ဒီနေ့ကတော့ တရားရုံးသွားပြီး လက်မှတ်သွားထိုးခဲ့ကြသည်
"ဟီးဟီး ပျော်လိုက်တာ အန်တီရာ ဒီနေ့တအားပျော်တာဘဲ အန်တီကဟောဒီက အဂ္ဂမောင် ရဲ့အပိုင်ဘဲ"
"ဘယ်လို ဖြစ်လို့ အဲ့လောက်အူမြူးနေတာလဲ တရားရုံးကတောင်မထွက်ရသေးဘူး အရှက်လေးဘာလေးလဲ ရှိဦး"
"မရှိနိုင်ပါဘူး အန်တီက ကျနော့်မိန်းမ ဖြစ်နေပြီလေ ဟီးဟီး"
"ဖြီးနေတာ နွားပွဲစားကျနေတာဘဲ သွားတွေလည်း အအေးပတ်ကုန်ဦးမယ်"
ထိုအချိန်တွင်
"ယု"
ကျမ ရင်ထဲတွင် တုန်လှုပ်သွားသည် အဲ့တာ သူ့အသံ ကြောက်စိတ်ကြောင့် တုန်လှုပ်ကာ နောက်လှည့်ကြည့်ဖို့ ခြေထောက်မှာအားမရှိတော့ မောင့်လက်ကိုသာ တင်းတင်းကိုင်ကာ
အသက်ကို ဝအောင်ရှုနေမိသည်
"ဗျာ အကို ကျနော်တို့ကိုခေါ်လိုက်တာလား"
"ခွပ်"
အသာလွတ်ဝင်လာတဲ့ လက်သီးတစ်ချက် နှုတ်ခမ်းထောင့်က ငံကျိကျိ အရသာနဲ့အတူ ထောင်းခနဲထွက်သွားတဲ့ဒေါသ ပြန်ထို့ဖို့ လက်ရွယ်စဉ် လေထဲမှာရပ်တန့်သွားအောင်
ဖမ်းဆွဲလိုက်သောလက်တစ်စုံ
"မောင် တို့ပြောလိုက်မယ် အဲ့တာမင်းကိုပြောဖူးတဲ့ တို့ချစ်သူဆိုတာ"
အန်တီနဲ့ရွယ်တူလောက်ရှိတဲ့ ယောကျာ်းတစ်ဦး
"ကိုသက် ဒီနေ့ မောင်နဲ့ကျမ လက်ထပ်ပြီးပြီ
ရှင်နဲ့ကျမနဲ့မသက်ဆိုင်တော့ဘူး"
"ယု မင်းအဲ့လိုလုပ်လို့မရဘူးလေ မင်းနဲ့ကိုနဲ့ မပြတ်ရသေးဘူး ဘာလဲ မင်းက ငါနဲ့တွဲနေတုန်း ကြိတ်ပုန်းခုတ်နေတာလား ဒါကြောင့် ငါနဲ့လက်ထပ်ဖို့ကျရွေ့နေပြီး ဒီဘာမဟုတ်တဲ့ သူငယ်နပ်စား လက်ထဲပါသွားတာလား"
"ဒီမှာ ခဗျား စောက်စကားတွေ လွန်လာပြီနော် အန်တီက ကြိတ်ပုန်းခုတ်ခဲ့တာမဟုတ်ဘူးကျနော်က အတင်းအကျပ်လက်ထပ်ဖို့လုပ်ခဲ့တာ"
" မောင်တော်တော့ လို့ပြောနေတယ်လေ အန်တီကိုယ့်ဘာသာကိုရှင်းမယ် ဒီမှာ ကိုသက်
ရှင့်ကို သစ္စာဖောက်သလိုဖြစ်ခဲ့တဲ့အတွက် တစ်ဘဝ လုံးစာ ရှင်ထင်သလိုထင်နိုင်ပါတယ် ရှင်နဲ့တွဲခဲ့တဲ့ ကာလတစ်လျောက်လုံး
ကျမ မပျော်ရွှင်ခဲ့ဘူး အပွင့်လင်းဆုံးပြောရရင် ကျမ ရှင့်ကို ချစ်တောင်မချစ်ခဲ့ဘူး
နောက်ဆုံးအနေနဲ့ပြောရရင် ထပ်မနှောင့်ယှက်ပါနဲ့ သွားမယ် မောင်"
လက်ကိုချိတ်၍ ထွက်သွားတဲ့မြင်ကွင်း ငါ့လက်ထဲက လုသွားတဲ့ သူငယ်နပ်စား
မျက်လုံးထဲတွင် ဒေါသနဲ့အတူ ရှက်ရွံ့စိတ်
မြင်မြင်ရာ ဘေးမှတွေ့သော သစ်သားချောင်းဖြင့်
"ဒုတ်"
"မောင်"
ကျနော်မျက်လုံးတွေပြာသွားသည် ကျနော်ယုကို ရိုက်တာမဟုတ်ဘူး ခွေးသူတောင်းစားကို ရိုက်တာ
"အန်တီ "ဦးခေါင်းအနောက်မှ သွေးတွေဖြာကနဲ စီးကျလာသည်
ဆေးရုံသို့ ရောက်ရှိလာကာ အရေးပေါ်လူနာ ခွဲစိပ်ခန်းအရှေ့တွင် အရူးတစ်ပိုင်းဖြစ်နေတဲ့လူတစ်ယာက်
"အန်တီရာ ဘာလို့လဲ ဘာလို့ ကျနော်အစားဝင်ခံတာလဲ"ခွဲခန်းမှ ဆရာဝန်တစ်ဦးထွက်လာသည်
"ခွဲစိပ်မှု အောင်မြင်ပါတယ် ဒါပေမယ့် လူနာကခေါင်းထိတာ ဆိုတော့ စောင့်ကြည့်ဖို့တော့လိုတယ် အခု လူနာကိုအဆောင်ထဲရွေ့ပေးထားပါတယ်"
"ဟုတ်ကဲ့ ပါဒေါက်တာ"
ထိုအချိန် အန်တီ အမေရောက်လာသည်
"သမီးလေး အရိုက်ခံရလို့ဆို အခြေအနေ ဘယ်လိုလဲ ဘာတွေဖြစ်တာလဲ "
ကျနော်လည်း အကြောင်းစုံကို ရှင်းပြလိုက်သည်
"မောင်သက်အောင်က စိတ်ကြီးတယ် တွဲလာတဲ့နှစ်တွေမှာလည်း သမီးကို အနိုင်ယူတယ်
ချစ်သူတွေဘဲဆိုပြီးလွှတ်ထားလ်ိုက်တာ
သူလည်းခရီးက ပြန်ရောက်ရောက်ချင်း
ဒီသတင်းကို ကြားလိုက်တော့ စိတ်လှုပ်ရှားသွားတယ် တူပါတယ် အန်တီ သမီးကို မင်းဘဲစောင့်ရှောက်ပေးပါနော် အခုသမီး သတိမရသေးဘူးမလား"
"ဟုတ် ကျနော် အခန်းပြန်သွားလိုက်တော့မယ်နော်"
အခန်းထဲရှိ ခုတင်ထက်တွင် လဲလျောင်းနေတဲ့ အန်တီ
လက်ချောင်းလေးတွေကို ဖွဖွ ဆုပ်ကိုင်ကာ
"တောင်းပန်ပါတယ် အန်တီရာ ကျနော်ကြောင့်ပါ ကျနော်အမှားတွေပါ"
" ရေ....ရေ ပေးပါ" အန်တီနိုးလာပြီ
"အန်တီနိုးလာပြီလား ဒီမှာရေရပြီ ဖြေးဖြေးထဦး"
" ကျစ် ခေါင်း ကိုက်လိုက်တာ အခုဘယ် ရောက်နေတာလဲ မင်းကကော ဘယ်သူလဲ"
"ဗျာ အန်တီရာ မနောက်ပါနဲ့"
ထိုအချိန် အန်တီအမေ့မှာ ပစ္စည်းများဖြင့်အခန်းထဲဝင်လာသည်
"သမီးလေး နိုးလာပြီလား ခေါင်းကိုက်နေသေးလား"
" မေမေ သမီးအခုဘယ်ရောက်နေတာလဲ သူ့ကကော ဘယ်သူ့လဲ "
"သမီးမမှတ်မိဘူးလား သူနဲ့ သမီးနဲ့ ဒီနေ့ဘဲလက်ထပ်ထားတာလေ"
"ဟုတ်တယ်လေ အန်တီရာ ကျနော်တို့ လက်ထပ်ထားတာလေ"
"မေမေ ဆရာဝန်သွားခေါ်လိုက်ဦးမယ်"
" အန်တီ ကျနော့်ကို မမှတ်မိဘူးလား"
"ဟင့်အင်း"
ဘယ်လိုမှ မထိန်းနိုင်တဲ့အဆုံး ငိုချမိတော့သည်
"ဟိတ် မင်းက ဘာလို့ငိုနေတာလဲ"
" အန်တီမှ အဟင့် ကျနော်ကိုမမှတ်မိတာ "
ဆရာဝန် အခန်းထဲသို့ ဝင်လာကာ စစ်ဆေးပေးခဲ့သည်
ဆရာဝန် ရုံးခန်းတွင်
"လူနာက ခေါင်းလဲထိထားပြီး အမှတ်တမဲ့ဖြစ်သွားတော့ ချက်ချင်းတော့မမှတ်မိနိုင်သေးဘူး ဖြည်းဖြည်းချင်းတော့မှတ်မိလာမှာပါ စိတ်ပူစရာတော့မရှိတော့ပါဘူး မနက်ဖြန်ဆေးရုံးက ဆင်းလို့ရပါပြီ"
"ဟုတ်ကဲ့"
သွားပါပြီ ငါ့ရဲ့ မင်္ဂလာဦးညလေးကတော့
တော်တော်လေးကိုမှောင်မိုက်သွားပါပြီ
ချစ်ခြင်းမေတ္တာရဲ့ အသွားအပြန်ဟာ နယူတန်ရဲ့ ပန်းသီးတလုံးထက်ပိုမယ် ထင်ကောင်းထင်မိခဲ့တယ်
_________________________________________
နောက်အပိုင်းတွေမှာ အန်တီကနေ babyအဖြစ်ပြောင်းလဲတော့မှာပါ
ဖတ်ရှုပေးသူ တစ်ဦးတိုင်းကို ကျေးဇူးအထူးတင်ပါတယ်
Vote လေးတွေပေးခဲ့ပါဦး
လိုအပ်တာလေးတွေပြောခဲ့ပါ