Unicode
" ခင်ဗျားဘယ်လိုရောက်လာတာလဲ......"
လက်ထဲကပေါက်တူးကိုမချသေးဘဲသူရိန့်အနားပြေးလာပါတဲ့လူမိုက်ကောင်။ အသက်ရှူသံမမှန်ခင်မှာတင်စကားကိုအလောတကြီးပြောနေပုံအရတော့လူမိုက်ကောင်ပျော်နေဟန်ရှိသည်။
" ဒီလိုပဲရောက်လာတာပေါ့...ခါတိုင်းရောငါဘယ်လိုရောက်လာလဲမသိတာကျနေတာပဲ....."
" ကျုပ်ကအဲ့လိုမေးတာမဟုတ်ဘူးလေခင်ဗျားရယ်......"
များများစားစားပြောင်းလဲမသွားတဲ့မျက်နှာထားနဲ့ပြောနေပေမယ့်လို့အနည်းငယ်ပွင့်ဟနေတဲ့နှုတ်ခမ်းနဲ့မျက်ဝန်းလေးတွေအရလူမိုက်ကောင်အတည်ပေါက်ကြီးရှင်းပြနေမှန်းသိသာလွန်းသည်။ ပုံမှန်ဆိုသူရိန်ဆက်မစမိလောက်ပေမယ့်လည်းအခုတစ်ခါတော့ဘာကြောင့်မှန်းမသိလူမိုက်ကောင်ကိုစချင်လာသလိုလိုပင်။ သေချာငေးကြည့်မျက်ဝန်းတွေဆီသို့ငေးစိုက်ကြည့်ရင်းမှမျက်နှာကိုတမင်သက်သက်တည်တင်းပစ်လိုက်တော့တစ်စတစ်စပိုမိုဝိုင်းစက်လာတဲ့မျက်ဝန်းနက်တွေ။
" ငါလာတာမကြိုက်လို့မဟုတ်လား သိပြီ နောက်မလာတော့ဘူး......"
ပြောပြောဆိုဆိုနှင့်မျက်နှာလွှဲပစ်လိုက်တော့မြင်ကွင်းထဲသို့ချက်ချင်းဆိုသလိုပြန်ရောက်လာပါတဲ့လူမိုက်ကောင်။ မျက်နှာကိုပဲသူ့ဘက်လှည့်စေလိုက်လည်းရနေရဲ့သားနဲ့ကျွန်တော်မျက်နှာလွှဲတဲ့နေရာဆီလိုက်တိုးဝင်လာတဲ့အထိကိုကျွန်တော့်လူမိုက်ကောင်ကရိုးအသည်။
တကယ်ပဲချစ်စရာကြီး......။
" ကျုပ်လာစေချင်ပါတယ်...ခင်ဗျားလာတာကြိုက်တယ်လေ......"
" အဲ့ဒီ့တော့......"
" ဟင်......"
အူတူတူအ,တတပုံစံနှင့်ပြန်မေးလာတဲ့လူမိုက်ကောင်ကချစ်ဖို့ကောင်းလွန်းတာကြောင့်သူရိန်မျက်နှာကိုမနည်းကိုတည်ထားလိုက်ရသည်။ ပြုံးချင်နေတဲ့မျက်နှာကိုအတင်းထိန်းချုပ်ထားရတာလွယ်တော့မလွယ်ပေမယ့်လူမိုက်ကောင်ရဲ့ချစ်ဖို့ကောင်းလွန်းတဲ့အမူအရာတွေကိုထပ်တွေ့ချင်မှတော့ဒီလောက်တော့ကြိုးစားရမှာပေါ့လေ။
" ငါမယုံဘူးဆိုရင်ရော......"
" ကျုပ်မလိမ်ပါဘူး အမှန်ပြောတာလေ......"
" မယုံပါဘူး စကားတစ်ခွန်းကိုလွယ်လွယ်နဲ့ယုံစရာလား......"
" ရင်ထဲကလာတဲ့စကားကိုတော့ယုံသင့်ပါတယ်ခင်ဗျားရယ်......"
ခပ်တိုးတိုးထွက်လာတဲ့စကားသံနဲ့အတူအနည်းငယ်မှိုင်းပျသွားတဲ့မျက်ဝန်းတွေကြောင့်သူရိန်ဆက်စချင်စိတ်တွေပါကြက်ပျောက်ငှက်ပျောက်။ ခြေလှမ်းသုံးလှမ်းစာအကွာအဝေးကိုမှအနားပိုတိုးကပ်လှမ်းလိုက်ရင်းလူမိုက်ကောင်ရဲ့မျက်နှာကိုအုပ်ကိုင်ကာပါးနှစ်ဖက်လုံးကိုခပ်မြန်မြန်ဖိကပ်နမ်းပစ်လိုက်သည်။
ကဲ စလို့စမှန်းမသိစိတ်မကောင်းဖြစ်ချင်ဦး......။
" ဘာဖြစ်သွားတာလဲ ငါကစနေတဲ့ဟာကို......"
လက်ထဲကအထုတ်ကိုလူမိုက်ကောင်လက်ထဲထည့်ပေးရင်းပြောမိတော့မအူမလည်နဲ့ပြန်ငေးကြည့်နေပြန်တဲ့လူမိုက်ကောင်။ ခဏအကြာမှလက်ကိုကအထုတ်ကိုသေချာပြန်ဆုပ်ကိုင်ရင်းပြောလာတဲ့စကားက ' ကျုပ်မှမသိဘဲ......' တဲ့လေ။
တစ်ခါတစ်လေကျွန်တော့်ရဲ့လူမိုက်ကောင်ကသိပ်ကိုချစ်စရာကောင်းသလို သိပ်လည်းစနောက်လို့ကောင်းပါသည်......။
_____________________________________________
ကွပ်ပျစ်ပေါ်ထိုင်ပြီးစူပုတ်ပုတ်နှင့်ပွစိပွစိပြောနေရှာတဲ့ကောင်လေးကသူရဲ့ချစ်သူငယ်ချင်းကြီးအကြောင်းဧကကိုအတင်းတုပ်နေတာပါပင်။ စကားအစတိုင်းမှာလည်း ' ကိုဧကမသိလို့......' ဆိုတဲ့စကားလုံးကပါသေးသည်။ တစ်ချက်တစ်ချက်မဲ့ခနဲရွဲ့ခနဲဖြစ်သွားတတ်သည့်နှုတ်ခမ်းလေး။ လှုပ်ခတ်သွားတဲ့မျက်နှာအမူအရာတစ်ခုချင်းဆီနဲ့မျက်တောင်ဖျားလေးတွေ။ လေအဝေ့တိုင်းတိုးဝှေ့ပါလာတတ်တဲ့ကိုယ်သင်းရနံ့လေးကြားကိုယ်လည်းမင်းဆီနစ်မျောရပါပြီလှိုင်းငယ်ရယ်။
" ကိုဧက......"
" ဗျာ လှိုင်းငယ်......"
ရုတ်တရက်ကြုံလိုက်ရသည့်အခေါ်အဝေါ်ကြားသတိလက်လွတ်ကာရင်ထဲကနာမ်စားကိုထုတ်ခေါ်လိုက်မိသည်။ အံ့သြတကြီးပြန်ငေးကြည့်လာတဲ့မျက်ဝန်းတွေကပထမဆုံးအခါကြားရတာပေမို့အတော်လေးထူးဆန်းသွားပုံ။
ကျွန်တော့်ရင်ထဲမှာပဲကြိတ်ပြီးခေါ်ဝေါ်ခဲ့ရတာကြာရောပေါ့လှိုင်းငယ်ရယ်......။
" အာ ဟို ကျွန်တော်စကားများနေတာလွန်နေတော့ကိုဧကပျင်းနေပြီလားလို့ပါ......"
ညာဘက်လက်ဖြင့်လည်ပင်းကိုအသာပွတ်ရင်းခပ်ပြုံးပြုံးဖြင့်ပြောလာတဲ့လှိုင်းငယ်။ လှစ်ခနဲပေါ်လာတဲ့သွားတန်းဖြူဖြူညီညီလေးတွေကိုငေးရင်းပြန်တုံ့ပြန်ပြုံးပြကာခေါင်းခါပြမိတော့ဒုတိယအကြိမ်အားနာပြုံးလေးထပ်ပြုံးပြလာပြန်သည်။
" ဒါနဲ့ကိုဧကဒီအပတ်ကိုတော့ထမင်းချိုင့်ပို့ရသက်သာမယ်ထင်တယ်ဗျာ......"
" ဘာလို့လဲလှိုင်းငယ်......"
အနည်းငယ်စိမ်းသက်နေသေးတဲ့အခေါ်အဝေါ်ဆိုပေမယ့်လို့ကြားဖူးပြီးသားလက်စနှင့်မထူးတော့တာမို့မသိယောင်ဆောင်ကာသာဆက်ပြီးခေါ်ဝေါ်လိုက်သည်။ ကြောင်အမ်းအမ်းမျက်နှာလေးဖြစ်သွားပေမယ့်ကျွန်တော့်လှိုင်းငယ်ကချစ်စရာကောင်းနေဆဲပဲ။
" ဪ ဟို ကျွန်တော်ဟိုနေ့ကပဲမြို့ကနေလိုအပ်တာလေးတွေမှာလိုက်သေးတယ်လေ...အဲ့ဒါနဲ့ဆိုတစ်ပတ်စာလောက်ကအေးအေးဆေးဆေးစားလို့ရတယ် ကိုဧကအမြဲထမင်းချိုင့်လာလာပို့နေရတာကျတော့ကျွန်တော်အားနာလာလို့......"
" အားနာစရာမှမရှိဘဲလှိုင်းငယ်ရယ်......"
" အမြဲတမ်းကြီးကျကျွန်တော်တကယ်အားနာလို့ပါ နေ့တိုင်းကြီးလာပို့နေရတော့ကျွန်တော့်အတွက်အလုပ်လည်းပိုပါတယ်ဗျာ......"
" ကျွန်တော်ကိုကနေ့တိုင်းလာချင်နေတာဆိုရင်ရော......"
ပြန်ငေးကြည့်လာတဲ့မျက်ဝန်းနက်လေးတွေ။ အကြည့်ချင်းယှက်သွယ်မှုကြောင့်ရင်ခုန်သံမြန်ရပေမယ့်မနည်းထိန်းချုပ်ရင်းသာဟန်မပျက်နေ,နေမိသည်။
သိရဲ့လားကျွန်တော့်ရဲ့လှိုင်းငယ်...နေ့တိုင်းတောင်မဟုတ်ဘဲကျွန်တော်ကအမြဲလိုလိုတွေ့ချင်နေခဲ့ကြောင်း။
ကျွန်တော့်ရဲ့လှိုင်းငယ်သိပါရဲ့လား...ကျွန်တော်ရဲ့ပင်ပန်းမှုကလှိုင်းငယ်ကိုမတွေ့ရမှဖြစ်တည်လာတတ်ပါတယ်ဆိုတာ။
_____________________________________________
" နည်းနည်းပါးပါးနားပါဦးလား...အဲ့ဒီ့လောက်အထိကြိုးစားပမ်းစားနဲ့လုပ်နေတာဘယ်သူ့အတွက်လဲ ဟမ်......"
တစ်နေကုန်တစ်နေခမ်းတောက်လျှောက်အလုပ်လုပ်နေတဲ့လူမိုက်ကောင်ကြောင့်သူရိန်စိတ်တိုတိုနှင့်လှမ်းအော်ပြောမိခြင်း။ သူရိန့်အော်သံကြားတော့ဆွထားတဲ့မြေထဲရေဖြန်းနေရင်းမှနေသူရိန်ထိုင်နေသည့်သစ်ပင်အနားသို့ရောက်လာသည်။ သို့သော်ထိုင်တော့မထိုင်သေးဘဲအူတူတူနှင့်လာငေးကြည့်နေဆဲ။
" ဘာဖြစ်လို့လဲခင်ဗျား......"
" ဘာကိုဘာဖြစ်ရမှာလဲ...မင်းငါ့ကိုပစ်ထားပြီးအလုပ်တွေပဲလုပ်နေပြီးတော့......"
ခါတိုင်းဆိုဒီလိုပြောချင်မှပြောမှာဆိုပေမယ့်ဒီတစ်ခါတော့သူရိန်စိတ်ဆိုးဆိုးနှင့်လေသံပါမာကာပြောမိသည်။ ဘယ့်နှယ့်နေပူကျဲတဲထဲမှာမစားမသောက်နဲ့အလုပ်လုပ်နေလိုက်တာများသူ့ကိုယ်သူလူတစ်ယောက်ဆိုတာပင်မေ့နေသည့်အလား။ အကယ်၍ဒီလိုသာမပြောလိုက်ရင်ဒီနေ့ဖို့နားဖို့ဆိုတာစိတ်တောင်ကူးမှာမဟုတ်လောက်ဘူး။
စကားဆုံးသည်နှင့်မျက်နှာလွှဲလိုက်တော့မျက်နှာသေနှင့်ရပ်ကြည့်နေတဲ့လူမိုက်ကောင်ကသူရိန်ထိုင်နေသည့်သစ်ပင်အောက်ကသစ်ငုတ်ပေါ်တွင်လာကပ်ထိုင်သည်။ မျက်နှာငယ်လေးနှင့်လာကြည့်နေတာသိပေမယ့်တမင်မမြင်ချင်ယောင်ဆောင်နေလိုက်တော့လက်ကိုခပ်ဖြေးဖြေးလာထိပြန်တဲ့လူမိုက်ကောင်။
" ကျုပ်အဲ့ဒီ့လိုဖြစ်သွားဖို့မရည်ရွယ်ပါဘူးခင်ဗျားရယ်......"
ထွက်လာတဲ့စကားသံကနေပူပူမှာခပ်ဖြေးဖြေးသာတိုက်ခတ်တဲ့လေညှင်းတွေလိုတိုးဖွဖွ။ သူရိန်စိတ်ကိုတင်းထားပေမယ့်လည်းတော်တော်လေးကိုမျက်နှာပျက်ယွင်းလာပြီဖြစ်တဲ့လူမိုက်ကောင်ကြောင့်ပြန်မျက်နှာချင်းဆိုင်လိုက်ကာမဆိုသယောင်လေးမကြည်ကြည့်,ကြည့်ပေးလိုက်သည်။
" ကျုပ်တောင်းပန်ပါတယ် နောက်မလုပ်တော့ဘူးလေ......"
ပြိုတော့မည့်မိုးလိုမှိုင်းညှို့နေတဲ့မျက်ဝန်းတွေရဲ့ဆွဲငင်မှုကိုသူရိန်ဘယ်လိုများတောင့်ခံရပါ့။ သိပ်ချစ်လွန်းလို့ကိုယ့်ဘက်ကနေမရမကလိုက်ခဲ့ရတဲ့ဒီကောင်လေးကိုစိတ်လည်းမဆိုးရက်သလိုအပြစ်လည်းမမြင်ရက်ပါဘူးလေ။ အခုလိုပြောလိုက်ရတယ်ဆိုတာကလည်းသူ့ကိုစိုးရိမ်တဲ့စိတ်တစ်ခုကြောင့်နဲ့ပဲမဟုတ်လား။
" ကတိနော် နောက်ဆိုဒီလိုမျိုးမနားမနေအလုပ်မလုပ်ရဘူး......"
ခပ်မြန်မြန်ခေါင်းညိတ်ပြလာတဲ့လူမိုက်ကောင်ကဆံစလေးတွေပါလှုပ်ခတ်လို့။ သူရိန်သဘောတကျပြုံးမိတော့ခဏတာငြိမ်သက်စွာငေးကြည့်လာပြီးသူကပါပြန်ပြုံးပြလာသည်။
" ဒီလောက်အလုပ်ရှုပ်နေတာ ဒီတစ်ခါကရောဘာစိုက်မှာမို့လို့လဲ......"
သူရိန့်အမေးကိုအကြည့်နှင့်သာအရင်တုံ့ပြန်ပြီးလူမိုက်ကောင်ကသူ့မြေအလွတ်ဆီအကြည့်ပြန်လွှဲကာစကားဆက်သည်။
" ဒီတစ်ခေါက်တော့နှမ်းစိုက်မလားလို့......"
" နှမ်း......"
သံယောင်လိုက်ကာရေရွတ်မိတော့လူမိုက်ကောင်ကခပ်ဖြေးဖြေးခေါင်းညိတ်ပြပြန်တယ်။ သို့သော်အကြည့်ကတော့ခုနကသူ့ရဲ့မြေအလွတ်ဆီတွင်သာကပ်ငြိနေဆဲ။ ထိုမြေဆီကနေရွှေငွေရတနာတွေအခုချက်ချင်းထွက်ကျလာတော့မလိုမျိုးအကြည့်မလွှဲဘဲကိုကြည့်နေတော့တာ။
" အင်း...ဒီရာသီမှာနှမ်းကဈေးကောင်းရတယ်လေခင်ဗျားရဲ့...ကျုပ်တစ်ခါမှတော့မစိုက်ဖူးဘူး ဒါပေမယ့်အခုတော့စမ်းပြီးစိုက်ကြည့်မလားလို့......"
" မစိုက်ဖူးဘဲစိုက်တော့ပိုပင်ပန်းမှာပေါ့......"
" ခင်ဗျားကသိနေတာပဲ......"
အပြုံးတး်ပွင့်နှင့်အတူသူရိန့်ကိုငေးကြည့်လာတဲ့လူမိုက်ကောင်ရဲ့မျက်ဝန်းတွေကပင်ပန်းမှုတို့အနည်းငယ်ရောထွေးသည်။ သူအလုပ်လုပ်တာကိုတားပိုင်ခွင့်အပြည့်အဝမရှိသေးတဲ့ပိုင်ဆိုင်မှုမို့အလုပ်လုပ်တာကိုမတားမိသေးပေမယ့်သူရိန့်စိတ်ထဲမှာတော့အကြိမ်ကြိမ်အခါခါတားမိနေပြီးနှင့်လေပြီ။
ဒီလောက်ပင်ပန်းတဲ့အလုပ်တွေကိုဘာလို့များမင်းကိုလုပ်ခိုင်းရမှာတဲ့လဲ......။
" ပင်ပန်းရင်ဘာလို့စိုက်မှာလဲ...တခြားသီးနှံပဲစိုက်ပါလား......"
" ပိုက်ဆံပိုရလို့ပေါ့ခင်ဗျားရယ်......"
တုံ့ပြန်လာတဲ့စကားကြောင့်သူရိန်နည်းနည်းတော့စိတ်အချဉ်ပေါက်သွားမိသည်။ ကိုယ့်မှာတော့သူပင်ပန်းမှာစိုးလိုက်ရတာဆိုတာ။ သူကတော့အသည်းအသန်ကိုပိုက်ဆံပဲလောဘကတက်နေတော့တာပဲ။
အဲ့ဒီ့လောက်ဖြစ်နေရင်လည်းအဲ့ဒီ့ပိုက်ဆံနဲ့ပဲရည်းစားတော်လိုက်ပါတော့လား......။
" မင်းဘာဖြစ်လို့အဲ့ဒီ့လောက်အထိတောင်ပိုက်ဆံရှာနေရတာလဲ......"
သူရိန့်အမေးအဆုံးလူမိုက်ကောင်ကခပ်ဖြေးဖြေးသက်ပြင်းချသည်။ လေးလံနေပုံရတဲ့မျက်နှာထားနဲ့စိတ်ပူပင်စရာတစ်ခုခုရှိနေတဲ့အဲ့ဒီ့မျက်ဝန်းတွေကမြင်ရရုံမြင်နေရတဲ့သူရိန့်ကိုပါပင်ပန်းစေသလိုလို။
" ရှာရမယ်လေခင်ဗျားရဲ့...နောက်ဆိုနေ့ယံကတက္ကသိုလ်တက်တော့မှာ အဲ့ကျရင်သူ့ကျောင်းစရိတ်ကရှိသေးတယ်...ပြီးတော့တက္ကသိုလ်တက်တဲ့အခါမျက်နှာမငယ်ရအောင်သူများနည်းတူဝတ်နိုင်စားနိုင်နေမှတော်ကာကျမှာမလား အဲ့အတွက်ပိုက်ဆံကအများကြီးလိုတော့မှာပေါ့......"
ခပ်ဖြေးဖြေးပြောလာတဲ့လူမိုက်ကောင်ရဲ့စကားကြောင့်ဘာကြောင့်မှန်းမသိရင်ထဲနင့်သွားမိသည်။ တကယ်တော့လူမိုက်ကောင်ကတာဝန်တွေအများကြီးကိုထမ်းပိုးထားရတဲ့သူမျိုး။ မိသားစုစားဝတ်နေရေးရော ၊ ညီရဲ့ကျောင်းစရိတ်ရော ၊ ကုန်ကုန်ပြောရရင်သားတစ်ယောက်တာဝန်ပါမကအစ်ကိုတစ်ယောက်ရဲ့တာဝန်ပါအစစအရာရာကျေပွန်အောင်ထမ်းနေရတဲ့သူမျိုး။
ကျွန်တော့်ရဲ့လူမိုက်ကောင်ကလေ...ကျွန်တော်သိပ်ချစ်ရတဲ့ကျွန်တော့်ကောင်လေးကလေ သိပ်ကိုမှတာဝန်ကျေတတ်တဲ့လူစားမျိုး......။
" မင်းအတွက်လည်းမင်းကြည့်ပါဦး......"
သူ့ဘက်ကမနေနိုင်စွာနှင့်ပြောမိတော့လူမိုက်ကောင်ကအံ့ဩသလိုပုန်ကြည့်လာပြီးမှခပ်ဖြေးဖြေးပြုံးပြသည်။ ထို့နောက်နှစ်နှစ်ခြိုက်ခြိုက်ပြုံးလာတဲ့အပြုံးတစ်ပွင့်ကပါးချိုင့်လေးတွေပါချိုင့်ဝင်ပြီးထင်းလို့။
" ကျုပ်ဘဝကဘာများလိုဦးမှာလဲခင်ဗျားရယ်...ပညာလည်းဆက်ပြီးမသင်နိုင်တော့သလို ထပ်ပြီးလည်းလူရာဝင်မှာမှမဟုတ်တော့တာ......ကျုပ်မှာခင်ဗျားရှိနေရင်ဖြစ်ပါပြီ ဒီလောက်ဆိုလုံလောက်ပြီ......"
စကားသံအဆုံးသူရိန်ဘာတစ်ခွန်းမှဆက်မပြောနိုင်ဘဲလူမိုက်ကောင်ကိုသာငေးကြည့်နေမိသည်။ လူမိုက်ကောင်ရဲ့စကားတွေကြောင့်ဝမ်းနည်းရမလား။ ဒါမှမဟုတ်ကိုယ်ကလွဲပြီးဘာမှမလိုအပ်တဲ့သူမို့ဝမ်းသာရမလား။ တကယ်ပဲဘာကိုမှမဆုံးဖြတ်နိုင်ခင်မှာပင်သူရိန်ခပ်မြန်မြန်ပင်လူမိုက်ကောင်ရဲ့ရင်ခွင်ထဲကိုဆွဲသွင်းခြင်းခံလိုက်ရသည်။
" ခင်ဗျားပဲရှိပေးပါ...ခင်ဗျားရှိနေရင်ကျုပ်အသက်ရှင်ဖို့ဖြစ်ပါတယ်......"
သူရိန်ခေါင်းပဲညိတ်မိသည်လား။ ဒါမှမဟုတ်အသံထွက်ပြီးပဲတုံ့ပြန်အဖြေပေးမိသည်လားမသေချာ။ သေချာတာတစ်ခုကတော့လူမိုက်ကောင်ရဲ့မေးခွန်းအတွက်သူရိန့်အဖြေက ' အင်း ' ဆိုတဲ့အဖြေထက်ပင်ပို၍လေးနက်သည့်စကားလုံးတစ်လုံး ၊ အပြုအမူတစ်ခုဖြစ်လိမ့်မည်။
_____________________________________________
ညဉ့်ယံဟိုလူ့ကိုလိုက်ပို့ပေးပြီးသည်နှင့်အိမ်ထဲတောင်မဝင်တော့ဘဲခပ်မြန်မြန်သာပြန်ထွက်လာခဲ့လိုက်သည်။ အကြောင်းကတော့အိမ်ထဲမှာအခုထိစကားပြောရင်းရှိနေသေးတဲ့ဧကကြောင့်ပဲလို့ပဲဆိုရမှာပေါ့။ ကိုယ့်ဘက်ကအမှားမဟုတ်ပါဘူးလို့ဘယ်လိုပဲဆိုဆိုတစ်ဖက်ကိုအားနာရသလိုစိတ်နဲ့ရွက်ဝါအပေါ်အပြစ်ရှိသလိုခံစားရတဲ့စိတ်ကအခုထိတိုင်မပြေပျောက်နိုင်သေးသလို ၊ ကိုယ့်ကိုလက်မခံချင်ဘဲရွံရှာသလိုဖြစ်နေတဲ့သူနဲ့လည်းထိပ်တိုက်မတွေ့ချင်။
ဘာပဲဖြစ်ဖြစ်ကိုယ့်ဘက်ကရှောင်သင့်သလောက်ရှောင်ထားတာကောင်းသည်။
" ကိုကို......"
အိမ်သံဝင်ဝင်ချင်းကြားလိုက်ရတဲ့အသံကြောင့်ညဉ့်ယံခြေလှမ်းတို့တုံ့ခနဲ။ အသံပိုင်ရှင်နဲ့နာမ်စားအရနေ့ယံမှန်းသိနေပေမယ့်လို့လှည့်မကြည့်မိဘဲထိုအတိုင်းသာရပ်နေမိသည်။
" ကျွန်တော်ကိုကို့ကိုကန်တော့ချင်လို့ပါ......"
ရုတ်တရက်ကြားလိုက်ရတဲ့စကားကသွေးကြောတွေပင်ပြောင်းပြန်လှန်ခံလိုက်ရသလိုကြက်သီးတဖြန်းဖြန်းထစေသည်။ နားကြားများမှားသလား ၊ အိပ်မက်များမက်နေသလားဆိုတဲ့စိတ်နဲ့ကိုယ့်လက်ကိုယ်မသိမသာဆွဲဆိတ်ကြည့်မိတော့လည်းအိပ်မက်မဟုတ်ပြန်။
ဒါဆိုတကယ်ပဲနေ့ယံကကျုပ်ကို.......။
" ကျွန်တော်သီတင်းကျွတ်တုန်းကမကန်တော့လိုက်ရလို့ပါ...ကျွန်တော်ကိုကို့ကိုဒီနှစ်တော့ကန်တော့မယ်နော်......"
" မလိုဘူး......"
အနားကိုတိုးကပ်လာတဲ့ခြေလှမ်းသံတွေကြောင့်အယောင်ယောင်အမှားမှားနှင့်ပြောလိုက်မိခြင်း။ တကယ်ပဲကျုပ်ကကန်တော့ခံဖို့တန်ရဲ့လားဆိုတာမသိဘူး။ ကျုပ်က...ကျုပ်လိုလူကလေ......။
" အမေတို့မရှိပါဘူး...ကိုကို့ကိုဒီနှစ်တော့ကျွန်တော်ကန်တော့ချင်လို့ပါ ကိုကိုကကျွန်တော့်အစ်ကိုလေ......"
စကားသံအဆုံးတစ်းတစ်စဝဲတက်လာတဲ့မျက်ရည်စတွေကပါးပြင်ပေါ်အထိစီးကျလာသည်။ ဒါဆိုနေ့ယံကကျွန်တော့်ကိုမရွံဘူးပဲ။ ကျွန်တော့်လိုအစ်ကိုရှိတာကိုနေ့ယံကမရှက်ဘူးပေါ့။ နေ့ယံကကျွန်တော့်ကိုသူ့ရဲ့အစ်ကိုလိူ့သတ်မှတ်ထားတယ်တဲ့။
မျက်ရည်းတွေကြောင့်ပဲလား ၊ အတွေးထဲမျောနေမိသည်လားမသေချာ။ အသိစိတ်နဲ့ကိုယ်ပြန်ကပ်မိချိန်မှာတော့နေ့ယံကကျွန်တော့်ရှေ့မှာဒူးထောက်ထိုင်ရင်းကန်တော့နေလေပြီ။ ထို့နောက်လက်ထဲကမ်းပေးလာတဲ့အဖြူရောင်ရှပ်အင်္ကျီလေးနဲ့ယောပုဆိုးအနက်လေး။
" ကျွန်တော်ကိုကို့အတွက်သေချာလေးရွေးထားတာ...ကိုကိုဝတ်ရင်လိုက်မှာ......"
ဟီးခနဲရယ်ပြလာတဲ့ကျွန်တော့်ညီလေးကအခုထိတိုင်ဒီပုံစံအတိုင်းလေးပဲရှိနေတုန်းပင်။ သူ့လက်ထဲကအင်္ကျီနဲ့ပုဆိုးကိုလှမ်းယူမိတော့ပျော်သွားတဲ့ပုံလေးကငယ်ငယ်ကကျွန်တော်ကျောင်းကပြန်လာတဲ့အခါတိုင်းလာကြိုနေကျပုံစံလေးအတိုင်း။ ဆုပေးဖို့တောင်မေ့နေတဲ့ကျွန်တော်ကကျွန်တော့်ရဲ့တစ်ဦးတည်းသောညီလေးကိုပြန်ပွေ့ဖက်ထားရင်းနှင့်သာငိုရှိုက်မိသည်။
အနည်းဆုံးတော့ကျွန်တော့်ဖြစ်တည်မှုကိုကျွန်တော့်မိသားစုထဲမှာတစ်လေးတစ်စားလက်ခံပေးမယ့်သူရှိနေသေးသားပဲ......။
################################
Zawgyi
" ခင္ဗ်ားဘယ္လိုေရာက္လာတာလဲ......"
လက္ထဲကေပါက္တူးကိုမခ်ေသးဘဲသူရိန႔္အနားေျပးလာပါတဲ့လူမိုက္ေကာင္။ အသက္ရွဴသံမမွန္ခင္မွာတင္စကားကိုအေလာတႀကီးေျပာေနပုံအရေတာ့လူမိုက္ေကာင္ေပ်ာ္ေနဟန္ရွိသည္။
" ဒီလိုပဲေရာက္လာတာေပါ့...ခါတိုင္းေရာငါဘယ္လိုေရာက္လာလဲမသိတာက်ေနတာပဲ....."
" က်ဳပ္ကအဲ့လိုေမးတာမဟုတ္ဘူးေလခင္ဗ်ားရယ္......"
မ်ားမ်ားစားစားေျပာင္းလဲမသြားတဲ့မ်က္ႏွာထားနဲ႔ေျပာေနေပမယ့္လို႔အနည္းငယ္ပြင့္ဟေနတဲ့ႏႈတ္ခမ္းနဲ႔မ်က္ဝန္းေလးေတြအရလူမိုက္ေကာင္အတည္ေပါက္ႀကီးရွင္းျပေနမွန္းသိသာလြန္းသည္။ ပုံမွန္ဆိုသူရိန္ဆက္မစမိေလာက္ေပမယ့္လည္းအခုတစ္ခါေတာ့ဘာေၾကာင့္မွန္းမသိလူမိုက္ေကာင္ကိုစခ်င္လာသလိုလိုပင္။ ေသခ်ာေငးၾကည့္မ်က္ဝန္းေတြဆီသို႔ေငးစိုက္ၾကည့္ရင္းမွမ်က္ႏွာကိုတမင္သက္သက္တည္တင္းပစ္လိုက္ေတာ့တစ္စတစ္စပိုမိုဝိုင္းစက္လာတဲ့မ်က္ဝန္းနက္ေတြ။
" ငါလာတာမႀကိဳက္လို႔မဟုတ္လား သိၿပီ ေနာက္မလာေတာ့ဘူး......"
ေျပာေျပာဆိုဆိုႏွင့္မ်က္ႏွာလႊဲပစ္လိုက္ေတာ့ျမင္ကြင္းထဲသို႔ခ်က္ခ်င္းဆိုသလိုျပန္ေရာက္လာပါတဲ့လူမိုက္ေကာင္။ မ်က္ႏွာကိုပဲသူ႔ဘက္လွည့္ေစလိုက္လည္းရေနရဲ႕သားနဲ႔ကြၽန္ေတာ္မ်က္ႏွာလႊဲတဲ့ေနရာဆီလိုက္တိုးဝင္လာတဲ့အထိကိုကြၽန္ေတာ့္လူမိုက္ေကာင္က႐ိုးအသည္။
တကယ္ပဲခ်စ္စရာႀကီး......။
" က်ဳပ္လာေစခ်င္ပါတယ္...ခင္ဗ်ားလာတာႀကိဳက္တယ္ေလ......"
" အဲ့ဒီ့ေတာ့......"
" ဟင္......"
အူတူတူအ,တတပုံစံႏွင့္ျပန္ေမးလာတဲ့လူမိုက္ေကာင္ကခ်စ္ဖို႔ေကာင္းလြန္းတာေၾကာင့္သူရိန္မ်က္ႏွာကိုမနည္းကိုတည္ထားလိုက္ရသည္။ ၿပဳံးခ်င္ေနတဲ့မ်က္ႏွာကိုအတင္းထိန္းခ်ဳပ္ထားရတာလြယ္ေတာ့မလြယ္ေပမယ့္လူမိုက္ေကာင္ရဲ႕ခ်စ္ဖို႔ေကာင္းလြန္းတဲ့အမူအရာေတြကိုထပ္ေတြ႕ခ်င္မွေတာ့ဒီေလာက္ေတာ့ႀကိဳးစားရမွာေပါ့ေလ။
" ငါမယုံဘူးဆိုရင္ေရာ......"
" က်ဳပ္မလိမ္ပါဘူး အမွန္ေျပာတာေလ......"
" မယုံပါဘူး စကားတစ္ခြန္းကိုလြယ္လြယ္နဲ႔ယုံစရာလား......"
" ရင္ထဲကလာတဲ့စကားကိုေတာ့ယုံသင့္ပါတယ္ခင္ဗ်ားရယ္......"
ခပ္တိုးတိုးထြက္လာတဲ့စကားသံနဲ႔အတူအနည္းငယ္မႈိင္းပ်သြားတဲ့မ်က္ဝန္းေတြေၾကာင့္သူရိန္ဆက္စခ်င္စိတ္ေတြပါၾကက္ေပ်ာက္ငွက္ေပ်ာက္။ ေျခလွမ္းသုံးလွမ္းစာအကြာအေဝးကိုမွအနားပိုတိုးကပ္လွမ္းလိုက္ရင္းလူမိုက္ေကာင္ရဲ႕မ်က္ႏွာကိုအုပ္ကိုင္ကာပါးႏွစ္ဖက္လုံးကိုခပ္ျမန္ျမန္ဖိကပ္နမ္းပစ္လိုက္သည္။
" ဘာျဖစ္သြားတာလဲ ငါကစေနတဲ့ဟာကို......"
လက္ထဲကအထုတ္ကိုလူမိုက္ေကာင္လက္ထဲထည့္ေပးရင္းေျပာမိေတာ့မအူမလည္နဲ႔ျပန္ေငးၾကည့္ေနျပန္တဲ့လူမိုက္ေကာင္။ ခဏအၾကာမွလက္ကိုကအထုတ္ကိုေသခ်ာျပန္ဆုပ္ကိုင္ရင္းေျပာလာတဲ့စကားက ' က်ဳပ္မွမသိဘဲ......' တဲ့ေလ။
တစ္ခါတစ္ေလကြၽန္ေတာ့္ရဲ႕လူမိုက္ေကာင္ကသိပ္ကိုခ်စ္စရာေကာင္းသလို သိပ္လည္းစေနာက္လို႔ေကာင္းပါသည္......။
_____________________________________________
ကြပ္ပ်စ္ေပၚထိုင္ၿပီးစူပုတ္ပုတ္ႏွင့္ပြစိပြစိေျပာေနရွာတဲ့ေကာင္ေလးကသူရဲ႕ခ်စ္သူငယ္ခ်င္းႀကီးအေၾကာင္းဧကကိုအတင္းတုပ္ေနတာပါပင္။ စကားအစတိုင္းမွာလည္း ' ကိုဧကမသိလို႔......' ဆိုတဲ့စကားလုံးကပါေသးသည္။ တစ္ခ်က္တစ္ခ်က္မဲ့ခနဲ႐ြဲ႕ခနဲျဖစ္သြားတတ္သည့္ႏႈတ္ခမ္းေလး။ လႈပ္ခတ္သြားတဲ့မ်က္ႏွာအမူအရာတစ္ခုခ်င္းဆီနဲ႔မ်က္ေတာင္ဖ်ားေလးေတြ။ ေလအေဝ့တိုင္းတိုးေဝွ႔ပါလာတတ္တဲ့ကိုယ္သင္းရနံ႔ေလးၾကားကိုယ္လည္းမင္းဆီနစ္ေမ်ာရပါၿပီလႈိင္းငယ္ရယ္။
" ကိုဧက......"
" ဗ်ာ လႈိင္းငယ္......"
႐ုတ္တရက္ႀကဳံလိုက္ရသည့္အေခၚအေဝၚၾကားသတိလက္လြတ္ကာရင္ထဲကနာမ္စားကိုထုတ္ေခၚလိုက္မိသည္။ အံ့ၾသတႀကီးျပန္ေငးၾကည့္လာတဲ့မ်က္ဝန္းေတြကပထမဆုံးအခါၾကားရတာေပမို႔အေတာ္ေလးထူးဆန္းသြားပုံ။
ကြၽန္ေတာ့္ရင္ထဲမွာပဲႀကိတ္ၿပီးေခၚေဝၚခဲ့ရတာၾကာေရာေပါ့လႈိင္းငယ္ရယ္......။
" အာ ဟို ကြၽန္ေတာ္စကားမ်ားေနတာလြန္ေနေတာ့ကိုဧကပ်င္းေနၿပီလားလို႔ပါ......"
ညာဘက္လက္ျဖင့္လည္ပင္းကိုအသာပြတ္ရင္းခပ္ၿပဳံးၿပဳံးျဖင့္ေျပာလာတဲ့လႈိင္းငယ္။ လွစ္ခနဲေပၚလာတဲ့သြားတန္းျဖဴျဖဴညီညီေလးေတြကိုေငးရင္းျပန္တုံ႔ျပန္ၿပဳံးျပကာေခါင္းခါျပမိေတာ့ဒုတိယအႀကိမ္အားနာၿပဳံးေလးထပ္ၿပဳံးျပလာျပန္သည္။
" ဒါနဲ႔ကိုဧကဒီအပတ္ကိုေတာ့ထမင္းခ်ိဳင့္ပို႔ရသက္သာမယ္ထင္တယ္ဗ်ာ......"
" ဘာလို႔လဲလႈိင္းငယ္......"
အနည္းငယ္စိမ္းသက္ေနေသးတဲ့အေခၚအေဝၚဆိုေပမယ့္လို႔ၾကားဖူးၿပီးသားလက္စႏွင့္မထူးေတာ့တာမို႔မသိေယာင္ေဆာင္ကာသာဆက္ၿပီးေခၚေဝၚလိုက္သည္။ ေၾကာင္အမ္းအမ္းမ်က္ႏွာေလးျဖစ္သြားေပမယ့္ကြၽန္ေတာ့္လႈိင္းငယ္ကခ်စ္စရာေကာင္းေနဆဲပဲ။
" ဪ ဟို ကြၽန္ေတာ္ဟိုေန႔ကပဲၿမိဳ႕ကေနလိုအပ္တာေလးေတြမွာလိုက္ေသးတယ္ေလ...အဲ့ဒါနဲ႔ဆိုတစ္ပတ္စာေလာက္ကေအးေအးေဆးေဆးစားလို႔ရတယ္ ကိုဧကအၿမဲထမင္းခ်ိဳင့္လာလာပို႔ေနရတာက်ေတာ့ကြၽန္ေတာ္အားနာလာလို႔......"
" အားနာစရာမွမရွိဘဲလႈိင္းငယ္ရယ္......"
" အၿမဲတမ္းႀကီးက်ကြၽန္ေတာ္တကယ္အားနာလို႔ပါ ေန႔တိုင္းႀကီးလာပို႔ေနရေတာ့ကြၽန္ေတာ့္အတြက္အလုပ္လည္းပိုပါတယ္ဗ်ာ......"
" ကြၽန္ေတာ္ကိုကေန႔တိုင္းလာခ်င္ေနတာဆိုရင္ေရာ......"
ျပန္ေငးၾကည့္လာတဲ့မ်က္ဝန္းနက္ေလးေတြ။ အၾကည့္ခ်င္းယွက္သြယ္မႈေၾကာင့္ရင္ခုန္သံျမန္ရေပမယ့္မနည္းထိန္းခ်ဳပ္ရင္းသာဟန္မပ်က္ေန,ေနမိသည္။
သိရဲ႕လားကြၽန္ေတာ့္ရဲ႕လႈိင္းငယ္...ေန႔တိုင္းေတာင္မဟုတ္ဘဲကြၽန္ေတာ္ကအၿမဲလိုလိုေတြ႕ခ်င္ေနခဲ့ေၾကာင္း။
ကြၽန္ေတာ့္ရဲ႕လႈိင္းငယ္သိပါရဲ႕လား...ကြၽန္ေတာ္ရဲ႕ပင္ပန္းမႈကလႈိင္းငယ္ကိုမေတြ႕ရမွျဖစ္တည္လာတတ္ပါတယ္ဆိုတာ။
_____________________________________________
" နည္းနည္းပါးပါးနားပါဦးလား...အဲ့ဒီ့ေလာက္အထိႀကိဳးစားပမ္းစားနဲ႔လုပ္ေနတာဘယ္သူ႔အတြက္လဲ ဟမ္......"
တစ္ေနကုန္တစ္ေနခမ္းေတာက္ေလွ်ာက္အလုပ္လုပ္ေနတဲ့လူမိုက္ေကာင္ေၾကာင့္သူရိန္စိတ္တိုတိုႏွင့္လွမ္းေအာ္ေျပာမိျခင္း။ သူရိန႔္ေအာ္သံၾကားေတာ့ဆြထားတဲ့ေျမထဲေရျဖန္းေနရင္းမွေနသူရိန္ထိုင္ေနသည့္သစ္ပင္အနားသို႔ေရာက္လာသည္။ သို႔ေသာ္ထိုင္ေတာ့မထိုင္ေသးဘဲအူတူတူႏွင့္လာေငးၾကည့္ေနဆဲ။
" ဘာျဖစ္လို႔လဲခင္ဗ်ား......"
" ဘာကိုဘာျဖစ္ရမွာလဲ...မင္းငါ့ကိုပစ္ထားၿပီးအလုပ္ေတြပဲလုပ္ေနၿပီးေတာ့......"
ခါတိုင္းဆိုဒီလိုေျပာခ်င္မွေျပာမွာဆိုေပမယ့္ဒီတစ္ခါေတာ့သူရိန္စိတ္ဆိုးဆိုးႏွင့္ေလသံပါမာကာေျပာမိသည္။ ဘယ့္ႏွယ့္ေနပူက်ဲတဲထဲမွာမစားမေသာက္နဲ႔အလုပ္လုပ္ေနလိုက္တာမ်ားသူ႔ကိုယ္သူလူတစ္ေယာက္ဆိုတာပင္ေမ့ေနသည့္အလား။ အကယ္၍ဒီလိုသာမေျပာလိုက္ရင္ဒီေန႔ဖို႔နားဖို႔ဆိုတာစိတ္ေတာင္ကူးမွာမဟုတ္ေလာက္ဘူး။
စကားဆုံးသည္ႏွင့္မ်က္ႏွာလႊဲလိုက္ေတာ့မ်က္ႏွာေသႏွင့္ရပ္ၾကည့္ေနတဲ့လူမိုက္ေကာင္ကသူရိန္ထိုင္ေနသည့္သစ္ပင္ေအာက္ကသစ္ငုတ္ေပၚတြင္လာကပ္ထိုင္သည္။ မ်က္ႏွာငယ္ေလးႏွင့္လာၾကည့္ေနတာသိေပမယ့္တမင္မျမင္ခ်င္ေယာင္ေဆာင္ေနလိုက္ေတာ့လက္ကိုခပ္ေျဖးေျဖးလာထိျပန္တဲ့လူမိုက္ေကာင္။
" က်ဳပ္အဲ့ဒီ့လိုျဖစ္သြားဖို႔မရည္႐ြယ္ပါဘူးခင္ဗ်ားရယ္......"
ထြက္လာတဲ့စကားသံကေနပူပူမွာခပ္ေျဖးေျဖးသာတိုက္ခတ္တဲ့ေလညႇင္းေတြလိုတိုးဖြဖြ။ သူရိန္စိတ္ကိုတင္းထားေပမယ့္လည္းေတာ္ေတာ္ေလးကိုမ်က္ႏွာပ်က္ယြင္းလာၿပီျဖစ္တဲ့လူမိုက္ေကာင္ေၾကာင့္ျပန္မ်က္ႏွာခ်င္းဆိုင္လိုက္ကာမဆိုသေယာင္ေလးမၾကည္ၾကည့္,ၾကည့္ေပးလိုက္သည္။
" က်ဳပ္ေတာင္းပန္ပါတယ္ ေနာက္မလုပ္ေတာ့ဘူးေလ......"
ၿပိဳေတာ့မည့္မိုးလိုမႈိင္းညႇိဳ႕ေနတဲ့မ်က္ဝန္းေတြရဲ႕ဆြဲငင္မႈကိုသူရိန္ဘယ္လိုမ်ားေတာင့္ခံရပါ့။ သိပ္ခ်စ္လြန္းလို႔ကိုယ့္ဘက္ကေနမရမကလိုက္ခဲ့ရတဲ့ဒီေကာင္ေလးကိုစိတ္လည္းမဆိုးရက္သလိုအျပစ္လည္းမျမင္ရက္ပါဘူးေလ။ အခုလိုေျပာလိုက္ရတယ္ဆိုတာကလည္းသူ႔ကိုစိုးရိမ္တဲ့စိတ္တစ္ခုေၾကာင့္နဲ႔ပဲမဟုတ္လား။
" ကတိေနာ္ ေနာက္ဆိုဒီလိုမ်ိဳးမနားမေနအလုပ္မလုပ္ရဘူး......"
ခပ္ျမန္ျမန္ေခါင္းညိတ္ျပလာတဲ့လူမိုက္ေကာင္ကဆံစေလးေတြပါလႈပ္ခတ္လို႔။ သူရိန္သေဘာတက်ၿပဳံးမိေတာ့ခဏတာၿငိမ္သက္စြာေငးၾကည့္လာၿပီးသူကပါျပန္ၿပဳံးျပလာသည္။
" ဒီေလာက္အလုပ္ရႈပ္ေနတာ ဒီတစ္ခါကေရာဘာစိုက္မွာမို႔လို႔လဲ......"
သူရိန႔္အေမးကိုအၾကည့္ႏွင့္သာအရင္တုံ႔ျပန္ၿပီးလူမိုက္ေကာင္ကသူ႔ေျမအလြတ္ဆီအၾကည့္ျပန္လႊဲကာစကားဆက္သည္။
" ဒီတစ္ေခါက္ေတာ့ႏွမ္းစိုက္မလားလို႔......"
" ႏွမ္း......"
သံေယာင္လိုက္ကာေရ႐ြတ္မိေတာ့လူမိုက္ေကာင္ကခပ္ေျဖးေျဖးေခါင္းညိတ္ျပျပန္တယ္။ သို႔ေသာ္အၾကည့္ကေတာ့ခုနကသူ႔ရဲ႕ေျမအလြတ္ဆီတြင္သာကပ္ၿငိေနဆဲ။
You are reading the story above: TeenFic.Net