🍬64🍬အားနည်း သတိလစ်ခြင်း

Background color
Font
Font size
Line height

Chapter (64)
အားနည်း သတိလစ်ခြင်း

ဖုန့်ဝူယိဟာ မသေမျိုးနယ်ပယ်ကို မထိုးဖောက်ရသေးသော်လည်း ဖီးနစ်ငှက်က နတ်သားရဲ တစ်ကောင် ဖြစ်သည်။ နတ်သားရဲ တစ်ကောင်ရဲ့ အရှိန်အဝါက မသေးငယ်တာကြောင့် ဝိုင်းထားသူတွေဟာ ခဏအတွင်း ဖုန့်ဝူယိအနား ချဥ်းကပ်သွားဖို့ မဝံ့မရဲ ဖြစ်ကုန်၏။

နောက်ပြီး ဖုန့်ဝူယိ ခြေထောက်အောက်မှာ ငွေရောင်စက်ဝိုင်း တစ်ခု ရှိနေသည်။ ကြယ်အစီအရင်ကို ကြယ်က ထိန်းချုပ်ထားသလို အခုကလည်း ညဖြစ်တာကြောင့် ကြယ်အစီအရင်ရဲ့ သတ်ဖြတ်နိုင်စွမ်းက အားကောင်းသည်။

ဝှစ်!

ဖုန့်ဝူယိ ပြေးထွက်လာခဲ့သည်။

သူ့နောက်ကျောက အနီရောင်အတောင်က တစ်ခါလှုပ်ရှားလိုက်တာနဲ့ ပေ၅၀ လောက်ကို ခဏအတွင်း ရွေ့လျားသွားနိုင်တဲ့အထိ လျင်မြန်သည်။

လူအုပ်စုတွေထဲမှာ နတ်မျိုးနွယ်နယ်ပယ် ကျင့်ကြံသူတွေလည်း ပါသေးသည်။ တစ်ယောက်က ခရမ်းရောင်ပင့်ကူ အဘိုးကြီး ဖြစ်ကာ သူ့ရဲ့နယ်ပယ်က နှစ်ပေါင်းများစွာ ရပ်တန့်နေခဲ့တာကြောင့် ကြယ်စွမ်းအင်ကို ရယူလိုခြင်း ဖြစ်သည်။

ပင့်ကူလက်တံကြီး တစ်ချောင်းပြေးထွက်လာကာ ဖုန့်ဝူယိကို တိုက်ခိုက်လာ၏။ ဖုန့်ဝူယိ သူ့ခါးကို လှပသေသပ်စွာ လှည့်ပတ်ပြီး သူ့လက်မောင်းလောက် ရှိတဲ့ ပင့်ကူလက်တံကြီးကို ရှောင်ရင်း ခြေထောက်တစ်ဖက်ဖြင့် လွှဲကန်ထည့်လိုက်သည်။

"နဂါးအမြီးကန်ချက်!"

ပါးစပ်ကလည်း အော်လိုက်သေးသည်။

ခရက်!

နတ်မျိုးနွယ်နယ်ပယ်ရဲ့ ပင့်ကူလက်တံကြီးက အသံတစ်သံနဲ့အတူ ကွဲအက်သွားခဲ့သည်။

"အား!"

အဘိုးကြီးက စူးစူးဝါးဝါး အော်ရင်း နောက်ပြန်ဆုတ်သွားခဲ့သည်။

ဒါဟာ အရှင်ချင်းလုံ သင်ပေးထားတဲ့ နဂါးအမြီးကန်ချက် ဖြစ်ကာ ခွန်အားက နဂါးတစ်ကောင်ရဲ့ အမြီးဆီကနေ ရိုက်ထုတ်ခံလိုက်ရသလိုမျိုး အားပြင်းလွန်းသည်။

ပင့်ကူအဘိုးကြီး နောက်ဆုတ်နေစဥ် ဖုန့်ဝူယိ သူ့​ခြေထောက်အောက်က ကြယ်အစီအရင်ပေါ် ခြေတစ်ချက်စောင့်လိုက်သည်။ ကြယ်အစီအရင်က ချက်ချင်း အသက်ဝင်လာကာ ဖုန့်ဝူယိရဲ့ ခြေထောက်လွှဲရာအတိုင်း လွင့်သွားတော့၏။

"နဂါးအမြီးကန်ချက်!"

ပင့်ကူအဘိုးကြီးလည်း အကြီးအကျယ် တုန်လှုပ်သွားပြီး သူ့ခန္ဓာကိုယ်ကို ကာကွယ်ဖို့ အကောင်းအတိုင်း ကျန်နေသေးတဲ့ ပင့်ကူလက်တံကြီးများကို သူ့အရှေ့မှာ ကာထားလိုက်သည်။

"တိမ်ဖုံးထားတာတောင် ဘာလို့ ကြယ်က ဒီလောက် အားကောင်းနေသေးတာလဲ?"

တုန်လှုပ်စွာ အော်ဟစ်နေချိန် သူ့ခန္ဓာကိုယ် အစိတ်အပိုင်းဖြစ်တဲ့ ပင့်ကူလက်တံကြီးများဟာ မှန်တစ်ချပ်လို ကွဲအက်သွားလေတော့သည်။ အဘိုးကြီး တုန်တုန်ယင်ယင်ဖြင့် မော့ကြည့်လိုက်စဥ် ငွေရောင်အလင်းတစ်ချက် ဖျတ်ကနဲ ပြေးထွက်သွား၏။

ရုတ်တရက် သူ့ခန္ဓာကိုယ်က လှုပ်ရှားလို့ မရတော့ပေ။ အထိတ်တလန့်နဲ့ မော့ကြည့်လိုက်တော့ ဖီးနစ်အတောင်တွေနဲ့ လူငယ်လေးက သူ့ကို အေးစက်စွာ ရပ်ကြည့်နေကာ ကြယ်အစီအရင် စက်ကွင်းက လူငယ်ရဲ့ ခြေထောက်အောက်မှာ ပြန်ရောက်နေပြီ။

သို့သော် နတ်မျိုးနွယ်နယ်ပယ် သူ့ရဲ့ လည်ပင်းမှာတော့ သွေးတွေ စီးကျလာခဲ့သည်။

ကောင်းကင်မိုးကြိုးနယ်ပယ်ရဲ့ ကြယ်အစီအရင်ကတောင် ဒီလောက် အားကောင်းနေရင် မသေမျိုးနယ်ပယ်ရဲ့ ကြယ်အစီအရင်ကရော?

ပင့်ကူအဘိုးကြီးသည် ၎င်းရဲ့ ပြုတ်လုဆဲဆဲ လည်ပင်းကို အနည်းငယ် ရွှေ့ကြည့်လိုက်တော့ သူ့ရဲ့ မသေမျိုးနယ်ပယ်က ပင့်ကူငယ်သား အယောက်၅၀ လောက်ဟာ ကြယ်အစီအရင်ပါသော လျှပ်စီးကြောင်းတွေကြောင့် အောက်ဖက်က တောထဲကို အလောင်းအတိုင်း ပြုတ်ကျသွားလေပြီ။

မြေခွေးတွေဟာ လှပသော်လည်း သူတို့ရဲ့ အမွှေးဖွားဖွားနဲ့ အမြီးလှလှတွေကို လက်နက်အဖြစ် သုံးနိုင်ကြသည်။

ဖုန့်ချန်းယင် နတ်မျိုးနွယ်နယ်ပယ်က လူတစ်ယောက်ကို ရှင်းထုတ်ပြီးနောက် ရုတ်တရက် အားနည်းသွားသည်။

"အားယင်!"

ဖုန့်ဝူယိ ယိုင်သွားတဲ့ မြေခွေးကို ပြေးဖမ်းလိုက်စဥ် မြေခွေးဖြူက ဖုန့်ချန်းယင်အသွင် ပြန်ပြောင်းသွားခဲ့သည်။

သူ ကြည့်လိုက်တော့ ဖုန့်ချန်းယင် နှုတ်ခမ်းတွေက ဖြူဖတ်နေ၏။

"ဘယ်လိုဖြစ်တာလဲ?"

ဖုန့်ဝူယိ ရန်သူတစ်ယောက်ကို ဓားစွမ်းအင် တစ်ချက်ဖြင့် ရှင်းထုတ်ပြီးနောက် ဖုန့်ချန်းယင်ကို တစ်ချက် ပြန်စစ်ဆေးကြည့်လိုက်သည်။

"အားယင်!"

'ဖူး!'

ဖုန့်ချန်းယင် သွေးတစ်လုတ် အန်ထုတ်လိုက်လေ၏။ ဖုန့်ဝူယိ သူ့ရင်ဘတ်ပေါ် လက်ဝါးနဲ့ ဖိကြည့်လိုက်တော့ ဖုန့်ချန်းယင်ခန္ဓာကိုယ်ထဲက သွေးကြောတွေ၊ ဝိညာဥ်စွမ်းအင်တွေက ကမောက်ကမ ဖြစ်နေတာ သိလိုက်ရသည်။

ဖုန့်ချန်းယင်ကို ကြည့်လိုက်တော့ သတိကရတစ်ချက် မရတစ်ချက် ဖြစ်နေပြီ။

"အားယင်!"

ဖုန့်ဝူယိ သူ့ညီကို ကျောပေါ် တင်ထားလိုက်ပြီး ကြယ်အစီအရင်ကို ထိန်းချုပ်ကာ ယွင်ချောင်ဆီ ပြေးထွက်သွားသည်။

"အစ်ကိုကြီး!! အားယင် အခြေအနေ မကောင်းဘူး!"

အသံကြားတာနဲ့ ယွင်ချောင်ကလည်း ရန်သူတွေကြားကနေ ချက်ချင်း ပြန်လှည့်လာသည်။ သို့သော်လည်း မသေမျိုးနယ်ပယ် အဆင့်၉ ကျင့်ကြံသူ တစ်စုက ယွင်ချောင်လမ်းမှာ ပိတ်ဆို့ထား၏။

ထိုလူတစ်စုက အလွန်လျင်မြန်ကြသည်။ ယွင်ချောင်ကို ချက်ချင်း ဝန်းရံကာ လေးထောင့်ပုံစံ အစီအရင်တစ်ခုအား အသက်သွင်း၍ ဖမ်းချုပ်ထားလိုက်သည်။

ဝုန်း!

ယွင်ချောင် လက်ထဲကဓားကို မြှောက်ပြီး မိုးကြိုးများကို ဆင့်ခေါ်လိုက်သည်။ ပတ်ဝန်းကျင်မှာ အေးစက်စက် လေတွေက ရုတ်ချည်း စုဝေးလာကာ ကောင်းကင်က တိမ်တိုက်များလည်း လှုပ်လှုပ်ရှားရှား ဖြစ်လာသည်။

ယွင်ချောင်: "အနက်ရောင် တိမ်တိုက်တွေက ငါ့အတွက် အကူအညီပဲ...."

တိမ်တိုက်တွေရဲ့ မူလ ရည်ရွယ်ချက်က ခုနှစ်စင်ကြယ် လရောင်ကို မစုပ်ယူနိုင်အောင် တားဆီးဖို့ ဖြစ်သော်လည်း ယွင်ချောင်အတွက်က မိုးကြိုးမုန်တိုင်း ဖန်တီးဖို့ အရင်းအမြစ် ဖြစ်သွားခဲ့သည်။

ကောင်းကင်က မိုးကြိုးတွေ ပြိုကျလာတဲ့အခါ လေးထောင့်ပုံစံ အစီအရင်ကြီး ချက်ချင်း အက်ကွဲသွားသည်။

ယွင်ချောင်: "သေလိုက်တော့!"

လျှပ်စီးကြောင်းတွေ ဖုံးလွှမ်းနေတဲ့ ဓားတစ်လက်က ယွင်ချောင်လက်ထဲမှာ အလင်းတစ်ခုလို လှုပ်ရှားနေသည်။ အစီအရင် ဖန်တီးခဲ့သူတွေကို မျက်စိတစ်မှိတ်အတွင်း သတ်ပစ်လိုက်ပြီးနောက် ယွင်ချောင် ဖုန့်ဝူယိဆီကို ပြေးသွားခဲ့သည်။

"သွားစို့!"

ယွင်ချောင် အရှေ့ကနေ လမ်းရှင်းကာ ဖုန့်ဝူယိက ထပ်ကြပ်မကွာ လိုက်သည်။

အရှေ့ကလူတွေ ရှင်းသွားတာနဲ့ အနောက်ကနေ ပြေးလိုက်လာသူတွေဆီကို လျှပ်စီးကြောင်း ရာချီပစ်လွှတ်ကာ ​မျက်ခြေဖြတ်သည်။ ဖုန့်ချန်းယင် ရုတ်တရက် သတိလစ်သွားတာက ယွင်ချောင်ကို တော်တော်လေး ပျာယာခတ်သွားစေ၏။

လျှပ်စီးကြောင်းတွေ ပျောက်ကွယ်သွားတဲ့ အခါမှာတော့ ကြယ်သုံးလုံးက မရှိတော့ပေ။ ထိုအခါမှ လျှပ်စီးရဲ့ အမြန်နှုန်းကို သူတို့ လျှော့တွက်ခဲ့မိကြောင်း သဘောပေါက်ကြသည်။ သို့သော် သဘောပေါက်တဲ့ အချိန်က နောက်ကျသွားချေပြီ။

ယွင်ချောင်ရဲ့ အရှိန်က အတော်လေး မြန်လွန်းလှသည်။

........

လူအရောက်နည်းသော တောတွင်းတစ်နေရာကို တိုးဝင်လာကြစဥ် ရုတ်တရက် အရှေ့စူးစူးမှ ဝုန်းကနဲ အသံနက်ကြီးနဲ့အတူ အနက်ရောင် အငွေ့များ ကောင်းကင်သို့ ထိုးတက်သွားတာကို ယွင်ချောင်နဲ့ ဖုန့်ဝူယိတို့ နှစ်ယောက်စလုံး တွေ့လိုက်ရသည်။

နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် ပြန်ကြည့်ကာ အမြန်ဆုံး ပြေးသွားကြ၏။

အဲဒီနေရာက ယင်ရှစ်ရဲ့ အငွေ့အသက်တွေကို ခံစားမိတဲ့ နေရာပဲ။

ယင်ရှစ် ဘာမှ မဖြစ်ပါစေနဲ့!

ဝှစ်!

အနက်ရောင် အငွေ့တွေ ပျောက်ကွယ်သွားတဲ့အခါ သူတို့လည်း အဲဒီနေရာကို ရောက်ခါနီးနေပြီ ဖြစ်သည်။ သို့သော် ရုတ်တရက် သူတို့ရှေ့မှာ လူနှစ်ယောက် ပေါ်လာသည်။

တစ်ယောက်က တစ္ဆေမီးတောက် ပါသော မီးအိမ်ကိုင်ထားတဲ့ မိန်းကလေးဖြစ်ကာ နောက်တစ်ယောက်က တစ္ဆေမျက်နှာဖုံးနဲ့ အမျိုးသားဖြစ်သည်။

ယွင်ချောင်: "သတိထား!"

ယွင်ချောင် သူ့ညီနှစ်ယောက်ရှေ့မှာ ဝင်ကာရပ်လိုက်သည်။

မရဏကမ္ဘာက လူတွေဟာ အလွယ်တကူ သို့မဟုတ် မတော်တဆ သွားထိသင့်သူတွေ မဟုတ်ချေ။ ယွင်ချောင် ဖုန့်ဝူယိကို ဆွဲကာ ထိုနှစ်ယောက်ရဲ့ လမ်းကြောင်းပေါ်က ဖယ်ပေးလိုက်သည်။

မရဏကမ္ဘာကလာတဲ့ ဘယ်သူမဆို သတ်ဖြတ်ချင်စိတ်တွေသာ လွှမ်းမိုးနေသူ ဖြစ်သည်။ သူတို့လမ်းကြောင်းမှာ ပိတ်ဆို့နေတဲ့ ဘယ်သူ့ကိုမဆို အပြတ်ရှင်းထုတ်သွားတတ်၏။

ဒီလို ယင်စွမ်းအင်တွေ ပြည့်နှက်နေတဲ့ တွေ့ပြီးတာတောင် အသက်ရှင်သူတွေကတော့ ကံကောင်းကြသူတွေသာ ဖြစ်သည်။

ဖုန့်ဝူယိ ဖုန့်ချန်းယင်ကို ကျောပိုးထားရာမှ ဘေးကို အသာလေး စောင်းလိုက်သည်။ သတိလစ်နေသူက ဝိညာဥ်အားနည်းနေတတ်၏။ အဲဒီလို ဝိညာဥ်အားနည်းနေတဲ့ လူတွေက မရဏလူသားတွေအတွက် အစာအာဟာရပဲ ဖြစ်လေသည်။

သို့သော် ကံကောင်းချင်တော့ ထိုတစ္ဆေနှစ်ကောင်က သူတို့ကို ဂရုမစိုက်ချေ။

ယွင်ချောင်တို့ လမ်းဖယ်ပေးလိုက်တာနဲ့ တစ္ဆေနှစ်ကောင်ကလည်း ဂရုမစိုက်ဘဲ ဖြတ်ကျော်သွားခဲ့လေသည်။ တစ္ဆေနှစ်ကောင် ပျောက်ကွယ်သွားတာနဲ့ ယွင်ချောင်တို့ ဆက်ပြေးကြသည်။

အရှေ့ဘက်က တောအုပ်အလယ်မှာ ကြီးမားတဲ့ ကွင်းပြင်ကြီးတစ်ခု ရှိနေသည်။ ကွင်းပြင်ကြီးက စက်ဝိုင်းပုံစံ ဖြစ်ကာ အထက်သုံးထပ်ဖြင့် သေသေချာချာ တည်ဆောက်ထားသော ယဇ်ပုလ္လင် တစ်ခုပဲ ဖြစ်ပေ၏။

အဝေးက လှမ်းကြည့်လိုက်ချိန်မှာတော့ ယဇ်ပုလ္လင် ဘေးပတ်ပတ်လည်ကို ဝန်းရံထားတဲ့ အနက်ရောင် အရိပ်နှစ်ခုကို အရင်တွေ့ရလေသည်။ တကယ်တမ်း နီးကပ်လာတဲ့အခါမှ ထိုအရိပ်နှစ်ခုက ကျောက်တုံးမြွေရုပ်တွေ ဖြစ်နေတာ သတိထားမိလာသည်။

မြွေကြီးတွေက တော်တော်ကြီးကို ကြီးမားကြကာ ယဇ်ပုလ္လင်ကို ရစ်ပတ်ရင်း ခေါင်းနှစ်လုံးက ယဇ်ပုလ္လင်အလယ်ကို အုပ်မိုးထားကြ၏။

ယွင်ချောင်နဲ့ ဖုန့်ဝူယိတို့ တစ်စုံတစ်ခုကို သဘောပေါက်သွားတာကြောင့် အသည်းအသန် ပြေးလာကြည့်တဲ့အခါ ထင်ထားတဲ့အတိုင်း ယင်ရှစ်က မြွေနှစ်ကောင်ရဲ့ ခေါင်းအောက်မှာ လဲလျောင်းနေလေသည်။

ယွင်ချောင်: "ယင်ရှစ်!"

"အစ်မသုံး!"

နှစ်ယောက်သား စက်ဝိုင်းပုံစံ ယဇ်ပုလ္လင်အနား ပြေးဆင်းလာခဲ့သည်။ ယွင်ချောင်က လက်တစ်ဖက်ကို ဆန့်ထုတ်ကာ ယင်ရှစ်ကို စုပ်ယူလိုက်၏။

ယင်ရှစ်မှာလည်း သတိလစ်နေဆဲ ဖြစ်တာကြောင့် အရုပ်ကလေးလို လွင့်ပါလာသည်။ ယွင်ချောင် သူမကို တယုတယလေး ပွေ့ဖမ်းထားလိုက်တဲ့အခါ သူမခြေထောက်တွေ နေရာမှာ ဖြူဖွေးနေတဲ့ မြွေအမြီးက အစားထိုးရှိနေခဲ့ကာ သူမတစ်ကိုယ်လုံးမှာ ဓားခြစ်ရာတွေ ရာနဲ့ချီ ရှိနေသည်။

ဖုန့်ဝူယိ မြွေအရုပ်ကြီး နှစ်ကောင်ကို မော့ကြည့်လိုက်သည်။ မြွေကျောက်ရုပ်တု နှစ်ကောင်ဟာ အစကတည်းက ဒီနေရာမှာ ရှိမနေခဲ့တာ သေချာ၏။ သူတို့ဟာ ယင်ရှစ်ကို ကာကွယ်ပေးရင်း ကျောက်ရုပ်ဖြစ်သွားကြတာ သိသာသည်။

ယဇ်ပုလ္လင်ရဲ့ တစ်ဖက်မှာတော့ ခေါင်းတခြားကိုယ်တခြား အလောင်းတစ်လောင်း ရှိနေသည်။

ဖုန့်ဝူယိ: "အဲဒီလူက ဒီအစီအစဥ်ရဲ့ အဓိကလူဖြစ်မယ်...."

ဖုန့်ဝူယိ လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်တဲ့အခါ အလောင်းဆီက တံဆိပ်ပြားတစ်ခု သူ့လက်ထဲ လွင့်လာသည်။

လှမ်းကြည့်လိုက်တော့ တစ်ဖက်က တောထဲမှာလည်း အလောင်းတချို့ ရှိနေသည်။ ဖုန့်ဝူယိ အဲဒီလူတွေဆီကပါ သက်သေခံ တံဆိပ်ပြားတချို့ကို စုဆောင်းလိုက်သည်။ လက်စားချေဖို့က ဆယ်နှစ်ဆိုလည်း နောက်မကျချေ။

ယွင်ချောင်ဘက်ကို ကြည့်လိုက်တော့ သူက ယင်ရှစ်ရဲ့ ခြေထောက်တွေကို ပြန်ရယူပေးပြီးပြီ။ သူမကို ပေါ့ပေါ့ပါးပါး ကောက်ပွေ့လိုက်ကာ။

"လုံခြုံတဲ့နေရာ အရင်ရှာရအောင်...."

"အင်း!"

ဖုန့်ဝူယိ ခပ်မြန်မြန်လေး ခေါင်းညိတ်ပြကာ ယွင်ချောင်အနောက်မှ လိုက်သွားခဲ့သည်။

တစ်ယောက်လက်မောင်းထဲက ယင်ရှစ်က သတိလစ်နေသလို တစ်ယောက်ကျောပေါ်က ဖုန့်ချန်းယင်ကလည်း ပျော့ဖတ်နေသည်။ နှစ်ယောက်သား စိုးရိမ်ပူပန်မှုများဖြင့် ခေတ္တလောက် ပုန်းခိုနိုင်မယ့် နေရာကို ရှာချင်ကြ၏။

သူတို့ အရှင်ချင်းလုံရဲ့ သူတော်စင်တောင်ထွတ်ကို ပြန်သွားလို့ရသည်။ သို့သော် သူတော်စင်တောင်ထွတ်က လက်ရှိနေရာနဲ့ အရမ်းကို အလှမ်းဝေးနေတာကြောင့် ပို့ဆောင်ခြင်းအစီအရင်ကို ဖွင့်လိုပါက စွမ်းအင်များစွာ သုံးစွဲရလိမ့်မည်။

ဖုန့်ဝူယိ: "ကျွန်တော်တို့ အစ်မနဲ့ အားယင်ကိုပဲ ပို့ဆောင်ခြင်းအစီအရင်နဲ့ ပို့လိုက်ကြရင်ရော? အဲ့လိုဆို ကျွန်တော်တို့လည်း တောင့်ခံနိုင်လောက်တယ်...."

"မဖြစ်ဘူး!"

ယွင်ချောင်က ခေါင်းခါသည်။

"အခု အထက်နယ်မြေ တစ်ခုလုံးက လှုပ်ရှားနေကြတာ... အရှင်ချင်းလုံကိုတောင် ဝင်တိုက်နေကြပြီဆိုတော့ သူတော်စင်တောင်ထွတ်ကလည်း မလုံခြုံလောက်တော့ဘူး!"

ဖုန့်ဝူယိ အံကြိတ်ကာ : "ဒါဆို ဂူတစ်ခုခုကို အမြန်ဆုံး ရှာကြရအောင်...."

နှစ်ယောက်သား တိမ်မည်းတွေအောက်က သစ်ပင်တွေကြား ပြေးလွှား ပျံသန်းနေခဲ့သည်။ သစ်ပင်တွေပေါ်မှာ ပျံသန်းတာက ရန်သူရဲ့ ပစ်မှတ်ထားခံရဖို့ သို့မဟုတ် ရှာတွေ့ခံရဖို့ အင်မတန် လွယ်ကူလွန်းသည်။

ဖုန့်ဝူယိ လမ်းတစ်လျှောက်မှာ အရှင်ချင်းလုံကို ဆက်သွယ်ကြည့်ပေမယ့် လုံးဝ ဆက်သွယ်လို့ မရခဲ့ပေ။






Chapter (64)
အားနည္း သတိလစ္ျခင္း

ဖုန့္ဝူယိဟာ မေသမ်ိဳးနယ္ပယ္ကို မထိုးေဖာက္ရေသးေသာ္လည္း ဖီးနစ္ငွက္က နတ္သားရဲ တစ္ေကာင္ ျဖစ္သည္။ နတ္သားရဲ တစ္ေကာင္ရဲ႕ အရွိန္အဝါက မေသးငယ္တာေၾကာင့္ ဝိုင္းထားသူေတြဟာ ခဏအတြင္း ဖုန့္ဝူယိအနား ခ်ဥ္းကပ္သြားဖို႔ မဝံ့မရဲ ျဖစ္ကုန္၏။

ေနာက္ၿပီး ဖုန့္ဝူယိ ေျခေထာက္ေအာက္မွာ ေငြေရာင္စက္ဝိုင္း တစ္ခု ရွိေနသည္။ ၾကယ္အစီအရင္ကို ၾကယ္က ထိန္းခ်ဳပ္ထားသလို အခုကလည္း ညျဖစ္တာေၾကာင့္ ၾကယ္အစီအရင္ရဲ႕ သတ္ျဖတ္နိုင္စြမ္းက အားေကာင္းသည္။

ဝွစ္!

ဖုန့္ဝူယိ ေျပးထြက္လာခဲ့သည္။

သူ႕ေနာက္ေက်ာက အနီေရာင္အေတာင္က တစ္ခါလႈပ္ရွားလိုက္တာနဲ႕ ေပ၅၀ ေလာက္ကို ခဏအတြင္း ေ႐ြ႕လ်ားသြားနိုင္တဲ့အထိ လ်င္ျမန္သည္။

လူအုပ္စုေတြထဲမွာ နတ္မ်ိဳးႏြယ္နယ္ပယ္ က်င့္ႀကံသူေတြလည္း ပါေသးသည္။ တစ္ေယာက္က ခရမ္းေရာင္ပင့္ကူ အဘိုးႀကီး ျဖစ္ကာ သူ႕ရဲ႕နယ္ပယ္က ႏွစ္ေပါင္းမ်ားစြာ ရပ္တန့္ေနခဲ့တာေၾကာင့္ ၾကယ္စြမ္းအင္ကို ရယူလိုျခင္း ျဖစ္သည္။

ပင့္ကူလက္တံႀကီး တစ္ေခ်ာင္းေျပးထြက္လာကာ ဖုန့္ဝူယိကို တိုက္ခိုက္လာ၏။ ဖုန့္ဝူယိ သူ႕ခါးကို လွပေသသပ္စြာ လွည့္ပတ္ၿပီး သူ႕လက္ေမာင္းေလာက္ ရွိတဲ့ ပင့္ကူလက္တံႀကီးကို ေရွာင္ရင္း ေျခေထာက္တစ္ဖက္ျဖင့္ လႊဲကန္ထည့္လိုက္သည္။

"နဂါးအၿမီးကန္ခ်က္!"

ပါးစပ္ကလည္း ေအာ္လိုက္ေသးသည္။

ခရက္!

နတ္မ်ိဳးႏြယ္နယ္ပယ္ရဲ႕ ပင့္ကူလက္တံႀကီးက အသံတစ္သံနဲ႕အတူ ကြဲအက္သြားခဲ့သည္။

"အား!"

အဘိုးႀကီးက စူးစူးဝါးဝါး ေအာ္ရင္း ေနာက္ျပန္ဆုတ္သြားခဲ့သည္။

ဒါဟာ အရွင္ခ်င္းလုံ သင္ေပးထားတဲ့ နဂါးအၿမီးကန္ခ်က္ ျဖစ္ကာ ခြန္အားက နဂါးတစ္ေကာင္ရဲ႕ အၿမီးဆီကေန ရိုက္ထုတ္ခံလိုက္ရသလိုမ်ိဳး အားျပင္းလြန္းသည္။

ပင့္ကူအဘိုးႀကီး ေနာက္ဆုတ္ေနစဥ္ ဖုန့္ဝူယိ သူ႕ေျခေထာက္ေအာက္က ၾကယ္အစီအရင္ေပၚ ေျခတစ္ခ်က္ေစာင့္လိုက္သည္။ ၾကယ္အစီအရင္က ခ်က္ခ်င္း အသက္ဝင္လာကာ ဖုန့္ဝူယိရဲ႕ ေျခေထာက္လႊဲရာအတိုင္း လြင့္သြားေတာ့၏။

"နဂါးအၿမီးကန္ခ်က္!"

ပင့္ကူအဘိုးႀကီးလည္း အႀကီးအက်ယ္ တုန္လႈပ္သြားၿပီး သူ႕ခႏၶာကိုယ္ကို ကာကြယ္ဖို႔ အေကာင္းအတိုင္း က်န္ေနေသးတဲ့ ပင့္ကူလက္တံႀကီးမ်ားကို သူ႕အေရွ႕မွာ ကာထားလိုက္သည္။

"တိမ္ဖုံးထားတာေတာင္ ဘာလို႔ ၾကယ္က ဒီေလာက္ အားေကာင္းေနေသးတာလဲ?"

တုန္လႈပ္စြာ ေအာ္ဟစ္ေနခ်ိန္ သူ႕ခႏၶာကိုယ္ အစိတ္အပိုင္းျဖစ္တဲ့ ပင့္ကူလက္တံႀကီးမ်ားဟာ မွန္တစ္ခ်ပ္လို ကြဲအက္သြားေလေတာ့သည္။ အဘိုးႀကီး တုန္တုန္ယင္ယင္ျဖင့္ ေမာ့ၾကည့္လိုက္စဥ္ ေငြေရာင္အလင္းတစ္ခ်က္ ဖ်တ္ကနဲ ေျပးထြက္သြား၏။

႐ုတ္တရက္ သူ႕ခႏၶာကိုယ္က လႈပ္ရွားလို႔ မရေတာ့ေပ။ အထိတ္တလန့္နဲ႕ ေမာ့ၾကည့္လိုက္ေတာ့ ဖီးနစ္အေတာင္ေတြနဲ႕ လူငယ္ေလးက သူ႕ကို ေအးစက္စြာ ရပ္ၾကည့္ေနကာ ၾကယ္အစီအရင္ စက္ကြင္းက လူငယ္ရဲ႕ ေျခေထာက္ေအာက္မွာ ျပန္ေရာက္ေနၿပီ။

သို႔ေသာ္ နတ္မ်ိဳးႏြယ္နယ္ပယ္ သူ႕ရဲ႕ လည္ပင္းမွာေတာ့ ေသြးေတြ စီးက်လာခဲ့သည္။

ေကာင္းကင္မိုးႀကိဳးနယ္ပယ္ရဲ႕ ၾကယ္အစီအရင္ကေတာင္ ဒီေလာက္ အားေကာင္းေနရင္ မေသမ်ိဳးနယ္ပယ္ရဲ႕ ၾကယ္အစီအရင္ကေရာ?

ပင့္ကူအဘိုးႀကီးသည္ ၎ရဲ႕ ျပဳတ္လုဆဲဆဲ လည္ပင္းကို အနည္းငယ္ ေ႐ႊ႕ၾကည့္လိုက္ေတာ့ သူ႕ရဲ႕ မေသမ်ိဳးနယ္ပယ္က ပင့္ကူငယ္သား အေယာက္၅၀ ေလာက္ဟာ ၾကယ္အစီအရင္ပါေသာ လွ်ပ္စီးေၾကာင္းေတြေၾကာင့္ ေအာက္ဖက္က ေတာထဲကို အေလာင္းအတိုင္း ျပဳတ္က်သြားေလၿပီ။

ေျမေခြးေတြဟာ လွပေသာ္လည္း သူတို႔ရဲ႕ အေမႊးဖြားဖြားနဲ႕ အၿမီးလွလွေတြကို လက္နက္အျဖစ္ သုံးနိုင္ၾကသည္။

ဖုန့္ခ်န္းယင္ နတ္မ်ိဳးႏြယ္နယ္ပယ္က လူတစ္ေယာက္ကို ရွင္းထုတ္ၿပီးေနာက္ ႐ုတ္တရက္ အားနည္းသြားသည္။

"အားယင္!"

ဖုန့္ဝူယိ ယိုင္သြားတဲ့ ေျမေခြးကို ေျပးဖမ္းလိုက္စဥ္ ေျမေခြးျဖဴက ဖုန့္ခ်န္းယင္အသြင္ ျပန္ေျပာင္းသြားခဲ့သည္။

သူ ၾကည့္လိုက္ေတာ့ ဖုန့္ခ်န္းယင္ ႏႈတ္ခမ္းေတြက ျဖဴဖတ္ေန၏။

"ဘယ္လိုျဖစ္တာလဲ?"

ဖုန့္ဝူယိ ရန္သူတစ္ေယာက္ကို ဓားစြမ္းအင္ တစ္ခ်က္ျဖင့္ ရွင္းထုတ္ၿပီးေနာက္ ဖုန့္ခ်န္းယင္ကို တစ္ခ်က္ ျပန္စစ္ေဆးၾကည့္လိုက္သည္။

"အားယင္!"

'ဖူး!'

ဖုန့္ခ်န္းယင္ ေသြးတစ္လုတ္ အန္ထုတ္လိုက္ေလ၏။ ဖုန့္ဝူယိ သူ႕ရင္ဘတ္ေပၚ လက္ဝါးနဲ႕ ဖိၾကည့္လိုက္ေတာ့ ဖုန့္ခ်န္းယင္ခႏၶာကိုယ္ထဲက ေသြးေၾကာေတြ၊ ဝိညာဥ္စြမ္းအင္ေတြက ကေမာက္ကမ ျဖစ္ေနတာ သိလိုက္ရသည္။

ဖုန့္ခ်န္းယင္ကို ၾကည့္လိုက္ေတာ့ သတိကရတစ္ခ်က္ မရတစ္ခ်က္ ျဖစ္ေနၿပီ။

"အားယင္!"

ဖုန့္ဝူယိ သူ႕ညီကို ေက်ာေပၚ တင္ထားလိုက္ၿပီး ၾကယ္အစီအရင္ကို ထိန္းခ်ဳပ္ကာ ယြင္ေခ်ာင္ဆီ ေျပးထြက္သြားသည္။

"အစ္ကိုႀကီး!! အားယင္ အေျခအေန မေကာင္းဘူး!"

အသံၾကားတာနဲ႕ ယြင္ေခ်ာင္ကလည္း ရန္သူေတြၾကားကေန ခ်က္ခ်င္း ျပန္လွည့္လာသည္။ သို႔ေသာ္လည္း မေသမ်ိဳးနယ္ပယ္ အဆင့္၉ က်င့္ႀကံသူ တစ္စုက ယြင္ေခ်ာင္လမ္းမွာ ပိတ္ဆို႔ထား၏။

ထိုလူတစ္စုက အလြန္လ်င္ျမန္ၾကသည္။ ယြင္ေခ်ာင္ကို ခ်က္ခ်င္း ဝန္းရံကာ ေလးေထာင့္ပုံစံ အစီအရင္တစ္ခုအား အသက္သြင္း၍ ဖမ္းခ်ဳပ္ထားလိုက္သည္။

ဝုန္း!

ယြင္ေခ်ာင္ လက္ထဲကဓားကို ျမႇောက္ၿပီး မိုးႀကိဳးမ်ားကို ဆင့္ေခၚလိုက္သည္။ ပတ္ဝန္းက်င္မွာ ေအးစက္စက္ ေလေတြက ႐ုတ္ခ်ည္း စုေဝးလာကာ ေကာင္းကင္က တိမ္တိုက္မ်ားလည္း လႈပ္လႈပ္ရွားရွား ျဖစ္လာသည္။

ယြင္ေခ်ာင္: "အနက္ေရာင္ တိမ္တိုက္ေတြက ငါ့အတြက္ အကူအညီပဲ...."

တိမ္တိုက္ေတြရဲ႕ မူလ ရည္႐ြယ္ခ်က္က ခုႏွစ္စင္ၾကယ္ လေရာင္ကို မစုပ္ယူနိုင္ေအာင္ တားဆီးဖို႔ ျဖစ္ေသာ္လည္း ယြင္ေခ်ာင္အတြက္က မိုးႀကိဳးမုန္တိုင္း ဖန္တီးဖို႔ အရင္းအျမစ္ ျဖစ္သြားခဲ့သည္။

ေကာင္းကင္က မိုးႀကိဳးေတြ ၿပိဳက်လာတဲ့အခါ ေလးေထာင့္ပုံစံ အစီအရင္ႀကီး ခ်က္ခ်င္း အက္ကြဲသြားသည္။

ယြင္ေခ်ာင္: "ေသလိုက္ေတာ့!"

လွ်ပ္စီးေၾကာင္းေတြ ဖုံးလႊမ္းေနတဲ့ ဓားတစ္လက္က ယြင္ေခ်ာင္လက္ထဲမွာ အလင္းတစ္ခုလို လႈပ္ရွားေနသည္။ အစီအရင္ ဖန္တီးခဲ့သူေတြကို မ်က္စိတစ္မွိတ္အတြင္း သတ္ပစ္လိုက္ၿပီးေနာက္ ယြင္ေခ်ာင္ ဖုန့္ဝူယိဆီကို ေျပးသြားခဲ့သည္။

"သြားစို႔!"

ယြင္ေခ်ာင္ အေရွ႕ကေန လမ္းရွင္းကာ ဖုန့္ဝူယိက ထပ္ၾကပ္မကြာ လိုက္သည္။

အေရွ႕ကလူေတြ ရွင္းသြားတာနဲ႕ အေနာက္ကေန ေျပးလိုက္လာသူေတြဆီကို လွ်ပ္စီးေၾကာင္း ရာခ်ီပစ္လႊတ္ကာ မ်က္ေျချဖတ္သည္။ ဖုန့္ခ်န္းယင္ ႐ုတ္တရက္ သတိလစ္သြားတာက ယြင္ေခ်ာင္ကို ေတာ္ေတာ္ေလး ပ်ာယာခတ္သြားေစ၏။

လွ်ပ္စီးေၾကာင္းေတြ ေပ်ာက္ကြယ္သြားတဲ့ အခါမွာေတာ့ ၾကယ္သုံးလုံးက မရွိေတာ့ေပ။ ထိုအခါမွ လွ်ပ္စီးရဲ႕ အျမန္ႏႈန္းကို သူတို႔ ေလွ်ာ့တြက္ခဲ့မိေၾကာင္း သေဘာေပါက္ၾကသည္။ သို႔ေသာ္ သေဘာေပါက္တဲ့ အခ်ိန္က ေနာက္က်သြားေခ်ၿပီ။

ယြင္ေခ်ာင္ရဲ႕ အရွိန္က အေတာ္ေလး ျမန္လြန္းလွသည္။

........

လူအေရာက္နည္းေသာ ေတာတြင္းတစ္ေနရာကို တိုးဝင္လာၾကစဥ္ ႐ုတ္တရက္ အေရွ႕စူးစူးမွ ဝုန္းကနဲ အသံနက္ႀကီးနဲ႕အတူ အနက္ေရာင္ အေငြ႕မ်ား ေကာင္းကင္သို႔ ထိုးတက္သြားတာကို ယြင္ေခ်ာင္နဲ႕ ဖုန့္ဝူယိတို႔ ႏွစ္ေယာက္စလုံး ေတြ႕လိုက္ရသည္။

ႏွစ္ေယာက္သား တစ္ေယာက္ကို တစ္ေယာက္ ျပန္ၾကည့္ကာ အျမန္ဆုံး ေျပးသြားၾက၏။

အဲဒီေနရာက ယင္ရွစ္ရဲ႕ အေငြ႕အသက္ေတြကို ခံစားမိတဲ့ ေနရာပဲ။

ယင္ရွစ္ ဘာမွ မျဖစ္ပါေစနဲ႕!

ဝွစ္!

အနက္ေရာင္ အေငြ႕ေတြ ေပ်ာက္ကြယ္သြားတဲ့အခါ သူတို႔လည္း အဲဒီေနရာကို ေရာက္ခါနီးေနၿပီ ျဖစ္သည္။ သို႔ေသာ္ ႐ုတ္တရက္ သူတို႔ေရွ႕မွာ လူႏွစ္ေယာက္ ေပၚလာသည္။

တစ္ေယာက္က တစ္ေဆမီးေတာက္ ပါေသာ မီးအိမ္ကိုင္ထားတဲ့ မိန္းကေလးျဖစ္ကာ ေနာက္တစ္ေယာက္က တစ္ေဆမ်က္ႏွာဖုံးနဲ႕ အမ်ိဳးသားျဖစ္သည္။

ယြင္ေခ်ာင္: "သတိထား!"

ယြင္ေခ်ာင္ သူ႕ညီႏွစ္ေယာက္ေရွ႕မွာ ဝင္ကာရပ္လိုက္သည္။

မရဏကမၻာက လူေတြဟာ အလြယ္တကူ သို႔မဟုတ္ မေတာ္တဆ သြားထိသင့္သူေတြ မဟုတ္ေခ်။ ယြင္ေခ်ာင္ ဖုန့္ဝူယိကို ဆြဲကာ ထိုႏွစ္ေယာက္ရဲ႕ လမ္းေၾကာင္းေပၚက ဖယ္ေပးလိုက္သည္။

မရဏကမၻာကလာတဲ့ ဘယ္သူမဆို သတ္ျဖတ္ခ်င္စိတ္ေတြသာ လႊမ္းမိုးေနသူ ျဖစ္သည္။ သူတို႔လမ္းေၾကာင္းမွာ ပိတ္ဆို႔ေနတဲ့ ဘယ္သူ႕ကိုမဆို အျပတ္ရွင္းထုတ္သြားတတ္၏။

ဒီလို ယင္စြမ္းအင္ေတြ ျပည့္ႏွက္ေနတဲ့ ေတြ႕ၿပီးတာေတာင္ အသက္ရွင္သူေတြကေတာ့ ကံေကာင္းၾကသူေတြသာ ျဖစ္သည္။

ဖုန့္ဝူယိ ဖုန့္ခ်န္းယင္ကို ေက်ာပိုးထားရာမွ ေဘးကို အသာေလး ေစာင္းလိုက္သည္။ သတိလစ္ေနသူက ဝိညာဥ္အားနည္းေနတတ္၏။ အဲဒီလို ဝိညာဥ္အားနည္းေနတဲ့ လူေတြက မရဏလူသားေတြအတြက္ အစာအာဟာရပဲ ျဖစ္ေလသည္။

သို႔ေသာ္ ကံေကာင္းခ်င္ေတာ့ ထိုတစ္ေဆႏွစ္ေကာင္က သူတို႔ကို ဂ႐ုမစိုက္ေခ်။

ယြင္ေခ်ာင္တို႔ လမ္းဖယ္ေပးလိုက္တာနဲ႕ တစ္ေဆႏွစ္ေကာင္ကလည္း ဂ႐ုမစိုက္ဘဲ ျဖတ္ေက်ာ္သြားခဲ့ေလသည္။ တစ္ေဆႏွစ္ေကာင္ ေပ်ာက္ကြယ္သြားတာနဲ႕ ယြင္ေခ်ာင္တို႔ ဆက္ေျပးၾကသည္။

အေရွ႕ဘက္က ေတာအုပ္အလယ္မွာ ႀကီးမားတဲ့ ကြင္းျပင္ႀကီးတစ္ခု ရွိေနသည္။ ကြင္းျပင္ႀကီးက စက္ဝိုင္းပုံစံ ျဖစ္ကာ အထက္သုံးထပ္ျဖင့္ ေသေသခ်ာခ်ာ တည္ေဆာက္ထားေသာ ယဇ္ပုလႅင္ တစ္ခုပဲ ျဖစ္ေပ၏။

အေဝးက လွမ္းၾကည့္လိုက္ခ်ိန္မွာေတာ့ ယဇ္ပုလႅင္ ေဘးပတ္ပတ္လည္ကို ဝန္းရံထားတဲ့ အနက္ေရာင္ အရိပ္ႏွစ္ခုကို အရင္ေတြ႕ရေလသည္။ တကယ္တမ္း နီးကပ္လာတဲ့အခါမွ ထိုအရိပ္ႏွစ္ခုက ေက်ာက္တုံးေႁမြ႐ုပ္ေတြ ျဖစ္ေနတာ သတိထားမိလာသည္။

ေႁမြႀကီးေတြက ေတာ္ေတာ္ႀကီးကို ႀကီးမားၾကကာ ယဇ္ပုလႅင္ကို ရစ္ပတ္ရင္း ေခါင္းႏွစ္လုံးက ယဇ္ပုလႅင္အလယ္ကို အုပ္မိုးထားၾက၏။

ယြင္ေခ်ာင္နဲ႕ ဖုန့္ဝူယိတို႔ တစ္စုံတစ္ခုကို သေဘာေပါက္သြားတာေၾကာင့္ အသည္းအသန္ ေျပးလာၾကည့္တဲ့အခါ ထင္ထားတဲ့အတိုင္း ယင္ရွစ္က ေႁမြႏွစ္ေကာင္ရဲ႕ ေခါင္းေအာက္မွာ လဲေလ်ာင္းေနေလသည္။

ယြင္ေခ်ာင္: "ယင္ရွစ္!"

"အစ္မသုံး!"

ႏွစ္ေယာက္သား စက္ဝိုင္းပုံစံ ယဇ္ပုလႅင္အနား ေျပးဆင္းလာခဲ့သည္။ ယြင္ေခ်ာင္က လက္တစ္ဖက္ကို ဆန့္ထုတ္ကာ ယင္ရွစ္ကို စုပ္ယူလိုက္၏။

ယင္ရွစ္မွာလည္း သတိလစ္ေနဆဲ ျဖစ္တာေၾကာင့္ အ႐ုပ္ကေလးလို လြင့္ပါလာသည္။ ယြင္ေခ်ာင္ သူမကို တယုတယေလး ေပြ႕ဖမ္းထားလိုက္တဲ့အခါ သူမေျခေထာက္ေတြ ေနရာမွာ ျဖဴေဖြးေနတဲ့ ေႁမြအၿမီးက အစားထိုးရွိေနခဲ့ကာ သူမတစ္ကိုယ္လုံးမွာ ဓားျခစ္ရာေတြ ရာနဲ႕ခ်ီ ရွိေနသည္။

ဖုန့္ဝူယိ ေႁမြအ႐ုပ္ႀကီး ႏွစ္ေကာင္ကို ေမာ့ၾကည့္လိုက္သည္။ ေႁမြေက်ာက္႐ုပ္တု ႏွစ္ေကာင္ဟာ အစကတည္းက ဒီေနရာမွာ ရွိမေနခဲ့တာ ေသခ်ာ၏။ သူတို႔ဟာ ယင္ရွစ္ကို ကာကြယ္ေပးရင္း ေက်ာက္႐ုပ္ျဖစ္သြားၾကတာ သိသာသည္။

ယဇ္ပုလႅင္ရဲ႕ တစ္ဖက္မွာေတာ့ ေခါင္းတျခားကိုယ္တျခား အေလာင္းတစ္ေလာင္း ရွိေနသည္။

ဖုန့္ဝူယိ: "အဲဒီလူက ဒီအစီအစဥ္ရဲ႕ အဓိကလူျဖစ္မယ္...."

ဖုန့္ဝူယိ လက္တစ္ဖက္ကို ဆန့္ထုတ္လိုက္တဲ့အခါ အေလာင္းဆီက တံဆိပ္ျပားတစ္ခု သူ႕လက္ထဲ လြင့္လာသည္။

လွမ္းၾကည့္လိုက္ေတာ့ တစ္ဖက္က ေတာထဲမွာလည္း အေလာင္းတခ်ိဳ႕ ရွိေနသည္။ ဖုန့္ဝူယိ အဲဒီလူေတြဆီကပါ သက္ေသခံ တံဆိပ္ျပားတခ်ိဳ႕ကို စုေဆာင္းလိုက္သည္။ လက္စားေခ်ဖိဳ႕က ဆယ္ႏွစ္ဆိုလည္း ေနာက္မက်ေခ်။

ယြင္ေခ်ာင္ဘက္ကို ၾကည့္လိုက္ေတာ့ သူက ယင္ရွစ္ရဲ႕ ေျခေထာက္ေတြကို ျပန္ရယူေပးၿပီးၿပီ။ သူမကို ေပါ့ေပါ့ပါးပါး ေကာက္ေပြ႕လိုက္ကာ။

"လုံၿခဳံတဲ့ေနရာ အရင္ရွာရေအာင္...."

"အင္း!"

ဖုန့္ဝူယိ ခပ္ျမန္ျမန္ေလး ေခါင္းညိတ္ျပကာ ယြင္ေခ်ာင္အေနာက္မွ လိုက္သြားခဲ့သည္။

တစ္ေယာက္လက္ေမာင္းထဲက ယင္ရွစ္က သတိလစ္ေနသလို တစ္ေယာက္ေက်ာေပၚက ဖုန့္ခ်န္းယင္ကလည္း ေပ်ာ့ဖတ္ေနသည္။ ႏွစ္ေယာက္သား စိုးရိမ္ပူပန္မႈမ်ားျဖင့္ ေခတၱေလာက္ ပုန္းခိုနိုင္မယ့္ ေနရာကို ရွာခ်င္ၾက၏။

သူတို႔ အရွင္ခ်င္းလုံရဲ႕ သူေတာ္စင္ေတာင္ထြတ္ကို ျပန္သြားလို႔ရသည္။ သို႔ေသာ္ သူေတာ္စင္ေတာင္ထြတ္က လက္ရွိေနရာနဲ႕ အရမ္းကို အလွမ္းေဝးေနတာေၾကာင့္ ပို႔ေဆာင္ျခင္းအစီအရင္ကို ဖြင့္လိုပါက စြမ္းအင္မ်ားစြာ သုံးစြဲရလိမ့္မည္။

ဖုန့္ဝူယိ: "ကြၽန္ေတာ္တို႔ အစ္မနဲ႕ အားယင္ကိုပဲ ပို႔ေဆာင္ျခင္းအစီအရင္နဲ႕ ပို႔လိုက္ၾကရင္ေရာ? အဲ့လိုဆို ကြၽန္ေတာ္တို႔လည္း ေတာင့္ခံနိုင္ေလာက္တယ္...."

"မျဖစ္ဘူး!"

ယြင္ေခ်ာင္က ေခါင္းခါသည္။

"အခု အထက္နယ္ေျမ တစ္ခုလုံးက လႈပ္ရွားေနၾကတာ... အရွင္ခ်င္းလုံကိုေတာင္ ဝင္တိုက္ေနၾကၿပီဆိုေတာ့ သူေတာ္စင္ေတာင္ထြတ္ကလည္း မလုံၿခဳံေလာက္ေတာ့ဘူး!"

ဖုန့္ဝူယိ အံႀကိတ္ကာ : "ဒါဆို ဂူတစ္ခုခုကို အျမန္ဆုံး ရွာၾကရေအာင္...."

ႏွစ္ေယာက္သား တိမ္မည္းေတြေအာက္က သစ္ပင္ေတြၾကား ေျပးလႊား ပ်ံသန္းေနခဲ့သည္။ သစ္ပင္ေတြေပၚမွာ ပ်ံသန္းတာက ရန္သူရဲ႕ ပစ္မွတ္ထားခံရဖို႔ သို႔မဟုတ္

You are reading the story above: TeenFic.Net