EP - 11

Background color
Font
Font size
Line height

Unicode

" ကျစ်! လက်ကဘယ်လိုဖြစ်ရတာလဲ...…"

အပူလောင်သည့်ဒဏ်ရာအားဆေးထည့်ပေးဖို့ပြင်လိုက်မိပေမယ့်‌မြင်လိုက်ရသည့်ပွန်းပဲ့နေသည့်ဒဏ်ရာများနှင့်ယောင်ကိုင်းနေသည့်လက်ဆစ်တွေကြောင့်လူကအမေးထုတ်နေရခြင်း။ ပုံမှန်ဆိုရှည်သွယ်ပြီးကြည့်ကောင်းလွန်းတဲ့လက်ဆစ်တွေကအခုတော့ပွန်းပဲ့ပြီးသွေးစတချို့ရှိနေသည်မှာမြင်လို့တောင်မကောင်း။ အပူပါလောင်ထားတာကြောင့်ထင် ၊ နီရဲပြီးပိုဆိုးသည့်အခြေအနေဖြစ်နေလေသည်။ စိုးရိမ်တဲ့စိတ်အခံကြောင့်ငေါက်သလိုမေးမိတော့ထုံးစံအတိုင်းမျက်နှာသေနှင့်ခေါင်းငုံ့သွားပြန်တဲ့လူမိုက်ကောင်။

" ငါမေးနေတယ်လေကွာ......"

" ဒီလိုပဲဖြစ်တာ......"

ပြန်ဖြေလာတဲ့အသံကခပ်တိုးတိုး။ ဒဏ်ရာမရှိသည့်ဘယ်ဘက်လက်ကိုခပ်တင်းတင်းဆုပ်ထားပုံအရတော့လူမိုက်ကောင်စိတ်ထဲတစ်ခုခုတော့ခံစားနေရဟန်တူသည်။
တစ်ခုခုဆိုအမြဲမျက်နှာသေနှင့်နေတတ်တဲ့လူမိုက်ကောင်ကိုဘာကြောင့်မှန်းမသိကြာလေကြာလေဆူပုတ်ပုတ်မျက်နှာလေးလို့ပဲမြင်နေမိတာကတော့ခက်တာပါပဲ......။

သူရိန်ခပ်ဖွဖွပြုံးလိုက်ရင်းလွှဲထားသည့်ဂျစ်တစ်တစ်နှင့်ဆူပုတ်ပုတ်မျက်နှာအားလက်နှစ်ဖက်နှင့်အုပ်ကိုင်ပြီးဆွဲလှည့်၍မျက်နှာချင်းဆိုင်စေလိုက်သည်။ အခုလေးတင်ဆူ ၊ အခုလေးတင်ပဲပြန်ချော့သလိုဖြစ်နေသည့်သူရိန့်ပုံစံကထူးဆန်းနေမလားတော့မသိပေမယ့်လို့လူမိုက်ကောင်ကိုကဒီလိုမျိုးထူးဆန်းတဲ့သူပဲမဟုတ်ဘူးလား။
အဲ့ဒီ့တော့ငါတို့ကလိုက်ဖက်တယ်လေ......။

" ပြောပါဦး ဘာကိုဘယ်လိုပဲဖြစ်သလဲ......"

မေးတစ်ချက်ဆတ်ပြရင်းမျက်ဝန်းကိုစိုက်ကြည့်ကာမေးမိတော့ပြန်ကြည့်လာတဲ့မျက်ဝန်းကခပ်ဝိုင်းဝိုင်း။ မထင်ထားသည့်အခြေအနေကြောင့်ထင်ပါရဲ့ ၊ နှုတ်ခမ်းကပါမဆိုသယောင်လေးပွင့်ဟနေတာများ။
တကယ်ပါပဲ...ဆွဲကိုက်ပစ်လိုက်ရ......။

" ပြောလေဗျ ဒီလိုမျိုးလက်လှလှလေးကိုပျက်ဆီးပြီးကြည့်မကောင်းအောင်လုပ်ရတဲ့အကြောင်းအရင်းကဘာလဲဆိုတာ......"

" ဘာ...ဘာမှမဟုတ်ပါဘူးဆိုခင်ဗျားရာ......"

လက်ကိုခပ်ဖြေးဖြေးဆွဲဖယ်ရင်းအကြည့်လွှဲသွားပြန်တဲ့လူမိုက်ကောင်ကြောင့်နဂိုကတည်းကမပြေသေးသည့်ဒေါသအခံလေးကထောင်းခနဲ။ အပူလောင်ထားသည့်ညာဘက်လက်ကိုအတင်းဆောင့်ဆွဲယူလိုက်တော့နာသွားလို့ထင် ၊ ' အ ' ခနဲအသံထွက်ကာရှုံ့မဲ့သွားရှာသည်။
ကဲ အဲ့ဒီ့မှာစကားနားမထောင်ချင်ဦး......။

ရေနွေးကအရမ်းပူလွန်းတာကြောင့်တဖြည်းဖြည်းနှင့်အရည်ကြည်ဖုလိုဖြစ်လာတဲ့ဒဏ်ရာတွေကိုကြည့်ရင်းသူရိန်စိတ်မထိန်းနိုင်တော့။ ပေါက်ပြဲနေတဲ့ဒဏ်ရာတွေကပါဂွမ်းနှင့်ဆေးပေးလေပိုဆိုးလာလေဖြစ်လာတဲ့အတွက်လာရင်လက်တစ်ခုလုံးစုတ်ပြတ်သတ်သွားမှာကိုတောင်စိုးရိမ်နေရသည်။

" မင်းကအရူးပဲ...ဘာဖြစ်လို့မင်းကတခြားသူကိုခေါ်ပြီးမကူခိုင်းရတာလဲ ဟမ်...တစ်ယောက်တည်းသယ်နေတာမင်းကိုယ်မင်းများစူပါမန်းထင်နေတာလား......မင်းမှတ်ထား မင်းကဘာကောင်မှဟုတ်မနေဘူးနော်......"

စိတ်တိုတာရောစိုးရိမ်တာရောကြောင့်လက်ကိုဆေးထည့်ကာပတ်တီးစည်းပေးနေရင်းဒုတိယအခါအဖြစ်တရစပ်ပြောနေမိပြန်တော့ထုံပေပေမျက်နှာပေးနှင့်ထိုင်ရင်းသူ့ကိုပြောတာမဟုတ်သလိုပေကပ်ကပ်ထိုင်နေပြန်တယ်။ ပတ်တီးကိုတမင်ဖိစည်းပေးကာဒဏ်ရာ‌ကိုအနည်းငယ်ဖိပစ်လိုက်တော့ဆတ်ခနဲတွန့်ချိုးသွားသည့်မျက်ခုံးတန်းနှစ်ဖက်။
နေချင်ဦးလေ...မကြားချင်ယောင်ဆောင်ချင်ဦးလေ.....။

" ခင်ဗျားမစည်းပေးနဲ့တော့......"

" ငါစည်းပေးတော့ဘာဖြစ်လို့လဲ......"

လက်ကိုပိုဆွဲယူရင်းပြောလိုက်တော့ရှုံ့မဲ့နေတဲ့မျက်နှာထားနဲ့ပဲပြောလာပြန်တာက ' ခင်ဗျားစည်းပေးတာနာတယ် ' တဲ့လေ။
အင်းလေ ငါကလည်းနာအောင်တမင်စည်းပေးတာပဲကို......။

" ပြီးရင်ထမင်းသွားစားကြမယ်...မင်းဘာမှမစားရသေးဘူးမဟုတ်လား......"

" မစားချင်ဘူး....."

" ဘာကိုမစားချင်တာလဲ ငါ့စကားနားထောင်......"

" ကျုပ်ကဘာကောင်မှမဟုတ်သလိုခင်ဗျားကရောဘယ်သူမို့လို့လဲ...နားမထောင်နိုင်ဘူး......"

ပြောပြောဆိုဆိုနှင့်လက်ကိုပြန်ရုတ်သွားတဲ့လူမိုက်ကောင်ကြောင့်ဘာကြောင့်မှန်းမသိရင်ထဲနင့်ခနဲ။ စည်းလက်စပတ်တီးစကိုသူ့ဘာသာမရမကအပြီးသတ်စည်းနေပြန်တာကြောင့်ခေါင်းအသာငုံ့ကာသာကိုယ့်ဘက်ကငြိမ်သက်နေလိုက်ရသည်။

တကယ်တမ်းတွေးကြည့်ရင်ဟုတ်တော့လည်းဟုတ်သား။ ကိုယ်နဲ့သူနဲ့ကဘာများသက်ဆိုင်လို့အမိန့်တွေသွားပေးမိနေတာပါလိမ့်။ တကယ်ဆိုသူကကိုယ့်ကိုခင်မင်ပြီးကူညီပေးနေတဲ့ရွာခံ။ ကိုယ်ကလည်းဒီရွာကိုလာတဲ့ဧည့်သည်တစ်ဖြစ်လဲပရဟိတကျောင်းဆရာ။
အိမ်း...မဆီမဆိုင်အမိန့်တွေပေးပြီးဝင်ပါနေမိတာပဲ။

" ခင်ဗျား......"

ချက်ချင်းဆိုသလိုငြိမ်ကျသွားတဲ့သူကြောင့်ညဥ့်ယံပတ်တီးကိုဖြစ်သလိုသာစည်းလိုက်ပြီးထိုလူ့မျက်နှာကိုအကဲခတ်ရတော့သည်။ မျက်နှာလေးကိုကြည့်ပါမယ်ဆိုကာမှခေါင်းအတင်းငုံ့ထားပြန်တဲ့သူကြောင့်အတင်းခေါင်းစောင်းကာကြည့်ရင်းခေါ်မိပေမယ့်ထိုသူ့ခေါင်းကပြန်မော့မလာသေး။

တကယ်တမ်းဆိုဒီလူ့ကိုတိတ်ဆိတ်သွားစေဖို့မရည်ရွယ်မိတာအမှန်ပါ။ ' ဘာကောင်မှမဟုတ်ဘူး ' ဆိုတဲ့စကားလုံးကိုသဘောမကျကြောင်းသိစေချင်ရုံသက်သက်ပဲ။ တခြားသူတွေနဲ့ဆိုဒီစကားလုံးမျိုးကြားဖူးနေကျဆိုပေမယ့်လည်းဒီလူနဲ့ကျမှထူးဆန်းကာသဘောမကျမိနေတာဘာကြောင့်မှန်းကိုယ်တိုင်လည်းမသိ။

အစိုးမရတဲ့ဒီစိတ်ကခင်ဗျားရဲ့အရေးပါတဲ့သူဖြစ်ချင်နေပြန်ပြီခင်ဗျားရယ်...ခက်ပါပေ့......။

" ခင်ဗျားရေ......"

" အင်း......"

ဒီတစ်ခေါက်မှမျက်လုံးတစ်ချက်စွေကြည့်လာပြီးပြန်အသံပြုလာတဲ့ထိုသူ။ ဒုက္ခပါပဲခင်ဗျားရာ...စိတ်ဆိုးပြီးတော့စကားမပြောဘဲတော့မနေနိုင်လိုက်ပါနဲ့။ ကျုပ်မနေတတ်ဘူးလေ။

" ကျုပ်ကိုစိတ်ဆိုးသွားတာလား......"

မချင့်မရဲမေးမိတော့ဒီတစ်ခါလည်းတိတ်ဆိတ်သွားတာကြောင့်လူကမသိမသာသက်ပြင်းခိုးချမိသည်။ ဆိတ်ဆိတ်နေခြင်းဆိုသည်ကလည်းဝန်ခံခြင်းတစ်မျိုးပဲဖြစ်ပေတာမို့သေချာပေါက်ဒီလူစိတ်ဆိုးသွားတာပေါ့။

" စိတ်မဆိုးပါနဲ့ခင်ဗျားရယ် ကျုပ်ဘယ်လိုချော့ရမလဲမသိဘူး......"

ရုတ်တရက်ကြားလိုက်ရတဲ့စကားကြောင့်သူရိန်နည်းနည်းပင်ပြုံးချင်မိသွားသည်။ အနည်းငယ်ကြောင်တောင်တောင်နိုင်တဲ့စကားဆိုပေမယ့်လို့လေသံအေးအေးလေးနဲ့စိတ်ရင်းအတိုင်းပြောနေတဲ့စကားသံမျိုးပါပင်။ ခေါင်းငုံ့ထားရင်းမှခပ်သာသာမော့ကာလူမိုက်ကောင်ကိုတစ်ချက်ကြည့်မိတော့ငေးကြည့်နေတဲ့မျက်နှာထားကခုနကလိုမဟုတ်တော့။ အရိပ်အကဲခတ်သလိုပုံစံလေး‌နှင့်မျက်နှာငယ်လေးနဲ့ကိုလာ‌ငေးကြည့်နေပြန်တာမျိုး။

" မချော့တတ်ဘူးဆိုတာသေချာလို့လား......"

ခပ်မြန်မြန်ခေါင်းညိတ်ပြလာပုံလေးကမသိရင်ကလေးငယ်လေးတစ်ယောက်အတိုင်း။ မျက်လုံးဝိုင်းလေးတွေနှင့်ခေါင်းလေးတဆတ်ဆတ်ညိတ်ပြနေတာမှတော်ကြာခေါင်းမူးသွားမှဖြင့်ကွာ။

" မယုံပါဘူး......"

ထိုပုံစံလေးကိုတမင်စချင်တာကြောင့်တမင်မျက်နှာလွှဲကာပြောလိုက်တော့အနည်းငယ်စူပုတ်ပုတ်ဖြစ်သွားတဲ့မျက်နှာလေး။ တစ်နည်းအားဖြင့်ဆိုငိုမဲ့မဲ့ပါဖြစ်ချင်နေသေးသယောင်ယောင်။

" ကျုပ်တကယ်ပြောတာပါ...ကျုပ်ငယ်ငယ်ကတည်းကအချော့မခံရဖူးတော့ အဲ့လိုမျိုးစိတ်ဆိုးတဲ့အခါဘယ်လိုချော့ရမလဲဆိုတာကျုပ်သေချာမသိဘူး......ခုနကလည်းခင်ဗျားကိုစိတ်ဆိုးစေဖို့ပြောမိတာမဟုတ်ရပါဘူး ကျုပ်နည်းနည်းစိတ်ထဲတစ်မျိုးဖြစ်သွားလို့ပါ....ချော့စေချင်တယ်ဆိုလည်းခင်ဗျားသင်ပေးလေ ကျုပ်ချော့ကြည့်ပါ့မယ်....."

စကားကိုတိုတိုပြတ်ပြတ်ပဲပြောတတ်တဲ့သူကဒီလိုမျိုးသေသေချာချာပြောလာတာကိုသဘောကျမိပေမယ့်လို့ဒီလိုစကားမျိုးဆိုတော့လည်းလူကစိတ်မကောင်းမိပြန်။ မျက်နှာငယ်လေးနဲ့ခခယယတောင်းပန်နေရတာမျိုးကလူမိုက်ကောင်နဲ့မလိုက်ဖက်ဆုံးပုံစံပဲလို့မှတ်ယူသင့်လောက်လား။

" ငါ့ကိုချော့ချင်တာလား......"

" အင်း......"

" ဒါဆိုသီချင်းဆိုပြ......"

ဘာကြောင့်မှန်းမသိငေးငိုင်သွားတဲ့လူမိုက်ကောင်ကမျက်နှာမကောင်းတော့။ မျက်တောင်ဖျားလေးတွေပါအနည်းငယ်လှုပ်ခတ်သွားသည့်အပြင်ချက်ချင်းဆိုသလိုပတ်တီးမရှိသည့်လက်သီးဆုပ်ကလည်းတင်းခနဲ။

" တခြားဟာခိုင်း......"

ထုံးစံအတိုင်းထွက်ပေါ်လာသည့်တုံးတိတိတိုပြတ်ပြတ်စကားသံ။ သူ့ပုံစံကိုအရိပ်အကဲခတ်မိပေမယ့်လိုအသံလေးကြားချင်မိတာကအဓိကမို့မသိချင်ယောင်ဆောင်ကာသာခေါင်းအသာထပ်မော့ရင်း

" မရဘူး......"

" ကျုပ်ဒူးထောက်တောင်းပန်ဆိုလည်းတောင်းပန်ပါ့မယ်ခင်ဗျားရယ်...ဒါတော့မလုပ်‌လို့မရဘူးလား......"

တကယ်ကိုမျက်နှာမကောင်းဟန်နှင့်အသံနှိမ့်ကာပြောလာတဲ့လူမိုက်ကောင်။ ပုံစံရောအမူအရာရောကအခက်တွေ့ပြီးအဆင်မပြေနေပုံရတာမို့သူရိန်တစ်ထစ်လျှော့မှဖြစ်ပေတော့မည်။
ဟူး...ချစ်ဖို့ကောင်းလို့ငါ့ဘက်ကနေပထမဆုံးစိတ်လျှော့ပေးလိုက်မယ်......။

" မဟုတ်တာ ငါကအဲ့လိုသဘောပြောတာမဟုတ်ပါဘူး...ဒါဆိုငါ့ကိုနေကြာပန်းတွေပွင့်တိုင်းပေးရမယ်ဆိုရင်ရော ဘယ်လိုလဲ......"

ချက်ချင်းဆိုသလိုပြုံးသွားတဲ့လူမိုက်ကောင်ကထုံးစံအတိုင်းငေးချင်စရာကောင်းသည်။ အမြဲလိုလိုပေါ်လာတတ်တဲ့ပါးချိုင့်လေးတွေကမြင်ရခဲပေမယ့်လို့မြင်ရတိုင်းလည်းတကယ့်ကိုနှစ်သက်စရာကောင်းနေတာမျိုး။ ခေါင်းညိတ်ပြလာတဲ့လူမိုက်ကောင်ကိုတုံ့ပြန်ပြုံးလေးပြန်ပြုံးပြရင်သဘောတကျဆက်ငေးနေလိုက်သည်။

ရွှေထက်ရှားတဲ့အပြုံးပိုင်ရှင်ရယ်...နောက်ဆိုမင်းများများပြုံးပါလားကွာ......။

_____________________________________________

ဝါဆိုလပြည့်နေ့ဖြစ်တာကြောင့်သူရိန်မနက်စောစောထကာဘုရားဆွမ်းတော် ၊ ပန်း ၊ ရေချမ်း ၊ ဆီမီးအစုံအလင်ကပ်ကာဖြင့်ဘုရားဝတ်ပြုလိုက်သည်။ တကယ်တော့ဒါကလည်းသူရိန်ရဲ့အကျင့်တစ်ခုပါပင်။ ကျန်တဲ့ရက်တွေမှာသာအအိပ်မက်ချင်မက်မည် ၊ အခါကြီးရက်ကြီးမျိုးဆိုရင်တော့စောစောထကာအရုဏ်ဆွမ်းကပ်ရမှစိတ်ကြည်လင်မိတာမျိုး။ ပြောရရင်အမူအကျင့်အားလုံးထဲကမှအကောင်းဆုံးဆိုတာလေးပေါ့လေ။

ဘုရားရှိခိုးပြီးသည်နှင့်ရေမိုးချိုးကာပြင်ဆင်စရာရှိတာပြင်ဆင်လိုက်ပြီးကုတင်ပေါ်အခေါက်လိုက်တင်ထားသည့်ဆင်စွယ်ရောင်ရှပ်အင်္ကျီလက်ရှည်နှင့်ရွှေညိုရောင်ပုဆိုးကိုကောက်ဝတ်လိုက်သည်။ အသေအချာကျကျနနပြင်ဆင်ပြီးလက်ပတ်နာရီကိုပါကောက်ဝတ်လိုက်သေးတာကြောင့်သူရိန့်ပုံစံကတကယ့်ပွဲလမ်းသဘင်ကြီးသွားမယ့်ပုံပေါက်နေလောက်မှာပင်။

" ဟေ့ကောင်သူရိန် ပြီးပြီလား......"

‌ရုတ်တရက်ကြားလိုက်ရသည့်သွေးမတော်သားမစပ်အဖေလေးဘုန်းခက်လှိုင်းကြောင့်လူကအလိုလိုမျက်ဆံလှန်ကာချီးကျူးထောပနာပြုမိသည်။ တကယ့်ကိုကြည်လင်နေတဲ့မနက်ခင်းနဲ့စိတ်အစဉ်အားအသံဆိုးနဲ့နှိပ်စက်ပြီးညစ်ညူးအောင်ပြုလုပ်နိုင်လွန်းပါဘိ။

" မင်းကလည်းမပြီးသေးဘူးလား ကြာလိုက်တာကွာ...ဟိုမှာနောက်ကျတော့မယ်ကွ ပြီးတော့ဧက, ကလာစောင့်နေတာအားနာစရာကြီး......"

" အားနာရင်မင်းပဲလိုက်သွားလိုက်ပါဘိုးတော်ဘုရားရေ...ငါကတော့အေးအေးဆေးဆေးပြင်ဆင်ပါရစေဦး......"

ပေါက်ပေါက်လာဖောက်နေသူအားလက်ကြယ်သီးတပ်နေရင်းရွဲ့သလိုခနဲ့သလိုလေသံဖြင့်ပြန်အော်ပြောလိုက်တော့မှအပေါက်ပိတ်သွားတော့သည်။ ခဏနေမှ ' ဒါဆိုငါတို့သွားနှင့်ပြီနော်......' လို့အော်ပြောသွားတဲ့သူကြောင့်စိတ်ထဲကနေသာ ' ခပ်မြန်မြန်ကြွ ' ဟုပြန်ပြောလိုက်ပြီးကိုယ်လုပ်စရာကိုယ်ဆက်လုပ်နေလိုက်မိတယ်။
မသိရင်သူ့တစ်ယောက်တည်းအပို့အကြိုလုပ်ပေးမယ့်သူရှိတာကျလို့...ငါ့မှာလည်းရှိတာပဲကို......။

_____________________________________________


တစ်ချိန်ကနေကြာခင်းတွေတည်ရှိရာနေရာအခုတော့ရိတ်သိမ်းထားတာမို့အနည်းငယ်လစ်ဟင်းနေသည့်မြေကွက်လပ်လေးဖြစ်နေသည်။ ပန်းတွေမရှိပေမယ့်လို့ခပ်လှမ်းလှမ်းကမြက်ခင်းစိမ်းတွေရယ် ၊ အသေအချာဆောက်ထားတဲ့တဲလေးရယ် ပြီးတော့အရိပ်ရသစ်ပင်ကြီးရယ်။ ပြောရမယ်ဆိုရင်နေထွက်ချိန်မှာအလှပဆုံးမြင်ကွင်းလေးပဲပေါ့။

သူရိန်ခပ်ဖြေးဖြေးလျှောက်လှမ်းသွားရင်းအိမ်အနားသွားကာဟိုကြည့်ဒီကြည့်ဖြင့်လူမိုက်ကောင်ကိုရှာမိသည်။ တံခါးဖွင့်ထားတဲ့အပြင်ရှင်းလင်းနေတဲ့အိမ်အနေအထားအရလူမိုက်ကောင်ရှိနေလောက်တာသေချာပေမယ့်လို့လူတော့မတွေ့ရ။
တကယ်ပဲဘယ်ရောက်နေတာပါလိမ့်......။

တွေးနှင့်ကိုယ်အတွေးများနေမိတုန်းခပ်သဲ့သဲ့ကြားလိုက်ရတဲ့သံစဉ်တချို့။ တီးလုံးသံစဉ်တချို့ကိုနားဆင်ရင်းသံစဉ်ခေါ်ဆောင်ရာနောက်လိုက်ကာခြေလှမ်းတို့ကလျှောက်သွားမိသည်။ တဖြည်းဖြည်းမြင်ကွင်းထဲပေါ်လာသည့်လူမိုက်ကောင်ရဲ့ပုံရိပ်ကမနက်ခင်းရဲ့နေရောင်ခြည်လိုနွေးထွေးစေပြီးလေပြေအေးလေးလိုလည်းစိတ်ချမ်းမြေ့အေးမြနေစေပြန်တယ်။

' လေ...ပြေညှင်းရယ် ငြိမ်သက်ဆဲ...ညမှာ
  အသာအယာ...တိုးလို့တိုက်ခတ်နေ
  သင်းပျံ့...မွှေးတဲ့ပန်းရနံ့တွေ
  ဆောင်ယူ...သယ်လာ လေညှင်းရယ်... '

ဂစ်တာသံနဲ့ခပ်အေးအေးသီချင်းသံကြောင့်အနားကိုတိုးသထက်တိုးကပ်သွားလိုက်ပြီးသစ်ပင်အောက်မှာထိုင်နေတဲ့လူမိုက်ကောင်ဘေးဝင်ထိုင်မိတော့လူမိုက်ကောင်ကဂစ်တာတီးရင်းမှနေတစ်ချက်မော့ကြည့်လာသည်။ ထို့နောက်အလိုကျစွန့်ကြဲလာပြန်တဲ့အပြုံးတစ်ပွင့်ကိုကိုယ်ကပဲသဘောတကျကောက်ယူသိမ်းဆည်းရင်းကြားရခဲတဲ့သီချင်းသံဆီဆက်နားစွင့်ရပြန်တယ်။

' ပန်းချစ်သူ တို့လက်နဲ့ကွယ်...
  ခူးဆွတ်ဖို့ စိုးရွံ့လို့နေတယ်...
  ဆွတ်ယူမယ် ဟန်ပြင်ကာပင်
  ယုယစွာထွေးပွေ့ထားပါမယ်......
  အသာအယာ...ဆွတ်ယူ
  ရင်မှာ သိမ်း...ထားမယ်

  အိုလေ...ပန်းကလေး တစ်ပွင့်ရယ်
  ပန်း...ကိုချစ်တဲ့ ပန်းချစ်သူ
  ကိုယ်တိုင် ချူကာ ဆွတ်ခူးမယ် '

သီချင်းစာသားအဆုံးမျက်ဝန်းချင်းဆုံကြည့်လာတဲ့လူမိုက်ကောင်ကြောင့်ရုတ်တရက်ရင်ထဲနွေးခနဲ။ ထင်း‌နေသည့်ပါးချိုင့်လေးနှင့်အပြုံးကြောင့်လား ၊ ဂစ်တာပေါ်ပြေးလွှားလှုပ်ရှားနေသည့်လက်ချောင်းရှည်တွေကြောင့်လား။ ဒါမှမဟုတ်ညာဘက်မျက်လုံးထောင့်စွန်းတစ်ဖက်အနည်းငယ်အုပ်ကျနေသည့်ဆံနွယ်တချို့ကြောင့်လား။ အကြောင်းအရင်းရှာမရပေမယ့်လို့သေချာတာကတော့လူမိုက်ကောင်ရဲ့မျက်ဝန်းတွေကသူ့နှလုံးသားထဲအထိလှုပ်ခတ်စေတယ်ဆိုတာကတော့သေချာလွန်းပါ၏။

" ခင်ဗျားရော ပန်းတွေကိုချစ်တတ်လား......"

အဆက်အစပ်မရှိရုတ်တရက်မေးလာတဲ့မေးခွန်းဆိုပေမယ့်လည်းသူရိန်ထိုမျက်ဝန်းတွေကနေတော့အကြည့်မလွှဲမိ။ တုံ့ပြန်အပြုံးတစ်ခုသာပြုံးပြရင်းသာခေါင်းအသာညိတ်ပြရင်းဖြေမိသည်။

" ပန်းတွေကိုလည်းသဘောကျတတ်သလို...ပန်းတွေစိုက်တဲ့သူကိုလည်းချစ်တတ်တယ်......"

သူရိန့်အဖြေကြောင့်လာတော့မသိလူမိုက်ကောင်ရဲ့အပြုံးတွေကပိုအသက်ဝင်လာသလိုလို။ ကြည်လင်နေသည့်မျက်ဝန်းနက်တွေကဆွဲဆောင်မှုရှိရှိယှက်သွယ်ထားသေးတာကြောင့်သူရိန့်ဘက်ကနေစတင်ဖယ်ခွာဖို့တော့အစီအစဉ်မရှိ။
အကယ်၍ဒီလိုမျိုးသာဆက်ငေးနေရလို့ယခုနေထွက်ချိန်ကနေမှနေဝင်ချိန်ကိုပြောင်းလဲသွားရပါသည့်တိုင်ဆိုရင်လည်းဒီမျက်ဝန်းတွေကိုဆက်ပြီးသွယ်ယှက်ထားနေမိဦးမှာပါပဲ။






################################
Song name - ပန်းချစ်သူ
Singer  -  ခင်မောင်တိုး

Zawgyi



" က်စ္! လက္ကဘယ္လိုျဖစ္ရတာလဲ...…"

အပူေလာင္သည့္ဒဏ္ရာအားေဆးထည့္ေပးဖို႔ျပင္လိုက္မိေပမယ့္‌ျမင္လိုက္ရသည့္ပြန္းပဲ့ေနသည့္ဒဏ္ရာမ်ားႏွင့္ေယာင္ကိုင္းေနသည့္လက္ဆစ္ေတြေၾကာင့္လူကအေမးထုတ္ေနရျခင္း။ ပုံမွန္ဆိုရွည္သြယ္ၿပီးၾကည့္ေကာင္းလြန္းတဲ့လက္ဆစ္ေတြကအခုေတာ့ပြန္းပဲ့ၿပီးေသြးစတခ်ိဳ႕ရွိေနသည္မွာျမင္လို႔ေတာင္မေကာင္း။ အပူပါေလာင္ထားတာေၾကာင့္ထင္ ၊ နီရဲၿပီးပိုဆိုးသည့္အေျခအေနျဖစ္ေနေလသည္။ စိုးရိမ္တဲ့စိတ္အခံေၾကာင့္ေငါက္သလိုေမးမိေတာ့ထုံးစံအတိုင္းမ်က္ႏွာေသႏွင့္ေခါင္းငုံ႔သြားျပန္တဲ့လူမိုက္ေကာင္။

" ငါေမးေနတယ္ေလကြာ......"

" ဒီလိုပဲျဖစ္တာ......"

ျပန္ေျဖလာတဲ့အသံကခပ္တိုးတိုး။ ဒဏ္ရာမရွိသည့္ဘယ္ဘက္လက္ကိုခပ္တင္းတင္းဆုပ္ထားပုံအရေတာ့လူမိုက္ေကာင္စိတ္ထဲတစ္ခုခုေတာ့ခံစားေနရဟန္တူသည္။
တစ္ခုခုဆိုအၿမဲမ်က္ႏွာေသႏွင့္ေနတတ္တဲ့လူမိုက္ေကာင္ကိုဘာေၾကာင့္မွန္းမသိၾကာေလၾကာေလဆူပုတ္ပုတ္မ်က္ႏွာေလးလို႔ပဲျမင္ေနမိတာကေတာ့ခက္တာပါပဲ......။

သူရိန္ခပ္ဖြဖြၿပဳံးလိုက္ရင္းလႊဲထားသည့္ဂ်စ္တစ္တစ္ႏွင့္ဆူပုတ္ပုတ္မ်က္ႏွာအားလက္ႏွစ္ဖက္ႏွင့္အုပ္ကိုင္ၿပီးဆြဲလွည့္၍မ်က္ႏွာခ်င္းဆိုင္ေစလိုက္သည္။ အခုေလးတင္ဆူ ၊ အခုေလးတင္ပဲျပန္ေခ်ာ့သလိုျဖစ္ေနသည့္သူရိန႔္ပုံစံကထူးဆန္းေနမလားေတာ့မသိေပမယ့္လို႔လူမိုက္ေကာင္ကိုကဒီလိုမ်ိဳးထူးဆန္းတဲ့သူပဲမဟုတ္ဘူးလား။
အဲ့ဒီ့ေတာ့ငါတို႔ကလိုက္ဖက္တယ္ေလ......။

" ေျပာပါဦး ဘာကိုဘယ္လိုပဲျဖစ္သလဲ......"

ေမးတစ္ခ်က္ဆတ္ျပရင္းမ်က္ဝန္းကိုစိုက္ၾကည့္ကာေမးမိေတာ့ျပန္ၾကည့္လာတဲ့မ်က္ဝန္းကခပ္ဝိုင္းဝိုင္း။ မထင္ထားသည့္အေျခအေနေၾကာင့္ထင္ပါရဲ႕ ၊ ႏႈတ္ခမ္းကပါမဆိုသေယာင္ေလးပြင့္ဟေနတာမ်ား။
တကယ္ပါပဲ...ဆြဲကိုက္ပစ္လိုက္ရ......။

" ေျပာေလဗ် ဒီလိုမ်ိဳးလက္လွလွေလးကိုပ်က္ဆီးၿပီးၾကည့္မေကာင္းေအာင္လုပ္ရတဲ့အေၾကာင္းအရင္းကဘာလဲဆိုတာ......"

" ဘာ...ဘာမွမဟုတ္ပါဘူးဆိုခင္ဗ်ားရာ......"

လက္ကိုခပ္ေျဖးေျဖးဆြဲဖယ္ရင္းအၾကည့္လႊဲသြားျပန္တဲ့လူမိုက္ေကာင္ေၾကာင့္နဂိုကတည္းကမေျပေသးသည့္ေဒါသအခံေလးကေထာင္းခနဲ။ အပူေလာင္ထားသည့္ညာဘက္လက္ကိုအတင္းေဆာင့္ဆြဲယူလိုက္ေတာ့နာသြားလို႔ထင္ ၊ ' အ ' ခနဲအသံထြက္ကာရႈံ႕မဲ့သြားရွာသည္။
ကဲ အဲ့ဒီ့မွာစကားနားမေထာင္ခ်င္ဦး......။

ေရေႏြးကအရမ္းပူလြန္းတာေၾကာင့္တျဖည္းျဖည္းႏွင့္အရည္ၾကည္ဖုလိုျဖစ္လာတဲ့ဒဏ္ရာေတြကိုၾကည့္ရင္းသူရိန္စိတ္မထိန္းႏိုင္ေတာ့။ ေပါက္ၿပဲေနတဲ့ဒဏ္ရာေတြကပါဂြမ္းႏွင့္ေဆးေပးေလပိုဆိုးလာေလျဖစ္လာတဲ့အတြက္လာရင္လက္တစ္ခုလုံးစုတ္ျပတ္သတ္သြားမွာကိုေတာင္စိုးရိမ္ေနရသည္။

" မင္းကအ႐ူးပဲ...ဘာျဖစ္လို႔မင္းကတျခားသူကိုေခၚၿပီးမကူခိုင္းရတာလဲ ဟမ္...တစ္ေယာက္တည္းသယ္ေနတာမင္းကိုယ္မင္းမ်ားစူပါမန္းထင္ေနတာလား......မင္းမွတ္ထား မင္းကဘာေကာင္မွဟုတ္မေနဘူးေနာ္......"

စိတ္တိုတာေရာစိုးရိမ္တာေရာေၾကာင့္လက္ကိုေဆးထည့္ကာပတ္တီးစည္းေပးေနရင္းဒုတိယအခါအျဖစ္တရစပ္ေျပာေနမိျပန္ေတာ့ထုံေပေပမ်က္ႏွာေပးႏွင့္ထိုင္ရင္းသူ႔ကိုေျပာတာမဟုတ္သလိုေပကပ္ကပ္ထိုင္ေနျပန္တယ္။ ပတ္တီးကိုတမင္ဖိစည္းေပးကာဒဏ္ရာ‌ကိုအနည္းငယ္ဖိပစ္လိုက္ေတာ့ဆတ္ခနဲတြန႔္ခ်ိဳးသြားသည့္မ်က္ခုံးတန္းႏွစ္ဖက္။

ေနခ်င္ဦးေလ...မၾကားခ်င္ေယာင္ေဆာင္ခ်င္ဦးေလ.....။

" ခင္ဗ်ားမစည္းေပးနဲ႔ေတာ့......"

" ငါစည္းေပးေတာ့ဘာျဖစ္လို႔လဲ......"

လက္ကိုပိုဆြဲယူရင္းေျပာလိုက္ေတာ့ရႈံ႕မဲ့ေနတဲ့မ်က္ႏွာထားနဲ႔ပဲေျပာလာျပန္တာက ' ခင္ဗ်ားစည္းေပးတာနာတယ္ ' တဲ့ေလ။
အင္းေလ ငါကလည္းနာေအာင္တမင္စည္းေပးတာပဲကို......။

" ၿပီးရင္ထမင္းသြားစားၾကမယ္...မင္းဘာမွမစားရေသးဘူးမဟုတ္လား......"

" မစားခ်င္ဘူး....."

" ဘာကိုမစားခ်င္တာလဲ ငါ့စကားနားေထာင္......"

" က်ဳပ္ကဘာေကာင္မွမဟုတ္သလိုခင္ဗ်ားကေရာဘယ္သူမို႔လို႔လဲ...နားမေထာင္ႏိုင္ဘူး......"

ေျပာေျပာဆိုဆိုႏွင့္လက္ကိုျပန္႐ုတ္သြားတဲ့လူမိုက္ေကာင္ေၾကာင့္ဘာေၾကာင့္မွန္းမသိရင္ထဲနင့္ခနဲ။ စည္းလက္စပတ္တီးစကိုသူ႔ဘာသာမရမကအၿပီးသတ္စည္းေနျပန္တာေၾကာင့္ေခါင္းအသာငုံ႔ကာသာကိုယ့္ဘက္ကၿငိမ္သက္ေနလိုက္ရသည္။

တကယ္တမ္းေတြးၾကည့္ရင္ဟုတ္ေတာ့လည္းဟုတ္သား။ ကိုယ္နဲ႔သူနဲ႔ကဘာမ်ားသက္ဆိုင္လို႔အမိန႔္ေတြသြားေပးမိေနတာပါလိမ့္။ တကယ္ဆိုသူကကိုယ့္ကိုခင္မင္ၿပီးကူညီေပးေနတဲ့႐ြာခံ။ ကိုယ္ကလည္းဒီ႐ြာကိုလာတဲ့ဧည့္သည္တစ္ျဖစ္လဲပရဟိတေက်ာင္းဆရာ။
အိမ္း...မဆီမဆိုင္အမိန႔္ေတြေပးၿပီးဝင္ပါေနမိတာပဲ။

" ခင္ဗ်ား......"

ခ်က္ခ်င္းဆိုသလိုၿငိမ္က်သြားတဲ့သူေၾကာင့္ညဥ့္ယံပတ္တီးကိုျဖစ္သလိုသာစည္းလိုက္ၿပီးထိုလူ႔မ်က္ႏွာကိုအကဲခတ္ရေတာ့သည္။ မ်က္ႏွာေလးကိုၾကည့္ပါမယ္ဆိုကာမွေခါင္းအတင္းငုံ႔ထားျပန္တဲ့သူေၾကာင့္အတင္းေခါင္းေစာင္းကာၾကည့္ရင္းေခၚမိေပမယ့္ထိုသူ႔ေခါင္းကျပန္ေမာ့မလာေသး။

တကယ္တမ္းဆိုဒီလူ႔ကိုတိတ္ဆိတ္သြားေစဖို႔မရည္႐ြယ္မိတာအမွန္ပါ။ ' ဘာေကာင္မွမဟုတ္ဘူး ' ဆိုတဲ့စကားလုံးကိုသေဘာမက်ေၾကာင္းသိေစခ်င္႐ုံသက္သက္ပဲ။ တျခားသူေတြနဲ႔ဆိုဒီစကားလုံးမ်ိဳးၾကားဖူးေနက်ဆိုေပမယ့္လည္းဒီလူနဲ႔က်မွထူးဆန္းကာသေဘာမက်မိေနတာဘာေၾကာင့္မွန္းကိုယ္တိုင္လည္းမသိ။

အစိုးမရတဲ့ဒီစိတ္ကခင္ဗ်ားရဲ႕အေရးပါတဲ့သူျဖစ္ခ်င္ေနျပန္ၿပီခင္ဗ်ားရယ္...ခက္ပါေပ့......။

" ခင္ဗ်ားေရ......"

" အင္း......"

ဒီတစ္ေခါက္မွမ်က္လုံးတစ္ခ်က္ေစြၾကည့္လာၿပီးျပန္အသံျပဳလာတဲ့ထိုသူ။ ဒုကၡပါပဲခင္ဗ်ားရာ...စိတ္ဆိုးၿပီးေတာ့စကားမေျပာဘဲေတာ့မေနႏိုင္လိုက္ပါနဲ႔။ က်ဳပ္မေနတတ္ဘူးေလ။

" က်ဳပ္ကိုစိတ္ဆိုးသြားတာလား......"

မခ်င့္မရဲေမးမိေတာ့ဒီတစ္ခါလည္းတိတ္ဆိတ္သြားတာေၾကာင့္လူကမသိမသာသက္ျပင္းခိုးခ်မိသည္။ ဆိတ္ဆိတ္ေနျခင္းဆိုသည္ကလည္းဝန္ခံျခင္းတစ္မ်ိဳးပဲျဖစ္ေပတာမို႔ေသခ်ာေပါက္ဒီလူစိတ္ဆိုးသြားတာေပါ့။

" စိတ္မဆိုးပါနဲ႔ခင္ဗ်ားရယ္ က်ဳပ္ဘယ္လိုေခ်ာ့ရမလဲမသိဘူး......"

႐ုတ္တရက္ၾကားလိုက္ရတဲ့စကားေၾကာင့္သူရိန္နည္းနည္းပင္ၿပဳံးခ်င္မိသြားသည္။ အနည္းငယ္ေၾကာင္ေတာင္ေတာင္ႏိုင္တဲ့စကားဆိုေပမယ့္လို႔ေလသံေအးေအးေလးနဲ႔စိတ္ရင္းအတိုင္းေျပာေနတဲ့စကားသံမ်ိဳးပါပင္။ ေခါင္းငုံ႔ထားရင္းမွခပ္သာသာေမာ့ကာလူမိုက္ေကာင္ကိုတစ္ခ်က္ၾကည့္မိေတာ့ေငးၾကည့္ေနတဲ့မ်က္ႏွာထားကခုနကလိုမဟုတ္ေတာ့။ အရိပ္အကဲခတ္သလိုပုံစံေလး‌ႏွင့္မ်က္ႏွာငယ္ေလးနဲ႔ကိုလာ‌ေငးၾကည့္ေနျပန္တာမ်ိဳး။

" မေခ်ာ့တတ္ဘူးဆိုတာေသခ်ာလို႔လား......"

ခပ္ျမန္ျမန္ေခါင္းညိတ္ျပလာပုံေလးကမသိရင္ကေလးငယ္ေလးတစ္ေယာက္အတိုင္း။ မ်က္လုံးဝိုင္းေလးေတြႏွင့္ေခါင္းေလးတဆတ္ဆတ္ညိတ္ျပေနတာမွေတာ္ၾကာေခါင္းမူးသြားမွျဖင့္ကြာ။

" မယုံပါဘူး......"

ထိုပုံစံေလးကိုတမင္စခ်င္တာေၾကာင့္တမင္မ်က္ႏွာလႊဲကာေျပာလိုက္ေတာ့အနည္းငယ္စူပုတ္ပုတ္ျဖစ္သြားတဲ့မ်က္ႏွာေလး။ တစ္နည္းအားျဖင့္ဆိုငိုမဲ့မဲ့ပါျဖစ္ခ်င္ေနေသးသေယာင္ေယာင္။

" က်ဳပ္တကယ္ေျပာတာပါ...က်ဳပ္ငယ္ငယ္ကတည္းကအေခ်ာ့မခံရဖူးေတာ့ အဲ့လိုမ်ိဳးစိတ္ဆိုးတဲ့အခါဘယ္လိုေခ်ာ့ရမလဲဆိုတာက်ဳပ္ေသခ်ာမသိဘူး......ခုနကလည္းခင္ဗ်ားကိုစိတ္ဆိုးေစဖို႔ေျပာမိတာမဟုတ္ရပါဘူး က်ဳပ္နည္းနည္းစိတ္ထဲတစ္မ်ိဳးျဖစ္သြားလို႔ပါ....ေခ်ာ့ေစခ်င္တယ္ဆိုလည္းခင္ဗ်ားသင္ေပးေလ က်ဳပ္ေခ်ာ့ၾကည့္ပါ့မယ္....."

စကားကိုတိုတိုျပတ္ျပတ္ပဲေျပာတတ္တဲ့သူကဒီလိုမ်ိဳးေသေသခ်ာခ်ာေျပာလာတာကိုသေဘာက်မိေပမယ့္လို႔ဒီလိုစကားမ်ိဳးဆိုေတာ့လည္းလူကစိတ္မေကာင္းမိျပန္။ မ်က္ႏွာငယ္ေလးနဲ႔ခခယယေတာင္းပန္ေနရတာမ်ိဳးကလူမိုက္ေကာင္နဲ႔မလိုက္ဖက္ဆုံးပုံစံပဲလို႔မွတ္ယူသင့္ေလာက္လား။

" ငါ့ကိုေခ်ာ့ခ်င္တာလား......"

" အင္း......"

" ဒါဆိုသီခ်င္းဆိုျပ......"

ဘာေၾကာင့္မွန္းမသိေငးငိုင္သြားတဲ့လူမိုက္ေကာင္ကမ်က္ႏွာမေကာင္းေတာ့။ မ်က္ေတာင္ဖ်ားေလးေတြပါအနည္းငယ္လႈပ္ခတ္သြားသည့္အျပင္ခ်က္ခ်င္းဆိုသလိုပတ္တီးမရွိသည့္လက္သီးဆုပ္ကလည္းတင္းခနဲ။

" တျခားဟာခိုင္း......"

ထုံးစံအတိုင္းထြက္ေပၚလာသည့္တုံးတိတိတိုျပတ္ျပတ္စကားသံ။ သူ႔ပုံစံကိုအရိပ္အကဲခတ္မိေပမယ့္လိုအသံေလးၾကားခ်င္မိတာကအဓိကမို႔မသိခ်င္ေယာင္ေဆာင္ကာသာေခါင္းအသာထပ္ေမာ့ရင္း

" မရဘူး......"

" က်ဳပ္ဒူးေထာက္ေတာင္းပန္ဆိုလည္းေတာင္းပန္ပါ့မယ္ခင္ဗ်ားရယ္...ဒါေတာ့မလုပ္‌လို႔မရဘူးလား......"

တကယ္ကိုမ်က္ႏွာမေကာင္းဟန္ႏွင့္အသံႏွိမ့္ကာေျပာလာတဲ့လူမိုက္ေကာင္။ ပုံစံေရာအမူအရာေရာကအခက္ေတြ႕ၿပီးအဆင္မေျပေနပုံရတာမို႔သူရိန္တစ္ထစ္ေလွ်ာ့မွျဖစ္ေပေတာ့မည္။
ဟူး...ခ်စ္ဖို႔ေကာင္းလို႔ငါ့ဘက္ကေနပထမဆုံးစိတ္ေလွ်ာ့ေပးလိုက္မယ္......။

" မဟုတ္တာ ငါကအဲ့လိုသေဘာေျပာတာမဟုတ္ပါဘူး...ဒါဆိုငါ့ကိုေနၾကာပန္းေတြပြင့္တိုင္းေပးရမယ္ဆိုရင္ေရာ ဘယ္လိုလဲ......"

ခ်က္ခ်င္းဆိုသလိုၿပဳံးသြားတဲ့လူမိုက္ေကာင္ကထုံးစံအတိုင္းေငးခ်င္စရာေကာင္းသည္။ အၿမဲလိုလိုေပၚလာတတ္တဲ့ပါးခ်ိဳင့္ေလးေတြကျမင္ရခဲေပမယ့္လို႔ျမင္ရတိုင္းလည္းတကယ့္ကိုႏွစ္သက္စရာေကာင္းေနတာမ်ိဳး။ ေခါင္းညိတ္ျပလာတဲ့လူမိုက္ေကာင္ကိုတုံ႔ျပန္ၿပဳံးေလးျပန္ၿပဳံးျပရင္သေဘာတက်ဆက္ေငးေနလိုက္သည္။

ေ႐ႊထက္ရွားတဲ့အၿပဳံးပိုင္ရွင္ရယ္...ေနာက္ဆိုမင္းမ်ားမ်ားၿပဳံးပါလားကြာ......။

_____________________________________________

ဝါဆိုလျပည့္ေန႔ျဖစ္တာေၾကာင့္သူရိန္မနက္ေစာေစာထကာဘုရားဆြမ္းေတာ္ ၊ ပန္း ၊ ေရခ်မ္း ၊ ဆီမီးအစုံအလင္ကပ္ကာျဖင့္ဘုရားဝတ္ျပဳလိုက္သည္။ တကယ္ေတာ့ဒါကလည္းသူရိန္ရဲ႕အက်င့္တစ္ခုပါပင္။ က်န္တဲ့ရက္ေတြမွာသာအအိပ္မက္ခ်င္မက္မည္ ၊ အခါႀကီးရက္ႀကီးမ်ိဳးဆိုရင္ေတာ့ေစာေစာထကာအ႐ုဏ္ဆြမ္းကပ္ရမွစိတ္ၾကည္လင္မိတာမ်ိဳး။ ေျပာရရင္အမူအက်င့္အားလုံးထဲကမွအေကာင္းဆုံးဆိုတာေလးေပါ့ေလ။

ဘုရားရွိခိုးၿပီးသည္ႏွင့္ေရမိုးခ်ိဳးကာျပင္ဆင္စရာရွိတာျပင္ဆင္လိုက္ၿပီးကုတင္ေပၚအေခါက္လိုက္တင္ထားသည့္ဆင္စြယ္ေရာင္ရွပ္အက်ႌလက္ရွည္ႏွင့္ေ႐ႊညိဳေရာင္ပုဆိုးကိုေကာက္ဝတ္လိုက္သည္။ အေသအခ်ာက်က်နနျပင္ဆင္ၿပီးလက္ပတ္နာရီကိုပါေကာက္ဝတ္လိုက္ေသးတာေၾကာင့္သူရိန႔္ပုံစံကတကယ့္ပြဲလမ္းသဘင္ႀကီးသြားမယ့္ပုံေပါက္ေနေလာက္မွာပင္။

You are reading the story above: TeenFic.Net