17

Background color
Font
Font size
Line height

Uni...

"မိဖုရားခေါင်ကြီး အဆိပ်မိနေပြီ!

သမားတော်စကားကြောင့် ကြင်ရော လန့်သွားရသလို  ကြောက်သွားမိသည်..အဆိပ်မိတယ်တဲ့လား..မိဖုရားကြီးကိုတောင် ဘယ်သူကအဆိပ်ခပ်ရဲတာလဲ..

"မိဖုရားကြီးဘာတွေသုံးဆောင်ထားသလဲ..ဘာကိုမှ မသိမ်းနဲ့အုန်း..ဘယ်ကအဆိပ်ပါတာလဲ စမ်းရမယ်"

"မိဖုရားခေါင်ကြီးက ယာဂုတစ်ခုပဲသုံးဆောင်ရသေးတာပါ"

ကြင်ရော လန့်သွားရသည်...ယာဂုကိုပဲသုံးဆောင်သေးပေမယ့် ယာဂုမှာအဆိပ်မှမပါဘဲ...

"ကိုယ်လုပ်တော်ရော ယူလာတဲ့ယာဂုပါ"

"ယာဂုမှာ အဆိပ်ပါနေတာပဲ..အစေခံတွေ လုပ်ကြံသူကိုဖမ်းဆီးလိုက်ကြ!

အထိန်းတော်က အမိန့်ပေးလိုက်သည့်အခါ အစောင့်တို့က ကြင်ရောကို.ဖမ်းဆီးလိုက်ကြတော့သည်..

"မဟုတ်ဘူး..ယာဂုမှာအဆိပ်မပါဘူး..ကျွန်ုပ်ကရိုးရိုးသားသား ပြင်ပေးခဲ့တာ!

"အစော!

ထိုအချိန်တွင် အပြေးတပိုင်းရောက်ရှိလာသော အရှင်..အရှင်က သတင်းကြားပြီး အလောတကြီးပြေးခဲ့ပုံပင်..

"ဘာတွေဖြစ်နေတာလဲ"

ကြင်ရောကိုမြင်သွားတော့ အရှင်က မာထန်စွာပြောသည်..ထို့နောက် လဲကျနေသည့် မိဖုရားစောဝေအနားသွားကာ ဖိဖုရားကိုပွေ့ချီလိုက်သည်..

"ကိုယ်လုပ်တော်ရောယူလာတဲ့ ယာဂုကိုသောက်ပြီးတဲ့နောက်မှာ မိဖုရားကြီးက အဆိပ်မိသွားခဲ့ပါတယ်..ကိုယ်လုပ်တော် ရော အဆိပ်ခပ်တာကို ကျွန်ုပ်ကိုယ်တိုင် မြင်ခဲ့ကြောင်းပါ"

"ဘာ!

စင်စင့်စကားကြောင့်အရှင်က ဒေါသတကြီးအော်ငေါက်လိုက်သလို ကြင်ရောလ အံ့သြသွားမိသည်..ကြင်ရောက အဆိပ်ခတ်တယ်လို့ စင်စင်ကပြောသတဲ့လား..ကြင်ရောနားလည်လိုက်လေပြီ..တစ်လျှောက်လုံးမြွေပွေးကို ခါးပိုက်ပိုက်ထားမိခဲ့သည်ပဲ..ဒေါသတို့ကိန်းအောင်းနေ​သော အရှင့်ကို...ကြင်ရောရှင်းပြချင်သော်ငြား အခွင့်ရေးမရှိခဲ့ပေ..

"တောက်ခ်!!မြေအောက်အကျဥ်းခန်းထဲ ပိတ်လှောင်ထားလိုက်!

အရှင်ကအမိန့်ပေးပြီးနောက်မှာ မိဖုရားကြီးရှိရာဆီ ထွက်သွားလေတော့သည်..ကြင်ရောကတော့ အစောင့်တို့၏ ဆောင်ကျဥ်းမှုကြောင့် မြေအောက်အကျဥ်းဆီ တန်ပြန်ဦးတည်ရလေတော့သည်...

"ဘဝနှယ်..ဆိုးလိုက်ပါဘိ!

မိဖုရားကိုချီလျက် ထွက်သွားသော အရှင့်နောက် ကြင်ရော၏ ကြေမွနေသော နှလုံးသည် လိုက်ပါသွားလေပြီ...
အကြိမ်ကြိမ်အခါခါစွပ်စွဲခံခဲ့ရတယ်..အကြိမ်ကြိမ်အခါခါ ပစ်ပယ်ခံရတယ်..အကြိမ်ကြိမ်အခါခါ သစ္စာဖောက်ခံရတယ်...
အားတင်းပြီး ခါးစည်းခံခဲ့ပေမယ့် ကြိမ်ရေထပ်လာသည့်အခါ အားအင်ချိနဲ့စွာ ပြိုလဲပစ်ချင်သည်..
အရာအားလုံးကို နာကျည်းပစ်မိချင်သည်..ခက်တာက ဒီစိတ်နှလုံးက နာကျည်းခြင်းဆိုတဲ့ ပညာရပ်ကို မတတ်မြောက်နိုင်ဘူး...

မေတ္တာသည်သာအေးချမ်းရာ..အရှင်သည်သာ စေစားပါ...

ကြင်ရောက အရှင်ပြုသမျှနုမယ့် ကကြိုးရုပ်လေးမို့..

ဖျက်ဆီးပစ်လဲကြွေလွင့်ရမှာပဲ...နေစေလျင်လဲ ဝပ်တွားရမှာပါပဲ...

ယောက်ျားတန်မဲ့ ငိုကြွေးမိနေသော ကြင်ရောက သိက္ခာမဲ့လွန်းအားကြီးနေမလား...ယောက်ျားတန်မဲ့ အချစ်ကိုရူးမိတဲ့ကြင်ရောက မိုက်တွင်းနက်လွန်းနေပြီလား...
မေးခွန်းများစွာအတွက် ကိုယ်တိုင်ပင်အဖြေမပေးနိုင်ပေ..အခု ကြင်ရော သေချာသိသည်က...

"အရှင့်ကိုကြင်ရော မေတ္တာရှိရပါတယ်"

ကြင်ရောက ပိုးဖလံတစ်ကောင်လိုပါပဲ..မီးမှန်းသိပေမယ့် ဇွတ်တိုးနေဆဲပါပဲ...

.
.
.
.
"မိဖုရား သက်သာနေပြီလား"

ကုသပေးနေသော သမားတော်အား မေးကြည့်တော့ သမားတော်က ခေါင်းသာတွင်တွင်ခါနေလေသည်..မိဖုရားကြီးကတော့ မေ့မြောနေဆဲသာ..

"စိုးရွံ့မိပါတယ်..အရှင်မင်းကြီး မိဖုရားကြီးမိထားတဲ့အဆိပ်ကို ကျွန်တော်မျိုးဖြေနိုင်စွမ်းမရှိပါဘူး...အဆိပ်ဟာ သန္ဓေသားဆီပါပျံ့နှံ့နေပါပြီ..အချိန်လင့်ရင် ဆုံးရှူံးမှုတွေများပါလိမ့်မယ်"

သမားတော်စကားကြောင့် သက်တိုးမင်းထင် ထိတ်လန့်သွားသည်..သူ၏ပထမဆုံးရင်သွေးလေးအား အဆုံးရှုံးမခံနိုင်ပေ..

"ဒီအဆိပ်တောင် မကုနိုင်ဘဲ သမားတော်ဘယ်လိုဖြစ်လာတာလဲ..တောက်ခ် ထွက်သွား!

ဒေါသတကြီးအော်လိုက်သော မင်းကြီးကြောင့် သမားတော်တင်မက အစေခံအချို့ပါ ဦးညွတ်လျက် ထွက်သွားကြလေသည်...

"စက္ခု"

အဆောင်အပြင်တွင်ရှိနေသော စက္ခုသည်လည်း အရှင်ဖြစ်သူ၏ ခေါ်သံကြောင့်အပြေးလှမ်းလာရလေသည်..

"အမိန့်ရှိပါ..အရှင်မင်းကြီး"

"အဆိပ်အရာမှာ ဒဿကအတော်ဆုံးပဲ..သူ့ကိုမရရအောင်ပြန်ခေါ်လာခဲ့..!

"မှန်လှပါမင်းကြီး"

စက္ခုထွက်သွားပြီးနောက်.သက်တိုးမင်းထင် မိဖုရားစောဝေအနား ထိုင်ကာ လက်သွယ်သွယ်တို့ကိုဆုပ်ကိုင်လျက် ဂရုဏာကြီးစွာကြည့်နေမိသည်..

"ကြင်ရော...ဘယ်လောက်တောင်ပြောင်းလဲသွားရတာလဲ..မင်းကဖြူစင်တဲ့ စံပယ်ပန်းလေးပါ..ဘယ့်ကြောင့် မည်းညစ်ကုန်ရတာလဲ"

တစ်ချိန်က သူမြတ်နိုးခဲ့သော အမျိုးသား ကြင်​ေရာသည် လပြည့်ဝန်းပမာ ဖြူစင်ပြီး စံပယ်ပမာသင်းပျံ့သော အမျိုးသားဖြစ်သည်..အခုချိန်တွင်တော့ ဝန်တိုစိတ်များသည့် ယောက်ျားဖြစ်နေချေပြီ.

"စင်စင်"

"မှန်လှပါမင်းကြီး "

"ကိုယ်လုပ်တော်ရောက အဆိပ်ခတ်ခဲ့တာသေချာသလား"

"စင်စင် မလိမ်ဝံ့ပါဘူး..စင်စင်ကမိဖုရားကြီးအစေခံပေမယ့် ကိုယ်လုပ်တော်ရောအပါးခစားရသူပါ..ကိုယ့်သခင်ကို အဆိပ်ခတ်လုပ်ကြံတာသိပေမယ့် ကိုယ်လုပ်တော်ရောက ကျွန်တော်မျိုး မိသားစုကို ဓားစာခံထား၍ မပြောနိုင်ခဲ့ပါဘူး.."

"တောက်ခ်!

သက်တိုးမင်းထင်တစ်ယောက် စိတ်အစိုးမရစွာပင် မြေအောက်အကျဥ်းဆီသို့ဦးတည်ခဲ့တော့သည်..ဘယ်လောက်ပဲခွင့်လွှတ်ပေးခဲ့ပါတယ်ပြောပြော..သူ့ရင်သွေးကိုပါထိပါးလာသည့် ယောက်ျားသားကိုတော့ ခွင့်မလွှတ်နိုင်တော့ပေ..

"ကြင်ရော!

မြေအောက်ခန်းဝယ်.သံကြိုးဆွဲကာ ဒူးတုပ်ထိုင်နေသော ကြင်ရောက မှိုင်းညို့သော မျက်ဝန်းများဖြင့် မော်ကြည့်လာ၏..
ဤမျက်နှာသည် စွဲလမ်းရသော မျက်နှာဖြစ်ခဲ့ဖူးသည့်တိုင် နာကျည်းပစ်ဖို့ကိုမစွမ်းနိုင်ပေ...

"အရှင်~~

"အတင့်ရဲလွန်းနေပြီ ကြင်ရော..တစ်ခါသတိပေးမရ..နှစ်ခါ သတိပေးမရ..ဘယ်ချိန်ထိများ ယုတ်မာဖို့တွေးထားရသလဲ!

"အရှင်..ကြင်ရောဘာကိုမှမလုပ်ခဲ့ပါဘူး..ကြင်ရောမှာ သည့်လိုစိတ်မျိုးမရှိရပါဘူး"

"ကိုယ့်အမှားကိုယ်မသိသေးဘူးလား!

"ကြင်ရော အသက်ရှိစဥ်ကတင်လို့ မှားခဲ့တဲ့တစ်ခုတည်းသောအမှားက အရှင့်အပေါ် မေတ္တာရှိမိခြင်းပါပဲ..."

တိုးလျစွာဆိုလာသောစကားသံသည် သက်တိုးမင်းထင်ရင်ကို ဆွဲကိုင်လှုပ်နေသလိုပင်..ကြင်ရောက သူ့ကိုမေတ္တာရှိတာကို မှားတယ်လို့တွေးသတဲ့လား..

"တောက်ခ်!ကြင်ရော...မင်းလုပ်ခဲ့တာကိုဝန်မခံရဲဘူးလား..မင်းဘာတွေလုပ်ခဲ့လဲ စဥ်းစားစမ်း..ယုတ်မာလွန်းတယ် ကြင်ရော..ယောက်ျားဖြစ်နေပါလျက် မိန်းမတစ်ယောက်ကိုလုပ်ကြံရုံမက မွေးမလာသေးတဲ့ ကလေးငယ်ကိုတောင် အသက်မဲ့စေချင်နေတယ်"

"ဟက်..အရှင်တွေးချင်သလိုသာတွေးပါတော့..ကြင်ရောက အရှင်ပြုသမျှနုရသူမို့"

"တောက်ခ်..စိတ်ဓာတ်အောက်တန်းကျလှချေလား!

"ဟုတ်တယ်..ကြင်ရောကသာ စိတ်ဓာတ်အောက်တန်းကျသူပါ...အရှင့်ကစားရာနယ်ရုပ်တင်မကဘဲ အပြစ်လွှဲချခံရလိုက် ယိုးစွပ်ခံရလိုက် ရိုက်နှက်ခံလိုက် ကျိန်ဆဲခံလိုက်နဲ့ ဒီအမျိုးသားကသာ စိတ်ဓာတ်အောက်တန်းကျသူပါ.."

"ကြင်ရော!ငါ့ကိုလေသံမာရဲတယ်လား"

"သတ်လိုလဲသတ်စေတော့ ကြင်ရောလဲ အရှင့်လိုလူဆီက ဝဋ်ကျွတ်ချင်ပြီမို့"

"တောက်ခ်..ဒီကောင်!

အရှင်က ကြမ်းတမ်းစွာအော်လိုက်ပြီး အစောင့်တွေကိုအော်ခေါ်လိုက်သည်..

"ကြိမ်ဒဏ်တစ်ရာပေးလိုက်!

ကြင်ရောမဲ့ပြုံးလေးပြုံးလိုက်သည်..ကြိမ်ဒဏ်တစ်ရာက ဒီရင်ဘတ်တွင်းကဒဏ်ရာထက် နာပါ့မလား..

ကြာပွတ်ကို ဆွဲကိုင်လျက် ကြင်ရောအနား လျှောက်လာသော အစောင့်သည် တောင့်တင်းလွန်းသောအမျိုးသားဖြစ်သည်..

"တစ်ရာပြည့်လို့ ဝန်မခံသေးရင် ဝန်မခံမချင်းသာရိုက်!

"မှန်လှပါမင်းကြီး "

"အားကုန်သုံးပြီးရိုက်!

ဖြောင်း!.....

အရှင့်အမိန့်ပေးသံအဆုံး ကျောပေါ်ကျရောက်လာသော ကြာပွတ်သည့် ကြင်ရောကို ကော့တက်သွားစေသည်..သို့သော် အပြုံးမပျက်စေပေ...

တစ်ချက်ပြီးတစ်ချက်အရိုက်ခံသော်ငြား ပြုံးနေသေးပါသော ကြင်ရောသည် သူချစ်ရသူအရှင်ကိုသာ အကြည့်မလွှဲနိုင်ခဲ့ပေ..

အရှင်က ကြင်ရောကိုခေတ္တမျှကြည့်နေခဲ့ပြီး ထွက်သွားလေတော့သည်..သို့သော် ထွက်မသွားခင် အရှင့်မျက်ဝန်းထဲမှ မျက်ရည်စတို့ကို ကြင်ရောမြင်လိုက်ရပါသေးသည်..

အသေသာသတ်သွားပါတော့လား အ​မောင်ရယ်....

ဖြောင်း!

"အာ့....!

အချက်ရေမည်မျှရှိပြီပင် မသိရတော့ဘဲ ကျရောက်နေသော ကြိမ်ဒဏ်တို့သည် ကြင်ရော၏ခန္တာကိုယ်တစ်ခုလုံးကိုပင် စုတ်ပြတ်သွားစေနိုင်လေသည်...

နောက်ဘဝတွေများရှိလာခဲ့ရင် အရှင်နဲ့ဝေးရာ အခြားကမ္ဘာတွင်သာ ဖြစ်တည်ပါရစေ အရှင်ဘုရား....

ဒီဘဝတွင်တော့ ချစ်နိုင်သမျှချစ်ပါမည်လေ...

.
.
.
.
"ရော့..ငွေငါးဆယ်...နောက်တစ်ခါ နန်းတွင်းကိုပြန်လာနဲ့တော့!

သမားတော်အတုအား ငွေစငါးဆယ်ပေးကာ နှုတ်ပိတ်နေပါသော စင်စင်...

ထို့​နောက် တိုးလျှိုးစွာဖြင့်ပြန်လာကာ သူမ၏အရှင်သခင် မိဖုရားစောဝေထံခစားရပြန်​လေသည်..

နန်းဆောင်ကို မင်းတုန်းထိုးကာ အသေချာပိတ်လိုက်ပြီး မိဖုရားအနားသွားလိုက်သည်..

"မိဖုရားကြီး"

ခပ်တိုးတိုးဆိုသော မေ့ဟန်ဆောင်နေသောမိဖုရားက ဖြည်းညှင်းစွာ ထလာလေသည်..

"ဘယ်လိုဖြစ်သွားပြီလဲ!

"ထွက်သွားပါပြီ..မိဖုရားကြီး..ပြီးတော့.သမားတော် ဒဿလဲ မကြာခင်ရောက်လာတော့မှာပါ"

သူမစကားကြောင့်မိဖုရားက အားရကျေနပ်စွာပြုံး၏..

"တော်တယ်.စင်စင်..နင့်အကြံ အလုပ်ဖြစ်သားပဲ"

"အခုဆို ကိုယ်လုပ်တော်ရောကလဲ မြေအောက်ခန်းထဲ အပြစ်ခံနေရပါပြီ..ပြီးတော့ သခင်ကလဲ မိဖုရားကို စိတ်ယိုင်လာတော့မှာ"

"ဟင်း...ဟိုငတုံးသက်တိုးမင်းထင်က ဘုမသိဘမသိနဲ့ ဟိုသမားတော်ကိုခေါ်မယ်ဆိုတာကြိုသိသားပဲ..အဲ့ဒီသမားတော် နန်းတွင်းကိုရောက်လာရင် ငထင်ကိုသတင်းပေးပြီး အမိဖမ်းရုံပဲ...သည့်အခါ သခင်က ငါ့ကို သဘောတကျဖြစ်လိမ့်မယ်.."

"ကိုယ်လုပ်တော်ရောလဲ ထောင်ကျ..မင်းကြီးလဲ ဒုက္ခရောက်..မိဖုရားကြီးက ခဲတစ်လုံးနဲ့ငှက်နှစ်ကောင်ပစ်လိုက်တာပဲ"

"ဟင်းးးကြည့်နေ သိပ်မကြာခင်မှာ အရာအားလုံး ငါ့သဘောကျဖြစ်သွားတော့မှာ..."

အတ္တကြီးသော မိန်းမပျိုသည် လောဘနှင့်ချစ်ခြင်းမေတ္တာကို ခွဲခြားသိမြင်နိုင်စွမ်းမရှိသည်မှာ အသေအချာပင်...
.
.

.
ကြိမ်ဒဏ်တစ်ရာပြီးသည့်တိုင် ကြင်ရော နာကျင်မှုထံမှ မလွတ်မြောက်ရသေးပေ..

"ကျွန်ုပ်ဘာအမှားမှ မလုပ်ခဲ့ဘူး!

"ဝန်ခံစမ်း!ဖြောင်း!

အစောင့်က ရိုက်ကာ ဝန်ခံခိုင်းလိုက် ကြင်ရောက ငြင်းဆန်လိုက်ဖြင့် အချိန်တော်ကြာ လည်ပတ်ခဲ့ပြီဖြစ်သော်ငြား ကြင်ရောကတော့ မလုပ်ခဲ့သည့်အပြစ်ကို.ဝန်မခံနိုင်ပေ...

ကြင်ရောဘဝသည် တိရစ္ဆာန်ထက်ပင်ဆိုးနေလေပြီ..သွေးသံတရဲရဲဖြင့် အဝတ်အစား ဆံပင်တို့ကလဲ ဖရိုဖရဲနဲ့ လူရုပ်ပင်မထွက်တော့ပေ...

အချစ်မခံခဲ့ရဘူး..ကြင်ရောရယ်...ယုံကြည်တဲ့လူတွေကလဲ သစ္စာဖောက်သွားသလို ချစ်ရသူကလဲ မေတ္တာပျက်သွားပြီ...ကူကယ်ပေးမယ့် မိဘရယ်..ဆွေမျိုုးသားချင်းရယ်လဲ မရှိ..ကံအကျိုးပေးညံ့လှပါတကား...

ဝဋ်ကြွေးတွေကြီးလိုက်တာ..ရှေးဘဝက ဒီလူတွေအပေါ် ဘယ်လောက်များရက်စက်ခဲ့သလဲ ကြင်ရောရဲ့..

အမျိုးသားငယ်သည် သတိမေ့သွားသည့်တိုင် ဝန်မခံခဲ့ပေ..သတိမမေ့ခင် စိတ်လွတ်ကာ နှုတ်မှထွက်မိသော စကားလုံးသည်....

"ဦးကြီး~~~
.
.
.
အပိုင်း ဆယ့်ခုနှစ်ပြီး...

ဦးကြီးဆိုတာ..ကြင်ရောကို သခင်ကြီးခေါ်လာတုန်းက ကြင်ရောက သခင်ကြီးကိုခေါ်ခဲ့တဲ့ နာမ်စားပါနော်..အဲ့အချိန်...ကြင်ရောကငယ်သေးပေမယ့် မသိစိတ်က သူ့ဦးကြီးကို မှတ်မိနေခဲ့ပါတယ်..
စကားမစပ် လိုင်းပြန်ရပြီ..ဟားးးးး

23.10.2023
Monday
By May

.
.
Zawgyi...

"မိဖုရားေခါင္ႀကီး အဆိပ္မိေနၿပီ!

သမားေတာ္စကားေၾကာင့္ ၾကင္ေရာ လန့္သြားရသလို  ေၾကာက္သြားမိသည္..အဆိပ္မိတယ္တဲ့လား..မိဖုရားႀကီးကိုေတာင္ ဘယ္သူကအဆိပ္ခပ္ရဲတာလဲ..

"မိဖုရားႀကီးဘာေတြသုံးေဆာင္ထားသလဲ..ဘာကိုမွ မသိမ္းနဲ႕အုန္း..ဘယ္ကအဆိပ္ပါတာလဲ စမ္းရမယ္"

"မိဖုရားေခါင္ႀကီးက ယာဂုတစ္ခုပဲသုံးေဆာင္ရေသးတာပါ"

ၾကင္ေရာ လန့္သြားရသည္...ယာဂုကိုပဲသုံးေဆာင္ေသးေပမယ့္ ယာဂုမွာအဆိပ္မွမပါဘဲ...

"ကိုယ္လုပ္ေတာ္ေရာ ယူလာတဲ့ယာဂုပါ"

"ယာဂုမွာ အဆိပ္ပါေနတာပဲ..အေစခံေတြ လုပ္ႀကံသူကိုဖမ္းဆီးလိုက္ၾက!

အထိန္းေတာ္က အမိန့္ေပးလိုက္သည့္အခါ အေစာင့္တို႔က ၾကင္ေရာကို.ဖမ္းဆီးလိုက္ၾကေတာ့သည္..

"မဟုတ္ဘူး..ယာဂုမွာအဆိပ္မပါဘူး..ကြၽန္ုပ္ကရိုးရိုးသားသား ျပင္ေပးခဲ့တာ!

"အေစာ!

ထိုအခ်ိန္တြင္ အေျပးတပိုင္းေရာက္ရွိလာေသာ အရွင္..အရွင္က သတင္းၾကားၿပီး အေလာတႀကီးေျပးခဲ့ပုံပင္..

"ဘာေတြျဖစ္ေနတာလဲ"

ၾကင္ေရာကိုျမင္သြားေတာ့ အရွင္က မာထန္စြာေျပာသည္..ထို႔ေနာက္ လဲက်ေနသည့္ မိဖုရားေစာေဝအနားသြားကာ ဖိဖုရားကိုေပြ႕ခ်ီလိုက္သည္..

"ကိုယ္လုပ္ေတာ္ေရာယူလာတဲ့ ယာဂုကိုေသာက္ၿပီးတဲ့ေနာက္မွာ မိဖုရားႀကီးက အဆိပ္မိသြားခဲ့ပါတယ္..ကိုယ္လုပ္ေတာ္ ေရာ အဆိပ္ခပ္တာကို ကြၽန္ုပ္ကိုယ္တိုင္ ျမင္ခဲ့ေၾကာင္းပါ"

"ဘာ!

စင္စင့္စကားေၾကာင့္အရွင္က ေဒါသတႀကီးေအာ္ေငါက္လိုက္သလို ၾကင္ေရာလ အံ့ၾသသြားမိသည္..ၾကင္ေရာက အဆိပ္ခတ္တယ္လို႔ စင္စင္ကေျပာသတဲ့လား..ၾကင္ေရာနားလည္လိုက္ေလၿပီ..တစ္ေလွ်ာက္လုံးေႁမြေပြးကို ခါးပိုက္ပိုက္ထားမိခဲ့သည္ပဲ..ေဒါသတို႔ကိန္းေအာင္းေန​ေသာ အရွင့္ကို...ၾကင္ေရာရွင္းျပခ်င္ေသာ္ျငား အခြင့္ေရးမရွိခဲ့ေပ..

"ေတာက္ခ္!!ေျမေအာက္အက်ဥ္းခန္းထဲ ပိတ္ေလွာင္ထားလိုက္!

အရွင္ကအမိန့္ေပးၿပီးေနာက္မွာ မိဖုရားႀကီးရွိရာဆီ ထြက္သြားေလေတာ့သည္..ၾကင္ေရာကေတာ့ အေစာင့္တို႔၏ ေဆာင္က်ဥ္းမႈေၾကာင့္ ေျမေအာက္အက်ဥ္းဆီ တန္ျပန္ဦးတည္ရေလေတာ့သည္...

"ဘဝႏွယ္..ဆိုးလိုက္ပါဘိ!

မိဖုရားကိုခ်ီလ်က္ ထြက္သြားေသာ အရွင့္ေနာက္ ၾကင္ေရာ၏ ေၾကမြေနေသာ ႏွလုံးသည္ လိုက္ပါသြားေလၿပီ...
အႀကိမ္ႀကိမ္အခါခါစြပ္စြဲခံခဲ့ရတယ္..အႀကိမ္ႀကိမ္အခါခါ ပစ္ပယ္ခံရတယ္..အႀကိမ္ႀကိမ္အခါခါ သစၥာေဖာက္ခံရတယ္...
အားတင္းၿပီး ခါးစည္းခံခဲ့ေပမယ့္ ႀကိမ္ေရထပ္လာသည့္အခါ အားအင္ခ်ိနဲ႕စြာ ၿပိဳလဲပစ္ခ်င္သည္..
အရာအားလုံးကို နာက်ည္းပစ္မိခ်င္သည္..ခက္တာက ဒီစိတ္ႏွလုံးက နာက်ည္းျခင္းဆိုတဲ့ ပညာရပ္ကို မတတ္ေျမာက္နိုင္ဘူး...

ေမတၱာသည္သာေအးခ်မ္းရာ..အရွင္သည္သာ ေစစားပါ...

ၾကင္ေရာက အရွင္ျပဳသမွ်ႏုမယ့္ ကႀကိဳး႐ုပ္ေလးမို႔..

ဖ်က္ဆီးပစ္လဲေႂကြလြင့္ရမွာပဲ...ေနေစလ်င္လဲ ဝပ္တြားရမွာပါပဲ...

ေယာက္်ားတန္မဲ့ ငိုေႂကြးမိေနေသာ ၾကင္ေရာက သိကၡာမဲ့လြန္းအားႀကီးေနမလား...ေယာက္်ားတန္မဲ့ အခ်စ္ကို႐ူးမိတဲ့ၾကင္ေရာက မိုက္တြင္းနက္လြန္းေနၿပီလား...
ေမးခြန္းမ်ားစြာအတြက္ ကိုယ္တိုင္ပင္အေျဖမေပးနိုင္ေပ..အခု ၾကင္ေရာ ေသခ်ာသိသည္က...

"အရွင့္ကိုၾကင္ေရာ ေမတၱာရွိရပါတယ္"

ၾကင္ေရာက ပိုးဖလံတစ္ေကာင္လိုပါပဲ..မီးမွန္းသိေပမယ့္ ဇြတ္တိုးေနဆဲပါပဲ...

.
.

.
.
"မိဖုရား သက္သာေနၿပီလား"

ကုသေပးေနေသာ သမားေတာ္အား ေမးၾကည့္ေတာ့ သမားေတာ္က ေခါင္းသာတြင္တြင္ခါေနေလသည္..မိဖုရားႀကီးကေတာ့ ေမ့ေျမာေနဆဲသာ..

"စိုး႐ြံ႕မိပါတယ္..အရွင္မင္းႀကီး မိဖုရားႀကီးမိထားတဲ့အဆိပ္ကို ကြၽန္ေတာ္မ်ိဳးေျဖနိုင္စြမ္းမရွိပါဘူး...အဆိပ္ဟာ သႏၶေသားဆီပါပ်ံ့ႏွံ႕ေနပါၿပီ..အခ်ိန္လင့္ရင္ ဆုံးရႉံးမႈေတြမ်ားပါလိမ့္မယ္"

သမားေတာ္စကားေၾကာင့္ သက္တိုးမင္းထင္ ထိတ္လန့္သြားသည္..သူ၏ပထမဆုံးရင္ေသြးေလးအား အဆုံးရႈံးမခံနိုင္ေပ..

"ဒီအဆိပ္ေတာင္ မကုနိုင္ဘဲ သမားေတာ္ဘယ္လိုျဖစ္လာတာလဲ..ေတာက္ခ္ ထြက္သြား!

ေဒါသတႀကီးေအာ္လိုက္ေသာ မင္းႀကီးေၾကာင့္ သမားေတာ္တင္မက အေစခံအခ်ိဳ႕ပါ ဦးၫြတ္လ်က္ ထြက္သြားၾကေလသည္...

"စကၡဳ"

အေဆာင္အျပင္တြင္ရွိေနေသာ စကၡဳသည္လည္း အရွင္ျဖစ္သူ၏ ေခၚသံေၾကာင့္အေျပးလွမ္းလာရေလသည္..

"အမိန့္ရွိပါ..အရွင္မင္းႀကီး"

"အဆိပ္အရာမွာ ဒႆကအေတာ္ဆုံးပဲ..သူ႕ကိုမရရေအာင္ျပန္ေခၚလာခဲ့..!

"မွန္လွပါမင္းႀကီး"

စကၡဳထြက္သြားၿပီးေနာက္.သက္တိုးမင္းထင္ မိဖုရားေစာေဝအနား ထိုင္ကာ လက္သြယ္သြယ္တို႔ကိုဆုပ္ကိုင္လ်က္ ဂ႐ုဏာႀကီးစြာၾကည့္ေနမိသည္..

"ၾကင္ေရာ...ဘယ္ေလာက္ေတာင္ေျပာင္းလဲသြားရတာလဲ..မင္းကျဖဴစင္တဲ့ စံပယ္ပန္းေလးပါ..ဘယ့္ေၾကာင့္ မည္းညစ္ကုန္ရတာလဲ"

တစ္ခ်ိန္က သူျမတ္နိုးခဲ့ေသာ အမ်ိဳးသား ၾကင္​ေရာသည္ လျပည့္ဝန္းပမာ ျဖဴစင္ၿပီး စံပယ္ပမာသင္းပ်ံ့ေသာ အမ်ိဳးသားျဖစ္သည္..အခုခ်ိန္တြင္ေတာ့ ဝန္တိုစိတ္မ်ားသည့္ ေယာက္်ားျဖစ္ေနေခ်ၿပီ.

"စင္စင္"

"မွန္လွပါမင္းႀကီး "

"ကိုယ္လုပ္ေတာ္ေရာက အဆိပ္ခတ္ခဲ့တာေသခ်ာသလား"

"စင္စင္ မလိမ္ဝံ့ပါဘူး..စင္စင္ကမိဖုရားႀကီးအေစခံေပမယ့္ ကိုယ္လုပ္ေတာ္ေရာအပါးခစားရသူပါ..ကိုယ့္သခင္ကို အဆိပ္ခတ္လုပ္ႀကံတာသိေပမယ့္ ကိုယ္လုပ္ေတာ္ေရာက ကြၽန္ေတာ္မ်ိဳး မိသားစုကို ဓားစာခံထား၍ မေျပာနိုင္ခဲ့ပါဘူး.."

"ေတာက္ခ္!

သက္တိုးမင္းထင္တစ္ေယာက္ စိတ္အစိုးမရစြာပင္ ေျမေအာက္အက်ဥ္းဆီသို႔ဦးတည္ခဲ့ေတာ့သည္..ဘယ္ေလာက္ပဲခြင့္လႊတ္ေပးခဲ့ပါတယ္ေျပာေျပာ..သူ႕ရင္ေသြးကိုပါထိပါးလာသည့္ ေယာက္်ားသားကိုေတာ့ ခြင့္မလႊတ္နိုင္ေတာ့ေပ..

"ၾကင္ေရာ!

ေျမေအာက္ခန္းဝယ္.သံႀကိဳးဆြဲကာ ဒူးတုပ္ထိုင္ေနေသာ ၾကင္ေရာက မွိုင္းညို႔ေသာ မ်က္ဝန္းမ်ားျဖင့္ ေမာ္ၾကည့္လာ၏..
ဤမ်က္ႏွာသည္ စြဲလမ္းရေသာ မ်က္ႏွာျဖစ္ခဲ့ဖူးသည့္တိုင္ နာက်ည္းပစ္ဖို႔ကိုမစြမ္းနိုင္ေပ...

"အရွင္~~

"အတင့္ရဲလြန္းေနၿပီ ၾကင္ေရာ..တစ္ခါသတိေပးမရ..ႏွစ္ခါ သတိေပးမရ..ဘယ္ခ်ိန္ထိမ်ား ယုတ္မာဖို႔ေတြးထားရသလဲ!

"အရွင္..ၾကင္ေရာဘာကိုမွမလုပ္ခဲ့ပါဘူး..ၾကင္ေရာမွာ သည့္လိုစိတ္မ်ိဳးမရွိရပါဘူး"

"ကိုယ့္အမွားကိုယ္မသိေသးဘူးလား!

"ၾကင္ေရာ အသက္ရွိစဥ္ကတင္လို႔ မွားခဲ့တဲ့တစ္ခုတည္းေသာအမွားက အရွင့္အေပၚ ေမတၱာရွိမိျခင္းပါပဲ..."

တိုးလ်စြာဆိုလာေသာစကားသံသည္ သက္တိုးမင္းထင္ရင္ကို ဆြဲကိုင္လႈပ္ေနသလိုပင္..ၾကင္ေရာက သူ႕ကိုေမတၱာရွိတာကို မွားတယ္လို႔ေတြးသတဲ့လား..

"ေတာက္ခ္!ၾကင္ေရာ...မင္းလုပ္ခဲ့တာကိုဝန္မခံရဲဘူးလား..မင္းဘာေတြလုပ္ခဲ့လဲ စဥ္းစားစမ္း..ယုတ္မာလြန္းတယ္ ၾကင္ေရာ..ေယာက္်ားျဖစ္ေနပါလ်က္ မိန္းမတစ္ေယာက္ကိုလုပ္ႀကံ႐ုံမက ေမြးမလာေသးတဲ့ ကေလးငယ္ကိုေတာင္ အသက္မဲ့ေစခ်င္ေနတယ္"

"ဟက္..အရွင္ေတြးခ်င္သလိုသာေတြးပါေတာ့..ၾကင္ေရာက အရွင္ျပဳသမွ်ႏုရသူမို႔"

"ေတာက္ခ္..စိတ္ဓာတ္ေအာက္တန္းက်လွေခ်လား!

"ဟုတ္တယ္..ၾကင္ေရာကသာ စိတ္ဓာတ္ေအာက္တန္းက်သဴပါ...အရွင့္ကစားရာနယ္႐ုပ္တင္မကဘဲ အျပစ္လႊဲခ်ခံရလိုက္ ယိုးစြပ္ခံရလိုက္ ရိုက္ႏွက္ခံလိုက္ က်ိန္ဆဲခံလိုက္နဲ႕ ဒီအမ်ိဳးသားကသာ စိတ္ဓာတ္ေအာက္တန္းက်သဴပါ.."

"ၾကင္ေရာ!ငါ့ကိုေလသံမာရဲတယ္လား"

"သတ္လိုလဲသတ္ေစေတာ့ ၾကင္ေရာလဲ အရွင့္လိုလူဆီက ဝဋ္ကြၽတ္ခ်င္ၿပီမို႔"

"ေတာက္ခ္..ဒီေကာင္!

အရွင္က ၾကမ္းတမ္းစြာေအာ္လိုက္ၿပီး အေစာင့္ေတြကိုေအာ္ေခၚလိုက္သည္..

"ႀကိမ္ဒဏ္တစ္ရာေပးလိုက္!

ၾကင္ေရာမဲ့ၿပဳံးေလးၿပဳံးလိုက္သည္..ႀကိမ္ဒဏ္တစ္ရာက ဒီရင္ဘတ္တြင္းကဒဏ္ရာထက္ နာပါ့မလား..

ၾကာပြတ္ကို ဆြဲကိုင္လ်က္ ၾကင္ေရာအနား ေလွ်ာက္လာေသာ အေစာင့္သည္ ေတာင့္တင္းလြန္းေသာအမ်ိဳးသားျဖစ္သည္..

"တစ္ရာျပည့္လို႔ ဝန္မခံေသးရင္ ဝန္မခံမခ်င္းသာရိုက္!

"မွန္လွပါမင္းႀကီး "

"အားကုန္သုံးၿပီးရိုက္!

ေျဖာင္း!.....

အရွင့္အမိန့္ေပးသံအဆုံး ေက်ာေပၚက်ေရာက္လာေသာ ၾကာပြတ္သည့္ ၾကင္ေရာကို ေကာ့တက္သြားေစသည္..သို႔ေသာ္ အၿပဳံးမပ်က္ေစေပ...

တစ္ခ်က္ၿပီးတစ္ခ်က္အရိုက္ခံေသာ္ျငား ၿပဳံးေနေသးပါေသာ ၾကင္ေရာသည္ သူခ်စ္ရသူအရွင္ကိုသာ အၾကည့္မလႊဲနိုင္ခဲ့ေပ..

အရွင္က ၾကင္ေရာကိုေခတၱမွ်ၾကည့္ေနခဲ့ၿပီး ထြက္သြားေလေတာ့သည္..သို႔ေသာ္ ထြက္မသြားခင္ အရွင့္မ်က္ဝန္းထဲမွ မ်က္ရည္စတို႔ကို ၾကင္ေရာျမင္လိုက္ရပါေသးသည္..

အေသသာသတ္သြားပါေတာ့လား အ​ေမာင္ရယ္....

ေျဖာင္း!

"အာ့....!

အခ်က္ေရမည္မွ်ရွိၿပီပင္ မသိရေတာ့ဘဲ က်ေရာက္ေနေသာ ႀကိမ္ဒဏ္တို႔သည္ ၾကင္ေရာ၏ခႏၱာကိုယ္တစ္ခုလုံးကိုပင္ စုတ္ျပတ္သြားေစနိုင္ေလသည္...

ေနာက္ဘဝေတြမ်ားရွိလာခဲ့ရင္ အရွင္နဲ႕ေဝးရာ အျခားကမၻာတြင္သာ ျဖစ္တည္ပါရေစ အရွင္ဘုရား....

ဒီဘဝတြင္ေတာ့ ခ်စ္နိုင္သမွ်ခ်စ္ပါမည္ေလ...

.
.
.
.
"ေရာ့..ေငြငါးဆယ္...ေနာက္တစ္ခါ နန္းတြင္းကိုျပန္လာနဲ႕ေတာ့!

သမားေတာ္အတုအား ေငြစငါးဆယ္ေပးကာ ႏႈတ္ပိတ္ေနပါေသာ စင္စင္...

ထို႔​ေနာက္ တိုးလွ်ိုးစြာျဖင့္ျပန္လာကာ သူမ၏အရွင္သခင္ မိဖုရားေစာေဝထံခစားရျပန္​ေလသည္..

နန္းေဆာင္ကို မင္းတုန္းထိုးကာ အေသခ်ာပိတ္လိုက္ၿပီး မိဖုရားအနားသြားလိုက္သည္..

"မိဖုရားႀကီး"

ခပ္တိုးတိုးဆိုေသာ ေမ့ဟန္ေဆာင္ေနေသာမိဖုရားက ျဖည္းညွင္းစြာ ထလာေလသည္..

"ဘယ္လိုျဖစ္သြားၿပီလဲ!

"ထြက္သြားပါၿပီ..မိဖုရားႀကီး..ၿပီးေတာ့.သမားေတာ္ ဒႆလဲ မၾကာခင္ေရာက္လာေတာ့မွာပါ"

သူမစကားေၾကာင့္မိဖုရားက အားရေက်နပ္စြာၿပဳံး၏..

"ေတာ္တယ္.စင္စင္..နင့္အႀကံ အလုပ္ျဖစ္သားပဲ"

"အခုဆို ကိုယ္လုပ္ေတာ္ေရာကလဲ ေျမေအာက္ခန္းထဲ အျပစ္ခံေနရပါၿပီ..ၿပီးေတာ့ သခင္ကလဲ မိဖုရားကို စိတ္ယိုင္လာေတာ့မွာ"

"ဟင္း...ဟိုငတုံးသက္တိုးမင္းထင္က ဘုမသိဘမသိနဲ႕ ဟိုသမားေတာ္ကိုေခၚမယ္ဆိုတာႀကိဳသိသားပဲ..အဲ့ဒီသမားေတာ္ နန္းတြင္းကိုေရာက္လာရင္ ငထင္ကိုသတင္းေပးၿပီး အမိဖမ္း႐ုံပဲ...သည့္အခါ သခင္က ငါ့ကို သေဘာတက်ျဖစ္လိမ့္မယ္.."

"ကိုယ္လုပ္ေတာ္ေရာလဲ ေထာင္က်..မင္းႀကီးလဲ ဒုကၡေရာက္..မိဖုရားႀကီးက ခဲတစ္လုံးနဲ႕ငွက္ႏွစ္ေကာင္ပစ္လိုက္တာပဲ"

"ဟင္းးးၾကည့္ေန သိပ္မၾကာခင္မွာ အရာအားလုံး ငါ့သေဘာက်ျဖစ္သြားေတာ့မွာ..."

အတၱႀကီးေသာ မိန္းမပ်ိဳသည္ ေလာဘႏွင့္ခ်စ္ျခင္းေမတၱာကို ခြဲျခားသိျမင္နိုင္စြမ္းမရွိသည္မွာ အေသအခ်ာပင္...
.
.
.
ႀကိမ္ဒဏ္တစ္ရာၿပီးသည့္တိုင္ ၾကင္ေရာ နာက်င္မႈထံမွ မလြတ္ေျမာက္ရေသးေပ..

"ကြၽန္ုပ္ဘာအမွားမွ မလုပ္ခဲ့ဘူး!

"ဝန္ခံစမ္း!ေျဖာင္း!

အေစာင့္က ရိုက္ကာ ဝန္ခံခိုင္းလိုက္ ၾကင္ေရာက ျငင္းဆန္လိုက္ျဖင့္ အခ်ိန္ေတာ္ၾကာ လည္ပတ္ခဲ့ၿပီျဖစ္ေသာ္ျငား ၾကင္ေရာကေတာ့ မလုပ္ခဲ့သည့္အျပစ္ကို.ဝန္မခံနိုင္ေပ...

ၾကင္ေရာဘဝသည္ တိရစ္ဆာန္ထက္ပင္ဆိုးေနေလၿပီ..ေသြးသံတရဲရဲျဖင့္ အဝတ္အစား ဆံပင္တို႔ကလဲ ဖရိုဖရဲနဲ႕ လူ႐ုပ္ပင္မထြက္ေတာ့ေပ...

အခ်စ္မခံခဲ့ရဘူး..ၾကင္ေရာရယ္...ယုံၾကည္တဲ့လူေတြကလဲ သစၥာေဖာက္သြားသလို ခ်စ္ရသူကလဲ ေမတၱာပ်က္သြားၿပီ...ကူကယ္ေပးမယ့္ မိဘရယ္..ေဆြမ်ိဳုးသားခ်င္းရယ္လဲ မရွိ..ကံအက်ိဳးေပးညံ့လွပါတကား...

ဝဋ္ေႂကြးေတြႀကီးလိုက္တာ..ေရွးဘဝက ဒီလူေတြအေပၚ ဘယ္ေလာက္မ်ားရက္စက္ခဲ့သလဲ ၾကင္ေရာရဲ႕..

အမ်ိဳးသားငယ္သည္ သတိေမ့သြားသည့္တိုင္ ဝန္မခံခဲ့ေပ..သတိမေမ့ခင္ စိတ္လြတ္ကာ ႏႈတ္မွထြက္မိေသာ စကားလုံးသည္....

"ဦးႀကီး~~~
.
.
.
အပိုင္း ဆယ့္ခုႏွစ္ၿပီး...

ဦးႀကီးဆိုတာ..ၾကင္ေရာကို သခင္ႀကီးေခၚလာတုန္းက ၾကင္ေရာက သခင္ႀကီးကိုေခၚခဲ့တဲ့ နာမ္စားပါေနာ္..အဲ့အခ်ိန္...ၾကင္ေရာကငယ္ေသးေပမယ့္ မသိစိတ္က သူ႕ဦးႀကီးကို မွတ္မိေနခဲ့ပါတယ္..
စကားမစပ္ လိုင္းျပန္ရၿပီ..ဟားးးးး

23.10.2023
Monday
By May


You are reading the story above: TeenFic.Net