🍬60🍬ကောင်းကင်ဓားဂိုဏ်းက လူနှစ်ယောက်

Background color
Font
Font size
Line height

Chapter (60)
ကောင်းကင်ဓားဂိုဏ်းက လူနှစ်ယောက်

"ရပ်စမ်း!"

ကျယ်လောင်သော အသံကြီးတစ်သံနဲ့အတူ ကောင်းကင်ဓားဂိုဏ်းကလူတွေ ရောက်ရှိလာသည်။ သူတို့ရောက်လာတော့ ရှေးဟောင်းဓားက အပြာရောင် အလင်းတွေနဲ့အတူ ရွှမ်ဝူဂိုဏ်းရဲ့ အခင်းအကျင်းအပေါ် ထိုးဆင်းနေပြီပဲ ဖြစ်သည်။

ရှေး​ဟောင်းဓားထဲမှာ နတ်ဘုရားရဲ့ ရောင်ဝါတွေ ပါသည်။ ဘယ်သူမှ မခုခံနိုင်သော ဖိအားတွေ ပါတာကြောင့် ရွှမ်ဝူဂိုဏ်းထဲက တပည့်ငယ်လေးတွေ အတုံးအရုန်း လဲကျကုန်ကာ အကြီးအကဲ ငါးယောက်ပင် ကြမ်းပြင်ပေါ်၌ ဒူးတစ်ဖက်ထောက်၊ လက်နှစ်ဖက် မြှောက်လျက် ခုခံထားရလေ၏။

"ရှင်ကျန့်မင် ငါမင်းကို ရပ်ခိုင်းနေတယ်!!"

ရောက်လာသူ လူနှစ်ယောက်ဟာ ကောင်းကင်ဓားဂိုဏ်းက အကြီးအကဲ နှစ်ယောက်ပါပဲ။ သူတို့ အော်ဟစ်နေပေမယ့် ရှင်ကျန့်မင်က တစ်ချက်လေးတောင် လှည့်မကြည့်ပေ။

"ရပ်စမ်း!"

"ကောင်းကင်ဓားဂိုဏ်းနဲ့ ရွှမ်ဝူဂိုဏ်းက နှစ်ပေါင်းရာကျော် မဟာမိတ်ဖွဲ့လာတာ မင်းအဲဒီလို လုပ်လို့မရဘူး!"

"ရှင်ကျန့်မင်!!"

ဝုန်း!

လေထုထဲက အသံနက်ကြီး တစ်သံနဲ့အတူ ယင်ရှစ်က သူတို့နှစ်ဦးရှေ့မှာ ဝင်ကာရပ်လိုက်လေသည်။ နှစ်ယောက်သား ရပ်တန့်သွားသည်။ ယင်ရှစ်ရဲ့ နောက်ခံ အထောက်အထားကို မသိပေမယ့် သူမခန္ဓာကိုယ်က ရောင်ဝါက ပေါ့သေးသေး မဟုတ်တာကိုတော့ သိကြသည်။

"မိန်းကလေး ဒီကိစ္စက မင်းနဲ့ မဆိုင်ပါဘူး... "

"ဟုတ်ပါတယ် ကျေးဇူးပြုပြီး ဘေးဖယ်ပေးပါ... ရှင်ကျန့်မင်က ငါတို့ဂိုဏ်းက တပည့်... သူအခုလို ရမ်းကားနေတာကို ခွင့်ပြုထားလို့ မဖြစ်ဘူး..."

ယင်ရှစ်က သူတို့နှစ်ဦးကို အေးစက်စွာပဲ ကြည့်နေသည်။

"ဒါဆို ငါမေးမယ်.... လွန်ခဲ့တဲ့ သုံးနှစ်က ရွှမ်ဝူဂိုဏ်း တုံအာကို လိုက်သတ်နေတဲ့ အချိန်မှာ နင်တို့နှစ်ယောက် ဘာလုပ်ခဲ့လဲ?"

သူမ စကားဆုံးတဲ့အခါ ကြီးမားသော အဖြူရောင် မြွေကြီးတစ်ကောင်က အရိပ်တစ်ခုလိုမျိုး သူမခန္ဓာကိုယ်ကို ရစ်ပတ်ကာ ပေါ်ထွက်လာခဲ့သည်။

ကြီးမားလွန်းတဲ့ မြွေကြီးနဲ့ ယှဥ်ရင် သူတို့နှစ်ဦးက ယင်ကောင်လေးလို ဖြစ်သွားသည်။ မသေမျိုးနယ်ပယ် တက်လှမ်းပြီးနောက် ယင်ရှစ်ရဲ့ ကြယ်စွမ်းအင်ကလည်း တိုးတက်လာခဲ့ပြီမလို့ ယခုအချိန်မှာ သူမရဲ့ စိတ်ဝိညာဥ်က အတော်လေး အားကောင်းနေပြီ။

ကောင်းကင်ဓားဂိုဏ်းက လူနှစ်ယောက်ရဲ့ ကျင့်ကြံမှုအဆင့်က မသေမျိုးနယ်ပယ် အဆင့်၆သာ ရှိသည်။ မြွေဖြူကြီးဆီက ဖိအားဟာ သူတို့နှစ်ယောက်ကို ကြောက်လန့်စေတာကြောင့် နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် ပြန်ကြည့်နေကြသည်။

"ဖြေလေ!"

ယင်ရှစ် လှိုင်းလုံးလို အသံကို ထုတ်လွှတ်လိုက်တဲ့အခါ နှစ်ယောက်သား ခြေတစ်လှမ်းစီ ပြန်ဆုတ်သွားခဲ့ကြသည်။ ယင်ရှစ် ဝမ်ကွမ်းတုံဘက် ခေါင်းစောင်းကြည့်လိုက်တော့ ထိုကောင်လေးရဲ့ မျက်လုံးထဲကနေ ကြောက်လန့်နေတဲ့ အရိပ်အငွေ့တချို့ကို ဖမ်းမိလိုက်၏။

ယင်ရှစ် အေးစက်စွာ ပြုံးလိုက်သည်။

"ဟမ့်.... သိပြီ!"

သူမ ခေါင်းပြန်လှည့်လာတဲ့အချိန်မှာ လူနှစ်ယောက်က ချက်ချင်း ထွက်ပြေးသွားတော့သည်။ ယင်ရှစ် လူသတ်ချင်လာတဲ့ အငွေ့အသက်တွေနဲ့အတူ ပြေးလိုက်သွား၏။

ယင်ရှစ်: "ငါသေခိုင်းချင်တဲ့လူက ဘယ်တော့မှ အသက်မရှင်နိုင်ဘူး....."

"ကျန့်မင်!"

ဝမ်ကွမ်းတုံ ပြေးထွက်လာကာ ရှင်ကျန့်မင်လက်မောင်းကို ဆွဲကိုင်လိုက်သည်။

"တော်ပါတော့နော်...."

ဝုန်း ဝုန်း!

ဓားဝိညာဥ်က အခင်းအကျင်းကို ဖြိုခွင်းကာ ရွှမ်ဝူဂိုဏ်းရဲ့ ဧရိယာထဲ ထိုးစိုက်သွားသည်။ ဝမ်ကွမ်းတုံ လန့်သွားကာ ရှင်ကျန့်မင်လက်ကို နောက်တစ်ကြိမ် ထပ်ဆွဲလိုက်ပြန်သည်။

"ဂိုဏ်းထဲမှာ အချုပ်ခံထားရတဲ့ တောင်ပံမျိုးနွယ်စုတွေ ရှိတယ်...ငါသူတို့ကို မသေစေချင်ဘူး... "

ရှင်ကျန့်မင် ချက်ချင်း ရပ်လိုက်သည်။

ဝမ်ကွမ်းတုံ: "အခု ဂိုဏ်းက တစ်ဝက်လောက်အထိတောင် ပျက်စီးသွားပြီ.... ကျင်းနျိုလည်း သေသွားပြီပဲ ထားလိုက်ပါတော့နော်..."

လေသင်္ဘောပေါ်တွင်။

ဖုန့်ဝူယိ: "ဟိုလူနှစ်ယောက် ရောက်လာတာ တိုက်ဆိုင်လွန်းတယ်... ကျွန်တော်နဲ့ တုံးကျန်း လိုက်ကြည့်လိုက်မယ်!"

ယွင်ချောင်: "အင်း"

ဖုန့်ချန်းယင်: "ငါလည်း လိုက်မယ်!"

လူသုံးယောက် ဘယ်သူမှသတိမထားမိအောင် ပြေးထွက်သွားကြ၏။

ရွှမ်ဝူဂိုဏ်းက အမှန်တကယ် တစ်ဝက်မက ပျက်စီးကုန်ပါပြီ။ ဂိုဏ်းအဆောက်အအုံတွေနဲ့ အခင်းအကျင်းက ပျက်စီးသွားသလို ဓားဝိညာဥ်ရဲ့ ဖိအားကို မခံနိုင်သူများကလည်း အလောင်းတွေသာ ကျန်ရစ်ခဲ့သည်။

ဝမ်ကွမ်းတုံ ရွှမ်ဝူဂိုဏ်းထဲမှာ ပုန်းကွယ်နေရင်း တောင်ပံမျိုးနွယ်စုတွေကို တစ်ယောက်ပြီး တစ်ယောက် ကယ်ထုတ်ခဲ့ဖူးသည်။ သူ လက်ညှိုး ထိုးပြလိုက်တာနဲ့ ရှင်ကျန့်မင်က ထိုတောင်ထွတ်ကို ဖြိုချကာ တောင်ပံမျိုးနွယ်စု အားလုံးကို လွှတ်ပေးလိုက်သည်။

တောင်ပံမျိုးနွယ်စုက အခုအချိန်မှာ အတော်လေးကို အားနည်းနေတဲ့ မျိုးနွယ်စု ဖြစ်လေသည်။ ယောကျ်ားမိန်းမ၊ လူငယ်၊ ကလေး စုံလို့ပင်။ ဝမ်ကွမ်းတုံ ကလေးမလေးတစ်ယောက်ကို ပွေ့ချီရင်း ရွှမ်ဝူဂိုဏ်းနဲ့ အတော်လေး အလှမ်းဝေးသော တောတွင်းကို လိုက်ပို့ပေးခဲ့သည်။

"ကိုကို....သမီးတို့ မိုးမျှော်တောင်ထွတ်ကို ပြန်မှာလားဟင်?"

"ဒါပေါ့...."

ဝမ်ကွမ်းတုံ ပြုံးပြလိုက်သည်။

"ကိုကို ကြိုးစားပေးမှာပါ.... အားယန်ကလည်း ကောင်းကင်မျက်လုံးကို သေသေချာချာ လေ့ကျင့်ထားရမယ်..."

"အွန်း!"

ကလေးမလေးက အားရပါးရ ခေါင်းညိတ်ပြသည်။ အားယန်က မွေးရာပါ ကောင်းကင်မျက်လုံး ပါသူဖြစ်ပြီး သူမရဲ့ လျှို့ဝှက်ချက်ကို သူမမိဘတွေနဲ့ ဝမ်ကွမ်းတုံသာ သိလေသည်။ ဝမ်ကွမ်းတုံနောက်ကျောက ကြယ်အမှတ်အသားကိုလည်း အားယန်က အရင် ရှာတွေ့ခဲ့ခြင်းပင်။

"ကိုကို သမီးမှာ ပြောစရာရှိတယ်...."

ဝမ်ကွမ်းတုံ အပြုံးလေးနဲ့ သူ့နားရွက်လေးတစ်ဖက်ကို ထိုးပေးလိုက်သည်။ အားယန်ကလည်း သူတို့နှစ်ယောက်တည်းသာ ကြားနိုင်သော အသံသေးသေးလေးဖြင့် ကပ်ပြောလေ၏။

ဝမ်ကွမ်းတုံ အားယန်ဆီက စကားသံလေးကို ကြားပြီးပြီးချင်း လန့်ဖြတ်သွားခဲ့သည်။ သူက မယုံကြည်နိုင်စွာဖြင့် အရှေ့ဆုံးမှာ အဘွားအိုတစ်ယောက်ကို တွဲပေးနေသော ဝမ်ပင်းပင်းကို လှမ်းကြည့်လိုက်လေသည်။

အားယန်: "ကိုကို.... သူများကို မပြောပြရဘူးနော်!"

ဒါက လျှို့ဝှက်ချက်ပဲ။ သူ အလျင်အမြန် ခေါင်းညိတ်ပြလိုက်သည်။ အားယန်ကို သူ့အမေလက်ထဲ ပြန်ထည့်ပေးပြီးနောက် မျိုးနွယ်စုတွေ ပျောက်ကွယ်သွားတဲ့အထိ အသံတိတ် ရပ်ကြည့်နေမိသည်။

သူ ရပ်ကြည့်နေမိတာ ရှင်ကျန့်မင် သူ့အနား ရောက်လာမှသာ သတိဝင်လာတော့သည်။

"ကျန့်မင်...."

ရှင်ကျန့်မင်: "မိုးမျှော်တောင်ထွတ်က တောင်ပံမျိုးနွယ်စုရဲ့ နတ်ဘုရားနယ်ပယ် ရောက်ထားသူမှ ပြန်ဖွင့်နိုင်မယ်..."

ဝမ်ကွမ်းတုံ: "ကိစ္စမရှိဘူး... ငါ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က မျိုးနွယ်တူတစ်ယောက်ကို တွေ့ဖူးတယ်... အဲဒီလူက ငွေရောင်အတောင်နှစ်စုံနဲ့ မသေမျိုးနယ်ပယ် ရောက်နေပြီ.... အခုဆို နတ်မျိုးနွယ်နယ်ပယ်ကို ကျော်သွားလောက်ပြီ ငါမလုပ်နိုင်ရင်တောင် သူလုပ်နိုင်လိမ့်မယ်..."

သူတို့နှစ်ယောက် စကားပြောနေတုန်း ဝမ်ပင်းပင်း ပြန်ရောက်လာသည်။

သူမက: "ကောင်းကင်ဓားဂိုဏ်းက လူနှစ်ယောက် ရုတ်တရက် ရောက်လာတာ တစ်ခုခုတော့ မှားနေသလိုပဲ..."

"သွားရအောင်...."

ရှင်ကျန့်မင်က ဆိုရင်း ဝမ်ကွမ်းတုံကို လက်တစ်ဖက်က လှမ်းဆွဲကာ ကောင်းကင်သို့ ထိုးတက်သွားတော့သည်။ ဝမ်ပင်းပင်းလည်း သူမရဲ့ ဓားပျံကိုစီးရင်း အနောက်က လိုက်သွားခဲ့သည်။

တစ်ဖက်မှာတော့ ယင်ရှစ်သည် ကောင်းကင်ဓားဂိုဏ်းက လူတစ်ယောက်ကို သတ်ပြီးနောက် နောက်တစ်ယောက်နောက်ကို ထပ်လိုက်သွားခဲ့ပေမယ့် အဲဒီလူက ဝတ်ရုံနက် လူငါးယောက်နဲ့ ပူးပေါင်းကာ သူမကို ဝိုင်းထားလိုက်သည်။

လူခြောက်ယောက်က သူမကို လေထုအလယ်၌ စက်ဝိုင်းပုံ ဝန်းရံထားကာ အခင်းအကျင်းတစ်ခုကို အလျင်အမြန် ပုံဖော်လိုက်သည်။

ယင်ရှစ်: "ဒါ....."

ယင်ရှစ် သူမခေါင်းပေါ်က အစိမ်းရောင် အခင်းအကျင်း စက်ဝန်းကိုကြည့်ရင်း အံ့သြ မင်သက်သွားသည်။ ဒီအခင်းအကျင်းက အထက်နယ်မြေမှာ လူသုံးနည်းတဲ့ အခင်းအကျင်း တစ်မျိုးပင်။ ခက်ခဲလွန်းလို့ မဟုတ်ဘဲ ထိုအခင်းအကျင်းရဲ့ ကျင့်စဥ်စာအုပ်က အထက်နယ်မြေမှာ မရှိသောကြောင့်သာ။

ယင်ရှစ် ချက်ချင်းဆိုသလို သဘောပေါက်သွား၏။ ဒီလူသစ် ငါးယောက်က မရိုးရှင်းပေ။ သူတို့ဟာ အထက်ကမ္ဘာက လာကြတာ ဖြစ်ဖို့ များလေသည်။

ဝုန်း!

ရုတ်တရက် ယင်ရှစ်ကို ချိတ်ပိတ်ထားသော အစိမ်းရောင် အလုံးကြီးက တုန်ခါသွားသည်။

ရွှင်း!

တစ်ယောက်ယောက်က ဓားစွမ်းအင်ကို ပစ်လွှတ်လိုက်ခြင်းပင်။ ယင်ရှစ် အပါအဝင် အားလုံး လှည့်ကြည့်လိုက်တော့ တုံးကျန်း ဦးဆောင်လာသော ဖုန့်ညီအစ်ကိုအား တွေ့လိုက်ရသည်။

လူသုံးယောက် သူမကို လာကူညီတာ မှန်ပေမယ့် ယင်ရှစ် ရုတ်တရက် အလွန်အမင်း စိတ်ပူသွားသည်။

"မလာနဲ့!"

တုံးကျန်း၊ ဖုန့်ဝူယိနဲ့ ဖုန့်ချန်းယင်: "!!!"

သုံးယောက်စလုံးက အံ့သြ ထိတ်လန့်သွားပေမယ့် တစ်ယောက်မှ မရပ်ကြဘဲ ပျံသန်းလာကြသည်။ ဓားသုံးစင်းက အလင်းတန်း တစ်မျိုးစီနဲ့အတူ ပြေးထွက်လာကာ အစိမ်းရောင် အလုံးကြီးပေါ် ထိုးစိုက်သွားသည်။

ဝုန်း!

ဖုန့်ဝူယိရဲ့ ဓားထဲမှာ အစိမ်းရောင် သလင်းကျောက်ရဲ့ စွမ်းအင်တွေ ပါဝင်လေသည်။ သို့သော် အခင်းအကျင်းက အက်ကြောင်းရာလေးတောင် မထင်ချေ။

သုံးယောက်သား ဓားသုံးစင်းကို လက်ထဲ ပြန်စုပ်ယူလိုက်စဥ် ကောင်းကင်ဓားဂိုဏ်းက လူက ယင်ရှစ်နဲ့ သူတို့ကြားထဲမှာ ပိတ်ရပ်လိုက်လေသည်။ တစ်ဆက်တည်း လူငါးယောက်က အခင်းအကျင်းကို ထိန်းချုပ်လျက် ယင်ရှစ်ကို ခေါ်ထုတ်သွားကြသည်။

ဖုန့်ညီအစ်ကို :"အစ်မသုံး!!"

သူတို့နှစ်ယောက်ရဲ့ အော်သံက ယင်ရှစ်နှလုံးသားထဲကို အတော်လေး ထိမိသွားခဲ့သည်။ အဲဒီအော်သံတွေနဲ့အတူ နှစ်ယောက်သားက ထိုလူကို တိုက်ခိုက်ကာ တုံးကျန်းက ဝတ်ရုံနက် လူငါးယောက်နောက်ကို ဆက်လိုက်သည်။

တုံးကျန်း: "ရပ်စမ်း!"

တုံးကျန်း သူ့တစ်ကိုယ်လုံးက စွမ်းအင်တွေကို စုစည်း၍ လက်ဝါးတစ်ဖက် မြှောက်လိုက်သောအခါ ရုတ်တရက် ကောင်းကင်အထက်ကနေ စိမ်းပြာရောင် လက်သည်းအရိပ်ကြီး ဆင်းသက်လာသည်။

လူငါးယောက်ရဲ့ အမူအရာတွေ တစ်ခဏအတွင်း ပြောင်းလဲသွားသည်။

"စိမ်းပြာနဂါး!"

"မြန်မြန်လုပ်!"

"အထက်နယ်မြေမှာ ဘယ်လိုလုပ် စိမ်းပြာနဂါးက ရှိနေတာလဲ?"

"ပြေးတော့!"

"ပြေး!"

လူငါးယောက် တစ်ယောက်တစ်မျိုး အော်ဟစ်ကာ ခပ်သုတ်သုတ် ထွက်ပြေးဖို့ ပြင်ကြသည်။ သို့သော်လည်း စိမ်းပြာနဂါး ဆိုတာက နတ်နဂါးတစ်ကောင်ပဲ ဖြစ်သည်။ တုံးကျန်းဟာ စိမ်းပြာနဂါး စွမ်းအင်ကို အပြည့်အဝ ထုတ်မသုံးနိုင်သေးပေမယ့် နဂါးတစ်ကောင်ရဲ့ အရှိန်အဝါက မသေးချေ။

သူ နဂါးလက်သည်းကို ထုတ်လိုက်တာနဲ့ နဂါးရောင်ဝါက လူငါးယောက်စလုံးကို အလွန်အမင်း ကြောက်ရွံ့တုန်လှုပ်သွားစေသည်။

အနောက်မှာတော့ ကောင်းကင်ဓားဂိုဏ်းကလူဟာ ဓားပညာမှာ ထက်မြတ်သော်လည်း ဖုန့်ညီအစ်ကိုကို မသတ်နိုင်ချေ။ ဖုန့်ဝူယိရဲ့ ဓားချက်တွေက သူ့ခန္ဓာကိုယ်ကို ပူလောင်လာစေကာ ဖုန့်ချန်းယင်က အလွန်မြန်သည်။

ဓားတစ်ချက်က ဓားကိုးစင်းအဖြစ် ဖြာထွက်တိုက်ခတ်တတ်တာကြောင့် အလွန်အမင်း သတိထားနေရသည်။ သူသည် လူငယ်နှစ်ယောက်ကို အတင်းအကြပ် တားဆီးနေရတာကြောင့် တဖြည်းဖြည်း ဒေါသထွက်လာသည်။

သူက လက်တစ်ဖက်ကို အားအပြည့်နဲ့ ဆန့်ထုတ်ပြီး ဖုန့်ချန်းယင်ရဲ့လည်ပင်းကို ဆွဲစုပ်ယူပစ်သည်။ ရုတ်တရက် အငိုက်မိသွားတဲ့ ဖုန့်ချန်းယင် လွင့်ပါသွားချိန် အနီရောင် ဓားစွမ်းအင်နဲ့ ဖုန့်ဝူယိက ကြားဖြတ်ဝင်တိုက်လိုက်သည်။

ရန်သူ့ဖိအားကို မခံစားရတော့တာနဲ့ ဖုန့်ချန်းယင်ဟာ ဖုန့်ဝူယိပုခုံးကို လက်ဖြင့်ပုတ်ကာ အားယူရင်း ကျွမ်းတစ်ချက်ထိုး၍ ကျော်တက်လိုက်သည်။ တစ်ဆက်တည်း သူ့ရဲ့ အဖြူရောင် အမြှီးတွေက တစ်ဖက်လူကို အားပြင်းပြင်းဖြင့် ရိုက်ထုတ်ပစ်လိုက်သည်။

ဗုန်း!

​မြေခွေးသားရဲ ဖိအားထဲမှာ ကြယ်စွမ်းအင် အနည်းငယ် ပါဝင်နေတာမလို့ ထိုလူကြီးလည်း ရုတ်တရက် နောက်ပြန် ဆုတ်သွားခဲ့ရသည်။

ဖုန့်ဝူယိက ထိုအချိန်တွင် ဖျက်ကနဲ ပျောက်သွားခဲ့သည်။ တစ်ဖက်လူရဲ့ မြင်ကွင်းထဲက အဖြူရောင် မြေခွေးအမြီးတွေ ပျောက်ကွယ်သွားချိန်၌ ပါးလွှာသော ဓားတစ်လက်က သူ့လည်ပင်းကို ဗဟိုထား၍ စက်ဝိုင်းဆွဲသလို လှည့်ပတ်သွားခဲ့သည်။

ထိုလူ ဘေးကို ကြည့်လိုက်သော် ဖုန့်ဝူယိက သွေးစွန်းနေသော ဓားကို ဖမ်းယူထားပြီဖြစ်ကာ သူ့လည်ပင်းကလည်း ပြတ်သွားချေပြီ။


သာသာ - သာသာ ဝမ်ကွမ်းတုံရဲ့ အလှတရားကို သေသေချာချာ မိတ်မဆက်ခဲ့ပေမယ့် သူက ခုနှစ်စင်ကြယ်ထဲမှာ ဖုန့်ဝူယိပြီးရင် အလှဆုံးပါပဲ။ လုဖျင်ပြီးရင် စိတ်သဘောထား နူးညံ့သူဆိုလည်း ဟုတ်တယ်။ အပေါ်က ပုံလေးက သူနဲ့ လိုက်ဖက်မယ် ထင်လို့ပါ။




Chapter (60)
ေကာင္းကင္ဓားဂိုဏ္းက လူႏွစ္ေယာက္

"ရပ္စမ္း!"

က်ယ္ေလာင္ေသာ အသံႀကီးတစ္သံနဲ႕အတူ ေကာင္းကင္ဓားဂိုဏ္းကလူေတြ ေရာက္ရွိလာသည္။ သူတို႔ေရာက္လာေတာ့ ေရွးေဟာင္းဓားက အျပာေရာင္ အလင္းေတြနဲ႕အတူ ႐ႊမ္ဝူဂိုဏ္းရဲ႕ အခင္းအက်င္းအေပၚ ထိုးဆင္းေနၿပီပဲ ျဖစ္သည္။

ေရွးေဟာင္းဓားထဲမွာ နတ္ဘုရားရဲ႕ ေရာင္ဝါေတြ ပါသည္။ ဘယ္သူမွ မခုခံနိုင္ေသာ ဖိအားေတြ ပါတာေၾကာင့္ ႐ႊမ္ဝူဂိုဏ္းထဲက တပည့္ငယ္ေလးေတြ အတုံးအ႐ုန္း လဲက်ကဳန္ကာ အႀကီးအကဲ ငါးေယာက္ပင္ ၾကမ္းျပင္ေပၚ၌ ဒူးတစ္ဖက္ေထာက္၊ လက္ႏွစ္ဖက္ ျမႇောက္လ်က္ ခုခံထားရေလ၏။

"ရွင္က်န့္မင္ ငါမင္းကို ရပ္ခိုင္းေနတယ္!!"

ေရာက္လာသူ လူႏွစ္ေယာက္ဟာ ေကာင္းကင္ဓားဂိုဏ္းက အႀကီးအကဲ ႏွစ္ေယာက္ပါပဲ။ သူတို႔ ေအာ္ဟစ္ေနေပမယ့္ ရွင္က်န့္မင္က တစ္ခ်က္ေလးေတာင္ လွည့္မၾကည့္ေပ။

"ရပ္စမ္း!"

"ေကာင္းကင္ဓားဂိုဏ္းနဲ႕ ႐ႊမ္ဝူဂိုဏ္းက ႏွစ္ေပါင္းရာေက်ာ္ မဟာမိတ္ဖြဲ႕လာတာ မင္းအဲဒီလို လုပ္လို႔မရဘူး!"

"ရွင္က်န့္မင္!!"

ဝုန္း!

ေလထုထဲက အသံနက္ႀကီး တစ္သံနဲ႕အတူ ယင္ရွစ္က သူတို႔ႏွစ္ဦးေရွ႕မွာ ဝင္ကာရပ္လိုက္ေလသည္။ ႏွစ္ေယာက္သား ရပ္တန့္သြားသည္။ ယင္ရွစ္ရဲ႕ ေနာက္ခံ အေထာက္အထားကို မသိေပမယ့္ သူမခႏၶာကိုယ္က ေရာင္ဝါက ေပါ့ေသးေသး မဟုတ္တာကိုေတာ့ သိၾကသည္။

"မိန္းကေလး ဒီကိစၥက မင္းနဲ႕ မဆိုင္ပါဘူး... "

"ဟုတ္ပါတယ္ ေက်းဇူးျပဳၿပီး ေဘးဖယ္ေပးပါ... ရွင္က်န့္မင္က ငါတို႔ဂိုဏ္းက တပည့္... သူအခုလို ရမ္းကားေနတာကို ခြင့္ျပဳထားလို႔ မျဖစ္ဘူး..."

ယင္ရွစ္က သူတို႔ႏွစ္ဦးကို ေအးစက္စြာပဲ ၾကည့္ေနသည္။

"ဒါဆို ငါေမးမယ္.... လြန္ခဲ့တဲ့ သုံးႏွစ္က ႐ႊမ္ဝူဂိုဏ္း တုံအာကို လိုက္သတ္ေနတဲ့ အခ်ိန္မွာ နင္တို႔ႏွစ္ေယာက္ ဘာလုပ္ခဲ့လဲ?"

သူမ စကားဆုံးတဲ့အခါ ႀကီးမားေသာ အျဖဴေရာင္ ေႁမြႀကီးတစ္ေကာင္က အရိပ္တစ္ခုလိုမ်ိဳး သူမခႏၶာကိုယ္ကို ရစ္ပတ္ကာ ေပၚထြက္လာခဲ့သည္။

ႀကီးမားလြန္းတဲ့ ေႁမြႀကီးနဲ႕ ယွဥ္ရင္ သူတို႔ႏွစ္ဦးက ယင္ေကာင္ေလးလို ျဖစ္သြားသည္။ မေသမ်ိဳးနယ္ပယ္ တက္လွမ္းၿပီးေနာက္ ယင္ရွစ္ရဲ႕ ၾကယ္စြမ္းအင္ကလည္း တိုးတက္လာခဲ့ၿပီမလို႔ ယခုအခ်ိန္မွာ သူမရဲ႕ စိတ္ဝိညာဥ္က အေတာ္ေလး အားေကာင္းေနၿပီ။

ေကာင္းကင္ဓားဂိုဏ္းက လူႏွစ္ေယာက္ရဲ႕ က်င့္ႀကံမႈအဆင့္က မေသမ်ိဳးနယ္ပယ္ အဆင့္၆သာ ရွိသည္။ ေႁမြျဖဴႀကီးဆီက ဖိအားဟာ သူတို႔ႏွစ္ေယာက္ကို ေၾကာက္လန့္ေစတာေၾကာင့္ ႏွစ္ေယာက္သား တစ္ေယာက္ကို တစ္ေယာက္ ျပန္ၾကည့္ေနၾကသည္။

"ေျဖေလ!"

ယင္ရွစ္ လွိုင္းလုံးလို အသံကို ထုတ္လႊတ္လိုက္တဲ့အခါ ႏွစ္ေယာက္သား ေျခတစ္လွမ္းစီ ျပန္ဆုတ္သြားခဲ့ၾကသည္။ ယင္ရွစ္ ဝမ္ကြမ္းတုံဘက္ ေခါင္းေစာင္းၾကည့္လိုက္ေတာ့ ထိုေကာင္ေလးရဲ႕ မ်က္လုံးထဲကေန ေၾကာက္လန့္ေနတဲ့ အရိပ္အေငြ႕တခ်ိဳ႕ကို ဖမ္းမိလိုက္၏။

ယင္ရွစ္ ေအးစက္စြာ ၿပဳံးလိုက္သည္။

"ဟမ့္.... သိၿပီ!"

သူမ ေခါင္းျပန္လွည့္လာတဲ့အခ်ိန္မွာ လူႏွစ္ေယာက္က ခ်က္ခ်င္း ထြက္ေျပးသြားေတာ့သည္။ ယင္ရွစ္ လူသတ္ခ်င္လာတဲ့ အေငြ႕အသက္ေတြနဲ႕အတူ ေျပးလိုက္သြား၏။

ယင္ရွစ္: "ငါေသခိုင္းခ်င္တဲ့လူက ဘယ္ေတာ့မွ အသက္မရွင္နိုင္ဘူး....."

"က်န့္မင္!"

ဝမ္ကြမ္းတုံ ေျပးထြက္လာကာ ရွင္က်န့္မင္လက္ေမာင္းကို ဆြဲကိုင္လိုက္သည္။

"ေတာ္ပါေတာ့ေနာ္...."

ဝုန္း ဝုန္း!

ဓားဝိညာဥ္က အခင္းအက်င္းကို ၿဖိဳခြင္းကာ ႐ႊမ္ဝူဂိုဏ္းရဲ႕ ဧရိယာထဲ ထိုးစိုက္သြားသည္။ ဝမ္ကြမ္းတုံ လန့္သြားကာ ရွင္က်န့္မင္လက္ကို ေနာက္တစ္ႀကိမ္ ထပ္ဆြဲလိုက္ျပန္သည္။

"ဂိုဏ္းထဲမွာ အခ်ဳပ္ခံထားရတဲ့ ေတာင္ပံမ်ိဳးႏြယ္စုေတြ ရွိတယ္...ငါသူတို႔ကို မေသေစခ်င္ဘူး... "

ရွင္က်န့္မင္ ခ်က္ခ်င္း ရပ္လိုက္သည္။

ဝမ္ကြမ္းတုံ: "အခု ဂိုဏ္းက တစ္ဝက္ေလာက္အထိေတာင္ ပ်က္စီးသြားၿပီ.... က်င္းန်ိဳလည္း ေသသြားၿပီပဲ ထားလိုက္ပါေတာ့ေနာ္..."

ေလသေဘၤာေပၚတြင္။

ဖုန့္ဝူယိ: "ဟိုလူႏွစ္ေယာက္ ေရာက္လာတာ တိုက္ဆိုင္လြန္းတယ္... ကြၽန္ေတာ္နဲ႕ တုံးက်န္း လိုက္ၾကည့္လိုက္မယ္!"

ယြင္ေခ်ာင္: "အင္း"

ဖုန့္ခ်န္းယင္: "ငါလည္း လိုက္မယ္!"

လူသုံးေယာက္ ဘယ္သူမွသတိမထားမိေအာင္ ေျပးထြက္သြားၾက၏။

႐ႊမ္ဝူဂိုဏ္းက အမွန္တကယ္ တစ္ဝက္မက ပ်က္စီးကုန္ပါၿပီ။ ဂိုဏ္းအေဆာက္အအုံေတြနဲ႕ အခင္းအက်င္းက ပ်က္စီးသြားသလို ဓားဝိညာဥ္ရဲ႕ ဖိအားကို မခံနိုင္သူမ်ားကလည္း အေလာင္းေတြသာ က်န္ရစ္ခဲ့သည္။

ဝမ္ကြမ္းတုံ ႐ႊမ္ဝူဂိုဏ္းထဲမွာ ပုန္းကြယ္ေနရင္း ေတာင္ပံမ်ိဳးႏြယ္စုေတြကို တစ္ေယာက္ၿပီး တစ္ေယာက္ ကယ္ထုတ္ခဲ့ဖူးသည္။ သူ လက္ညွိုး ထိုးျပလိုက္တာနဲ႕ ရွင္က်န့္မင္က ထိုေတာင္ထြတ္ကို ၿဖိဳခ်ကာ ေတာင္ပံမ်ိဳးႏြယ္စု အားလုံးကို လႊတ္ေပးလိုက္သည္။

ေတာင္ပံမ်ိဳးႏြယ္စုက အခုအခ်ိန္မွာ အေတာ္ေလးကို အားနည္းေနတဲ့ မ်ိဳးႏြယ္စု ျဖစ္ေလသည္။ ေယာက်္ားမိန္းမ၊ လူငယ္၊ ကေလး စုံလို႔ပင္။ ဝမ္ကြမ္းတုံ ကေလးမေလးတစ္ေယာက္ကို ေပြ႕ခ်ီရင္း ႐ႊမ္ဝူဂိုဏ္းနဲ႕ အေတာ္ေလး အလွမ္းေဝးေသာ ေတာတြင္းကို လိုက္ပို႔ေပးခဲ့သည္။

"ကိုကို....သမီးတို႔ မိုးေမွ်ာ္ေတာင္ထြတ္ကို ျပန္မွာလားဟင္?"

"ဒါေပါ့...."

ဝမ္ကြမ္းတုံ ၿပဳံးျပလိုက္သည္။

"ကိုကို ႀကိဳးစားေပးမွာပါ.... အားယန္ကလည္း ေကာင္းကင္မ်က္လုံးကို ေသေသခ်ာခ်ာ ေလ့က်င့္ထားရမယ္..."

"အြန္း!"

ကေလးမေလးက အားရပါးရ ေခါင္းညိတ္ျပသည္။ အားယန္က ေမြးရာပါ ေကာင္းကင္မ်က္လုံး ပါသူျဖစ္ၿပီး သူမရဲ႕ လွ်ို႔ဝွက္ခ်က္ကို သူမမိဘေတြနဲ႕ ဝမ္ကြမ္းတုံသာ သိေလသည္။ ဝမ္ကြမ္းတုံေနာက္ေက်ာက ၾကယ္အမွတ္အသားကိုလည္း အားယန္က အရင္ ရွာေတြ႕ခဲ့ျခင္းပင္။

"ကိုကို သမီးမွာ ေျပာစရာရွိတယ္...."

ဝမ္ကြမ္းတုံ အၿပဳံးေလးနဲ႕ သူ႕နား႐ြက္ေလးတစ္ဖက္ကို ထိုးေပးလိုက္သည္။ အားယန္ကလည္း သူတို႔ႏွစ္ေယာက္တည္းသာ ၾကားနိုင္ေသာ အသံေသးေသးေလးျဖင့္ ကပ္ေျပာေလ၏။

ဝမ္ကြမ္းတုံ အားယန္ဆီက စကားသံေလးကို ၾကားၿပီးၿပီးခ်င္း လန့္ျဖတ္သြားခဲ့သည္။ သူက မယုံၾကည္နိုင္စြာျဖင့္ အေရွ႕ဆုံးမွာ အဘြားအိုတစ္ေယာက္ကို တြဲေပးေနေသာ ဝမ္ပင္းပင္းကို လွမ္းၾကည့္လိုက္ေလသည္။

အားယန္: "ကိုကို.... သူမ်ားကို မေျပာျပရဘူးေနာ္!"

ဒါက လွ်ို႔ဝွက္ခ်က္ပဲ။ သူ အလ်င္အျမန္ ေခါင္းညိတ္ျပလိုက္သည္။ အားယန္ကို သူ႕အေမလက္ထဲ ျပန္ထည့္ေပးၿပီးေနာက္ မ်ိဳးႏြယ္စုေတြ ေပ်ာက္ကြယ္သြားတဲ့အထိ အသံတိတ္ ရပ္ၾကည့္ေနမိသည္။

သူ ရပ္ၾကည့္ေနမိတာ ရွင္က်န့္မင္ သူ႕အနား ေရာက္လာမွသာ သတိဝင္လာေတာ့သည္။

"က်န့္မင္...."

ရွင္က်န့္မင္: "မိုးေမွ်ာ္ေတာင္ထြတ္က ေတာင္ပံမ်ိဳးႏြယ္စုရဲ႕ နတ္ဘုရားနယ္ပယ္ ေရာက္ထားသူမွ ျပန္ဖြင့္နိုင္မယ္..."

ဝမ္ကြမ္းတုံ: "ကိစၥမရွိဘူး... ငါ လြန္ခဲ့တဲ့ ဆယ္ႏွစ္ေလာက္က မ်ိဳးႏြယ္တူတစ္ေယာက္ကို ေတြ႕ဖူးတယ္... အဲဒီလူက ေငြေရာင္အေတာင္ႏွစ္စုံနဲ႕ မေသမ်ိဳးနယ္ပယ္ ေရာက္ေနၿပီ.... အခုဆို နတ္မ်ိဳးႏြယ္နယ္ပယ္ကို ေက်ာ္သြားေလာက္ၿပီ ငါမလုပ္နိုင္ရင္ေတာင္ သူလုပ္နိုင္လိမ့္မယ္..."

သူတို႔ႏွစ္ေယာက္ စကားေျပာေနတုန္း ဝမ္ပင္းပင္း ျပန္ေရာက္လာသည္။

သူမက: "ေကာင္းကင္ဓားဂိုဏ္းက လူႏွစ္ေယာက္ ႐ုတ္တရက္ ေရာက္လာတာ တစ္ခုခုေတာ့ မွားေနသလိုပဲ..."

"သြားရေအာင္...."

ရွင္က်န့္မင္က ဆိုရင္း ဝမ္ကြမ္းတုံကို လက္တစ္ဖက္က လွမ္းဆြဲကာ ေကာင္းကင္သို႔ ထိုးတက္သြားေတာ့သည္။ ဝမ္ပင္းပင္းလည္း သူမရဲ႕ ဓားပ်ံကိုစီးရင္း အေနာက္က လိုက္သြားခဲ့သည္။

တစ္ဖက္မွာေတာ့ ယင္ရွစ္သည္ ေကာင္းကင္ဓားဂိုဏ္းက လူတစ္ေယာက္ကို သတ္ၿပီးေနာက္ ေနာက္တစ္ေယာက္ေနာက္ကို ထပ္လိုက္သြားခဲ့ေပမယ့္ အဲဒီလူက ဝတ္႐ုံနက္ လူငါးေယာက္နဲ႕ ပူးေပါင္းကာ သူမကို ဝိုင္းထားလိုက္သည္။

လူေျခာက္ေယာက္က သူမကို ေလထုအလယ္၌ စက္ဝိုင္းပုံ ဝန္းရံထားကာ အခင္းအက်င္းတစ္ခုကို အလ်င္အျမန္ ပုံေဖာ္လိုက္သည္။

ယင္ရွစ္: "ဒါ....."

ယင္ရွစ္ သူမေခါင္းေပၚက အစိမ္းေရာင္ အခင္းအက်င္း စက္ဝန္းကိုၾကည့္ရင္း အံ့ၾသ မင္သက္သြားသည္။ ဒီအခင္းအက်င္းက အထက္နယ္ေျမမွာ လူသုံးနည္းတဲ့ အခင္းအက်င္း တစ္မ်ိဳးပင္။ ခက္ခဲလြန္းလို႔ မဟုတ္ဘဲ ထိုအခင္းအက်င္းရဲ႕ က်င့္စဥ္စာအုပ္က အထက္နယ္ေျမမွာ မရွိေသာေၾကာင့္သာ။

ယင္ရွစ္ ခ်က္ခ်င္းဆိုသလို သေဘာေပါက္သြား၏။ ဒီလူသစ္ ငါးေယာက္က မရိုးရွင္းေပ။ သူတို႔ဟာ အထက္ကမၻာက လာၾကတာ ျဖစ္ဖို႔ မ်ားေလသည္။

ဝုန္း!

႐ုတ္တရက္ ယင္ရွစ္ကို ခ်ိတ္ပိတ္ထားေသာ အစိမ္းေရာင္ အလုံးႀကီးက တုန္ခါသြားသည္။

႐ႊင္း!

တစ္ေယာက္ေယာက္က ဓားစြမ္းအင္ကို ပစ္လႊတ္လိုက္ျခင္းပင္။ ယင္ရွစ္ အပါအဝင္ အားလုံး လွည့္ၾကည့္လိုက္ေတာ့ တုံးက်န္း ဦးေဆာင္လာေသာ ဖုန့္ညီအစ္ကိုအား ေတြ႕လိုက္ရသည္။

လူသုံးေယာက္ သူမကို လာကူညီတာ မွန္ေပမယ့္ ယင္ရွစ္ ႐ုတ္တရက္ အလြန္အမင္း စိတ္ပူသြားသည္။

"မလာနဲ႕!"

တုံးက်န္း၊ ဖုန့္ဝူယိနဲ႕ ဖုန့္ခ်န္းယင္: "!!!"

သုံးေယာက္စလုံးက အံ့ၾသ ထိတ္လန့္သြားေပမယ့္ တစ္ေယာက္မွ မရပ္ၾကဘဲ ပ်ံသန္းလာၾကသည္။ ဓားသုံးစင္းက အလင္းတန္း တစ္မ်ိဳးစီနဲ႕အတူ ေျပးထြက္လာကာ အစိမ္းေရာင္ အလုံးႀကီးေပၚ ထိုးစိုက္သြားသည္။

ဝုန္း!

ဖုန့္ဝူယိရဲ႕ ဓားထဲမွာ အစိမ္းေရာင္ သလင္းေက်ာက္ရဲ႕ စြမ္းအင္ေတြ ပါဝင္ေလသည္။ သို႔ေသာ္ အခင္းအက်င္းက အက္ေၾကာင္းရာေလးေတာင္ မထင္ေခ်။

သုံးေယာက္သား ဓားသုံးစင္းကို လက္ထဲ ျပန္စုပ္ယူလိုက္စဥ္ ေကာင္းကင္ဓားဂိုဏ္းက လူက ယင္ရွစ္နဲ႕ သူတို႔ၾကားထဲမွာ ပိတ္ရပ္လိုက္ေလသည္။ တစ္ဆက္တည္း လူငါးေယာက္က အခင္းအက်င္းကို ထိန္းခ်ဳပ္လ်က္ ယင္ရွစ္ကို ေခၚထုတ္သြားၾကသည္။

ဖုန့္ညီအစ္ကို :"အစ္မသုံး!!"

သူတို႔ႏွစ္ေယာက္ရဲ႕ ေအာ္သံက ယင္ရွစ္ႏွလုံးသားထဲကို အေတာ္ေလး ထိမိသြားခဲ့သည္။ အဲဒီေအာ္သံေတြနဲ႕အတူ ႏွစ္ေယာက္သားက ထိုလူကို တိုက္ခိုက္ကာ တုံးက်န္းက ဝတ္႐ုံနက္ လူငါးေယာက္ေနာက္ကို ဆက္လိုက္သည္။

တုံးက်န္း: "ရပ္စမ္း!"

တုံးက်န္း သူ႕တစ္ကိုယ္လုံးက စြမ္းအင္ေတြကို စုစည္း၍ လက္ဝါးတစ္ဖက္ ျမႇောက္လိုက္ေသာအခါ ႐ုတ္တရက္ ေကာင္းကင္အထက္ကေန စိမ္းျပာေရာင္ လက္သည္းအရိပ္ႀကီး ဆင္းသက္လာသည္။

လူငါးေယာက္ရဲ႕ အမူအရာေတြ တစ္ခဏအတြင္း ေျပာင္းလဲသြားသည္။

"စိမ္းျပာနဂါး!"

"ျမန္ျမန္လုပ္!"

"အထက္နယ္ေျမမွာ ဘယ္လိုလုပ္ စိမ္းျပာနဂါးက ရွိေနတာလဲ?"

"ေျပးေတာ့!"

"ေျပး!"

လူငါးေယာက္ တစ္ေယာက္တစ္မ်ိဳး ေအာ္ဟစ္ကာ ခပ္သုတ္သုတ္ ထြက္ေျပးဖို႔ ျပင္ၾကသည္။ သို႔ေသာ္လည္း စိမ္းျပာနဂါး ဆိုတာက နတ္နဂါးတစ္ေကာင္ပဲ ျဖစ္သည္။ တုံးက်န္းဟာ စိမ္းျပာနဂါး စြမ္းအင္ကို အျပည့္အဝ ထုတ္မသုံးနိုင္ေသးေပမယ့္ နဂါးတစ္ေကာင္ရဲ႕ အရွိန္အဝါက မေသးေခ်။

သူ နဂါးလက္သည္းကို ထုတ္လိုက္တာနဲ႕ နဂါးေရာင္ဝါက လူငါးေယာက္စလုံးကို အလြန္အမင္း ေၾကာက္႐ြံ႕တုန္လႈပ္သြားေစသည္။

အေနာက္မွာေတာ့ ေကာင္းကင္ဓားဂိုဏ္းကလူဟာ ဓားပညာမွာ ထက္ျမတ္ေသာ္လည္း ဖုန့္ညီအစ္ကိုကို မသတ္နိုင္ေခ်။ ဖုန့္ဝူယိရဲ႕ ဓားခ်က္ေတြက သူ႕ခႏၶာကိုယ္ကို ပူေလာင္လာေစကာ ဖုန့္ခ်န္းယင္က အလြန္ျမန္သည္။

ဓားတစ္ခ်က္က ဓားကိုးစင္းအျဖစ္ ျဖာထြက္တိုက္ခတ္တတ္တာေၾကာင့္ အလြန္အမင္း သတိထားေနရသည္။ သူသည္ လူငယ္ႏွစ္ေယာက္ကို အတင္းအၾကပ္ တားဆီးေနရတာေၾကာင့္ တျဖည္းျဖည္း ေဒါသထြက္လာသည္။

သူက လက္တစ္ဖက္ကို အားအျပည့္နဲ႕ ဆန့္ထုတ္ၿပီး ဖုန့္ခ်န္းယင္ရဲ႕လည္ပင္းကို ဆြဲစုပ္ယူပစ္သည္။ ႐ုတ္တရက္ အငိုက္မိသြားတဲ့ ဖုန့္ခ်န္းယင္ လြင့္ပါသြားခ်ိန္ အနီေရာင္ ဓားစြမ္းအင္နဲ႕ ဖုန့္ဝူယိက ၾကားျဖတ္ဝင္တိုက္လိုက္သည္။

ရန္သူ႕ဖိအားကို မခံစားရေတာ့တာနဲ႕ ဖုန့္ခ်န္းယင္ဟာ ဖုန့္ဝူယိပုခုံးကို လက္ျဖင့္ပုတ္ကာ အားယူရင္း ကြၽမ္းတစ္ခ်က္ထိုး၍ ေက်ာ္တက္လိုက္သည္။ တစ္ဆက္တည္း သူ႕ရဲ႕ အျဖဴေရာင္ အျမႇီးေတြက တစ္ဖက္လူကို အားျပင္းျပင္းျဖင့္ ရိုက္ထုတ္ပစ္လိုက္သည္။

ဗုန္း!

ေျမေခြးသားရဲ ဖိအားထဲမွာ ၾကယ္စြမ္းအင္ အနည္းငယ္ ပါဝင္ေနတာမလို႔ ထိုလူႀကီးလည္း ႐ုတ္တရက္ ေနာက္ျပန္ ဆုတ္သြားခဲ့ရသည္။

ဖုန့္ဝူယိက ထိုအခ်ိန္တြင္ ဖ်က္ကနဲ ေပ်ာက္သြားခဲ့သည္။

You are reading the story above: TeenFic.Net