......"

အၿပဳံးတစ္ပြင့္ႏွင့္ေအးေအးေဆးေဆးေျပာေနတဲ့လူမိုက္ေကာင္ရဲ႕ပုံစံကစိုးရိမ္ႀကီးေနရတဲ့သူရိန႔္အတြက္ေတာ့တကယ့္ကိုစိတ္တိုစရာ။ လက္ကိုေဆာင့္႐ုန္းပစ္လိုက္ၿပီးတမင္မ်က္ႏွာကိုခပ္စူးစူးစိုက္ၾကည့္ေနေပးလိုက္ေတာ့ဟက္ဟက္ပက္ပက္ရယ္ေနတဲ့အေနအထားကတကယ္ပဲသူ႔ကိုယ္သူစိုးရိမ္စရာအေျခအေနေရာက္လို႔ေရာက္ခဲ့မွန္းေတာင္မသိခဲ့ေလသလား။

" လူမိုက္ေကာင္!......"

စိတ္တိုတိုႏွင့္ေအာ္ပစ္လိုက္မိေပမယ့္လူမိုက္ေကာင္ကရယ္ၿမဲရယ္ေနဆဲ။ ဘာမွထူးမျခားသြားသလိုျပဳမူေနတဲ့လူမိုက္ေကာင္ကိုနည္းနည္းေတာ့အက်ိဳးသင့္အေၾကာင္းသင့္ေျပာရမွာမို႔မ်က္ႏွာကိုတမင္တည္ထားပစ္လိုက္သည္။
ကဲ...ရယ္ေလ ရယ္...ဆက္သာရယ္ေတာ့။

" အဟမ္း! ဟို ခင္ဗ်ား......"

အရယ္မရပ္တဲ့လူမိုက္ေကာင္ကအေတာ္ၾကာစိုက္ၾကည့္ေနေပးလိုက္ေတာ့မွေခ်ာင္းဟန႔္ကာအရယ္ရပ္ေတာ့သည္။ မ်က္ႏွာရိပ္မ်က္ႏွာကဲလာခတ္ေနပုံအရေတာ့တကယ္ပဲအခုမွစိတ္ဆိုးေနေၾကာင္းသိတဲ့ပုံ။

" ဆက္ရယ္ခ်င္ေသးလား......"

" က်ဳပ္ေတာင္းပန္ပါတယ္......"

မ်က္ႏွာငယ္နဲ႔ေျပာလာေတာ့လည္းအသည္းမမာႏိုင္တဲ့သူရိန္ကပဲအရည္ေပ်ာ္ခ်င္လာရျပန္ပါ၏။ ေသခ်ာေငးၾကည့္ေနတဲ့မ်က္ဝန္းေတြကိုျမင္ေတာ့‌ဖက္ထားေပးခ်င္စိတ္တဖြားဖြားဆိုေပမယ့္ဒီတစ္ခါေတာ့သတိနဲ႔ထိန္းကာမလႈပ္မယွက္ေန,ေနလိုက္ရသည္။
ဒီလူမိုက္ေကာင္ကအႏၲရာယ္မ်ားတဲ့အေၾကာင္းကိုေတာ့အႏၲရာယ္မ်ားေၾကာင္းေျပာမွကိုျဖစ္မွာ......။

" မင္းခုနကကိစၥကိုေပါ့ေသးေသးထင္ေနတာလား ဟမ္...တကယ္ဆိုဒီလိုမ်ိဳးထိမိခိုက္မိေစမယ့္ပစၥည္းမ်ိဳးေတြနဲ႔က႐ြယ္ဖို႔မေျပာနဲ႔ ကိုင္တြယ္မယ္ဆိုရင္ေတာင္သတိထားရတယ္ကြ......"

" အေမကေမ့သြားလို႔ေနမွာပါ...ခါတိုင္းလည္းဒီလိုပဲဆိုေတာ့ ပုံမွန္လိုထင္သြားတာျဖစ္မယ္......"

သူရိန႔္ဆူပူမႈကိုျပန္တုံ႔ျပန္လာတဲ့ခပ္တိုးတိုးစကားသံ။ ' ခါတိုင္းလည္းဒီလိုပဲ......' ဆိုတဲ့စကားလုံးအေရာက္မွာသူရိန႔္ရင္ထဲနင့္ခနဲျဖစ္သြားရသည္။

ခါတိုင္းလည္းတဲ့လား။ ဒီလိုပဲတဲ့လား။ ဒီလိုအႏၲရာယ္ရွိတဲ့ထိခိုက္မႈေတြကိုပုံမွန္ဆန္တဲ့အျပဳအမူေတြလို႔ေတြးရဲတဲ့အထိမင္းရဲ႕ႀကဳံေတြ႕ရမႈေတြကဘယ္ေလာက္ေတာင္မွမ်ားခဲ့လို႔လဲ။ ထိခိုက္သြားမယ္ဆိုတဲ့အေတြးထက္ေပါ့ေပါ့တန္တန္ပဲေနႏိုင္ေတာ့အထိမင္းစိတ္ထဲမွာဘာေတြကမ်ားဘယ္ေလာက္ေတာင္ထိခိုက္ၿပီးသြားလို႔လဲ။ ငါကပဲစိုးရိမ္မႈလြန္ကဲေနသလားမေျပာတတ္ေတာ့ေပမယ့္မင္းဒီလိုၿငိမ္သက္ေနတာကေတာ့ပုံမွန္ဟုတ္မေနဘူးဆိုတာသိရဲ႕လားလူမိုက္ေကာင္။ ဒါကသာမန္လူေတြတုံ႔ျပန္တတ္တဲ့အေနအထားနဲ႔ကင္းကြာေနတယ္ဆိုတာကေရာမင္းကိုယ္မင္းသိရဲ႕လား။

" ဒါဆိုမင္းအရင္ကေရာ ထိခိုက္ဖူးတာပဲလား......"

ရင္ထဲမွာလႈိက္တက္လာသည့္သနားစိတ္ကကြၽန္ေတာ့္မ်က္လုံးထဲရိပ္ခနဲေပၚသြားမိသလားေတာ့မေျပာတတ္။ ေငးၾကည့္ေနတဲ့လူမိုက္ေကာင္ကမ်က္ႏွာေသနဲ႔သာျပန္ေနရင္းအၾကည့္တို႔ကေတာ့အနည္းငယ္လႊဲဖယ္သည္။

" တစ္ခါတစ္ေလပါ မေတာ္တဆနဲ႔တစ္ခါတစ္ရံေလာက္ထိမိခိုက္မိ႐ုံပါပဲ......"

တစ္ခါတစ္ေလဆိုတဲ့စကားရဲ႕ေနာက္ကြယ္မွာအႀကိမ္ေရဘယ္ႏွခါေလာက္မ်ားရွိခဲ့မလဲ။ ထိခိုက္မိတဲ့အခါတိုင္းေရာေဆးေသခ်ာထည့္ေပးမယ့္သူရွိခဲ့ေလာက္ပါ့မလား။ ဒီလိုမ်ိဳးအႏၲရာယ္ရွိတဲ့ထိခိုက္မႈေတြကေရာအဲ့ဒီ့တစ္ခါတစ္ေလေတြထဲမွာဘယ္ႏွခါေလာက္မ်ားပါခဲ့ေလာက္မလဲ။

" က်ဳပ္အဆင္ေျပပါတယ္......"

ခပ္ေအးေအးစကားသံနဲ႔အတူ‌ၿပဳံးျပလာတဲ့အၿပဳံးႏုႏု။ ပကတိၾကည္လင္ေနတဲ့မ်က္ႏွာနဲ႔ျဖဴစင္မႈအတိၿပီးတဲ့မ်က္ဝန္းေတြ။ ဆံပင္နဲ႔အုပ္က်ေနတဲ့မ်က္ဝန္းေတြကိုရွင္းရွင္းလင္းလင္းျမင္ေတြ႕ခ်င္မိတာမို႔ႏွဖူးေပၚကဆံႏြယ္ေတြကိုလက္တစ္ဖက္ျဖင့္သပ္တင္ေပးလိုက္မိသည္။ အနည္းငယ္ျဖတ္ေျပးသြားတဲ့စိုးရိမ္ရိပ္ေတြကထင္းေနတဲ့အမာ႐ြတ္ေၾကာင့္မ်ားလားေတာ့မသိေပမယ့္ရည္႐ြယ္ခ်က္အတိုင္းႏွဖူးျပင္ဆီဖိကပ္နမ္းလိုက္မိတယ္။

" ခ်စ္တယ္လူမိုက္ေကာင္......"

" ခင္ဗ်ားကက်ဳပ္ရဲ႕အရာရာပါပဲ......"

မထင္မွတ္ထားတဲ့ႏူးညံ့ညံ့စကားကိုတုံ႔ျပန္ဖို႔ေမ့ေလ်ာ့စြာနဲ႔ကြၽန္ေတာ္ခပ္ေငးေငးသာေၾကာင္ၾကည့္ေနမိသည္။ ဖက္တြယ္လာတဲ့လက္တစ္စုံနဲ႔ခိုလႈံလိုက္ရတဲ့ရင္ခြင္ရဲ႕အေႏြးဓါတ္ကိုမသိမသာမွတ္သားရင္းျပန္ဖက္တြယ္ဖို႔သတိမရမိေအာင္အထိအရာအားလုံးကျမန္ဆန္လို႔။

ငါရွိေနၿပီလူမိုက္ေကာင္......။
မင္းအနားမွာငါရွိေနၿပီမို႔...အတိတ္ရဲ႕ျဖစ္ရပ္ဆိုးေတြ‌ကိုေရာ အနာဂါတ္ရဲ႕အျဖစ္အပ်က္ဆိုးေတြကိုေရာ ငါအကုန္ေဖ်ာက္‌ဖ်က္ၿပီးကာကြယ္ေပးမယ္။


_____________________________________________


အခ်ိန္အေတာ္ၾကာရပ္ၾကည့္ေနမိတဲ့ျမင္ကြင္းတစ္ခုကကိုယ္ခ်စ္ရတဲ့သူနဲ႔တျခားမိန္းကေလးတစ္ဦးၾကည္ႏူးေပ်ာ္႐ႊင္ေနတာကိုဆိုရင္နည္းနည္းမ်ားမိုက္႐ူးရဲဆန္ေနလိမ့္မလား။ ရင္နာပါရဲ႕နဲ႔ေငးၾကည့္ေနမိတဲ့အခ်ိန္ေတြ။ ဘယ္ေလာက္ထိၾကာသြားမွန္းမသိေပမယ့္စီးက်လို႔မရတဲ့မ်က္ရည္ေတြကေတာ့မ်က္ခမ္းစပ္မွာေဝ့သီေနဆဲ။

ေသခ်ာေပါက္သူေပ်ာ္ေနတယ္......။

ကိုယ္ခ်စ္ရတဲ့သူေပ်ာ္ေနတာပဲေလ။ ကြၽန္ေတာ္လည္းေသခ်ာေပါက္ေပ်ာ္႐ႊင္ေနေပးရမွာေပါ့။ သိရဲ႕လားလႈိင္းငယ္...ကိုယ္ကေလမင္းခ်စ္တဲ့သူေတြကိုခ်စ္ေပးႏိုင္‌ေလာက္တဲ့အထိေတာ့သေဘာထားမႀကီးႏိုင္ခဲ့ေပမယ့္မင္းသူမ်ားနဲ႔ေပ်ာ္ေနတာကိုေငးၾကည့္႐ုံနဲ႔‌တင္‌ဝမ္းသာေပးႏိုင္တဲ့အထိေတာ့သတၱိရွိပါေသးတယ္။ ဒါေပမယ့္ကိုယ့္စိတ္အရင္းအမွန္ကေတာ့အဲ့ဒီ့မိန္းကေလးကိုမနာလိုျဖစ္ေနမိတာအမွန္ပဲ။ အကယ္၍မ်ားကိုယ္သာအဲ့ဒီ့မိန္းကေလးျဖစ္ခဲ့ရင္မင္းအနားမွာရွိတဲ့သူကကိုယ္ျဖစ္ေနမွာ။ မင္းရဲ႕အၾကင္နာမ်က္ဝန္းေတြကိုေငးရမယ့္သူကကိုယ္ျဖစ္ေနမွာ။ ၾကင္နာယုယမႈေတြကိုခံစားၿပီးမင္းဘက္ကမစရင္ေတာင္ကိုယ့္ဘက္ကပဲစဖြင့္ေျပာမယ္။ အိေျႏၵသိကၡာေတြအကုန္ေဘးခ်ိတ္ထားၿပီးမင္းရဲ႕အခ်စ္ကိုပဲကန႔္သတ္မႈမရွိရယူမယ္။ မိဘေဆြမ်ိဳးေတြကိုေတြကိုလြတ္လြတ္လပ္လပ္ႀကီးေက်ာ္လို႔ရႏိုင္ေကာင္းပါရဲ႕။

အခုေတာ့လႈိင္းငယ္...ကိုယ္နဲ႔မင္းကဒီကမာၻရဲ႕ဆန႔္က်င္ဘက္အရပ္မွာတည္ရွိေနၾကရသလိုပါေရာလား။ ဒါေတာင္ကေလးရယ္ မင္းကေတာ့ကိုယ့္ဆီမ်က္ႏွာေတာင္မမူတဲ့ျပတ္ျပတ္သားသားအျပဳအမူေတြပဲရွိေနမွေတာ့ကိုယ္ဟာဒီေလာကမွာဆက္ရပ္တည္ဖို႔ေတာင္ပင္ပန္းပါတယ္......။

" သား မင္းကဒီေရာက္ေနတာကို......"

ေပါ့ပါးေနတဲ့စိတ္ကိုခဲဆြဲခံလိုက္ရသလို ၊ အၾကင္နာမ်က္ဝန္းေတြကိုအေရာင္ေျပာင္းၿပီးေတာ့မွမ်က္ရည္းေတြကိုသိမ္းဆည္းရင္းအေဖ့ဆီအၾကည့္ျပန္လွည့္ရသည္။ ၿပဳံးျပေနတဲ့အေဖ့ရဲ႕မ်က္ဝန္းေတြထဲေမွ်ာ္လင့္ျခင္းအရိပ္အေယာင္ေတြပါေနတယ္လို႔ထင္ေနမိတာကြၽန္ေတာ္ထင္ေယာင္ထင္မွားျဖစ္ေနမိခဲ့တာမ်ားလား။

" အဘကမင္းကိုလိုက္ရွာေနတာ......"

" ကြၽန္ေတာ့္ကိုေျပာစရာရွိလို႔လား......"

ေမးမိတဲ့ေလသံကအခ်ိဳးမေျပ‌ျဖစ္ေနေလမလားေတာ့မေျပာတတ္။ တကယ္တမ္းေျပာရရင္အေဖ့ရဲ႕အဲ့ဒီ့လိုအၾကည့္ ၊ အဲ့ဒီ့လိုမ်က္ဝန္းေတြကိုတကယ္ပဲမျမင္ခ်င္မိေလာက္ေအာင္အထိကိုသိပ္မုန္းသည္။ အဲ့ဒီ့လိုမ်က္ဝန္းေတြႏွင့္ၾကည့္လာတိုင္းတစ္စုံတစ္ခုကိုေစခိုင္းတတ္တဲ့အေဖ။ ကြၽန္ေတာ့္ဆုံးျဖတ္ခ်က္ကဘယ္လိုပင္ျဖစ္ေနပါေစမိဘတို႔ရဲ႕ဆုံးျဖတ္ခ်က္ကေတာ့ႀကိဳတင္စီစဥ္ခ်မွတ္ၿပီးသြားခဲ့ေလၿပီးသားျဖစ္ႏွင့္ေနခဲ့သည္။
အခုေရာကြၽန္ေတာ့္ကိုဘာေတြမ်ားထပ္ၿပီး......။

" သားကိုၿမိဳ႕မွာသင္တန္းတက္ဖို႔စီစဥ္ေပးထားတဲ့ကိစၥေလ...အဲ့ဒါအခုအကုန္အဆင္ေျပသြားလို႔သားသင္တန္းသြားတက္ရေတာ့မယ့္အေၾကာင္းအေဖကလာအသိေပးတာ......"

မေျပာင္းလဲသြားေသာအေျခအေနေတြပဲမို႔ခပ္မဲ့မဲ့သာၿပဳံးလိုက္မိတယ္။ အသိေပးတာတဲ့လား။ ကြၽန္ေတာ့္ကိုအသိေပးတာတဲ့လားဗ်ာ။ ကာယကံရွင္ျဖစ္တဲ့ကြၽန္ေတာ့္ရဲ႕စိတ္ဆႏၵကိုတစ္စက္ေလးေတာင္ေမးျမန္းျခင္းမရွိဘဲနဲ႔စိတ္တိုင္းက်စီစဥ္‌ၿပီးကာမွအသိေပးတယ္တဲ့လား။
ဟင့္အင္း ဒီတစ္ခါေတာ့ကြၽန္ေတာ့္စိတ္တိုင္းက်ဆုံးျဖတ္မယ္......။ဒီအခြင့္အေရးေလးကိုေတာ့အရာအားလုံးနဲ႔လဲရမယ္ဆိုရင္ေတာင္ကြၽန္ေတာ့္ဘက္ကလဲမွာမို႔။ ေငးၾကည့္ေနခြင့္ေလးနဲ႔အနီးအနားမွာရွိေနခြင့္ေလးေတာ့ကြၽန္ေတာ့္အသက္နဲ႔အလဲအထပ္လုပ္ရမယ္ဆိုရင္ေတာင္ကြၽန္ေတာ့္ဘက္ကမတြန႔္တိုမွာမို႔။ ဒီတစ္ခါေတာ့ကြၽန္ေတာ့္အဖိုးတန္ေလးအတြက္အေဖတို႔ကိုဆန႔္က်င္တဲ့သားဆိုးပဲလုပ္ပါရေစ......။

" ကြၽန္ေတာ္မသြားႏိုင္ဘူးအဘ......"

" မင္းဘာေျပာလိုက္‌တယ္......"

ျပတ္ျပတ္သားသားျငင္းဆိုမႈကိုအေဖကမယုံႏိုင္စြာၾကည့္သည္။ ဒါေပါ့ေလ...ကြၽန္ေတာ္ဆိုတာကတစ္သက္လုံးမိဘစကားကိုၿမိဳသိပ္ႀကိတ္မွိတ္ၿပီးနားေထာင္ခဲ့တဲ့သားလိမၼာေလးပဲမဟုတ္လား။

" ကြၽန္ေတာ္......"

ေရွ႕ဆက္မတိုးမိတဲ့စကားကိုခြန္အားယူဖို႔အတြက္ခပ္လွမ္းလွမ္းတစ္ေနရာမွာစကားေျပာေနသည့္လႈိင္းငယ္ဆီငဲ့ၾကည့္မိသည္။ ၿပဳံးေပ်ာ္ကာစကားေျပာေနတဲ့သူေလးကိုေငးၾကည့္ရင္းခပ္ယဲ့ယဲ့အၿပဳံးတစ္ပြင့္ပါကြၽန္ေတာ့္ဆီကူးစက္သြားၿပီးသည့္ေနာက္ခြန္အားမဲ့ေနသည့္ကြၽန္ေတာ့္ႏႈတ္ခမ္းေတြကအာေစးမိေနရာမွလြတ္ေျမာက္သြားၿပီးစကားတို႔ကိုေရွ႕ဆက္မိတယ္။

" ကြၽန္ေတာ္႐ြာကေနဘယ္မွာမသြားခ်င္ဘူး......"

အဆုံးသတ္သြားတဲ့စကားလုံးေတြရဲ႕ေနာက္ ' သူ႔အနားေလးမွာပဲသူ႔ကိုေငးၾကည့္ေနခ်င္လို႔ပါ......' ဆိုတဲ့အေၾကာင္းျပခ်က္တစ္ခုကိုေတာ့ရင္ထဲမွာသာသိမ္းဆည္းထားလိုက္ရသည္။
ဒါေတြကေျပာထြက္ခြင့္မရွိတဲ့ခံစားခ်က္ေတြပဲမဟုတ္လား......။

" ဘယ္လိုျဖစ္ရျပန္တာလဲဧက...ငါတို႔ကမင္းအတြက္စီစဥ္ေပးတာေလ ဒါကိုမင္းကဘာျဖစ္ျပန္ၿပီတုန္း......"

စိတ္မရွည္‌သလိုေမးလာတဲ့ေလသံကခုနကနဲ႔မတူေတာ့။ ေျပာင္းလဲသြားတဲ့မ်က္ႏွာအမူအရာပ်က္ပ်က္ယြင္းယြင္းကိုမသိခ်င္ေယာင္ေဆာင္ရင္းကြၽန္ေတာ္ကသာမန္ဆန္ေသာအျငင္းတစ္ခုကိုသာျပဳမိသည္။

"

You are reading the story above: TeenFic.Net