ဒီနေ့တစ်နေ့လုံး ကလောရဲ့ အလှအပတွေကို
ခံစားရင်း ထူးထူးခြားခြား လွတ်လွတ်လပ်လပ် အပျော်တွေ
လွန်နေမိသည်......အလှအပမှာ နာမည်ကြီးသည့် ကလော
ကြီးလဲ ကြီးသင့်လောက်ပါသည်.... စိတ်ကို အေးချမ်း
စေသည်....
မိုင်းသောက်ဝိုင်ခြံမှာ သွန်းနဲ့အတူ ဝိုင်အတူသောက်
ရင်း ညနေဆည်းဆာအလှ ပြီးဆုံးကာ ကြယ်ရောင်စုံ
ဖြန့်ခင်းသည့် အချိန်ကိုရောက်လာခဲ့သည်.....
ကလော Hotel မှာ တစ်ညအိပ်ပြီး မနက်မှ တောင်ကြီး
ကိုပြန်ကြမည်ဖြစ်သည်.....
သျှား ဝိုင်သောက်တာ များနေပြီဖြစ်သည်.. ဝိုင်ကလဲ
အတော်ပင်အရသာရှိသည်... ချိုရှရှလေး ရင်ထဲပူဆင်း
သွားသည့် ခံစားချက်က စိတ်ကို မြူးလာစေသည်မှာတော့
အမှန်ပင်...သို့သော် သွန်း သိပ်သောက်လို့မရပေ... သျှား
ကိုထိန်းရဦးမှာကြိုသိနေလေသည်....
"သျှား.. ရေ Hotel ပြန်ကြမယ်လေ များနေပြီ "
"မပြန်ချင်သေးဘူး သွန်းရာ ငါသောက်ဦးမှာ "
"တော်ပြီလေ များနေပြီ လိမ္မာတယ် နော် "
"မရဘူးဟာ ငါမူးနေပြီထင်လို့လား မမူးသေးဘူး သွန်း
လုံးဝမမူးသေးတာ ဒီမှာကြည့် ငါနင့်ဆီလာပြမယ် "
နင့်ဆီလာပြမည်ဟုပြောပြီး ထအလာ ယိုင်တိုင်တိုင်
ဖြင့် သွန်းရှေ့မှာရပ်လိုက်သည်....
" ဒီမှာ သွန်း ငါပြောမယ် ငါမမူးသေးဘူး
သောက်ဦးမှာ ပြီးတော့ နင်ကဒီနေ့မှ ဘာလို့ နှုတ်ခမ်းကနီ
နေရတာလဲ အရင်ကအဲ့လောက်မနီပါဘူး "
သွန်း နှုတ်ခမ်းပါးလေးများကို လက်ညိုးနဲ့လာထိ
ပြီး သူပြောချင်ရာ ပြောနေတော့သည်..... သွန်း မှာသာ
ရင်တလှပ်လှပ်ဖြင့်..... ဝိုင်းဒိုင်းကျဲနေသည်....
"ပြန်ကြရအောင်ပါ သျှားရယ် "
"ဘာလဲ သွန်းကပြန်ချင်နေပြီလား... ပြီးရော ပြီးရော သွန်းပြန်ချင်နေပြီဆိုလဲ ပြန်ကြတာပေါ့ ဒါပေမယ့် ငါတစ်ခွက်တော့ သောက်ဦးမယ် "
"ကျစ် တော်ပြီလေ သျှားရယ် "
"သွန်း ကျစ်လို့ ပြောလိုက်တာလား ဒီနှုတ်ခမ်းလေးကလား "
ပြောချင်ရာပြောနေပြီး တွဲခေါ်လာတော့လဲ ပါလာ
သည်ပင်... Hotel ကနေ ကားကြိုခေါ်ထားမိသည်မှာ
မှန်သွားသည်..... သျှားကို တွဲလာပြီး ကားနောက်ခန်းထဲ
ထည့်ကာ သွန်းပါ ဝင်ထိုင်လိုက်သည်...
"သွန်း အေးတယ် ဖက်ထားပေး "
ဒီထက် ဖက်ပေးရရင်ဖြင့် ရှင် အသက်ရှုကျပ်
တော့မှာပေါ့ သျှားရ ဟူးးး မလွယ်ပါလား သျှားမူးတာကို မမြင်ဖူးသေးပေ.. သောက်လဲမသောက်နိုင်ပဲ..... သောက်နိုင်တယ်ဆိုတာကြည့်ပဲ လေလုံးထွားလွန်းသည်....
" သျှား.. ထ သျှားလေး ထ ရောက်ပြီ ဆင်း "
"ဘယ်ကို ရောက်တာလဲ အိမ်လား "
"ဟုတ်တယ် အိမ် လာ "
"အွန်း..... "
တော်သေးသည်... Hotel က ကောင်မလေး
တွေ ကူညီပြီး တွဲပေးလို့သာ.... နို့မို့ဆို သွန်း လက်တွေပြုတ်
ထွက်တော့မည်... ခုတင်ပေါ်တင်ပေးလိုက်သည်နှင့်
တစ်ဖက်လှည့်ကာ အိပ်သွားတော့သည်.....သျှားအိပ်
ပျော်သွားမှ သွန်း ရေချိုးခန်းထဲဝင် မျက်နှာသစ်
ကိုယ်လက်သန့်စင်ပြီး ပြန်ထွက်အလာ....
"သျှား အိပ်လေ ဘာလို့လဲ "
"ရေ ရေသောက်ချင်လို့ "
"ဪ... အင်း ဒီမှာ ခဏလေး "
ဖန်ခွက်ထဲ ရေထည့်ပြီး ပေးလိုက်သည်....
"သွန်း ရင်တွေပူနေတယ် "
"အွန်း... ဘာလုပ်ပေးရမလဲ သံပုရာရည်သောက်မလား
မှာလိုက်မယ် "
"ဟင့်အင်း မမှာနဲ့တော့ မသောက်တော့ဘူး မျက်နှာသစ်
လိုက်မယ် "
"အွန်း သစ်လေ လန်းသွားတာပေါ့ "
"အွန်း..... "
သျှား ရေချိုးခန်းထဲ ကမန်းကတန်း အမြန်ဝင်
လာလိုက်သည်..... ရီချင်နေသည်မှာ မနေနိုင်တော့ပင်..
ဟုတ်ပါသည်... မူးတော့မူးနေသည်... သို့ပေမယ့် ထွေရုံ
လေးသာ ရှိသေးသည်..... ဒီလောက်လေးကို များနေပြီ
လာပြောနေသော သူမကို စချင်သောကြောင့် ဖြစ်သည်...
မျက်နှာသစ်ပြီး မျက်နှာပိုးသတ်ကာ ယိုင်တိုင်တိုင်ဖြင့်...
ထွက်လာခဲ့လိုက်သည်....
"သျှား ရရဲ့လား သကြားလုံးစားဦးမလား Hotel က
သကြားလုံး ချိုတယ်သိလား စတော်ဘယ်ရီထင်တယ် "
"ဟုတ်လား သွန်း စားနေတာလား "
"အွန်း... "
"အဲ့ဒါဆို စားမယ် "
စားမယ်ပြောပြီး သွန်း နှုတ်ခမ်းကို လာနမ်းလေသည်...........
ပြင်းရှရှ ဝိုင်အနံနဲ့အတူ ဝင်ရောက်လာသော နူးညံသည့်
နှုတ်ခမ်းတစ်စုံက ချိုတယ်လို့ထင်ရသော သကြားလုံး
ထက် ပိုချိုနေသည်.... ပါးစပ်ထဲက သကြားလုံးကိုပါ
ယူသွားလေသည်... ကိုယ့်နှုတ်ခမ်းအား သကြားလုံးများ
ထင်နေရော့သလား.... လက်ကလဲ အငြ်ိမ်မနေ သွန်း
ကျောကို ပွတ်သပ်နေသေးသည်.... ထိုထိုမှတစ်ဆင့်....
ချည်းနှီးဝင်ရောက်လာသော အနမ်းမြောက်မြားစွာကို လက်ခံမိသည်........ မူးနေ၍လား မမူးတော့သည်လား
မသိပေမယ့် မူးသထက်မူးလာသည်က သွန်းသာဖြစ်
သည်.....
"ချစ်တယ် သွန်းရယ် "
အိပ်မက်လား တကယ်လား မသိလိုက်ပေမယ့်
သွန်းပြုံးမိသည်.... ချစ်တယ်တဲ့လားလေ လက်တွေ့သာ
ဖြစ်ရပါစေတော့......
မျက်လုံးမဖွင့်သေးပဲ ပြုံးတုံ့တုံ့ လုပ်နေသော
ကောင်မလေးကို ချစ်သည်... ဤနှလုံးသားကိုမထိန်းချုပ်
ထားတော့ ဖွင့်ဟပေးလိုက်သည်နှင့် ဒုန်းစိုင်းပြေးတာ
အနှီကောင်မလေးဆီသို့သာ...... နဖူးလေးကို နမ်းလိုက်ပြီး
ဆံပင်လေးသတ်ပေးနေတုန်း...... မျက်လုံးပွင့်လာသောကောင်မလေးတစ်ယောက် မိမိအား ကြောင်စိစိ မျက်လုံးဖြင့်ပုတ်ခတ် ပုတ်ခတ်လုပ်ကာ
ကြည့်နေသည်....
"အဟွန့်..... ဘာတွေ ဒီလောက်စိုက်ကြည့်နေတာလဲ
အ နာတယ် သွန်းရ "
"အိပ်မက်မဟုတ်ဘူးလား "
သျှားကို လာဆွဲဆိတ်ပြီး အိပ်မက်လား တကယ်လား ခွဲကြည့်နေသော ကောင်မလေး အရူးမလေး
ကို ကြည့်ပြီး ရယ်မိသွားသည်.....
"အိပ်မက်ထင်နေတာလား "
"အွန်း... "
"အရူးမလေး အိပ်မက်မဟုတ်ဘူး "
"ချစ်တယ် သွန်းရယ် ဆိုတာ အိပ်မက်မဟုတ်ဘူးလား "
"ဟာာ တကယ်ပဲကွာ ချစ်တယ် ချစ်တယ် အရမ်းချစ်တယ်
ဒေါ်သွန်းသံသာသန်းထွဋ်ရဲ့ "
"ဟယ်..... "
"မဟယ်နဲ့ ရင်ခွင်ထဲတောင်ရောက်နေပြီကို အိပ်မက်လား
လုပ်နေတုန်းဟုတ်လား တွေ့မယ် "
"ဟမ် ဘာတွေ့မှာလဲ သွား လူယုတ်မာကြီး အကျင့်ပုတ်ကြီး"
"ဟော ဘာတွေတွေးနေတာတုန်း ဒီခလေးမတော့
ဘာမှလဲမလုပ်ရသေးပဲနဲ့ "
"ဘာရယ် ဟွန့် ဘာမှမလုပ်လို့သာပဲ ဖယ် မျက်နှာသစ်
တော့မယ် "
"ဖယ်ဘူး Morning kiss လေးတော့ ပေးခဲ့ဦးလေကွာ"
"ပေးဘူး ဖယ် ဖယ် စိတ်ဆိုးတယ် "
"ရော် ဘာလို့စိတ်ဆိုးတာလဲ "
"တကယ်မသိတာလား မသိချင်ယောင်ဆောင်နေတာလား"
"အယ် တကယ်ကြီး စိတ်ဆိုးနေတာလား "
"ဟုတ်တယ် ဟုတ်တယ် ရှင်က သိပ်အနိုင်ကျင့်တယ်သိလား......."
"ဗုဒေါ္ဓ..... ဘာလုပ်မိလို့လဲ "
"ရှင် စောစောထဲက ပြန်ချစ်ခဲ့ပါလားဟမ် သူများကို ငိုအောင်
လုပ်ပြီး အခုမှ ဒီနှုတ်ခမ်းက အတင်းလာနမ်းနေတာလေ "
"ဪ ဒါလား.... "
ညစ်ကျယ်ကျယ်အပြုံးဖြင့် ရီနေပြန်လေသည်...
အမြင်ကပ်ဖို့ကောင်းလှသည်...
"ချစ်တာပေါ့ သွန်းရယ် အရမ်းချစ်နေမိတာတွေ မသိဘူး
မဟုတ်လား သျှား ငြင်းခဲ့တာက..... သွန်းကိုလူတွေဝိုင်းကဲ့ရဲ့မှာဆိုးလို့ပါ..ပြီးတော့. သျှားအခန်းထဲလာပြီး ငိုနေတာတွေလဲသိတယ်
ဂစ်တာကို စကားတွေပြောနေတာလဲကြားတယ် ဘာတဲ့
နင့်သခင်က မကောင်းဘူးတဲ့ အကျင့်ပုတ်ကြီးတဲ့ "
"ဟင် ဘယ်လိုလုပ်သိတာလား "
"အဟဲ တိုက်ဆိုင်တာပါ အဲ့အချိန်တုန်းက သျှားက
ခုတင်အောက်မှာလေ "
"ဟမ် ခုတင်အောက်ဘာဝင်လုပ်နေတာလဲ "
"အဟဲ အင်္ကျီလဲနေရင်း တံခါးဖွင့်သံကြားလိုက်လို့ "
"ရှင်က ဘယ်လိုလဲနေမှန်းမှမသိတာ "
"လော့ချထားမိတယ်ပဲထင်နေတာ ဘယ်လိုလဲတာလဲသိ
ချင်လား အခုလဲပြရမလား "
"တော် မညစ်ပတ်နဲ့ သွား "
"အ..... "
သွန်း ထလိုက်သည်နှင့် ဗိုက်ကြောတွေနာနေသည်...
"ဘာ့ဖစ်တာလဲ သွန်း "
"ဘာဖြစ်ရမှာလဲ ရှင်ကြောင့်လေ ဟွန့် "
"ဪ...... ပြီးရင် ရေနွေးအိတ်ကပ်ပေးမယ်နော်
အသည်း "
"သွား မြင်ကိုကပ်ဒေ လူယုတ်မာကြီးရဲ့ "
ဤမနက်ခင်းမျိုး အကြိမ်တစ်ရာမက တွေ့ခွင့်
ရဖို့အတွက်..... အရာရာကို ရင်ဆိုင်ရန်အသင့်ဖြစ်နေသည်.
သျှား ကျေနပ်မိပါသည်.... ဆုံးဖြတ်ချက်မှန်မှန်ကန်ကန်
ချလိုက်သည်ဟု မိမိကိုယ်ကို ထင်နေမိသည်......
ငိုစေခဲ့ဖူးတဲ့ အချိန်တွေအတွက် အစားပြန်ပေးရတော့
မည်.... မဖြစ်နိုင်ဘူးထင်ပေမယ့် မိုက်ရူးရဲစွာ..... ရှေ့ဆက်
တိုးတော့မည်...... မိဘတွေ လက်ခံသည်ဖြစ်စေ
လက်မခံသည်ဖြစ်စေ..... ကြိုးစားပိုင်ခွင့်ရှိသည်လို့
သူငယ်ချင်းမလေး သီရိပြောခဲ့ဖူးလေသည်....
လက်ခံသည်အထိ ကြိုးစားဖို့ အရန်သင့်ရှိနေပြီ......
ပတ်ဝန်းကျင်က သွန်းကို အားကျရလောက်အောင်
သူမချစ်ပေးမည်..... ဒါသည်ပင် သျှားဆုံးဖြတ်ချက်
တစ်ခုဖြစ်သည်......
************************************
🙃🙃 ရှေ့မျက်နှာ နောက်ထားပြီး ရေးလိုက်ရတာပဲ
ပေါ့သွားရင်တော့ ခွင့်လွှတ် 😁😁😁😁
You are reading the story above: TeenFic.Net