5

Background color
Font
Font size
Line height

Uni...

"မင်းကြီးဘုရား အဘယ့်ကြောင့်အလျင်လိုနေရပါသလဲ"

အဝတ်အစားတို့ကိုအသည်းအသန်ဆင်ယင်နေပါသော ဘုရင်မင်းမြတ် သို့ ခင်ပွန်းဖြစ်သူအား စောဝေ မေးခွန်းထုတ်လိုက်သည်..ဘုရင်မင်းမြတ်က ဒီနေ့အတော့်ကိုဗျာယာခတ်နေသည်လေ...

"ဘာရယ်မရှိဘူး...ကိုယ်တော်သွားမယ်"

ပြတ်သားစွာပြောပြီး ထသွားရန်ပြင်နေသူ၏ လက်မောင်းကိုအသာအယာတွဲခိုလိုက်သည်..

"အရှင် အတူစားတော်တည်ကြမလား"

"နောက်မှပေါ့စောဝေ...နောက်မှပေါ့"

တွဲထားသော လက်ကိုပြန်ဖြုတ်ရင်း ပြုံးကာဆိုလာသူကြောင့် စောဝေစိတ်ထဲအလိုမကျဖြစ်သွားသည်..မသိသာမသာလေးမဲ့ရင်း..

"အရှင် စောဝေကိုမေတ္တာမှရှိပါရဲ့လား..အများပြောသလို မျိုးဆက်ကြောင့်ပဲလား"

"မဟုတ်တန်ရာ စောဝေ ကိုယ်တော်စောဝေအပေါ်မေတ္တာရှိပါတယ်...ကဲကဲ အချိန်လင့်တော့မယ်..ကိုယ်တော်သွားပြီ"

စောဝေ ပြန်ပြုံးရုံသာတတ်နိုင်ခဲ့ပြီး အရိုအသေပေးလိုက်သည်..ထိုအခါ အရှင်ကခေါင်းတစ်ချက်ငြိမ့် အသိအမှတ်ပြုပြီးခပ်သုတ်သုတ်ထွက်သွားလေတော့သည်..

"ကိုယ်လုပ်တော်ရောကို သည့်လောက်နှစ်သက်သလား..ဒါဖြင့်လဲ ညရေးညတာသူ့ဆီနေပါတော့လား"

ပျောက်ကွယ်သွားပြီဖြစ်သော အရှင့်ကို မကျေမနပ်အပြစ်တင်လိုက်သည်...
သိတာပေါ့..စောဝေ ကောင်းကောင်းသိတာပေါ့..ကြင်ရောဆိုတဲ့ ကိုယ်လုပ်တော်ဆီမလား...

တစ်ညတာလုံးညည်းညူနေသော နာမသည် ကြင်ရောသာဖြစ်ခဲ့သည်...အရှင့် ခြေတော်တင်ခံရသည့် ဒီအမျိုးသမီးက တခြားအမျိုးသမီးနာမည်အောက် ကျရောက်နေသည်ကို နှစ်သက်နေနိုင်ပါ့လား...
ကြင်ရောဟူသော အမည်နာမအားမရင်းနှီးသော်ငြား ရော ဟူသော ကိုယ်လုပ်တော်ကို ရည်ညွှန်းကြောင်းကောင်းကောင်းနားလည်ပါရဲ့....
ဒါနဲ့ကြင်ရောဆိုတဲ့ နာမကိုရင်းနှီးနေသလိုပဲ....

"သည်တော့ ကိုယ်လုပ်တော်ရောက ဘာလို့ ကြင်ရောဆိုတဲ့ နာမကို ကွယ်ဝှက်ထားရတာလဲ...အရှင်နဲ့ရော ဘယ်လိုပါတ်သက်တာလဲ..ကြည့်ရတာ သူတို့က ကျေးဇူးရှင်နှင့်ကျေးဇူးကြွေးဆပ်သည့် ဆက်ဆံရေးမကနိုင်ဘူး....အင်း..သခင့်ကိုအသိပေးရမယ်..."

.
.
.
"ကြင်ရော...!

အိပ်ယာထက်ဝယ်ဒူးတုပ်ထိုင်လျက် ခေါင်းငိုက်စိုက်ကျနေသော ကြင်ရောသည် သက်တိုးမင်းထင်အသံကြားတော့ အံ့သြတကြီးမော့ကြည့်လာသည်...
မျက်ရည်အရွဲသား မျက်လုံးတို့ ကနီရဲစိုရွှဲနေပြီး နှာထိပ်ကလဲ ထိသည်နှင့် ကြေမွသွားမလားထင်ရအောင် ရဲတွတ်နေသည်...ဆံပင်ကိုဖရိုဖရဲချထားပြီး အဝတ်အထည်တို့ကိုလဲ ယောက်ျားတစ်ယောက်သဖွယ်ဝတ်ဆင်ထားကာ လျော့ရဲလျက်...

"အရှင်လား..အရှင်ရောက်လာတာလား"

လူတစ်ယောက်လုံးကို မြင်နေပါရက်နဲ့ အံ့သြနဘန်းမေးလာသူကြောင့် သက်တိုးမင်းထင်မနေသာတော့ဘဲ အနားသွားကာ ဘေးတွင်ဝင်ထိုင်လိုက်သည်....
ကြင်ရောက တစ်ချက်မျှစောင်းငဲ့ကြည့်ပြီးနောက် ခေါင်းကိုငုံ့လျှိုးသွားလေသည်... သက်တိုးမင်းထင် ကောင်ငယ်လေးအား တယုတယဖက်ပြီး ကောင်ငယ်လေး၏ခေါင်းကို ပုခုံးထက်မှီစေလိုက်သည်...

"အမောင့်ကြင်ရော...ဘာတွေများ ပူပန်နေရသည်လဲ"

ထိုအခါ ကြင်ရောက ပုခုံးထက်မှီထားသောခေါင်းကို ပြန်လည်တည့်မတ်စေလိုက်သည်...အရည်တလဲ့လဲ့တောက်နေသည့် မျက်ဝန်းငယ်မှ မျက်တောင်ဖျားတို့ကို ဖြေညှင်းစွာခတ်ပြီး တိုးလျစွာစကားဆိုလာလေသည်....

"အရှင် မိဖုရားစောင့်နေမယ်ထင်ပါ့...ကြင်ရောကိုအချိန်ဖဲ့ပေးဖို့ မလိုပါဘူး...အရှင်သွားလိုက်ပါ"

ကြင်ရော၏စကားကြောင့် သက်တိုးမင်းထင် တစ်ချက်ပြုံးလိုက်ပြီး ကိုယ်လုံးသေးသေးလေးကို ကိုယ့်ဘက်လှည့်စေကာ မျက်နှာချင်းဆိုင်စေလိုက်သည်..

"ကြင်ရော..ဝန်တိုနေသည်ပဲ"

"မဟုတ်တာ"

"ကြင်ရော မစိုးရွံ့လေနဲ့...ကိုယ်တော်ကကြင်ရောကိုပဲမေတ္တာရှိပါတယ်.."

သဝန်တိုစိတ်ဖြစ်နေသည့်ပုံရသော ကြင်ရောကိုကြည့်ရင်း သက်တိုးမင်းထင်သက်ပြင်းယဲ့ယဲ့လေးချလိုက်သည်..
ကြင်ရော တစ်ညတာလုံးစိတ်မကောင်းဖြစ်နေခဲ့သည်လား....
သက်တိုးမင်းထင်စိတ်မကောင်းဖြစ်ရသလို ဝေခွဲမရလည်းဖြစ်ရသည်...
မိဖုရား...တိုင်းပြည်မျိုးဆက်အတွက်ဟုသာ ရည်ရွယ်ခဲ့သမျှ ရှုမငြီးလောက်တဲ့ အလှမှာငြိတွယ်ရပြီး သိမ်မွေ့သော အနေအထိုင်နဲ့ ထက်မြက်သောမိန်းမပျိုကို မေတ္တာသက်ဝင်ခဲ့သည်...ထို့ထက် ယောက်ျားသားပဲမို့ အထိအတွေ့အယုအယမှာ ပျော်ဝင်မိသည်...
ကြင်ရော...ဆယ်နှစ်တာသံယောဇဥ်ကို ငြိတွယ်ပြီး သိမ်မွေ့သော အလှတရားကိုလက်မလွှတ်နိုင်ခဲ့ပေ...ရိုးသားသောအတွင်းစိတ်နှင့်ပုံစံကိုလဲ မေတ္တာရှိရသည်မို့ ယောက်ျားသားတစ်ယောက်ဖြစ်သည့်တိုင် မရှောင်ဖယ်နိုင်ဘဲ ချစ်ကျွမ်းဝင်ခဲ့ရသည်....

"အရှင် ကြင်ရော ဘာမှမစိုးရွံ့ပါဘူး ဘာမှလဲမခံစားချင်တာမို့ အပြင်ကိုထွက်ပေးလို့ရမလား..ကြင်ရော ဦးညွတ်တောင်းပန်ပါရဲ့.."

ကြင်ရော ဘာရယ်မသိ အရှင့်မျက်နှာကိုမော့ကြည်ဖို့မဝံ့ရဲခဲ့ပေ...အရှင်အမျက်တော်ရှမည်လားမတွေးနိုင်တော့ဘဲ စိတ်ရှိတိုင်းပြောလိုက်တော့သည်..

ကြင်ရောစိတ်တွေမစိုးရတော့ပေ...တစ်ညတာလုံး မအိပ်စက်ခဲ့ရသည့်အပြင် အရှင့်အရိပ်အယောင်တို့ကနှောင့်ယှက်နေခဲ့သည်ကြောင့် စိတ်အစုံကလဲ ကစဥ့်ကလျားဖြစ်ခဲ့ရသည်...

"ကြင်ရော တစ်ခုခုဖြစ်နေလို့လား အမောင့်ကိုပြောပါ"

"မဖြစ်ပါဘူးအရှင်..ကြင်ရော နေထိုင်မကောင်းလို့ပါ"

ပျက်ယွင်းနေသည့်မျက်နှာကို ပြင်ရင်း တည်ငြိမ်စွာပင်ပြောတော့ အရှင့်လက်ဖဝါးနွေးနွေးက နဖူးပေါ်ရောက်လာခဲ့သည်..ကြင်ရော ချက်ချင်းရုန်းလိုက်ပြီး မျက်နှာလွှဲထားလိုက်သည်...

"ကြင်ရော အမောင့်ကိုစိတ်ကွက်နေသည်လား..အမောင်တောင်းပန်ပါရဲ့..မိဖုရားကလဲ ပစ်ထားလို့မရသည်လေ"

"မဟုတ်ဘူးအရှင်..မဟုတ်ပါဘူး ကြင်ရော နေမကောင်းလို့ပါ"

"ဟုတ်ပြီ ကြင်ရော အမောင်ထွက်သွားပေးပါမယ်...ကြင်ရော စိတ်တော်များပြေခဲ့ရင် အ​မောင့်ဆီလှမ်းခဲ့ပါအုန်း"

ကြင်ရောက အရှင့်ကိုဘယ်စိတ်ကွက်နိုင်ပါ့မလဲ..ကြင်ရောက ဝမ်းနည်းနေမိတာပါ..အရှင့်ရဲ့ရွေးချယ်မှုမဖြစ်နိုင်ခဲ့လို့..ဒါထက် အရှင့်နားထပ်ပြီးကပ်တွယ်ခွင့်မရတော့ဘူးမလို့...

"အရှင်~~"

ထွက်သွားတော့မည့်အရှင်အား တိုးလျလျလေးလှမ်းခေါ်တော့ အရှင်က နောက်ပြန်ကြည့်ရင်း ကြင်ရောကိုမေးငေါ့ပြသည်..

"ကြင်ရောမရှိတော့ရင် အရှင်မည်သို့ခံစားရမည်လဲ"

"ကြင်ရော~~"

"အရှင် ကြင်ရောကိုမရွေးချယ်နိုင်ဘူးဆိုလဲ ကြင်ရောကိုထပ်ပြီးဆွဲမထားပါနဲ့ "

"ကြင်ရော အမောင်ကကြင်ရောကိုဆွဲထားတာမဟုတ်တန်ရာ"

"ဘာအကြောင်းဘဲရှိရှိ ကြင်ရောကိုပစ်ပယ်ထားလိုက်ပါ"

"ကြင်ရော ကိစ္စတစ်ခုခုရှိနေသည်မလား..ဘာများလဲ အမောင့်ကိုပြောပါ..အမောင်သိချင်ရဲ့"

အရှင်က အလျင်စလိုပြောရင် ကြင်ရောရဲ့လက်မောင်းနှစ်ဖက်ကိုကိုင်လှုပ်ကာမေးသည်..ကြင်ရော ဘာမှပြန်မပြောပေမယ့် နူးနူးညံ့ညံ့လေးပြုံးပြလိုက်ရင်း ခေါင်းခါလိုက်သည်..အရှင်ကတော့ ကြင်ကောမင်္သါကာဟန်ကြည့်နေလေရဲ့..

"ကြင်ရော..."

"အရှင်... ကြင်ရောအရှင့်ကိုမေတ္တာရှိလှချေရဲ့..သို့ပေမယ့် နောက်ဘဝတွေများရှိလာခဲ့ရင် အရှင်နဲ့တော့ဝေးဝေးရှောင်ချင်မိပါရဲ့"

"အမောင် ကြင်ရောကို နာကျင်မှုတွေပဲ ပေးမိနေသည်ပဲ"

"မဟုတ်ရပါဘူးအရှင်..ကြင်ရောကသာ ကိုယ်တိုင်ကိုနာကျင်စေတာပါ...အရှင်ကကြင်ရောကိုဘယ်လောက်ကြင်နာလိုက်သလဲ"

"ကြင်ရော..အမောင် နောက်ပိုင်းကြင်ရောကိုရွေးချယ်ပါ့မယ်..ကြင်ရော အမောင့်ကိုစိတ်တော် မကွက်ပါနဲ့"

"အရှင့်ကိုစိတ်ကွက်နိုင်ရင် ကောင်းမှာပဲ."

ဆွေးဆွေးမြေ့မြေ့ပြောတော့ အရှင်ကသက်ပြင်းယဲ့ယဲ့ချရင်း ကြင်​ရောကိုထွေးပွေ့လာလေသည်..ဒီတစ်ခါတော့ ကြင်ရောပြန်မထွေးပွေ့မိပါ..

"ကြင်ရောရဲ့မေတ္တာကို အမောင်ခံစားမိပါတယ်..နောက်ပိုင်း အမောင်ကြင်ရောအပေါ် ပိုပြီးကောင်းကောင်းဆက်ဆံပါ့မယ်"

ကြင်ရောဘာစကားမှမဆိုပဲ အရှင့်ကိုမျက်နှာလွှဲထားလိုက်သည်...
အရှင်ပြောတဲ့ နောက်ပိုင်းဆိုတာရှိလာနိုင်ပါ​​တော့​မလား...
.
.

.
ညီလာခံဝယ်...

"ဦးရီးတော် မြတ်မင်းခေါင်စွာ...အရေးကြီးလှတဲ့ အဆိုကဘာများလဲ..အဘယ့်ကြောင့် သည့်လောက် လောနေရတာလဲ.."

ရာဇပလ္လင်ထက် စိုးစံနေသည့် အရှင်က သခင်ကြီးမြတ်မင်းခေါင်စွာအား စိတ်အလိုမကျဟန်ဖြင့်ပြောသောအခါ သခင်ကြီးက မထီသရီရယ်ရင်းပျက်ရယ်ပြုသည်...
ဤတိုင်း ဤပြည်တွင် အရှင့်အား ဤသို့အပြုအမူပြုရဲသူသည် သခင်ကြီးသာရှိမည်ဖြစ်ပြီး ဤသို့သောအပြုအမူကိုခွင့်လွှတ်ပေးသည်မှာလဲ အရှင်သာရှိလိမ့်မည်...

"တူတော်မင်းကြီးကသာ အလျင်လိုနေတာပါ..ကျုပ်ကပြောမှာပေါ့.."

သခင်ကြီးက ပြီတီတီပြောရင်း ကြင်ရောဘက်လှည့်လာသည်မို့ ကြင်ရောအကြည့်လွှဲလိုက်သည်...ကြင်ရောကအပြစ်ရှိသူဖြစ်သည့်အပြင် သခင်ကြီးရဲ့အကြည့်စူးစူးကိုလဲ ခံနိုင်ရည်မရှိခဲ့ပေ...

"ပြောစမ်းပါအုန်း ဘာတွေသည့်လောက်အရေးကြီးနေရသလဲ"

"ဒီကိစ္စက ဒီလူအများကြားထဲမပြောမဖြစ်တဲ့ ကိစ္စပါ"

သခင်ကြီးစကားကြောင့် အရှင်ရော..မိဖုရားရော..ကျန်မှူးမတ်တွေ ပုရောဟိတ်တွေအကုန် သိချင်ဇောကပ်ကာ လှုပ်လှုပ်ရှားရှားဖြစ်သွားပေမယ့် ကြင်ရောကတော့ စိတ်အားငယ်စွာ ခေါင်းကိုကြမ်းထိမတတ်ငုံ့ထားမိသည်..
သခင်ကြီးကကြင်ရောကိုအမှန်အဆုံးသတ်ချင်နေတာပဲ...အရှင်..အရှင်ကရော ဘယ်လိုဆုံးဖြတ်လောက်မလဲ...

"ကျုပ်ရဲ့​မြို့က စားနပ်ရိက္ခာအခက်အခဲရှိနေတယ်..ဒီတစ်ခေါက်ကျုပ်လာတာဒီအရေးကြောင့်ပဲ"

သခင်ကြီး၏စကားကြောင့် ကြင်ရော အံ့သြနဘန်း ခေါင်းမော့ကာ သခင်ကြီးကိုကြည့်လိုက်သည်...

"ကျုပ်​မြို့က နယ်စပ်ပါ... စစ်ရေးစစ်ရာ အချက်အချာလဲဖြစ်တယ်..ဒါ့အပြင် ကျူးကျော်စစ်တွေရှိရင် ကျုပ်တို့တက်ရတဲ့ပြဿနာကမနည်းဘူး"

ကြင်ရောသခင်ကြီးပြောတာတွေကိုနားမလည်ပေမယ့် သခင်ကြီးမျက်နှာကိုစေ့စေ့ကြည့်နေမိသည်..ထင်မှတ်မထားဘဲ သခင်ကြီးက စိတ်ထားကောင်းနေခဲ့တာလား..ပြီးတော့ အလေးနက်ပြောနေတဲ့အချိန် ကြည့်ကောင်းတယ်..
ကြင်ရောကသာ နားမလည်ပါးမလည်ပေမယ့် ကျန်လူများက ခေါင်းတငြိမ့်ငြိမ့်ထောက်ခံနေကြသည်..

"အဲ့တော့ ဦးရီးတော်က နန်းတွင်းကိုအကူညီတောင်းတယ်ပေါ့"

"တပ်သားအရေအတွက်တွေတိုးလာတယ်...တပ်သားအရေအတွက်က နန်းတွင်းကတပ်သားနီးပါးရှိနေပြီ"

သခင်ကြီးစကားကြောင့် အားလုံးကတအံတသြ..နယ်စပ်က တပ်သားက နန်းတွင်းတပ်သားနီးပါးရှိတယ်တဲ့လား..

"အခုတလော ကျွန်တွေရဲ့ကျွန်ဘဝလွတ်မြောက်ရာလမ်းက တပ်ထဲဝင်တာပဲ...အိမ်ကျွန် လယ်ကျွန် အကုန်လုံးက ကျွန်ဘဝထက် တပ်သားဘဝကိုမြင့်မြတ်မှန်းနားလည်နေကြပြီ...သည့်ပြင် ကျွန်ရှင်တွေအတွက် အလျော်အစားကလဲများနေတယ်"

"အဟက်...ကျွန်တွေက သူ့သဘောနဲ့သူဝင်သည်လား ဦးရီးတော် သွေးဆောင်သည်လား...တပ်သားတွေအများကြီးစုနေတာက တိုင်းပြည်အရှင်ဖြစ်တဲ့ ကိုယ်တော့်ကို စိုးရိမ်စိတ်ဝင်စေတယ်..သည်ကို ကိုယ်တော်က ထောက်ပံ့စေချင်သည်လား"

အရှင့်စကားကို ကြင်ရောအလုံးစုံနားမလည်ပေမယ့် သဘောတရားကိုတော့သိပါသည်..သခင်ကြီးဆီမှာ တပ်သားများနေတော့ နိုင်ငံတော်ပုန်ကန်မှုတွေဖြစ်လာနိုင်သည်မို​့ အရှင့ကစိုးရိမ်စိတ်ဝင်နေသည်..သို့ကြောင့် ထောက်ပံ့ပေးဖို့ကိုငြင်းဆန်လိမ့်မည်..

"တူတော်ကအတွေးများနေတာပဲ ကျုပ်ကတူတော်ကိုသစ္စာဖောက်မတဲ့လား"

"ပြောလို့မရသည်ပဲ..ခမည်းတော်တုန်းကလဲ ဦးရီးတော်က အလုံးစုံရိုးရှင်းမနေခဲ့ဘဲ..."

အရှင့်စကားကြောင့် အားလုံးဝေလည်လည်.သူတို့ကြားတစ်ခုခုရှိပုံပဲ..

"အရှင်ထောက်ပံ့မှုမရှိရင် နစ်နာမှာကအရှင်ပါပဲ...စစ်ရေးနယ်မြေ မတောင့်တင်းရင် အခြားတိုင်းပြည်မှ ကျူးကျော်ခံရချိန် တိုင်းပြည်နစ်နာပါလိမ့်မယ်"

တစ်ချိန်လုံးငြိမ်နေခဲ့သည့် မိဖုရားကဝင်ပြောတော့ အရှင်ကတွေးဆဆဖြစ်သွားပြီး ကျန်သူများကတော့ထောက်ခံလေသည်..

"ကိုယ်တော်စဥ်းစားလိုက်မယ်...တော်တော့ ညီလာခံပြီးပြီ"

"နေအုန်း!

ပလ္လင်ပေါ်မှထနေပြီဖြစ်သည့် အရှင့်ကိုအမိန့်ပေးသဖွယ်ပြောလိုက်သူက သခင်ကြီးသာ..

"မြို့ရိုး..သစ်သားမြို့ရိုးက မြို့ကိုလုံးပါးပါးစေလိမ့်မယ်..ကျုံးနှင့်ခိုင်ခံတဲ့မြို့ရိုးနဲ့ မြို့တော်ကိုအကာကွယ်ပေးပါ"

အရှင်ကဘာစကားမှထပ်မပြောတော့ဘဲ ထွက်သွားပြီဖြစ်သည်..နောက် သခင်ကြီးကလဲ ဓားရှည်ကိုကျစ်ကျစ်ပါအောင်ဆုပ်ကာထွက်သွားလေပြီ...
ကြင်ရောလဲ သခင်ကြီးနောက်အမှီပြေးလိုက်လိုက်သည်..

"သခင်ကြီး!

အနည်းငယ်အလှမ်းဝေးသော သခင်ကြီးအားလှမ်းအော်ခေါ်တော့ နောက်လှည့်ကြည့်လာသည်...ကြင်ရောကိုမြင်သည်နဲ့ လျော့တိလျော့ရဲရပ်ပြီးစောင့်နေလေသည်..

"အမိငယ် ကြင်ရော..အာ..ရောပါလား.."

"ဟုတ်. ဟုတ်ကဲ့"

ကြင်ရောဟုခေါ်ပြီးမှ အခေါ်ပြန်ပြောင်းလိုက်သည့် သခင်ကြီး..ကြင်ရောအရိုအသေပေးရင်း သခင်ကြီးကို အကဲခတ်မိသည်..

ဒီနေ့သခင်ကြီးက အနီရောင် ပိတ်အင်္ကျီနှင့်တောင်ရှည်ပုဆိုးကိုဝတ်ဆင်ထားပြီး သျှောင်ထုံးကိုထိပ်တွင်စုထုံးသည်မို​့ အမြင်ဆန်းနေသလို..သို့သော် ခက်ထန်သည့်အကြည့်နှင့်တင်းတင်းစေ့ထားသော နှုတ်ခမ်းပါးတို့ကမပြောင်းလဲ..ပြီးတော့ လက်ထဲမှာ ဓားရှည်ကလဲ မြင်နေကျအတိုင်း..

"ကျေး..ကျေးဇူးတင်ပါတယ်..ကျွန်ုပ်ကို သနားငဲ့ညှာပေးခဲ့လို့"

".မင်းဘာမင်းကြောက်လွန်းနေတာမဟုတ်လော.."

"သခင်ကြီးက မနက်ဖြန်အတွက်ပြင်ထားလို့ခြိမ်းခြောက်ခဲ့သည်ပဲ"

ပက်ခနဲ ပြန်ပြောမိပြီးမှ ကိုယ့်ပါးစပ်ကိုယ်အသာပိတ်လိုက်ရသည်..သူ့ရှေ့ကလူက ကြမ်းတမ်းလှပါတဲ့ဆိုတဲ့ သုံးဘွဲ့ခံမြို့စား သခင်ကြီးလေ...အခန့်မသင့်ရင် ဓားရှည်ကလည်ပင်းထက်နေရာယူနိုင်တယ်..
သခင်ကြီးကတော့ ကြင်ရောကိုစိုက်ကြည့်ပြီး နှုတ်ခမ်းတွန့်ရုံပြုံးသည်..ထိုအပြုံးနှင့်အကြည့်တွေကြားလှောင်ပြောင်ခြင်းတွေတွယ်ငြိနေသည်..

"မနက်ဖြန်တွေအတွက်လို့ ပြောခဲ့တာ...လာမယ့်မနက်ဖြန်တိုင်းအတွက် သတိရှိနေဖို့ပြောတာ...အမိငယ်ရော တုံးအလှချေလား"

မာန်မဲသောစကားအားကြင်ရော စိတ်မစိုးမိပေမယ့် အနည်းငယ်တော့ ရှက်ရွံ့မိသည်..ကိုယ်တကယ်တုံးအပါလား..

"မည်သို့ဖြစ်စေ ကျေးဇူးတင်ပါတယ်..ကြင်..အာ..ရော သခင်ကြီးရဲ့ ငဲ့ညှာမှုကိုမှတ်သားထားပါ့မယ် နောက်..ကျွန်ုပ်ပြောချင်တာ..ဤသည်များဟာ အရှင်နဲ့ဘာမှမသက်ဆိုင်ပါဘူး..အရှင့်ကိုကျွန်ုပ်လိမ်ညာထားခြင်းပါ သည်ကို သခင်ကြီးက အရှင့်ပေါ်အထင်မမှားပါနဲ့ ကျွန်ုပ်နှင့်အရှင့်ကြား ဆက်ဆံရေးက တစ်စုံတရာမပိုပါဘူး"

ကြင်​ရောစကားကြောင့် သခင်ကြီကးဟက်ဟက်ပက်ပက်ရယ်လေသည်.ဘယ်နေရာကများရယ်စရာကောင်းနေခဲ့ပါသလဲ..

"တိုင်းပြည်အရှင်ရဲ့ ပစာပေးမှုကိုအပြည့်ဝရထားတဲ့ ကိုယ်လုပ်တော်ကထူးဆန်းလှပါဘိ..ဆက်ဆံရေးတစ်စုံတရာမရှိဘဲ သည့်လောက်ပစားပေးမတဲ့လား"

ပစားပေးတယ်တဲ့လား..ကြင်ရောနားမလည်ပေ..ကြင်ရောဘယ်နေရာမှ ပစားပေးခံခဲ့ရပါသနည်း..ကြင်ရောကစွန့်ပယ်ခံအမျိုးသားပါ...

"ဘယ်ကိုယ်လုပ်တော်က ညီလာခံတက်ခွင့်ရှိလို့လဲ"

"အမ်...သည်လိုလား.."

"အေး..မင်းနှယ်လူသေးသလို ဦးနှောက်လဲသေးလှပါတကား.."

"......"

"မင်းက ငါအပေါ်ကျေးဇူးကြွေးရှိနေပြီထင်ပါ့.သည်တော့ ငါ့ကိုကျေးဇူးဆပ်ရမယ်မလား"

ကိုင်ထားသော ဓားရှည်ကို ကြင်ရော၏ ပုခုံးပေါ် တင်လိုက်ရင်း မထီသရီမေးသောအခါ ကြင်ရောယောင်နနခေါင်းငြိမ့်ပြလိုက်သည်..

"​မောင်မင်းနှင့်တိုင်းပြည်အရှင်အကြောင်းကို လုံးဝမျက်ကွယ်ပြုလိုက်မယ်..မင်းကငါနဲ့သဘောတူညီချက်တစ်ခုလုပ်!

မာထန်သောစကားမဟုတ်သော်ငြား နူးညံ့မနေဘဲ အမိန့်အာဏာသံတို့ကိန်းအောင်းနေလေသည်..ကြင်ရောထပ်ပြီးခေါင်းငြိမ့်ပြလိုက်သည်..

"ငါနဲ့ညရေးညတာ အတူကုန်ဆုံးပေး!!
.
.
.
အပိုင်းငါးပြီး၏

ရှေးခေတ်အသုံးအနှုန်းမကျွမ်းဝင်တာမို့ ဖတ်ရတာထောက်နေလဲနားလည်ပေးကြပါ..

9.9.2023
By May

.
.
.
Zawgyi

"မင္းႀကီးဘုရား အဘယ့္ေၾကာင့္အလ်င္လိုေနရပါသလဲ"

အဝတ္အစားတို႔ကိုအသည္းအသန္ဆင္ယင္ေနပါေသာ ဘုရင္မင္းျမတ္ သို႔ ခင္ပြန္းျဖစ္သူအား ေစာေဝ ေမးခြန္းထုတ္လိုက္သည္..ဘုရင္မင္းျမတ္က ဒီေန႕အေတာ့္ကိုဗ်ာယာခတ္ေနသည္ေလ...

"ဘာရယ္မရွိဘူး...ကိုယ္ေတာ္သြားမယ္"

ျပတ္သားစြာေျပာၿပီး ထသြားရန္ျပင္ေနသူ၏ လက္ေမာင္းကိုအသာအယာတြဲခိုလိုက္သည္..

"အရွင္ အတူစားေတာ္တည္ၾကမလား"

"ေနာက္မွေပါ့ေစာေဝ...ေနာက္မွေပါ့"

တြဲထားေသာ လက္ကိုျပန္ျဖဳတ္ရင္း ၿပဳံးကာဆိုလာသူေၾကာင့္ ေစာေဝစိတ္ထဲအလိုမက်ျဖစ္သြားသည္..မသိသာမသာေလးမဲ့ရင္း..

"အရွင္ ေစာေဝကိုေမတၱာမွရွိပါရဲ႕လား..အမ်ားေျပာသလို မ်ိဳးဆက္ေၾကာင့္ပဲလား"

"မဟုတ္တန္ရာ ေစာေဝ ကိုယ္ေတာ္ေစာေဝအေပၚေမတၱာရွိပါတယ္...ကဲကဲ အခ်ိန္လင့္ေတာ့မယ္..ကိုယ္ေတာ္သြားၿပီ"

ေစာေဝ ျပန္ၿပဳံး႐ုံသာတတ္နိုင္ခဲ့ၿပီး အရိုအေသေပးလိုက္သည္..ထိုအခါ အရွင္ကေခါင္းတစ္ခ်က္ၿငိမ့္ အသိအမွတ္ျပဳၿပီးခပ္သုတ္သုတ္ထြက္သြားေလေတာ့သည္..

"ကိုယ္လုပ္ေတာ္ေရာကို သည့္ေလာက္ႏွစ္သက္သလား..ဒါျဖင့္လဲ ညေရးညတာသူ႕ဆီေနပါေတာ့လား"

ေပ်ာက္ကြယ္သြားၿပီျဖစ္ေသာ အရွင့္ကို မေက်မနပ္အျပစ္တင္လိုက္သည္...
သိတာေပါ့..ေစာေဝ ေကာင္းေကာင္းသိတာေပါ့..ၾကင္ေရာဆိုတဲ့ ကိုယ္လုပ္ေတာ္ဆီမလား...

တစ္ညတာလုံးညည္းၫူေနေသာ နာမသည္ ၾကင္ေရာသာျဖစ္ခဲ့သည္...အရွင့္ ေျခေတာ္တင္ခံရသည့္ ဒီအမ်ိဳးသမီးက တျခားအမ်ိဳးသမီးနာမည္ေအာက္ က်ေရာက္ေနသည္ကို ႏွစ္သက္ေနနိုင္ပါ့လား...

ၾကင္ေရာဟူေသာ အမည္နာမအားမရင္းႏွီးေသာ္ျငား ေရာ ဟူေသာ ကိုယ္လုပ္ေတာ္ကို ရည္ၫႊန္းေၾကာင္းေကာင္းေကာင္းနားလည္ပါရဲ႕....
ဒါနဲ႕ၾကင္ေရာဆိုတဲ့ နာမကိုရင္းႏွီးေနသလိုပဲ....

"သည္ေတာ့ ကိုယ္လုပ္ေတာ္ေရာက ဘာလို႔ ၾကင္ေရာဆိုတဲ့ နာမကို ကြယ္ဝွက္ထားရတာလဲ...အရွင္နဲ႕ေရာ ဘယ္လိုပါတ္သက္တာလဲ..ၾကည့္ရတာ သူတို႔က ေက်းဇူးရွင္ႏွင့္ေက်းဇူးေႂကြးဆပ္သည့္ ဆက္ဆံေရးမကနိုင္ဘူး....အင္း..သခင့္ကိုအသိေပးရမယ္..."

.
.
.
"ၾကင္ေရာ...!

အိပ္ယာထက္ဝယ္ဒူးတုပ္ထိုင္လ်က္ ေခါင္းငိုက္စိုက္က်ေနေသာ ၾကင္ေရာသည္ သက္တိုးမင္းထင္အသံၾကားေတာ့ အံ့ၾသတႀကီးေမာ့ၾကည့္လာသည္...
မ်က္ရည္အ႐ြဲသား မ်က္လုံးတို႔ ကနီရဲစို႐ႊဲေနၿပီး ႏွာထိပ္ကလဲ ထိသည္ႏွင့္ ေၾကမြသြားမလားထင္ရေအာင္ ရဲတြတ္ေနသည္...ဆံပင္ကိုဖရိုဖရဲခ်ထားၿပီး အဝတ္အထည္တို႔ကိုလဲ ေယာက္်ားတစ္ေယာက္သဖြယ္ဝတ္ဆင္ထားကာ ေလ်ာ့ရဲလ်က္...

"အရွင္လား..အရွင္ေရာက္လာတာလား"

လူတစ္ေယာက္လုံးကို ျမင္ေနပါရက္နဲ႕ အံ့ၾသနဘန္းေမးလာသူေၾကာင့္ သက္တိုးမင္းထင္မေနသာေတာ့ဘဲ အနားသြားကာ ေဘးတြင္ဝင္ထိုင္လိုက္သည္....
ၾကင္ေရာက တစ္ခ်က္မွ်ေစာင္းငဲ့ၾကည့္ၿပီးေနာက္ ေခါင္းကိုငုံ႕လွ်ိုးသြားေလသည္... သက္တိုးမင္းထင္ ေကာင္ငယ္ေလးအား တယုတယဖက္ၿပီး ေကာင္ငယ္ေလး၏ေခါင္းကို ပုခုံးထက္မွီေစလိုက္သည္...

"အေမာင့္ၾကင္ေရာ...ဘာေတြမ်ား ပူပန္ေနရသည္လဲ"

ထိုအခါ ၾကင္ေရာက ပုခုံးထက္မွီထားေသာေခါင္းကို ျပန္လည္တည့္မတ္ေစလိုက္သည္...အရည္တလဲ့လဲ့ေတာက္ေနသည့္ မ်က္ဝန္းငယ္မွ မ်က္ေတာင္ဖ်ားတို႔ကို ေျဖညွင္းစြာခတ္ၿပီး တိုးလ်စြာစကားဆိုလာေလသည္....

"အရွင္ မိဖုရားေစာင့္ေနမယ္ထင္ပါ့...ၾကင္ေရာကိုအခ်ိန္ဖဲ့ေပးဖို႔ မလိုပါဘူး...အရွင္သြားလိုက္ပါ"

ၾကင္ေရာ၏စကားေၾကာင့္ သက္တိုးမင္းထင္ တစ္ခ်က္ၿပဳံးလိုက္ၿပီး ကိုယ္လုံးေသးေသးေလးကို ကိုယ့္ဘက္လွည့္ေစကာ မ်က္ႏွာခ်င္းဆိုင္ေစလိုက္သည္..

"ၾကင္ေရာ..ဝန္တိုေနသည္ပဲ"

"မဟုတ္တာ"

"ၾကင္ေရာ မစိုး႐ြံ႕ေလနဲ႕...ကိုယ္ေတာ္ကၾကင္ေရာကိုပဲေမတၱာရွိပါတယ္.."

သဝန္တိုစိတ္ျဖစ္ေနသည့္ပုံရေသာ ၾကင္ေရာကိုၾကည့္ရင္း သက္တိုးမင္းထင္သက္ျပင္းယဲ့ယဲ့ေလးခ်လိဳက္သည္..
ၾကင္ေရာ တစ္ညတာလုံးစိတ္မေကာင္းျဖစ္ေနခဲ့သည္လား....
သက္တိုးမင္းထင္စိတ္မေကာင္းျဖစ္ရသလို ေဝခြဲမရလည္းျဖစ္ရသည္...
မိဖုရား...တိုင္းျပည္မ်ိဳးဆက္အတြက္ဟုသာ ရည္႐ြယ္ခဲ့သမွ် ရႈမၿငီးေလာက္တဲ့ အလွမွာၿငိတြယ္ရၿပီး သိမ္ေမြ႕ေသာ အေနအထိုင္နဲ႕ ထက္ျမက္ေသာမိန္းမပ်ိဳကို ေမတၱာသက္ဝင္ခဲ့သည္...ထို႔ထက္ ေယာက္်ားသားပဲမို႔ အထိအေတြ႕အယုအယမွာ ေပ်ာ္ဝင္မိသည္...
ၾကင္ေရာ...ဆယ္ႏွစ္တာသံေယာဇဥ္ကို ၿငိတြယ္ၿပီး သိမ္ေမြ႕ေသာ အလွတရားကိုလက္မလႊတ္နိုင္ခဲ့ေပ...ရိုးသားေသာအတြင္းစိတ္ႏွင့္ပုံစံကိုလဲ ေမတၱာရွိရသည္မို႔ ေယာက္်ားသားတစ္ေယာက္ျဖစ္သည့္တိုင္ မေရွာင္ဖယ္နိုင္ဘဲ ခ်စ္ကြၽမ္းဝင္ခဲ့ရသည္....

"အရွင္ ၾကင္ေရာ ဘာမွမစိုး႐ြံ႕ပါဘူး ဘာမွလဲမခံစားခ်င္တာမို႔ အျပင္ကိုထြက္ေပးလို႔ရမလား..ၾကင္ေရာ ဦးၫြတ္ေတာင္းပန္ပါရဲ႕.."

ၾကင္ေရာ ဘာရယ္မသိ အရွင့္မ်က္ႏွာကိုေမာ့ၾကည္ဖို႔မဝံ့ရဲခဲ့ေပ...အရွင္အမ်က္ေတာ္ရွမည္လားမေတြးနိုင္ေတာ့ဘဲ စိတ္ရွိတိုင္းေျပာလိုက္ေတာ့သည္..

ၾကင္ေရာစိတ္ေတြမစိုးရေတာ့ေပ...တစ္ညတာလုံး မအိပ္စက္ခဲ့ရသည့္အျပင္ အရွင့္အရိပ္အေယာင္တို႔ကႏွောင့္ယွက္ေနခဲ့သည္ေၾကာင့္ စိတ္အစုံကလဲ ကစဥ့္ကလ်ားျဖစ္ခဲ့ရသည္...

"ၾကင္ေရာ တစ္ခုခုျဖစ္ေနလို႔လား အေမာင့္ကိုေျပာပါ"

"မျဖစ္ပါဘူးအရွင္..ၾကင္ေရာ ေနထိုင္မေကာင္းလို႔ပါ"

ပ်က္ယြင္းေနသည့္မ်က္ႏွာကို ျပင္ရင္း တည္ၿငိမ္စြာပင္ေျပာေတာ့ အရွင့္လက္ဖဝါးႏြေးႏြေးက နဖူးေပၚေရာက္လာခဲ့သည္..ၾကင္ေရာ ခ်က္ခ်င္း႐ုန္းလိုက္ၿပီး မ်က္ႏွာလႊဲထားလိုက္သည္...

"ၾကင္ေရာ အေမာင့္ကိုစိတ္ကြက္ေနသည္လား..အေမာင္ေတာင္းပန္ပါရဲ႕..မိဖုရားကလဲ ပစ္ထားလို႔မရသည္ေလ"

"မဟုတ္ဘူးအရွင္..မဟုတ္ပါဘူး ၾကင္ေရာ ေနမေကာင္းလို႔ပါ"

"ဟုတ္ၿပီ ၾကင္ေရာ အေမာင္ထြက္သြားေပးပါမယ္...ၾကင္ေရာ စိတ္ေတာ္မ်ားေျပခဲ့ရင္ အ​ေမာင့္ဆီလွမ္းခဲ့ပါအုန္း"

ၾကင္ေရာက အရွင့္ကိုဘယ္စိတ္ကြက္နိုင္ပါ့မလဲ..ၾကင္ေရာက ဝမ္းနည္းေနမိတာပါ..အရွင့္ရဲ႕ေ႐ြးခ်ယ္မႈမျဖစ္နိုင္ခဲ့လို႔..ဒါထက္ အရွင့္နားထပ္ၿပီးကပ္တြယ္ခြင့္မရေတာ့ဘူးမလို႔...

"အရွင္~~"

ထြက္သြားေတာ့မည့္အရွင္အား တိုးလ်လ်ေလးလွမ္းေခၚေတာ့ အရွင္က ေနာက္ျပန္ၾကည့္ရင္း ၾကင္ေရာကိုေမးေငါ့ျပသည္..

"ၾကင္ေရာမရွိေတာ့ရင္ အရွင္မည္သို႔ခံစားရမည္လဲ"

"ၾကင္ေရာ~~"

"အရွင္ ၾကင္ေရာကိုမေ႐ြးခ်ယ္နိုင္ဘူးဆိုလဲ ၾကင္ေရာကိုထပ္ၿပီးဆြဲမထားပါနဲ႕ "

"ၾကင္ေရာ အေမာင္ကၾကင္ေရာကိုဆြဲထားတာမဟုတ္တန္ရာ"

"ဘာအေၾကာင္းဘဲရွိရွိ ၾကင္ေရာကိုပစ္ပယ္ထားလိုက္ပါ"

"ၾကင္ေရာ ကိစၥတစ္ခုခုရွိေနသည္မလား..ဘာမ်ားလဲ အေမာင့္ကိုေျပာပါ..အေမာင္သိခ်င္ရဲ႕"

အရွင္က အလ်င္စလိုေျပာရင္ ၾကင္ေရာရဲ႕လက္ေမာင္းႏွစ္ဖက္ကိုကိုင္လႈပ္ကာေမးသည္..ၾကင္ေရာ ဘာမွျပန္မေျပာေပမယ့္ ႏူးႏူးညံ့ညံ့ေလးၿပဳံးျပလိုက္ရင္း ေခါင္းခါလိုက္သည္..အရွင္ကေတာ့ ၾကင္ေကာမသၤါကာဟန္ၾကည့္ေနေလရဲ႕..

"ၾကင္ေရာ..."

"အရွင္... ၾကင္ေရာအရွင့္ကိုေမတၱာရွိလွေခ်ရဲ႕..သို႔ေပမယ့္ ေနာက္ဘဝေတြမ်ားရွိလာခဲ့ရင္ အရွင္နဲ႕ေတာ့ေဝးေဝးေရွာင္ခ်င္မိပါရဲ႕"

"အေမာင္ ၾကင္ေရာကို နာက်င္မႈေတြပဲ ေပးမိေနသည္ပဲ"

"မဟုတ္ရပါဘူးအရွင္..ၾကင္ေရာကသာ ကိုယ္တိုင္ကိုနာက်င္ေစတာပါ...အရွင္ကၾကင္ေရာကိုဘယ္ေလာက္ၾကင္နာလိုက္သလဲ"

"ၾကင္ေရာ..အေမာင္ ေနာက္ပိုင္းၾကင္ေရာကိုေ႐ြးခ်ယ္ပါ့မယ္..ၾကင္ေရာ အေမာင့္ကိုစိတ္ေတာ္ မကြက္ပါနဲ႕"

"အရွင့္ကိုစိတ္ကြက္နိုင္ရင္ ေကာင္းမွာပဲ."

ေဆြးေဆြးေျမ့ေျမ့ေျပာေတာ့ အရွင္ကသက္ျပင္းယဲ့ယဲ့ခ်ရင္း ၾကင္​ေရာကိုေထြးေပြ႕လာေလသည္..ဒီတစ္ခါေတာ့ ၾကင္ေရာျပန္မေထြးေပြ႕မိပါ..

"ၾကင္ေရာရဲ႕ေမတၱာကို အေမာင္ခံစားမိပါတယ္..ေနာက္ပိုင္း အေမာင္ၾကင္ေရာအေပၚ ပိုၿပီးေကာင္းေကာင္းဆက္ဆံပါ့မယ္"

ၾကင္ေရာဘာစကားမွမဆိုပဲ အရွင့္ကိုမ်က္ႏွာလႊဲထားလိုက္သည္...
အရွင္ေျပာတဲ့ ေနာက္ပိုင္းဆိုတာရွိလာနိုင္ပါ​​ေတာ့​မလား...
.
.
.
ညီလာခံဝယ္...

"ဦးရီးေတာ္ ျမတ္မင္းေခါင္စြာ...အေရးႀကီးလွတဲ့ အဆိုကဘာမ်ားလဲ..အဘယ့္ေၾကာင့္ သည့္ေလာက္ ေလာေနရတာလဲ.."

ရာဇပလႅင္ထက္ စိုးစံေနသည့္ အရွင္က သခင္ႀကီးျမတ္မင္းေခါင္စြာအား စိတ္အလိုမက်ဟန္ျဖင့္ေျပာေသာအခါ သခင္ႀကီးက မထီသရီရယ္ရင္းပ်က္ရယ္ျပဳသည္...
ဤတိုင္း ဤျပည္တြင္ အရွင့္အား ဤသို႔အျပဳအမူျပဳရဲသူသည္ သခင္ႀကီးသာရွိမည္ျဖစ္ၿပီး ဤသို႔ေသာအျပဳအမူကိုခြင့္လႊတ္ေပးသည္မွာလဲ အရွင္သာရွိလိမ့္မည္...

"တူေတာ္မင္းႀကီးကသာ အလ်င္လိုေနတာပါ..က်ဳပ္ကေျပာမွာေပါ့.."

သခင္ႀကီးက ၿပီတီတီေျပာရင္း ၾကင္ေရာဘက္လွည့္လာသည္မို႔ ၾကင္ေရာအၾကည့္လႊဲလိုက္သည္...ၾကင္ေရာကအျပစ္ရွိသူျဖစ္သည့္အျပင္ သခင္ႀကီးရဲ႕အၾကည့္စူးစူးကိုလဲ ခံနိုင္ရည္မရွိခဲ့ေပ...

"ေျပာစမ္းပါအုန္း ဘာေတြသည့္ေလာက္အေရးႀကီးေနရသလဲ"

"ဒီကိစၥက ဒီလူအမ်ားၾကားထဲမေျပာမျဖစ္တဲ့ ကိစၥပါ"

သခင္ႀကီးစကားေၾကာင့္ အရွင္ေရာ..မိဖုရားေရာ..က်န္မႉးမတ္ေတြ ပုေရာဟိတ္ေတြအကုန္ သိခ်င္ေဇာကပ္ကာ လႈပ္လႈပ္ရွားရွားျဖစ္သြားေပမယ့္ ၾကင္ေရာကေတာ့ စိတ္အားငယ္စြာ ေခါင္းကိုၾကမ္းထိမတတ္ငုံ႕ထားမိသည္..
သခင္ႀကီးကၾကင္ေရာကိုအမွန္အဆုံးသတ္ခ်င္ေနတာပဲ...အရွင္..အရွင္ကေရာ ဘယ္လိုဆုံးျဖတ္ေလာက္မလဲ...

"က်ဳပ္ရဲ႕​ၿမိဳ႕က စားနပ္ရိကၡာအခက္အခဲရွိေနတယ္..ဒီတစ္ေခါက္က်ဳပ္လာတာဒီအေရးေၾကာင့္ပဲ"

သခင္ႀကီး၏စကားေၾကာင့္ ၾကင္ေရာ အံ့ၾသနဘန္း ေခါင္းေမာ့ကာ သခင္ႀကီးကိုၾကည့္လိုက္သည္...

"က်ဳပ္​ၿမိဳ႕က နယ္စပ္ပါ... စစ္ေရးစစ္ရာ အခ်က္အခ်ာလဲျဖစ္တယ္..ဒါ့အျပင္ က်ဴးေက်ာ္စစ္ေတြရွိရင္ က်ဳပ္တို႔တက္ရတဲ့ျပႆနာကမနည္းဘူး"

ၾကင္ေရာသခင္ႀကီးေျပာတာေတြကိုနားမလည္ေပမယ့္ သခင္ႀကီးမ်က္ႏွာကိုေစ့ေစ့ၾကည့္ေနမိသည္..ထင္မွတ္မထားဘဲ သခင္ႀကီးက စိတ္ထားေကာင္းေနခဲ့တာလား..ၿပီးေတာ့ အေလးနက္ေျပာေနတဲ့အခ်ိန္ ၾကည့္ေကာင္းတယ္..
ၾကင္ေရာကသာ နားမလည္ပါးမလည္ေပမယ့္ က်န္လူမ်ားက ေခါင္းတၿငိမ့္ၿငိမ့္ေထာက္ခံေနၾကသည္..

"အဲ့ေတာ့ ဦးရီးေတာ္က နန္းတြင္းကိုအကူညီေတာင္းတယ္ေပါ့"

"တပ္သားအေရအတြက္ေတြတိုးလာတယ္...တပ္သားအေရအတြက္က

You are reading the story above: TeenFic.Net