Uni....
"ဦးရီးတော်...ဒီတစ်ခေါက်တော်တော်ကြန့်ကြာပါ့လား"
နန်းတော်တွင် ခစားဝင်ဝင်ချင်း မျက်နှာပြောင်တိုက်စွာပြောလာသော တူတော်မင်းကြီးကြောင့် မြတ်မင်းခေါင်စွာ နှုတ်ခမ်းတို့တွန့်သွားသည်..
"အိမ်တော်မှာ ချစ်စရာကလေးကို စောင့်ရှောက်ပေးနေရသေးတယ်လေ...အရှင်မင်းကြီးက သဘောထားကြီးကြီးနဲ့နားလည်ခွင့်လွှတ်ပေးပါ..."
"ဟက်..ဒါပေါ့..ချစ်စရာကလေးလဲ သူ့ချစ်ရသူရှိတဲ့ နန်းတွင်းကိုလာချင်မပေါ့..ခေါ်လာခဲ့ရမှာကို"
"မဟုတ်ပါဘူး..အရှင်မင်းကြီး...ကလေးငယ်က.မလာချင်သလို ကျုပ်ကိုလဲမသွားစေချင်လို့..ခါထုတ်ခဲ့ရသည်ပါ..ကြည့်ရတာ နန်းတော်ကြီးနှင့်အရှင်ကို စိတ်ကုန်နေပြီထင်ပါ့!
မြတ်မင်းခေါင်စွာ၏ပြန်ချေပစကားကြောင့် သက်တိုးမင်းထင်ခမျာ နှာမှုတ်နေတော့၏..နန်းတွင်းအမှုထမ်းများကတော့ နားမလည်နိုင်ဘဲ ဟိုလူကြည့် ဒီလူကြည့်...
"တော်...ငါကိုယ်တော်..ဦးရီးတော်ကို အ လာပ သလာပပြောဖို့ခေါ်တာမဟုတ်ဘူး..!
"သိပါတယ်အရှင်မင်းကြီး..ကျုပ်ကလဲ ကျုပ်လူ ငထင်ကိုပြန်ခေါ်လာတာပါ..."
မြတ်မင်းခေါင်စွာ၏စကားကြောင့်သက်တိုးမင်းထင်ကရယ်သည်..
"အစောင့်တွေ..အပြစ်သားနှစ်ယောက်ကိုခေါ်ခဲ့ကြစမ်း!
သက်တိုးမင်းထင်အမိန့်ပေးလိုက်တော့ အစောင့်တွေက ငထင်နှင့်စောဝေကိုအခန်းတွင်းသို့ခေါ်ဆောင်လာကြသည်
"သခင်..."
စောဝေတီးတိုးလေးရေရွတ်လိုက်သည်...သူမ သိသားပဲ..သခင်ရောက်လာမှာလို့...
စောဝေသည်လဲ မချိမဆန့်ပြုံးနေသလို ငထင်သည်လဲ စိတ်ကျေနပ်သွားသယောင် မျက်နှာလန်းလာ၏
"တူတော်မင်းကြီး..ဘာကြောင့် ကျုပ်လူကိုဖမ်းထားရသလဲ"
"ဟုတ်ပါ့..ပြောရမယ်...ဦးရီးတော်ရဲ့အစေခံငထင်က ဘယ်သူမှန်းမသိတဲ့ ခွေးလိုကောင်ကိုသခင်တော်ထားတာ..အဲ့ဒီသခင်ဆိုတဲ့အမျိုးယုတ်ကိုစောဝေကချစ်မြတ်နိုးနေပုံပဲ...သိတဲ့အတိုင်းငထင်က စောဝေကို လိုချင်တာ..သည်တော့ ငထင်က သူ့ရဲ့မျိုးမစစ်သခင်ကိုသစ္စာဖောက်..ငါကိုယ်တော်အပေါ် ကျေးဇူးကန်းပြီး ငါ့မိဖုရားကို ခိုးပြေးချင်နေခဲ့တာ...ဟက်...ခက်တာက မိဖုရားက.သူ့ရဲ့ခွေးစိတ်နဲ့သခင်ကိုမြတ်နိုးနေတယ်လေ...သိရဲ့လား..ဦးရီးတော်.သည်မိဖုရားရော အားလုံးပေါင်းပြီး ငါကိုယ်တော်အပေါ်ကို ခွေးကျင့်ခွေးကြံကြံသွားတာ..."
ခွေးချင်းထပ်အောင်ပြောဆိုသွားသော သက်တိုးမင်းထင်၏စကားအဆုံး မြတ်မင်းခေါင်စွာကမထီပြုံးပြုံးလိုက်ပြီး ကျန်အမှုထမ်းများကြား တီးတိုးစကားသံပေါင်းစုံထွက်ပေါ်လာသည်..
"ဦးရီးတော်ရော..သိလား..သည့်ခွေးစိတ်နဲ့မျိုးမစစ်ကောင်ကဘယ်သူလဲဆိုတာ..."
"အင်း..တူတော်မင်းကြီး..ကျုပ်ကခွေးစိတ်နဲ့လူကိုဘယ်လိုသိပါ့မလဲ..အပြစ်သားတွေကိုစစ်မေးလေ..ဘယ့်နှယ်ကြောင့် ဦးရီးတော်ကိုလာမေးရသတုန်း"
"သည့်အပြစ်သားက မောင်မင်းရဲ့အစေခံလေ!!
မာထန်လာပြီဖြစ်သော လေသံကြောင့်အားလုံးကမသိမသာဦးညွတ်သွားကြသည်..သို့သော် မြတ်မင်းခေါင်စွာကတော့ မထီပြုံးပြုံးလျက်ခေါင်းမော့ရင်ကော့နေ၏...
"ကျုပ်လူကိုကျုပ်ကိုယ်တိုင်စစ်မေးမယ်"
မြတ်မင်းခေါင်စွာ၏စကားကြောင့် သက်တိုးမင်းထင်ကခနဲ့စွာရယ်၏
မြတ်မင်းခေါင်စွာ ဂရုမစိုက်ဘဲ ငထင့်အနားသွားလိုက်သည်..
"ငထင်...စောဝေကိုသည့်လောက်ချစ်သလား"
မြတ်မင်းခေါင်စွာ၏စကားကြောင့် ငထင်သာမက သက်တိုးမင်းထင်ရော စောဝေအပါအဝင် အားလုံး အံ့သြသွားသလို စိတ်ဝင်တစားကြည့်လာကြသည်
"ကျွန်တော်...ကျွန်တော်မျိုး..."
စကားတစ်နေသော ငထင်ကြောင့် မြတ်မင်းခေါင်စွာစိတ်မရှည်တော့ပေ..
"ဖြေစမ်း!!
"ကျွန်တော်မျိုး စောဝေကိုမေတ္တာရှိရပါတယ်"
ငထင်၏စကားကြောင့် အကုန်လုံးရုတ်ရုတ်သဲသဲဖြစ်သွားသည်..
"အရှက်မရှိတဲ့ကောင် မိဖုရားကြီးကိုတောင် မှန်းရဲတယ်လား"
"ဟုတ်ပါ့..အတင့်ရဲလိုက်တာ..."
မှူးမတ်တို့၏စကားကြောင့် ဒူးထောက်ထားသော ငထင်ခေါင်းငုံ့သွားသည်...
"ဘာမိဖုရားလဲ...အဲ့ဒီမိန်းမက ငါ့မိဖုရားမဟုတ်ဘူး...ပြောစမ်း..မယ်မင်းကိုလွှတ်လိုက်တာဘယ်သူလဲ!
"မလွှတ်လိုက်ပါဘူးမင်းကြီး..အစောက!
"တိတ်စမ်း...ဘာမြို့စားသမီးလဲ..ငါ့ကိုများလှည့်စားရဲတယ်..အမတ်ကြီးထွက်ခဲ့ပါအုန်း...မြို့စားမင်းသမီးဆိုပြီး ငါ့ဆီ သည်မိန်းမကိုဆက်သခဲ့တာ မင်းမလား"
အမတ်တစ်ယောက်ကိုလက်ညိုးထိုးရင်းပြောလိုက်တော့ ပုန်းလျှိုးကွယ်လျှိုးလုပ်နေသည့်အမတ်ကြီးက ရှေ့ထွက်လာကာဒူးထောက်၏
"မင်းကြီး..အပြစ်ပေးပါ..မကျူးလွန်သင့်သောအပြစ်ကိုကျူးလွန်မိခဲ့ပါတယ်..."
"......."
"ကျွန်တော်မျိုးက အတင်းကြပ်စေခိုင်းခံခဲ့ရတာပါ..မိဖုရားကြီးကို အရှင်မင်းကြီးနဲ့လက်ဆက်နိုင်အောင်မကူညီလျင် ဆွေပြတ်မျိုးပြတ်သုတ်သင်မယ်လို့ ခြိမ်းခြောက်ခံခဲ့ရသည်မို့ပါ"
"ဘာ!!
သက်တိုးမင်းထင်တစ်ယောက် ဒေါသအလျောက် အော်ပစ်လိုက်သည်ကြောင့်အားလုံးထိတ်လန့်သွားကြပြီးခေါင်းငုံ့နေကြတော့သည်..မြတ်မင်းခေါင်စွာမှလွဲ၍..
"ဘယ်သူလဲ...ဘယ်သူခြိမ်းခြောက်ခဲ့တာလဲ!!
"စစ်သူကြီး သူရယက္ခပါ"
ထိုင်နေသော မင်းကြီးသည် ဒေါသတကြီးထရပ်လိုက်သည်..
"သူရယက္ခကို ပြည်နှင်ဒဏ်ပေးခဲ့တာပဲ...ဘယ့်နှယ့်ကြောင့်...!
"မသိပါဘူး အရှင်မင်းကြီး...စစ်သူကြီးက ကျွန်တော်မျိုးအိမ်ကို ခြိမ်းခြောက်စေခိုင်းခဲ့တာပါ..."
"တောက်ခ်..သည့်ကောင်ကဘယ်နားကပြန်ရောက်လာတာလဲ..."
"ဟက်...ဘယ်လောက်ယုတ်မာထားလို့ သည့်လောက်လူမုန်းများနေရတာလဲ"
မြတ်မင်းခေါင်စွာ တီးတိုးပြောလိုက်သည်ကို သက်တိုးမင်းထင်ကကြားသွားပြီး မျက်တောင့်ဖြင့်ကြည့်လာသည်...
"သည့်ကောင်ကို တစ်တိုင်းပြည်လုံး ပိုက်စိပ်တိုက်ရှာကြ!
"မှန်လှပါ..."
"မင်းကြီး..ကျွန်တော်မျိုးကခြိမ်းခြောက်ခံခဲ့ရသူပါ"
အမတ်ကြီးလျှောက်တင်လိုက်သောအခါ သက်တိုးမင်းထင်က စူးရဲစွာကြည့်ပြီးနောက် အမိန့်ချလိုက်သည်
"ငါကိုယ်တော်ကိုသစ္စာဖောက်တဲ့ သည်အမတ်ကို ဆွေပြတ်မျိုးပြတ် သုတ်သင်လိုက်!
"မင်းကြီး...ငဲ့ညှာပေးပါ"
"ဖမ်းခေါ်သွားကြ!
"မင်းကြီး........."
အမတ်ကြီးက သနားခံနေပေမယ့်သက်တိုးမင်းထင်က မျက်နှာလွှဲထားလေသည်..အမတ်ကြီးကိုတော့ အစောင့်များကဖမ်းခေါ်သွားကြတော့သည်...
"သည့်လိုဆို ရှင်းသွားပြီပဲ...မိဖုရားစောဝေရဲ့ခွေးစိတ်နဲ့သခင်က သူရယက္ခ...!
မြတ်မင်းခေါင်စွာပြောလိုက်တော့ သက်တိုးမင်းထင်က ပလ္လင်ပေါ်မှဆင်းပြီး မြတ်မင်းခေါင်စွာဆီလှမ်းလာသည်...
"သူရယက္ခက ဆွေမရှိမျိုးမရှိ...အဖြစ်မရှိတဲ့ကောင်..သူတစ်ယောက်တည်း သည့်လိုမလုပ်နိုင်တာသေချာတယ်..."
"ဒါကသူ့အပိုင်းပါ..အခု ကျုပ်ရဲ့အစေခံကိုပြန်ခေါ်သွားလို့ရပြီလား..."
"ဟက်...မင်းရဲ့ကျွန်က ငါ့မိဖုရားနဲ့ဖောက်ပြန်တယ်...သည့်ပြင် သူရယက္ခနဲ့လဲဆက်စပ်မှုရှိနေမှာအသေအချာပဲ..ဘာ့ကြောင့်လွှတ်ပေးရမတုန်း!
"ငထင်...မင်းသိတာအကုန်ပြောပြလိုက်.."
"ကျွန်တော်မျိုးသိတာ..စောဝေကိုမေတ္တာရှိတယ်ဆိုတာပါပဲ..စောဝေကိုခေါ်ထုတ်သွားချင်ပါတယ်"
(>_<)
"ဟင်းးးးးကြည့်ရတာငထင်က ဘာကိုမှသိပုံမရဘူးနော်...သူကစောဝေကိုမေတ္တာပိုရုံပဲ"
"စောဝေ!ပြောစမ်း..မင်းကိုသူရယက္ခကဘာတွေခိုင်းလိုက်တာလဲ..မင်းရဲ့အပေါင်းအပါတွေကဘယ်သူတွေလဲ...ငထင်ကရော မင်းရဲ့အဖွဲ့ထဲကမလား..."
စောဝေဘက်လှည့်ကာမေးလိုက်တော့ ခပ်မျော့မျော့သာကျန်တော့သည့်စောဝေကအားတင်းကာပြောသည်..
"စောဝေက သခင့်ကိုမေတ္တာရှိတာမို့ သခင့်အလိုကျ သခင့်ဇာတ်မှာ ဝင်ကခဲ့ရရုံပါ..စောဝေဘာမှမသိပါဘူး...စောဝေသိတာ သခင့်စိတ်ကျေနပ်အောင်ပြုလုပ်ပေးဖို့ပါပဲ"
"မင်းရဲ့သခင်က သူရယက္ခလား!
စောဝေသည်အဖြေတစ်စုံတရာပေးမလာဘဲ အတော်ကြာငြိမ်သက်နေ၏..အားလုံးကိုအဖြေကိုစိတ်ဝင်တစားစောင့်ဆိုင်းနေကြ၏...
"စောဝေကိုအမတ်ကြီးကနေတဆင့် မင်းကြီးဆီရောက်အောင်စေလွှတ်ခဲ့တာ သူရယက္ခပါ"
"အဖြေကရှင်းနေပြီပဲ..သူ့သခင်က သူရယက္ခ..သူကသူရယက္ခကိုမေတ္တာသက်ဝင်ပြီး ငါ့လူ ငထင်ကသူ့ကိုမေတ္တာသက်ဝင်တယ်..သို့ကြောင့် ခေါ်ထုတ်သွားချင်တာ..."
မြတ်မင်းခေါင်စွာ၏စကားကိုသက်တိုးမင်းထင်မကျေနပ်ပေ..သူကြားခဲ့တာထိုပုံစံမဟုတ်ပေ..အလုံးစုံကြားခဲ့ရသည်တော့မဟုတ်ပေမယ့် ထိုစကားများတွင် ငထင်က စောဝေ၏သခင်ကိုသိနေသည့်ဟန်ပြောထားသည်...
ထို့ပြင် ထိုသခင်က ငထင်၏သခင်ပါဖြစ်သည့်ပုံစံပင်..
သို့သော်နှစ်ယောက်လုံးက သစ္စာရှိစွာ ရေငုံနှုတ်ပိတ်နေခဲ့ကြသည်...သခင်နဲ့ပါတ်သက်၍တစ်ခွန်းမှမဟပေ..တစ်ယောက်ကိုတစ်ယောက်ချစ်ကြောင်းပြောလိုက်...သခင့်ကိုချစ်သည်ပြောလိုက်ဖြင့် စကားရှုပ်နေခဲ့ကြသည်..
ငထင်ကိုချစ်သည်ပြောလိုက်..သခင့်ကိုချစ်သည်ပြောလိုက်..ငထင်က သခင်ပါပြောလိုက်..သူရယက္ခက သခင်ပါပြောလိုက်နဲ့..ထိုကိစ္စ သည်လောက်ရိုးရှင်းမနေသည်မှာသေချာသည်..
ထို့ပြင် ထိုကိစ္စတွင် ဦးရီးတော်ပါဝင်မှန်း သေချာသိသည်...
"ပြန်လွှတ်မပေးနိုင်ဘူး...သူတို့နှစ်ယောက်လုံးကို စစ်မေးရအုန်းမယ်..သူရယက္ခကိုမိတဲ့အခါ သုံးယောက်လုံးကို စစ်ဆေးမယ်..အခုတော့ နှစ်ယောက်လုံးကို အချုပ်ထဲထည့်ထားလိုက်!
"မင်းကြီး...ကျုပ်ထင်တာ..မင်းကြီး တစ်စုံတစ်ယောက်ကို ပြန်လိုချင်မလားလို့..."
ထွက်သွားတော့မည့် မင်းကြီးသည့် မြတ်မင်းခေါင်စွာ၏ထိုစကားကြောင့်ခြေလှမ်းတို့ရပ်တန့်သွားသည်
"ကျုပ်အပိုင်ပါလို့မောင်းခတ်ကြေညာထားတဲ့ တစ်စုံတစ်ယောက်နဲ့ ကျုပ်လူတွေကိုလှဲလယ်ချင်လား"
"ငါကိုယ်တော်ကို လာပြီး အပေးအယူလုပ်ရဲတယ်လား..မြတ်မင်းခေါင်စွာ ငါသာအလိုရှိရင် မောင်မင်းရှေ့မှာတင်ပြန်ယူလို့ရတယ်...!
"ကလေးငယ်က..သည်တိုင်းပြည်ထဲမှာမရှိတော့ဘူး"
"ဘာ!
"မင်းကြီးမသိနိုင်တဲ့တစ်နေရာမှာပါ...ဘယ်တော့မှမတွေ့နိုင်တဲ့နေရာမှာ..."
မြတ်မင်းခေါင်စွာ၏စကားကြောင့်သက်တိုးမင်းထင်၏မျက်နှာတွင်ပြောင်းလဲမှုများဖြစ်ပေါ်လာ၏..
"အကုန်ထွက်သွားကြ!
အမိန့်ပေးလိုက်တော့ နန်းတွင်းအမှုထမ်းများအားလုံး ခပ်သုတ်သုတ်ထွက်သွားကြသည်..မြတ်မင်းခေါင်စွာ ခနဲ့တဲ့တဲ့လေးရယ်လိုက်သည်..
"ဘယ်နေရာမှာလဲ..."
"ငထင်နှင့်စောဝေကိုလွှတ်ပေးပါ..."
"ဘယ်နေရာမှာလဲမေးနေတာမကြားဘူးလား....!
"တိုင်းပြည်နှင့်ချစ်ခြင်း တစ်ခုပဲရွေးပါ အရှင်မင်းကြီး....တစ်ချိန်တည်းမှာ ဘုရင်ကောင်းရော ချစ်သူကောင်းရောဖြစ်နိုင်ဖို့ဆိုတာခဲယဥ်းလွန်းပါတယ်..."
မြတ်မင်းခေါင်စွာ၏စကားကြောင့် သက်တိုးမင်းထင် တဆတ်ဆတ်တုန်လောက်အောင် ဒေါသထွက်နေတော့၏...
"တိုင်းပြည်လား..ကြင်ရောလား..."
"ဘယ်နေရာမှာလဲဆိုတာသာပြောလိုက်...!
"ဟက်.."
ခနဲ့ဆန်သောရယ်သံသည်နန်းဆောင်တစ်ခုလုံးကိုဖုံးလွှမ်းသွားတော့သည်..
ချစ်သူကောင်းဖြစ်ဖို့ရွေးချယ်လိုက်ပေမယ့် စိတ်မကောင်းစရာက မြွေပါလည်းဆုံး သားလည်းဆုံး ဖြစ်ရတော့မှာပဲ...
.
.
.
ကြင်ရော အိမ်တော်ထဲတွင်တွေ့ရသော အမျိုးသမီးတစ်ဦးအားလှမ်းခေါ်လိုက်သည်..
အိမ်တော်တွင် လူသူကင်းစင်နေပြီး တိတ်ဆိတ်လွန်းလှ၍ဖြစ်သည်..
ထိုအမျိုးသမီးမှလွဲ တစ်ပါးသူရှိမနေပေ..
"သခင်လေး"
အရိုအသေပေးလာသည့်သူမ..
"ဟို..အိမ်တော်မှာဘာကြောင့် လူသူကင်းနေရသည်လဲ.."
"သခင်ကြီးက နန်းတွင်းကိုအခစားဝင်ရောက်ရပါတယ်..ကျန်တဲ့မှူးမတ်တွေက အိမ်တော်နဲ့ဝေးတဲ့တစ်နေရာမှာ တိုက်ပွဲဆင်နွှဲနေကြပါတယ်...အစောင့်တွေကတော့ စံအိမ်အပြင်မှာရှိပါတယ်.."
"တိုက်ပွဲ..?ဘာတိုက်ပွဲလဲ"
"သည်ဒေသဟာ နယ်စပ်မို့ အမြဲတစေကျူးကျော်ခံရလေ့ရှိပါတယ်...သို့ငြား စစ်ရေးအချက်အချာဒေသဖြစ်တဲ့အပြင် စစ်မှုထမ်းပေါများလို့စိုးရိမ်စရာမရှိပါဘူး"
ကြင်ရောကြောက်နေသည်ဟု အမျိုးသမီးကထင်သွားပုံပင်..
"ဘယ်သူတွေကျူးကျော်တာလဲ..ပြီးတော့ နယ်စပ်ဒေသမှာဘာလို့သည့်လောက်အင်အားတောင့်နေရတာလဲ"
"တိုင်းရင်းသားတွေကျူးကျော်တာပါ..စစ်မှုထမ်းပေါရတာကတော့ ကျူးကျော်စစ်တွေအနိုင်ရခဲ့ရင် သုံ့ပန်းတွေနဲ့မြို့နယ်တွေအပိုင်စားရပါတယ်..သည့်ပြင် တိုင်းပြည်ကျွန်အများစုက ကျွန်ဖြစ်နေရခြင်းထက် စစ်မှုထမ်းဖြစ်ရသည်က ပို၍မြတ်သည်လို့ခံယူပြီး စစ်ထဲဝင်လေ့ရှိကြပါတယ်"
ကြင်ရော သဘောပေါက်သွားပြီး ခေါင်းတငြိမ့်ငြိမ့်...
"ဒါပေမယ့် ဒီလောက်အင်အားအများကြီး အနေအထိုင်နဲ့စားနပ်ရိက္ခာကျတော့ရော.."
"စောနားကပြောခဲ့သလိုပါပဲ သခင်လေး..မြို့တွေနယ်တွေအများအပြားအပြင် ပဒေသရာဇ်တွေရဲ့နယ်မြေတွေပါပိုင်ဆိုင်ထားသည်မို့ စားနပ်ရိက္ခာနှင့်အနေအထိုင်ကပူစရာမရှိပါဘူး..ယောနကတိုင်းစစ်တပ်ကတော့ ယောနကတိုင်းရဲ့အပြင်ဘက်မှာရှိပါတယ်.."
(အရင်ကပြောဖူးပါတယ်နော်...ဦးရီးတော်ရဲ့မြို့က ယောနကတိုင်းပါလို့)
သူမေးသမျှအတိအကျဖြေပေးသည့်အမျိုးသမီးကြောင့်ကြင်ရောလဲ မတ်တပ်ရပ်လျက်သား နားထောင်နေမိသည်..
"ဒါဆို သည်တစ်ခေါက်ရောနိုင်မှာပေါ့နော်..."
"ရှုံးနိမ့်ခြင်းက ရာဇဝင်မှာမရှိစေရဘူးလို့ ကြွေးကြော်ထားသည်ပါ...ယောနကတိုင်းဆိုတာနဲ့အောင်မြင်ခြင်းကို တွေးမြင်ရပါလိမ့်မယ်.."
သူမ၏စကားကြောင့် ကြင်ရောပြုံးမိသည်..သူမက သူမမြို့စစ်တပ်အပေါ်ယုံကြည်မှုလွန်ကဲနေသည်ပဲ...
ထိုအမျိုးသမီးက သခင်ကြီးတို့အရွယ်လောက်ဖြစ်လောက်သည်...ကျော့ရှင်းပြီး တည်ကြည်သည်..
"သခင်လေးကရော..ဘာ့ကြောင့်အပြင်ထွက်ခဲ့ရသည်လဲ"
"အခန်းထဲချည်းနေတော့ ငြီးငွေ့လာလို့ပါ..ဒါကြောင့် အကြောဆန့်လာတာ"
"စံပယ်ခင်းတွေဆီသွားကြမလား သခင်လေး"
"ဟုတ်ကဲ့..ဒါနဲ့ ကြင်ရောလို့ပဲခေါ်ပါ..သခင်လေးဆိုတာက.."
"သခင့်အမိန့်ကို ကျွန်တော်မျိုးမမလွန်ဆန်ရဲပါဘူး"
သခင်ကြီးက ထိုသို့ခေါ်ရန်အမိန့်ပေးထားပုံပင်..အမျိုးသမီးကလက်မခံဘဲ သခင်လေးဟုသာခေါ်၏။
"ဒါနဲ့ သည်ကအမိနာမက"
"စံပယ်ပါ"
"အို့....အဟုတ်လား"
"ဟုတ်ပါတယ်..သခင်လေး"
ထို့နောက် ကြင်ရော စံပယ်နဲ့အတူ စံပယ်ခင်းဆီလှမ်းခဲ့ကြသည်..
ကြင်ရော စံပယ်ပန်းတို့ကို အသာအရေကောက်ရင်း..
"မစံပယ်..စံပယ်တွေကောက်ကူမလား..ဘုရားကပ်ရင် မစံပယ်ပါ ကုသိုလ်ရမှာပါ"
မစံပယ်က ခေါင်းငြိမ့်ရင်းစံပယ်ပွင့်တွေကိုကောက်ကူလာ၏
"သခင်ကြီးလိုလူက စံပယ်တွေစိုက်မယ်လို့ မထင်ခဲ့ဘူး"
"သခင်လေးက စံပယ်ပန်းကြိုက်မှန်း သခင်ကြီးကသိနေလို့ပါ"
မစံပယ်၏စကားကြောင့် ကြင်ရော စံပယ်ပွင့်တွေကောက်နေသည်ကိုရပ်ပြီး လှည့်ကြည့်လိုက်သည်။
"မစံပယ်နှယ်...သခင်ကြီးက ကြင်ရောကြောင့်စံပယ်တွေပျိုးတာဖြစ်နိုင်ပါ့မလား"
ရယ်သွင်းသွေးရင်းပြောလိုက်တော့ မစံပယ်ကရယ်သည်..
"သခင်ကြီးက သခင်လေးအတွက်ဆို တစ်လောကလုံးကိုတောင် ဖျက်ဆီးပစ်မယ့်လူပါ"
မစံပယ်က စံပယ်ပွင့်တွေကောက်ရင်းပြောနေပေမယ့် ကြင်ရောကတော့ မစံပယ်ကိုသာဆက်ကြည့်နေမိသည်...
"သခင်ကြီးက..."
"သခင်လေးအပေါ် တိုင်းတာမရတဲ့မေတ္တာမျိုးထားတာပါ..ချစ်ခြင်းမေတ္တာလို့ခေါင်းစဥ်မတပ်ပေမယ့် သည်ခေါင်းစဥ်အောက်ရောက်နေပါပြီ"
"မဖြစ်နိုင်တာ"
ကြင်ရောရေရွတ်မိလိုက်သည်.သခင်ကြီးကကြင်ရောကိုမေတ္တာရှိနေသည်တဲ့လား..မဖြစ်နိုင်တာ..သခင်ကြီးက ကြင်ရောအပေါ်အမြဲကြမ်းတမ်းနေတာ..ကြင်ရောကို ထိန်းချုပ်ချင်နေတာ..
"ဘယ်လိုလူကများ တိုင်းပြည်အရှင်ကိုအံတုပြီး အပြစ်သားကို ကယ်မလဲ..ဘယ်လိုလူကများ စွန်းထင်းညစ်ထေးနေတဲ့ယောက်ျားကိုကယ်ထုတ်ပြီး အိမ်တော်ခေါ်ထားမလဲ.."
"...."
"တခြားလူကလုပ်နိုင်ခဲ့ရင်တောင် သခင်ကြီးလိုလူအတွက်တော့လုံးဝမဖြစ်နိုင်တဲ့အလုပ်ပါ...သခင်ကြီးဆိုတာ မျက်စိရှေ့မှာ ဒုက္ခရောက်နေတဲ့လူရှိနေလဲ မဆိုင်ရင် ငဲ့တောင်မကြည့်တဲ့လူမျိုးပါ"
မစံပယ်၏စကားကြောင့် ကြင်ရော မတ်တပ်ပြန်ရပ်လိုက်ကာ အတွေးလွန်းနေတော့၏..
"တစ်ချို့အရာတွေကပါးစပ်ကထုတ်မပြောပေမယ့်အမူအရာတွေကပြောပြနေပါတယ်..အမူရာကနေသိနိုင်ပါတယ်"
သခင်ကြီးက သူ့ကိုဘာကြောင့်ကယ်ပေးခဲ့တာလဲ..ဘာလို့ခေါ်ထားတာလဲ..ပြီးတော့ ဘာလို့ပိုင်ဆိုင်ချင်တာလဲ..ပြီးတော့ ဘာလို့ ယောက်ျားဖြစ်တဲ့ကြင်ရောနဲ့ညရေးညတာကုန်ဆုံးချင်ရတာလဲ...
အတွေးပေါင်းစုံတို့ကြား လက်ထဲမှစံပယ်ဖြူဖြူကလဲ ကြေမွသွားတော့သည်..ကြင်ရော ရှုပ်ထွေးနေလေပြီ။
.
.
.
.
"သခင်ကြီးဆီကစာပဲ"
တိုက်ပွဲပြီးတဲ့နောက် ခိုတစ်ကောင်ရောက်လာပြီးစာပါသည်မို့လှမ်းယူရာ သခင်ကြီးဆီကစာမှန်းသိရလေသည်..
စစ်သူကြီးက စာကိုဖွင့်ဖတ်လိုက်တော့ မျက်ခုံးတို့တွန့်ချိုးသွားသည်..
"စစ်သားဟောင်းတွေ ငါနဲ့အတူမြို့ပြင်ကိုထွက်မယ်"
"စစ်သူကြီးတစ်ခုခုဖြစ်လို့လား"
"ဘုရင်က ငါတို့အကြောင်းသိသွားပြီ..တိုင်းပြည်ထဲ ငါ့ကိုရှာနေကြပြီ..နယ်စပ်ကနေ အမြန်ထွက်မှဖြစ်မယ်"
သခင်ကြီးရေးပို့သောစာတွင် အတိအလင်းရေးထား၏
"အမတ်ကြီးနှင့်စောဝေ..မင်းကြီးထံဝန်ခံ၍..သူရယက္ခကိုတစ်ပြည်လုံး ပိုက်စိပ်တိုက်ရှာပြီ"
ထိုစာသည် တိုင်းပြည်ထဲ သူရယက္ခကိုရှာနေပြီဖြစ်ကြောင်းသတိပေးစာပေ..
ထို့ကြောင့် သူရယက္ခနဲ့အတူ တပ်သားအချို့ နယ်စပ်မှတဆင့် သုတ်ခြေသင်ပြေးရလေတော့သည်...
အပိုင်းနှစ်ဆယ့်ငါးပြီး...
.
.
senceနှစ်ခုတည်းနဲ့တစ်ပိုင်းပြီး>_<
ဒီနေ့ မအလကျေးဇူးနဲ့ ယောမြေတစ်ဝိုက်သုတ်ခြေသင်ပြေးခဲ့ရပါတယ်..ညနေမှကိုအိမ်ပြန်ရောက်နိုင်ခဲ့ပါတယ်..ဒါကြောင့် ဇာတ်လမ်းကအဆင်မပြေဖြစ်ရင် တောင်းပန်ပါတယ်..ကိုယ်ပင်ပန်းခဲ့ပါပြီ
ဆူညံသံတွေကြား ခွေးပြေးဝက်ပြေးဖြစ်ခဲ့တဲ့အပြင် စိုးရိမ်ပူပန်စိတ်တွေပြည့်ခဲ့ပါတယ်
ကြေကွဲစရာပုံရိပ်တွေကြား အသည်းနာခဲ့ရပါတယ်..
ဒီစက်ဆုပ်စရာ ပြဿနာတွေကိုပြီးချင်လှပါပြီကွယ်..အားလုံးလဲဂရုစိုက်ကြပါ..ခုတလောက တိုက်ပွဲတွေပြင်းထန်နေပါပြီ...ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ကြပါ...
အဆုံးထိအသက်ရှင်ကျန်ရစ်ကြရမယ်ငယ်လေးတို့...အောင်နိုင်သူဆိုတာကို ခံစားဖို့ တင်းခံထားကြမယ်နော်..
စစ်အာဏာရှင်အဆုံးသတ်ရမည်✊
5.11.2023
Tuesday
By May
.
.
.
Zawgyi....
"ဦးရီးေတာ္...ဒီတစ္ေခါက္ေတာ္ေတာ္ၾကန့္ၾကာပါ့လား"
နန္းေတာ္တြင္ ခစားဝင္ဝင္ခ်င္း မ်က္ႏွာေျပာင္တိုက္စြာေျပာလာေသာ တူေတာ္မင္းႀကီးေၾကာင့္ ျမတ္မင္းေခါင္စြာ ႏႈတ္ခမ္းတို႔တြန့္သြားသည္..
"အိမ္ေတာ္မွာ ခ်စ္စရာကေလးကို ေစာင့္ေရွာက္ေပးေနရေသးတယ္ေလ...အရွင္မင္းႀကီးက သေဘာထားႀကီးႀကီးနဲ႕နားလည္ခြင့္လႊတ္ေပးပါ..."
"ဟက္..ဒါေပါ့..ခ်စ္စရာကေလးလဲ သူ႕ခ်စ္ရသူရွိတဲ့ နန္းတြင္းကိုလာခ်င္မေပါ့..ေခၚလာခဲ့ရမွာကို"
"မဟုတ္ပါဘူး..အရွင္မင္းႀကီး...ကေလးငယ္က.မလာခ်င္သလို က်ဳပ္ကိုလဲမသြားေစခ်င္လို႔..ခါထုတ္ခဲ့ရသည္ပါ..ၾကည့္ရတာ နန္းေတာ္ႀကီးႏွင့္အရွင္ကို စိတ္ကုန္ေနၿပီထင္ပါ့!
ျမတ္မင္းေခါင္စြာ၏ျပန္ေခ်ပစကားေၾကာင့္ သက္တိုးမင္းထင္ခမ်ာ ႏွာမႈတ္ေနေတာ့၏..နန္းတြင္းအမႈထမ္းမ်ားကေတာ့ နားမလည္နိုင္ဘဲ ဟိုလူၾကည့္ ဒီလူၾကည့္...
"ေတာ္...ငါကိုယ္ေတာ္..ဦးရီးေတာ္ကို အ လာပ သလာပေျပာဖို႔ေခၚတာမဟုတ္ဘူး..!
"သိပါတယ္အရွင္မင္းႀကီး..က်ဳပ္ကလဲ က်ဳပ္လူ ငထင္ကိုျပန္ေခၚလာတာပါ..."
ျမတ္မင္းေခါင္စြာ၏စကားေၾကာင့္သက္တိုးမင္းထင္ကရယ္သည္..
"အေစာင့္ေတြ..အျပစ္သားႏွစ္ေယာက္ကိုေခၚခဲ့ၾကစမ္း!
သက္တိုးမင္းထင္အမိန့္ေပးလိုက္ေတာ့ အေစာင့္ေတြက ငထင္ႏွင့္ေစာေဝကိုအခန္းတြင္းသို႔ေခၚေဆာင္လာၾကသည္
"သခင္..."
ေစာေဝတီးတိုးေလးေရ႐ြတ္လိုက္သည္...သူမ သိသားပဲ..သခင္ေရာက္လာမွာလို႔...
ေစာေဝသည္လဲ မခ်ိမဆန့္ၿပဳံးေနသလို ငထင္သည္လဲ စိတ္ေက်နပ္သြားသေယာင္ မ်က္ႏွာလန္းလာ၏
"တူေတာ္မင္းႀကီး..ဘာေၾကာင့္ က်ဳပ္လူကိုဖမ္းထားရသလဲ"
"ဟုတ္ပါ့..ေျပာရမယ္...ဦးရီးေတာ္ရဲ႕အေစခံငထင္က ဘယ္သူမွန္းမသိတဲ့ ေခြးလိုေကာင္ကိုသခင္ေတာ္ထားတာ..အဲ့ဒီသခင္ဆိုတဲ့အမ်ိဳးယုတ္ကိုေစာေဝကခ်စ္ျမတ္နိုးေနပုံပဲ...သိတဲ့အတိုင္းငထင္က ေစာေဝကို လိုခ်င္တာ..သည္ေတာ့ ငထင္က သူ႕ရဲ႕မ်ိဳးမစစ္သခင္ကိုသစၥာေဖာက္..ငါကိုယ္ေတာ္အေပၚ ေက်းဇူးကန္းၿပီး ငါ့မိဖုရားကို ခိုးေျပးခ်င္ေနခဲ့တာ...ဟက္...ခက္တာက မိဖုရားက.သူ႕ရဲ႕ေခြးစိတ္နဲ႕သခင္ကိုျမတ္နိုးေနတယ္ေလ...သိရဲ႕လား..ဦးရီးေတာ္.သည္မိဖုရားေရာ အားလုံးေပါင္းၿပီး ငါကိုယ္ေတာ္အေပၚကို ေခြးက်င့္ေခြးႀကံႀကံသြားတာ..."
ေခြးခ်င္းထပ္ေအာင္ေျပာဆိုသြားေသာ သက္တိုးမင္းထင္၏စကားအဆုံး ျမတ္မင္းေခါင္စြာကမထီၿပဳံးၿပဳံးလိုက္ၿပီး က်န္အမႈထမ္းမ်ားၾကား တီးတိုးစကားသံေပါင္းစုံထြက္ေပၚလာသည္..
"ဦးရီးေတာ္ေရာ..သိလား..သည့္ေခြးစိတ္နဲ႕မ်ိဳးမစစ္ေကာင္ကဘယ္သူလဲဆိုတာ..."
"အင္း..တူေတာ္မင္းႀကီး..က်ဳပ္ကေခြးစိတ္နဲ႕လူကိုဘယ္လိုသိပါ့မလဲ..အျပစ္သားေတြကိုစစ္ေမးေလ..ဘယ့္ႏွယ္ေၾကာင့္ ဦးရီးေတာ္ကိုလာေမးရသတုန္း"
"သည့္အျပစ္သားက ေမာင္မင္းရဲ႕အေစခံေလ!!
မာထန္လာၿပီျဖစ္ေသာ ေလသံေၾကာင့္အားလုံးကမသိမသာဦးၫြတ္သြားၾကသည္..သို႔ေသာ္ ျမတ္မင္းေခါင္စြာကေတာ့ မထီၿပဳံးၿပဳံးလ်က္ေခါင္းေမာ့ရင္ေကာ့ေန၏...
"က်ဳပ္လူကိုက်ဳပ္ကိုယ္တိုင္စစ္ေမးမယ္"
ျမတ္မင္းေခါင္စြာ၏စကားေၾကာင့္ သက္တိုးမင္းထင္ကခနဲ႕စြာရယ္၏
ျမတ္မင္းေခါင္စြာ ဂ႐ုမစိုက္ဘဲ ငထင့္အနားသြားလိုက္သည္..
"ငထင္...ေစာေဝကိုသည့္ေလာက္ခ်စ္သလား"
ျမတ္မင္းေခါင္စြာ၏စကားေၾကာင့္ ငထင္သာမက သက္တိုးမင္းထင္ေရာ ေစာေဝအပါအဝင္ အားလုံး အံ့ၾသသြားသလို စိတ္ဝင္တစားၾကည့္လာၾကသည္
"ကြၽန္ေတာ္...ကြၽန္ေတာ္မ်ိဳး..."
စကားတစ္ေနေသာ ငထင္ေၾကာင့္ ျမတ္မင္းေခါင္စြာစိတ္မရွည္ေတာ့ေပ..
"ေျဖစမ္း!!
"ကြၽန္ေတာ္မ်ိဳး ေစာေဝကိုေမတၱာရွိရပါတယ္"
ငထင္၏စကားေၾကာင့္ အကုန္လုံး႐ုတ္႐ုတ္သဲသဲျဖစ္သြားသည္..
"အရွက္မရွိတဲ့ေကာင္ မိဖုရားႀကီးကိုေတာင္ မွန္းရဲတယ္လား"
"ဟုတ္ပါ့..အတင့္ရဲလိုက္တာ..."
မႉးမတ္တို႔၏စကားေၾကာင့္ ဒူးေထာက္ထားေသာ ငထင္ေခါင္းငုံ႕သြားသည္...
"ဘာမိဖုရားလဲ...အဲ့ဒီမိန္းမက ငါ့မိဖုရားမဟုတ္ဘူး...ေျပာစမ္း..မယ္မင္းကိုလႊတ္လိုက္တာဘယ္သူလဲ!
"မလႊတ္လိုက္ပါဘူးမင္းႀကီး..အေစာက!
"တိတ္စမ္း...ဘာၿမိဳ႕စားသမီးလဲ..ငါ့ကိုမ်ားလွည့္စားရဲတယ္..အမတ္ႀကီးထြက္ခဲ့ပါအုန္း...ၿမိဳ႕စားမင္းသမီးဆိုၿပီး ငါ့ဆီ သည္မိန္းမကိုဆက္သခဲ့တာ မင္းမလား"
အမတ္တစ္ေယာက္ကိုလက္ညိုးထိုးရင္းေျပာလိုက္ေတာ့ ပုန္းလွ်ိုးကြယ္လွ်ိုးလုပ္ေနသည့္အမတ္ႀကီးက ေရွ႕ထြက္လာကာဒူးေထာက္၏
"မင္းႀကီး..အျပစ္ေပးပါ..မက်ဴးလြန္သင့္ေသာအျပစ္ကိုက်ဴးလြန္မိခဲ့ပါတယ္..."
"......."
"ကြၽန္ေတာ္မ်ိဳးက အတင္းၾကပ္ေစခိုင္းခံခဲ့ရတာပါ..မိဖုရားႀကီးကို အရွင္မင္းႀကီးနဲ႕လက္ဆက္နိုင္ေအာင္မကူညီလ်င္ ေဆြျပတ္မ်ိဳးျပတ္သုတ္သင္မယ္လို႔ ၿခိမ္းေျခာက္ခံခဲ့ရသည္မို႔ပါ"
"ဘာ!!
သက္တိုးမင္းထင္တစ္ေယာက္ ေဒါသအေလ်ာက္ ေအာ္ပစ္လိုက္သည္ေၾကာင့္အားလုံးထိတ္လန့္သြားၾကၿပီးေခါင္းငုံ႕ေနၾကေတာ့သည္..ျမတ္မင္းေခါင္စြာမွလြဲ၍..
"ဘယ္သူလဲ...ဘယ္သူၿခိမ္းေျခာက္ခဲ့တာလဲ!!
"စစ္သူႀကီး သူရယကၡပါ"
ထိုင္ေနေသာ မင္းႀကီးသည္ ေဒါသတႀကီးထရပ္လိုက္သည္..
"သူရယကၡကို ျပည္ႏွင္ဒဏ္ေပးခဲ့တာပဲ...ဘယ့္ႏွယ့္ေၾကာင့္...!
"မသိပါဘူး အရွင္မင္းႀကီး...စစ္သူႀကီးက ကြၽန္ေတာ္မ်ိဳးအိမ္ကို ၿခိမ္းေျခာက္ေစခိုင္းခဲ့တာပါ..."
"ေတာက္ခ္..သည့္ေကာင္ကဘယ္နားကျပန္ေရာက္လာတာလဲ..."
"ဟက္...ဘယ္ေလာက္ယုတ္မာထားလို႔ သည့္ေလာက္လူမုန္းမ်ားေနရတာလဲ"
ျမတ္မင္းေခါင္စြာ တီးတိုးေျပာလိုက္သည္ကို သက္တိုးမင္းထင္ကၾကားသြားၿပီး မ်က္ေတာင့္ျဖင့္ၾကည့္လာသည္...
"သည့္ေကာင္ကို တစ္တိုင္းျပည္လုံး ပိုက္စိပ္တိုက္ရွာၾက!
"မွန္လွပါ..."
"မင္းႀကီး..ကြၽန္ေတာ္မ်ိဳးကၿခိမ္းေျခာက္ခံခဲ့ရသူပါ"
အမတ္ႀကီးေလွ်ာက္တင္လိုက္ေသာအခါ သက္တိုးမင္းထင္က စူးရဲစြာၾကည့္ၿပီးေနာက္ အမိန့္ခ်လိဳက္သည္
"ငါကိုယ္ေတာ္ကိုသစၥာေဖာက္တဲ့ သည္အမတ္ကို ေဆြျပတ္မ်ိဳးျပတ္ သုတ္သင္လိုက္!
"မင္းႀကီး...ငဲ့ညွာေပးပါ"
"ဖမ္းေခၚသြားၾက!
"မင္းႀကီး........."
အမတ္ႀကီးက သနားခံေနေပမယ့္သက္တိုးမင္းထင္က မ်က္ႏွာလႊဲထားေလသည္..အမတ္ႀကီးကိုေတာ့ အေစာင့္မ်ားကဖမ္းေခၚသြားၾကေတာ့သည္...
"သည့္လိုဆို ရွင္းသြားၿပီပဲ...မိဖုရားေစာေဝရဲ႕ေခြးစိတ္နဲ႕သခင္က သူရယကၡ...!
ျမတ္မင္းေခါင္စြာေျပာလိုက္ေတာ့ သက္တိုးမင္းထင္က ပလႅင္ေပၚမွဆင္းၿပီး ျမတ္မင္းေခါင္စြာဆီလွမ္းလာသည္...
"သူရယကၡက ေဆြမရွိမ်ိဳးမရွိ...အျဖစ္မရွိတဲ့ေကာင္..သူတစ္ေယာက္တည္း သည့္လိုမလုပ္နိုင္တာေသခ်ာတယ္..."
"ဒါကသူ႕အပိုင္းပါ..အခု က်ဳပ္ရဲ႕အေစခံကိုျပန္ေခၚသြားလို႔ရၿပီလား..."
"ဟက္...မင္းရဲ႕ကြၽန္က ငါ့မိဖုရားနဲ႕ေဖာက္ျပန္တယ္...သည့္ျပင္ သူရယကၡနဲ႕လဲဆက္စပ္မႈရွိေနမွာအေသအခ်ာပဲ..ဘာ့ေၾကာင့္လႊတ္ေပးရမတုန္း!
"ငထင္...မင္းသိတာအကုန္ေျပာျပလိုက္.."
"ကြၽန္ေတာ္မ်ိဳးသိတာ..ေစာေဝကိုေမတၱာရွိတယ္ဆိုတာပါပဲ..ေစာေဝကိုေခၚထုတ္သြားခ်င္ပါတယ္"
(>_<)
"ဟင္းးးးးၾကည့္ရတာငထင္က ဘာကိုမွသိပုံမရဘူးေနာ္...သူကေစာေဝကိုေမတၱာပို႐ုံပဲ"
"ေစာေဝ!ေျပာစမ္း..မင္းကိုသူရယကၡကဘာေတြခိုင္းလိုက္တာလဲ..မင္းရဲ႕အေပါင္းအပါေတြကဘယ္သူေတြလဲ...ငထင္ကေရာ မင္းရဲ႕အဖြဲ႕ထဲကမလား..."
ေစာေဝဘက္လွည့္ကာေမးလိုက္ေတာ့ ခပ္ေမ်ာ့ေမ်ာ့သာက်န္ေတာ့သည့္ေစာေဝကအားတင္းကာေျပာသည္..
"ေစာေဝက သခင့္ကိုေမတၱာရွိတာမို႔ သခင့္အလိုက် သခင့္ဇာတ္မွာ
You are reading the story above: TeenFic.Net